← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

112 01

အပိုင်း 112

ယွင်ယွီနှင့် သူမ၏ မိတ်ဆွေများသည် နောက်တစ်နေ့တွင် ချန်းရွှေမြို့သို့ သွားပြီးနောက် နေ့လည်၌ ချင်းဟယ်ရွာသို့ ရောက်သွားသည်။

လမ်း၌ ယွင်ယွီသည် လုံချီရှောင်နှင့် ကျန်သည့်သူများကို ဖုန်းခေါ်လျှက် ကျားဖောရွာရှိ အခြေအနေအကြောင်း မေးမြန်းခဲ့သည်။

လုံချီရှောင်က ပြောပြလေ၏။

“မင်းနဲ့ ချင်ယွီစွေ ဒီကိစ္စကို စိတ်ပူစရာ မလိုတော့ဘူး။ အိမ်မြန်မြန်ပြန် ဒီက ကိစ္စတွေက ပြီးသလောက်ရှိနေပြီ။ ရွာသားဒါဇင်ချီကိုလည်း ဖမ်းစီးထားတယ်။ ဒါက အမှုကြီးပဲ။ သူတို့ အားလုံး ထောင်ကျမှာ။ ဒါအပြင် ရွှေငွေရတနာနှင့် ငွေသားတွေကို ကျင့်တင့်တာအို ဘုရားကျောင်းထဲမှာ တွေ့ခဲ့တယ်။ ဒါတွေကို လွှဲပေးလိုက်ပြီးပြီ။ သတင်း ပို့ပြီး မင်းတို့အတွက် ဘောနပ်စ့်ရအောင် ကြိုးစားပေးမယ်”

ယွင်ယွီက ပြုံးလျှက် ပြောလိုက်သည်။

“ကျေးဇူးပါ ဝမ်းကွဲ”

လုံချီရှောင်က ပြောလိုက်၏။

“ရပါတယ်။ ဘယ်အချိန်လက်ထပ်ကြမှာလဲ။ ပြီးရင် ဖိတ်စာပို့ဖို့ သတိရအုန်း”

“ဒါပေါ့ ကျွန်မရဲ့ ဝမ်းကွဲကို မမေ့ပါဘူး”

ပြန်လာပြီးနောက် အိမ်အသစ်ပြင်ဆင်မှုက ပြီးသလောက်ရှိနေပြီဖြစ်ကာ မင်္ဂလာပွဲကျင်းပရန် အချိန်ဖြစ်သည်။

ဖုန်းချပြီးနောက် ချင်ယွီစွေက ဟယ်ရှန်းမြို့သို့ မောင်းသွားလိုက်သည်။

မြို့ဝင်ပေါက်ကို ဖြတ်ချိန်၌ ယွင်လန်သည် မြို့ဝင်ပေါက်ရှိ ပဲနွယ်ပင်ကို ကြည့်ပြီးနောက် ပဲနွယ်ပန်းများ တွဲလောင်းကျနေတာကို မြင်သောအခါ တအံတဩ ပြောလိုက်သည်။

“ဒီပဲနွယ်ပင်က အသက်ရှင်နေသေးတယ်လား။ ပြီးတော့ ဒီနှစ် ဒီအချိန် ဒီမှာ ဘာလို့ ဖွင့်နေတာလဲ။ လှလိုက်တာ”

ယွင်ယွီသည် ပြတင်းပေါက်ကနေ အပြင်ဘက်ရှိ ပဲနွယ်ပင်ကို ကြည့်လိုက်၏။

ဧရာမသစ်ပင်က အရပ်မျက်နှာအနှံ ဖြာထွက်နေလျှက် တစ်မီတာ၊ နှစ်မီတာခန့် ရှည်သည်။ နွယ်ကြိုးတို့က စီးကျနေသည်။ နွယ်ကြိုးပေါ်ရှိ ပန်းပွင့်တို့ကလည်း တိမ်စိုင်တိမ်ထဲ၌ ချိတ်ဆွဲထားသည့်ပမာပင် ခရမ်းရောင်ဖွဲ့ရေတံခွန်ကို ဖွဲ့တည်ပေးနေ၏။ ယင်းက ရင်သပ်ရူမောဖွယ်ကောင်းလောက်အောင် လှပပေသည်။

