← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

103 01

အပိုင်း 103

ယွင်ယွီသည် အငှားအိမ်နားတစ်ဝိုက်ကို ကြည့်လိုက်မိသည်။ ၎င်းက အတော်လေး သေးငယ်ပြီး စုတ်ချာကာ စိတ်ဓာတ်ကျဖွယ် ကောင်းလှပေ၏။ အိမ်နီးနားချင်းများက ကလေးများကို ဆူပူနေပြီး အရိုက်ခံရပြီးနောက် ကလေးများ၏ ငိုသံကိုလည်း ကြားနေရသည်။

ဆူညံသံက လူတို့ကို ညည်းငွေ့စေသည်။ ဝူရှောင်ဟွမ်က လောဘကြီးပြီး ရည်မှန်းချက်ကြီးသည့် မျက်နှာမျိုးရှိ၏။ ထို့သို့ဆိုလျှင် သူမက ဤကဲ့သို့ နေရာလေး၌ မည်ကဲ့သို့ နေလိုစိတ်ရှိမည်နည်း။ သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သေသူတစ်ယောက်ဆီမှ ကံကောင်းမှု ရထားကြောင်း မျက်နှာက ပြသနေသည်။

“နင် လိမ်နေတာ။ ဖေးဟယ်ရဲ့ တည်နေရာကို နင် သိတယ်။ သူပျောက်သွားတာကတောင် နင်နဲ့ ဆက်စပ်နေတယ်”

ယွင်ယွီသည် သူမ၏ဒေါသကို ခဲရာခဲစစ် ဖိနှိပ်ထားရသည်။

“သူ နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့လား။ နင်နဲ့ နင့်မောင်ရဲ့ နေထိုင်စားသောက်စရိတ်၊ ပညာသင် စရိတ်တွေ ငါးနှစ်လုံးလုံး ပေးခဲ့တာ။ သူက နင်နဲ့ နင်ရဲ့မောင်ကို ကယ်ခဲ့သေးတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အဲဒီလမ်းကြားကို သူ မဖြတ်သွားခဲ့ရင် နင်နဲ့နင့်မောင် အစောကြီးထဲက သေလောက်ပြီ။ နင်က ကြင်နာမူကို အမုန်းတရားနဲ့ ပြန်ပေးဆပ်နေတာပဲ”

“မဟုတ်ဘူး။ ကျွန်မ မဟုတ်ဘူး”

ဝူရှောင်ဟွမ်၏ နှုတ်ခမ်းက ဖြူဖျော့နေကာ မျက်နှာကြွက်သားများ တုန်ယင်နေလျှက် မျက်လုံးများက ထိန်းချုပ် မရဖြစ်နေသည်။

ယွင်မောက်ကျန်းက စိုးရိမ်ပူပန်စွာ မေးလိုက်တော့သည်။

“ယွီအာ ဘာတွေဖြစ်ကုန်တာလဲ။ သူ လိမ်နေတယ်ဆိုတာ တူမ ဘယ်လိုသိလဲ”

ယွင်ယွီ၏ အကြည့်က ယွင်လန်ဆီ ရောက်သွားကာ သူမလက်ကို ကိုင်ထားပြီး ဦးလေး၏ မေးခွန်းကို ဖြေလိုက်၏။

“ဦးလေး ဝူရှောင်ဟွမ်မှာ ဆိုးရွားတဲ့ မျက်နှာရှိတယ်။ သူက လောဘကြီးပြီး ရက်စက်တာ နဖူးပေါ်မှာ ကံဆိုးမှု ရှိနေတယ်။ သူ တစ်စုံတစ်ယောက်ကို သတ်ခဲ့ပြီး လက်တလောမှာ သေသူဆီကနေ ပိုက်ဆံရှာထားတာ”

လူသေ၏ ဉစ္စာဒါနအကြောင်း သူကြားသည့်အချိန်တွင် ယွင်လန်၏ ကိုယ်က ထိန်းချုပ်မရအောင် စတင် တုံယင်လာသည်။

“သေသူရဲ့ ပိုက်ဆံလား”

