အခန်း ၁၀၅
Vol. 11 Ch. 105
105 01
အပိုင်း 105
နေ့လည် ၃ နာရီ ဝန်းကျင်တွင် လုံချီရှောင်က ယွင်ယွီကို ဖုန်းခေါ်ပြီး သူ လေယာဉ်ပေါ်မှ ဆင်းမည် ဖြစ်ကြောင်း သူနှင့်အတူ အကူသုံးယောက် ခေါ်လာကြောင်း ဆက်သွယ်လာသည်။
ဤကိစ္စက အရေးကြီးပြီး နှစ်ယောက်တည်း မဖြေရှင်းနိုင်ဟုလည်း ပြောခဲ့သည်။ ယွင်ယွီက နားလည်ကြောင်း ပြောလိုက်၏။ လုံချီရှောင် ခေါ်လာသည့်သူတို့သည် အထူးဌာနမှ ဖြစ်လိမ့်မည်ဟုသာ တွေးမိသွားသည်။
ညနေ ၅ နာရီဝန်းကျင်တွင် အသက် ၇ နှစ်၊ ၈ နှစ်အရွယ်ရှိသည့် ပိန်ပါးပါး ကောင်လေးက အပြင်ကနေ ဝင်လာသည်။ သူတို့ ငှားထားသည့် အိမ်လေးထဲ၌ လူများ ပြည့်နေတာကို မြင်သောအခါ မှင်သက်သွားတော့သည်။
“အစ်မ သူတို့က ဘယ်သူတွေလဲ”
ကောင်လေးက အခန်းထဲ ဝင်လာချိန်တွင် သူ၏ ပုခုံးပေါ်မှ ကျောပိုးအိတ်ကို ချွတ်လိုက်သည်။ သူက အထဲ၌ ထိုင်နေသော ယွင်လန်ကို မြင်သောအခါ ပျော်ရွှင်စွာ ပြေးသွားလေ၏။
“အစ်မ လန်လန် ရောက်လာပြီ။ အစ်ကိုဖေးကို ဘာလို့ မတွေ့တာလဲ”
ယွင်လန်သည် လက်သီးကျစ်ကျစ်ဆုပ်ထားပြီး မျက်လုံးများ နီမြန်းနေ၏။ ကလေးက အပြစ်ကင်းမှန်း သိသော်ငြား သူမသည် မကျေမချမ်း မဖြစ်ဘဲ မနေနိုင်။
ဖေးဟယ်သာ သူတို့ကို မသိခဲ့လျှင် ကပ်ဘေးမရှိတော့လောက်ပေ။ သူမ မျက်လွှာချလျှက် ပြောလိုက်သည်။
“မင်းရဲ့အစ်ကို ဖေးက ဒီမှာ မရှိဘူး”
“အစ်ကိုဖေး ဘယ်မှာလဲ”
ဝူရှောင်စုန့်က အသက် ၈ နှစ် အရွယ်သာ ရှိသေးပြီး မူလတန်း စတက်ခါစဖြစ်သည်။ သူ၏အစ်မလုပ်ရပ်ကို မသိသလို့ ဖေးဟယ် ဘာဖြစ်မှန်းလည်း မသိပေ။
“ရှောင်စုန့် ဒီလာပြီး အိမ်စာလာလုပ်”
ဝူရှောင်ဟွမ်က မျက်နှာသေဖြင့်် လှမ်းခေါ်လိုက်၏။
ဝူရှောင်စုန့်က ဟုတ်ဟု ပြောလျှက် သူမဆီ သွားလိုက်သည်။ သူမ၏ မျက်နှာ ယောင်ကိုင်းနေတာကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ်ပူပန်သွား၏။
“အစ်မ အစ်မမျက်နှာ ဘာဖြစ်တာလဲ။ သူတို့ ရိုက်တာလား”
အိမ်ထဲ၌ သူစိမ်းသုံးယောက် ရုတ်တရက် ပေါ်လာပြီး သူ့အစ်မ မျက်လုံးများက နီရဲနေ၏။ သူ သံသဃဖြစ်တာ အံဩစရာ မရှိပေ။
