← Chapters

အခန်း (၂၅၀၉-၂၅၁၀)

Vol. 251 Ch. 2509-2510

အခန်း (၂၅၀၉-၂၅၁၀)

Vol. 251 Ch. 2509-2510

အခန်း (၂၅၀၉) - ငါ အဆင်သင့် ဖြစ်နေပြီ

“ဟေ့၊ မင်းတို့ လင်ယောင်က သူတော်စင်တွေ ရောဂါများ ဖြစ်နေတာလား ငါတို့ ချင်းမင်ကျောင်းသားတွေကို ကွပ်မျက်တာကို ဘာလို့ တံခါးပိတ်ပြီး လုပ်နေရတာလဲ ဘယ်သူမှ မမြင်အောင် ကြောက်နေတာလား ”

ပိုးထျန်းယွင်က ဝဲဂယက်များရှိရာဘက်သို့ ရုတ်တရက် အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ထိုဝဲဂယက်များထဲမှ တုံ့ပြန်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

“မင်းနဲ့ ဘာဆိုင်လို့လဲ။”

“သတ္တိရှိရင် လာခဲ့လေ၊ မလာရဲဘဲနဲ့ ချင်းမင်မှာပဲ ဟောင်နေမနေနဲ့ ”

“ပိုးထျန်းယွင် မင်းတို့ မီးပိုး မျိုးနွယ်စုက ရှုံးရတာ မဝသေးဘူး ထင်တယ် ”

ပိုးထျန်းယွင်၏ မျက်နှာမှာ မှိုင်းညှိုးသွားပြီး ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ပတ်ဝန်းကျင်၌ ဝဲဂယက်များ ထပ်မံ ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။

“မင်းတို့ လင်ယောင်နဲ့ ချင်းမင်က ဘာတွေ လုပ်နေတာလဲ”

“စွမ်းအင်စုစည်းခြင်း အဆင့် နောက်ဆုံးပိုင်း ကျောင်းသားလေး တစ်ယောက်အတွက်နဲ့ ဒီလောက်တောင် အရေးတကြီး ဖြစ်နေကြတာလား ”

“ချန်းယောင် ကျောင်းတော်က ဘာလို့ တံခါးပိတ်ထားရတာလဲ ငါတို့ မမြင်ရအောင် တားဆီးထားတဲ့အရာက ဘာလဲ”

ပိုးထျန်းယွက်၏ အမူအရာ ပြောင်းလဲသွားပြီး ဆွေ့ရွှမ်လင်တို့ဘက်သို့ လှည့်ကာ -

“ပိလော့၊ ချန်းချုံ၊ လင်ချုံ တို့ဘက်က သူတော်စင်တွေပါ ရောက်လာကြပြီ။”

ဆွေ့ရွှမ်လင်က ခေါင်းအသာညိတ်လိုက်သည်

“သူတို့လည်း တစ်ခုခု မမှန်ဘူးလို့ ခံစားမိပြီး လာကြည့်ကြတာနေမှာ။”

ခဏရပ်လိုက်ပြီး -

“မင်းတို့ ပြောကြည့်ဦး၊ လင်ယောင်ဘက်က ဘာလုပ်နေတာလဲ”

ကောင်းကင်အရှင် များမှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ မည်သို့မျှ နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့သည် လင်ယောင်၏ အကြံအစည်ကို လုံးဝ မမှန်းဆနိုင်ပေ။

ဘာလို့ ချန်းယောင် ကျောင်းတော်ကို တံခါးပိတ် ချိပ်ပိတ်ထားရတာလဲ။

စွမ်းအင်စုစည်းခြင်း အဆင့် ကျောင်းသားတစ်ယောက်ကို ကွပ်မျက်ဖို့ ဒီလောက်ထိတောင် အလုပ်ရှုပ်ခံဖို့ လိုလို့လား။

ဒါမှမဟုတ် ချင်းမင်ဘက်က မြင်သွားပြီး စိတ်ဓာတ်ကျမသွားအောင် တားထားတာလား။

ထိုအချိန်တွင်ပင် လူရိပ်တစ်ခုက အတွင်းကမ္ဘာထဲတွင် ရုတ်တရက် ပေါ်လာသည်။

လာသူမှာ အဖြူရောင် ဝတ်စုံဖြင့် ဖြစ်ပြီး တံခါးပေါက်ရှေ့သို့ ဖြည်းညှင်းစွာ ရောက်လာကာ ဝဲဂယက်မှတစ်ဆင့် ချိပ်ပိတ်ထားသော ချန်းယောင် ကျောင်းတော်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် စဉ်းစားတွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။

ဆွေ့ရွှမ်လင်တို့ ကောင်းကင်အရှင်များမှာ ထိုသူကို မြင်လိုက်ရသည်နှင့် မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားပြီး ခါးကိုပင် မသိလိုက်ဘဲ အနည်းငယ် ကုန်းညွှတ်လိုက်မိသည်။

“အခြေအနေ မကောင်းတော့ဘူး၊ ပြန်ဆုတ်ကြမယ်။”

