အခန်း ၁၁၀
Vol. 11 Ch. 110
110 01
အပိုင်း 110
ယွင်ယွီသည် ကျယ်လောင်သည့် အသံတစ်သံ ကြားလိုက်ရသည်။ ကြွက်မိစ္ဆာက သူ့ကိုယ်သူ ပေါက်ကွဲပစ်လိုက်တာပဲ ဖြစ်သည်။ ကံကောင်းသည့်မှာ ၎င်း၏ ကျင့်ကြံမှုက ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ ထို့ကြောင့် သူ့ကိုယ်သူ ပေါက်ကွဲသည့် စွမ်းအားက သိပ်မပြင်းထန်ပေ။ သို့သော် လူတိုင်းက သွေးသားဖြင့် တည်ဆောက်ထားသောကြောင့် ဒဏ်ရာအနည်းအကျဉ်းတော့ ရသေးသည်။
ယွင်ယွီက ကြွက်မိစ္ဆာနှင့် အနီးဆုံး ဖြစ်သည်။ ချင်ယွီစွေက သူ့ရှေ့တွင် ရပ်ကာပေးထားသောကြောင့် သူမ ဒဏ်ရာ မရခဲ့ပေ။
သူမ အနည်းငယ် ရီဝေဝေ ဖြစ်နေချိန် ဆူညံသံ တစ်သံကို ကြားလိုက်ရ၏။ သူမ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လျှက် ချင်ယွီစွေ၏ လက်မောင်းကို စုပ်ကိုင်လိုက်သည်။
“ရှင် အဆင်ပြေရဲ့လား”
ချင်ယွီစွေက သိမ်မွေ့စွာ ပြောလိုက်လေ၏။
“စိတ်မပူနဲ့ ကိုယ် အဆင်ပြေတယ်”
သူ တကယ် အဆင်ပြေပေ၏။ ကြွက်မိစ္ဆာက သူ့ကိုယ်သူ ဖောက်ခွဲချင်ကြောင်း သတိပြုမိသည့်အချိန်တွင် သူက ယွင်ယွီကို အလိုလို ကာကွယ်ချင်မိသည်။ သို့သော် သူ၌ ယွင်ယွီပေးထားသော ကာကွယ်ရေး ကျောက်စိမ်း အဆောင်ရှိသည်။
သူ့အတွက် ထိခိုက်မှုကို ပိတ်ဆို့ပေးထားသောကြောင့် သူ ဒဏ်ရာ မရသွားပေ။
ယွင်ယွီက အလွန်ကြောက်လန့်နေသေးသည်။
“နောက်တစ်ခေါက် ဒါမျိုး လုပ်လို့ မရဘူးနော်”
ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူမသည် အန္တရာယ်နှင့် တွေ့ကြုံ့လာချိန်တွင် အလိုလို ရှောင်ရှားတတ်၏။ သူကမှု အသွေးအသားဖြင့် တည်ဆောက်ထားသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူ မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း။
ယွင်ယွီသည် သူ့၌ကျောက်စိမ်းအဆောင်သာ မရှိလျှင် ယခုအခေါက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနိုင်သည်ဟု တွေးမိသွားပြီး သူမ ချက်ချင်း မျက်ရည်များ ကျလာတော့သည်။
ချင်ယွီစွေက ယွင်ယွီကို ထွေးပွေ့ထားလျှက် နှစ်သိမ့်လိုက်သည်။
“မငိုပါနဲ့ ကိုယ် အဆင်ပြေတယ်။ ပြေနေသေးတာပဲ မဟုတ်လား”
