အခန်း ၁၀၄
Vol. 11 Ch. 104
104 01
အပိုင်း 104
လွန်ခဲ့သည့် လဝက်ခန့်က သူမသည် အစ်ကို ဖေးဟယ်နှင့် တွေ့ရန် ဝတ်စုံလှလှလေး တစ်ထည် ဝယ်ခဲ့သည်။ အစ်ကို ဖေးဟယ်ကမှု သူမကို ဘယ်တုန်းကမှ အာရုံ မစိုက်ခဲ့ပေ။ တစ်နေ့ကျ သူမ သူ့ကို နှစ်သက်လာမလာဟု သတ္တိမွေးကာ မေးခဲ့လေ၏။
အစ်ကို ဖေးဟယ်က ပြုံးပြီး ပြောလိုက်သည်။
“မင်းက ငါရဲ့ညီမလေးပဲ။ သဘောကျတာပေါ့”
အစ်ကို ဖေးဟယ်သည် သူက ယွင်လန်တို့အိမ်သွားပြီး ယွင်လန်၏ မိသားစုနှင့် တွေ့ရန် ပြင်ဆင်နေကြောင်း စေ့စပ်ပြီး လက်ထပ်ဖို့ ဖြစ်လောက်ကြောင်းလည်း ပြောြပခဲ့သည်။
သူမ မနာလိုဖြစ်နေလျှက် ယွင်လန်ကို သေစေချင်ခဲ့သည်။
ထို့ကြောင့် သူမသည် ယခု အခေါက်၌ ပိုက်ဆံမယူကြောင်း အစ်မဖေးကို ပြောခဲ့ပြီး အစ်မဖေးကမှု အမျိုးသမီးတစ်ယောက်ကို ပူဇော်ပေးရမှာပဲ ဖြစ်သည်။
လဝက်ကြာ စီစဉ်ပြီးနောက် အစ်မဖေးက အနီးအနားစုတွင် လူခေါ်လာမည်ဖြစ်ကြောင်း နှစ်ဉီးသဘောတူညီချက် ရယူခဲ့သော်ငြား သူတို့ကို သူမအိမ်ထဲ ဝင်ခွင့် မပေးပေ။ အစ်မဖေးနှင့် ကျန်သည့်သူများကို တစ်ဝက်၌ လှုပ်ရှားခိုင်းမှာ ဖြစ်၏။ ပြီးနောက် ထို့လူ နှစ်ယောက်ကို သတိလစ်အောင် လုပ်ခိုင်းပြီး အမျိုးသားကိုမှု လွှတ်ပေးကာ အမျိုးသမီးကို ခေါ်သွားရမှာပဲ ဖြစ်သည်။
သူမက အစ်ကိုဖေးဟယ်ကို ဖုန်းခေါ်လျှက် အစ်မလန်လန်ကို လွမ်းဆွတ်နေကြောင်း ပြောကြားခဲ့၏။ ဖေးဟယ်ကမှု သူမနှင့် တွေ့ရန် လန်လန်ကို ခေါ်လာပေးမည်ဖြစ်ကြောင်း ပြောလာ၏။
သို့သော် ဖေးဟယ်က ယွင်လန် ပင်ပန်းလွန်းနေမည်ဟု မထင်ထားပေ။ ထို့ကြောင့် သူမကို မခေါ်တော့ဘဲ ဤနေရာသို့ သူတစ်ယောက်ထဲ ရောက်လာလေ၏။
ဝူရှောင်ဟွမ်သည် အချိန်တော်ကြာ စောင့်နေတော်ငြား အစ်မဖေး အောင်မြင်မမြင်မသိခဲ့ပေ။
