← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

108 01

အပိုင်း 108

သူတို့၏ ဇီဝနာရီက သူတို့ကို နောက်နေ့၌ အချိန်စောစော နိုးစေသည်။

ယွင်ယွီက အမြဲလေ့ကျင့်နေပြီး ချင်ယွီစွေကလည်း လေ့ကျင့်ခန်း လုပ်၏။ ယခုဆို သူက လေ့ကျင့်လေ့ရှိပြီး ချင်ယွီစွေကလည်း လေ့ကျင့်ခန်း လုပ်လေ့ရှိ၏။ ယခုဆို ဟိုတယ်တွင် နေနေရသောကြောင့် သူ မလှုပ်ရှားဘဲ ယွင်ယွီဘေး၌သာ နေရစ်သည်။

၇ နာရီတွင် လုံချီရှောင်နှင့် ကျန်သည့်သူများ နိုးလာပြီး အခန်းတံခါး လာခေါက်၏။ အားလုံးက အပြင်ထွက်ကာ မနက်စာစားလိုက်သည်။

မနက် ၈ နာရီတွင် ကျားဖောကျေးရွာသို့ သွားလိုက်ပြန်၏။ ရွာက မနက်ခင်း၌ အလွန် တိတ်ဆိတ်နေ၏။

ဤရွာထဲ၌ ရွာသူရွာသား များများစားစား မရှိပေ။ အိမ်တိုင်းက ကိုယ်တိုင် ခြံဝင်းဖြင့် ဗီလာကြီး တစ်လုံးတွင် နေထိုင်ကြ၏။ ထို့ဗီလာများသည် တစ်အိမ်နှင့် တစ်အိမ် မကပ်ပဲ အကွာအဝေးလှမ်းပေသည်။ သူတို့က ရွာက တည်ဆောက်ထားသည့် လမ်းမကျယ်တစ်လျှောက် လျှောက်လှမ်းကာ တောင်ပေါ်သို့ တက်လိုက်၏။

အနား၌ တောင်ကြီး တစ်တောင် ရှိသည်။ ယခင်လူများ ပြုပြင်ပေးခဲ့သည့် လှေကားထစ်များက ရေညှိများတက်နေပြီ ဖြစ်၏။ တစ်ဖက် တစ်ချက်စီတိုင်းတွင်လည်း သစ်ပင်ထူထူများရှိကာ တိတ်ဆိတ်ကာ နက်ရှိုင်းလေ၏။ သူတို့ ခဏတစ်ဖြုတ် လျှောက်လာပြီးနောက် လမ်းများစွာကို ဖြတ်ကျော်လာ၏။ ယွင်ယွီက လက်ချောင်းကလေးများ လှုပ်ကာ ရေတွက်လိုက်ပြီး အလယ်ကို လက်ညိုးထိုးကာ ပြောလိုက်၏။

“ဒီလမ်း သွားရအောင်”

လူတိုင်းသည် အလယ်လမ်းကို ရွေးပြီး တောအုပ်ထဲ ဆက်သွားလိုက်သည်။

မိနစ် ၂၀ ခန့်် လျှောက်ပြီးနောက် တောအုပ်ထဲတွင် အမိုးမြင့်မြင့် ရှိနေသည့် တာအိုဘုရားကျောင်း တစ်ခုကို တွေ့လိုက်ရသည်။ ပေါင်းပင်များကို ဘေးသို့ တွန်းဖယ်လိုက်ပြီးနောက် မှုန့်မှိုင်းမှိုင်း တာအိုဘုရားကျောင်းက ပေါ်လာတော့သည်။

တာအို ဘုရားကျောင်းကို ကောင်းစွာ ပြင်ဆင်ထားကာ ရွာထဲရှိ မျိုနွယ်စု ဘိုးဘေးခန်းမကဲ့သို့ပင် အနီရောင်နံရံနှင့် အစိမ်းရောင် အုတ်ကြွပ်များ ရှိနေ၏။ နေရာက ကျယ်သည်။ ဘုရားကျောင်း၏ အရှေ့၌ ကျောက်ရုပ်ထု တစ်ခု ရှိပြီး သူတို့၏ မူလ အသွင်အပြင်ကို မြင်ဖို့က မဖြစ်နိုင်တော့ပေ။ တံခါးဝ၌ စကားလုံးကြီး လေးလုံးကို ထပ်ရေးသားလေ၏။ ကျင်ကျင်တောက် တာအို ဘုရားကျောင်း။

