← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

107 01

အပိုင်း 107

ယွင်ယွီနှင့် ကျန်သည့်သူများက ကမ်းစပ်တွင် ရပ်နေလျှက် ရေထွက်ပစ္စည်းများ ပြည့်နေသည့် ငါးဖမ်းလှေများကို ကြည့်ပြီး ကျောစိမ့်လာကာ သူတို့ရင်ထဲ ဒေါသများ ထွက်လာလေ၏။

ဖေးဟယ်ကို မြစ်နတ်ဘုရားထံ ပူဇော်ရန် လွှတ်လိုက်ကြောင်း ဝူရှောင်ဟွမ် ပြောခဲ့ပြီး ဒီနေရာ ဖြစ်လောက်သည်။ အနည်းဆုံးတော့ ဤနှစ်တွင် မြစ်ထဲ ပစ်ချခံရသည့်သူ အရေအတွက်က များပေလိမ့်မည်။ အပေါ်ယံတွင်မှု မြစ်နတ်ဘုရားကို ပူဇော်သည်ဟု ဆိုသော်ငြား တကယ်တမ်းတွင် မည်သည့်ကို ပူဇော်မှန်း မည်သူက သိမည်နည်း။

ယွင်ယွီက ဒေါသထွက်သွားလေ၏။ သူမဒေါသကို မဖိနှိပ်နိုင်တော့ပေ။ သူမ ရှေ့သို့ နှစ်လှမ်းတိုးမိသွားသည်။ လုံချီရှောင်က သူမလက်ကို လှမ်းကိုင်လျှက် တီးတိုး ပြောလိုက်၏။

“စိတ်လိုက်မာန်ပါ မလုပ်နဲ့”

ယွင်ယွီက နှုတ်ခမ်းတင်းတင်း စေ့ထားလျှက် မျက်လွှာချကာ ပြောလိုက်သည်။

“ကျွန်မ နားလည်ပါတယ်”

ချင်ယွီစွေက သူမလက်ကို ကိုင်ထားလျှက် သူမကို သူ့နောက်တွင် ကာကွယ်ပေးထားသည်။

ကျားဖောကျေးရွာမှ ရွာသားများအပါအဝင် အနီးတစ်ဝိုက်ရှိ ငါးစိမ်းသည်များသည် ငါးဝယ်ရန် ဤနေရာသို့ လာလေ့ရှိကြသည်။

တစ်စုံတစ်ယောက်က သူတို့ကို သတိပြုမိပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေ၏။

“ခရီးထွက်လာကြတာလား။ ခင်ဗျားတို့ တကယ် ကံဆိုးတာပဲ။ နှစ်ရက်စောပြီး ရောက်မယ်ဆိုရင် သူဌေးမိသားစုက ဖမ်းမိသွားတဲ့ ငါးဘုရင်ကို တွေ့ရမှာ။ ယွမ် ငါးသိန်း ရှစ်သောင်းနဲ့ လေလံအောင်သွားတာလေ။ ဒီနှစ်တွေထဲ အဲလောက်ကြီးတဲ့ ငါးကို တွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ။ ဒါက လက္ခဏာကောင်းတစ်ခု”

လုံချီရှောင်က ရှေ့တိုးလျှက် ထိုလူ၏ ပုခုံးကို ပုတ်လိုက်၏။

“ညီအစ်ကို ငါးဝယ်ဖို့ ဒီရောက်လာတာလား”

ထိုလူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အမှန်ပဲပေါ။ ကျုပ်တို့တွေ ငါးဘုရင်ကို လေလံမဆွဲနိုင်ခဲ့ပေ့မဲ့ တာဖူးက မွေးမြူထားတဲ့ ငါးတွေက ပစ္စည်းကောင်းဖြစ်ပြီး နူးညံ့တယ်။ နှစ်စဉ်နှစ်တိုင်း ကျုပ်တို့လို့ ငါးစိမ်းသည်တွေက သူဆီကနေ ငါးလာဝယ်တာပေါ့။ သူကလည်း ငါးတွေ ရောင်းပေးတယ်လေ။ ဒီနေ့ နောက်ဆုံးနေ့။ လူ တော်တော်များများ ရောက်လာြကပြီး ဒါက နောက်ဆုံးတစ်သုတ် ဖြစ်လောက်တယ်။ ခင်ဗျားတို့ အချိန်မှားလာမိတာပဲ”

