← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

102 01

အပိုင်း 102

“သူ အဲဒီကို ဘာလို့ သွားတာပါလိမ့်”

ယွင်ယွီသည် ဝိညာဉ်ကို တိုက်ရိုက်ဆင့်ခေါ်နိုင်သော်ငှား မလုပ်ရဲချေ။ သူမအစ်မ၏အရှေ့၌ ဝိညာဉ်ကို ဆင့်ခေါ်ပြီး သူမအစ်မ ပြိုလဲသွားမှာမျိုး မဖြစ်စေချင်ပေ။

ယွင်မောက်ကျန်းက ယွင်လန်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“သူ ဖူနန်ခရိုင်ကို သွားရတဲ့ အကြောင်းအရင်းကတော့ ရှုပ်ထွေးတဲ့ ကိစ္စပဲ”

သူက ယွင်ယွီကို ဖြစ်ကြောင်းကုန်စင်တစ်ခုလုံး ပြောပြခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က ဖေးဟယ်သည် ကောလိပ်မှ ဘွဲ့ရခဲ့ပြီး အလုပ်လုပ်ရန် ချင်းဟယ်မြို့သို့ သွားခဲ့၏။ တစ်ညတွင် ရှင်းလင်းနေသည့် တောင်ကြားကို ဖြတ်ကျော်ပြီးနောက် သူသည် မတော်တဆမှုတစ်ခု ဖြစ်ခဲ့၏။ မိသားစုလေးယောက် စီးလာသည့် မော်တော်ဆိုင်ကယ်ကို ကားတစ်စီးက တိုက်သွားတာ ဖြစ်သည်။ မိဘများက နေရာမှာတင် သေဆုံးသွားပြီး ကလေးများသာ ရှင်ကျန်ရစ်သည်။ သို့သော် သူတို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထား၏။ သူက လူနာတင်ယာဉ်နဲ့ ရဲကို ဖုန်းဆက်ခေါ်ခဲ့ကာ ကလေးများကို ဆေးရုံပို့ပေးပြီးနောက် သူတို့အတွက် ဆေးဖိုးဝါးခ ပေးချေပေးခဲ့သည်။ တောင်ကြားထဲ၌ စောင့်ကြည့်ခံ ကင်မရာ မရှိပေ။ ထိုစဉ်က မှောင်မည်းနေခဲ့၏။ ကလေးများ အသက်ရှင်ခဲ့သော်ငှား တိုက်ပြေးသွားသည့် ကား၏ လိုင်စင်နံပါတ်ပြားကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့ လျော်ကြေးငွေတောင် မတောင်းနိုင်ခဲ့ချေ။

ဤမိသားစုလေးယောက်က အလွန် ဆင်းရဲပေ၏။ မိဘများသည် သူတို့ကလေးများကို ဟန်ကျိုးမြို့သို့ ခေါ်သွားပြီး အလုပ်လုပ်ကာ ဖူးနန်ခရိုင်၌ အိမ်ငှားဖို့ ပြင်ဆင်ခဲ့တာ ဖြစ်သည်။ ထိုစဉ်က မိန်းကလေးသည် အသက် ၁၃ နှစ်သာ ရှိသေးပြီး ကောင်လေးကမှု ၃နှစ် အရွယ်သာ ရှိသေး၏။ သူတို့၌ အုပ်ထိန်းသူမရှိပေ။ ဤမတော်တဆမှု ပြီးနောက် မိန်းကလေးသည် သူမ၏မောင်လေးကို မွေးရပ်မြေသို့ ပြန်မခေါ်သွားချင်ပေ။ သူမ၏ ဆွေမျိုးသားချင်းများက ကူညီမှာ မဟုတ်။ ထို့ကြောင့် အလုပ်လုပ်ပြီး သူမမောင်လေးကို ပံ့ပိုးပေးရန် ဟန်ကျိုးမြို့တွင် နေချင်ကြောင်း ပြောခဲ့သည်။

