← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

101 01

အပိုင်း ၁၀၁

ချင်းဟယ်မြို့သည် အိမ်နီးချင်းခရိုင်၏ မြို့တော်ပဲ ဖြစ်သည်။ လှပသည့် ရှုခင်းများနှင့် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းနေရာများစွာ ရှိပေ၏။ တရုတ်နိုင်ငံတွင် လူသိများသည့် ခရီးသွားမြို့တစ်မြို့ဖြစ်သည်။

သူတို့နှစ်ယောက်သားသည် လေဆိပ်သို့ ၂ နာရီ စောရောက်သွားကာ အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် စစ်ဆေးလိုက်သည်။ လေယာဉ်ပေါ်သို့ ရောက်ပြီးနောက် ယွင်ယွီက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေ၏။ သူမ၏ ကျင့်ကြံမှုကြောင့် အာရုံက အလွန်ထိလွယ်၊ ရှလွယ် ရှိပြီး လေယာဉ်ပေါ်တွင် သူမက အလေးချိန် ကင်းမဲ့နေကာ နားဆူနေတော့၏။ သူမက စိတ်မသက်မသာ ဖြစ်နေသောကြောင့် အနားယူရန် မျက်လုံးမှိတ်ထားလိုက်သည်။ ချင်ယွီစွေကမှု သူမကို စောင်ပါးလေး ခြုံပေးလျှက် တစ်လမ်းလုံး ဂရုစိုက်ပေးသည်။

၂ နာရီခန့် ကြာပြီးနောက် လေယာဉ်ဆိုက်ပြီဖြစ်သည်။ နှစ်ယောက်သားက လေယာဉ်ပေါ်မှ ဆင်းလာလေ၏။ လေက အလွန် လတ်ဆတ်နေသည်။ ယွင်ယွီက လှပသည့် ရှုခင်းကို ခံစားလို့စိတ် မရှိ လမ်းတစ်လျှောက်၌ သူမ ဤကိစ္စကို သူမအစ်မဆီ မည်သို့ ပြောရမည်ကိုသာ တွေးတောနေမိသည်။

လေဆိပ်ထဲမှ ထွက်လာပြီးနောက် နှစ်ယောက်သားသည် ယွင်လန့်အိမ်သို့ ကားငှား သွားကြသည်။

ယွင်လန်က သူတို့ကို လိပ်စာ ပြောပြထားပြီးသား ဖြစ်သည်။ တစ်နာရီခန့်ကြာပြီးနောက် နှစ်ယောက်သားသည် ယွင်လန်ငှားထားသည့်အိမ်သို့ ရောက်သွား၏။

အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း ပါသည့် တိုက်ခန်းကို ယွင်လန်နှင့် ကုမ္မဏီမှ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က အတူတူ ငှားထားတာ ဖြစ်သည်။ အခန်းက သန့်ရှင်းကာ နွေးထွေးစွာ အလှဆင်ထားသည်။

နှစ်ယောက်သားက ဧည့်ခန်းထဲတွင် ရပ်နေလေ၏။ ယွင်ယွီသည် မျက်ကွင်းများ ချောင်ကျနေသည့် သူမ၏ အစ်မကို ကြည့်ကာ အင်မတန် စိတ်ဓာတ်ကျနေမိသည်။

ယွင်လန်သည် ဤရက်များအတွင်း ကောင်းကောင်း အနားမယူခဲ့ဘဲ စိတ်ဝိညာဉ်ကင်းမဲ့နေ၏။ သူမက ချင်ယွီစွေကို မြင်သောအခါ အနည်းငယ် မှင်သက်သွားသေးသည်။

“အစ်မ သူ့နာမည်က ချင်ယွီစွေ”

ယွင်ယွီသည် ယွင်လန်ကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး သူမ၏ ပိန်ပါးပါး သွယ်လျသည့် လက်ချောင်းများကို စုပ်ကိုင်ထားသည်။