သစ်ပင်အောက်သို့ လာရောက်လည်ပတ်သည့် လူတချို့လည်း ရှိသည်။

မွန်းတည်ချိန်ရောက်နေပြီဖြစ်ကာ ချင်ယွီစွေသည် အဘွားယွင်နှင့် ကျန်သည့်သူများ ရှိမရှိ သိရရန် မြို့ရှိ ဘန်းမုန်းဆိုင်သို့ မောင်းသွားလိုက်၏။

မထင်မှတ်ထားပဲ ဘန်းမုန့်ဆိုင်က ယခုအချိန်အထိ ဖွင့်နေသေးပြီး အဘွားယွင်နှင့် ကျန်သည့်သူများအပါအဝင် ဆိုင်ထဲ၌ စားသုံးသူ တချို့ ရှိနေသည်။

ယွင်ယွီက အထဲဝင်သွားလျှက် ပြောလိုက်သည်။

“အဘွား နေ့လည်ရောက်နေပြီ။ ဘာလို့ ဧည့်သည်တွေ များနေသေးတာလဲ”

ဘန်းမုန့်၌ လူများ ပြည့်ကြပ်နေ၏။ ဟိုးအပြင်ဘက်၌ ခေါက်ဆွဲများ ရှိနေသးသည်။ ဟိုးအောက်ခြေ၌ ခေါက်ဆွဲဟင်းရည် အနည်းငယ်သာကျန်တော့သည်။

အဘွားယွင်သည် သူ၏ မြေးအကြီးဆုံးပြန်လာတာကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြီး အထဲဝင်ထိုင်ခိုင်းကာ ပြောလိုက်သည်။

“မြို့ထဲက ပဲနွယ်ပင်က ရုတ်တရက် ပွင့်လာလို့လေ။ ခရီးသွားတော်တော်များများ မြို့ကနေ ရောက်လာကြတယ်။ တိုက်ရိုက်ထုတ်လွှင်မူကြောင့်နဲ့ တူပါရဲ့။ အဘွား ဘာမှန်းတော့ မသိဘူး။ အဘွားတို့ ဘန်းမုန့်ဆိုင်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ လူကလည်း အဘွားတို့ ဘန်းမုန့်ဆိုင်မှာ လာစားသွားတယ်လေ။ ပြီးတော့ သတင်းပျံ့သွားတာ။ ခရီးသွားတော်တော်များများ ရောက်လာတယ်။ တချို့ကဆို စားသောက်ဖို့ အဘွားတို့ အိမ်အထိတောင် လာတာ။ လုပ်ငန်းကောင်းလွန်းလို့ နေ့လည့်အထိ ခေါက်ဆွဲနှစ်အိုးတွေ ပြင်ထားလိုက်တာလေ”

ဆိုင်တွင် ကူညီပြင်ဆင်ပေးနေသည့် ကျောက်စစ်ထင်းကလည်း ပြုံးလျှက် ပြောလိုက်သည်။

112 02

“ဒီလို ဖြစ်သွားတာ။ နေရာအနှံ ရူခင်း လှလှလေးတွေကို တိုက်ရိုက်ထုတ်လွှင့်တတ်တဲ့ တင်ဆက်သူ တစ်ယောက်ရှိတယ်။ သူက ကျွန်မတို့ မြို့ထဲက ပဲနွယ်ပင်ကို ရှာတွေ့သွားပြီး ရာသီ မဟုတ်ဘဲ ဖွင့်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူတိုက်ရိုက်ထုတ်လွှင့်လိုက်တော့ ခရီးသွားတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တာ။ ကျွန်မတို့ ဘန်းမုန့်ဆိုင်က အစားအသောက်အရမ်း အရသာကောင်းကြောင်းလည်း ကြားထားတာကြောင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်။ မထင်မှတ်ထားပဲ လူတိုင်း သဘောကျသွားတယ်လေ။ သူတို့တွေ အားလုံးပြောတာတော့ လှပတဲ့ ရှုခင်းကို ကြည့်ပြီး ဘန်းမုန့်စားဖို့ မြို့ကို လာချင်တယ်တဲ့။ ကြည့်ရှုသူတော်တော်များများ သွေးဆောင်ထားရတာ ရှုခင်းလှလှ ကြည့်ပြီးတော့ ကျွန်မတို့ဆိုင်မှာ အစားအသောက် စားပြီးတဲ့အချိန် တကယ် အရသာရှိမှန်း သိလိုက်ရတယ်လေ။ တချို့ကဆို မြို့ထဲမှာ ရက်အနည်းငယ်လောက်နေမှာ။ ဒီတော့ ဒီရက်တွေထဲ ခရီးသွားတွေ များနေမှာ”