ယွင်မောက်ကျန်းသည် သူ၏ တူမက မျက်နှာဖတ်တတ်သည့်အကြောင်းကို မမေးခဲ့သော်ငြား ထိုစကားလုံးကို အမိဖမ်းနိုင်ခဲ့သည်။

“ပိုက်ဆံအတွက် တစ်စုံတစ်ယောက်ကို သတ်တယ်လို့ ပြောတာလား။ ဒါပေမဲ့ ငါတို့ စစ်ဆေးကြည့်ပြီးပြီ။ ဖေးဟယ်ရဲ့ ကတ်ထဲက ပိုက်ဆံက မလျော့သွားဘူး”

“ဦးလေး သေသူအတွက် ဉစ္စာဒါနက မျိုးစုံရှိတယ်”

ယွင်ယွီက သက်ပြင်းသဲ့သဲ့ ချလိုက်တော့သည်။

“ပြီးတော့ သူက ပိုက်ဆံတွေကို ကတ်ထဲသိမ်းထားမှာ မဟုတ်ဘူး။ အိမ်ထဲမှာ ဝှက်ထားလောက်တယ်”

ဝူရှောင်ဟွမ်၏ တစ်ကိုယ်လုံးက ထိန်းချုပ်မရအောင် စတင် တုန်ယင်လာတော့သည်။ သူမက ယွင်လန်ကို စိုက်ကြည့်နေ၏။ လျှပ်တပြက်ဖြစ်ရပ်ကြောင့် သူမမျက်နှာကြွက်သားများ တုန်ယင်နေ၏။ မူလက ရုပ်ဆိုးသော မျက်နှာသည် ပိုတောင် ဆိုးရွားလာတော့သည်။ သူမက မျက်ရည်များ ကျလာလေ၏။

“အစ်မ လန်လန် ကျေးဇူးပြုပြီး ညီမကို ယုံပါ။ ညီမ မလုပ်ဘူး။ ညီမ အစ်ကို ဖေးဟယ် ဘယ်လို ပျောက်သွားမှန်း မသိဘူး။ အစ်ကို ဖေးဟယ်ကို နာကျင်အောင် ဘယ်လိုလုပ် လုပ်ပါ့မလဲ။ သူက ကမ္ဘာပေါ်မှာ ညီမကို အကောင်းဆုံးလူလေ။ ညီမ အစ်ကို ဖေးဟယ်ကို သဘောအကျဆုံးပဲ။ သူ့ကို နာကျင်အောင် ဘယ်လုပ်ပါ့မလဲ။ တကယ် မဟုတ်ပါဘူး အစ်မ လန်လန်။ ညီမကို ယုံရမယ်”

စိတ်လှုပ်ရှားမူကြောင့် သူမအသံသည် အနည်းငယ် စူးရှနေကာ အငှားအိမ်လေးထဲ၌ ထင်းကနဲ ပေါ်ထွက်လာသည်။

103 02

ယွင်လန်က ဝူရှောင်ဟွမ်ကို ကြည့်လိုက်သည်။

“ဖေးဟယ် သေပြီလား။ နင် လုပ်လိုက်တာလား”

သူမက သူမညီမကို ယုံကြည်သည်။

ဝူရှောင်ဟွမ်က ငိုယိုလျှက် ခေါင်းခါမိသည်။

“ကျွန်မ မဟုတ်ဘူး။ ကျွန်မ မဟုတ်ဘူး။ ဘာမှ မသိဘူး”

သူမ၏စိတ် ပြိုလဲလုနီးပါး ဖြစ်နေသည်။

“နင် အမှန်တိုင်း မပြောချင်သေးဘူးလား”

ယွင်ယွီသည် ဝူရှောင်ဟွမ်ဆီ လျှောက်သွားပြီး လက်နှစ်ဖက်ကို လက်အုပ်ချီလျှက် မန်တန်တစ်ခုကို ရွတ်ဆိုပြီး သူမ၏ နဖူးကို ထိလိုက်သည်။