ယွင်ယွီက ဆက်တိုက် ငိုနေ၏။ လုံချီရှောင်နှင့် သူ့အဖော်ကလည်း ဒဏ်ရာ အနည်းအကျဉ်း ရခဲ့သည်။ ချင်ယွီစွေနှင့် ယွင်ယွီသာလျှင် ဒဏ်ရာ မရတာ ဖြစ်သည်။ လုံချီရှောင်က ဝင်ပြောလိုက်လေ၏။
“ဟေ့ တော်လောက်ပြီ။ ငါတို့လည်း ဒဏ်ရာရထားတာ မင်းတို့နှစ်ယောက်က အကောင်းကြီးပဲကို ကျန်တဲ့ လူတွေကို ဂရုစိုက်ပေးဖို့ တစ်ယောက်ယောက် ခေါ်ပါလား”
ချင်ယွီစွေက ရှက်ရွံ့မနေပေ။ သူက ခါးညွှန့်လျှက် လူတိုင်း ရှေ့တွင် ယွင်ယွီ၏ နဖူးကို နမ်းကာ မျက်ရည်များကို သူ့လက်မဖြင့် သုတ်ပေးလိုက်သည်။
ပြီးနောက် ဖုန်းထုတ်ကာ အထက်အရာရှိများကို ဆက်သွယ်ပြီး တစ်စုံတစ်ယောက် လွှတ်ပေးရန်နှင့် လူနာတင်ယာဉ်တစ်စီး လွှတ်ပေးရန် မြစ်ထဲ၌ လူရှာဖွေ ကယ်ဆယ်ရေးများ ပြုလုပ်ရန် လူလွှတ်ခိုင်းလိုက်၏။
ဖေးဟယ်၏ အလောင်းကို ရှာဖွေရန်အတွက် ဖြစ်သည်။
ဤတိုက်ပွဲပြီးနောက် လူတိုင်း မောပန်းနွမ်းနွယ်နေကြပြီ ဖြစ်သည်။ ယွင်ယွီက မိုးကြိုး ဂါထာကို အသုံးပြုခဲ့ပြီး သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်အများအစုက ကုန်ခမ်းသလောက် ရှိသွားလေ၏။
110 02
သူမသည် သူမနှင့်အတူ ဝိညာဉ်စွမ်းရည် သယ်လာသည့် အလေ့အထ ရှိသည်။ သူမက ဝိညာဉ်စွမ်းရည် ပြန်လည်ပြည့်စေရန် တချို့သောက်ပြီးနောက် ကျန်သည်ကို ချင်ယွီစွေအား ပေးလိုက်သည်။
ချင်ယွီစွေက ကျန့်ရှိသည့် ရေပုလင်းတစ်ဝက်ကို သောက်လိုက်သည်။ စုန့်ချန်းမင်က မကျေမချမ်း ပြောလိုက်လေ၏။
“ရှောင်ယွီရာ ငါတို့လည်း ရေဆာတယ်လေ”
ယွင်ယွီက ရေသန့်နှစ်ပုလင်း ထုတ်ပေးလာသည်။ ဤနေရာရှိ ရေက ဝိညာဉ်စွမ်းအင် ရောစပ်ထားတာပဲ ဖြစ်သည်။ များများစားစား သောက်၍ မရသော်ငြား ၎င်းသည် သူတို့၏ ရုပ်ခန္ဓာတချို့ကို အားဖြည့်ပေးနိုင်၏။ သူမသည် တောင်ပေါ် မတက်ခင် ကြိုတင် ပြင်ဆင်ထားခဲ့တာပဲ ဖြစ်သည်။
သူသည် ရေသန့် နှစ်ပုလင်းအား စုန့်ချန်းမင်နှင့် ကျန်သည့် လူများထံ ပစ်ပေးလိုက်၏။ လေးယောက်သားသည် ရေနှစ်ပုလင်း သောက်ပြီးချိန်တွင် မြေပြင်ပေါ် လဲပြိုကျသွားကာ မလှုပ်ချင်တော့ပေ။
စုန့်ချန်းမင်သည် ခန်းမခေါင်းမိုးပေါ်ရှိ တူးကျစ်နေသော အပေါက်ကို မော့ကြည့်ပြီး မေးလိုက်သည်။
“ရွာသားတွေက အဖမ်းခံရပြီး ထောင်ကျမှာလား”