အဖြူရောင် ဝတ်စုံရှင်က အေးဆေးစွာ ပြောသည်။

အခြေအနေ မကောင်းတော့ဘူး

ကောင်းကင်အရှင်များ ဘာမှ ပြန်မတုံ့ပြန်နိုင်မီမှာပင် သူတို့ရှေ့ရှိ ဝဲဂယက်မှာ ဖြည်းညှင်းစွာ ပိတ်သွားတော့သည်။

လင်ယောင်ဘက်မှ ထိုမြင်ကွင်းကို မြင်လျှင် မထီမဲ့မြင် ရယ်မောသံများ ထွက်ပေါ်လာသည်။

……

……

ချင်းမင် အမြင့်ဆုံး မဟာမိတ်အဖွဲ့။

“အကြီးအကဲ၊ ချန်းယောင်မှာ ဘာတွေ ဖြစ်ပျက်နေလို့ အရှင်တောင် ရှောင်တိမ်းသွားရတာလဲ ”

ဆွေ့ရွှမ်လင်မှာ အလွန်ပင် စိုးရိမ်နေသည်။

ပိုးထျန်းယွင်တို့ ကောင်းကင်အရှင်များမှာလည်း အဖြူရောင် ဝတ်စုံရှင်ကို မျှော်လင့်တကြီး ကြည့်နေကြပြီး စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေကြသည်။

“ငါလည်း မသိဘူး။”

အကြီးအကဲက ထိုနေရာရှိ ကောင်းကင်အရှင်များ အားလုံး အံ့အားသင့်သွားစေမည့် အဖြေကို ပေးလိုက်သည်။

မသိဘူး

ဒီလောက်အထိ အဆင့်မြင့်တဲ့သူတောင် မသိဘူးလား။

“ဒီကိစ္စကို ငြိမ်ပြီး စောင့်ကြည့်ကြဦး။”

အကြီးအကဲ စကားဆုံးသည်နှင့် သူ၏ ပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

“အဲဒီ အကြီးအကဲ ပြန်သွားပြီလား ”

ပိုးထျန်းယွင်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။

သူ သေချာသွားမှသာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး တိုးတိုးလေး ပြောသည်။

“ဘာလို့ သူတောင် ချန်းယောင်မှာ ဘာဖြစ်နေလဲဆိုတာ မသိရတာလဲ ”

“ငါလည်း ဘယ်လိုလုပ် သိမှာလဲ။”

ဆွေ့ရွှမ်လင်က ခေါင်းခါ၍ -

“ဒါပေမဲ့ ဒီအကြီးအကဲ ဒီနေ့ ထွက်ပေါ်လာတာကို ကြည့်ရတာ သူလည်း ဖန့်ချန်တို့ရဲ့ အခြေအနေကို သိနေပုံပဲ။

ဖြစ်နိုင်တာက ဒီကိစ္စမှာ တကယ်ပဲ အပြောင်းအလဲတွေ ရှိနေတာ ဖြစ်မယ်။ မင်းတို့ ဘယ်လို ထင်လဲ ”

“ဒါကတော့ ပြောရခက်တယ်… ဖန့်ချန်ရဲ့ အရည်အချင်းက ထူးချွန်ပေမဲ့ ဒီအကြီးအကဲ စိတ်ဝင်စားလောက်တဲ့အထိတော့ ဖြစ်မယ် မထင်ဘူး။

သူက မဟာမိတ်အဖွဲ့ တစ်ခုလုံးကိုတောင် ဂရုမစိုက်တဲ့သူလေ…”

ချုံထျန်းယွန်းက တိုးတိုးလေး ပြောသည်။

“မင်း ဘာတွေ ပြောနေတာလဲ အကြီးအကဲရဲ့ လုပ်ရပ်ကို ငါတို့ လျှောက်ပြီး မမှန်းဆရဘူး။”

ဆွေ့ရွှမ်လင်က ပိုးထျန်းယွင်ကို သတိပေးလိုက်သည်။

ပိုးထျန်းယွင်က ခါးသီးစွာ ရယ်မော၍ -

“ဒါဆို အခု ဘာဆက်လုပ်မလဲ”

“ပြန်ကြမယ်၊ ပုံမှန်အတိုင်းပဲ ဆက်လုပ်မယ်၊ အရင်ဆုံး လင်ယောင်ဘက်က ပိုးကောင်တွေကို ရှင်းထုတ်မယ်။”

ဆွေ့ရွှမ်လင်က ဆိုသည်။

……

……

ချန်းယောင် ပညာသင်ကျောင်းတော်။

ယဲ့ထျန်းကူတို့ သုံးယောက်မှာ သူတို့ကိုယ်သူတို့ ဘယ်နှစ်ကြိမ် အသတ်ခံလိုက်ရသလဲ ဆိုတာပင် မမှတ်မိတော့ပေ။

သေဆုံးသွားတိုင်းမှာ အလွန်ပင် နာကျင်ရသည်။

ဤသို့ အကြိမ်ကြိမ် အသတ်ခံရသည့် ဖြစ်စဉ်အတွင်းမှာပင်။

ထိုအမျိုးသမီး၏ တည်ရှိမှုအပေါ် သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ စွဲမြဲသွားသည်။