ဖေးဟယ်က ကလေးများကို သနားမိသောကြောင့် သူတို့ကို ကျောင်းတက်နိုင်အောင် ထောက်ပံ့ပေးခဲ့သည်။

မိန်းကလေးက အသက် ၁၈ နှစ်၊ ကောင်လေးက အသက် ၈ နှစ် ရှိသွားလေပြီ။

ဖေးဟယ်က သူတို့ကို ငါးနှစ်တာ ထောက်ပံ့ပေးပြီး ဖူးနန်ခရိုင်တွင်နေစဉ် မိန်းကလေး၏ ပညာသင်ကြားစရိတ်နှင့် နေထိုင်စရိတ်၊ ကောင်လေး၏ မူကြိုကျောင်းစရိတ်များကို ပေးခဲ့၏။

ငါးနှစ်လုံးလုံး မိန်းကလေးကိုကူညီပေးခဲ့ပြီး ရံဖန်ရံခါ၌ ဖူးနန်ခရိုင်ဆီသို့ သွားကာ ကလေးများဆီ သွားလှည့်ပတ်ခဲ့သည်။

ယွင်မောက်ကျန်းက ဆက်ပြောလိုက်၏။

“မနေ့တုန်းက အဲဒီမိန်းကလေး သူ့ကိုဆက်ပြီး အထက်တန်းကျောင်း တတိယနှစ်မှာ စာလေ့လာရတာ ဖိအားများကြောင်း ပြောပြီး နားမလည်တဲ့ အိမ်စာတွေ များတယ်လို့ ပြောခဲ့တာ။ ကလေးမက ဖုန်းထဲမှာ ငိုယိုနေတော့ သူ စိတ်ပူပြီး သွားလိုက်တာပဲ။ သူ ပျောက်သွားလိမ့်မယ်မှန်း ဘယ်သူက သိမှာလဲ။ စုံစမ်းစစ်ဆေးခဲ့ပြီးပြီ။ ထို့အိမ်ကိုတောင် မသွားခဲ့ဘူး။ အိမ်နီးချင်းတွေကလည်း အခု မိန်းကလေးက မစားမသောက်ဖြစ်နေတယ်လို့ ပြောတာ။ သူက ငိုယိုနေပြီး အားလုံးက သူ့အမှားတွေလို့ပဲ ပြောနေတာ။ သူမသာ ဖုန်းမခေါ်ခဲ့ရင် သူ ဒုက္ခရောက်မှာ မဟုတ်ဘူး”

ယွင်ယွီက မျက်မှောင်ကြုတ်မိသွား၏။ သူမ အလိုလို သိစိတ်အရ ဤမိန်းကလေးက အနည်းငယ် ထူးဆန်းနေကြောင်း ပြောနိုင်သည်။

သူမက မေးလိုက်သည်။

“ဒုတိယဦးလေး အမှုကို စစ်ဆေးနေတုန်းလား”

ယွင်မောက်ကျန်းက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။

“ပြီးရင် စစ်ဆေးရမှာ။ နေ့လည်ကျ မျက်မြင်သက်သေ တွေ့မတွေ့ ရှာနိုင်အောင်လို့ ဖူးနန်ခရိုင်ဆီ သွားမလို့”

“ဦးလေး သွားရင် သမီးလည်း လိုက်ခဲ့မယ်”

ယွင်လန်က ရုတ်တရက် ပြောလိုက်သည်။

“သမီးလည်း သွားမယ်”

102 02

“မြန်မြန် စားကြတော့”

ရှောင်ကျင်းမြောင်က ဆိုးရွားသော အကြည့်ဖြင့် ဟင်းများ သယ်လာပေးသည်။ သူမကမှု ယွင်မိသားစုတစ်စုလုံးကို ခစားနေပြီး မီးခိုချောင်ထဲတွင် နေရတာ မတရားဟု ခံစားမိသည်။