ယွင်ယွီသည် သဘောပေါက်သွားလေ၏။

ယင်းသည် အတော်လေး ကောင်းမွန်လာသော်ငြား သူ့မိသားစုကို အနည်းငယ် ပင်ပန်းစေလိမ့်မည်။

အဘွားယွင်သည် ယွင်လန်၏ ပိန်းပါးသော အသွင်အပြင်ကို ကြည့်ပြီး အလွန် စိတ်ဓာတ်ကျသွားသည်။

“ခေါက်ဆွဲနှပ်တွေ စားလို့ အဆင်သင့်ဖြစ်ပြီ။ လန်လန် လာစား။ ပြန်သွားပြီး စောစော အနားယူ။ လန်လန် ခွင့်တင်ခဲ့တာလား”

ယွင်လန်က ပြောလိုက်၏။

“ဘွားဘွား သမီး နှုတ်ထွက်စာတင်ပြီး အိမ်မှာ ခဏနေဖို့ စဉ်းစားထားတယ်”

ယွင်လန်၏ မိခင်က ရောက်လာကာ ပြောလိုက်၏။

“ကောင်းတာပဲ။ ဒီနှစ်တွေထဲ သမီးက မိသားစုအတွက် စိုးရိမ်ပူပန်ပြီး အလုပ်များနေခဲ့တာ။ ဒီတစ်ခေါက် ပြန်လာတာ ကံကောင်းတာပဲ”

“အမေ သမီး သိပါတယ်”

ခေါက်ဆွဲတစ်အိုးအဆင်သင့် ဖြစ်သွားချိန်၌ အဘွားယွင်သည် ယွင်ယွီနှင့် ကျန်သည့်သူများအတွက် တစ်ပန်းကန်စီ ထည့်ပေးလိုက်သည်။

အပြင်ဘက်၌ တန်းစီ စောင့်နေသည့် လူများစွာ ရှိနေသည်။ ယွင်ယွီက ခေါက်ဆွဲစားနေစဉ် ရင်းနှီးနေသောအသံကို ကြားလိုက်ရ၏။

“အဘွား ဒီနေ့ ခေါက်ဆွဲနှစ်ပွဲ လိုချင်ပါတယ်။ ညဘက်မဖွင့်ရင် ကျွန်တော် ဘာမှ စားစရာ မရှိတော့ဘူး”

ယွင်ယွီက လှည့်ကြည့်မိချိန်၌ တကယ်ကို အသိအကျွမ်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

တော်ဝင်မြို့တော် ရုပ်လွန် ပညာ ဖလှယ်ပွဲက သရဲ ခြောက်သည့်အိမ်၌ ကျင်းပချိန်တွင် သူသည်လည်း ဟွမ်ရှန်းဟုသည့် တင်ဆက်သူအမည်ဖြင့် ရောက်လာခဲ့ဖူးသည်။ ထို့စဉ်က သူ အလွန်ကံဆိုးခဲ့သည်။ သူသည် အစစ်အမှန် သရဲခြောက်သည့် အိမ်ကို တွေ့ကြုံ့ခဲ့ရရုံသာမက သူ့ကောင်မလေးကလည်း သူ့ပေါ် ဖောက်ပြန်သွားခဲ့သည်။ နောက်ဆုံး၌ သရဲခြောက်သည့် အိမ်မှ ထွက်လာချိန်တွင် ယွင်ယွီက သူ့ကို သတိပေးခဲ့၏။ ယခု သူ့မျက်နှာကို ကြည့်မိချိန်၌ သူ့ကောင်မလေးနှင့် ပြတ်ပြတ်သားသား ရှင်းလင်းခဲ့ပြီ ဖြစ်ပုံပေါ်သည်။