လုံချီရှောင်က ပြောလိုက်လေ၏။
“သူတို့ အဖမ်းခံရသင့်တယ်။ ဝူရှောင်ဟွမ်နဲ့ အစ်မဖေးတို့ သက်သေ ထွက်ဆိုချက်တွေအရ ဒီရွာရဲ့ နေရာတိုင်းမှာ အလောင်းတွေ မြုပ်ထားတာပဲ ဖြစ်မယ်။ အလောင်း ရှာနိုင်မယ်ဆိုရင် ဒီလူတွေကို အပြစ်ပေးလို့ ရမှာပဲ”
သူတို့ထဲမှ တချို့ဆို အဖမ်းခံရတာ ကြာပြီး သက်သေများလည်း ပျောက်လုနီးပါး ဖြစ်၏။ ထို့ကြောင့် လူတိုင်းအတွက် မျှတမှု ဆောင်ယူလာပေးဖို့တော့ ခက်ခဲသည်။
ယွင်ယွီက ချင်ယွီစွေ၏ လက်မောင်းကို မှီထားလျှက် ပြောထားသည်။
“သူတို့ ထောင်ထဲ မသွားရရင်တောင် သူတို့ရဲ့ ဘဝက လွယ်ကူနေတော့မှာ မဟုတ်ဘူး”
မကောင်းဆိုးဝါးက သေပြီ ဖြစ်ကာ ဤရွာသားများ ကောင်းချီးအတွက် ဆုတောင်းရန် အသုံးပြုထားသည့် စည်းကလည်း ကျိုးပျက်သွားပြီ ဖြစ်သည်။ ကံကြောင့် သူတို့သည် ဤဘဝ၌ အဆုံးသတ်ကောင်း ဘယ်တော့မှ ရှိမှာ မဟုတ်။ သူတို့ မိသားစု၏ ကြွယ်ဝချမ်းသာမှုလည်း မကြာမှီ၌ ကုန်ဆုံးမည် ဖြစ်ကာ နောင်လာနောင်သားများကလည်း ထိခိုက်လိမ့်မည်။ သို့သော် သူတို့ မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။ လောဘကြီးပြီး မကောင်းဆိုးဝါ၏ အလိမ်အညာကို ယုံကြည်သည့်အတွက် သူတို့ကိုယ်သူတို့သာ အပြစ်တင်နိုင်သည်။
“သူတို့ ခံသင့်တယ်။ သူတို့ အဆုံးအသတ်ကောင်း ရှိမှာ မဟုတ်ဘူး”
စုန့်ချန်းမင်က ကျိန်ဆဲလိုက်၏။
ယွင်ယွီသည် ဘာမှ မပြောခဲ့ပေ။ ယခုအခေါက်၌ သူတို့သည် ကြွက်မိစ္ဆာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ခြင်းမှာ တစ်ဖက်ထက် လူပိုများနေသောကြောင့် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ကြွက်မိစ္ဆာသည် လူသားအသွင်ပြောင်းတာ သိပ်မကြာသေးပေ။ ၎င်းစုပ်ယူထားသည့် လူသားအသက် စွမ်းအင် အားလုံးကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံမှုအဆင့်က သိပ်မကောင်း။ ဤ ကျင့်ကြံမှုအဆင့်သည် လူသားမိစ္ဆာကို လူသားအသွင်ပြောင်းလဲနိုင်အောင် ကူညီပေးရုံမျှသာ ရှိသည်။
သူတို့ တစ်နာရီကျော် အနားယူခဲ့ပြီး ရဲများ၊ အထူးဌာနနှင့် အထက်က လွှတ်လိုက်သည့် လူတို့က ရောက်လာလေ၏။