ယွင်မောက်ကျန်းသည် ဤလုပ်ရပ်ကို မြင်နေသော်ငြား သူ၏တူမ ဘာလုပ်နေမှန်း နားမလည်ပေ။ သို့သော် ဝူရှောင်ဟွမ်က စကားစပြောလာချိန်တွင် သူ ထိတ်လန့်လွန်းသဖြင့် ဘာမှ မပြောနိုင်တော့ပေ။

“ငါ မရည်ရွယ်ဘူး”

ဝူရှောင်ဟွမ်က ငိုယိုလေ၏။

“ငါ တကယ် မရည်ရွယ်ဘူး။ အစ်ကို ဖေးဟယ်ကို သတ်ဖို့ မရည်ရွယ်ခဲ့ဘူး။ ငါအချစ်ဆုံးလူက အစ်ကို ဖေးဟယ်ပဲ။ သူက ငါ့အချစ်ရဆုံးလူ။ ငါ တစ်သက်လုံး အတူတူ ရှိချင်တဲ့ လူပဲ။ သူ့ကို ဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ။ အဲဒီလူတွေ ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားတာ။ အစ်ကို ဖေးဟယ်ကို ဘာမှ မလုပ်ဖို့ ပြောပေမဲ့ သူတို့ နားမထောင်ဘူး။ ငါ မှားတယ်။ ငါ မှားမှန်း သိပြီ”

သူမ ငိုယိုနေလျှက် မျက်နှာ၌ မျက်ရည်များဖြင့် ပြည့်နေကာ သူ့ကို အင်မတန် ရုပ်ဆိုးပြီး မသတီစရာ ကောင်းနေတော့သည်။

ယွင်လန်ကလည်း ငိုယိုနေလေ၏။

ယွင်ယွီသည် စိတ်တိုလွန်းသောကြောင့် သူမ ဝူရှောင်ဟွမ်ကို ဖြတ်ရိုက်လိုက်သည်။

“သူတို့က ဘယ်သူတွေလဲ။ ဖေးဟယ်ကို ဘာလို့ တိုက်ခိုက်တာလဲ”

ထို့ရိုက်ချက်သည် ပြင်းထန်လွန်းသောကြောင့်် ဝူရှောင်ဟွမ် မျက်နှာတစ်ခြမ်းကို ယောင်ကိုင်းသွားစေသည်။ သူမက နာကျင်မူကို ခံစားမိဟန် မတူဘဲ ရူးသွပ်စွာ ငိုယိုနေသေး၏။

“ငါ မရည်ရွယ်ဘူး။ အစ်ကို ဖေးဟယ်ကို ငါ သဘောအကျဆုံးပဲ။ ငါက ဒီနေရာဆီ ယွင်လန်ကို မျှားလာပြီး ယွင်လန်ကို ဖမ်းခိုင်းဖို့ သူတို့ကို ပြောထားတာ။ အစ်ကို ဖေးဟယ်ကို ဖုန်းဆက်ပြီး ယွင်လန်ကို တစ်ခါတည်း ခေါ်လာခိုင်းထားတာ။ သူ့ဘာသာသူ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ အဲဒီလူတွေ အစ်ကို ဖေးဟယ်ကို ပြန်တိုက်ခိုက်လိမ့်မယ်လို့ ငါ မထင်ထားဘူးလေ”

ထို့စကားကို ကြားပြီးနောက် ယွင်ယွီသည် ဝူရှောင်ဟွမ်က အစ၌ သူ၏ အစ်မကို ဒုက္ခပေးချင်ကြောင်း ချက်ချင်း သဘောပေါက်သွားတော့သည်။

သူမ ဒေါသထွက်လွန်းသဖြင့် ထပ်ရိုက်လိုက်ပြန်သည်။

“အဲဒီလူတွေက ဘာလုပ်တာလဲ”

ယွင်မောက်ကျန်းသည် ထို့ကဲသို့ ထူးဆန်းသော ကိစ္စကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ ယွင်မောက်ကျန်းသည် လူတို့က အမှန်တရားကို အလိုလို ဝန်ခံသည်ဟုသည့် ထူးဆန်းသော ကိစ္စမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူ၏တူမ မည်သို့ ပြုလုပ်ခဲ့သနည်း။