ဟွမ်ရှန်းသည် အစစ်အမှန် သရဲခြောက်သည့် အိမ်ကို တွေ့ကြုံ့ခဲ့ပြီး သူ့ချစ်သူနှင့် ညီအစ်ကိုတို့ ဖောက်ပြန်ကြတာကို တွေ့ကြုံ့ပြီးနောက် အချိန်အတော်ကြာ စိတ်မသက်မသာ ဖြစ်ခဲ့၏။

နောက်ဆုံး၌ သူသည် စွန့်စားခန်းများ တိုက်ရိုက်ထုတ်လွှင့်ခြင်းကို လက်လျော့ရန် ဆုံးဖြတ်ခဲ့ပြီး အခြားချဉ်းကပ်နည်းတစ်ခုကို သွားခဲ့သည်။ ယနေ့ခေတ်၌ လူတို့၌ ပိုက်ဆံများစွာ ရှိနေပြီး အားလပ်ချိန်များစွာ ရှိနေတာကို ရှာတွေ့ခဲ့သည်။ သူတို့က အင်တာနက်ပေါ်တွင် သူတို့တွေ့ရသည့် လှပသော ရှုခင်းများရှိရာ နေရာဆီ သွားတတ်သည်။ ထို့ကြောင့် သူသည်လည်း နောက်ထပ် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ လှပသော ရှုခင်းများအကြောင်း စတင်တိုက်ရိုက်ထုတ်လွှင့်ခဲ့၏။

ထို့ထက်ပိုသည့်က ယခင် ပရိသတ်က မထွက်သွားခဲ့သည့်အပြင် ပရိသတ်များစွာ ရလာသည်။

သူသည် လူများများစားစား နေထိုင်လေ့ မရှိ။ လူသိပ်မများသည့် နေရာငယ်လေးများရှိ လှပသော ရှုခင်းများကို အမြဲတစေ ရှာဖွေ့ခဲ့သည်။ ယင်းက ပရိသတ်ကို အလွန်ပျော်ရွှင်စေခဲ့ကာ သူတို့က ရက်ရက်ရောရော ဆုချီးမြှင့်လေ့ ရှိ၏။ ကြည့်ရှုသူတချို့ဆို သူတိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် နေရာကိုတောင် သွားရောက်လည်ပတ်တတ်သည်။ သူက လူတို့ကို လိမ်ညာခြင်း မရှိ။ နေရာကောင်းများသာ အမြဲတစေ ရှာဖွေ့၏။ ထို့ကြောင့် သူ့ကို လူတိုင်းက ချစ်ခင်ကြသည်။

112 03

ယခုအခေါက်တွင် သူဤနေရာသို့ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားခဲ့မိပြီး ရင်သပ်ရှုမောဖွယ် ပဲနွယ်ပင်ကို ရှာတွေ့ခဲ့တာပဲ ဖြစ်သည်။

ပတ်ဝန်းကျင်အနေအထား သိပ်မကောင်းမွန်သော်ငြား ဤသစ်ပင်က အလွန် အံဩဖွယ်ကောင်းကာ မြင်လျှင်မြင်ခြင်း လူတို့ကို ရင်သပ်ရှုမောဖွယ် အလှတရားကို ပေးစွမ်းသည်။

သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ပြီး ဒေသခံများပြောသည့် ဘန်းမုန့်ဆိုင်ကို စားကြည့်ခဲ့သည်။ တကယ်တော့ အစ၌ အွန်လိုင်းရှိ ဘန်းမုန့်ဆိုင်များ နာမည်ကြီးနေရခြင်းမှာ လှပသည့် ဝန်ထမ်းများကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူသွားလိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်က အလွန်ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်နေကာ စားပွဲပေါ်ရှိ ပုလင်းထဲ၌ နှင်းဆီပန်း နှစ်ပွင့် ရှိသည်။ တစ်ဆိုင်လုံးက အွန်လိုင်းနာမည်ကျော်များကို အားကိုးပြီး ဖွင့်ထားတတ်သည်။ အွန်လိုင်းနာမည်ကြီး ဆိုင်များကဲ့သို့ မဟုတ်ပေ။ မိန်းမလှများလည်း မရှိပေ။ ဘန်းမုန့်ကို မြည်းစမ်းကြည့်ပြီး ခေါက်ဆွဲနှင့် ပြောင်းဖူးတို့ကို စားကြည့်ပြီးတော့မှ ယင်းကို အွန်လိုင်းနာမည်ကြီး ဘန်းမုန့်ဆိုင်အဖြစ် သတ်မှတ်ထားရသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ အရသာက သောက်ရမ်း ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ထို့ကဲ့သို့ အရသာရှိသည့် အစားအသောက်ကို ယခင်က တစ်ခါမှ မစားခဲ့ဖူးပေ။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု၌ သူ၏ ပရိသတ်များကို ပြောခဲ့လေ၏။ ဤနေရာသို့ လာရောက်လည်ပတ်ဖြစ်ခဲ့ပါက ဘန်းမုန့်ဆိုင်ကို မမေ့ထားသင့်ကြောင်း သူ့ဘဝထဲ စားဖူးသမျှထဲ အကောင်းဆုံး ဖြစ်ကြောင်း ဖြစ်ပြောခဲ့သည်။

