← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

106 01

အပိုင်း 106

စခန်းသည် အမှုကို စုံစမ်း စစ်ဆေးရန် တစ်ညလုံး အချိန်ပိုဆင်းခဲ့၏။ အစ်မဖေးက စခန်းသို့ ရောက်ချိန်တွင် သူမ ကျယ်လောင်စွာ ကျိန်ဆဲနေသေးသည်။ မျက်နှာတစ်ဝက်၌ သွေးများပေနေကာ အနည်းငယ် ခြောက်ခြားဖွယ် ကောင်းနေတော့သည်။

ယင်းက အမှုကြီးတစ်ခုဖြစ်သောကြောင့် ဒါရိုက်တာတောင် သတိထားရသည်။ သူက ညတွင်းချင်း ပြေးလာပြီး ယွင်မောက်ကျန်း၏ ပုခုံးကို ပုတ်လိုက်၏။

“တော်တယ်။ လောင်ယွင် ထွက်ဆိုချက် ယူဖို့ သူ့ကို အရင်ခေါ်သွား”

ထိုတရားခံများပိုင်ဆိုင်သည့် မိုဘိုင်းဖုန်းများကို ယာယီသိမ်းထားရမည်။ ယင်းက အမှုကြီးဖြစ်သောကြောင့် သူတို့ သက်သေရှာရန် လိုအပ်၏။

ပစ္စည်းများကို စခန်းကောင်တာပေါ်တွင်ထားပြီးနောက် ချင်ယွီစွေက အစ်မဖေး၏ ဖုန်းကိုကိုင်ကာ ဝူရှောင်ဟွမ် ပို့ပေးလိုက်သည့်ပုံကို ဖျက်ရန် ပြင်ဆင်လိုက်သည်။

အဖွဲ့မူးသည် သူစိမ်းကို မြင်သောအခါ သူ့ကိုတားရန် ကြိုးစားလိုက်၏။

“မင်း ဘယ်သူလဲ။ တရားခံရဲ့ ပစ္စည်းတွေကို ထိလို့ မရဘူး”

ချင်ယွီစွေက သူ၏ အိတ်ကပ်ထဲမှ အိုင်တီကတ်ကို ထုတ်ပြပြီး ဒါရိုက်တာအား ပေးလိုက်၏။ ဒါရိုက်တာက ယင်းကို ကြည့်ပြီးနောက် ချက်ချင်းပင် တလေးတစား ဖြစ်သွားတော့သည်။

“မင်္ဂလာပါ။ မင်္ဂလာပါ”

ပြီးနောက် သူသည် အိုင်တီကတ်ကို ချင်ယွီစွေအား ပြန်ပေးပြီး ဖုန်းကြည့်ခွင့်ပေးလိုက်သည်။

ဒါရိုက်တာက ဘာမှ မပြောပေ။ သူတို့အားလုံးက တူညီသည့် စနစ်တစ်ခုမှ လာတာဖြစ်သောကြောင့် အထောက်အထားကို သိသည်။

ချင်ယွီစွေက ဓာတ်ပုံများကို ဖျက်လိုက်ပြီး ဖုန်းပြန်ချလိုက်သည်။

ရဲများက အကျဉ်းသားများကို လူခွဲပြီး စစ်မေးနေသည်။

အစ်မဖေးသည် ဘာမှ မပြောချင်သော်ငြား မည်သည့်အကြောင်းကြောင့်ရယ် မသိ။ သူမ အလိုလိုပင် ပါးစပ်ဟမိကာ ရဲများ မေးချိန်၌ အရာအားလုံး ဝန်ခံမိသွားသည်။

သူတို့သည် ဤကဲ့သို့ ကိစ္စမျိုးကို စလုပ်ခဲ့တာ ကြာပြီဖြစ်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က စတင်ခဲ့သည်။ အစ၌ တစ်နေရာတည်းမှ လာသည့် အစ်မဖေးနှင့် မာစီတို့သာ ရှိသည်။ နောက်ပိုင်းကျ ယဇ်ပူဇော်ရမည့် ယဇ်ကောင်များ ပိုမိုလိုအပ်လာသည်။

လက်တလော နှစ်များ၌ ကျေးရွာများတွင် ယဇ်ပူဇော်ရန် လိုအပ်သည့် လူသားအရေအတွက်က တိုးလာ၏။ ထို့ကြောင့် သူမ ရှောင်လုံကို ရှာပြီးနောက် ဝူရှောင်ဟွမ်ကို ရှာခဲ့သည်။