“ငါး နည်းနည်းလေးပဲ မှတ်လား။ အရသာ ဘယ်လိုလုပ်ကောင်းမှာလဲ။ ငါးမန်းတောင်နဲ့ ငှက်သိုက်ကို ယှဉ်နိုင်လို့လား”

လုံချီရှောင်က အဓိပ္ပာယ်မှားမှား မေးလိုက်၏။

“ဘယ်လိုလုပ် မယှဉ်နိုင်ရမှာလဲ။ ခင်ဗျားတို့ကို ပြောပြမယ်။ ဒီနေရာက ပင်လယ်စာတွေက တာဖူးမြစ်ထဲကနေ ဖမ်းထားတာ။ အနီးအနား စားသောက်ဆိုင်တွေက ပင်လယ်စာတွေကလည်း အရောင်းကောင်းဆုံးပဲ။ လူအများစုက ဝယ်သွားကြပြီး အိမ်မှာ ချက်ပြုတ်စားကြတယ်”

ငါးသည် မည်သည်ကို စားပြီး ကြီးထွားလာမှန်း မသိ။ ထို့ကြောင့် လုံချီရှောင်သည် ယနေ့ည ညစာစားချိန်တွင် အနီးရှိ မြို့သို့ သွားချိန်၌ ပင်လယ်စာ မမှာဖို့ ဆုံးဖြတ်လိုက်မိသည်။

ငါးဖမ်းလှေက ကမ်းကပ်လာပြီး လူတိုင်းက အလုပ်များလာကာ ယွင်ယွီတို့ အဖွဲ့ကို တွန်းတိုက်သွားတော့သည်။

အသက် ၆၀ ခန့်ရှိသည့် အဘိုးအိုသည် သူတို့ကို သတိပြုမိကာ သူတို့ဆီ တည်ငြိမ်စွာ လျှောက်လာပြီး ပြောလိုက်လေ၏။

“လူလေးတို့ ဒီကို ဘာလာလုပ်ကြတာလဲ”

107 02

အဘိုးအို၏ နဖူးပေါ်၌ မကောင်းသည့်နိမိတ် ရှိနေတာကို မြင်လိုက်ရပြီး တစ်စုံတစ်ယောက်၏ အသက်က သူ့ကိုယ်ထဲတွင် ရှိနေတာကို မြင်သောအခါ ယွင်ယွီသည် စကားမပြောချင်တော့ဘဲ ချင်ယွီစွေ၏ လက်ကိုသာ ငြိမ်သက်စွာ ဖက်တွယ်ထားလိုက်သည်။

လုံချီရှောင်က အဘိုးအိုကို တစ်ချက်ကြည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“အဘိုး ကျုပ်တို့က ခရီးထွက်ဖို့ ဒီရောက်လာတာပါ။ အနီးနား တောင်တန်းတွေက ရှုခင်းတွေက လှတယ်လို့ ကြားထားတယ်။ ဒါကြောင့် အထူးတလည် လာကစားတာ”

အဘိုးအို၏ အသွင်အပြင်က ပိုပြီး စိတ်အေးသက်သာရှိသွားကာ ပြုံးလိုက်လေ၏။

“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ နေရာက တကယ် ရှုခင်းလှတယ်။ တောင်ပေါ် သွားချင်တယ်ဆိုရင် မနက်ခင်းမှာ သွားတာ အကောင်းဆုံးပဲ။ လမ်းလျှောက်ပြီးရင် နေ့လည်ကျ နေ့လည်စာစားဖို့ မြို့ကို သွား။ မြို့တက်လို့ ရတယ်။ အခုတော့ သုံး၊လေးနာရီ ရှိနေပြီဆိုတော့ မကြာခင် မှောင်တော့မှာ။ တောင်တက်တာ မလုံခြုံဘူး”

“ရပါတယ်။ ကျွန်တော်တို့ အနီးအနား လျှောက်ကြည့်ရုံပါပဲ။ စိတ်မပူပါနဲ့ အဘိုး”

