← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

111 01

အပိုင်း 111

ယွင်ယွီသည် ဖေးဟယ်၏ ဝိညာဉ်ကို ချင်းဟယ်မြို့သို့ ပြန်ခေါ်လာချိန်တွင် ဖေးဟယ်၏ အလောင်းကို သဂြိုလ်ပြီး ဖြစ်သည်။ ယွင်လန်က သူ၏ ပြာများကို အိမ်တွင် ထားလျှက် သူတို့ကို မြုပ်နှံရန် တောင်ဖိုနှင့် လှပသော မြစ်များ ရှိသည့် နေရာတစ်ခုကို ရှာဖို့ ချင်းဟယ်ရွာသို့ ပြန်သယ်သွားရန် စီစဉ်ထားသည်။

ယွင်ယွီ ပြန်လာတာကို မြင်သောအခါ ယွင်လန်က သက်ပြင်းချလိုက်၏။ ဒီရက်များအတွင်း သူမ အလွန် စိတ်ဓာတ်ကျနေပြီး ဖေးဟယ်အကြောင်း မပြောချင်ပေ။ သူမ ယွင်ယွီကိုသာ မေးလိုက်၏။

“ယွီအာ အဆင်ပြေရဲ့လား”

ဤခရီးစဉ်က မည်မျှ အန္တာရာယ်များမှန်း သူမ မသိခဲ့သော်ငြား လူသားပူဇော်မူနှင့် ဤလူများကို ဖြေရှင်းရ မလွယ်ကူကြောင်း သူမ သိထားလေ၏။ သို့သော်ငြား ယွီအာသည် ဖေးဟယ်၏ အလောင်းကို ပြန်သယ်လာခြင်းက သူမအရည်အချင်းကို ပြသနေတာပဲ ဖြစ်သည်။ သို့သော် သူမက ယွင်ယွီထိခိုက်မှာကို စိုးရိမ်နေ၏။

ယွင်ယွီက ငြင်သာစွာ ပြောလိုက်သည်။

“မမ ညီမ အဆင်ပြေပါတယ်”

သူမနောက်တွင် ဖေးဟယ်က ရပ်နေပြီး ယွင်လန်ကို ကြင်နာသော မျက်ဝန်းများဖြင့် အနီးကပ်ကြည့်နေ၏။

ယွင်လန်က အားတင်း ပြုံးလိုက်လေ၏။

“ညီမ အဆင်ပြေတာ ဝမ်းသာတယ်။ ယွီအာ ညီမနဲ့ ဆွေးနွေးစရာ ရှိတယ်။ အစ်မ နှုတ်ထွက်ပြီး ချင်းဟယ်ရွာကို ပြန်ချင်လို့ ပြီးရင် အစ်မနဲ့အတူ ဖေးဟယ်ရဲ့ ပြာကို သယ်သွားပြီး သူ့ကို အဲဒီမှာ မြုပ်ဖို့ နေရာ တစ်နေရာ ရှာမယ်”

“အစ်မ”

ယွင်ယွီက သူမမေးခွန်းကို မဖြေခဲ့ပေ။

“ဖေးဟယ်ကို တွေ့ချင်သေးလား”

“ယွီအာ ဘာပြောလိုက်တာလဲ”

ယွင်လန်က မှင်သက်သွားပြီး သူမ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေ၏။

“သူ့ကို တွေ့လို့ ရသေးလား”

“ရတာပေါ့။ အစ်မ သူ့ကို တွေ့ချင်လား”

ယွင်လန်က ဆွံ့အနေကာ သူမမျက်လုံးများက လျင်မြန်စွာ နီမြန်းသွားလျှက် ဖြတ်လတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ယွင်ယွီက သူမနဖူးကို ထိလိုက်၏။ ယွင်လန်သည် သူမညီမနောက်ရှိ အရပ်မြှင့်မြှင့် ပိန်ပါးပါး ပုံရိပ်ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာက ဖြူဖျော့ပြီး ခြောက်ခြားဖွယ် ကောင်းနေသည့်တိုင် သူမက မျက်ရည်များ ကျလာတော့သည်။

ယွင်ယွီက ညှင်သာစွာ ပြောလိုက်လေ၏။

“အစ်မတို့ နှစ်ယောက် ခဏ စကားပြောလိုက်ပါအုန်း”