ဝူရှောင်စုန့်သည် ယွင်မောက်ကျန်း၊ ချင်ယွီစွေနှင့် ယွင်ယွီတို့ကို မုန်းတီးစွာ ကြည့်လိုက်၏။
“ရှောင်စုန့် သူတို့ အစ်မကို မရိုက်ပါဘူး။ အစ်မ လမ်းပေါ်မှာ အနိုင်ကျင့်ခံရပြီး သူတို့က အစ်မကို ကယ်ခဲ့တာ။ သူတို့ အစ်မကို အနိုင်မကျင့်ဘူး”
ဝူရှောင်ဟွမ်က ထို့သို့ ပြောလိုက်၏။ သူမ ဘာစဉ်းစားနေမှန်း မည်သူမှ မသိ။ သူမက ဝူရှောင်စုန့်ကို နာကျင်နေသော အကြည့်ဖြင့်သာ ကြည့်လိုက်သည်။
ကျန်သည့် သူများက တိတ်ဆိတ်နေ၏။ သူမမှာ ဝမ်းနည်းစရာအကြောင်း မရှိပေ။
သူမသည် မောင်နှမနှစ်ယောက်ကို အစ်မဖေးဆီ လိမ်ညာပြီး ခေါ်သွားချိန်၌ သူ၏မောင်အကြောင်း မစဉ်းစားခဲ့သည်လော။ သူမသည် ဝူရှောင်စုန့် ဝဋ်လည်မှာကို မစိုးရိမ်သည်လော။
“ကလေး ငါရဲ့ကလေး”
အပြင်ဘက်ကနေ စူးရှသည့်အသံတစ်သံ ပေါ်ထွက်လာ၏။
ပြီးနောက် အမျိုးသားတစ်ယောက်၏ ကျိန်ဆဲသံက ပေါ်လာပြန်သည်။
“အရူးမ နင့်သားနဲ့ သမီး ပျောက်တာ ဘယ်လောက်ကြပြီလဲ။ ဒါက ငါ့သား ဒီကနေ ထွက်သွား”
“ဒါ ငါ့ကလေး။ အခုနတုန်းက သူက ငါ့ကလေး”
ယွင်ယွီနှင့် ကျန်သည့်သူများက တွန့်ဆုတ်စွာ ကြည့်လိုက်မိကာ ယွင်လန်ကမှု ငိုရှိုက်မိသွားလေ၏။
105 02
ဝူရှောင်ဟွမ်က ထုံကျင်နေပြီ ဖြစ်သည်။ ဆိုရလျှင် ထိုမောင်နှမ နှစ်ယောက်၏ မိခင်က အနား၌ နေတာ ဖြစ်ပြီး သူမသည် ထိုကဲ့သို့ ဆူညံသံကို နေ့စဉ်နေ့တိုင်း ကြားနေရသည်။
“အစောတုန်းက အန်တီက သနားဖို့ကောင်းလိုက်တာ”
ဝူရှောင်စုန့်က သက်ပြင်းချလိုက်သည်။
“လူကုန်ကူးသမားတွေ အားလုံး သေပါစေ”
ထိုမောင်နှမနှစ်ယောက်ကို လူကုန်ကူးသူများ ခေါ်သွားသည်ဟု လူတိုင်း ထင်နေကြတာပဲ ဖြစ်သည်။
ပြီးနောက် ဝူရှောင်စုန့်က စားပွဲတွင် လိမ်လိမ်မာမာထိုင်ပြီး အိမ်စာ စလုပ်တော့သည်။ ယွင်ယွီက သူ့မျက်နှာကို ကြည့်လိုက်မိ၏။ သူတို့သည် တစ်မအေတည်း မွေးလာခြင်း ဖြစ်သော်ငြား မောင်နှမနှစ်ယောက်၌ ကွဲပြားခြားနားသည့် အကျင့်စရိုက်ရှိကြောင်း ပြောနိုင်သည်။ ဝူရှောင်စုန့်၏ မျက်နှာက အလွန် ကြင်နာပုံပေါ်၏။ အနည်းဆုံးတော့ အခုလက်ရှိ သူ့မျက်နှာက ကြင်နာပုံပေါ်နေသည်။