သို့သော်ငြား ထောင့်ရှိ လက်ဆောက်သေတ္တာကို မြင်သောအခါ ပြုံးပြီး ပြောလိုက်တော့၏။

“လန်လန်၊ ယွီအာ ညစာလာစားလေ”

နာမည်ကျော်တံဆိပ် ငှက်သိုက်နှင့် ရွှေပတ်တီးများ တန်ကြေးက အလွန် ဈေးကြီးလိမ့်မည်။

ထို့တန်ဖိုးကြီးသော လက်ဆောင်များကို မြင်ပြီး ရှောင်ကျင်းမြောင်က ပြုံးလျှက် လူတိုင်းကို စားသောက်ရန် ဖိတ်လိုက်သည်။

စားသောက်ပြီးနောက် ယွင်ယွီသည် သူမ၏ဒုတိယဒေါ်လေးက အနည်းငယ် တွန့်တိုပြီး တစ်ကိုယ်ကောင်းဆန်တတ်ကြောင်း သိ၏။ ထို့ကြောင့် ပန်းကန်ကူဆေးပေးခဲ့သည်။ မိသားစုတိုင်း၌ ပြဿနာကိုယ်စီ ရှိကြပေ၏။ သူတို့ ယွင်မိသားစုက စလို့ပင် အကြီးဆုံးဉီးလေးနှင့် ဒုတိယဦလေးတို့က လူကောင်းများ ဖြစ်ပြီး အကြီးဆုံးဒေါ်လေးကလည်း လူကောင်းတစ်ယောက် ဖြစ်သည်။ ဒုတိယဒေါ်လေး၌သာ ဆိုးရွားသည့် အကျင့်စရိုက် ရှိ၏။ သို့သော် သူမက အမှန်တကယ် ဆိုးရွားသည့်အရာတော့ မလုပ်။ အနည်းငယ် တွန့်တိုရုံသာရှိသည်။

နေ့လည့်စာစားပြီးနောက် ဒုတိယဦးလေးနှင့်အတူ ဖူနန်ခရိုင်သို့ သွားလိုက်သည်။ ယွင်လန်နှင့် ချင်ယွီစွေတို့ကလည်း လိုက်လာ၏။ ချင်ယွီစွေက အရပ်မြင့်၏။ ထို့ကဲ့သို့ နေရာမျိုး သူ့ကို ခေါ်သွားတာ တစ်ပန်းသာသည်။ သူတို့ကို မည်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ပေ။

တစ်နာရီနခန့်ကြာပြီးနောက် ဖူနန်ခရိုင်သို့ ရောက်သွားသည်။

မြို့ထဲ၌ ရွာတစ်ရွာ ရှိနေသည်။ ပတ်ဝန်းကျင်အနေအထားက အလွန်ဆိုးရွားပြီး အငှားအိမ်များ အတန်းလိုက်ရှိနေ၏။ တိုက်အမြှင့်ဆုံးက ၇ ထပ်၊ ၈ ထပ် ရှိသည်။ လမ်းကြားက ရှုပ်ထွေးနေကာ ယာဉ်မျိုးစုံ ရပ်ထားသည်။ စတိုးဆိုင်လေးများ၊ စားသောက်ဆိုင်လေးများ၊ ဆံပင်ညှပ်ဆိုင်၊ ဂိမ်းခန်းမ၊ အင်တာနက် ကဖေး စသည့်တို့လည်းရှိပြီး သူ့ဘာသာသူ ကမ္ဘာငယ်လေး တည်ဆောက်ထားသလို့ပင် ဖြစ်နေသည်။

ဤကဲ့သို့သော နေရာမျိုးက မွန်းတည့်ချိန်တွင်တောင် စည်းကားသိုက်မြိုက်နေပြီး လူတို့ ဝင်ထွက်သွားလာနေကာ နေထိုင်သူတို့၏ အသံများကို ကြားရသည်။