ရုတ်တရက် ဟေးဆန်းမှာ စကားပြောနိုင်ပြီဟု ခံစားလိုက်ရပြီး ဓားငယ်လေးက စီကုယီနှင့် ယဲ့ထျန်းကူကို သတ်လိုက်သည်နှင့် တစ်ပြိုင်နက် အသနားခံလိုက်သည်။

“အကြီးအကဲ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော် ဟေးဆန်း ချင်းမင် မဟာမိတ်အဖွဲ့ထဲကို ဝင်ချင်ပါတယ်။ ကျွန်တော့်ကို ထပ်ပြီး မညှဉ်းပန်းပါနဲ့တော့”

ထိုအချိန်တွင် ဤနေရာတွင် အမျိုးသမီး၊ ဓားငယ်လေးနှင့် မှန်လေးတို့ သုံးဦးသာ အသိစိတ် ရှိနေကြသည်။

ကျန်ရှိသူများမှာ သေဆုံးသွားကြပြီ သို့မဟုတ် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကဲ့သို့ အသိစိတ် ပျောက်ဆုံးနေကြသည်။

“မင်းက ဟေးဆန်းလား ဓားငယ်လေး၊ သူ့ကို သတ်လိုက်။”

အမျိုးသမီးက အေးဆေးစွာ ရယ်မောသည်။

ဟေးဆန်းမှာ အံ့အားသင့်သွားသည်။ ငါက ဟေးဆန်း မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။

သူ စဉ်းစားချိန်ပင် မရလိုက်ဘဲ အသတ်ခံလိုက်ရသည်။

ဤသို့သော အချိန်ကာလများမှာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသည်။

အကြိမ်ကြိမ်၊ အခါခါ နောက်ဆုံးတွင် ယဲ့ထျန်းကူနှင့် စီကုယီတို့၏ မျက်ဝန်းများမှာ ထုံထိုင်းသွားတော့သည်။

မမြင်ရသော စွမ်းအားတစ်ခုကြောင့် သူတို့သာမက ချန်းယောင် ကျောင်းတော်ရှိ သူတော်စင်များအားလုံး၏ စိတ်နှလုံးများမှာ လုံးဝ ပျက်စီးသွားသကဲ့သို့ ဖြစ်နေသည်။

ဟေးဆန်း တစ်ယောက်သာ ကြမ်းတမ်းသော လူမိုက်တစ်ယောက်မှ ပညာတတ် တစ်ယောက်လို ဖြစ်သွားသည်။

သူသည် အကြိမ်တိုင်းတွင် အမျိုးသမီး ပြောခဲ့သည့် စကားများကို ပြန်တွေးနေသည်။

အကြိမ် ၁၀၀။

အကြိမ် ၁၀၀၀။

အကြိမ် ၁၀၀၀၀

သူ နောက်ထပ် အကြိမ် ၁၀၀၀၁ မြောက် အသတ်ခံရတော့မည့် အချိန်တွင် ရုတ်တရက် လက်ကို မြှောက်လိုက်သည်။

“ခဏနေဦး။”

ဓားငယ်လေးမှာ အံ့အားသင့်သွားသည်။

ဒီကောင် လှုပ်ရှားနိုင်သွားပြီလား။

ဟေးဆန်းက အမျိုးသမီးကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။

“ကျွန်တော် ဟေးဆန်း မဟုတ်ဘူး၊ ကျွန်တော်က ရှု့ကွေး ပါ။”

“မင်း ဘဝက သနားဖို့ ကောင်းလိုက်တာ။”

အမျိုးသမီးက အေးဆေးစွာ ပြောသည်။

“ဂျီရှန်၊ မင်းလည်း သိပ်ပြီး ကောင်းလှတာ မဟုတ်ပါဘူး။ ကံကောင်းလို့ ငါတို့ အသက်မသေတာ။”

ဟေးဆန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ကို မြင်လိုက်ရသောအခါ မျက်ဝန်းတို့မှာ နူးညံ့သွားသည်။

“ဖန့်ချန်ဆိုတဲ့ မိတ်ဆွေက အမှန်တော့ မင်းထက် အသက်ငယ်ပါတယ်။ ဒါပေမဲ့ မင်းက သူ့ကို 'အဘိုး' လို့ ခေါ်ရမယ်။”

“ပြီးတော့ ငါနဲ့ ဖန့်ချန်က သံသရာ တံခါးမှာ တပည့်ချင်း တစ်ခေတ်တည်း ဖြစ်ခဲ့တာ။”

“ဘာလို့ ငါက အကြိမ် ၁၀၀၀၀ လောက် အသတ်ခံရတာလဲ ”

“သံသရာ တံခါးက ဆက်ဆံရေးတွေက ဒီလိုပဲ ရှုပ်ထွေးတာပေါ့။ မင်းက အဘိုးနဲ့ တစ်ခေတ်တည်း ဖြစ်ပေမဲ့ ငါ့ရဲ့ အသက်အရွယ်က မင်းထက် အများကြီး ပိုကြီးတယ်။”

“မျိုးရိုးစဉ်ဆက်ကလည်း မင်းထက် ပိုမြင့်တယ်။ ငါ မင်းကို အကြိမ် ၁၀၀၀၀ ဘာလို့ မသတ်နိုင်ရမှာလဲ ”