အစ်မဖေးက မျက်နှာ ဖတ်နည်းကို သိပြီး ရှောင်လုံနှင့် ဝူရှောင်ဟွမ်တို့သည် ပိုက်ဆံအတွက် သူတို့အသက်ကို စတေးမည့်လူများမှန်း သိနေ၏။ ထို့ကဲ့သို့သော လူများက ထိန်းချုပ်ရ လွယ်ကူသည်။

နှစ်ပေါင်းများစွာ ကြာအောင် သူတို့သည် လူများကို ဖမ်းစီးပြီး ပို့ဆောင်ခဲ့သည်။

ရဲက သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

“ပူဇော်တဲ့ နေရာ အတိအကျ ဘယ်မှာလဲ”

အစ်မဖေးက သူ့စိတ်ကို မထိန်းချုပ်နိုင်ဘဲ ပြောလိုက်သည်။

“သူ့တို့ကို ကျားဖောကျေးရွာဆီ ပို့လိုက်တာ”

အစ်မဖေးက အင်မတန် ထိတ်လန့်သွားတော့သည်။ သူမ့စိတ် ထိန်းချုပ်ခံလိုက်ရပြီး အမှန်တိုင်း ပြောထွက်သွား၏။ အဖွဲ့ထဲတွင် မည်သူကများ ထို့ကဲ့သို့ စွမ်းရည်မျိုး ရှိသနည်း။ သူမတို့ ရဲကားထဲ ဝင်ချိန်၌ ကိုယ်ဝန်သည် မိန်းကလေးက သူတို့အားလုံး၏ နဖူးကို ထိသွားကြောင်း မှတ်မိလိုက်လေသည်။

ကိုယ်ဝန်သည်များလား။ သူက ဒီလောက် အသက် ငယ်ငယ်လေးနဲ့ ဒါမျိုး ဘယ်လိုလုပ် လုပ်နိုင်စွမ်း ရှိရတာလဲ။

ဒီတစ်ခေါက် ငါ မကျရှုံးဖို့ မျှော်လင့်ရတာဘဲ။ ရဲက မေးလိုက်တော့သည်။

“ဘာလို့ ပူဇော်ဖို့ လူတွေ အဲလောက်လိုအပ်နေတာလဲ”

ထို့ငယ်ရွယ်သည့် ရဲတစ်ယောက်အဖို့ လူသားယဇ်ပူဇော်ခြင်းကို ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်ပြီး သူ့အတွက် ယင်းက ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

အစ်မဖေးက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။

106 02

“နတ်ဘုရားတွေကို ပူဇော်ဖို့အတွက်လေ။ ရွာက ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ပူဇော်ဖို့ လိုအပ်တယ်။ လမ်းပြင်တာပဲဖြစ်ဖြစ် တံတားဆောက်တာပဲဖြစ်ဖြစ် ဘိုးဘွားဆောင်၊ အိမ် စတာတွေ ဆောက်တဲ့အချိန်မှာ ကောင်းမွန်တဲ့ ရာသီဉတု ရဖို့ ရေအထွက်နှုန်း တိုးဖို့အတွက် မြစ်နတ်ဘုရားကို ပူဇော်ဖို့လည်း လိုတယ်”

ရွာထဲရှိလူတို့သည် နတ်ဘုရားထံသို့ ပူဇော်သည့် ပစ္စည်းက လတ်ဆတ်လေ။ နတ်ဘုရားများက သူတို့ကို ကြွယ်ဝချမ်းသာမှုနှင့် ချောမွေ့သည့်ဘဝ ရရှိလိမ့်ဟု ယုံကြည့်နေကြတာပဲ ဖြစ်သည်။ ငယ်ရွယ်သည့် ရဲက ကျားဖောကျေးရွာသို့ ပို့ခဲ့သည့် လူအရေအတွက်ကို ကြားပြီး ထိတ်လန့်ခြောက်ခြားသွားသည်။

အစ်မဖေးက အားလုံး ပြောပြခဲ့သည်။

ထွက်ဆိုချက်ကို မှတ်တမ်းတင်ချိန်၌ မနက် ၂ နာရီ ထိုးနေပြီ ဖြစ်သည်။

….