ယွင်မောက်ကျန်းက တီးတိုးပြောလိုက်သည်။

“ချင်းဟယ်မြို့မှာ တစ်ခန်းငှားခက ယွမ်နှစ်ထောင်ဝန်းကျင် ဖြစ်နေချိန်မှာ ဒီနေရာမှာက ယွမ်လေးရာ၊ ငါးရာ လောက်ပဲ။ ဒီတော့ တခြားနေရာကလူတွေက ဒီမှာ လာငှားနေကြတယ်။ ဖေးဟယ်က ကလေးနှစ်ယောက် ဒီမှာ နေတာ မလုံခြုံမှာ ဆိုးနေပေ့မဲ့ သူရဲ့အရည်အချင်းကလည်း အကန့်အသတ် ရှိတယ်လေ။ သူတို့ရဲ့ နေထိုင် စားသောက် စရိတ်၊ ပညာသင် စရိတ်တွေကို ပံ့ပိုးပြီးတော့ သူ့မှာ ပိုက်ဆံအပို မရှိတော့ဘူး။ မိန်းကလေးကလည်း အလုပ်ကြိုးစားပါတယ်။ သူ ကျောင်းပြီးတာနဲ့ အလုပ်လုပ်တယ်။ သူတို့အတွက်လည်း မလွယ်ဘူးလေ”

ယွင်လန်သည် ရင်ထဲ၌ နာကျင်နေမိ၏။ ဖေးဟယ်က ထို့မောင်နှမနှစ်ယောက်ကို ပံ့ပိုးပေးနေကြောင်း သူမ သိသည်။ သူက သူမကို ပြောပြဖူးသောကြောင့် ဖြစ်၏။

သူမ၏ ညီအစ်ကိုမောင်နှမများအတွက် အလုပ်လုပ်စောစော စလုပ်ခဲ့ရကြောင်း ပြောပြီး သူမက သူ့ကို နားလည်သဘောပေါက်ကြောင်း ဖော်ပြခဲ့သည်။ သူတို့နှစ်ယောက် လက်ထပ်ချိန်တွင်လည်း ထိုမိန်းကလေး ကောလိပ်က ဘွဲ့ရသည့်အထိ ဆက်လက် ပံ့ပိုးပေးမှာပဲ ဖြစ်သည်။

သို့သော် သူတို့ လက်ထပ်ဖို့ အခွင်းအရေးတောင် မရခဲ့ပေ။ ဤရက်ပိုင်းအတွင်း ထိုမိန်းကလေးအကြောင်း မတွေးရဲချေ။ သူမ ထိုမိန်းကလေးကို စောဒကတက်မိပြီး ဖေးဟယ်ကို နောက်ကျမှ ဖုန်းခေါ်သည့်အတွက် အပြစ်တင် ပြောဆိုမိမှာ ဆိုးသည်။

လမ်းတစ်လျှောက်၌ ရက်စက်ကြမ်းကြုတ်သော အကြည့်များစွာကို တွေ့ခဲ့ရသည်။ သို့သော် ထိုလူတို့က ချင်ယွီစွေကို တွေ့ပြီးနောက် အတွေးများ လက်လျော့လိုက်သည်။

ထို့မောင်နှမနှစ်ယောက်သည် ရွာအတွင်းပိုင်းထဲ၌ နေထိုင်ပြီး ယိုင်နဲ့နေသော အဆောက်အအုံ၏ တတိယအထပ်တွင် နေတာ ဖြစ်သည်။

သူတို့က အခန်းနံပါတ် ၃၀၂ ဖြစ်သည်။ မူလက အိမ်ကြီးတစ်အိမ်ဖြစ်သော်ငှား အိမ်ရှင်က အခန်း ၆ ခန်း ခွဲထားပေးပြီး သန့်စင်ခန်းနဲ့ မီးဖိုချောင်ကို မျှသုံးရသည်။