ဝူရှောင်စုန့် အိမ်စာရေးပြီးချိန်တွင် ယွင်ယွီသည် ဟင်းတချို့ မှာပေးလိုက်၏။ မည်သူမှ များများစားစား မစားခဲ့သော်ငြား ဝူရှောင်စုန့်က ပျော်ရွှင်စွာ စားခဲ့၏။ သူက ထမင်းဖြူ တစ်ပန်းကန်လုံး စားခဲ့ပြီး ကျန်ရှိသည့် ဟင်းများကိုလည်း စာလိုက်သည်။
ဝူရှောင်ဟွမ်က မျက်ရည် မထိန်းနိုင်တော့ပေ။
ဝူရှောင်စုန့်က ထိတ်လန့်သွားလေ၏။
“အစ်မ မျက်နှာက နာနေလို့လား။ သား လိမ်းဆေး သွားဝယ်ပေးရမလား”
“မဟုတ်ဘူး။ အစ်မ မနာပါဘူး”
ဝူရှောင်ဟွမ်သည် ဝူရှောင်စုန့်ကို ဖက်ထားလျှက် ငိုကြွေးကာ ပင့်သက်ရှိုက်နေမိသည်။ သို့သော် သူမကို မည်သူမှ မတားဘဲ ရွံ့သာ ရွံ့ရှာမိ၏။ ယခုအချိန်ကျမှ နောင်တရလို့ ဘာအကျိုးထူးမှာလဲ။ အသက်တွေ အများကြီး ဆုံးရှုံးပြီးနေပြီ။
လူတိုင်းသည် စောင့်ဆိုင်းရန် အပြင်ဘက်ရှိ ဧည့်ခန်းငယ်လေးသို့ သွားလိုက်သည်။ ၉ နာရီထိုးချိန်၌ ဝူရှောင်စုန့်က ရေချိုးပြီး အိပ်ရာဝင်လေ၏။
လုံချီရှောင်နှင့် သူ၏မိတ်ဆွေများက အနားတစ်ဝိုက်ရောက်နေပြီ ဖြစ်ကာ ယွင်ယွီက သူ့ကို လိပ်စာပြောပြပြီးသား ဖြစ်သည်။
သူတို့ လိပ်စာကို ရှာတွေ့ပြီးနောက် အပေါ်ထပ်တက်ကာ တံခါးခေါက်လိုက်သည်။ ယွင်ယွီက တံခါးသွားဖွင့်ပေးလိုက်၏။ လုံချီရှောင်အပြင် ကွေ့ယွမ်ဂိတ်မှ စုန့်ကျစ်မင်လည်း ပါလာပြီး လုံမိသားစုမှ လုံချီချန်းနှင့် လုံဝမ့်ရင်းလည်း ပါလာလေ၏။ သူတို့သည် ယွင်ယွီကို တွေ့ရတာ မအံဩပေ။ ယွင်ယွီအကြောင်း သိနေသောကြောင့် ဖြစ်သည်။ လုံချီရှောင်က ကြိုတင်ပြောပြထားပြီး ဖြစ်သောကြောင့် ယွင်ယွီကို မြင်ချိန်၌ နှုတ်ဆက်လိုက်ကြသည်။
ယွင်ယွီက ပြောလိုက်သည်။
“အထဲကြွပါ”
သူမသည် ဧည့်ခန်းငယ်လေးထဲသို့ ခေါ်သွားလိုက်၏။ လုံချီချန်းနှင့် လုံဝမ့်ရင်းတို့က ချင်ယွီစွေကို မြင်သောအခါ မှင်သက်သွားကြသည်။
“ဝမ်းကွဲ”
ချင်ယွီစွေက ဒီကို ဘာလို့ ရောက်နေတာလဲ။
ချင်ယွီစွေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ထိုင်”