တာအို ဘုရားကျောင်းတံခါးကို ပိတ်ထားလေသည်။

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်၏။ သူတို့ ဒီနေ့ ရှာတွေ့သွားပြီမှန်း သိလိုက်သည်။

ထို့ကဲ့သို့ တောနက်ထဲတွင် ရှိသည့် တာအိုဘုရားကျောင်းက အစိမ်းရောင် တောအုပ် ဝန်းရံနေသည်။ မနက်ခင်းမြူက အပြည့်အဝ မပျောက်သေးပေ။ အငွေ့အသက်ကောင်းများ ပြည့်နေသင့်သည့် တာအိုဘုရားကျောင်းက အသက်ကင်းမဲ့နေသည်။

လုံချီရှောင်က ရှေ့သို့ တက်သွားလျှက် တံခါးခေါက်လိုက်၏။ တစ်ခဏအကြာတွင် တာအိုဘုရားကျောင်း တံခါးပွင့်သွားတော့သည်။ အသက် ၄၀ ဝန်းကျင်ခန့်ရှိသည့် တာအို ဝတ်ရုံဖြင့် အမျိုးသားတစ်ယောက်က ဝင်လာလေ၏။

ထို့လူက မျက်ကွင်းများ ချောင်ချောက်နေသည့် မျက်လုံးဖြင့် စိုက်ကြည့်ပြီး မေးလိုက်၏။

“မင်းတို့ ဘာလုပ်တာလဲ”

လုံချီရှောင်က ပြောလိုက်သည်။

“ကျုပ်တို့က တောင်တက်သမားတွေပါ။ တောင်ပေါ်တက်လာပြီး တာအိုဘုရားကျောင်းကို တွေ့လို့ ကျုပ်တို့ လက်တလော ကံဆိုးနေတာကို တွေးမိတာကြောင့် အရိုအသေ ပေးဖို့ ရောက်လာတာပါ။ တာအို ရသေ့ ဘုရားကျောင်း ဖွင့်ပြီလား”

လူများစွာ ဝင်သွားချိန်တွင် ထိုအမျိုးသားသည် နောက်မှ လိုက်လာသည်။ ယွင်ယွီကို သတိပြုမိပြီး ရုတ်တရက်မေးလိုက်လေ၏။

“မင်းတို့ထဲမှာ ကိုယ်ဝန်သည် ပါတာလား”

လုံချီရှောင်က လှည့်မေးလိုက်၏။

“ဟုတ်ပါတယ်။ ဘာမှားလို့လဲ”

ထိုလူက ယွင်ယွီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ ကန်တော့ဖို့အတွက် ပင်မခန်းမထဲ သွားလို့ ရတယ်”

“ကောင်းပြီ”

108 02

ထိုအမျိုးသားက သူတို့အတွက် ပင်မခန်းမတည်နေရာကို ကြင်နာစွာ ညွှန်ပြပေးပြီး ပြောလိုက်၏။

“ကျုပ် အလုပ်ကိစ္စလေးတွေ ရှိသေးလို့ ခင်ဗျားတို့ဘာသာ ကန့်တော့လို့ ရတယ်”

ထို့အမျိုးသား ထွက်သွားပြီးနောက် သူတို့သည် ပင်မခန်းဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ ဤနေရာရှိ အခင်းအကျင်းက အခြားသော တာအိုဘုရားကျောင်းများနှင့် ဆင်တူပြီး ကျောက်စင်မြင့်ပေါ်တွင် ရပ်နေသည့် ရွှေရောင်ခြယ်ထားသော ရုပ်ထုက မည်သည့်နတ်ကို ရည်ညွှန်းမှန်းသာ မသိရတာဘဲ ဖြစ်သည်။ ယင်းက လူနှင့် တူသော်ငြား မျက်လုံးများက စဉ်းလျဉ်းနေ၏။