သူမ ဖေးဟယ်ကို ဖုန်းဆက်သော်ငြား ဖုန်းဆက်၍ မရပေ။ သူမ စတင် ထိတ်လန့်လာကာ အစ်မဖေးကို သွားရှာလိုက်၏။ အစ်မဖေးကမူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဘာ အမျိုးသမီးမှ မတွေ့ဘူး ဒါပေမဲ့ ညည်းပြောတဲ့ အမျိုးသားကတော့ ကြည့်ကောင်းတယ်။ ပူဇော်ဖို့အတွက် သင့်တော်တယ်။ ဒါ့အပြင် ရွာက လတ်တလောကမှ မြစ်နတ်ဘုရားအတွက် ပူဇော်ပြီး ဒီနှစ် အထွက်နှုန်း တိုးအောင်လို့ လူတစ်ယောက် ဝယ်ခိုင်းထားတာ နတ်ဘုရားက သန့်ရှင်းပြီး လှပတဲ့သူကို နှစ်သက်တယ်။သူက အဆင်ပြေတာပဲ။ ဒါကြောင့် သူ့ကို သတိလစ်အောင်လုပ်ပြီး ပို့လိုက်တယ်လေ”
သူမသည် အစ်ကိုဖေးဟယ်ကို လွှတ်ပေးရန် အစ်မဖေးကို အရူးအမူး တောင်းပန်ခဲ့၏။
သို့သော် အစ်မဖေးကမူ သူမအား ယွမ်တစ်သိန်းပေးပြီး နောက်ကျသွားလွန်းပြီးဖြစ်ကြောင်း ပြောခဲ့လေ၏။
ထိုလူကို ကျေးရွာဆီသို့ ပို့ပေးသည်နှင့် သူပြန်လာရန် မဖြစ်နိုင်တော့ပေ။ ဝူရှောင်ဟွမ်က ငိုယိုပြီးတောင်းပန်ကာ သူမအိတ်ထဲတွင် ရထားသည့် ပိုက်ဆံများအားလုံး အစ်မဖေးကို ပေးမည်ဖြစ်ကြောင်းနှင့် အစ်ကိုဖေးဟယ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သည်။
အစ်မဖေးက သူမကို လျစ်လျူရှုထားလျှက် ထွက်သွားခိုင်းသည်။ သူမ ရဲခေါ်ခဲ့လျှင် သို့သည်မဟုတ် သတင်းပေါက်ကြားစေခဲ့လျှင် သူမ၏မောင် ဝူရှောင်စုန့်ကိုလည်း ပူဇော်ပစ်မည် ဖြစ်ကြောင်းပြောခဲ့သည်။
ယွင်လန်က ထိုစကားကို ကြားပြီး ပိုတောင် ငိုယိုလာလေ၏။ သူမထရပ်လျှက် ဝူရှောင်ဟန်ဆီသွားကာ ယောင်ကိုင်းနေသည့် ပါးကို ရိုက်လိုက်သည်။
“နင် ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ။ ဖေးဟယ်က နင်အပေါ် ဒီလောက်ကောင်းတာ နင်တို့မောင်နှမကို ငါလည်း ကောင်းကောင်း ဆက်ဆံခဲ့တယ်။ နင်ငါကို သတ်ချင်ခဲ့ပင်မဲ့ သူ့ကို သတ်မိသွားတယ်။ ဝူရှောင်ဟန် နင်က တိရိစ္ဆာန်ပဲ”
“မင်းက တိရစ္ဆာန်ထက် ပိုဆိုးတယ်”
ယွင်မောက်ကျန်းက ကျိန်ဆဲတော့သည်။
သူကိုင်တွယ်ဖြေရှင်းခဲ့သည့် အမှုကိစ္စများက ဒီလောက်မဆိုးရွားပေ။ဤ ကိစ္စက ပြီးပုံမပေါ် ရှင်နေသည့်သူတို့ကို စတေးစေခြင်းက ဘာများ အကျိုးရှိမည်နည်း။
ယနေ့ခေတ်ကာလတွင်တောင် လူတို့ကို ပူဇော်သည့် သူများရှိနေသေးသည်။