ပြီးနောက် သူမသည် အခန်းကို လူတစ်ယောက်နှင့် သရဲတစ်ကောင်ဆီ ထားခဲ့ပေးပြီး တံခါးပိတ်ကာ ထွက်သွားလေ၏။ ချင်ယွီစွေကမှု ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူမက သူ့ဆီ လျှောက်သွားလျှက် သူ့ကို မှီကာ သက်ပြင်းသဲ့သဲ့ ချလိုက်တော့သည်။

ချင်ယွီစွေက သူမ၏ ခါးကို ဖက်ထားလျှက် မေးလိုက်သည်။

“ပင်ပန်းနေပြီလား”

“ဟင့်အင်း”

ယွင်ယွီက ခေါင်းခါလိုက်သည်။

111 02

“မမ ပိုပြီး တွေးတတ်ဖို့ပဲ မျှော်လင့်ရတာပါ”

လူတချို့သည် သေခြင်းရှင်ခြင်းကို ခွဲခွာနိုင်ခြင်း မရှိ။ သူမ အပါအဝင် ဖြစ်သည်။

လူအနည်းစုသာလျှင် သေခြင်းရှင်ခြင်းကို ပေါ့ပေါ့ပါးပါး ခွဲခြားနိုင်သည်။

သူမက သူ့ရင်ခွင်ထဲ မှီနေကာ နှလုံးခုန်သံကို နားထောင်ပြီး တဖြည်းဖြည်းချင်း စိတ်ငြိမ်သွားလေ၏။

ယွင်ယွီ ဤရက်များအတွင်း တကယ် ပင်ပန်းခဲ့သည်။ သူမက ချင်ယွီစွေ၏ ရင်ခွင်ထဲ မှီနေကာ တဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

အခန်းထဲတွင် ဖြစ်သည်။

ယွင်လန်က ဖေးဟယ်ကို မျက်ရည် အဝဲသားဖြင့် ကြည့်နေ၏။ ဖေးဟယ်က ခြေလှမ်းတိုးလိုက်သော်ငြား သူမနှင့် ခြေလှမ်းတစ်ဝက်အကွာတွင် ရပ်တန့်လိုက်သည်။ သူက ကြင်နာသော အသံဖြင့် ခေါ်လိုက်၏။

“လန်လန်”

ယွင်လန်က မျက်လုံးကို ကာထားလျှက် ငိုလိုက်သည်။

“ကျွန်မ တောင်းပန်ပါတယ်”

“ကိုယ့်ကို ဘာလို့ တောင်းပန်နေတာလဲ။ ကိုယ်ကသာ တောင်းပန်သင့်တာ။ ကိုယ်တစ်ဘဝလုံး မင်းနဲ့ ဆက်အဖော်မပြုပေးနိုင်တော့ဘူး”

ဖေးဟယ်သည် သူမကို နှစ်သိမ့်ပေးရန် ဤလူကို ထွေးဖွေ့ထားချင်မိသည်။ သို့သော် သူ မဖက်နိုင်။ သူက သရဲတစ်ကောင် ဖြစ်ပြီး လူသားများနှင့် သရဲတစ္ဆေများက မတူညီပေ။

ယွင်လန်က ငိုယိုလိုက်၏။

“ကျွန်မကြောင့်သာ မဟုတ်ရင် ဝူရှောင်ဟွမ်က မနာလို ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှားတချို့ကြောင့် ရှင့်အသက်ဆုံးရှုံးသွားရပြီ”

“ရှောင်ဟွမ်”

ဖေးဟယ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားလေ၏။

“ရှောင်ဟွမ် လုပ်ခဲ့တာလား”

သူသည် ယွင်ယွီကို မည်သို့ဖြစ်ခဲ့ကြောင်း မမေးခဲ့ဘဲ သူ၏ ရင်ထဲ၌ ယွင်လန်ကို မြင်တွေ့ရမည်ဟုသော ပျော်ရွှင်မူများသာ ပြည့်နေသည်။

ယွင်လန်သည် အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပြီး ပိုတောင် အပြစ်မကင်း ဖြစ်လာလေ၏။