အဘိုးအိုက ပြောလိုက်လေ၏။

“အဆင်ပြေပါတယ်။ ဒါပေမဲ့ ညအချိန်မှာ မင်းတို့ ငါ့ကို ပိုက်ဆံပေးတယ်ဆိုရင်တောင် ညအချိန်မှာ ငါတို့ ရွာထဲ သူစိမ်းတွေ နေခွင့်မပေးဘူး။ ရွာထဲမှာ စားစရာ နေရာလည်း မရှိဘူးလေ။ ရွာကနေ စောစော ပြန်တာ ပိုကောင်းလိမ့်မယ်”

လုံချီရှောင်က ဟုတ်ကဲ့ ဟုပြောပြီး အဘိုးအိုကို မေးလိုက်၏။

“အဘိုးက ဘယ်သူများလဲ”

ထိုလူအိုကြီးသည် အဖြူရောင် မုတ်ဆိတ်မွှေးများကို သပ်လျှက် ပြောလိုက်သည်။

“ကျုပ်က ရွာသူကြီးပဲ”

ထိုသို့ ပြောပြီးသည့်နှင့် သူ့နောက်၌ ပုန်းနေသော ယွင်ယွီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အနည်းငယ် ပူဖောင်းနေသော ဗိုက်ကို မြင်ပြီး သူ၏ မြူစိုင်းနေသော မျက်လုံးများက ချက်ချင်းလက်သွားသည်။ သို့သော် သူတို့၏ လူအရေအတွက်ကို သတိပြုမိသောအခါ အဘိုးအို၏ အကြည့်က မှေးမှိန်သွားသည်။

“ရွာသူကြီးကိုး”

လုံချီရှောင်က ပြုံးပြီး မေးလိုက်၏။

“သူကြီး။ သူကြီးတို့ ရွာမှာ တာအိုဘုရားကျောင်းတစ်ခုရှိတယ်လို့ ကြားထားတယ်။ ကျုပ်တို့ သွားကိုးကွယ်ချင်လို့ သွားလို့ရမလား”

အဘိုးအိုက သတိအနေအထား ဖြစ်သွားကာ မေးလာလေ၏။

“တာအိုဘုရားကျောင်းမှာ ဘာလုပ်မှာလဲ”

လုံချီရှောင်က သက်ပြင်းချလိုက်သည်။

“ကျုပ်တို့ ဘာများ လုပ်နိုင်အုန်းမှာလဲ။ ကျုပ် လက်တလောမှာ ကံအရမ်းဆိုးနေတာ။ အနီးအနားက လူတွေဆီကနေ ကြားတာတော့ ဒီမှာ တာအိုဘုရားကျောင်း ရှိကြောင်း ကြားထားတယ်လေ။ ဒါကြောင့် ရှုခင်း ကြည့်ရင်း ဆုတောင်းဖို့ တောင်ပေါ် သွားမလို့လေ။ ကျွန်တော်တို့ကို ကောင်းချီးပေးပြီး အားလုံးအတွက် ဝင်ငွေဖြစ်ဖို့ မျှော်လင့်နေတာ”

အဘိုးအိုက ပြောလိုက်၏။

“ငါသိပြီ။ ဒါပေမဲ့ ငါတို့ တာအိုဘုရားကျောင်းက ငါတို့ ရွာက လူတွေပဲ ကိုးကွယ်ခွင့်ရှိတာ။ အပြင်လူတွေကိုတော့ ဘုရားကျောင်းသခင်က လာတွေ့ခွင့်ပေးမှာ မဟုတ်ဘူး။ ကံပေါ်မူတည်နေတာပဲ။ တောင်ပေါ်မှာ တွေ့ဖို့ ကံပါလာရင် တစ်ယောက်နဲ့ တစ်ယောက် တွေ့လိမ့်မယ်”

ယင်းသည် ဝတ်ကျေတန်းကျေမျှသာ ပြောသည့် စကားဖြစ်ပေ၏။ ဧည့်မတွေ့သည့် တာအိုဘုရားကျောင်းကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ဖြစ်သည်။

လုံချီရှောင်က ရင်ထဲ ရှုံ့ချလိုက်သော်ငြား မျက်နှာအထက်တွင် မပြပေ။ ရွာသူကြီးကို ကျေးဇူးတင်စကားပြောပြီးနောက် ထွက်လာ၏။