သူတို့နှစ်ယောက်သားက လိမ်လိမ်မာမာ ထိုင်လိုက်လေ၏။ လုံချီရှောင်သည် သူတို့ ဆက်ဆံရေးကို သိထားသော်ငြား ယွင်ယွီ၏ အနည်းငယ်ဖောင်းနေသော ဗိုက်ကို မြင်ချိန်၌ သက်ပြင်းချမိသေးသည်။ စုန့်ကျစ်မင်သာလျှင် သူမ ကိုယ်ဝန် ရှိကြောင်း သိပေ၏။ သူက များများစားစား မပြောဘဲ သူမကို မပြုံးပြခဲ့ပေ။ ဒုက္ခရောက်နေသည့်သူက ယွင်ယွီအစ်မ၏ချစ်သူမှန်း သူသိထား၏။ လူတိုင်း ဝမ်းနည်းနေလိမ့်မည်။
ဒီတော့မှ လုံဝမ့်ရင်းနှင့် ကျန်သည့်သူများသည် ယွင်ယွီက ချင်ယွီစွေ၏ ချစ်သူဖြစ်ကြောင်း သဘောပေါက်သွားသည်။
ချင်ယွီစွေ လက်ထပ်တော့မည့်အကြောင်း ဗိုလ်ချုပ်လုံဆီက ကြားထားသည်။ ဗိုလ်ချုပ်က အလွန်ဒေါသထွက်နေပြီး သူ၏မြေး ချင်ယွီစွေက လက်ထပ်တော့မည်ဖြစ်သော်ငြား မိန်းကလေးကို အိမ်သို့ ခေါ်မလာသဖြင့် ဒေါသထွက်နေတာ ဖြစ်သည်။
105 03
ထိုမိန်းကလေးက ယွင်ယွီဖြစ်ကြောင်း သိလိုက်ရချိန်တွင် နှစ်ယောက်သား ထိတ်လန့်သွားသော်ငြား ယခုက ထိတ်လန့်ရမည့်အချိန် မဟုတ်ပေ။ သူတို့က အိမ်ထဲ လူဝင်လာပြီးနောက် ဖြစ်ကြောင်း ကုန်စင် တစ်ခုလုံးကို နားထောင်ခဲ့သည်။
ယွင်ယွီက သူတို့ကို အစီအစဉ်ထပ်ပြောပြခဲ့၏။ လုံချီရှောင်ကမှု အစီအစဉ်ဖြစ်နိုင်ချေ ရှိကြောင်း ပြောခဲ့သည်။ သူက စိတ်ခံစားချက် သိပ်မပြင်းပြ။ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားခဲ့သည်။ သူတို့ လူများပြီး အားလုံးက ရွှမ်းမန်ဂိုဏ်းမှလာတာ ဖြစ်၏။ ယွင်ယွီကိုယ်တိုင်ကလည်း အရည်အချင်းရှိသည်။ ထို့အဖို့ လူတို့ကို လှည့်စားရန် လုံလောက်ပေ၏။ ဘာမှ စိုးရိမ်ပူပန်စရာ မရှိပေ။ နောင်ကျ စိုးရိမ်စရာ ကိစ္စများ ရှိနေသေး၏။ ထို့အားလုံး ဆုံးဖြတ်ပြီးပြီ ဖြစ်သောကြောင့် လူတိုင်းက အချိန်စောင့်နေလေ၏။
ဝူရှောင်စုန့်က လျင်မြန်စွာ အိပ်ပျော်သွားသည်။ ည ၁၁ နာရီဝန်းကျင်တွင် အရာအားလုံး တိတ်ဆိတ်နေပြီး လူတိုင်းက ထို့အငှား အိမ်လေးသို့ ပြန်လာသည်။ ယွင်ယွီကမှု မျက်လုံးမှိတ်ထားလျှက် ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် လဲနေကာ သူမ၏ အနည်းငယ် ပူဖောင်းနေသော ဗိုက်ဖြင့် ဝူရှောင်ဟွမ်ကို ဓာတ်ပုံ ရိုက်ခွင့်ပေးလိုက်သည်။
သူတို့က ပုံမှန်ဆို ညနက်ချိန်တွင်သာ ဆောင်ရွက်နေကြဖြစ်သောကြောင့် စောင့်ရပေမည်။