ဖေးဟယ်သည် ဤလူကို ဖက်ထားလိုက်မိ၏။

သူ ယွင်လန်ကို ထိနိုင်ကြောင်း ရှာတွေ့သွားသည်။ သူက သူမကို ဖက်ကာ နှစ်သိမ့်လိုက်လေ၏။

“မင်းကို အပြစ်မတင်ပါဘူး။ သူက ရက်စက်တဲ့ သူပဲ။ ကိုယ် ထောက်ပံ့ပေးခဲ့တဲ့ ကလေးက ဒီလောက်အထိ ကိုယ်ကျင့်သိက္ခာ ပျက်ပြားလိမ့်မယ်လို့ ကိုယ် လုံးဝ မထင်ထားဘူး။ လန်လန်ကို တောင်းပန်ပါတယ်။ ကိုယ်သာ အစကတည်းက မထောက်ပံ့ပေးခဲ့ရင် အခုလောက်ဆို အရာအားလုံး ကွာခြားသွားမလား”

ယွင်လန်က သူ၏ခါးကို ဖက်ထား၏။ အနည်းငယ် အေးမြမှုကို ခံစားလိုက်ရသည်။ သူမ ရှိုက်ငိုရင်း ပြောလိုက်လေ၏။

“ဒါမျိုး ထပ်ဖြစ်လာရင်တောင် ရှင် သူတို့ကို ကူညီအုန်းမှာပါပဲ”

သူက ကြင်နာတတ်သည့် လူတစ်ယောက်ဖြစ်ပြီး ရလဒ်က ဧကန်မုန်ချ လွှဲနေမှာ မဟုတ်။

ဖေးဟယ်က သက်ပြင်းချလျှက် သူမကို ထွေးဖွေ့ထားလိုက်သည်။

လူတစ်ယောက်နှင့် သရဲတစ်ကောင်သည် ငြိမ်သက်စွာ ပြောနေလေ၏။

ယွင်လန်၏ စိတ်ခံစားချက်များ တဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ ပြောလိုက်လေ၏။

“ဖေးဟယ် ကျွန်မ ရှင်ရဲ့ အရိုးပြာကို ချင်းဟယ်ရွာဆီ သယ်သွားပြီး ရှင်ကို အဲဒီလှပတဲ့ နေရာမှာ မြုပ်နှံပေးဖို့ ပြင်ဆင်ထားတယ်”

111 03

သူမ ထို့သို့ ပြောပြီးနောက် တုန့်ဆိုင်းနေကာ ဆက်ပြောလိုက်သည်။

“ဖေးဟယ် ကျွန်မတို့တွေ ဒီအတိုင်း သွားလို့ ရတာပဲ။ ရှင် သရဲတစ်ကောင်ဆိုပေ့မဲ့ ကျွန်မတို့ တွေ့နိုင်တယ်။ ထိတွေ့လို့ရတယ်။ ကျွန်မတို့တွေ”

ယွင်လန်က အနည်းငယ် ဗလုံးဗထွေး ပြောနေသော်ငြား ဖေးဟယ်ကမှု သူမ ဆိုလိုတာကို သဘောပေါက်၏။ သူက ယွင်လန်၏ ပုခုံးကို ကိုင်ထားကာ ပြောလိုက်တော့သည်။

“လန်လန် မဖြစ်ဘူး ကိုယ်တို့က လူနဲ့ သရဲတွေ မတူညီတဲ့ လမ်းပေါ်မှာ ရှိနေပြီးသား။ မင်းလည်း မင်းဘဝရှိသေးတယ်။ အတူ ဆက်ရှိနေလို့ မရဘူး”

လူသားများနှင့် သရဲတစ္ဆေတို့သည် ကြိုက်၍ မရကြောင်း ယွင်ယွီက သူ့ကို ပြောထားမိ၏။ မဟုတ်လျှင် ယင်းက လူတို့ကို ထိခိုက်စေလိမ့်မည်။ သူ ယွင်လန်ကို မထိခိုက်စေချင်ပေ။ နောင်ကျ သူမကို ချစ်မြတ်နိုးသည့် တစ်စုံတစ်ယောက် တွေ့လိမ့်မည်။ သူက သူမကို အတိတ်ကိုသာ အောင်းမေ့တမ်းတ မနေစေချင်ပေ။ ဖေးဟယ်က ဆက်ပြောလိုက်၏။

“လန်လန် ကိုယ် မင်းနဲ့အတူ ချင်းဟယ်ရွာဆီ မလိုက်သွားချင်ဘူး။ ကိုယ်ရဲ့ အရိုးပြာကို ပင်လယ်ထဲမှာ ကြဲပေးပါ။ ကိုယ် မြေအောက်ကမ္ဘာကို သွားပြီး ပြန်လည်ဝင်စားဖို့ စောင့်တော့မယ်။ နောင်ဘဝကျ ကံကြမ္မာကောင်းရှိတယ်လို့ ယွီအာက ကိုယ်ကို ပြောခဲ့တယ်”