ဒါရိုက်တာက အမှုကို အထူးဌာနက လက်လွှဲယူမည် မှန်းသိနေ၏။ စုံစမ်းစစ်ဆေးမှု ပြီးကာ ထွက်ဆိုချက်များကို ဖတ်ပြီးနောက် လုံချီရှောင်သည် အစ်မဖေး၏ ကျင့်ကြံမှု အားလုံးကို ဖြတ်လိုက်၏။

အစ်မဖေး၏ ကျင့်ကြံမှုက မမြင့်မားသော်ငြား သူ၏ ချည်သွေးကြောများကို လိုလိုမယ်မယ် ဖျက်စီးထားတာက ပိုကောင်းသည်။

တည်နေရာက ကျားဖော ကျေးရွာမှန်း သိပြီးနောက် ယွင်ယွီနှင့် သူ၏မိတ်ဆွေများသည် တည်နေရာ အတိအကျကို စစ်ဆေးလိုက်သည်။

ထိုနေရာကနာမည် ကျော်ကြားခြင်း သိပ်မရှိပေ၊ သို့သော်ငြား အင်တာနက်ပေါ်၌ မိတ်ဆက်ထားသည်။ ကျေးရွာက မကြီးမားသော်ငြား အလွန်ကြွယ်ဝပေ၏။ အိမ်တိုင်းသည် စတုရန်းမီတာ တစ်ရာကျယ်သည်။ ဗီလာ တစ်လုံးပိုင်ဆိုင်၏။ တစ်ရွာလုံးက မျိုးနွယ်စုဝင်များ အုပ်စိုးနေပြီး အားလုံး၏ မျိုးရိုးနာမည်က ဖူဖြစ်သည်။

ဖူဟူသည့် အလွန်ရှားပါးသည့် မျိုးရိုး နာမည်ဖြစ်၏။ မျိုးနွယ်စုဝင်များသည် မျိုးရိုးမတူညီသည့် အပြင်လူကို လက်ထပ်ခွင့်မရှိ။

အနား၌ အလွန်နက်ရှိုင်းသည့် ကျားဖောြမစ် ရှိနေသောကြောင့် ရွာသည် ဤနာမည်ရလာတာပဲ ဖြစ်သည်။

လုံချီရှောင်က ရွာကိုကြည့်ကာ ပြောလိုက်လေ၏။

“ဒီရွာနားမှာ တောင်တစ်တောင်ရှိတယ်။နယ်လှည့် ခရီးသွားလုပ်ငန်းက အခုဆို ဖွင့်ဖြိုး တိုးတက်နေပြီ အဲဒီကို တောင်တက်သမားတွေ လာတက်ကြတယ်။ ရွာသားတွေက ဘာမှမပြောဘူး ရွာသားတွေက ဘာမှပြောမှာ မဟုတ်ဘူး၊ ဒီတော့ ငါတို့တွေ ခရီးသွားယောင် ဆောင်ပြီး တစ်ချက်သွားကြည့်လို့ရတယ်”

ယွင်ယွီက မေးလိုက်သည်။

“သူ့ဆရာနာမည်ကို ပြောလား”

လုံချီရှောင်က ထွက်ဆိုချက်ကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။

“သူတို့ရွာမှာ ကျင်းတင်တာအိုဘုရားကျောင်း ရှိတယ်လို့ ပြောတယ်။ သူ့ရဲ့ ဆရာက ဘုရားကျောင်းရဲ့တာအိုပညာရှင်၊ သူရဲ့ဘွဲ့နာမည်က တာအိုဆရာတုန်ဖူ”

ပြောပြီးချိန်တွင် သူက မေးစေ့ ပွတ်လျှက် ပြောလိုက်၏။

“ဒီတာအိုဆရာတုန်ဖူ နာမည်က ဘာကြောင့်ရင်းနီးနေပုံ ပေါ်ပါလိမ့်”

လုံဝမ့်ရင်းက ပြောလိုက်၏။

“ဒီလူ့ရဲ့နာမည်ကို ငယ်ငယ်တုံးက ဒီလူ့နာမည်ကို ဘိုးဘေးတွေဆီက ကြားဖူးတာ မှတ်မိသေးတယ်”

လုံချီရှောင်သည် သူတို့ထက် အသက် အနည်းငယ် ပိုကြီး၏။ သတိပေးခံရပြီးနောက် လုံချီရှောင်က ပြောလိုက်သည်။