အမျိုးသမီးက ပြောသည်။

ဟေးဆန်းက စဉ်းစား၍ -

“မှန်ပါတယ်။”

ပြောပြီးသည်နှင့် သူ၏ အမူအရာမှာ အလေးအနက် ဖြစ်သွားသည်။

“ဂျီရှန်၊ မင်း ချန်ထားခဲ့တဲ့ အမှတ်အသားတွေ အရမ်းများနေတယ်၊ သူတို့ နောက်က လိုက်လာလိမ့်မယ် ”

ခဏရပ်လိုက်ပြီး -

“ငါ့ကို ကြည့်၊ ငါ ဘာအမှတ်အသားမှ မချန်ခဲ့ဘူး။ ငါ ဘယ်သူလဲ ဆိုတာတောင် ငါကိုယ်တိုင် မသိဘူး။”

“မင်းရဲ့ စီနီယာအစ်ကိုတွေက မင်းရဲ့ ဒီလို လုပ်ရပ်ကို စက်ဆုပ်ကြတယ်၊ ဘာလို့ မင်းက ဂုဏ်ယူနေတာလဲ ”

အမျိုးသမီးက မျက်ခုံးတွန့်လိုက်သည်။

“ငါ လုပ်တာ ဘာဖြစ်လဲ၊ ဒါမှ လုံခြုံတာ။ သူတို့ နားမလည်ရင်လည်း နေပေါ့၊ ငါ သူတို့ကို ဂရုမစိုက်ဘူး။”

ဟေးဆန်းက ပြုံးလိုက်သည်။

“အဲဒီအကြောင်း ပြောရရင် ဖီထူ က ပိုတောင် ဆိုးသေးတယ်။ သူက လွတ်လပ်ခြင်း ကို နားလည်တယ်လို့ ပြောပြီး ဘယ်သူမှ သူ့ကို ရှာမတွေ့နိုင်ဘူးလို့ ပြောတယ်။”

“ဒါပေမဲ့ သူ ၃ ကြိမ် အရှာခံရပြီး အပြင်းအထန် ဒဏ်ရာရခဲ့တာကို ငါ သိတယ်။”

“ဒါပေမဲ့ ဒီတစ်ခါတော့ သူ အရမ်း နက်နက်ရှိုင်းရှိုင်း ပုန်းနေနိုင်တယ်၊ ဘယ်မှာလဲ ဆိုတာ ငါတောင် မမှတ်မိတော့ဘူး။”

“ဖီထူက မင်းထက်တော့ နည်းနည်း ပိုတော်မယ်။ ဒါပေမဲ့ သူ အရမ်း တော်လွန်းလို့ ဂုဏ်ယူလွန်းလို့ အရှာခံရတာပါ။”

“မင်းကို ကြည့်ပြန်တော့လည်း သနားစရာ ကောင်းပေမဲ့ တစ်ခါမှ အရှာမခံရဘူး။”

အမျိုးသမီးက ခေါင်းအသာညိတ်သည်။

ဟေးဆန်းက ခါးသီးစွာ ရယ်မော၍ -

“ဒီတစ်ခါတော့ မသေချာဘူးလေ။”

“မင်း ငါ့စွမ်းအားကို မယုံဘူးလား”

အမျိုးသမီး၏ မျက်နှာမှာ မှိုင်းညှိုးသွားသည်။

“ယုံပါတယ်၊ ဒါပေမဲ့…”

ဟေးဆန်းက တိုးတိုးလေး ပြောလိုက်သည်

“ဒါပေမဲ့ အခုတော့ ဝိညာဉ်အစအနလေးပဲ ကျန်တော့တဲ့အထိ အတိုက်ခံလိုက်ရတာလေ၊ နောက်တစ်ခါ အန္တရာယ် မများပါစေနဲ့…”

“အစ်မကြီး၊ သူ အစ်မကို မကောင်းပြောနေတယ်။”

ဓားငယ်လေးက ပြောသည်။

ဟေးဆန်းက ဓားငယ်လေးကို စိုက်ကြည့်လိုက်သည်။

အမျိုးသမီးက ဂရုမစိုက်ပါ -

“မင်း အသိစိတ် ပြန်ဝင်လာတာ ကောင်းပါတယ်။ နောက်တော့ မင်း ဟေးဆန်းပဲ ပြန်လုပ်တော့၊ ထပ်ပြီးတော့ မအိပ်ပါနဲ့။”

“ခဏနေရင် မင်း ချင်းမင်ဘက်ကို သွားပြီး ငါ့အဘိုးကို ခေါ်ပြန်လာခဲ့။”

“အဲဒီကိစ္စက… ငါ့စွမ်းအားက ယဲ့ထျန်းကူတို့လောက် မကောင်းဘူး။”

“သူတို့ နှစ်ယောက် ပူးပေါင်းရင် ငါ မနိုင်ဘူး။”

“ဟေးဆန်း၊ မင်း တကယ်ပဲ သူတို့ကို သတ်ချင်နေတာလား အဲဒီလိုဆို အမှတ်အသားတွေက အရမ်း သိသာသွားလိမ့်မယ်…”