“သူက ညီမချစ်သူ။ ညီမတို့ လက်ထပ်စာချုပ်ချုပ်ပြီးပြီ။ နောက်လ မင်္ဂလာပွဲ ကျင်းပမှာ။ အစ်မ အိမ်လာတဲ့အထိ စောင့်ပြီးမှ ပြောပြချင်နေတာ။ သူ ညီမတို့ကို ကူညီပေးမှာ စိတ်မပူနဲ့”

ယွင်လန်သည် ချင်ယွီစွေကို ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ သူမ ယခုအချိန်တွင် မှင်သက်နေကြောင့် ကိစ္စများများစားစား စဉ်းစားရန် အင်အား မရှိသလို့ ကျန်သည့် ကိစ္စများကိုလည်း မဖြေရှင်းနိုင်ပေ။

“အစ်မ အဆင်ပြေရဲ့လား”

ယွင်ယွီက အလွန် စိုးရိမ် ပူပန်နေသည်။

ယခင်က ယွင်လန်သည် အမြဲတစေ ဂုဏ်သရည်ရှိပြီး လှပကာ ငြိမ်းချမ်းသော အမှုအရာ ရှိ၏။ သို့သော် ယခုမှု ဝမ်းနည်းမှုများ ပြည့်နေတော့သည်။ သူမရင်ထဲရှိ နာကျင်မှုကို တောင့်ခံထားကာ ယွင်ယွီကို မေးလိုက်တော့သည်။

“ယွီအာ အစ်မကိုပြော ဖေးဟယ် ဘာဖြစ်တာလဲ”

ယွင်ယွီက တုံဆိုင်းနေမိသည်။ သူမအစ်မ၏ လက်ရှိအခြေအနေကို စဉ်းစားပြီး သူမ မည်ကဲ့သို့ ပြောရဲမည်နည်း။

သူမအစ်မသည် သူမနှင့် ရှောင်ရှန်းအတွက်ကြောင့် ကျောင်းပြီးအောင်တောင် မတက်ခဲ့ရဘဲ သူတို့၏ ပညာသင်စရိတ်အတွက် ပိုက်ဆံထွက်ရှာခဲ့ရသည့်အတွက်ကြောင့် အင်မတန် စိတ်မကောင်း ဝမ်းနည်းမိသည်။ သူမ၏အစ်မသည် ယွင်မိသားစုအတွက် မြုပ်နှံပေးခဲ့သည်။ သူမအစ်မ ပျော်ရွှင်နေတာကို မြင်ရမည်ဟု ထင်ခဲ့သည်။ သို့သော် ဤကဲ့သို့သော ကိစ္စရပ် ဖြစ်လာ၏။ သူမသာ ဖေးဟယ်၏ မွေးနေ့၊ မွေးရက်ကို စောစောစီးစီး တောင်းခဲ့ပါက သူ့ကို ဤကပ်ဘေးမှ ရှောင်နိုင်အောင် ကူညီပေးနိုင်လိမ့်မည်။

101 02

ယွင်ယွီက စွံ့အနေတော့သည်။ ယွင်လန်က တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မျက်နှာနှင့် နှုတ်ခမ်းတို့က ဖြူဖျော့သွားပြီး လက်ချောင်းက အနည်းငယ် တုန်ယင်သွားလေ၏။

ဧည့်ခန်းသည် အတန်ငယ် တိတ်ဆိတ်သွားပြီး နာရီအသံသာ ကြားနေရသည်။

ယွင်လန်၏ ဖုန်းက ရုတ်တရက် မြည်လာပြီး သူ့ကို သတိဝင်လာစေသည်။ သူမက မျက်ရည် သုတ်လျှက် ဖုန်းခေါ်ဆိုသူကို တစ်ချက် ကြည့်ကာ အက်ကွဲသော အသံဖြင့် ဖုန်းထူးလိုက်သည်။

“ဒုတိယ ဦးလေး သူ့အကြောင်း သတင်းရပြီလား”