စုန့်ချန်းမင်က လျှာနှစ်ချက် သပ်ကာ ရဲတင်းစွာ ပြောလိုက်သည်။

“ပူဇော်တာ ဘယ်လိုပါ့လိမ့်”

ယင်းသည် သမာသမတ် တာအိုရုပ်ထု မဟုတ်ပေ။ အထဲသို့ ဝင်လာချိန်တွင် သူတို့သည် တာအိုဘုရားကျောင်းထဲ၌ သူတို့ ကန်တော့ရမည့် နတ်ဘုရားများကို သိပြီး နတ်ဘုရားများ၏ ရုပ်များနှင့် ရင်းနှီးနေပြီ ဖြစ်၏။ သို‌သော်ငြား ဤအရာဝတ္ထုက အဘယ်နည်း။

ကျောက်ရုပ်ထုသည် စုန့်ချန်းမင်ပြောတာကို နားလည်ပုံပေါ်လေ၏။

အမှုအရာက အတော်လေး ကြမ်းတမ်း ခက်ထန်နေသည်။

သူတို့က ဤကဲ့သို့ အရာအတွက် အမွှေးတိုင် မထွန်းပေးနိုင်ပေ။

သူက လမ်းပတ်လျှောက်လျှက် ဂရုတစိုက်ကြည့်ကာ ခန်းမအပြင်ဘက်သို့ ထွက်လာသည်။

ဤတာအိုဘုရားကျောင်းက တစ်စုံတစ်ခု မှားယွင်းနေတာ သိသာ၏။ တာအိုဘုရားကျောင်းသည် ပူဇော်ဖွယ်ပစ္စည်းများ၊ အမွှေးတိုင်များ လှူဒါန်းရန် လိုအပ်သော်ငြား ဤနေရာ၌ လှူဒါန်းထားခြင်း မရှိပေ။ သူတို့က တံခါးကိုတောင် ဖုံးကွယ်ထားချင်၏။ ထိုအကြောင်း လူသိနည်းလေ ကောင်းလေဖြစ်သည်။

ထိုမျက်လုံး စဉ်းလျဉ်းသည့် အရာသည် ဝိညာဉ်တစ်ကောင် ဖြစ်လောက်ပေသည်။ သူ ခန့်မှန်းမိသည့် တာအိုဆရာတုန်ဖူသည် အဘယ်ကြောင့် မကောင်းဆိုးဝါးတစ်ကောင်ကို ကိုးကွယ်နေမှန်း မသိပေ။

သူတို့ တာအိုဘုရားကျောင်းထဲ လျှောက်သွားပြီး နောက်ဖေး ခြံဝန်းကို ရှာတွေ့လိုက်ချိန်တွင် အစောတုန်းက လာကြိုသည့် အမျိုးသားသည် အလုပ် လုပ်နေတာကို တွေ့လိုက်ရ၏။ သူတို့က တာအိုဆရာ တုန်ဖူဆီ လာတာ ဖြစ်၏။ ယခု သူတို့ သူ့ကို ရှာမတွေ့သောကြောင့် မေးမြန်းရန် ပြင်ဆင်လိုက်သည်။

လုံချီရှောင်က ရှေ့သို့ တိုးလျှက် ထို့လူကို ဆွဲခေါ်ကာ မေးလိုက်သည်။

“ဆရာ ဆရာတို့ ဘုရားကျောင်းမှာ ကျောင်းထိုင်လို လူမျိုး ရှိလား သိချင်လို့ပါ။ လက်တလော ထူးဆန်းတဲ့ ကိစ္စတွေနဲ့ ကြုံ့တွေ့နေရတယ်။ ဒါကြောင့် ကျုပ်ကို ကူညီပေးဖို့ ကျောင်းထိုင်ကို မေးချင်တာပါ”

ထို့လူက တုံဆိုင်းသွားကာ ပြောလိုက်လေ၏။

“ကျုပ်တို့ ကျောင်းထိုင်က ဧည့်မတွေ့ဘူး”

လုံချီရှောင်က ပြောလိုက်လေ၏။

“ဆရာရယ် ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါအုန်း။ ဒါ တကယ် အရေးကြီးတဲ့ ကိစ္စပါ”