“ငါ အချိန်လေး နည်းနည်း ပေးမယ်၊ ဒါပေမဲ့ နည်းနည်းပဲ၊ မဟုတ်ရင် မင်းပြောသလိုပဲ အမှတ်အသားတွေ သိသာသွားလိမ့်မယ်။”

အမျိုးသမီး စကားဆုံးသည်နှင့် -

“အဆင်သင့် ဖြစ်ပြီလား”

“ခဏလောက် စောင့်ပါဦး ကြွက်သားတွေ နည်းနည်း ပြေလျော့ပါစေဦး ”

ဟေးဆန်းက နေရာမှာတင် ခုန်ပေါက်လိုက်ပြီး လက်တွေ၊ ခြေတွေကို ခါယမ်းလိုက်သည်။

ထို့နောက် သူ အလေးအနက် ပြောလိုက်သည်

“ငါ အဆင်သင့် ဖြစ်နေပြီ”

အခန်း (၂၅၁၀) - ငါ့ကို အောင်မြင်မှုတစ်ခု မှတ်ပေးထား

ထိုအချိန်တွင် သံသရာ၏ အလှည့်သစ်တစ်ခု စတင်လိုက်သည်။

သို့သော် ဤတစ်ကြိမ်မှာမူ ယခင်ကနှင့် မတူပေ။

ချန်းယောင် ကျောင်းတော်မှာ မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။

ယဲ့ထျန်းကူ၊ စီကုယီနှင့် ဟေးဆန်းတို့မှာလည်း အသက်ရှင်လျက် ပြန်လည် ထွက်ပေါ်လာကြသည်။

ချန်းယောင် ကျောင်းတော်အတွင်းရှိ သူတော်စင်ကြီးများမှာလည်း အသက်ရှင်သန်လျက် ရှိနေကြသည်။

စီကုယီက ဖန့်ချန်ကို တိုက်ခိုက်မည့် အနေအထားမှာပင် ယခင်ကနှင့် တစ်ထပ်တည်း ပြန်ဖြစ်သွားသည်။

ထိုတိုက်ခိုက်မှုမှာ ဖန့်ချန်နှင့် သူ့ဘေးရှိ လွမ်းဟုန်ဟွမ်တို့ကို သတ်ဖြတ်ပစ်ရန် အနည်းငယ်သာ လိုတော့သည့် အနေအထား ဖြစ်သည်။

သို့သော် သူတို့၏ မျက်လုံးများထဲတွင်မူ ဝေဝါးမှု အနည်းငယ် စိုးမိုးနေသည်။

လုပ်ဆောင်ချက် အားလုံးမှာ ထိုနေရာတွင် ရပ်တန့်သွားသည်။

မမြင်နိုင်သော ကြိုးတန်းများက သူတို့၏ ခေါင်းပေါ်တွင် ကျရောက်လာပြီး အရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ပင်။

ဟေးဆန်းမှာ ဖန့်ချန်၏ ရှေ့သို့ ရောက်လာပြီး သင့်လျော်မည့် နေရာကို ရှာဖွေရန် ဘယ်ညာ လှည့်ပတ် ကြည့်လိုက်သည်။

ထို့နောက် သူ၏ အမူအရာ ပြောင်းလဲသွားပြီး လက်ကို ဝှေ့ယမ်းကာ ထိုင်ဟောင်ဇုန်း နှင့် အဖွဲ့ကို ဆွဲယူလိုက်သည်။

“ငါက ချင်းမင်ဘက်ကို ကူးပြောင်းတော့မှာဆိုတော့ လုံးဝ ပီပီသသ ကူးပြောင်းရမှာပေါ့။”

“ဒီသစ္စာဖောက် ထိုင်ဟောင်ဇုန်း ကိုလည်း ခေါ်သွားမှ ဖြစ်မယ်။”

ဟု ဟေးဆန်းက ဆိုသည်။

အမျိုးသမီးက ခေါင်းအသာညိတ်သည်

“ရပါတယ်၊ အဆင်သင့် ဖြစ်ရင် စလိုက်ကြတာပေါ့။”

“အင်း။”

အမျိုးသမီး၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်၏ မျက်လုံးများထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။

ဓားငယ်လေးမှာလည်း ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး ငြိမ်သက်သွားသည်။

နောက်တစ်စက္ကန့်တွင် အရာအားလုံးမှာ မူလအတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် ယခင်က ဖြစ်ပျက်ခဲ့သည့် မှတ်ဉာဏ်များမှာမူ အလွယ်တကူပင် ဆေးကြောခံလိုက်ရပြီ ဖြစ်သည်။

“သေလိုက်တော့”

စီကုယီ၏ မျက်လုံးများမှာ ရက်စက်စွာ ပြူးကျယ်လာသည်။

သို့သော် နောက်တစ်ခဏတွင် ဖန့်ချန်၏ ရှေ့၌ လူရိပ်တစ်ခု ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။

ဟေးဆန်းက သူ့ကို တစ်ချက် ပြုံးပြပြီး ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကို ဆွဲကိုင်ကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

ယဲ့ထျန်းကူက ပထမဆုံး တုံ့ပြန်လိုက်ပြီး သူ၏ အတွင်းကမ္ဘာကို မောင်းနှင်ကာ လိုက်ပါသွားသည်။