သူ့ကို ပိုတောင် ဒေါသထွက်စေသည့် ကိစ္စက ဝူရှောင်ဟွမ်သည် ယွင်လန်ကို ဖမ်းခိုင်းကြောင်း ကြားလိုက်ရချိန်တွင် ဖြစ်သည်။

သူမက အသက်ငယ်ငယ်လေးဖြင့် ရက်စက်လွန်းပေ၏။ တစ်ကိုယ်ကောင်းဆန်သည့် အကျိုးအမြတ်အတွက် ဖေးဟယ်ကို လိုချင်ပြီး သူ၏ တူမကြီးကိုတောင် ထိခိုက်စေချင်သည်။

ဝူရှောင်ဟွမ်က ရူးသွပ်စွာ ပြောလိုက်၏။

“သူတို့တွေက လူတွေကို ယဇ်ပူဇော်နေတာ”

103 03

ထိုစကားတစ်ခွန်းသည် အခန်းထဲရှိ လူတိုင်းကို တုန်ယင်သွားစေ၏။

ယွင်မောက်ကျန်းက ရေရွတ်ပြောလိုက်သည်။

“ဒီကမ္ဘာပေါ်မှာ လူကို ယဇ်ပူဇော်တာမျိုး ရှိသေးတယ်လား။ လက်တလော နှစ်တွေထဲ လူတွေ အများကြီး ပျောက်နေတာ။ ဒီနှစ်အတွင်း ချင်းဟယ်မြို့မှာလည်း လူတချို့ ပျောက်သွားတယ်”

လူသားယဇ်ပူဇော်ခြင်းသည် ရှေးခေတ်ကာလတုန်းကသာ တည်ရှိခဲ့သည့် ဓလေ့တစ်ခု ဖြစ်၏။ နတ်ဘုရားများ၏ ကောင်းချီးကို ရယူချင်လျှင် နတ်ဘုရားများကို ပူဇော်ရန်အတွက် တန်ဖိုးရှိသည့် ပစ္စည်းများ အသုံးပြုရမည်။ တစ်ခါတစ်ရံတွင် အကျိုးသက်ရောက်မှု မရှိ။ နတ်ဘုရားများက ထို့ပစ္စည်းများသည် သူတို့ကို လုံလောက်အောင် အထင်မကြီးစေဟု ထင်မှတ်သည့် အချိန်တွင် အကျိုးသက်ရောက်မှု မရှိပေ။ ထို့ကြောင့် သူတို့သည် ရှင်နေသည့် သူတို့ကို ယဇ်ပူဇော်စရာအဖြစ် စတင် အသုံးပြုလာတော့သည်။ ဒေသခံ မကောင်းဆိုးဝါးများကို ဖိနှိပ်ရန်အတွက် ရှင်နေသည့် လူတို့ကို ယဇ်ပူဇော်ရန်အတွက် အသုံးပြုလေ့ရှိသည်။

လူသားယဇ်ပူဇော်ခြင်းသည် နတ်ဘုရားများ၊ မြင့်မြတ်သည့် အရာဝတ္ထုများနှင့် နတ်ဆိုးများကို ကိုးကွယ်ရာ၌ အသုံးပြုလေ့ရှိသည်။

လူသားယဇ်ပူဇော်ခြင်းဟုသည့် ထိုလူက အန္တရာယ်ရှိနေပြီဟု ဆိုလိုတာပဲ ဖြစ်၏။ ယွင်လန်က မျက်နှာကို အုပ်ထားလျှက် တိတ်ဆိတ်စွာ ငိုကျွေးနေတော့သည်။

ချင်ယွီစွေကလည်း သက်ပြင်းချလိုက်၏။

ယွင်ယွီက ဝူရှောင်ဟွမ်ကို ထပ်ခါတလဲလဲ ရိုက်နှက်ကာ ပြောလိုက်သည်။

“ဘာတွေဖြစ်ခဲ့လဲ့ ငါ့ကိုပြော”

သူမ ဤလူကို သတ်ပစ်ချင်လာသည်။

ဝူရှောင်ဟွမ်က ခေါင်းငုံထားလျှက် စကားမပြောချင်တော့သော်ငြား သူမရင်ထဲရှိ စကားများက ထွက်ကျလာလေ၏။