102 03

တံခါးခေါက်လိုက်သူက ယွင်မောက်ကျန်းပဲ ဖြစ်၏။ တံခါး လျင်မြန်စွာ ဖွင့်သွားပြီး ဆံပင် ရှည်ရှည်ဖြင့် သာမန်အဝတ်အစား၊ သာမန်အသွင်အပြင် ညိုးရော်နေသော အမှုအရာ ရှိသည့် မိန်းကလေးတစ်ယောက်က မျက်စိရှေ့ရောက်လာသည်။ ယွင်ယွီက အခန်းထဲကို ကြည့်လိုက်၏။ အခန်းက အလွန်သေးပြီး ၁၂ စတုရန်းမီတာခန့်သာ ရှိပြီး အိပ်ရာခုတင်ငယ်လေး နှစ်လုံးသာ ရှိကာ စားပွဲလေးတစ်လုံးနှင့် ဗီရီုလေးတစ်လုံးပဲ ရှိသည်။

“မင်္ဂလာပါ အရာရှိယွင်”

မိန်းကလေး၏ မျက်လုံးများက နီမြန်းနေကာ အသံက နူးညံ့နေသည်။ မိန်းကလေးသည် ယွင်လန်ကို ကြည့်ကာ မျက်ရည်များ ကျလာပြန်၏။

“အစ်မယွင် ညီမအမှားပါ။ အားလုံး ညီမအမှားပါပဲ။ ညီမသာ အစ်ကိုဖေးဟယ်ကို ဖုန်းမခေါ်ခဲ့ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

ယွင်လန်က အောက်နှုတ်ခမ်းလှုပ်သွားသော်ငှား ဘာပြောရမယ်မှန်း မသိပေ။ ထို့ကြောင့် သူမ ဆိတ်ဆိတ်သာ နေလေ၏။

ယွင်မောက်ကျန်းက ပြောလိုက်သည်။

“ရှောင်ဟွမ် ဦးလေးတို့ကို ဝင်ခွင့်ပေးမလား။ အဖြစ်အပျက်ကို မေးချင်သေးတယ်”

သူသည် အမှုကို ဖြေရှင်းခန်း၌ အဝတ်အစားပြောင်ဖြင့် လာပြီး အပြင်ဝတ်စုံသာ ဝတ်လာ၏။ အပြင်လူများ၏ အာရုံစိုက်မှုကို ဖမ်းစားမိမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။

ဝူရှောင်ဟွမ်သည် လူများစွာကို အခန်းထဲ ဝင်ခွင့်ပေးပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး ထိုင်ပါအုန်း။ ရေထည့်ပေးပါ့မယ်”

“မလိုဘူး”

ယွင်မောက်ကျန်းက ပြောလိုက်၏။

“ဦးလေးတို့က အခြေအနေ နားလည်ရအောင် ဒီလာရုံပဲ။ ရှောင်ဟွမ် ဂရုတစိုက် စဉ်းစားကြည့်ကြည့်။ အဲဒီနေ့တုန်းက တခြားတစ်ခုခု ဖြစ်ခဲ့သေးလား”

ဤနေရာ၌ ခြေရာခံ ကင်မရာ မရှိပေ။ ယင်းက တကယ် ဒုက္ခများပေ၏။ မျက်မြင် သက်သေ မရှိဘဲ သက်သေ ရှာဖို့ မဖြစ်နိုင်။