ထိုလူသည် လုံချီရှောင်နှင့် ကျန်သည့်သူများ၏ မျက်နှာကို ကြည့်ကာ တုံဆိုင်းသွားသည်။ တာအိုဆရာ တုန်ဖူဆီမှ သူသည် မျက်နှာဖတ်နည်းကို သင်ယူထား၏။ ဤလူများက ကောင်းချီ မင်္ဂလာများ ပြည့်နေပြီး သူတို့ကို နတ်ဘုရားထံ ပူဇော်စရာများအဖြစ် အသုံးပြုလျှင် အကောင်းဆုံးမှန်း သူ သိနေ၏။

သူက ပြောလိုက်သည်။

“ဒါဆို ခဏ စောင့်ပေးပါ။ ကျောင်းထိုင်ကို သွားပြောလိုက်အုန်းမယ်”

ထို့လူသည် တာအိုဘုရားကျောင်းနှင့် အဝေးဆုံးနေရာတွင် နေသည့် ကျောင်းထိုင်ကို သွားရှာလေ၏။ ထို့နေရာက သွားရန် ခက်ခဲသည်။ သူရောက်သည့်အချိန်တွင် ကျောင်းထိုင်၏အသံအခန်းထဲမှ ပေါ်ထွက်လာတာကို ဝေဝါးဝါး ကြားလိုက်ရသည်။

“မရဘူး။ အဖွဲ့ထဲမှာ လူများလွန်းတယ်။ မင်း ပူဇော်ဖို့အတွက် ပစ်မှတ်က ကြီးလွန်းနေတယ်”

108 03

ခဏအကြာတွင် ကျောင်းထိုင်က ဆက်ပြောလိုက်လေ၏။

“ဒီအနေအထားအထိ ရောက်လာပြီးပြီ။ ဒီတော့ ငါတို့ ဂရုစိုက်မှ ရမယ်။ ဒါကတင် လုံလောက်နေပြီ”

ထိုလူက နားမထောင်ဘဲ မနေရဲတော့ချေ။ ထို့ကြောင့် သူက လျှောက်သွားလျှက် တံခါးခေါက်လိုက်၏။

ကျောင်းထိုင်က သူ့ကို ဝင်ခွင့်ပေးကာ မေးလိုက်တော့သည်။

“ဘာကိစ္စလဲ”

“ဆရာ အပြင်ဘက်မှာ ဆရာကို တွေ့ချင်တဲ့ လူတွေရှိနေပါတယ်”

သူက ပြောလိုက်၏။

“သူတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတချို့ ကြုံတွေ့နေရတာကြောင့် အကူအညီတောင်းချင်တယ်လို့ ပြောပါတယ်။ သူတို့အားလုံး ကြည့်ကောင်းတယ်”

သူ၏ ကျင့်ကြံစဉ်က နိမ့်ပါးသောကြောင့် ထိုလူများက ကျင့်ကြံထားသည့် သူများမှန်း သူ မပြောနိုင်ပေ။

တာအို ဆရာတုန်ဖူက အချိန်အတန်ကြာ တုန်ဆိုင်းနေပြီး နောက်ဆုံး၌ ပြောလိုက်လေ၏။

“ကောင်းပြီ ကောင်းပြီ ဘာမှ မပြောနဲ့တော့။ သူတို့ကို လာခွင့် ပေးလိုက်မယ်”

ခေါင်းဆောင်သည် နတ်ဘုရားများနှင့် ဆက်သွယ်နေကြောင်းကို ထိုအမျိုးသား သိပေ၏။ သူက မျက်နှာ၌ စိတ်လှုပ်ရှားမူများ ပြည့်နှက်သွားကာ သူ့ကို မနှောင့်ယှက်ရဲတော့ချေ။

“သူတို့ကို ဒီခေါ်လာခဲ့”

ထိုလူသည် စိတ်အားထက်သန်စွာ တုန်ပြန့်လျှက် သွားပြန်လှည့်ခေါ်လိုက်သည်။

“ကျုပ်တို့ခေါင်းဆောင်က ဒီမှာ နေတယ် ဝင်လို့ ရတယ်”