“ဒီလို ခက်ခဲတဲ့ ဘဝမှာ တစ်သက်လုံး မနေချင်ဘူး။ ငါ ချမ်းသာချင်တယ်။ ဘဝကောင်းမှာ နေချင်တယ်။ အရသာရှိတဲ့ အစားအသောက်တွေ စားပြီး နာမည်ကြီး တံဆိပ်တွေ ဝယ်ချင်တယ်။ အဝတ်အစားကောင်းတွေ ဝတ်ချင်တယ်။ ငါ့မှာ ပိုက်ဆံရှိရင် ငါ ကြည့်ကောင်းလာပြီး အစ်ကိုဖေးဟယ်က ငါ့ကို သဘောကျလာမှာ။ ပိုက်ဆံဘယ်လိုရှာရမလဲ တွေးခဲ့တယ်။ မနှစ်တုန်းက အင်တာနက်ဆိုင်တစ်ဆိုင်မှာ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူနဲ့ သိကျွမ်းလာပြီးနောက် သူက ငါ ပိုက်ဆံ လိုနေတာ သိလို့ အကျိုးအမြတ်ရှိမဲ့ လုပ်ငန်းတစ်ခုနဲ့ ပိုက်ဆံရှာချင်လားလို့ မေးခဲ့တာ။ ငါ ရှာချင်တယ်လို့ ပြောခဲ့တယ်”

မနှစ်တုန်းက ဝူရှောင်ဟွမ်သည် အင်တာနက် စွဲလှမ်းလာခဲ့သည်။ သူမက ဖေးဟယ်ကို မပြောရဲခဲ့ချေ။ အင်တာနက်ဆိုင်က ဈေးချိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ နေ့စဉ်နေ့တိုင်း အင်တာနက် သုံးရန် သွားတတ်၏။

အင်တာနက်ဆိုင်တွင် သူမသည် ယင်းက မည်ကဲ့သို့သော လုပ်ငန်းမျိုးဖြစ်ကြောင်း မေးခဲ့ပြီး ရှောင်လုံကမှု တစ်စုံတစ်ယောက် လိုအပ်လာချိန်တွင် သူ့ကို ထို့လူကို အခန်းတစ်ခုဆီ ခေါ်သွားပေးရန်သာ လိုအပ်ပြီး လူအားလုံး အဆင်ပြေနေမည်ဖြစ်ကြောင်းနှင့် ကိစ္စအားလုံး ပြီးသွားလျှင် ယွမ်ငါးထောင် ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းက ပိုက်ဆံရှာရန် ရိုးရှင်းသည့် နည်းလမ်းဟု ထင်ခဲ့သောကြောင့် သူမ သဘောတူခဲ့သည်။

ထို့လ၌ သူမသည် လူနှစ်ယောက်ကို မျှားခေါ်ခဲ့သည်။ နှစ်ယောက်လုံးကို ညသန်းခေါင်ယံအချိန်တွင် မျှားခေါ်ခဲ့ကာ သူမသည် မိတ်ကပ်ထူထူ လိမ်းလျှက် အယောင်ဆောင်ခဲ့သည်။ အမျိုးသားနှစ်ယောက်ထဲမှ တစ်ယောက်က ဖူးနန်ခရိုင်မှ လာတာ ဖြစ်သည်။

အိမ်ထဲဝင်သွားပြီးနောက် သူမက ထွက်လာခဲ့ကာ ဘာမှ ဂရုမစိုက်တော့သည်။ ရှောင်လုံကမှု ကတိတည်ပြီး သူခေါ်လာသည့် လူတစ်ယောက်စီအတွက် သူမကို ယွမ် ငါးထောင်စီ ပေးခဲ့သည်။