ခန်းမထဲရှိ မြင်ကွင်းကို မြင်တွေ့ရတာ အံဩသွားလေ၏။ မကောင်းဆိုးဝါးက သေပြီ ဖြစ်ကာ ၎င်း၏ ခန္ဓာ မရှိတော့ဘဲ ဧရာမကြွက်အလောင်းသာ ကျန်ရစ်ခဲ့ပြီး ၎င်းသည်လည်း သူ့ကိုယ်သူ ဖောက်ခွဲမူကြောင့် အပိုင်းပိုင်းအစစ ဖြစ်နေ၏။ နေရာအနှံ့လွှင်စင်သည့် အလောင်း အစိတ်အပိုင်းများလည်း ရှိနေကာ သွေးညှီနံများ ပြည့်နေတော့သည်။
မြေပြင်ပေါ်၌ ရွာသား ၇ ယောက်၊ ၈ ယောက်ခန့်၏ အလောင်းများ ရှိနေပြီး သူတို့၏ ဦးခေါင်းခွံ့၌ လက်ငါးချောင်းကဲ့သို့ အပေါက်များ ရှိနေသည်။ သေသူများက မျက်ကွင်းဟောက်ပက် ဖြစ်နေပြီး သူတို့၏ အလောင်းက ပိန်ချုံးနေကာ ခြောက်ခြားဖွယ်ကောင်းနေလေ၏။
ရဲနှင့် အထူးဌာန အရာရှိများသည် မှတ်တမ်းယူရန် ရောက်လာကြပြီး ဒဏ်ရာရထားသည့် သူတို့ကို တောင်အောက်သို့ ခေါ်သွား၏။
110 03
ကြွက်နတ်ဆိုး ဖောက်ခွဲစဉ်က လုံချီရှောင်နှင့် ကျန်သည့်သူများသည် ၎င်းကို ပိတ်ဆို့ ကာကွယ်ရန် သူတို့၏ လက်ကို အလိုလို သုံးလိုက်မိ၏။ သူတို့သည်လည်း ယွင်ယွီပေးထားသည့် အဆောင်များ ရှိနေသောကြောင့် ဒဏ်ရာက မပြင်းထန်ပေ။ သူတို့သည် ခြစ်ရာ ရှရာ တချို့သာ ထင်ခဲ့သည်။
သို့သော် ဆေးရုံသွားပြီး ဆေးစည်းလိုက်တာက ပိုကောင်းပေ၏။ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ်၌ ဘက်တီးရီးယား မည်မျှရှိကြောင်း မည်သူက သိမည်နည်း။
ကျန်သည့် အလုပ်များကို အထက်အရာရှိများဆီ အပ်ထားလိုက်သောကြောင့် သူတို့ စိုးရိမ် ပူပန်စရာ မရှိတော့ပေ။ ရဲများက ရွာသူကြီးနှင့် ရွာသားများစွာကို ဖမ်းခဲ့ပြီး တစ်ညလုံး စစ်မေးခဲ့၏။ ရွာသားများသည် တာအိုဆရာတုန်ဖူ သေပြီမှန်း သိလိုက်ရသောအခါ ထိတ်လန့်သွားလေ၏။ တချို့ကဆို ဤနှစ်များအတွင်း ပူဇော်ရန်အတွက် လူရှင်များကို အသုံးပြုသည့်အကြောင်း မပြောဘဲ မနေနိုင်တော့ပေ။ လူရှင်များကို ဝယ်ယူသည့် လနှစ်များနှင့် သူတို့ကို မည်သည့်အတွက် ပူဇော်ခဲ့ကြောင်းလည်း ပြောပြခဲ့သေးသည်။
ဤ လူရှင်များကို ရှေးဦးစွာ တောင်ပေါ်ရှိ တာအို ဘုရားကျောင်းဆီ ပို့ဆောင်ရသည်။ သူတို့ အောက်ပြန်ရောက်လာသည့်အချိန်၌ သူတို့ သေလွန်ပြီ ဖြစ်သည်။