“ဟုတ်….ဟုတ်သားပဲ ..သူ့နာမည်ကို ကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်တုန်းက ငါ့ရဲ့ဘိုးဘေးတွေက ဒီလူ့အကြောင်း ပြောခဲ့ဖူးတယ်။ သူက ဆုတ်ယုတ်မှုမျိုးစုံကို လုပ်ပြီး လူပေါင်းများစွာသတ်ခဲ့တဲ့ အမျိုးသမီး တာအိုဆရာတဲ့၊ အရည်အချင်းလည်း အတော်လေး ရှိတယ်။ ငယ်ငယ်က ပညာမျိုးစုံကို တတ်ကျွမ်းတယ်။ ဒါပင်မဲ့ လမ်းမှန်ကို မရောက်ခဲ့ဘူး၊ နောက်ပိုင်းကျ သူက လောကကြီးထဲ ဆိုးရွားတဲ့ သတင်းကျန်ရစ်ခဲ့တာ၊ ငါတို့ ဘိုးဘေးတွေက သူ့ကို ဖယ်ရှားချင်ပင်မဲ့ ရုတ်တရက် ပျောက်သွားတာ။ တာအို ဆရာတုန်ဖူကို တွေ့မယ်ဆိုရင် သူ့ကို ဖယ်ရှားရမဲ့အကြောင်း ဘိုးဘေးတွေက သတိပေးခဲ့တယ်”

ယခု ဤကိစ္စက အနည်းငယ် ရှုပ်ထွေးပုံပေါ်၏။ သို့သော်ငြား ပြဿနာ မည်မျှခက်ခဲစေကာမှု သူ ဖြေရှင်းရမည်။

နောက်ကျနေပြီမှန်း တွေ့သောအခါ လုံချီရှောင်က ပြောလိုက်လေ၏။

106 03

“ပြန်သွားပြီး ကောင်းကောင်း အနားယူ။ မနက်ဖြန် မနက် အစီအစဉ်ကို ဆွေးနွေးမယ်။ ငါတို့မှာ လူတွေ အဲလောက်များ ဒီတော့ ကြောက်စရာ မရှိဘူး”

လုံချီရှောင်သည် လုံမိသားစု၏ မောင်နှမ နှစ်ယောက်နှင့် စုန့်ကျစ်မင်ကို ခေါ်သွားပြီး ဟိုတယ်တွင် တည်းလိုက်၏။

ယွင်ယွီကမှု ယွင်လန်ကို အိမ်သို့ ပြန်ပို့ပေးပြီး သူမအတွက် ပြုလုပ်ပေးထားသည့် ကာကွယ်ရေး ကျောက်စိမ်းအဆောင် ပေးလိုက်သည်။

“မမ ဒါက ညီမ အိမ်မှာရှိနေတုန်း အစ်မအတွက် ထွင်းပေးထားတဲ့ ကာကွယ်ရေးကျောက်စိမ်းအဆောင်ပဲ။ အစ်မ ဆွဲထားလိုက်။ မနက်ဖြန် မနက်ကျ ဒါရိုက်တာလုံနဲ့ တခြားလူတွေနဲ့ အတူ ကျားဖောကျေးရွာကို သွားမှာ”

“ယွီအာ”

ယွင်လန်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“မနက်ဖြန် သွားမှ ဖြစ်မှာလား”

လုံချီရှောင် ပြောတာကို ကြားချိန်တွင် အစ်မဖေး၏ ဆရာက သာမန်လူတစ်ယောက် မဟုတ်မှန်း သိလိုက်ရသည်။ သူမ၏ ချစ်သူကြောင့် သူမညီမကို မစွန့်စားစေချင်ပေ။

ယွင်ယွီက သိမ့်မွေ့စွာ ပြောလိုက်၏။

“မမ မစိုးရိမ်နဲ့ ညီမ ဂရုစိုက်လိုက်မယ်။ ဖေးဟယ်ကိုလည်း ကူညီပြီး လက်စားချေပေးမယ်။ ညီမကို ယုံရမယ်”

တစ်ခါတစ်ရံတွင် ရွေးချယ်စရာ မရှိပေ။ ထင်တိုင်း စွမ်းရည်ရှိသား ဖြစ်ကာ ကိစ္စတချို့ လုပ်ရန် ကံပါပြီးသား ဖြစ်သည်။

ယွင်ယွီသည် ယွင်လန်အား ကာကွယ်ရေး ကျောက်စိမ်းအဆောင်ကို ပေးပြီး သူမကို ပွေ့ဖက်လိုက်၏။