ဝူရှောင်ဟွမ်က နီမြန်းနေသော မျက်လုံးဖြင့် ပြောလိုက်သည်။

“အရာရှိယွင် အဲဒီနေ့တုန်းက ကျွန်မ ကောင်းကောင်း မထွက်ဆိုခဲ့မိဘူး။ ကျွန်မက အထက်တန်းကျောင်း တတိယနှစ် ရောက်နေတော့ ဖိအားကလည်း များတယ်။ ကျွန်မ သည်းမခံနိုင်ခဲ့ဘူး။ ကျွန်မမှာ မောင်လေး ရှောင်စုန့်နဲ့ အစ်ကို ဖေးဟယ်တို့ပဲ ရှိတော့တာ။ ကျွန်မလည်း စိတ်မကောင်းဖြစ်ပြီး အစ်ကို ဖေးဟယ်ကို ဖုန်းခေါ်ခဲ့မိတာ။ အစ်ကို ဖေးဟယ်က ကျွန်မသင်ခန်းစာတွေ သုံးသပ်ပေးဖို့ လာမယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်မ စောင့်ခဲ့တာ။ ဒါပေမဲ့ သူ နောက်နေ့ မနက်အထိ ရောက်မလာဘူး။ အစ်ကို ဖေးဟယ်က ပင်ပန်းပြီး အိပ်ပျော်သွားတာလို့ ထင်ခဲ့တာ။ အရာရှိ ယွင်က ကျွန်မကို လာရှာတဲ့အချိန် ပျောက်သွားတာ သိလိုက်ရတယ်”

ဝူရှောင်စုန့်က ဝူရှောင်ဟွမ်၏ မောင်လေးဖြစ်ပြီး အသက် ၈ နှစ် အရွယ်သာ ရှိသေးပြီး မူလတန်း ဒုတိယနှစ်ဖြစ်သည်။

သူက ငယ်ရွယ်ပြီး မသိတတ်ပေ။ ဖေးဟယ် ဒုက္ခရောက်နေမှန်း မသိ။ ထို့ကြောင့် ဤမနက်၌ ကျောင်းသွားလိုက်သည်။

ဝူရှောင်ဟွမ်က စိတ်မကောင်း ဖြစ်နေပြီး သူမ၏ သူမ၏အစ်ကို ပြဿနာ တက်နေကြောင်း သိရသဖြင့် ကျောင်းက သူမကို ခွင့်ရက်တချို့ ပေးထားသည်။

“တခြား သဲလွန်စ မရှိတော့ဘူးလား”

ယွင်မောက်ကျန်းကလည်း အနည်းငယ် စိတ်မရှည် ဖြစ်သွားလေ၏။ ဒုက္ခရောက်နေသည့် သူက သူ့တူမ၏ ချစ်သူ ဖြစ်သောကြောင့် သူ မတည်ငြိမ်နိုင်ပေ။

ဝူရှောင်ဟွမ်က ခေါင်းခါပြီး မျက်လုံးများ နီမြန်းနေသည်။ သူမ ငိုချင်ပုံပေါ်၏။ တကယ် ဝမ်းနည်းနေကာ မျက်နှာ ဖြူဖျော့ ပိန်ပါးနေတော့သည်။

ယွင်ယွီက သူမ တကယ် ဝမ်းနည်းနေကြောင်း မြင်နိုင်သော်ငြား သူမ လိမ်နေမှန်း သိသည်။

ယွင်လန်က ဆိတ်ဆိတ်နေလေ၏။

102 04

ယွင်မောက်ကျန်းက သူ၏ ဆံပင်ကိုသာ ဆွဲနေမိတော့သည်။

ချင်ယွီစွေက သူ့ဘေး၌ ထိုင်ကာ ဝူရှောင်ဟွမ်ကို ကြည့်လိုက်သည်။

ဝူရှောင်ဟွမ်က လက်နှစ်ဖက်ဖြင့် ပါးကို အုပ်ထားကာ ပုခုံးက အနည်းငယ် လှုပ်နေလျှက် မျက်ရည်များက လက်ဖမိုးထဲ စီးကျလာပြီး အလွန် ဝမ်းနည်းနေပုံပေါ်သည်။

ယွင်မောက်ကျန်းက သက်ပြင်းချပြီး ထထွက်သွားရန် ပြင်ဆင်လိုက်သည်။ ဤနေရာကနေ ဘာမှ မရနိုင်သောကြောင့် အနီးရှိ အိမ်နီးချင်းတို့ကို မေးဖို့ ပြင်ဆင်ထား၏။ သူက ဝူရှောင်ဟွမ်ကို သံသယ ဖြစ်မိသော်ငှား သူမက ပြစ်မှုကျူးလွန်စရာ အကြောင်း မရှိပေ။