ဒုတိယ ဉီးလေးလား။ ယွင်ယွီသည် သူ့အစ်မလက်ထဲရှိ ဖုန်းကို ကြည့်လိုက်သည်။

သူ၏ ဆန်ကုန်မြေလေး ဖခင်၌ အစ်ကို နှစ်ယောက်ရှိ၏။ ထိုအကြီးဆုံး ဉီးလေး ယွင်မောက်ကျုံးအပြင် ဒုတိ ဦးလေး ယွင်မောက်ကျန်းလည်း ရှိသည်။ တပ်ထဲမှ အငြိမ်းစားယူပြီးနောက် သူသည် ချင်းဟယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့၏ ရာဇဝတ်မှု နှိပ်နှင်းရေးအသင်းသို့ ရာထူးရွေ့ပြောင်းထားသည်။ သူ အလုပ်အလွန်များနေပြီး သူ၏ ဇနီး၊ သားသမီးတို့နှင့်အတူ ချင်းဟယ်ကျေးရွာသို့ တရုတ်နှစ်ကူးမှ ပြန်လာနိုင်သည်။

ယွင်လန်သည် အထက်တန်ကျောင်းမှ ဘွဲ့ရပြီး အလုပ်စလုပ်ချိန်တွင် သူ၏ အဘွားက စာဆက်လေ့လာရန် အကြံပေးခဲ့ကာ သူတို့ ပညာရေးအတွက် ပေးချေဖို့ နည်းလမ်းရှာမည်ဟု ဆိုခဲ့သည်။

ဉီးလေးနှစ်ယောက်နှင့် ဒေါ်လေးဆီမှ ပိုက်ဆံချေးငှားခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်သော်ငှား ယွင်လန်ကမှု သူမ ခေါင်းမာခဲ့သည်။ မိသားစုအခြေအနေကို သိ၏။ သူမသာ တက္ကသိုလ်တက်မည်ဆိုလျှင် မိသားစုအပေါ် ဝန်ပိစေလိမ့်မည်။ ထို့ကြောင့် ချင်းဟယ်မြို့သို့ အလုပ်သွားလုပ်ခဲ့၏။ သူမ ဒုတိယ ဦးလေးက ဤနေရာတွင် ရှိနေလေရာ သူမသည် သူမကို ဂရုစိုက်ပေးမည့် လူတစ်ယောက် ရှိနေသောကြောင့် မိသားစုကို အနည်းငယ် စိတ်အေးစေလိမ့်မည်။

တစ်ဖက်က ဘာပြောမှန်း မသိလိုက်ရပေ။ အချိန်အတော်ကြာပြီးနောက် ယွင်လန် ညှင်သာစွာ ပြောလိုက်လေ၏။

“ဟုတ်ပြီ။ ဒုတိယ ဦးလေး သမီး သိပြီ။ သမီး အဲဒီကို လာခဲ့မယ်”

သူမအစ်မ ဖုန်းချလိုက်တာကို မြင်သောအခါ ယွင်ယွီက မေးလိုက်လေ၏။

“အစ်မ ဒုတိယ ဦးလေး ဒီအကြောင်း သိလား”

ဒုတိယ ဦးလေးသည် မူခင်းဌာနတွင် ရှိနေသောကြောင့် ဤအမှုကို စုံးစမ်းစစ်ဆေးရာ၌ ကူညီပေးနိုင်လောက်သည်။

ယွင်လန်က ခေါင်းညိတ်လိုက်၏။

“ဒုတိယ ဦးလေး သိတယ်။ မတော်တဆဖြစ်ပြီးတော့ ငါ သူ့ကို သွားရှာပြီး ရဲတိုင်ခဲ့တာ။ သူ ငါ့ကို အများကြီး ကူညီပေးခဲ့တယ်”

ပြောနေစဉ် သူမ ငိုယိုမိလာသည်။

“အစ်မ ဒုတိယ ဦးလေးက ဘာလို့ ဖုန်းခေါ်တာလဲ။ ဖေးဟယ်အကြောင်း သတင်းရှိလို့လား”

ယွင်ယွီသည် အကြောင်းအရာ အမြန် ပြောင်းပြောလိုက်၏။ သူမအစ်မ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေတာကို မမြင်ချင်ပေ။

ယွင်လန်က မျက်ရည် သုတ်လျှက် ပြောလိုက်သည်။

“ဒုတိယ ဦးလေးက နေ့လည်စာစားဖို့ လှမ်းခေါ်နေတာ”