သူမသာ သူ၏ အရိုးပြာကို ချင်းဟယ်ရွာဆီ သယ်သွားပြီး မြုပ်နှံခဲ့လျှင် နှစ်စဉ်နှစ်တိုင်း လာပြီး ကန်တော့နေမည် ဖြစ်၏။ သူ၏ ဆက်ဆံရေးကို သူမ မည်ကဲ့သို့ မေ့နိုင်မည်နည်း။

သူမ နောင်ကျ ချစ်သူရည်စား ရှာတွေ့ချိန်တွင်လည်း ယင်းကို စိတ်ထဲ ထားနေလိမ့်မည်။

ယွင်လန်က ပါးကို အုပ်ထားလျှက် တိတ်ဆိတ်စွာ ငိုကြွေးလိုက်တော့သည်။

ဖေးဟယ်က သူ့ကို အသံတိုးတိုးဖြင့် ချော့မြူလိုက်သည်။

အချိန်တို့ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး နေရောင်သည် ပြတင်းပေါက်မှ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ကျနေက တဖြည်းဖြည်းချင်း ပေါ်လာလေ၏။

ဖေးဟယ်က ညှင်သာစွာ ပြောလိုက်တော့သည်။

“လန်လန် ကိုယ်သွားတော့မယ်”

သူသည်လည်း သူမနှင့် တစ်သက်လုံးနေချင်မိ၏။ သို့သော် မနေနိုင်။

ယွင်လန်က တုန်ယင်နေပြီး စကားမပြောနိုင် ဖြစ်နေတော့သည်။

ဖေးဟယ်က သူမနဖူးကို ညှင်သာစွာ နမ်းရှိုက်ပြီးနောက် သူ့ပုံရိပ်က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ယွင်လန်၏ ငိုသံက ပိုမို ကျယ်လောင်လာသော်ငြား ယွင်ယွီနှင့် ကျန်သည့်သူများက အထဲသို့ မဝင်လာခဲ့ပေ။

အချိန်မည်မျှ ကြာသွားသည့် မသိ။ ငိုသံက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ အချိန်အတော်ကြာပြီးနောက် ယွင်လန်သည် နီရဲယောင်ကိုင်းနေသော မျက်လုံးဖြင့် အခန်းထဲမှ ထွက်လာ၏။ သို့သော့် သူမကိုယ်ပေါ်ရှိ အသက်ကင်းမဲ့သော အရှိန်အဝါက မရှိတော့ပေ။

သူမ ဖြစ်ဖြစ်ချင်း ထွက်လာသည်။

သုံးယောက်သား ရိုးရိုးရှင်းရှင်း စားသောက်ပြီး အိပ်ရာဝင်လိုက်ကြလေ၏။ ဒုတိယမြောက်နေ့တွင် ယွင်လန်က ဖေးဟယ်၏ ပြာကို သင်္ဘောတစ်စင်းပေါ် သယ်သွားပြီး မိုးနှင့်မြေကြား ပင်လယ်ထဲတွင် ကြဲပေးလိုက်၏။

မိုးပြာရောင်ကောင်းကင်နှင့် ကျယ်ပြောသော သမုဒ္ဒရာကို ကြည့်ပြီး ယွင်လန်က တိတ်တဆိတ် တွေးလိုက်မိသည်။ နောင်ဘဝကျ ရှင် တည်ငြိမ်ချောမွတ်တဲ့ ဘဝရဖို့ မျှော်လင့်ပါတယ်။ ရှင်ရဲ့ မိဘတွေ၊ မိသားစုတွေက ချစ်ကြပြီး စိုးရိမ်ပူပန်မှု ကင်းမဲ့တဲ့ ဘဝ ရပါစေ။

ပြန်လာပြီးနောက် ယွင်လန်သည် ကုမ္မဏီသို့ သွားကာ ထွက်စာတင်ခဲ့လေ၏။

သူမသည် နောင်ကျ အလုပ်လုပ်ရန် ချင်းဟယ်မြို့သို့ လာမည်ဆိုလျှင်တောင် ကုမ္မဏီတွင် နေတော့မှာ မဟုတ်ပေ။ သူမအဖို့ အလုပ်ထွက်ပြီး အိမ်ပြန်ကာ ရှေ့ဆက်ရမည် အစီအစဉ်ကို စဉ်းစားတာက ပိုကောင်းပေလိမ့်မည်။