ပြီးနောက် တာအိုဆရာတုန်ဖူက သူတို့ကို နတ်ဘုရားတို့က အလွန် စိတ်တိုင်းကျကြောင်း ပြောခဲ့ပြီး ကောင်းမွန်သည့် ရာသီဉတုနှင့် အထွက်နှုန်း တိုးစေရန်အတွက် မြစ်နတ်ဘုရားထံ ဆုတောင်းရန်အတွက် ပူဇော်ဖို့ အလောင်းများကို မြစ်ထဲ ပစ်ချရမည်ဖြစ်ကြောင်း ပြောခဲ့၏။ သို့မဟုတ် မိသားစု၏ ကြွယ်ဝချမ်းသာမှုကို ကာကွယ်ရန်အတွက် အဆောက်အအုံအောက်တွင် မြုပ်နှံရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ အပြင်၌ အလုပ်လုပ်ကိုင်သည့် လူတချို့ကဆို တာအိုဆရာတုန်ဖူ၏ အကြံပေးချက်ကို နားထောင်ကာ အလောင်းကို အပိုင်းပိုင်း လှီးဖြတ်လျှက် သူတို့၏ ဘိုးဘေးအုတ်ဂူများဘေးတွင် မြုပ်နှံခဲ့သည်။
တချို့ကဆို မျိုးနွယ်စု၏ ဘိုးဘွားခန်းမဆီသို့ သယ်သွားတတ်ကြသည်။
ရဲများသည် ရွာထဲရှိ ဘိုးဘွားခန်းမကို အားသုံး ဖွင့်ခဲ့၏။ အတွင်းမှ ပြင်းထန်သည့် ညှီနံက ပေါ်ထွက်လာကာ အပြာရောင် အောက်ကြမ်းခင်သည် နီညိုရောင် ပြောင်းနေပြီ ဖြစ်သည်။ ကျောက်တုံးကြားထဲရှိ အက်ကွဲကြောင်းထဲတွင် သွေးများက နစ်ဝင်နေပြီး မည်မျှ ကြိုးစားစေကာမှု မဆေးကြောနိုင်ပေ။ ဤဘိုးဘွားခန်းမသည် သူတို့ပြစ်မှု၏ သက်သေဖြစ်ကာ လူသားတို့၏ နှလုံးသား မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းလည်း သက်သေပြနေတာပဲ ဖြစ်သည်။
ထို့ကဲ့သို့ ကိစ္စမျိုးကို လူအများရှေ့ ဖော်ထုတ်၍ မရပေ။ သိုသိုသိပ်သိပ် လျို့ဝှက် ဖြေရှင်း ကိုင်တွယ်ရမည်။
ထို့ကဲ့သို့ ကိစ္စမျိုးက လူများအကြားထဲတွင် ဖြစ်ပွားခဲ့လျှင် လူငယ်မျိုးဆက် တချို့က လူသားပူဇော်မူအကြောင်း မသိလျှင်တောင် ရွာသားများစွာ ရုတ်တရက် သေသွားသည့် ကျားဖောကျေးရွာကို လာလိုစိတ် ရှိတော့မှာ မဟုတ်ပေ။ သူတို့သည် ကျေးရွာမှ တဖြည်းဖြည်းချင်း ရွေ့ပြောင်း သွားလိမ့်မည်။
ဆယ်နှစ် မပြည့်မှီ၌ ဤရွာသည် လူသူကင်းမဲ့ကာ ခြောက်ခြားဖွယ် ကောင်းသည်။ လူမနေထိုင်သော ကျေးရွာ ဖြစ်လာလိမ့်မည်။ ယင်းက အဆုံးမရှိသော ရဲရင့်သော လူသားတချို့အတွက် လာရောက် ရှာဖွေ့စရာ နေရာ တစ်ခု ဖြစ်လာလိမ့်မည်။
ယွင်ယွီက ထို့အကြောင်းကို ဂရုမစိုက်ပေ။ တာအို ဘုရားကျောင်းရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် သူတို့ ဟိုတယ်သို့ ပြန်သွား ရေချိုးကာ တစ်ညလုံး အနားယူလိုက်သည်။