မြစ်ကနေ ခွာလာပြီးနောက် လူတချို့က ရွာနားတစ်ဝိုက် သွားလိုက်သည်။

စုန့်ချန်းမင်က ပြောလိုက်လေ၏။

107 03

“ဒီရွာသူကြီးက ထူးဆန်းတယ်။ သူ တစ်ခုခု မှားနေတာပဲ။ တာအိုဆရာ တုန်ဖူက တာအိုဘုရားကျောင်းထဲမှာ နေတာပဲ ဖြစ်ရမယ်။ တာအိုဆရာ တုန်ဖူကို ဖယ်ရှားနိုင်တာနဲ့ ကျန်တဲ့ ရွာသားတွေက ပြဿနာ မဟုတ်တော့ဘူး”

လုံဝမ့်ရင်းက ခေါင်းညိတ်လိုက်၏။

“တာအိုဆရာတုန်ဖူကို အဓိက ဖြေရှင်းရမယ်။ လူတွေကို ပူဇော်တာက သူ လှုံဆော်ပေးတာပဲ ဖြစ်မယ်။ အဲဒီတုန်းက တာအိုဆရာ တုန်ဖူပျောက်သွားပြီးတဲ့ အချိန်မှာပဲ ရွာက တဖြည်းဖြည်း စည်ပင် ဝဖြိုးလာတာ”

“ဒါဆိုရင် လူရှာဖို့အတွက် ငါတို့ တောင်ပေါ် တက်မှာလား”

လုံချီချန်းက မေးလိုက်လေ၏။

“မနက်ဖြန် မနက်ပေါ့”

လုံချီရှောင်က ဖြည်းဖြည်းချင်း လမ်းလျှောက်နေပြီး အတော်လေး စိတ်ရှိနေပုံပေါ်၏။

“မှောင်နေတော့ တောင်ပေါ်တက်ဖို့ အဆင်မပြေဘူး။ ပြောရရင် အဲဒါက စုန်းမရဲ့ နယ်မြေပဲလေ။ နေ့အချိန်မှာ ပိုလုံခြုံတယ်။ ရွာနားတစ်ဝိုက် လျှောက်ကြည့်ပြီး စားသောက် အနားယူဖို့ မြို့ကို သွားရအောင်။ မနက်ဖြန် မနက်ကျ တောင်တက်မယ်”

သူက ယွင်ယွီကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“ခယ်မ အဆင်ပြေလား”

ယွင်ယွီက ကိုယ်ဝန် ဆောင်ထားရသောကြောင့် သူ အတော်လေး စိတ်ပူနေမိသည်။

ယွင်ယွီသည် တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောခဲ့ဘဲ ယခုကျမှသာ ငြင်သာစွာ ပြောလိုက်၏။

“ပြေပါတယ်”

လုံချီချန်းနှင့် လုံဝမ့်ရင်းတို့သည် စကားပြောရမှာ တွန့်ဆုတ်နေပုံပေါ်၏။ သူတို့နှစ်ယောက်လုံး အနည်းငယ် မှင်သက်နေသည်။ ယွင်ယွီကလည်း သူတို့ မိတ်ဆွေ ဖြစ်၏။ သူတို့သည် မြို့တော်၌ ပညာရေးနှီးနှော ဖလှယ်ပွဲ၌ ပါဝင်ခဲ့ပြီး ရံဖန်ရံခါတွင် အုပ်စုထဲ၌ စကားပြောလေ့ရှိသည်။ သို့သော် ယခု သူတို့၏ သူငယ်ချင်းကောင်းက သူတို့ ဝမ်းကွဲဇနီး ဖြစ်လာသည်။

ဧရာမဘိုးဘေးခန်းမ ရှိရာ နေရာ၌ လူတချို့ လည့်လှည့်သွားကြနေကြသည်။

ပတ်ဝန်းကျင် ဧရိယာကို အရိပ်သစ်ပင်များက အရိပ်မိုးပေးထားပြီး ခြောက်ခြားဖွယ် အငွေ့အသက်တစ်ခု ရှိသည်။

ဤရွာ၌ လူများစွာ သေဆုံးခဲ့ပြီး အားလုံးက အစိမ်းသေတာပဲ ဖြစ်သည်။ မည်မျှ ကောင်းမွန်စွာ တည်ဆောက်ထားစေကာမှု ခြောက်ခြားဖွယ်အငွေ့အသက်ကို မဖိနှိပ်နိုင်ပေ။