အစ၌ မယုံကြည်ပဲ လာရောက်လည်ပတ်သူများ ရှိ၏။ သို့သော် စားကြည့်ပြီးနောက် သူတို့ စွဲလမ်းသွားကြသည်။

တချို့ကဆို မြို့ထဲရှိ ဟိုတယ်၌ နှစ်ရက်၊ သုံးရက်ခန့် နေပြီး ဤနေရာ၌ နေ့တိုင်း လာစားသည်။

ဟွမ်ရှန်းအပါအဝင် သူသည်လည်း ဤနေရာ၌ နေ့တိုင်း ရက်အနည်းအကျဉ်းရှိပြီး ဖြစ်၏။ ဤစားသောက်ဆိုင်ရှိ အစားအသောက်ကို နှစ်ခြိုက်သောကြောင့် ထွက်သွားရမှာ တွန့်ဆုတ်နေသည်။

မွန်းတည့်ချိန်၌ ခေါက်ဆွဲဟင်းကို စားနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူ့ကို ယခင် မြို့တော်ရှိ သရဲခြောက်သည့်အိမ်၌ သူ့ကို ယခင်က ကယ်ဆယ်ခဲ့ဖူးသည့် ဆရာသခင် ယွင်နှင့်လည်း တွေ့ခဲ့သည်။

ဟွမ်ရှန်းသည် သူ့ဆီ ပျော်ရွှင်စွာ ရောက်လာပြီး နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ ဆရာသခင်ယွင်”

သူက တိုက်ရိုက်ထုတ်လွှင့်နေသေးပြီး ယွင်ယွီဘက် ကင်မရာကို ညွှန်ပြကာ ပရိသတ်ကို ပြောလိုက်၏။

“ကျုပ်ရဲ့ အရင် ဖန်တွေဆိုရင် ဒီပုဂ္ဂိုလ်ကို မှတ်မိလောက်မှာပါ”

ပရိသတ်တချို့က သူ့ကို တကယ်မှတ်မိကြ၏။

“အား ဒီမိန်းကလေးကို မှတ်မိတယ်။ အဲဒီတုန်းက ဟွမ်ရှောင်က စွန့်စားခန်း တင်ဆက်သူ ဖြစ်နေတုန်းက အစစ်အမှန် သရဲခြောက်တဲ့ အိမ်ကို တွေ့ခဲ့တာ။ ဘုရားရေ အဲဒီနေ့ကို မှတ်မိနေသေးတုန်းပဲ။ ကြောက်ဖို့ကောင်းပြီး မယုံနိုင်စရာ ကောင်းတာ ဟွမ်ရှောင်က ဒီမှာ မိန်းကလေး ဆရာသခင်လေးကို ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

“မင်္ဂလာပါ ဆရာသခင် လေးစားမှု ပြဖို့ ရောက်လာတာပါ။ ကျွန်တော်တို့ ကံဆိုးလိမ့်မယ်လို့ သတိပေးခဲ့ပေမဲ့ မယုံခဲ့ဘူးလေ။ ဖြစ်ချင်တော့ အမှန်ပဲ။ ကျွန်တော် စွန့်စားခန်း တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ဘယ်သောအခါမှ ထပ်မကြည့်ဖြစ်တော့ဘူး”

“မင်္ဂလာပါ ဆရာသခင်”