သူ ထရပ်တော့မည်အချိန်တွင် သူ၏တူမ ယွင်ယွီအသံကို ကြားလိုက်ရသည်။

“မင်း လိမ်နေတာပဲ။ ဖေးဟယ်ရဲ့ တည်နေရာကို သိတယ်။ ပြီးတော့ ဒီကိစ္စက မင်းနဲ့တောင် သက်ဆိုင်နေတယ်”

ဝူရှောင်ဟွမ်အမည်ရသည့် လူ၏ မျက်နှာသည် အဖြူရောင် မျက်လုံးလေးလုံး ရှိ၏။ မျက်နှာက ရှည်ကာ နဖူးမြင့်ပြီး အပေါ်နှုတ်ခမ်းထူကာ အောက်နှုတ်ခမ်းက အပြင်သို့ ထွက်နေ၏။ နဖူးမောက်လျှက် နှာတံ မြင့်သည်။ အလွန်ဆိုးရွားသည့် မျက်နှာပေါက် ဖြစ်၏။ နဖူးပေါ်တွင်လည်း ဆိုးယုတ်မှု ရှိနေကာ မကောင်းသည့် ကိစ္စများစွာ ဆောင်ရွက်ပြီး တစ်စုံတစ်ယောက်၏ သေခြင်းတရားနှင့်တောင် သက်ဆိုင်နေနိုင်ကြောင်း ပြသသည့် လက္ခဏဖြစ်သည်။

ဤမျက်နှာမျိုးဖြင့် သူက လူကောင်းတစ်ယောက် မဟုတ်တာ ကျိန်းသေသည်။

“နင် လိမ်နေတာပဲ”

ယွင်ယွီက ထပ်ပြောလိုက်သည်။

သူမ ဖေးဟယ်၏ တည်နေရာကို ရှာနိုင်လျှင် မေးမြန်းဖို့ ဝိညာဉ်ကို မဆင့်ခေါ်ချင်ပေ။ သေခြင်းရှင်ခြင်းနှင့် သေလွန်ပြီးနောက် ဝိညာဉ်ကို တွေ့ရခြင်းကတောင် သည်းမခံနိုင်စရာ ဖြစ်နေ၏။

လူများစွာသည် လူများနှင့် သရဲတစ္ဆေတို့သည် လမ်းခွဲသွားရမည်ဟုတောင် တွေးထားကြပြီး ဆက်ဆံရေးကို ရှေ့ဆက်သင့်သည်။ သို့သော်ငှား လူသားများနှင့် သရဲတစွေဆများ မည်ကဲ့သို့ အတူတကွ ရှိနိုင်မည်နည်း။ ၎င်းက သက်ရှိများကို ထိခိုက်စေလိမ့်မည်။

သူမက လက်ရှိတွင် သူမအစ်မကို ဖေးဟယ်၏ ဝိညာဉ်အား မမြင်စေလို သူမ၏အစ်မ ဝမ်းနည်းနေမှာ စိုးရိမ်သည်။

ဝူရှောင်ဟွမ်က ယွင်ယွီကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။

“ရှင် ဘယ်သူလဲ။ ဘာအကြောင်း ပြောနေတာလဲ။ ကျွန်မ မလိမ်ပါဘူး။ ဘာကြောင့် လိမ်တယ်ပြောတာလဲ”

ယွင်မောက်ကျန်းကလည်း ပြောလိုက်၏။

“ယွီအာ ဘာပြောတာလဲ”

ယွင်လန်က မော့ကြည့်ပြီး သူမအကြည့်က ဝူရှောင်ဟွမ်ဆီ ရောက်သွားလေ၏။

******

All Chapters