ကျားဖောကျေးရွာက ပိုင်ဆိုင်သည့် မျိုးနွယ်စု ဘိုးဘွားဆောင်သည် အနီရောင်နံရံနှင့် အစိမ်းရောင်တိုင်များ ရှိသည်။ နှစ်ထပ်အိမ်ဖြစ်ကာ ဝင်ပေါက်တွင် တံစက်မြိတ်ရှိထားပြီး ထိုတံစက်မြိတ်အောက်၌ ရှည်သဏ္ဌာန်အကွက်ဖြင့် မီးခိုးရောင်ကျောက်တုံးများ ရှိနေသည်။

ဘိုးဘေးခန်းမတစ်ခုလုံးသည် ခန်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် ကောင်းပုံပေါ်၏။

ဤကဲ့သို့ နေရာသည် နာမည်ကျော် ရှုခင်းကြည့်သည့် နေရာတစ်ခု အလွယ်တကူ ဖြစ်လာနိုင်ပြီး လူများစွာ လာရောက် လည်ပတ်ကြလိမ့်မည်။ သို့သော် ရွာကမှု ဤနေရာကို သီးသန့်နေရာတစ်ခုအဖြစ် သတ်မှတ်ထားပြီး အပြင်လူများ လာခွင့်မပေးထားပေ။ ဘိုးဘေးခန်းမတံခါးကို တင်းကြပ်စွာ ပိတ်ထားပြီး မျိုးနွယ်စုပွဲများ ရှိသည့်အချိန်တွင် အမျိုးမျိုးသော ပူဇော်ခြင်း အခမ်းအနားများတွင်သာ ဖွင့်လေ့ရှိသည်။

သူတို့သည် ဘိုးဘေးခန်းမအပြင်ဘက်၌ မိနစ်အနည်းငယ်ကြာ လှည့်လည်သွားနေစဉ် တစ်စုံတစ်ယောက်က သတင်းကြားပြီး သူတို့ကို လာမောင်းထုတ်လေ၏။

လုံချီရှောင်နှင့် ကျန်သည့်သူများက မောင်းထုတ်ခံချိန်တွင် ဂရုမစိုက်ဘဲ ထွက်သွားတော့သည်။

ညနေ ၅ နာရီဝန်းကျင်၌ ရွာထဲမှ ထွက်ပြီး အနားရှိ မြို့သို့ သွားလိုက်သည်။

မြို့ထဲ၌ လူအတော်များပေ၏။ ထိုင်စရာ ရှာပြီး စားသောက်လိုက်သည်။ သူတို့ပင်လယ်စာ မမှာဘဲ ဟင်းသီးဟင်းရွက်သာ မှာခဲ့သည်။

107 04

ကျားဖောကျေးရွာ ရွာသူကြီးကို သူတို့ လတ်တလော၌ ကံဆိုးနေကြောင်း ပြောခဲ့သောကြောင့်သူတို့သည် ဘေးကင်းလုံခြုံသည့် အနေအထားဖြင့် နာမည်ကြီး ဟော်တယ်တွင် နေရန် ဆုံးဖြတ်ပြီး ထိုအစား သက်သာသည့် ဧည့်ဂေဟာ တစ်ခုသာ ရှာခဲ့သည်။

ဤနေရာ၌ ခရီးသွားများ မကြာခဏ လာရောက်လေ့ရှိသောကြောင့် ဤနေရာရှိဟော်တယ်များက သန့်ရှင်းသည်။

သူတို့ အဖွဲ့က လူခြောက်ယောက် ရှိသည်။ ယွင်ယွီနှင့် ချင်ယွီစွေက တစ်ခန်းနေပြီး ကျန်သည့် သူများက ကိုယ်ပိုင်အခန်း ကိုယ်စီဖြစ်သည်။

စုန့်ချန်းမင်က ယွင်ယွီကို ကြည့်လိုက်၏။ သူက စကားများသူဖြစ်ပြီး ယွင်ယွီကို စကားပြောတာ သဘောကျသည်။ စောသေးသောကြောင့် အိပ်မပျော်နိုင်ပေ။ ထို့ကြောင့် သူ ယွင်ယွီကို စကားသွားပြောချင်၏။ သို့သော် သူမ မိသားစု၌ တစ်စုံတစ်ခု ဖြစ်သွားပြီး သူမ စိတ်မပျော်မရွှင် ဖြစ်နေမှန်းလည်း သိသည်။ ထို့ကြောင့် သူ သည်းခံရုံသာ တတ်နိုင်သည်။