သူမ၏ ဒုတိယ ဦးလေးသည် သူမအစ်မအတွက် စိုးရိမ်ပူပန်နေပြီး တစ်ယောက်တည်း အတွေးများနေတာ စိုးရိမ်သောကြောင့် စားသောက်ဖို့ လှမ်းခေါ်မှန်း သိလိုက်သည်။

“အစ်မ ညီမတို့ အတူတူ သွားရအောင်လေ”

သူမသည် ဒုတိယ ဦးလေးကို မတွေ့ရတာ ကြာပြီ ဖြစ်သည်။

“ကောင်းပြီလေ”

ယွင်လန်က မျက်လွှာချလျှက် မျက်တောင်ပေါ်တွင် မျက်ရည်စများ ရှိနေသေးသည်။

101 03

ယွင်ယွီက သူမ၏ အစ်မနှင့် စကားပြောနေစဉ် ချင်ယွီစွေကမှု ဒုတိယ ဦးလေး မိသားစုအတွက် လက်ဆောင်များ သွားဝယ်သည်။

လူတိုင်း ထွက်သွားပြီးနောက် ယွင်လန်သည် အားတင်း ပြုံးလိုက်သည်။

“ယွီအာ သူက အဆင်ပြေတာပဲ။ ညီမ ပျော်နေရင် အစ်မ စိတ်အေးပါပြီ”

“အစ်မလည်း တကယ် ပျော်ရမှာပါ။ တကယ်”

ယွင်ယွီသည် ယွင်လန်၏ လက်ကို ကိုင်ထားလျှက် လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။

သူမအစ်မ၏ မျက်နှာကို ကြည့်လိုက်မိသည်။ သူမမျက်နှာက ညိုးလျော့နေသည့်တိုင် ကောင်းချီပေးခံရသည့် မျက်နှာဖြစ်သည်။ ငယ်စဉ်ကလေးဘဝက အတော်လေး ကြမ်းတမ်း ခက်ခဲခဲ့သော်ငှား အသက်လတ်ပိုင်းနှင့် အနှောင်းပိုင်းနှင့် ကြွယ်ဝချမ်းသာပြီး အင်အားကြီးရန် ကံပါလာသူ ဖြစ်သည်။ ဤအတားအစီးကို ကျော်လွှာပြီး သူမကို အလွန် ချစ်မြတ်နိုးသည့် အမျိုးသားတစ်ယောက်နှင့် တွေ့ဆုံလိမ့်မည်။ သူမအစ်မနှင့် ဖေးဟယ်တို့က တကယ်တော့ အတူရှိဖို့ ကံမပါခဲ့ပေ။

တကယ်တော့ ယွင်ယွီသည် သူမမိသားစုဝင်များ၏ ကံကြမ္မာကို ဖတ်ခဲသည်။ မျက်နှာ အသွင်အပြင်သည် မတိမကျ ဖတ်မိလေလေ ကံကြမ္မာက ပိုဆိုးရွားလေဖြစ်သည်။

ယွင်လန်၏ မျက်လုံးများ နီမြန်းနေကာ ဘာမှ မပြောတော့ပေ။

နာရီဝက်ခန့် ကြာပြီးနောက် ချင်ယွီစွေ ပြန်ရောက်လာသည်။

သုံးယောက်သားက ယွင်မောက်ကျန်း၏အိမ်သို့ ကားငှားသွားလိုက်သည်။ ယွင်မောက်ကျန်းက အနားတွင်နေပြီး သိပ်မဝေးပေ။ ဤနေရာက ချင်းဟယ်မြို့၏ တတိယပတ်လမ်းဝန်းကျင်တွင် ရှိပြီး အိမ်တန်ကြေးက တစ်သောင်းကျော် ရှိသည်။