စီကုယီမှာ ခဏတာ ကြောင်အသွားပြီးနောက် အလျင်အမြန် လိုက်သွားသည်။

ချန်းယောင် ကျောင်းတော်ထဲတွင်မူ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

သူတော်စင်ကြီး တစ်ပါးက ရေရွတ်လိုက်သည်

“ငါ မျက်စိ မှားကြည့်မိတာလား ဟေး ကောင်းကင်အရှင်က သစ္စာဖောက်လား ”

“မင်း မျက်စိမမှားဘူး၊ ငါလည်း မြင်တယ်၊ သူ ဖန့်ချန်နဲ့ လွမ်းဟုန်ဟွမ်ကို ခေါ်ပြီး ထွက်ပြေးသွားတာ။”

သူတော်စင် တစ်ပါးမှာ မျက်နှာပျက်လျက် ရှိနေသည်။

သူ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။

“ထိုက်ဟောင်ဇုန်း ကိုလည်း သူ ခေါ်သွားပြီ၊ ဟေး ကောင်းကင်အရှင်က ငါတို့ လင်ယောင်ကို လုံးဝ သစ္စာဖောက်သွားပြီ ”

စကားဆုံးသည်နှင့် သူသည် ရုတ်တရက် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။

သို့သော် ထိုပင်ပန်းမှုမှာ ဘယ်ကလာမှန်း မသိသဖြင့် စိတ်ထဲတွင် ထူးဆန်းနေမိသည်။

ထိုနေရာရှိ သူတော်စင်များမှာလည်း ထိုကဲ့သို့သော ‘အထင်အမြင်မှားမှု’ ရှိနေကြသော်လည်း အလွန်အမင်း ဂရုမစိုက်ကြပေ။

ဟေးဆန်း၏ လုပ်ရပ်ကြောင့် သူတို့၏ စိတ်ခံစားချက်များ ပြင်းထန်စွာ လှုပ်ခတ်သွားသည်ဟုသာ ယူဆလိုက်ကြသည်။

“ဖန့်ချန်က ဒီလောက်တောင် အသက်ရှည်ရတာလား”

“ဒီအထိတောင် မသတ်နိုင်ဘူး၊ ဟေး ကောင်းကင်အရှင်ကို သူတို့ နှစ်ယောက် ပြန်ဖမ်းနိုင်ပါ့မလား။”

“ဖန့်ချန်ကို ချင်းမင်ဆီ ပြန်ရောက်သွားအောင် လုံးဝ မလုပ်ပေးရဘူး၊ သူသာ ကြီးပြင်းလာရင် ငါတို့မျိုးဆက်အတွက် အန္တရာယ်ကြီးမားလိမ့်မယ် ”

“ကျောင်းတော်အုပ်က သူက ဝူရှီ ဖြစ်နိုင်တယ်လို့ ပြောတယ်၊ ငါကြည့်ရသလောက်တော့ ဖြစ်နိုင်ခြေများတယ်၊ မဟုတ်ရင် ရှန်ကျောက် ကောင်းကင်အရှင် ကိုယ်တိုင် လာပါ့မလား ”

“ငါတော့ သူက ဝူရှီ ဆိုတာ မယုံဘူး”

ချန်းယောင် ကျောင်းတော်၏ ဆွေးနွေးသံများမှာ ပိုမို ကျယ်လောင်လာသည်။

အချို့မှာ ဖန့်ချန်ကို ဆက်လက် ဆဲဆိုနေကြသည်။

အချို့မှာမူ ဟေးဆန်းကိုပါ တိုးတိုးလေး ဆဲဆိုနေကြသည်။

အချို့မှာ ဖန့်ချန်သည် ဝူရှီ ဟုတ်မဟုတ် အငြင်းပွားနေကြသည်။

အချို့မှာမူ မျက်နှာများ ဖြူဖျော့သွားပြီး စဉ်းစားတွေးတောမှုများဖြင့် ပြည့်နှက်နေသည်။

“ဒီတစ်ခါတော့ ငါတို့ ဂုဏ်သိက္ခာတွေ အကုန် ကျသွားပြီ။”

သူတော်စင်ကြီး တစ်ပါးက သက်ပြင်းချလိုက်သည်

“လင်ယောင်မှာ ကောင်းကင်အရှင် တစ်ယောက်တောင် ချင်းမင်ဘက်ကို သစ္စာဖောက်သွားမယ်လို့ မထင်ထားမိဘူး။”

“ဒါ ဘယ်လို ဖြစ်တာလဲ”

“ချင်းမင်က အရမ်းကို ပရိယာယ်များလွန်းတယ်၊ ဒါပေမဲ့ ဟေး ကောင်းကင်အရှင်ကို ဘာနည်းလမ်းတွေ သုံးပြီး သစ္စာဖောက်အောင် လုပ်လိုက်တာလဲ ”

“ကောင်းကင်အရှင်တွေရဲ့ အားပြိုင်မှုကို ငါတို့ နားမလည်နိုင်ပါဘူး၊ အခုတော့ ဖန့်ချန်ကို ဟေး ကောင်းကင်အရှင် ဆီကနေ လွတ်မြောက်သွားအောင်သာ ဆုတောင်းရတော့မယ်၊ မဟုတ်ရင် ဒီတစ်ခါ ငါတို့ ဆုံးရှုံးမှု အရမ်းများလိမ့်မယ် ”