ချင်ယွီစွေသည် ယွင်ယွီကို အခန်းထဲ ပြန်ခေါ်သွားချိန်တွင် စုန့်ချန်းမင်က သက်ပြင်းချလိုက်ပြီး လုံချီရှောင်ကမူ သူ့ခေါင်းကို ပုတ်လိုက်သည်။

“လာကွာ အခန်းထဲပြန်ပြီး ဂိမ်းဆော့ရအောင်”

ခုနစ်နာရီသာ ရှိသေးသဖြင့် သူတို့ အိပ်ယာစောစော မဝင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ကဒ်ကစားရန် ဝယ်လိုက်ကြသည်။

လေးယောက်သားသည် နှစ်ယောက်အိပ် ကုတင်ရှိရာ လုံချီရှောင်၏ အခန်းရှိရာကို လိုက်လာ၏။

သူတို့လေးယောက်က တစ်ယောက်နှင့် တစ်ယောက် အလွန် ရင်းနှီးပြီး သုံးယောက်က တစ်မိသားစုထဲမှ ဖြစ်သည်။ စုန့်ချန်းမင်ကလည်း လုံမိသားစုနှင့် အလွန် ရင်းနှီး၏။ သူတို့က တူညီသော အသိုင်းအဝိုင်းထဲတွင် ရှိနေသောကြောင့် ကန့်သတ်ထားခြင်း မရှိပေ။ သူတို့ ဖိနပ်ချွတ်ပြီးနောက် အိပ်ယာပေါ်တွင် ထိုင်ကာ ပိုကာဆော့လိုက်သည်။ လုံဝမ့်ရင်းကမူ သူမ လက်ထဲရှိ ကဒ်များကို အချိန်အတော်ကြာ ကြည့်နေမိပြီး ပြောလိုက်သည်။

“အစ်ကို အစ်ကိုဝမ်းကွဲအကြောင်း အဖိုးကို ဘယ်လိုပြောသင့် သလဲ”

လုံဝမ့်ရင်းသည် မိသားစု၏ ဒုတိယအခွဲမှ လာသည်။ စစ်သူကြီးလုံကမူ သူမ၏ ဖိုးဖိုးကြီးပဲဖြစ်သည်။

လုံချီရှောင်နှင့် လုံချီချန်းတို့က စစ်သူကြီးလုံ၏ မြေးအရင်းများ ဖြစ်သော်ငြား သူတို့က အဖေ မတူပေ။

လုံချီရှောင်၏ ဖခင်က လုံချီချန်း၏ ဉီးလေးဖြစ်သည်။ သူတို့၏ ဖခင်နှင့် ချင်ယွီစွေ၏ မိခင်က မောင်နှမများဖြစ်ကာ သူတို့အားလုံးသည် စစ်သူကြီးလုံ၏ ကလေးများပဲဖြစ်သည်။

လုံချီရှောင်သည် စီးကရက်ကို ခဲထားလျှက် ကဒ်တစ်ကဒ်ကို ပစ်ထုတ်လိုက်သည်။

“အခု ဘာလို့ ဒီအကြောင်း ပြောတာလဲ။ အ ခုဘာမှ ပြောင်းလဲတာ မရှိဘူး။ ယွင်ယွီက မင်းရဲ့မိတ်ဆွေကောင်း ဟုတ်တယ်မလား။ ဒီမင်္ဂလာပွဲကို မကန့်ကွက်ဘူးမလား။ ဝင်မပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူတို့မင်္ဂလာဆောင်ကို သေချာပေါက် သွားရမှာ။ အဖိုးကြီးကို သူ့ဘာသာသူ ရှာတွေ့ခွင့် ပေးထားလိုက်”

“မကန့်ကွက်ပါဘူး”

လုံချီချန်းကလည်း ကိစ္စများကို ဤအတိုင်း လွှတ်ထားတာ ပိုကောင်းမည်ဟု ခံစား မိသည်။ ဝမ်းကွဲတစ်ယောက်နှင့် မိတ်ဆွေကောင်းတစ်ယောက် သို့သော် သူတို့နှစ်ယောက်၏ ပတ်သက်မူက အနည်းငယ်တော့ ထူးဆန်းနေ၏။