ဝူရှောင်ဟွမ်က ယွင်လန်ကို ကြည့်ပြီး ပြောလိုက်လေ၏။
“သေသွားတဲ့သူက ဘာကြောင့် နင်မဖြစ်ရတာလဲ။ အဖမ်းခံပြီး ပူဇော်ခံရတဲ့ သူက ဘာလို့ နင် မဖြစ်ရတာလဲ”
ယွင်ယွီက လျှောက်လာလျှက် သူမကို ကန်ကာ ဒေါသတကြီး ပြောလိုက်တော့သည်။
104 02
“အဲဒီအစ်မဖေး ဘယ်မှာနေလဲ ပြော”
မည်သို့ပေဆိုစေ ဖေးဟယ်၏ အလောင်းကို ပြန်ယူရမည်။ ဝူရှောင်ဟွမ်ပြောပုံအရ သေသူတို့၏ ဝိညာဉ်ကို တမင်တကာ ဖိနှိပ်ရန်အတွက် ဖုန်းရွှေပညာရှင် တစ်ယောက် ငှားရမ်းထားတာ ဖြစ်လောက်သည်။
ယခုအချိန်တွင် သူမ ရုပ်လွန်းပညာ အသုံးပြုခဲ့ရင်တောင် ဖေးဟယ်၏ ဝိညာဉ်ကို ပြန်ခေါ်နိုင်မှာ မဟုတ်လောက်ပေ။ သူမကိုယ်တိုင် သွားပြီး အလောင်းနှင့် ဝိညာဉ်ပြန်သယ်ရလိမ့်မည်။
ဝူရှောင်ဟွမ်က ငိုယိုပြန်၏။
“ငါ မသိဘူး။ အစ်မဖေး ဘယ်မှာ နေလဲ မသိဘူး။ ရှောင်လုံက အနားက အင်တာနက်ဆိုင်ကိုပဲ မကြာခဏသွားလေ့ ရှိပြီး အဲ့နားမှာ နေတာ။ ဒါပေမဲ့ အစ်မဖေးက သူနေတဲ့နေရာ တစ်ခါမှ မပြောဖူးဘူး။ သူက နေရာ ခဏခဏပြောင်းနေတာ ရှောင်လုံတောင် မသိဘူး”
“ဒါဆို လူတွေကို ပူဇော်တာ ဘယ်နားမှာလဲ သိလား”
ဝူရှောင်ဟွမ်က နှာခေါင်းရှုံ့လိုက်၏။
“ငါသာ နေရာသိရင် အစောထဲက အစ်ကိုဖေးဟယ်ကို သွားကယ်မှာပေါ့”
ယွင်ယွီက ကျိန်ဆဲချင်လာကာ ဝူရှောင်ဟွမ်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်တော့သည်။
“ယွီအာ အစ်မတို့ အခု ဘာလုပ်ကြမလဲ။ အစ်မ ဖေးဟယ်ကို မသေစေချင်ဘူး။ မငြိမ်းမချမ်း မဖြစ်စေချင်ဘူး”
ယွင်လန်၏ မျက်နှာက ဖြူဖျော့နေလျှက် ထိတ်လန့်တုန်လှုပ်နေပုံ ပေါ်၏။
ယွင်ယွီသည် သူမအစ်မကို ထိုင်ခိုင်းလိုက်သည်။
“စိတ်မပူနဲ့ မမ ဖေးဟယ်ကို ကျွန်မသေချာပေါက် ပြန်ခေါ်လာပေးမယ်”
ထိုသို့ပြောပြီးနောက် သူမသည် ဒုတိယ ဉီးလေးကို ကြည့်လိုက်၏။
ယွင်မောက်ကျန်းက စိုးရိမ်ပူပန်စွာ ရှေ့လျှောက် နောက်လျှောက် လျှောက်နေလေ၏။
“စုံစမ်းစစ်ဆေးဖို့အတွက် ရဲစခန်းဆီ သံသယ တရားခံကို အရင်ဆုံးခေါ်သွားဖို့ လိုတယ်။ ဒီအမှုမှာ ကိစ္စမျိုးစုံ ပါဝင်နေတာ”