ယွင်ယွီကို ဖန်သားပြင်၌ နှုတ်ဆက်နေသည့် လူများစွာ ရှိပြီး ဘာတွေဖြစ်နေမှန်း မသိသည့် ပရိသတ်အသစ်တချို့လည်း ရှိသည်။ ထို့ကြောင့် ယခင် ပရိသတ်များက သရဲခြောက်သည့်အိမ် အဖြစ်အပျက်အကြောင်း ရှင်းပြခဲ့သည်။

112 04

ယွင်ယွီက ပရိသတ်ကို အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်ပြီး ဟွမ်ရှန်းနှင့် စကား ခဏပြောလိုက်သည်။ ဟွမ်ရှန်းကမှု ဘန်းမုန့်ဆိုင်ကို ဆရာသခင်၏ မိသားစု ဖွင့်ထားကြောင်း သိလိုက်ရပြီး ပျော်ရွှင်စွာ ပြောလိုက်၏။

“တကယ် ရေစက်ပါတာပဲ”

ယွင်ယွီက ပြုံးပြီး ပြောလိုက်၏။

“ကျွန်မတို့အိမ်မှာ လယ်တောအိမ်ပုံစံ လုပ်ဖို့ စီစဉ်ထားတယ်။ သီးပင်တွေနဲ့ ဝါးတောအုပ်ကိုလည်း တောင်ပေါ်မှာ စိုက်ထားတယ်။ နွေဦးရောက်ရင် မက်မွန်သီးနှင့် ချယ်ရီပင်တွေက ဖူးပွင့်လာပြီး ဝါးတောအုပ်က ပေါက်လာတဲ့အချိန် ရှုခင်းက လှနေမှာ တင်ဆက်သူဟွမ် အဲဒီအချိန်ကျ လာခဲ့အုန်းနော်”

ယင်းက သူမအတွက် ကြေညာရန် အခွင့်ကောင်း ဖြစ်သည်။

ဟွမ်ရှန်းကလည်း ဤကဲ့သို့ ဆရာသခင်တစ်ပါး၏ စိတ်ဝင်စားမှုက လယ်စိုက်ခြင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ သူက ထပ်တလဲလဲ ခေါင်းညိတ်လျှက် ပြောလိုက်၏။

“အချိန်ကျလာရင် သေချာပေါက်လာခဲ့ပါ့မယ်”

နှစ်ယောက်သားက မိနစ်အနည်းငယ်ကြာ စကားစမြည် ပြောပြီးနောက် ဟွမ်ရှန်းသည် ခေါက်ဆွဲစားရန် သွားလိုက်သည်။

ယွင်ယွီနှင့် သူမ၏ မိတ်ဆွေများ စားသောက်ပြီးချိန်၌ စားသုံးသူ သိပ်မကျန်တော့ပေ။ ဆိုင်ကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးပြီးနောက် လူတိုင်း ချင်းဟယ်ရွာသို့ အတူ ပြန်လိုက်၏။

ယွင်လန်သည် လမ်းတစ်လျှောက်လုံး အတော်လေး တိတ်ဆိတ်နေခဲ့သည်။ သူမက အိမ်ရှိ ပြောင်းလဲမှုများစွာကို မထင်မှတ်ထားပေ။ ဘန်းမုန့်ဆိုင်လေးက အလုပ်ဖြစ်နေပြီး အစားအသောက်က အရသာရှိ၏။ သူမ ချင်းဟယ်ရွာရှိ ခြံဝင်းလေးဆီ ပြန်ရောက်ချိန်၌ ခြံစည်းရိုးပေါ်ရှိ နှင်းဆီပင်များကို မြင်သောအခါ အံဩသွား၏။ အောက်မေ့သည့် ခံစားချက်က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ အိမ်ပြန်ရောက်လာပြီးနောက် ယွင်ယွီသည် သူမ၏ မိသားစုကို ဖြစ်ပျက်ပုံ အကြမ်းမျဉ်း ပြောပြခဲ့၏။

ကြွက်မိစ္ဆာနှင့် တိုက်ပွဲကိုမှု လျို့ဝှက်ထားသည်။ ရွာသားများက ပူဇော်ရန်အတွက် သက်ရှိလူသားများကို အသုံးပြုကြောင်း သူတို့ ရှာတွေ့ခဲ့ပြီး ယင်းက ဆိုးယုတ်သည့် နည်းလမ်း ဖြစ်ကြောင်းသာ ပြောပြခဲ့၏။ သူတို့ကို အနိုင်ယူပြီး ဖေးဟယ်၏အလောင်းကို ဆယ်ပြီးနောက် ဤကိစ္စကို အပြည့်အဝ ဖြေရှင်းခဲ့ပြီးပြီ ဖြစ်သည်။