ချင်းဟယ်မြို့မှ မထွက်ခွာခင် သူတို့သုံးယောက်သားက ဒုတိယဦးလေးအိမ်သို့ သွားခဲ့သည်။

နှစ်ပေါင်းများစွာ ကြာအောင် ယွင်လန်ကို သူ၏ ဒုတိယဦးလေးက ဂရုစိုက်ပေးခဲ့သည်။

111 04

သူမ ပြန်လာချိန်တွင်လည်း သွားရောက် လည်ပတ်ရမည်။ ယခုအခေါက်တွင် ယွင်ယွီက ချင်ယွီစွေကို ကြာပန်းလက်ဆောင်များ ဝယ်ခွင့်မပေးခဲ့ပေ။ သူမသည် ထို့အစား တန်ဖိုးပိုကြီးသည့် ချယ်ရီသီးကဲ့သို့ သစ်သီးဝါလံများသာ ဝယ်ယူခဲ့၏။

ယနေ့က တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ယွင်မောက်ကျန်း နားရက်ရသည်။ သူက ရဲတစ်ယောက် ဖြစ်ပြီး ကြားရက်များ၌ အလုပ်အလွန်များနေသည်။

ရှောင်ကျင်းမြောင်သည် သူက ယခုအခေါက်၌ သစ်သီးဝါလံများ သယ်လာတာကို မြင်သောအခါ အနည်းငယ် စိတ်မပျော်ဖြစ်သွားပြီး များများစားစား မပြောတော့ပေ။

စားသောက်နေစဉ် သူမက ယွင်လန်ကို ပြောလိုက်လေ၏။

“လန်လန် သမီးပို တွေးသင့်တယ်။ ရှေ့ဆက်ရမဲ့ အချိန်တွေ အများကြီး ရှိသေးတယ်။ နောင်ကျ ဘာစီစဉ်ထားလဲ”

ယွင်လန်က ပြောလိုက်၏။

“ဦးလေး၊ ဒေါ်လေး သမီး အလုပ်ထွက်ပြီးပြီ။ ခဏတစ်ဖြုတ်တော့ ချင်းဟယ်ရွာဆီ ပြန်ဖို့ ပြင်ဆင်ထားတယ်။ ပြီးမှ နောက်ထပ် ဘာဆက်လုပ်မလဲ စဉ်းစားမယ်”

ရှောင်ကျင်းမြောင်က သက်ပြင်းချလိုက်လေ၏။

“ဒီအတိုင်း နှုတ်ထွက်စာ တင်လိုက်တာလား။ နှမြောစရာပဲ အဲဒီကုမ္မဏီမှာ နှစ်တချို့ ရှိနေခဲ့ပြီးပြီကို နောင်ကျ ရာထူးတက်နိုင်တာ”

သူမက ယွင်လန်ကို ဆက်တိုက် ရေရွတ်ပြောနေ၏။ ယွင်မောက်ကျန်းက သူမကို လှမ်းဆွဲလိုက်သည်။

“မြန်မြန်စား ကလေးတွေမှာ သူတို့ အစီအစဉ်နဲ့ သူတို့ရှိတာ ကောင်းတယ်။ လန်လန် ပြန်ပြီး အနားယူတာလဲ မဆိုးဘူး။ ပြန်သွားပြီး သမီးရဲ့ အဘွား၊ အမေတို့နဲ့ အချိန်ပိုကုန်လိုက်အုန်း။ တရုတ်နှစ်ကူးကျ လာခဲ့မယ်”

“ဟုတ်ကဲ့ ဦးလေး ဒါပေမဲ့ ယွီအာနဲ့ ချင်ယွီစွေတို့က တစ်လအတွင်း လက်ထပ်တော့မှာ မင်္ဂလာပွဲတက်ရောက်ဖို့ သမီးတို့ ဖိတ်ရအုန်းမယ်”

ယွင်မောက်ကျန်းက ပြုံးလျှက် ပြောလိုက်သည်။

“ဟုတ်ပြီလေ”

ညစာစားပြီးနောက် ယွင်ယွီနှင့် ကျန်သည့် သူများသည် သူတို့ ဒုတိယဦးလေးအိမ်မှ ထွက်သွားလေ၏။

ရှောင်ကျင်းမြောင်သည် ယွင်ယွီသယ်လာပေးသည့် ချယ်ရီသီးများကို စားသောက်နေလျှက် ရေရွတ်ပြောလိုက်၏။