ချင်ယွီစွေက ရုတ်တရက်ပြောလိုက်သည်။
“ရဲတွေ ဒီအမှုကို မဖြေရှင်းနိုင်ဘူး။ လုံချီရှောင်ကို ဖုန်းခေါ်ပြီး ဒီအကြောင်းပြောပြပြီး သူဘယ်လိုထင်လဲ မေးကြည့်လိုက်”
လုံချီရှောင်သည် အထူးဌာန၏ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့ အမှုမျိုးဖြေရှင်းရန် တာဝန်ယူထားသူ ဖြစ်သည်။
ယွင်ယွီ၌ လုံချီရှောင်၏ နံပါတ်ရှိသည် သူမ နှင့် လုံချီရှောင်တို့က ယခင်က တော်ဝန်မြို့တော်၌ ချန်းရှီအန်း၏ ကိစ္စကို အတူတကွဖြေရှင်းခဲ့သည်။
သူတို့ မတွေ့ရတာ အချိန်တချို့ ရှိခဲ့ပြီး ဖြစ်သည်။ မတွေ့ဖြစ်တာ အနည်းငယ် ကြာပြီဖြစ်၏။
ထိုကြောင့် သူမ လုံချီရှောင်ကိုဖုန်းခေါ်လိုက်ချိန် တစ်ဖက်က လျင်မြန်စွာ ဖြေလာလေ၏။
ယွင်ယွီသည် သူ့ကို ဤနေရာရှိအဖြစ်အပျက်ကြောင်း ပြောပြလိုက်သည်။ အစက ဖာသိဖာသာ ဖြစ်နေသော လုံချီရှောင်၏ လေသံက သတိထားသည့် လေသံ ဖြစ်လာသည်။
“ဒီအမှုက အတော်ကြီးတာပဲ အထက်အရာရှိတွေဆီ အရင် သတင်းပို့ပြီးဆွေး နွေးလိုက်မယ်”
ဖုန်းချပြီးနောက် လုံချီရှောင်သည် သူ၏ အထက်အရာရှိများဆီ သတင်းပို့ရန်သွားလိုက်၏။ အထက်အရာရှိများကမူ သူ့ကို အမှု စုံစမ်း စစ်ဆေးခွင့် ပေးလိုက်သည်။
လုံချီရှောင်က ယွင်ယွီကို ဆက်သွယ်ပြီး ပြောလိုက်သည်။
“ကျွန်တော်လာမှာ စောင့်နေ”
104 03
အနည်းဆုံးတော့ မြို့တော်ကနေ ချင်ဟန်မြို့သို့ ရောက်ရန် နာရီပေါင်း များစွာ အချိန်ယူရလိမ့်မည်။ ယခု ညနေစောင်းနေပြီဖြစ်၏။
ယခု အချိန်တွင် လူတိုင်းက ယိုင်နဲ့နဲ့ ငါအိမ်လေးထဲ ထိုင်နေကြသည်။ ခဏတဖြုတ် တိတ်ဆိတ်နေပြီး ဝူရှောင်ဟွမ်၏ ငိုရှိုက်သံနှင့် အပြင်ဘက်က အော်ဟစ်သံများသာ ကြားနေရသည်။
ယွင်မောက်ကျန်းကလည်း အထူးဌာနအကြောင်း သိသည်။ မိမိတို့ မဖြေရှင်းမကိုင်တွယ်နိုင်သည့်ကိစ္စများကို အထူးဌာနသို့အပ်၏။ သို့သော် သူတစ်ခါမှ မပတ်သက်ဖူးပေ။ သူက သာမန် ရုံးဝန်ထမ်းလေး တစ်ယောက်သာ ဖြစ်သည်။
ယွင်မောက်ကျန်းက မေးလိုက်လေ၏။