ဒုတိယဦးလေးသည် တင့်အမ်ရပ်ကွက်တွင်နေကာ အိမ်ခန်း နှစ်ခန်းနှင့် ဧည့်ခန်း နှစ်ခန်း ပါသည့် နေရာတွင်နေ၏။ စတုရန်းမီတာ ၈၀ ကျော် ကျယ်ဝန်းသည်။ ဤအိမ်အတွက် စရံအဖြစ် သူ အစောပိုင်း နှစ်များက စုဆောင်းထားသည့် ငွေတချို့ဖြင့် ပေးချေကာ သူမဒုတိယအဒေါ်လေး၏ မိသားစုဆီမှ ပိုက်ဆံလည်း ပါသည်။ ထို့စဉ်က အိမ်က ဈေးချိုသော်ငှား ယခုအချိန်တွင် ထောင်ချီတက်သွားပြီ ဖြစ်သည်။ အာမခံအဖြစ် အပ်နှံရသည့် ပမဏက နည်းသော်ငှား ဒုတိယဦးလေး၌ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိ၏။ ထို့ကြောင့် ဝန်ထုပ်ဝန်ပိုးက သေးလှပေသည်။ သူက လစာ ပုံသေရပြီး သာမန်ရဲတစ်ယောက် ဖြစ်ခဲ့သည်။ ဒုတိယအဒေါ်လေး၏ လစာကလည်း မမြင့်ပေ။

အိမ်ထဲရှိအခန်းများကို ဘုတ်ပြားများဖြင့် ခြားထားသေးပြီး ကလေးတစ်ယောက်ဆီက တစ်ခြမ်းစီ နေ၏။

သို့သော် ၈၀ စတုရန်းမီတာကျော် ကျယ်သည့် နေရာ၌ လူလေးယောက်နေခြင်းက မဆိုးပေ။ မြို့ပြတွင်က ဤပုံစံအတိုင်းသာ လူဦးရေက များပြီး အိမ်က သေးသည်။

သူမသည် ဒုတိယဦးလေး၏ အိမ်သို့ ရောက်သောအခါ ယွင်လန်က တံခါးခေါက်လိုက်၏။ တံခါးဖွင့်ပေးသူက ဒုတိယဦးလေး ဖြစ်နေသည်။

ယွင်မောက်ကျန်းသည် လတ်တလော နှစ်များ၌ အလွန် အလုပ်များခဲ့သည်။ အသက် ၄၀ ၌ သူက သူ၏ အစ်ကိုကြီး ယွင်မောက်ကျုံးထက်တောင် ပိုပြီး အိုစာနေပြီ ဖြစ်သည်။

သူက ယွင်ယွီကို မြင်သောအခါ မှင်သက်သွားပြီး မေးလိုက်လေ၏။

“ယွီအာလား”

ယွင်မောက်ကျန်းသည် နှစ်ကူးကာလက ပြန်လာခဲ့ပြီး ထိုစဉ်က ယွင်ယွီကို တွေ့ခဲ့သည်။ သို့သော် သူမက ထို့စဉ်ကနှင့် ကွဲပြားခြားနားနေပြီ ဖြစ်သည်။ မျက်နှာအသွင်အပြင်က အနည်းငယ် ပြောင်းလဲသွားကာ အသားအရေက ပိုဖြူဖွေးလာသည်။ သူမကို မမှတ်မိသလောက် ဖြစ်သွားလေ၏။

ယွင်ယွီက ပြောလိုက်တော့သည်။

“မင်္ဂလာပါ။ ဉီးလေး သမီးအစ်မကို တွေဖို့ လိုက်လာတာ”

“အေး အေး သမီးအစ်မနဲ့ လိုက်လာတာ ကောင်းတယ်”

ယွင်မောက်ကျန်းသည် သူ့တူမကြီးအတွက် စိတ်မကောင်းဖြစ်နေမိသည်။ ချင်းဟယ်မြို့တွင် သူနေစဉ်တစ်လျှောက်လုံး သူသည် သူ့တူမကြီးကို ညစာစားဖို့ မကြာခဏဖိတ်တတ်၏။ ဤအဖြစ်အပျက်ပြီးနောက် သူအလွန် စိတ်ပူနေမိသည်။

ယွင်မောက်ကျန်း၏ အကြည့်က ချင်ယွီစွေဆီ ရောက်သွားချိန် အံဩသွားလေ၏။

101 04

ယွင်ယွီက ချင်ယွီစွေ၏ အထောက်အထားကို အကြမ်းမျဉ်း ရှင်းပြလိုက်ပြီး ယွင်မောက်ကျန်းက အမြန်ပြောလိုက်သည်။