“ဟုတ်ပြီ ဒါဆို ငါ နားလည်ပြီ”

လုံဝမ့်ရင်းသည် ဘာမှထပ်မပြောတော့ဘဲ သူမ အဖိုးကို စိတ်မပူဖို့ ဆုံးဖြတ်လိုက်၏။

သို့သော်ငြား သူမသည် ယွင်ယွီ၏ ဗိုက်ကို မတွေးဘဲ မနေနိုင်တော့ပေ။ နှီးနှောဖလှယ်ပွဲ ပြုလုပ်နေစဉ်က သူမကိုယ်ဝန်လွယ်ထားရပြီးသားဟု ဆိုလိုသည် မဟုတ်ပါလော။ ထို့စဉ်က ဝမ်းကွဲနှင့် တူသည့်လူက တကယ်ကို ဝမ်းကွဲ ဖြစ်နေလိမ့်မည်။

ဘုရားရေ တကယ် ဝမ်းကွဲက အကွက်အကြီးကြီး ရွေ့လိုက်တာပဲ။ သူ မိန်းမတောင် မရှာနိုင်ဘူးလို့ ထင်ခဲ့တာ။ အခုကျ ကလေးတစ်ယောက် ရနေပြီ။

“ဟား ဟား ဟား အကောင်းစားကွ”

107 05

စုန့်ချန်းမင်တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် ဖဲရိုက်နေသူ ဖြစ်သည်။ သူက အတန်းလိုက် ပစ်ချပြီးနောက် ရယ်မောလိုက်တော့သည်။

သူက သူ၏ပေါင်ကို လက်ဖြင့် ရိုက်လျှက် ကျယ်လောင်စွာ ရယ်မောနေ၏။ သုံးယောက်သားက သူ့ကို စွံ့အစွာ ကြည့်နေသည်။

ယွင်ယွီက မျက်နှာချင်းဆိုင် အခန်းတွင်နေ၏။ သူမ စိတ်အခြေအနေ မကောင်းပေ။ အခန်းထဲ ပြန်လာပြီး ရေနွေးပူပူဖြင့် ချိုးပြီးနောက် ချင်ယွီစွေ၏ ရင်ခွင်ထဲ လဲနေကာ သူ့ကို တီးတိုးပြောလိုက်သည်။

“ချင်ယွီစွေ ကျွန်မ အိမ်ကို လွမ်းတယ်။ တတ်နိုင်သမျှ မြန်မြန် ကျွန်မအစ်မကို အိမ်ခေါ်သွားချင်တယ်”

ချင်ယွီစွေက သူမနှဖူးကို နမ်းပြီး ပြောလိုက်၏။

“မနက်ဖြန် ကိုယ်တို့ အိမ်ပြန်နိုင်ပြီ”

“အွန်း”

ယွင်ယွီ၏အသံက တိုးနေလေ၏။

သူမသည် စိတ်မဝင်စားနိုင်တော့ပေ။ ယခု အခေါက်တွင် ဒုက္ခရောက်သည့်သူက သူမအစ်မ ဂရုစိုက်သည့် သူသာဖြစ်ကြောင်း အကြိမ်မတွက်နိုင်အောင် တွေးမိပြီး စိတ်မကောင်းဖြစ်မိသည်။

သူမ ဂရုစိုက်သည့် မိသားစုဝင်များ တစ်စုံတစ်ခု ဖြစ်သွားလျှင် သူမ ဘာလုပ်မိမည်မှန်း မသိ။

ချင်ယွီစွေက သူမကို တင်းကြပ်စွာ ပွေ့ဖက်လျှက် သူမဗိုက်ကို ဂရုတစိုက် ပွတ်လိုက်သည်။

“စိတ်မပူနဲ့။ ဘာမှ မဖြစ်ဘူး။ အားလုံး အဆင်ပြေသွားမှာ”

သူသည် သူမ စိတ်အခြေအနေ မကောင်းတာကို မြင်နိုင်၏။

“ကျွန်မ သိတယ်။ အားလုံး အဆင်ပြေသွားမှာ”

ယွင်ယွီက ရေရွတ်ပြောလိုက်လေ၏။

ထိုည၌ နှစ်ယောက်သား အိပ်ရာ စောစော ဝင်ခဲ့သည်။

++++++

All Chapters