“ယွင်အာ ဉီးလေးတို့ ဘယ်လို နောက်ထပ် ဘာလုပ်သင့်သလဲ။ သူ့ကို စခန်းပြန်ခေါ်သွားသင့်သလား”
ဤအမှုကို အထူးဌာနက ဖြေရှင်းမည်ဆိုလျှင်တော့ လုပ်ငန်းဆောင်တာအတိုင်း သွားရအုံးမည်။
ယွင်ယွီက ပြောလိုက်လေ၏။
“အစ်မဖေးကို အရင် ရှာကြတာပေါ့”
သူတို့မဟုတ်လျှင် သူတို့ နေရာရှာနိုင်မှာ မဟုတ်ပေ။ ဝူရှောင်ဟွမ်ကို ရဲစခန်းသို့ အရင်ဆုံး ခေါ်သွားခဲ့ လျှင် ရန်သူကို သတိပေးရာရောက်သွားပြီ အစ်မဖေးကို လွှတ်သွားလိမ့်မည်။
ဝူရှောင်ဟွမ်က ယွင်ယွီ၏ ဗိုက်ကို စိုက်ကြည့်လိုက်၏။
“နင်ကိုယ်ဝန်ရှိနေတာလား”
ယွင်ယွီက အေးတိအေးစက် ပြောလိုက်တော့သည်။
“ဒါ နင်နဲ့ ဘာဆိုင်လဲ”
ယွင်လန်နှင့်ယွင်မောက်ကျန်း နှစ်ယောက်လုံးက မှင်သက်သွားတော့သည်။ ယွင်လန်သည် ဝမ်းနည်းလွန်းနေသောကြောင့် ယင်းကို သတိမပြုခဲ့မိပေ။ သို့သော် ယွင်မောက်ကျန်းက နားမလည်တာ ဖြစ်သည်။ သူ၏ သူမက အဝတ်အစား ပွပွဝတ်ထားပြီး ဗိုက်အနည်းငယ် ပူနေသည်ဟုသာ ထင်ခဲ့သာဖြစ်သည်။ ဗိုက်အနည်းငယ် ပူနေတာကို တွေ့ရချိန်၌ သူမနေ့လည်တုန်းက အစားများသွားသည်ဟုသာ ထင်ခဲ့သာ ဖြစ်သည်။
“နင်က ဖုန်းရွှေပညာရှင် ဟုတ်တယ်မဟုတ်လား။ အစ်မဖေးကို အနိုင်ယူနိုင်လား”
ဝူရှောင်ဟွမ်သည် သူ၏ခံစားချက်ကို မဖုံးကွယ်ထားဘဲ မျက်လုံးများက ရက်စက်မှုများ ပြည့်လာသည်။
“ငါ အစ်မဖေးကို သေစေချင်တယ်။ အစ်ကိဖေးဟယ်အတွက် လက်စားချေချင်တာ။ ဒီနေရာဆီ အစ်မ ဖေးကို မျှားလာဖို့ နင့်ကို ကူညီပေးမယ်။ နင် နေရာရှာတွေ့ပြီးရင် အစ်ကို ဖေးဟယ်ရဲ့ အလောင်းနဲ့ ဝိညာဉ်ကို ပြန်ယူပေးပြီး အစ်မဖေးကို သတ်ရမယ်။ နင် သဘောတူရင် ဒီနေရဆီ အစ်မဖေးကို မျှားလာဖို့ ကူညီမယ်”
“အစ်မဖေးက သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ရမှာပဲ။ ဖေးဟယ်က ငါ့အစ်မရဲ့ချစ်သူ ဒီတော့ ငါ သူ့အလောင်းကို ရှာမှာပေါ့။ အစ်မဖေးကို ထွက်လာအောင် နင်ဘယ်လိုမျှားချင်တာလဲ”
ယွင်ယွီက ပြောလိုက်၏။
ဝူရှောင်ဟွမ်၏အကြည့်က နက်ရှိုင်းသော အမုန်းတရားနှင့်အတူ သူမဗိုက်ဆီ ရောက်သွားသည်။