“ယွင်ယွီသတို့သားလောင်းရဲ့ အထောက်အထားက ဘာလဲ။ သူ့ကို မေးဖို့ မေ့သွားတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် သူပို့လိုက်တဲ့ ပစ္စည်းတွေက ပစ္စည်းကောင်းတွေပဲ။ ကျွန်မတို့တောင် မဝယ်နိုင်ဘူး။ ကျွန်မ ရောင်းလိုက်တာ ယွမ် တစ်သောင်းလောက် ရတယ်။ ရွှမ်ရွှမ်ရဲ့ အရုပ်တွေကလည်း ယွမ် ထောင်ချီတန်တယ်လို့ ကြားမိတယ်။ သူက သူဌေးတစ်ယောက်များလား”

ယွင်မောက်ကျန်းက မျက်မှောင် ကြုတ်လျှက် ပြောလိုက်လေ၏။

“တခြားသူ ဘာလုပ်လဲ ဘာလို့ ဂရုစိုက်နေတာလဲ။ သူ ယွီအာပေါ် ကောင်းသရွေ့ အဆင်ပြေပြီ”

သူက တီဗီ စိုက်ကြည့်နေမိသည်။ ယွီအာ၏ သတို့သားလောင်းက ရိုးရှင်းသူ မဟုတ်ဟု သူ သံသယဖြစ်မိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့၏ ဒါရိုက်တာသည် ချင်ယွီစွေ၏ အထောက်အထားအကြောင်းကို မေးခဲ့၏။ သူက ချင်ယွီစွေသည် သူ့တူမ၏ ခင်ပွန်းဖြစ်ကြောင်း ပြောခဲ့သည်။ ဒါရိုက်တာက ဤသို့ ပြောလာလေ၏။

“လောင်ယွင် မင်းတို့ မိသားစုမှာ ဒီလို ရွက်ပုန်းသီးတွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဘာလို့ စောစော မပြောတာလဲ”

နှစ်ရက်ကြာပြီးနောက် သူ့အထက်အရာရှိဆီမှ သတင်းရောက်လာသည့်က သူတို့သည် သူ့ကို ခေါင်းဆောင်ရာထူးတိုးပေးဖို့ ပြင်ဆင်နေဟု ဆိုတာပဲ ဖြစ်သည်။

သူက ဤနေရာ၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ယင်းက သူ့ဘဝအဆုံးအသတ်ဟု ထင်ခဲ့သည်။ သို့သော် ယခုအချိန်၌ ရာထူးတိုးရန် အခွင့်အလမ်း ရလိမ့်အုန်းမည်ဟု မထင်ထားခဲ့ပေ။

ယွင်မောက်ကျန်းသည် ဤကိစ္စက ချင်ယွီစွေနှင့် ဆက်စပ်နေသလားဟု ထင်သွားသည်။

သို့သော်ငြား သူ မရည်ရွယ်ထားပေ။ ရာထူးတက်ခြင်းက ဂုဏ်တက်စရာ ကောင်းနေပြီ ဖြစ်သည်။

ယွင်ယွီက ဤကဲ့သို့သော လူမျိုး ရှာတွေ့တာ သူ ပျော်ရွှင်မိသည်။ ထို့အပြင် ယွင်ယွီက အတော်လေး အရည်အချင်းရှိ၏။ ဝူရှောင်ဟွမ်၏ အမှုကိစ္စက သူ့ကို မျက်စိဖွင့်စေခဲ့သည်။

ရှောင်ကျင်းမြောင်ကမှု တကျီကျီ ပြောနေသေးစဲ ဖြစ်၏။

“ယွင်ယွီနှင့် ယွင်လန်တို့က ခေါင်းမာလိုက်ကြတာ။ တစ်ယောက်က ထိပ်တန်း ကျောင်းသားဖြစ်ပြီး လယ်စိုက်ဖို့ ပြန်တယ်။ နောက်တစ်ယောက်က အလုပ်ထွက်သွားတယ်။ သူတို့ ဘယ်လို ရှင်သန်မလဲ ကြည့်ကြသေးတာပေါ့”

ယွင်မောက်ကျန်းသည် သူ့ဇနီး၏ နှာပူနှာဆာတိုက်မူကြောင့် စိတ်ပျက်လာပြီး အခန်းထဲ ပြန်သွားတော့သည်။

++++++

All Chapters