ဝူရှောင်ဟွမ်သည် သူမ ရိုက်ထားသည့် ဓာတ်ပုံများကို အစ်မဖေးဆီ ပို့ပြီး စာတစ်စောင်ပို့လိုက်လေ၏။
“အစ်မဖေး ပစ္စည်းကောင်း တစ်ခု ရထားတယ်။ ယွမ် နှစ်သိန်း လိုချင်တယ်။ တစ်ပြားမှ မလျော့စေနဲ့”
နှစ်မိနစ်အတွင်း အစ်မဖေးက ဖုန်းခေါ်လာလျှက် ရှုံ့ချလိုက်သည်။
“ညည်းက တကယ် အများကြီး တောင်းတာပဲ”
“အစ်မဖေး ကိုယ်ဝန်သည်တွေက ပူဇော်ဖို့ အကောင်းဆုံး ပစ္စည်းတွေလို့ အစထဲက ပြောထားတာကို ညီမနှစ်သောင်းရင်တောင် အစ်မ မြတ်သေးတာပဲ။ နည်းနည်းမှ မဟုတ်တာ။ ဒီတော့ ဒီတစ်ခေါက် တစ်ပြားမှ မလျော့နဲ့”
ဝူရှောင်ဟွမ်၏ အသံက အလွန် တည်ငြိမ်နေပြီး သူ့စကားကလည်း သူမပုံစံအတိုင်းပဲ ဖြစ်သည်။
အစ်မဖေးက ကဲ့ရဲ့လိုက်၏။
“အရင်ရက်တွေတုန်းက ငိုကြွေးပြီး အဲဒီလူရဲ့ အသက်ကို ဝယ်ဖို့အတွက် ပစ္စည်းအားလုံး သုံးချင်နေတာ။ အခုကျ ဘယ်လိုလုပ် မေ့သွားရတာလဲ”
ဝူရှောင်ဟွမ်က ခေါင်းငုံထားလျှက် လက်သီး ကျစ်ကျစ်ဆုပ်လိုက်ချိန်တွင် လက်သည်းများက လက်ဖဝါးထဲ စိုက်ဝင်သွားသည်။
“အစ်မဖေး အဲဒီလူ သေပြီဆို ကျွန်မ ဘာတတ်နိုင်သေးလို့လဲ။ ကျွန်မမှာ ရှောင်စုန့်ရှိသေးတယ်။ ကောင်းကောင်းမွန်မွန် နေချင်တယ်။ ရှောင်စုန့် ကောင်းကောင်းမွန်မွန် နေရအောင် အိမ်တစ်လုံး ဝယ်ဖို့ ပိုက်ဆံလည်း လိုတယ်။ ပြီးတော့ အစ်မဖေး ကျွန်မ ရက်စက်တယ်လို့ မထင်နဲ့။ ယွမ် နှစ်သိန်း တစ်ပြားမှ မလျော့စေနဲ့။ တစ်ပြားလျော့တာနဲ့ သူ့ကို တန်းသတ်လိုက်မယ်”
အသက်ရှင်နေသူကို ပူဇော်ခြင်းသည် နာမည်အတိုင်းပင် ရှင်နေသည့် လူတစ်ယောက်ကို လိုအပ်၏။
“ကျွတ် ကျွတ် မင်းက အဲဒီတုန်းက ပုံစံအတိုင်း တကယ်ရှိနေတာကို။ မင်းက ရက်စက်ပါပေရဲ့။ တကယ်ကို ကိုယ်စားလှယ်လောင်းကောင်း တစ်ယောက်ပဲ”
အစ်မဖေးက ရယ်မောလိုက်သည်။
“ဟုတ်ပြီ။ နှစ်သိန်း တစ်ပြားမှ မလျော့စေရဘူး။ လာခေါ်ပြီးတာနဲ့ ပေးမယ်။ ပြီးတော့ ဆေးထပ်ထည့်ပေးထားအုန်း။ ဒါမှ သူ မနိုးမှာ”
“သိပြီ”
ဖုန်းချပြီးနောက် ဝူရှောင်ဟွမ်က အခန်းကို လည့်ပတ်ကြည့်လိုက်ချိန်တွင် လူတိုင်းက သူမကို ကြည့်နေတာ တွေ့လိုက်ရ၏။