“တကယ်တော့ ကိုယ်ဝန်သည်တွေက ဒီနေရာတွေမှာ လူပူဇော်တဲ့အချိန် လူကြိုက်အများဆုံး ပစ်မှတ်တွေပဲ။ မင်းမှာ တကယ် အညိုးအတေး ပိုရှိလေလေ မကောင်းမှု ပိုများလေ။ ကောင်းချီးတွေ ပိုရနိုင်လေပဲ။ မျက်လုံးမှိတ်ပြီး လှဲနေလိုက်။ ဒါဆို ငါ ဓာတ်ပုံရိုက်ပြီး ပုံပို့ပေးလိုက်မယ်။ သူ လှုပ်ရှားလာမှာ”
ယွင်မောက်ကျန်းက ပြောလိုက်၏။
“မဟုတ်ဘူး ယွီအာ ဒါ စွန့်စားရာ ရောက်လွန်းတယ်။ အစ်မဖေးရဲ့ ဖုန်းနံပါတ် ငါတို့ဆီမှာ ရှိပြီးပြီဆိုတော့ သူ့ကို ရှာဖို့ ဖုန်းနံပါတ်ကို သုံးလို့ရတယ်”
ဝူရှောင်ဟွမ်က နှာခေါင်း ရှုံ့လိုက်၏။
104 04
“သူရဲ့ တည်နေရာကို ရှာဖို့ ဖုန်းနံပါတ်ပဲ သုံးပြီး ဖမ်းနိုင်မယ် ထင်နေလား။ အစ်မဖေးက ဖူးနန်ခရိုင်ထဲမှာ နေတာ သေချာတယ်။ ဒီနေရာက ကျယ်ပြီး ဖရိုဖရဲဖြစ်နေတာ လမ်းကြားတွေက အရပ်မျက်နှာအနှံ့ ဦးတည်နေတယ်။ သူသာ ထွက်ပြေးချင်တယ်ဆိုရင် လွယ်လွယ်လေး ထွက်ပြေးနိုင်မှာပဲ။ သူထွက်သွားပြီးရင် သူ့ကို ရှာနိုင်တဲ့ အခွင့်အရေး ရှိသေးတယ် ထင်နေလား”
ယွင်မောက်ကျန်းက တိတ်ဆိတ်သွားလေ၏။ ဝူရှောင်ဟွမ် ပြောတာက အဓိပ္ပာယ်ရှိသည်။ သူက ဒီနေရာရှိ မြေမျက်နှာ အသွင်အပြင်၊ မြေအနေအထားနှင့် မရင်းနှီးပေ။ အစ်မဖေးကသာ တကယ် ထွက်ပြေးသွားခဲ့ပါက ထို့နေရာ၌ ဘယ်တော့မှ ထပ်ရှာနိုင်တော့မှာ မဟုတ်ပေ။
ယွင်ယွီက ပြောလိုက်၏။
“ဒုတိယဦးလေး စိတ်မပူနဲ့။ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ အချိန်ကျလာရင် လူတိုင်း ဒီနေရာမှာ ရှိနေမှာပဲ။ အစ်မဖေးက ထွက်လာလိမ့်မယ်။ သမီးတို့တွေက သူ့ကို မျှားထုတ်နိုင်သ၍ သမီး ထိခိုက်မှာ မဟုတ်ဘူး။ သူ့ကိုလည်း ထွက်ပြေးခွင့်မပေးဘူး”
ယွင်လန်က သူမလက်ကို ကိုင်ထားလိုက်၏။
“ယွီအာ မဟုတ်ဘူး”
သူမညီမလေးက အရည်အချင်း အလွန်ရှိကြောင်း သိသော်ငြား အန္တာရာယ်ထဲ မတွန်းပို့ချင်ပေ။
“ကိုယ်လုပ်လိုက်မယ်”
ဝူရှောင်ဟွမ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ရှင်က ကိုယ်ဝန်သည်မှ မဟုတ်တာ။ မျက်နှာလှလှလေး ရှိတာအပြင် ဘာများ အသုံးကျလို့လဲ”