ဖေးဟယ် အသတ်ခံခဲ့ရကြောင်း သိပြီးနောက် အဘွားယွင်က သက်ပြင်းချကာ ပြောလိုက်၏။

“လန်လန် သမီး ပိုပြီး သေချာ တွေးရမယ်။ သမီး ခရီးရှည်ကြီး ရှိသေးတယ်”

ယွင်လန်က နူးညံ့စွာ ပြောလိုက်၏။

“ဘွားဘွား စိတ်မပူပါနဲ့။ အခု သမီး ပိုကောင်းသွားပါပြီ”

သူမ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာ၏။

သူမ ဖေးဟယ်ကို နှုတ်ဆက်စကားပြောပြီး နောင်တ မရှိတော့ပေ။

“ကောင်းတယ်”

အဘွားယွင်က ပြောလိုက်တော့သည်။

“ဒီရက်တွေထဲ ပင်ပန်းနေတာပဲ ဖြစ်မယ်။ အခန်းထဲ ပြန်သွားပြီး နားတော့။ အဘွား ဒီည အရသာရှိတာ လုပ်ပေးမယ်”

ယွင်လန်သည် အနားယူရန် အခန်းထဲသို့ ပြန်သွားစဉ် ယွင်ယွီနှင့် ချင်ယွီစွေတို့က အိမ်သစ်၏ ပြင်ဆင်မူကို စစ်ဆေးကြည့်လိုက်သည်။

အဓိက ပြင်ဆင်မှုများ ပြီးသလောက် ရှိနေပြီ ဖြစ်ကာ ကျန်ရှိသည့်က အသေးမွှားလေးများသာ ဖြစ်သည်။ စက်တင်ဘာလကုန်၌ အားလုံး ပြီးစီးမည်ဟု မှန်းဆလိမ့်မည်။

ယွင်ယွီသည် အနား၌ ရိုးရှင်းသည့် ဝိညာဉ်စုစည်းခြင်းရဲ့ အစီအရင်တစ်ခုကို တည်ဆောက်လိုက်၏။ ဝိညာဉ်စုစည်းခြင်း အစီအရင်သည် လေထဲရှိ ထိခိုက်စေတတ်သည့် အရာဝတ္ထုများကို စုပ်ယူပေးနိုင်သည်။ အိမ်အသစ် အပြည့်အဝ ပြန်လည်ပြုပြင်ပြီးနောက် သူတို့ တန်းပြီး ရွေ့ပြောင်းနိုင်ပြီပဲ ဖြစ်သည်။

112 05

ဝိညာဉ်စုစည်းခြင်းအစီအရင် တည်ဆောက်ပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေတို့သည် ခြံဝန်းထဲသို့ သွားလိုက်တော့သည်။

ညနေစောင်းတွင် အဘွားယွင်သည် စားကောင်းသောက်ဖွယ်များ ပြင်ဆင်ပေးကာ သူတို့ကို ပိုစားခိုင်း၏။

ညစာစားပြီးနောက် ညီမနှစ်ယောက်သားသည် နှင်းဆီခြုံပင်အောက်ရှိ ကျောက်ခုံတွင် ထိုင်လိုက်၏။ ဟေးတက သူတို့ခြေထောက်အောက်တွင် လှဲနေလျှက် ဝေဆယ်ကမှု ကျောက်စားပွဲပေါ်တွင် ခုန်ဆွခုန်ဆွ လုပ်နေကာ ရှောင်ပိုင်ကမှု မြေပြင်ပေါ်တွင် လှဲနေလျှက် အကြောဆန့်နေ၏။ ၎င်း၏ ဗိုက်ပူပူကို ပြသထားကာ အော်မြည်းနေတော့သည်။

ယွင်ယွီသည် ဤရှောင်ပိုင်ကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်သူ တူတုံ့တုံ့ ဆီမှ ပြန်လာပြီးနောက် သူ၏ ဒဏ်ရာများကို ကုသပေးခဲ့ကာ နေ့စဉ်နေ့တိုင်း ဝိညာဉ်စွမ်းအင်တိုက်ခဲ့ပြီး စားကောင်းသောက်ဖွယ်များ ကျွေးခဲ့၏။