သူမ ဖုန်းကို ပစ်ချလျှက် ဘေးတွင် ထိုင်ချလိုက်သည်။
ချင်ယွီစွေက သူမဖုန်းကို ယူကာ ထို့ဓာတ်ပုံများကို ဖျက်ပစ်လိုက်၏။
ယွင်ယွီကမှု အဝါရောင်အဆောင်နှင့် သစ်ဂျပိုးခေါက်ကို သူ့ကျောပိုးအိတ်ထဲမှ ထုတ်ကာ စားပွဲပေါ် ပစ်တင်လျှက် အသက်ရှုနှုန်းကို ဖိနှိပ်ပေးသည့် အဆောင်တချို့ ရေးဆွဲလိုက်၏။ ယင်းက ပါးစပ်နှင့် နှာခေါင်းမှ ထွက်လာသည့် လေကို ထိန်းချုပ်ပေးသည်။ အစွမ်းထက်သည့် ပညာရှင်တချို့ကဆို တံခါးဝတွင် ရပ်နေရုံဖြင့် အထဲတွင် လူဘယ်နှစ်ယောက်ရှိကြောင်း အသက်ရှုသံကို ကြည့်ရုံဖြင့် သိနိုင်သည်။
105 04
အစ်မဖေး၌ ထို့ကဲ့သို့သော စွမ်းရည် ရှိမရှိ မသိပေ။ ထို့ကြောင့် ဂရုစိုက်တာ ပိုကောင်းလိမ့်မည်။
နာရီဝက်ခန့်ကြာပြီးနောက် တံခါးခေါက်သံ ပေါ်ထွက်လာသည်။ ယွင်ယွီက လက်သုံးချောင်း မြှောက်လျှက် အပြင်ဘက်၌ လူသုံးယောက်ရှိကြောင်း ညွှန်ပြလိုက်သည်။
ဝူရှောင်ဟွမ်က တံခါးသွားဖွင့်ပေးလိုက်ရာ အစ်မဖေး၊ ရှောင်လုံနှင့် မျက်နှာပေါ်တွင် ကျောက်ပေါက်မများရှိသည့် အမျိုးသားတစ်ယောက်က အထဲသို့ ဝင်လာ၏။ အခန်းထဲ ဝင်လျှင်ဝင်ခြင်း လူသုံးယောက်သည် လူအုပ်ကြီးထဲ၌ လူများစွာ ထိုင်နေတာကို တွေ့လိုက်ရ၏။ အစ်မဖေး၏ မျက်နှာထားက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူမ လှုပ်ရှားတော့မည့်အချိန်တွင် ရုတ်တရက် သူမ တစ်ကိုယ်လုံး အေးစိမ့်လာတာကို ခံစားမိလိုက်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လက်နှင့်ခြေများ မလှုပ်နိုင်တော့ပေ။ ကျန်သည့် နှစ်ယောက်အတွက်လည်း တူနေပေ၏။
လုံချီရှောင်က ရှေ့တိုးကာ သုံးယောက်လုံးကို ကြိုးချည်ပြီး ဂေါ်နီအိတ်များပမာ မြေပြင်ပေါ် ပစ်ချလိုက်၏။
အစ်မဖေးက အသက် ၄၀ ရှိပုံပေါ်သည်။ ဆံပင်ကောက်ကောက်နှင့် သာမန် ရုပ်ရည်အသွင်အပြင် ရှိကာ အနည်းငယ် ပြည့်ဖြိုးပေ၏။ ကျန်သည့် လူငယ်လေးကမှု ဆံပင်ဝါပြီး ထို့လူက ရှောင်လုံဖြစ်လောက်ပေ၏။ ကျောက်ပေါက်မများဖြင့် လူရွယ်တစ်ယောက်လည်း ရှိသေးသည်။
အစ်မဖေးက နှာခေါင်း ရှုံ့လိုက်လေ၏။