ထိုသူတော်စင်များမှာ ယဲ့ချွမ်ကို ဆွေ့ရွှမ်လင်က သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို ပြန်တွေးမိပြီး မျက်နှာများ ပိုမို ဆိုးရွားလာသည်။

ယဲ့ချွမ်နှင့်အတူ ထိုမစ်ရှင်အတွက် စွန့်လွှတ်လိုက်ရသည့် ထောက်လှမ်းရေးများပါ ပေါင်းလိုက်လျှင် -

လင်ယောင်၏ ဆုံးရှုံးမှုမှာ ယခင်ကထက် မကြုံစဖူး ပြင်းထန်လှသည်။

……

ဟေးဆန်း၏ အတွင်းကမ္ဘာထဲတွင်။

ထိုက်ဟောင်ဇုန်းမှာ ချိပ်ပိတ်ခံထားရပြီး လှုပ်ရှား၍ မရပေ။

ထိုက်ဟောင်တန်မှာမူ ရှန်လု နန်းတော်မှ သူတော်စင် ရှစ်ယောက်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဘေးတွင် ဒူးထောက်လျက် ရှိနေသည်။

ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့မှာ တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ နဖူးပေါ်တွင် ကြီးမားသော မေးခွန်းထုတ်မှု သင်္ကေတများ ပေါ်လာသကဲ့သို့ပင်။

???

ဘာတွေ ဖြစ်ကုန်တာလဲ

သူတို့သည် လက်ရှိ အခြေအနေကို လုံးဝ နားမလည်နိုင်တော့ပေ။

“ညီကို ချင်းမင်က တကယ်ပဲ အစွမ်းထက်တာပဲ၊ ကောင်းကင်အရှင်ကိုတောင် သူတို့ဘက် ကူးပြောင်းအောင် လုပ်နိုင်တယ်၊ ဒါမှမဟုတ် သူက အစကတည်းက ချင်းမင်ရဲ့ ထောက်လှမ်းရေး ဖြစ်နေတာလား”

မှန်လေး၏ အသံမှာ ဖန့်ချန်၏ စိတ်ထဲတွင် ပေါ်လာသည်။

“ဖန့်ချန်၊ မင်း ကယ်တင်ခံလိုက်ရပြီလား အရမ်း ကောင်းတာပဲ”

ဓားငယ်လေးမှာ အလွန် စိတ်လှုပ်ရှားနေသည်။

“ငါ့ရဲ့ စဉ်းစားတွေးခေါ်မှုမှာ ပြဿနာ တက်နေတာလား၊ ခုဏက ဘာဖြစ်သွားတာလဲ ဆိုတာ မင်းတို့ သိလိုက်ကြလား ”

ဓားငယ်လေး -

“မသိဘူး၊ ငါက မင်း သေတော့မယ်လို့ ထင်နေတာ။”

မှန်လေး ကပြောလိုက်သည်။

“ချင်းမင်က မင်းကို ကယ်လိုက်တာ။”

ချင်းမင်၏ နောက်ကွယ်က အင်အားစုတွေက ဒီလောက်ထိ နက်ရှိုင်းတာလား။

ဖန့်ချန် စိတ်ထဲတွင် ခံစားချက်များစွာဖြင့် လွမ်းဟုန်ဟွမ်ကို ပြောလိုက်သည်။

“လက်ရှိ အခြေအနေအရဆိုရင် ငါတို့ ကယ်တင်ခံလိုက်ရပြီ၊ ပြီးတော့ ဟေး ကောင်းကင်အရှင်က ငါတို့ဘက်ကပဲ။”

လွမ်းဟုန်ဟွမ်က ခေါင်းအသာညိတ်လိုက်သည်

“ငါ မြင်လိုက်တယ်။”

ထို့နောက် သူသည် ထိုက်ဟောင်ဇုန်းကို ကြည့်လိုက်ပြီး ဆဲလိုက်သည်။

“ငလူးမသား ငါတို့နဲ့အတူ ပြန်ပြီး တရားစီရင်ခံဖို့ လိုက်ခဲ့တော့ ”

ထိုက်ဟောင်ဇုန်း- “……”

သူသည် ယခုအချိန်တွင် ထိုက်ဟောင်တန်၏ ဘေး၌ ဒူးထောက်လျက် ရှိနေပြီး ဟေး ကောင်းကင်အရှင်၏ ချုပ်နှောင်ခြင်းကို ခံထားရသည်။

သူသည် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ ယခင်က ကြုံတွေ့ခဲ့ရသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။

သူ နားမလည်နိုင်ပေ။

ဟေးယွမ် နဂါးမျိုးနွယ်စုမှ ကောင်းကင်အရှင်က ဘာလို့ ရုတ်တရက် လင်ယောင်ကို သစ္စာဖောက်သွားရတာလဲ။

ထိုအချိန်တွင် ဟေးဆန်းမှာ အတွင်းကမ္ဘာကို အားကုန် အသုံးပြုကာ ချင်းမင်ဘက်သို့ အမြန်ဆုံး ပျံသန်းနေသည်။