ချင်းဟယ်ကန်မှ အဘွားယွင် ဖမ်းလာသည့် ငါးတချို့က သေးလွန်း၏။ ထို့ကြောင့် သူမသည် ရှောင်ပိုင်စားဖို့အတွက် ကြော်ပေးခဲ့သည်။

တစ်လအတွင်း ရှောင်ပိုင်သည် ပိန်လှီးလှီး ကြောင်ဖြူလေးဘဝမှ လှပသည့် ကြောင်တစ်ကောင် ဖြစ်လာတော့သည်။

ပါရှန်းသွေးရှိတာ ဖြစ်လောက်ပေ၏။ အမွှေးရှည်ရှည်များ ရှိနေပြီး ကျောက်မြောက်ကဲ့သို့ စိမ်းပြာရောင်မျက်လုံးများ ရှိ၏။ အမှုအကျင့် အလွန်ကောင်းကာ လူတို့ကို ဘယ်တော့မှ မကုတ်တတ်ပေ။ ယင်းက နတ်သားလေး တစ်ကောင်ပမာပင် ဖြစ်နေသည်။

ယွင်လန်က ရှောင်ပိုင်ကို အလွန်နှစ်သက်၏။ သူမက ၎င်းကို ကောက်ယူလျှက် သူ့ခြေထောက်ပေါ်တင်ထားကာ အမွှေးပွတ်ပေးလိုက်သည်။ ရှောင်ပိုင်ကမှု ဇိမ်ခံနေ၏။

သူတို့ဘေး၌မှု တစ္ဆေနှစ်ကောင် ဆောင့်ကြောင့် ထိုင်နေသည်။ ဝမ်ယုလင်နှင့် ဝမ်ကျစ်ရှင်းတို့ပဲ ဖြစ်သည်။ ခြုံ့ပြောရလျှင် ခြံဝန်း တစ်ခုလုံး အလွန် နွေးထွေးနေသည်။

ယွင်လန်သည် ထို့ကဲ့သို့ ဇိမ်မယူရတာ ကြာလှပြီ ဖြစ်သည်။ သူမကိုယ်ထဲရှိ ခွန်အား အားလုံးက သက်တောင့်သက်သာ ရှိနေပြီး သူမ နတ္တိဖြစ်နေခဲ့၏။ ညီအစ်မနှစ်ယောက်သား ကိုးနာရီအထိ ထိုင်နေပြီးနောက် ရေချိုးရန် အခန်းပြန်ကာ အိပ်ရာဝင်ခဲ့၏။

ယွင်လန်သည် ငှက်များ၏ တကွီကွီအသံကို နားထောင်ပြီး အိပ်ပျော်သွား၏။ ဤခံစားချက်ကို အလွန် နှစ်သက်သည်။

နောက်တစ်နေ့တွင် ယွင်လန်က အိပ်ရာ စောစောထပြီး ကူညီပေးရန် ဘန်းမုန့်ဆိုင်သို့ သွားလိုက်သည်။ အိမ်ရှိ ဘဝက ဇိမ်ကျသော်ငြား သူမက ထိုင်မနေနိုင်သည့်သူ တစ်ယောက်လည်း ဖြစ်၏။ သူမက အချက်အပြုတ်တော်ပြီး ခေါက်ဆွဲများ ပြုလုပ်ပေးနိုင်၏။

ချင်ယွီစွေက စစ်ဆေးရန် ယွင်ယွီကို မြို့သို့ ခေါ်သွားလေ၏။

ကိုယ်ဝန်ဆောင် ဒုတိယအကြိမ် စတင်ပြီ ဖြစ်သည်။ ယွင်ယွီက စစ်ဆေးမှုကို မကန့်ကွက်ခဲ့ပေ။ ယင်းက ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှု လက္ခဏာပဲ ဖြစ်သည်။ ရှေးယခင်တုန်းက မွေးဖွားနှုန်းနှင့် ကလေးများ၏ ကျန်းမာရေးအခြေအနေကတောင် နိမ့်နေခဲ့၏။ ဆရာဝန်များက တကယ် ကောင်းမွန်လှသည်ဟု သူမ ခံစားမိသည်။

******

All Chapters