“ဝူရှောင်ဟွမ် တခြားသူတွေနဲ့ပေါင်းပြီး ငါ့ကို ဆန့်ကျင့်ရဲရလောက်အောင် ရဲတင်းနေတယ်ပေါ့”
သူမက ငြိမ်သက်စွာ ထိုင်နေသည့် ယွင်ယွီကို စိုက်ကြည့်ပြီး အဖြစ်အပျက်ကို နားလည်သွားသည်။ သူမက ရုပ်လွန်ပညာကို နားလည်ပြီး အစောတုန်းက ချည်နှောင်ခံလိုက်ရတာပဲ ဖြစ်မည်။ သူမကို မည်သို့ အကွက်ချမှန်းတောင် မသိပေ။
သို့သော် အစ်မဖေးသည် အခန်းထဲရှိ လူတိုင်းကို ကြည့်ကာ တင်းမာခက်ထန်စွာ ပြောလိုက်လေ၏။
“ငါ့ဆရာ ဘယ်သူလဲ သိလား။ ငါ့ကို လွှတ်ပေးဖို့ အကြံပေးလိုက်မယ်”
လုံချီရှောင်က သူမကို ကန်ကျောက်လိုက်ချိန်တွင် အစ်မဖေးက အော်ဟစ်ပြီး နှာခေါင်းသွေးလျှံလာတော့သည်။ သူမ ကျိန်ဆဲလိုက်၏။
“ငါ နင်တို့ကို ဆိုးဆိုးရွားရွား သေစေချင်တယ်။ ငါ့ဆရာ နင်တို့ကို သတ်မှာ စောင့်နေလိုက်”
ယွင်မောက်ကျန်းက ဝူရှောင်ဟွမ်ကို မေးလိုက်လေ၏။
“မင်းတို့ ဂိုဏ်းထဲမှာ တခြားလူရှိသေးလား”
ဝူရှောင်ဟွမ်က ခေါင်းခါလိုက်၏။
“မသိဘူး။ ကျွန်မ အစ်မဖေး၊ ရှောင်လုံနဲ့ မာစီကိုပဲ တွေ့ဖူးတာ”
အုပ်စုတစ်ခုသည် ၎င်း၏ပစ်မှတ်ကို အလွယ်တကူ ဖော်ထုတ်မိနိူင်၏။
သူတို့သုံးယောက်သည် နေရာအနှံ့ ယဇ်ကောင်များကို ရှာဖွေ့ပြီး အစ်မဖေးဆီ ပို့ဆောင်ပေးတာပဲ ဖြစ်သည်။
လုံချီရှောင်က ယွင်မောက်ကျန်းကို ပြောလိုက်တော့သည်။
“သူတို့ကို ရဲစခန်းအရင်ခေါ်သွားပြီး သူတို့ဆီက ထွက်ဆိုချက်ကို ရအောင်ယူ။ ပြီးရင် အဲဒီနေရာကို ရှာကြ။ ငါတို့ တစ်ချက်သွားကြည့်မယ်”
ယခုအချိန်တွင် သူတို့ လူဖမ်းမိပြီဖြစ်သောကြောင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရပေမည်။
ယွင်မောက်ကျန်းသည် ရဲစခန်းဆီ ဆက်သွယ်ထားပြီ ဖြစ်ကာ မကြာမှီ၌ ရဲကားနှစ်စီး ရောက်လာတော့သည်။
ဝူရှောင်ဟွမ်အပါအဝင် လူတိုင်း စခန်းသို့ ခေါ်သွားခံရ၏။ ဝူရှောင်ဟွမ်က အိပ်ပျော်နေသည့် ဝူရှောင်စုန့်ကို ကြည့်ကာ ငိုကြွေးတော့သည်။
ဝူရှောင်စုန့်က အသက် ၈ နှစ်သာ ရှိသေး၏။ ဝူရှောင်ဟွမ် အဖမ်းခံခဲ့ရလျှင် သူက မိဘမဲ့ဂေဟာသို့ အပို့ခံရလိမ့်မည်။
လူတိုင်းက ရဲကားဖြင့် စခန်းသို့ သွားလိုက်ကြသည်။
++++++