သူက ရယ်မောရင်း အော်ဟစ်လိုက်သည်

“ယဲ့ထျန်းကူ၊ စီကုယီ၊ မင်းတို့ နှစ်ကောင် မလိုက်လာကြနဲ့တော့။”

“ငါ့အရှိန်ကို မင်းတို့ မမီဘူး၊ ငါ့ကို လာကြိုမယ့် ချင်းမင် ကောင်းကင်အရှင်တွေက လမ်းမှာ ရောက်နေပြီ။”

“လက်ဖက်ရည် သောက်ဖို့ အခေါ်ခံလိုက်ရဦးမယ်၊ သတိထားကြ ”

ဟင်းလင်းပြင်ထဲတွင် စီကုယီက စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။

“ဟေးဆန်း၊ မင်းက ငါ့ရဲ့ သစ္စာရှိ ညီအစ်ကို မဟုတ်တော့ဘူးလား ”

“မင်း ဖန့်ဆိုတဲ့ ကောင်လေးကို ထားခဲ့လိုက်၊ ကျန်တဲ့သူတွေကို မင်း ခေါ်သွား၊ ငါ မမြင်ချင်တော့ဘူး ”

ယဲ့ထျန်းကူက တိတ်ဆိတ်နေပြီး ဟေးဆန်းကိုသာ အမြန်ဆုံး လိုက်လံ ဖမ်းဆီးရန် ကြိုးစားနေသည်။

စီကုယီက ထိုမြင်ကွင်းကို မြင်လျှင် ပြောလိုက်သည်။

“ညီကိုယဲ့၊ မင်း တစ်ခွန်းလောက် ပြောကြည့်ပါဦး”

“ဘာပြောရမှာလဲ သူက လင်ယောင်ကို သစ္စာဖောက်သွားပြီ၊ ပါးစပ်နဲ့ ပြောရုံနဲ့ သူ ပြန်လာမှာတဲ့လား”

ယဲ့ထျန်းကူက အေးစက်စွာ ပြောသည်။

စီကုယီမှာ ဒေါသထွက်လွန်း၍ ခြေထောက်ကို စိတ်ပျက်စွာ ဆောင့်နင်းလိုက်သည်။

ဟေးဆန်း၏ အတွင်းကမ္ဘာမှာ ပိုမို မြန်ဆန်လာသည်ကို မြင်လျှင် သူက အော်ဟစ်လိုက်သည်။

“သူ ခြေဖဝါးမှာ ဆီသုတ်ထားသလားကွာ ဘာလို့ ဒီလောက် မြန်တာလဲ ”

ထိုအချိန်တွင် သူသည် ဟေးဆန်း၏ အတွင်းကမ္ဘာ တံခါးပေါက်ဘက်၌ လူနှစ်ယောက် ခေါင်းထုတ်ပြီး အပြင်ဘက်ကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

မကြာမီပင် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့သည် စီကုယီနှင့် ယဲ့ထျန်းကူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

စီကုယီနှင့် ယဲ့ထျန်းကူတို့လည်း သူတို့နှစ်ယောက်ကို မြင်လိုက်ရသည်။

စီကုယီမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေသည်။ လက်ထဲ ရောက်ခါနီး ဘဲသားလေး ပျံသန်းသွားရသည့်အတွက် သူ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်။

တစ်ခဏအတွင်းမှာပင် သူ၏ အတွင်းကမ္ဘာထဲမှ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။

ယဲ့ထျန်းကူက အံ့အားသင့်သွားသည်

“အရူးမလုပ်နဲ့”

ဒီအဆင့်အထိ ရောက်နေပြီကို အတွင်းကမ္ဘာကို မီးရှို့မယ်။

နောက်တစ်ခါ ပြန်ဖြည့်လို့ ရတော့မှာ မဟုတ်ဘူး

“အမယ်လေး၊ ဒါက ယဲ့ထျန်းကူနဲ့ စီကုယီ မဟုတ်လား”

“မင်းတို့ နှစ်ယောက်က ဘာလို့ ချင်းမင်ကို ရောက်လာတာလဲ ”

“ချင်းမင်”

စီကုယီနှင့် ယဲ့ထျန်းကူမှာ အလိုအလျောက် ရပ်တန့်သွားသည်။

အနီးအနားတွင် အတွင်းကမ္ဘာ တံခါးပေါက်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သူတို့ကို အလယ်မှာ ဝိုင်းပတ်လိုက်ကြသည်။

ဟေးဆန်းမှာ ထိုမြင်ကွင်းကို မြင်လျှင် သက်ပြင်းချလိုက်ပြီး ပေါ်လာသည့် ဆွေ့ရွှမ်လင်၊ ပိုးထျန်းယွင်တို့ကို လှမ်းအော်လိုက်သည်။

“ငါ ဟေးဆန်းပါ၊ မင်းတို့ ချင်းမင်ရဲ့ အကြီးဆုံး ထောက်လှမ်းရေးပဲ၊ ဖန့်ချန်တို့ကို ငါ ပြန်ခေါ်လာပြီ၊ ငါ့ကို အောင်မြင်မှု တစ်ခု မှတ်ပေးထား ”

All Chapters