ထိုအမျိုးသားက ပြောပြီး ပြန်ဆုတ်ခွာသွားတော့သည်။ လူများစွာသည် တံခါးကို တွန်းဖွင့်လျှက် အထဲဝင်သွားပြီး နောက်ဆုံး၌ တာအိုဆရာတုန်ဖူကို တွေ့လိုက်ရသည်။ သူမက အသက်ခြောက်ဆယ် ဝန်းကျင်ရှိပုံပေါ်သော်ငြား သူမ၏ ဆံပင်များက အဖြူရောင်သန်းယုံများသာ ရှိပြီး မျက်နှာ၌ အရည်အကြောင်း သိပ်မရှိပေ။ မျက်လုံးထောင့်နှင့် ပါးစပ်ထောင့်သာလျှင် တွန့်နေလေ၏။ ဆံပင်ဖြူများမှအပ သူမသည် အလွန်ဆုံး အသက်လေးဆယ်ဝန်းကျင်သာ ရှိပုံပေါ်သည်။

တာအို ဆရာတုန်ဖူက ကြင်နာစွာ မေးလိုက်လေ၏။

“မင်းတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာရှိ”

သူမပြောနေစဉ်တောင်များ၌ မျက်နှာထားက ပြောင်းလဲသွားကာ ကြောက်လန့်တကြား ပြောလိုက်လေ၏။

“မင်းတို့လည်း ကျင့်ကြံသူတွေပဲလား”

ဘာမှ မပြောတော့ပဲ လုံချီရှောင်က သူ့ကိုထရိုက်လိုက်၏။ တာအို ဆရာတုန်ဖူက ရှောင်လိုက်လေသည်။ သူမ ဒေါသတကြီး ပြောလိုက်လေ၏။

“နင်တို့ ဒီလောက် သတိလက်လွှတ်နိုင်တာ။ ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ”

သူမသည် နှစ်ပေါင်းလေးဆယ်ကြာ ပုန်းနေခဲ့ပြီး သူမ ငယ်ရွယ်စဉ်က ထွန်းတောက်နေသည့် ကြယ်ပွင့်တစ်ပွင့် အဖြစ်သတ်မှတ်ခံခဲ့ရသည်။ သို့သော် သူမ၏ အရည်အချင်းများကို သူမအနားတစ်ဝိုက်ရှိ ဝိညာဉ်ကသာ သေချာစွာ သူမ သိ၏။ ယင်းက စွမ်းရည် အစစ်မှန်မဟုတ်ပေ။ လုံမိသားစု၏ ဘိုးဘေးက သူမကို သတ်ချင်နေကြောင်း သိသွားတော့ အခါ သူမ ဝိညာဉ်ကို ခေါ်ပြီး ဖူမိသားစု၌ ပုန်းနေခဲ့၏။

ထိုစဉ်တွင် ဖူမိသားစု၌ အိမ်ခြေရာချီ ရှိနေပြီးဖြစ်သည်။

သူမ လစာက အတော်လေး ခက်ခဲခဲ့သော်ငြား တဖြေးဖြေးချင်းစီ လူတိုင်း၌ သူမသည် အရည်အချင်း ရှိလာတာ သိလာသည်။

ထိုစဉ်က ဖူမိသားစုသည် အလွန်ဆင်းရဲသည်။ လူများစွာက ဆင်းဆင်းရဲရဲ မနေ ချင်ခဲ့ပေ။ ထို့ကြောင့် သူမသည် လူသား ပူဇော်မူများကို အသုံးပြုပြီး တံတားတစ်စင်း တည်ဆောက်ပေးခဲ့၏။ ထိုစဉ်ရွာထဲရှိ မျိုးနွယ်စုထဲရှိ လူများ အလွန်ကြောက်လန့် ခဲ့သော်ငြား သူမကမူ နတ်ဘုရားများကို ကိုးကွယ်ရန်အတွက် လူသား ပူဇော်ခြင်းဖြင့်သာလျှင် လူတိုင်းကြွယ်ဝ ချမ်းသာလာနိုင်ကြောင်း ပြောပြခဲ့၏။