“ဟုတ်ပြီ။ သမီးတို့ အထဲသွားထိုင်နှင့်အုန်း။ သမီးတို့ အဒေါ်လေးကို ဟင်းထပ်ချက်ခိုင်းလိုက်မယ်”

သုံးယောက်သားက အိမ်ခန်းထဲဝင်သွားချိန် ဧည့်ခန်းက အတော်လေး သန့်ရှင်းတာ တွေ့လိုက်ရသည်။

အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်က ဧည့်ခန်းထဲ၌ တီဗီကြည့်နေသည်။ ယွင်မောက်ကျန်းက အထဲသို့ ဝင်သွားပြီး ပြောလိုက်လေ၏။

“ရွှမ်ရွှမ် ဘယ်သူတွေလာလဲ ကြည့်အုန်း”

ယွင်ရွှမ်ရွှမ်သည် ဖြည်းဖြည်းချင်း ခေါင်းမော့ပြီးနောက် တီဗီ ပြန်ကြည့်လိုက်သည်။

ယင်းက ယွင်မောက်ကျန်း၏သမီး အငယ်ဖြစ်ကာ အသက် ၁၂ နှစ် အရွယ်သာ ရှိသေးပြီး စီနီယာအထက်တန်းကျောင်း၏ ပထမနှစ်ဖြစ်သည်။ သူမ နေ့တိုင်း နေ့လည့်စာစားဖို့ အိမ်ပြန်လာသည်။ ယွင်မောက်ကျန်းက ဆူပူလိုက်သည်။

“ရွှမ်ရွှမ် သမီး ဘာလို့ လျစ်လျူရှုနေရတာလဲ”

ယွင်ရွှမ်ရွှမ်က နှာခေါင်း ရှုံ့လျှက် ဖြည်းဖြည်းချင်း လှည့်ခေါ်လိုက်သည်။

“ဝမ်းကွဲ မမကြီး၊ ဝမ်းကွဲ မမ”

တွန့်ဆုတ်နေလေ၏။ ယွင်မောက်ကျန်းက ဒေါသထွက်လွန်းသဖြင့် ခေါင်းကိုက်လာတော့သည်။ သူက ထိုလူသုံးယောက်ကို ပြောလိုက်၏။

“ဒီကလေးကို သူ့အမေက အလိုလိုက်ထားတာ”

သူ၌ သားကြီးတစ်ယောက်ရှိပြီး ယခုနှစ်တွင် အထက်တန်းကျောင်းသားဖြစ်ပြီး အိမ်တွင် မရှိ။ တခြားမြို့တွင် ကျောင်းတက်နေတာ ဖြစ်၏။ အမည်က ယွင်ကျစ်ယွမ် ဖြစ်သည်။

“ရပါတယ်။ ဉီးလေး အလုပ်သွားလုပ်လို့ရတယ်”

ယွင်ယွီက ပြောလိုက်သည်။

ဆိုးသွမ်းသော ကလေးတစ်ယောက်သာ ဖြစ်သည်။ သူမ ဝမ်းကွဲက တကယ်ဆိုးသွမ်းပေ၏။ သူမဦးလေးမိသားစုမှ ယွင်မေကျင်းသည်လည်း အလိုလိုက်ခံထားရသော်ငြား သူ၏အကျင့်စရိုက်က သိမ့်မွေ့ကာ ချစ်စရာကောင်းသည်။ ဤဝမ်းကွဲလေးကမှု တကယ် ဆိုးသွမ်းပြီး ရိုင်းပျသည်။

ယွင်မောက်ကျန်းက မီးဖိုချောင်ထဲ သွားကာ သူ၏ ဇနီး ရှောင်ကျင်းမြောင်ကို ပြောလိုက်လေ၏။

“ယွီအာနဲ့ သူ့ကောင်လေးလည်း ရောက်နေတယ်။ ဒါကြောင့် နေ့လည်စာအတွက် ဟင်းထပ်ချက်လိုက်အုန်း”