နောက်တစ်နေ့တွင် ကယ်ဆယ်ရေး အသင်းက မြစ်ထဲ၌ အလောင်း ဆယ်လောင်းကျော် ရှာတွေ့ကြောင်း သတင်းရခဲ့သည်။ တချို့ကဆို အရိုးချောင်းများ ဖြစ်နေသည်။ တစ်ခုသာလျှင် လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ ယင်းက လေး၊ငါးရက်ခန့် ရေထဲရောက်နေပြီး ကြောက်မက်ဖွယ်ကောင်းနေ၏။ ခန္ဓာကိုယ်ပေါ်ရှိ အသားများစွာ ပျောက်နေသည်။ မြစ်ထဲရှိ ငါးများ၊ ပုစွန်များက စားသုံးခဲ့တာ ဖြစ်လောက်သည်။
ရွာထဲ၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင် အနီးရှိ လူများထံ ဖုံးကွယ်ထားနိုင်မှာ မဟုတ်မှန်း သေချာသည်။
မြို့ထဲရှိ လူအများက အပျော်ဝင်ပါလာပြီး ကယ်ဆယ်ရေးအသင်း ရှာဖွေ့တာကို ကြည့်နေ၏။ အစ၌ သူတို့သည် သတင်းကို မကြားမိသလို လူသားပူဇော်မူအကြောင်းလည်း မသိပေ။ တစ်စုံတစ်ယောက် ရေထဲ ပြုတ်ကျသွားသာဟုသာ ထင်ခဲ့၏။ တစ်ဒါဇင်ကျော်သော အလောင်းများကို နောက်မှသာ တွေ့လိုက်ရသည်။ အများစုက အရိုးဖြူများ ဖြစ်နေ၏။ သေသူ၏ ကိုယ်ပေါ်ရှိ အသားများလည်း အားလုံးနီးပါး စားသုံးခံထားရပြီး နောက်ထပ် အလောင်းတစ်လောင်းသာလျှင် အစားခံရတာ လျော့နည်းသည်။
ထိုသို့တောင် ပျော်ပွဲ ရွှင်ပွဲ ကြည့်ရန် ရောက်လာသည့် လူများက စိတ်ရှုပ်ထွေးနေလေ၏။
110 04
ဘာတွေ ဖြစ်ကုန်တာလဲ။ မြစ်ထဲကနေ ဒီလောက်အလောင်းတွေ အများကြီး ဆယ်မိတာလဲ။ ဒီနှစ်ပိုင်းတွေအတွင်း မြစ်ထဲ လူကျသွားတဲ့ သတင်း မကြားမိဘူးလေ။ ဘာကြောင့် မြစ်ထဲမှာ အလောင်းတွေ များနေတာလဲ။
သူတို့ စားသည့် ပင်လယ်စာများအားလုံး မြစ်ထဲမှ ဖမ်းမိတာကို ထည့်စဉ်းစားကြည့်မိပြီး ထို့ငါး၊ ပုစွန်များကလည်း အလောင်းများစွာ စားသုံးထားတာပဲ ဖြစ်သည်။
လူများစွာက နေရာမှာတင် ပျိုအန်ကုန်ကြပြီး သူတို့ အိမ်သို့ ပြန်သွားပြီနောက် ပင်လယ်စာ မဝယ်ရဲတော့ချေ။ မြို့ထဲရှိ လူများကလည်း ဤအရာများကို နောက်တစ်လ၊ နှစ်လ အထိ ပေးနိုင်မှာ မဟုတ်။
ထို့အပြင် အမှန်တရားက အနှေးနှင့်အမြန် ပေါ်ပေါက်လာလိမ့်မည်။ ထို့ ကျားဖောကျေးရွာရှိ ထို့ကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကြီးဖြင့် ဘာတွေ ဖြစ်နေမှန်း မှန်းဆနိုင်လိမ့်မည်။