“အစ်မ အရင်ဆုံး ရေသွားချိုးနှင့်။ စောစော အနားယူသင့်တယ်”

“ဟုတ်ပြီ”

ညီအစ်မနှစ်ယောက်သည် ရေချိုးပြီးနောက် အခန်းထဲ အိပ်ရာပေါ်တွင် အိပ်ကာ ချင်ယွီစွေကမှု ဧည့်ခန်းအပြင်ဘက်ရှိ ဆိုဖာပေါ်တွင် နေလိုက်သည်။ ညီမနှစ်ယောက်က ကောင်းကောင်း အိပ်မပျော်။ ယွင်လန်ကမှု တွန့်ဆိုင်းနေပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ယွီအာ သူနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ။ လက်မထပ်ရသေးခင် ဘယ်လိုလုပ် ကိုယ်ဝန် ညရလာတာလဲ”

ယွင်ယွီသည် ဘာကိုမှ မဖုံးကွယ်ဘဲ ယွင်ဝေးဝေးလုပ်ခဲ့သည့် ဆိုးရွားသည့် ကိစ္စရပ်များအကြောင်း သူမအစ်မကို ပြောခဲ့ပြီး ချင်ယွီစွေနှင့် မတော်တဆ တွေ့ဆုံခဲ့ပုံကို ပြောပြခဲ့၏။

ထိုစကားကြားချိန်၌ ယွင်လန်က ဒေါသထွက်သွားလေ၏။ ယွင်ယွီက သူမအစ်မကို အမြန် နှစ်သိမ့်ပေးလိုက်သည်။

“မမ အဆင်ပြေတယ်။ ယွင်ဝေးဝေးက သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ရသွားပြီ”

သူမသည် ယွင်ဝေးဝေး ခံစားနေရသည့် အရာများအားလုံးကို ပြောပြလိုက်၏။

ယွင်လန်က သက်ပြင်းချလိုက်သည်။

“သူ ခံသင့်တယ်။ သူတို့ ညီမကို ထပ်လာရှာမှာ ဆိုးတယ်”

၎င်းတို့ကို ဖယ်ရှားရန်က မလွယ်ကူပေ။

ယွင်ယွီက ပြောလိုက်၏။

“သူတို့လာရင် မောင်းထုတ်လိုက်ရုံပေါ့”

ထို့မိသားစုဝင် သုံးယောက်ကို သူမ မည်ကဲ့သို့ ကြောက်မည်နည်း။

ညီအစ်မနှစ်ယောက် စကားပြောပြီးနောက် ယွင်လန်၏ စိတ်အခြေအနေ ပိုကောင်းလာသည်။ ကာကွယ်ရေး ကျောက်စိမ်းအဆောင်၏ အာနိသင်ကြောင့် ဖြစ်ဟန်တူ၏။ အိပ်ပျော်သွားပြီး‌နောက် ယွင်လန်သည် ယခင်ညများကဲ့သို့ အိမ်မက်ဆိုး မမက်တော့ပေ။ ဖေးဟယ်နှင့် သူမအတိတ်အကြောင်းသာ အိမ်မက်မက်နေ၏။ သူမ အိမ်မက်ထဲတွင်တောင် ငိုနေမိသည်။

106 04

နောက်တစ်နေ့တွင် လူတိုင်း အိပ်ရာထပြီး မနက်စာစားလိုက်၏။ ယွင်ယွီက သူမအစ်မကို အကြံတချို့ပေးပြီး ကောင်းကောင်း အနားယူရန်နှင့် အတွေးမလွန်ရန် ပြောခဲ့သည်။

သူမ အပြင်ထွက်ပြီး လုံချီရှောင်တို့ကို တွေ့မည့်အချိန်တွင် ယွင်ယွီက သူမ့ ဒုတိယဦးလေးကို ခေါ်ကာ ညစာစားဖို့ သူမအစ်မကို ဖိတ်ခေါ်ရန်နှင့် သူမနှင့် စကားများများ ပြောပေးခိုင်းလိုက်၏။ သို့မှသာ သူမ စိတ်ပြေပျောက်နိုင်မှာပဲ ဖြစ်သည်။