သူမ ထိုလ၌ ယွမ် တစ်သောင်း ရခဲ့လေ၏။ သူမ အလွန် ပျော်ရွှင်နေမိသည်။

သို့သော်ငြား နောက်ပိုင်းကျ ရဲက စုံစမ်းစစ်ဆေးလာ၏။ သို့သော် သူတို့သည် အရွယ်ရောက်ပြီးသား သူများ ပျောက်ဆုံးခြင်း ဖြစ်သောကြောင့် ရှာဖွေ့သည့်လမ်းကြောင်း လွှဲသွားသည်။ သူတို့က တစ်စုံတစ်ယောက်ကို ကြုံရာကျပန်း မေးခွန်း အနည်းငယ်သာ မေးပြီး မည်သည့်သတင်းမှ မရသည့်အချိန်တွင် လက်လျော့လိုက်သည်။

109 04

ထို့စဉ်က သူမ စိတ်အေးသွားခဲ့ပြီး နှစ်ဝက်အတွင်း သူမက တစ်လကို လူနှစ်ယောက်နှုန်း ရှာပေးနေခဲ့ကာ ယွမ် တစ်သောင်း ရှာခဲ့၏။ နှစ်ဝက်ကြာပြီးနောက် သူမသည် ရှောင်လုံနှင့် ရင်းနှီးလာပြီဖြစ်ကာ မိတ်ဆွေကောင်းများ ဖြစ်လာတော့သည်။ ရှောင်လုံက သူ့ကို ညီမတစ်ယောက်သဖွယ် သဘောထား၏။ သူမ ရှောင်လုံနှင့် စားသောက်နေစဉ်တွင် ရှောင်လုံက သူတို့၏ လုပ်ငန်းသည် ယွမ် သန်းချီတန်ကြောင်း ပြောပြခဲ့မိသည်။ လိုအပ်ချက်မြင့်မားသည့် လူချမ်းသာများနှင့် တွေ့ခဲ့လျှင် သူတို့အဖို့ တစ်သန်း၊ နှစ်သန်း ရှာဖို့က မခက်ခဲကြောင်း ပြောလာ၏။

သူတို့ ပိုက်ဆံ မည်သို့ ရှာကြောင်း မေးခဲ့သည်။

ရှောင်လုံကမှု အသံတိုးလျှက် သူမကို ဆန်းကြယ်စွာ ပြောခဲ့သည်။

“လူကို ယဇ်ပူဇော်တာ ဘာလဲ သိလား။ တချို့နေရာတွေမှာ ဒီဓလေ့ကို သုံးနေတုန်းပဲ။ ဒါပေမဲ့ သူတို့ရဲ့ လူတွေကို မပူဇော်တော့ဘဲ အဲအစားအပြင်ကနေ ဝယ်ကြတယ်။ တချို့က လိုအပ်ချက် မြင့်မားပြီး အပျိုစင်၊ လူပျို စတဲ့ သန့်စင်တဲ့ ကိုယ်ကိုပဲ လိုချင်တာ။ ဒီလို ပစ္စည်းကောင်းမျိုး ရှာချင်တယ်ဆိုရင် အနည်းဆုံး လူတစ်ယောက်ကို ငါးသောင်းပေးမှ”

ငါသောင်း။

ငါးထောင်၏ ဆယ်ဆ။

သူမသည် လူသားယဇ်ပူဇော်ခြင်းအကြောင်း ပထမဆုံးကြားမိချိန်၌ ကျောချမ်းသွားခဲ့ပြီး ရှောင်လုံကိုတောင် မေးခဲ့လေ၏။

“လူသားယဇ်ပူဇော်တာက မရက်စက်လွန်းမနေဘူးလား။ မတရားခံရတဲ့ ဝိညာဉ်တွေက ရှင့်ကို လာရှာမှာ မကြောက်ဘူးလား”

ရှောင်လုံက နှာခေါင်းရှုံ့လိုက်၏။

“သူတို့ အားလုံး သေပြီ။ ဘာများ ကြောက်စရာ ရှိလဲ။ ဒါအပြင် မတရားခံရတဲ့ သရဲတစ္ဆေဆိုတာ မရှိဘူး။ သူတို့တွေက လူရှင်တွေကို ယဇ်ပူဇော်ရဲတယ်ဆိုမှတော့ ဝိညာဉ်တွေကို ဖိနှိပ်ထားမှာပဲ။ ဘာများ ကြောက်စရာရှိလဲ။ လုပ်မှာလား။ မလုပ်ဘူးလား။ မင်းသာ အကောင်းစားကုန်ကို ရှာနိုင်မယ်ဆိုရင် အနည်းဆုံး တစ်သိန်းရမှာ”