ရှောင်ကျင်းမြောင်က တိတ်တဆိတ် ရေရွတ်ပြောလိုက်၏။

“ကျွန်မ နောက်ဆုံးတော့ အားလပ်ရက် ရတာကို ရှင့်မိသားစုကို ခေါ်စားရအုန်းမယ်ပေါ့”

ယွင်မောက်ကျန်းက ဒေါသတကြီး ပြောလိုက်တော့သည်။

“အဲလို မပြောနဲ့။ လန်လန်ရဲ့ အခြေအနေကို မင်းသိသားနဲ့။ သူ အခု စိတ်မကောင်းဖြစ်နေတယ်။ သူ အတွေးလွန်ပြီး တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်မှာ ဆိုးလို့။ ဒါကြောင့် သူ့ကို လာစားခိုင်းလိုက်တာ။ လန်လန်က မင်းအပေါ် ကောင်းတာပဲ မဟုတ်လား။ မင်းကို ရွှေဆွဲသီး ပေးပြီး ရွှမ်ရွှမ်ကိုလည်း စာသင်ပေးသေးတယ်။ သူက ဒီမှာ အထီးကျန်နေတာ။ ဒါကြောင့် သူ့ကို ငါတို့ ကူညီပေးရမှာပေါ့”

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ကျွန်မ သိပြီ။ ရှင် နားပူနားဆာ တိုက်နေမှာလား။ ကျွန်မ ဘာမှ မပြောပါဘူး။ သူတို့ရှေ့မှာ ဘာမှ မပြောဘူး”

ရှောင်ကျင်းမြောင်က မျက်စောင်းထိုးလိုက်၏။

“ဒါဆို ဟင်းနည်းနည်း ထပ်ချက်လိုက်အုန်း။ ယွီအာနဲ့ တခြားသူတွေ လာနေပြီ”

“ဟုတ်ပြီ။ ကျွန်မ သိပြီ”

ယွင်ယွီနှင့် ကျန်သည့်သူများက ဧည့်ခန်းထဲတွင် ထိုင်နေသည်။ ယွင်လန်က အသက်ကင်းမဲ့ပုံ ပေါ်နေလေ၏။ ယွင်ယွီသည် သူမအစ်မကို စကားပြောနေပြီး အိမ်တွင် အားလုံး အဆင်ပြေကြောင်း ပြောပြနေ၏။ သူမ မက်မွန်ပင်၊ ချယ်ရီပင်နှင့် စပျစ်ပင်များ စိုက်ပျိုးထားကြောင်း ဝါးတောအုပ် ဧက ၁၀၀ ကျော် ရှိကြောင်းနှင့် နောက်တစ်ဆင့်က လယ်တောအိမ်ဖွင့်ရန်အတွက် ပြင်ဆင်နေကြောင်း ပြောပြခဲ့သည်။

101 05

ယွင်လန်က မတုံ့ပြန်ဘဲ နားထောင်နေ၏။ ယွင်ယွီကမှု ကြည့်ပြီး သက်ပြင်းချလာမိသည်။

ဆိုးသွမ်းသည့် ကလေး ယွင်ရွှမ်ရွှမ်ကမှု တီဗီကြည့်နေရာကနေ ချင်ယွီစွေဆီ အကြည့်ရောက်လာပြီး သူ သယ်လာသည့် လက်ဆောင်များကို တွေ့လိုက်၏။

ယွင်ရွှမ်ရွှမ်က လက်ဆောင်ပုံးဆီ တိတ်တဆိတ် လျှောက်သွားပြီး အရုပ်တစ်ရုပ်ကို ဆွဲထုတ်လိုက်သည်။ ယင်းက ချင်ယွီစွေ အထူးတလည် ရွေးထားသည့် ကောင်မလေးအရုပ်ဖြစ်ကာ နုနုယ်သောအသွင်အပြင်၊ ချောမွေ့သော ဆံပင်နှင့် လှပသော အဝတ်အစားများ ရှိ၏။ ယင်းက အလွန် ဈေးကြီးသည်။ သူမ ၎င်းကို ကြည်ပြီး သဘောကျသွားကာ ကျေးဇူးတင်စကားတောင် မပြောဘဲ အရုပ်ကို ယူသွားတော့သည်။