ယွင်မောက်ကျန်းကလည်း သိကြောင်းပြောပြီး သူ့တူမကို မစိုးရိမ်သင့်ကြောင်း လမ်းတွင် ဂရုစိုက်သင့်ကြောင်း ပြောခဲ့၏။

ယွင်ယွီက ပြောလိုက်သည်။

“ဦးလေး သမီး နားလည်ပြီ။ အခု ဖုန်းချလိုက်တော့မယ်”

နှစ်ယောက်သားသည် လုံချီရှောင်နှင့်တွေ့ရန် ဟိုတယ်သို့ သွားလိုက်၏။

လုံချီရှောင်နှင့် အဖွဲ့သည် ကျားဖောကျေးရွာကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

“ကျားဖောကျေးရွာမှာ စုစုပေါင်း အိမ်ခြေ ၈၉ ခု ရှိတယ်။ အားလုံးရဲ့ မျိုးရိုးက ဖူပဲ။ အစတုန်းက မိသားစုငယ်လေးတစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက လူတွေက တဖြည်းဖြည်းချင်း မိသားစုထဲဝင်လာကြပြီး မျိုးနွယ်စုက ကြီးလာတာ တရုတ်ပြည့်သူ သမ္မတနိုင်ငံ ခေတ်ကာလမှာ အိမ်အရေအတွက်က ၂၀၀ ကနေ ၃၀၀ တိုးလာတယ်။ အဲဒီတုန်းက တခြားမျိုးရိုးနဲ့ လူတွေ များတယ်။ ဆယ်စုနှစ် တစ်စုကြာပြီး အစက ဆင်းရဲတဲ့ ကျေးရွာက ကြွယ်ဝချမ်းသာလာတယ်။ လူအရေအတွက်က နည်းသထက် နည်းလာတယ်။ မိသားစု တစ်ဒါဇင်လောက်ပဲ ကျန်ခဲ့တာ။ အားလုံးက အင်မတန် ကြွယ်ဝ ချမ်းသာကြတယ်။ သူတို့က တခြားနေရာက ပစ္စည်းမျိုးစုံ ဝယ်ပြီး စီပွားရေးလုပ်ကိုင်တယ်။ ဒါပေ့မယ့် သူတို့က ကျားဖောကျေးရွာမှာပဲ နေတာ”

စုန့်ကျစ်မင်က ကျိန်ဆဲလိုက်၏။

“ဒီရွာက အကြောင်းအရင်းမရှိ ချမ်းသာလာတာ။ တာအိုဆရာ တုန်ဖူနဲ့ သက်ဆိုင်နေတာပဲ ဖြစ်မယ်”

လုံချီရှောင်က ပြောလိုက်၏။

“ခရီးအတွက် လေယာဉ်လက်မှတ် ဝယ်ပြီးပြီ။ နေ့လည်ကျ ရောက်မယ်”

ကျားဖောကျေးရွာက ကျန်းရှန်မြို့တွင် ရှိပြီး ချင်းဟယ်မြို့နှင့် ခရိုင်တူပေ၏။

သို့သော် ကျန်းရှန်မြို့သည် ခရိုင်မြို့နှင့် အတော်ငယ် ဝေးပြီး ကျားဖော ကျေးရွာက ပိုတောင်ဝေး၏။

ကျန်းရှန်းမြို့သို့ ရောက်ရန် လေယာဉ်ဖြင့် အချိန်တစ်နာရီသာ ယူရသည်။ ကျားဖောကျေးရွာသို့ ဘတ်စ့်ကား စီးသွားနိုင်၏။

သူတို့ အဖွဲ့သည် နေ့လည် ၃ နာရီ၌ ကျားဖောကျေးရွာသို့ ရောက်သွား၏။ ယွင်ယွီကမှု ကားထဲတွင် အားလုံးကို အဆောင်များ ပေးလိုက်သည်။

သူမက ထူးခြားသော အခြေအနေများ တွေ့ကြုံ့မှာ စိုးရိမ်၏။ ထို့ကြောင့် အဆောင်များ စောစောစီးစီး ဖြန့်ဖြူး ပေးထားတာပဲ ဖြစ်သည်။ ချင်ယွီစွေ့တာဝန်ပြီးနောက် သူမ အဆောင်များ ပိုမို ရေးဆွဲခဲ့၏။

မိုးကြိုးငါးပါး အဆောင်သည် မရှိမဖြစ် လိုအပ်၏။ ဤအဆောင်သည် မိစ္ဆာများအားလုံး၊ မကောင်းဆိုးဝါးများအားလုံး ကြောက်ရွံ့ပြီး အင်မတန် အသုံးဝင်၏။