ဖေးဟယ်၏ အလောင်းကို ဆယ်ယူရရှိပြီးသည့်နှင့် ချင်းဟယ်မြို့သို့ ပြန်ပို့လိုက်သည်။
အားလုံးကို ချင်ယွီစွေက ဖြေရှင်းပေးသွားတာ ဖြစ်သည်။ ယွင်ယွီကမှု နှစ်ရက်လုံး ဟိုတယ်တွင်သာ နေနေ၏။ သူမ မလာသေးပေ။ သူမသည် မကောင်းဆိုးဝါး အသက်စုပ်ယူတာ ခံရသည့် ကျားဖောကျေးရွာထဲ သေခဲ့သည့် မရေမတွက်နိုင်သော လူတို့၏ ဝိညာဉ်ကိုလည်း ကယ်တင်ရအုန်းမည်။
ဖေးဟယ်၏ ဝိညာဉ်ကို ချင်းဟယ်မြို့ဆီလည်း လမ်းပြပေးဖို့ လိုအပ်သည်။
ဖေးဟယ်၏ အလောင်းကို ယူသွားပြီးနောက် ရွာထဲ၌ အလောင်းများစွာကို တူးဖော်ရရှိခဲ့သည်။
ကြွက်မိစ္ဆာသေဆုံးခဲ့ပြီး ရွာထဲ၌ ပိတ်မိနေသည့် သရဲ တစ္ဆေများက နိုးထလာသည်။ သူတို့က ဦးတည်ရာ မဲ့နေလေ၏။ သူတို့က အမှတ်မထင် သေဆုံးခဲ့ကြသောကြောင့် အများစုသည် အညိုးအတေး မရှိကြပေ။ သို့သော် သူတို့ မထင်မှတ်ထားသည့် သေဆုံးခြင်းကြောင့် ပြန်လည် မွေးဖွားနိုင်ခြင်း မရှိပေ။ ယွင်ယွီ ကယ်တင်ပြီးနောက် သရဲ များစွာသည် မြေအောက်လောကသို့ ထွက်သွားပြီး တရားသူကြီး၏ စီရင်မှုကို စောင့်နေကြသည်။
သရဲတချို့ကမှု မြေအောက်လောကသို့ ချက်ချင်း မပြန်ချင်ပေ။ သူတို့က ချက်ချင်း မသွားချင်သေးပေ။ သူတို့ မိသားစုကို ပြန်ကြည့်ချင်သေး၏။
ယွင်ယွီသည် သူတို့ကို မတားခဲ့ဘဲ သူမက ကယ်ဆယ်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သူတို့ ဆန္ဒရှိသည့်အချိန်၌ မြေအောက်လောကသို့ သွားနိုင်မည် ဖြစ်သည်။
သူ့ရှေ့၌ နောက်ဆုံး သရဲ ရပ်နေလေ၏။ သူ၌ ချောမောသော မျက်နှာရှိပြီး အရပ်မြှင့်သည်။ သူက မသေခင်ကကဲ့အတိုင်းပင် ကြောက်မက်ဖွယ် မကောင်းပေ။ သို့သော် သူ့မျက်နှာက ဖြုဖျော့နေပြီး ခြေထောက်က မြေကြီးနှင့် မထိပေ။
ယွင်ယွီက အရှေ့သို့ လျှောက်သွားကာ ပြောလိုက်လေ၏။
“ဖေးဟယ်”
ဖေးဟယ်သည် သတိဝင်လာလေ၏။ သူက ယွင်ယွီကို ရင်းနှီးနေသည်။ ရှောင်ဟွမ်၏ အိမ်သို့ သွားနေစဉ် သူ့ခေါင်းနောက် အရိုက်ခံရတာကို မှတ်မိလိုက်သည်။ သူ နိုးထလာချိန်၌ အသက် ၄၀ ခန့်ရှိသည့် အမျိုးသမီးတစ်ဦးက သူ့ကို ကြိုးချည်နေတာ တွေ့လိုက်ရသည်။ သူမက သူ နိုးလာတာကို မြင်သောအခါ သူ့ကို ပြုံးပြပြီး ပါးစပ်ကို ပိတ်ရန် လက်ကိုင်ပုဝါ ထိုးထည့်ခဲ့၏။ ပြီးနောက် သူ သတိလစ်သွားတော့သည်။