တစ်သိန်း။

နားထောင်နေစဉ် သူမမျက်လုံး ပြူးကျယ်သွားခဲ့သည်။ ထို့ပိုက်ဆံဖြင့် သူမသည် ဘာမဆို ဝယ်နိုင်ပြီး လှလှပပ ဝတ်စားကာ အစ်ကိုဖေးဟယ်ကို သွားတွေ့နိုင်မှာပဲ ဖြစ်သည်။ ထို့ကြောင့် သူမ လှုပ်ရှားခဲ့လေ၏။

ဝူရှောင်ဟွမ်က အတင်း ပြောလိုက်တော့သည်။

“ကျွန်မ လုပ်မယ်”

မည်သို့ပင်ဆိုစေ သူမ မည်သူကိုမှ မသတ်ခဲ့ပေ။ တခြားသူ၏အသက်ကို ထိခိုက်အောင် မလုပ်။ သူတို့ကို အိမ်ထဲသို့ ခေါ်သွားပေးရုံသာ ရှိသည်။

နောက်ပိုင်းကျ ရှောင်လုံက သူတို့၏ သူဌေးနှင့် တွေ့ပေးရန် သူမကို ခေါ်သွားသည်။

သူမသည် အသက် ၄၀ အရွယ်ခန့်ရှိသည့် အမျိုးသမီး ဖြစ်ပြီး ဤလုပ်ငန်း၌ ကျွမ်းကျင်သူတစ်ယောက်ဟု ဆိုနိုင်သည်။ ပူဇော်ရန်အတွက် လူရှင်များကို ရှာပေးသည့်နေရာတွင် ကူညီပေးနေတာပဲ ဖြစ်သည်။ ထို့နေရာ၌ လူသားယဇ်ပူဇော်ခြင်းသည် ပွဲတော်တိုင်း၌ ဆောင်ရွက်လေ့ရှိကြောင်း ပြောခဲ့သည်။ ရှောင်လုံက ထိုအစ်မကို အစ်မဖေးဟုခေါ်ခဲ့သည်။

ဝူရှောင်ဟွမ် နှင့် တွေ့ပြီးနောက် အစ်မဖေးက သူမအကြောင်း မေးခဲ့၏။ သူမက ရည်မှန်းချက်ကြီးကြီး ပြောလိုက်တော့သည်။

“ကျွန်မ မကြောက်ပါဘူး ပိုက်ဆံအတွက် ဘာမဆိုလုပ်မှာ”

အစ်မဖေးသည် ယင်ကို အလွန်သဘောကျသွားပြီး ပြောလိုက်လေ၏။

“မဆိုးဘူးပဲ ညည်းက ရည်မှန်းချက်ကြီးတယ် ငါ သဘောကျတယ်။ ဒီတစ်ခေါက် သူတို့တွေက အပျိုစဉ်ကောင်လေးနဲ့ ကောင်မလေး လိုချင်နေတာ။ သူတို့ကို ရှာပေးနိုင်မလား။ ယင်နဲ့ ရှောင်လုံကို ခေါ်သွားလိုက် သူတို့ကို အရင်အိမ်ဆီ ဉီးဆောင်သွား အလုပ်တာဝန်ပြီးရင် နှစ်သိန်းပေးမယ်”

သူမ တုံ့ဆိုင်းနေသေး၏။

“အစ်မဖေး ကလေးတွေက အာရုံစိုက်ခံရလို့မှ မဟုတ်ဘူးလား။ ပြောရရင် မမှောင်သေးဘူးလေ လိမ်ညာဖို့ ခက်တယ်။ ရဲတွေ ခြေရာခံမိသွားလိမ့်မယ်”

103 05

အစ်မဖေးက အဲ့ဒီလို ဆက်ပြောလိုက်သည်။

“နင်မလုပ်နိုင်ရင် နင့်ကို စတေးလိုက်မှာ”