ယွင်မောက်ကျန်းက သူတို့ကို ဧည့်ခံရန် ထွက်လာပြီး သုံးယောက်အတွက် လက်ဖက်ရည် ငဲ့ပေးကာ ယွင်ယွီ၏ မိသားစုအခြေအနေကို မေးလိုက်သည်။

ယွင်ယွီက အိမ်၌ အားလုံး အဆင်ပြေကြောင်း ဒုတိယဦးလေးကို ပြောခဲ့သည်။ ယွင်မောက်ကျန်းကမှု သူမ၏ လက်ရှိ အလုပ်ကို မေးလေရာ ယွင်ယွီက မြို့တော်၌ အလုပ်မလုပ်ဘဲ တောင်တစ်တောင် ငှားရမ်းဖို့ မွေးရပ်မြေသို့ ပြန်လာကြောင်း ပြောထား၏။ သူမမိသားစုကလည်း ဘန်းမုန့်ဆိုင်ဖွင့်ထားကာ နောင်ကျ လယ်တောအိမ် ဖွင့်ဖို့ ပြင်ဆင်ထားသည်။

“မဆိုးဘူးဘဲ”

ယွင်ယွီက အနည်းငယ် စိတ်လိုက်မာန်ပါ ရှိပြီး သူမအစ်မ၏လေးနှစ်တာ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးခဲ့သည်ဟု သူခံစားမိသော်ငြား လက်ရှိအခြေအနေတွင် ယွင်လန် စိတ်မကောင်းဖြစ်သွားမှာကို စိုးရိမ်သောကြောင့် ထိုကဲ့သို့ စကားမျိုး ပြောဖို့က ခက်ခဲ လှပေ၏။

ယွင်ယွီသည် သူမအစ်မရဲ့ အမှုအကြောင်းကို အသေးစိတ် မမေးရဲဘဲ ဒုတိယဦးလေးဆီမှသာ စောင့်နေလိုက်သည်။

ယွင်မောက်ကျန်းက ဖြစ်ရခြင်းအကြောင်းအရင်းကို သိပြီးသားဖြစ်သည်။ ထို့ကြောင့် သူက ယွင်ယွီကို ပြောလိုက်၏။

“ဒီအမှုက နည်းနည်းတော့ ရှုပ်ထွေးတယ်။ သူက ဖူးနန်ခရိုင်မှာ ပျောက်သွားတာ။ စီစီတီဗီတွေကနေ ကြည့်တော့ သူ့ငှားထားတဲ့ အိမ်ကို ပြန်လာပြီး ရေချိုးတယ်။ အဝတ်အစား လဲတယ်။ ပြီးတော့ ပြန်ထွက်သွားတယ်။ သူသွားတဲ့ နေရာက ဖူးနန်ခရိုင် မြို့ထဲမှာ နာမည်ကျော် ကျေးရွာပဲ။ ရှုပ်ရှုပ်ထွေးထွေး ရုတ်ရုတ်သဲသဲ ဘယ်တုန်းကမှ မဖြိုဖျက်ရသေးဘဲ တော်တော်လေးတော့ ရှုပ်ထွေးတယ်။ လူနေတဲ့ နေရာ မဟုတ်ဘူးလေ။ တကယ်တော့ လူတွေနေဖို့ အဆင်မပြေဘူးဆိုပေမဲ့ လူမျိုးစုံ လူကောင်း၊လူဆိုး ရောထွေးနေတာ။ စောင့်ကြည့်ခံ ကင်မရာတွေလည်း ပျက်စီးနေတယ်။ ခါးပတ်နှိုက်လည်း ပေါတယ်။၊ အမှောင်ထု စုနေတဲ့ နေရာ။ ဒါပေမဲ့ ဌားရမ်းခ၊ အစားအသောက်နဲ့ နေထိုင်စားရိတ်တွေက နိမ့်တာကြောင့် အဲဒီမှာ လူတွေ ပြုံတိုးနေကြတာ”

++++++

All Chapters