အစ်မဖေးသာ ဤနေရာတွင် ရှိနေလျှင် ဝူရှောင်ဟွမ်ပြောတာကို သေချာပေါက် ငြင်းဆန်လိမ့်မည်။ ဤလူသည် ရုပ်ရည်ကြည့်ကောင်းရုံသာမက အသွင်အပြင်ကောင်းရှိပြီး ကောင်းမှုကုသိုလ်များ ပြည့်နေလေ၏။
ယွင်ယွီက ပြောလိုက်သည်။
“ငြင်းမနေနဲ့ ဓာတ်ပုံရိုက်ပြီး ပို့လိုက်”
နောက်ဆုံးတွင် သူတို့က အစ်မဖေးကို မျှားထုတ်ဖို့ ယွင်ယွီကို အသုံးချဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူတို့ ညအချိန်တွင်သာ လုပ်ရမည်။ ထို့အချိန်ကျ လုံချီရှောင်လည်း ရောက်နေမည် ဖြစ်၏။ သူတို့၌ ကူညီပေးသူ တစ်ယောက်တိုးလာလိမ့်မည်။
အစ်မဖေး ထွက်လာအောင် မျှားပြီးနောက် ဝူရှောင်ဟွမ်ကို ရဲစခန်းသို့ ပြန်ခေါ်သွားရမည်။ သူမနှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိလိမ့်မည်။
ယွင်ယွီက အချိန်တစ်ချက်ကြည့်လိုက်သည်။ နေ့လည် ၂ နာရီ ခွဲသာ ရှိသေး၏။ ညနေစောင်းအချိန်အထိ စောင့်ရမည်။
သူမက ယွင်လန်ကို ပြောလိုက်လေ၏။
“အစ်မ ပြန်သွားပြီး အရင် နားနှင့်ပါလား”
သူမအစ်မသည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ဤနေရာတွင်ရှိနေပါကလည်း ဘာမှ သိပ် ကူညီမပေးနိုင်။
“မလိုဘူး”
ယွင်လန်က ခေါင်းခါလိုက်၏။
“အစ်မလည်း ဒီမှာ နေမယ်”
သူမ မည်ကဲ့သို့ ကောင်းကောင်း နားနေနိုင်မည်နည်း။ သူမစိတ်ထဲတွင်မှု သူမ၏ ချစ်သူကောင်လေး မသေခင် မည်မျှ နာကျင်ခဲ့မည်ကိုသာ တွေးနေမိသည်။ ဤဝူရှောင်ဟွမ်သည် အကြိမ်တစ်ထောင်သတ်လျှင်တောင် မလုံလောက်ပေ။ သူမ အဘယ်ကြောင့် ဤကဲ့သို့ ရက်စက်နိုင်ရသနည်း။ သူမကြောင့်သာ မဟုတ်လျှင် သူတို့ ချင်းဟယ်ရွာသို့ ပြန်ပြီး မိသားစုဝင်များ ရှေ့မှောက်၌ စေ့စပ်ပြီး ဖြစ်လောက်သည်။
ယွင်ယွီသည် သူမကို ထပ်မဖျောင်းဖျတော့ပေ။ သူမနှင့် တစ်စုံတစ်ယောက် ရှိနေပေးချိန် သူမအစ်မက ပို စိတ်သက်သာရာ ရလိမ့်မည်။ အစ်မ ဖေးကို ရှာပြီးနောက် သူမအစ်မ အနားယူဖို့ ပြန်ပို့နိုင်၏။
******