108 04

လူများစွာက သူမကို ယုံကြည်သော်ငြား လူတစ်ချို့ကမူ ဤမျှ မရက်စက်လိုပေ။

စိတ်သဘောထား ပျော့ပျောင်းသည့် လူများက တဖြေးဖြေးချင်း ရွေ့ပြောင်းသွားကြသည်။ သူမသည် ဝိညာဉ်ကို အကူအညီတောင်းခဲ့ကာ ထိုသူများကို ကျိန်စာ တိုက်ခဲ့သည်။ လူသားပူဇော်မူ အကြောင်း တခြားသူကို မပြောခိုင်းခဲ့ပေ။ မဟုတ်ပါက တစ်မိသားစုလုံး လုပ်စရာပင် မရှိဘဲ သေလိမ့်မည်။

သူတို့က သာမန်လူများ ဖြစ်သောကြောင့် သေရမှာ ကြောက်ရွံ့သည်။ ထို့ကြောင့် သူတို့ သတိလက်လွှတ် မပြောရဲချေ။ နောက်ပိုင်းကျ ရွာထဲက ထွက်သွားသည့် မိသားစုမှာ တစ်ဒါဇင်ခန့်သာ ရှိလာပြီး လူသား ပူဇော်ခြင်းသည် သူတို့ အတွက် ကြွယ်ဝချမ်းသာ မူကို ရရှိစေလိမ့်မည်ဟု အားလုံးက ခိုင်မာစွာ ယုံကြည်လာသည်။

အစ၌ တာအိုဆရာတုန်ဖူသည် ပူဇော်ရန် လူရှာဖွေခဲ့၏။ နောက်ပိုင်းကျ သူ၏ တပည့် အနေဖြင့် အစ်မဖေးကို လက်ခံခဲ့သည်။ အစ်မဖေးနှင့် မာစီသည် မျိုးရိုးဖူ ဖြစ်ပြီး နှစ်ယောက်လုံးသည် ကျားဖော ကျေးရွာမှ ဖြစ်၏။ ထို့ကြောင့် သူတို့သည ဤလုပ်ငန်းကို လွှဲယူခဲ့သည်။ ရွာသား များက ပိုက်ဆံပေးကာ သူတို့က လူရှာပေး၏။

သူတို့သည် အစ၌ လူရှင်တချို့ခေါ်လာခဲ့၏။ နောက်ပိုင်း တဖြေးဖြေး၌ အရအတွက် တိုးလာသည်။ တာအိုဆရာ တုန်ဖူက လူသား ပူဇော်မူ အကြောင်း ကျန်သည့် လူများကို သိခွင့် ပေးခြင်းထက် ပူဇော်သည့် သူ အနည်းအကျဉ်းသာ ရှိစေကာ ပိုကောင်းကြောင်း သတိပေးခဲ့သည်။

သို့သော် အစ်မဖေးသည် ရှောင်လုံနှင့် ဝူရှောင်ဟွမ်တို့ကို ရှာလိမ့်မည်ဟု မထင်ထားပေ။

အစ်မဖေးသည် ရွာသားများဆီမှ ပိုက်ဆံ ပိုမိုရှာခဲ့၏။ ရွာသားများကလည်း အမျိုးမျိုးသော ပွဲတော်ကာလများ၌ လူသားများကို ယဇ်ပူဇော်ခဲ့သောကြောင့် ထုံကျဉ် အသားကျနေပြီ ဖြစ်သည်။ သူတို့ မိသားစုဝင် မဟုတ်သ၍ မည်သူကို ပူဇော်စေကာမူ အရေးမကြီးပေ။

တကယ်တော့ နတ်ဘုရားတစ်ပါး အနေဖြင့် ထိုကဲ့သို့ အရာမျိုး လုပ်လေ့ မရှိပေ။ မကောင်းဆိုးဝါးသည် အစွမ်း ထက်လွန်းပြီး သူတို့ကို ကံကောင်းမူ ပေးကာ ပိုက်ဆံရှာခွင့် ပေးချင်တာ ဖြစ်သည်။