နောက်ဆုံး၌သူမ လက်ခံလိုက်သည်။

ကောင်လေး တစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကို သုံးရက် အတွင်း ရှာတွေ့ခဲ့ပြီး နောက်ဆုံး၌ အခွင့်အရေး ရှာတွေ့ခဲ့၏။

သူတို့က သူမ အိမ်နားတွင်နေသည့် ကလေးများဖြစ်ကာ ကောင်လေးက အသက်ရှစ်နှစ်အရွယ်ဖြစ်ပြီး ကောင်မလေးက အသက်‌ခြောက်နှစ် ဖြစ်သည်။ ကလေးနှစ်ယောက်ကို အလုပ်မျိုးစုံ ကြိုးစား လုပ်ကိုင်သည့်တစ်ကိုယ်တော် မိခင်က ပျိုးထောင်နေတာ ဖြစ်သည်။ ထိုအမျိုးသမီးသည် မနက်နှစ်နာရီ သုံးနာရီကျမှ အိမ်သို့ပြန်ရောက်လေ့ရှိ၏။

ထိုမိခင်၏ အလုပ်လုပ်သည့် အချိန်ကို ရှာတွေ့ပြီးနောက် သူမသည် သန်းခေါင်ယံ အချိန်၌ ကလေးနှစ်ယောက်ဆီ သွားခဲ့သည်။ ထိုစဉ် ကလေး နှစ်ယောက်က အိပ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူမက သူတို့ကို နိုးခဲ့သည်။

သူတို့မိခင် မတော်တဆဖြစ်ကြောင်းနှင့် သူတို့ကို ခေါ်ခိုင်းလိုက်ကြောင်း ပြောခဲ့၏။ ကောင်လေးက သူမကို သိသဖြင့် ဘာမှ သံသယ မဝင်ဘဲ သူ့နောက် လိုက်လာသည်။ ကလေးမလေးက အသက်ခြောက်နှစ်သာ ရှိသေးပြီး ပိုတောင် နုံအ၏။ ထို့ကြောင့် သူမ အစ်ကိုနောက် လိုက်လာ၏။

နောက်ပိုင်းကျ သူမသည် ကလေးနှစ်ယောက်ကို အိမ်ထဲခေါ်သွားပေးပြီး သူတို့ကို ဂရုမစိုက်တော့ပေ။

ကလေးအမေ ပြန်ရောက်လာချိန်တွင် သူတို့ ကလေးများ မရှိတော့တာကို မြင်သော အခါ သူမက ရူးသွပ်သွားတော့သည်။ သူမ ငိုယိုလျှက် ညသန်းခေါင်ယံ၌ စိတ်ပျက် အားငယ်စွာ အော်ငိုနေလျှက် လူများစွာကို နိုးလာလေစေ၏။ သူတို့က သူမကို ကူပြီး ကလေး ကူရှာပေးကာ ရဲခေါ်ပေးသည်။ ရဲက လာပြီး စစ်ဆေးသော်ငြား ဒီနေရာ၌ စီစီတီဗီမရှိ။ ည သန်းခေါင်ယံ အချိန်တွင် မျက်မြင်သက်သေ မရှာနိုင်။ မိခင်က အသံအက်ကွဲသည့်အထိ အော်ငိုနေပြီး စိတ်ပျက်အားငယ်စွာ ကူကယ်ရာ မဲ့နေတော့သည်။

သူမကမှု ယွမ်နှစ်သိန်းကို ကိုင်ထားလျှက် တစ်ညလုံး အေးအေးချမ်းချမ်း အိပ်ပျော်ခဲ့သည်။

နောက်ပိုင်းလများတွင် သူ ပိုသတိထားလာပြီး ငါး ရက်၊ ခြောက်ရက်အတွင်း လူလေး၊ ငါးယောက်ခန့် ရှာခဲ့သည်။ သို့သော်ငြား ထို့နှစ်၌ သူမ စုစုပေါင်း ယွမ် လေးသိန်းရခဲ့သည်။ ပိုက်ဆံရှာရတာ ဤမျှလွယ်လိမ့်ဟု တစ်ခါမှ မတွေးခဲ့မိချေ။

++++++

All Chapters