သူ ခဏတစ်ဖြုတ် သတိလစ်သွားပြီးနောက် သေသွားလေ၏။ သူသည် မျက်ပေါက်ကျဉ်းကျဉ်းဖြင့် ပိန်ပိန်ပါးပါး အမျိုးသားကို မြင်လိုက်ရပြီး သူ၏ခေါင်းရှိ စူးရှသော နာကျင်မှုကို ခံစားမိသွားသည်။ ခဏအကြာတွင် သူ အမှောင်ထုထဲ ဆွဲသွင်း ခံလိုက်ရ၏။
လက်ရှိ အခြေအနေတွင် သူ သေပြီမှန်း သိနေသောကြောင့် ရေရွတ်ပြောလိုက်သည်။
“လန်လန်သာသိရင် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ”
သူ မသေခင်နှင့် သေဆုံးပြီးနောက် ဂရုအစိုက်ဆုံး လူက ယွင်လန်ပဲ ဖြစ်သည်။
ယွင်ယွီ၏ မျက်လုံးများက နီမြန်းနေကာ ပြောလိုက်တော့သည်။
“ယွင်လန်က ကျွန်မအစ်မပါ။ ရှင် သူ့ကို တွေ့ချင်သေးလား။ ဒါပေမဲ့ လူသားနဲ့ သရဲတစ္ဆေတွေက လမ်းကြောင်း မတူကြဘူး။ ရှင် သူ့ကို တွေ့ပြီး မထွက်သွားချင်ရင် သူပဲ ဒုက္ခ ခံစားရမှာ။ ဒါကြောင့် ရှင် သူ့ကို တွေ့ပြီးတာနဲ့ နောင်တ မရပဲ မြေအောက်လောကကို သွားဖို့ မျှော်လင့်ပါတယ်”
110 05
သူတို့ကို တစ်ယောက်နှင့် တစ်ယောက် တွေ့ခွင့်မပေးပါက သူတို့ ဘဝထဲတွင် နောင်တကိုယ်စီဖြင့် ရှင်သန်နေရမှာ ဆိုးရပေ၏။
ဖေးဟယ်က ခေါင်းငြိမ့်လိုက်ပြီးနောက် ခဏတစ်ဖြုတ် ရပ်တန့်သွား၏။
“မင်းက ယွီအာလား”
ယွင်ယွီက ခေါင်းညိတ်လိုက်သည်။
ဖေးဟယ်က ပြုံးလျှက် ပြောလိုက်တော့သည်။
“လန်လန်က မင်းအကြောင်း ငါ့ကို မကြာခဏ ပြောတတ်တယ်။ မင်းက ဉာဏ် အရမ်းကောင်းပြီး သူရဲ့ ဂုဏ်ယူစရာလို့ ပြောတာ”
ယွင်ယွီ၏ မျက်လုံးများ နီမြန်းနေသည်။
နောက်ဆုံးတွင် ဖေးဟယ်သည် ယွင်ယွီသည် ချင်ယွီစွေနှင့်အတူ ချင်းဟယ်မြို့သို့ လိုက်လာ၏။ လုံချီရှောင်နှင့် ကျန်သည့်သူများကမှု ကျန်ရှိသည့် ကိစ္စများ ဖြေရှင်းရန် ကျားဖောကျေးရွာ၌ နေရစ်ခဲ့သည်။
ရှေးဦးစွာ ဖေးဟယ်၏ အလောင်းကို ပြန်သယ်လာသည်။ သူ၏ အသွင်အပြင်ကို မြင်ပြီး ယွင်လန်က မျက်ရည်များ ကျလာ၏။ စစ်ဆေးပြီးနောက် ကိစ္စဝိစ္စဖြေရှင်းရန် ဖေးဟယ်၏ မိခင်ကို အကြောင်းကြားလိုက်သည်။
ယွင်လန်သည် ဖေးဟယ်အတွက် ဈာပနပွဲ ကျင်းပခဲ့ကာ သူမ၏ လုပ်ဖော်ကိုင်ဖက်များ အားလုံးလာသည်။ ဈာပနပွဲပြီးနောက် ယွင်လန်သည် ဖေးဟယ်ကို မီးသဂြိုလ်လိုက်လေ၏။
******