ထို့အပြင် ရွာသားများ၏ မျိုးဆက်အတွက် သူမ ကံကောင်းမူ အသုံးပြုခဲ့သည်။ ဤဝိညာဉ်သည် သက်ရှိလူသားများရဲ့အသက်စွမ်းရည်ကို စုပ်ယူနေသ၍ ကျင့်ကြံနိုင်လိမ့်မည်။ နတ်ဘုရားများကို ပူဇော်ခြင်းဟု ဆိုသော်ငြား တကယ်တော့ မကောင်းဆိုးဝါးကို ပေးလိုက်တာပဲ ဖြစ်သည်။ သူမသည်လည်း အကျိုးမြတ်များစွာ ရခဲ့သည်။ မကောင်းဆိုးဝါးက သူမ၏ လေ့ကျင့်မူကို ကူညီပေးခဲ့ကာ သူမ၏ ကျင့်ကြံရေးသည်လည်း တိုးတက်လာခဲ့ပြီး စတင်နုပျို လာသည်။ သူမ အလွန် စိတ်ကျေနပ်နေမိ၏။ သူမ ဂရုတစိုက်နေသ၍ ဆက်လက်ကျင့်ကြံနိုင်ပြီး ညာဏ်အလင်း ပွင့်မူ ရလာလိမ့်မည်။

ထိုအပြင် သူမနှင့် မကောင်းဆိုးဝါးသည် ဤကဲ့သို့ တောအုပ်ထဲ၌ သီးခြားနေထိုင်နေတာပဲ ဖြစ်သည်။

သူမ ဧည့်တွေ့တာ ရှား၏။ ရံဖန်ရံခါတွင် မကောင်းဆိုးဝါးသည် အမွှေးတိုင် ပူဇော်ရန်လာသည့် ဧည့်သည်ကို သဘောကျသွားချိန်၌ သူမက ဧည့်သည်ကို ခေါ်ခိုင်း၏။ ယခု အခေါက်တွင်မူ ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိမ့်မည်ဟု မထင်ထားပေ။ ဘာမှားသွားမှန်း သူမ မသိပေ။

စုန့်ချန်းမင်က နှာခေါင်းရှုပ်လိုက်သည်။

“ဘာကြောင့် ဒီလောက်မေးခွန်းတွေ များနေတာလဲ။ မင်းရဲ့ လက်ထဲမှာ ဒီလောက် အသက်တွေ အများကြီး သေနေတာ? သေဖို့ အသင့်ပြင်ထားလိုက်”

သူသည် နောက်ကျောမှ မက်မွန်ကိုင်း ဓားကို ဆွဲထုတ်လိုက်၏။ ယင်းသည် သူ၏ ဆရာက မြို့တော်သို့ ပထမဆုံး လာချိန်၌ ပေးခဲ့သည့် မက်မွန်သား ဓားပဲ ဖြစ်သည်။

တာအို ဆရာတုန်ဖူ ကလည်း မကောင်းဆိုးဝါး ကျင့်ကြံသူဖြစ်၏။ ထို့ကြောင့် သူက ဤကဲ့သို့ အရာမျိုးကို အလွန် ကြောက်ရွံ့သည်။ သူ ကြောက်လန့်တကြား ရှောင်တိမ်းလိုက်လေ၏။

တာအို ဆရာတုန်ဖူက သူတို့ကို စိုက်ကြည့် နေပြီး မုန်းတီး စွာပြောလိုက်လေသည်။

“နင်တို့ အားလုံးသေသင့်တယ်။ နင်တို့ကို အလွှတ်မပေးဘူး။ ဒီနေ့ အားလုံးကို စတေးပစ်မယ်”

လုံချီရှောင်က နှာခေါင်းရှုပ်လိုက်လေ၏။

108 05

“လုပ်နိင်တဲ့ အရည်အချင်း ရှိလား။ ကြည့်ကြ သေးတာပေါ့”

တာအိုဆရာတုန်ဖူက ရိုက်တာကို ခံနိုင်ရည်မရှိတော့ဘဲ အော်ပြောလိုက်သည်။

“မဟာမသေမျိုး ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါ”

ထိုစဉ်အိမ်အပြင်ဘက်သို့ အရပ်ပုပု မျက်လုံးစောင်းစောင်းဖြင့် လူ ထွက်လာ၏။

စုန့်ချန်းမင်က ပြောလိုက်တော့သည်။

“ဒါအစောတုန်းက ပင်မခန်းဆောင်ထဲမှာ ရှိတဲ့ ရွှေရောင် ရုပ်ထု မဟုတ်လား။ ဒါက ဘာလဲ ဟ”

******

All Chapters