တခြားသော အဆောင်များလည်း ဖြန့်ဖြူး ပေးထားသေးသည်။

ကျားဖောကျေးရွာသို့ ရောက်ရှိပြီးနောက် မြို့ဝင်ပေါက်သည် စကားသုံးလုံးဖြင့် ဧရာမ ကျောက်ပြားတစ်ချပ်သာဖြစ်ပြီး ထို့ပေါ်၌ ကျားဖောကျေးရွာ ဟုထွင်းထုထားသည်။

ယွင်ယွီသည် ကျောက်ပြားကို စက္ကန့်တချို့ကြာအောင် ကြည့်နေမိ၏။ ကျောက်ပြားသည် သာမန်ကျောက်တုံး မဟုတ်ပေ။ ရွာထဲ၌ မညှာမသာ သေသွားသည့် ဝိညာဉ်တို့ကို ဖိနှိပ်ရာ၌ အသုံးပြုတာပဲ ဖြစ်သည်။

သူမ ယခုအချိန်တွင် ကျောက်ပြားကို မဖယ်နိုင်သေးပေ။ တာအိုဆရာတုန်ဖူ သတိထားမိသွားမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။

ရွာထဲ လျှောက်သွားစဉ် မျက်နှာမူနေသည့် တံတားကို တွေ့ရလိမ့်မည်။ တံတားက ပြင်ပလောကနှင့် ကျေးရွာကို ဆက်ပေးထားသည့် တစ်ခုတည်းသော နေရာ ဖြစ်၏။

တံတား‌အောက်၌ တစ်စုံတစ်ခုကို မြုပ်နှံထားပြီး တံတားတည်ဆောက်ချိန်တွင် လူသားများကို ပူဇော်ခဲ့ကြောင်း သူမ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။

မျက်မှောင် ကြုတ်မိသွားလေ၏။

ရွာသို့ ရောက်သည့်အချိန်တွင် ရွာက အတော် ကြွယ်ဝချမ်းသာကြောင်း ရှာတွေ့ခဲ့၏။

ဝင်ပေါက်ထွက်များ၌ ဗီလာများ ပြည့်နေပြီး ခြံဝန်းကလည်း ကျယ်ကာ စတုရန်းမီတာ ရာချီ ကျယ်ဝန်းသည်။ ကျေးရွာထဲ၌ လူများများစားစား မရှိပေ။ ထို့ကြောင့် လမ်းပေါ်၌ လူအနည်းအကျဉ်းသာ ရှိ၏။ အနား၌ ကျားဖောမြစ်လည်း ရှိကာ လူတချို့တလေသာလျှင် သွားကြည့်ကြသည်။

မထင်မှတ်ထားဘဲ မြစ်နားလျှောက်သွားချိန်တွင် လူများစွာ စုဝေးပြီး အော်ဟစ်နေတာကို တွေ့လိုက်ရ၏။ ဖြတ်သွားသည့် လူများက သတိပြုမိပုံမပေါ်။ သူမ လျှောက်သွားချိန်မှသာလျှင် ထို့လူများလုပ်နေတာကို သဘောပေါက်သွား၏။

သူတို့ ငါးမျှားနေကြတာပဲ ဖြစ်သည်။ လှေတစ်စင်းက ငါးဖမ်းပိုက်ကွန်ဖြင့် မြစ်ထဲ သွားနေ၏။ လှေက ကုန်အပြည့်ဖြင့် ပြန်လာပြီး ပိုက်ကွန်၌ ငါးများပြည့်နေတာ တွေ့လိုက်ရသည်။

ကမ်းစပ်ရှိ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်၏။

“ဖူတာဖူး ခင်‌ဗျားရဲ့ မြစ်က ဒီနှစ် အထွက်ကောင်းတာပဲ”

သူတို့ရထားသည့် အချက်အလက်အရ ကျားဖောမြစ်ကို ဖူတာဖူးဟုသည့် ရွာသားက ငါးမွေးရန် ငှားရမ်းထားတာပဲ ဖြစ်သည်။

ဆယ်နှစ်ကြာ ငှားရမ်းပြီးနောက် နှစ်စဉ်နှစ်တိုင်း များစွာ အထွက်နှုန်း တိုးလာသည်။

******

All Chapters