အခန်း ၁၁၃
Vol. 12 Ch. 113
113 01
အပိုင်း 113
ကလေးမမွေးဖွားမှီ ဒုတိယအကြိမ် စစ်ဆေးရမည်က လဝက်လောက်တွင် ဖြစ်သည်။ ယခုအချိန်၌ တစ်ပတ်ကျော် ကြာနေပြီ ဖြစ်သောကြောင့် ကိစ္စကြီးကြီးမားမား မရှိပေ။
ပုံမှန် စစ်ဆေးမှု အပြင် ဒုတိယ စစ်ဆေးမူက ဒေါင်းဆင်ဒရုန်းကို စစ်ဆေးတာဖြစ်၏။ သန္ဓေသားကဒေါင်းဆင်ဒရုန်း၌ ရှိမရှိ ရှာတွေ့နိုင်ရန် အလွန်အရေးကြီးသည့် စစ်ဆေးမှု တစ်ခု ဖြစ်သည်။ (ဒေါင်းဆင်ဒရုန်း= မသန်စွမ်းကလေး)
ချမ်းရွှေမြို့၌ ယွင်ယွီ၏ ဆရာဝန်သည် ချမ်းရွှေမြို့ရှိ နာမည်ကြီး သားဖွားမီးယပ် ဆရာဝန်ပဲ ဖြစ်သည်။
မနက်စာစားပြီးနောက် ချင်ယွီစွေက သူမကို ဆေးရုံသို့ခေါ်သွားပေးပြီး သားဖွားမီယပ် ဆေးရုံက ကိုယ်ဝန်သည် အမျိုးသမီးများဖြင့် ပြည့်နှက်နေပြီး သူတို့နှင့် အတူ အဖော်လိုက်လာသည့် မိသားစုဝင်များလည်း ရှိသည်။ ချိန်းဆိုချက် ယူပြီးနောက် ယွင်ယွီနှင့် ကျန်သည့် လူများက စစ်ဆေးရန် တန်းစီစောင့်နေသည်။ အပြင်ဘက်ရှိခုံတန်း၌ နှစ်ယောက်သား ထိုင်နေစ၌ ယွင်ယွီက မေးလိုက်လေ၏။
“ချင်ယွီစွေ မင်္ဂလာပွဲကျ ဧည့်သည် ရှိမှာလား”
ဖိတ်စာများ၊ လက်ဆောင်ဗူးများနှင့် ကျန်သည့် အရာများကို ပို့ပြီးပြီ ဖြစ်သည်။ သူတို့ မှာထားသည့် ပရိဘောဂများကိုလည်း တဖြေးဖြေးချင်း စတင်ပို့ဆောင်နေသည် ဖြစ်ကာ လကုန်၌ အားလုံး အဆင်သင့် ဖြစ်မည်ဟု မှန်းစမိသည်။
နှစ်ယောက်သားသည် မင်္ဂလာ ဆောင်ဖို့ ရိုးရာ ပုံစံဆောင်ပြီး ရှေးရိုးထုံးစံအတိုင်း လိုက်ကာ မိုးနှင့် မြေကို ကန်တော့မည် သူတို့က မင်္ဂလာ ဉီးခန်းမထဲ၌ မင်္ဂလာ ပွဲကို ကျင်းပထားသည်။ အခန်းအပြင်ဘက် ခြံဝန်းထဲတွင် ဧည့်သည်များကို ဧည့်ခံရန်စားပွဲများ တည်ခင်းထားသည်။ ချင်ယွီစွေသည် မင်္ဂလာပွဲအတွက် စားဖိုးမှုများနှင့် ပါဝင် ပစ္စည်းများ ပြင်ဆင်ပြီးသား ဖြစ်ကာ စားဖိုးမှုများ လာချက်ရမည့် မင်္ဂလာနေ့ကို ရွေးချယ်ဖို့ စောင့်ယုံပဲ ကျန်တော့သည်။
ချင်ယွီစွေက သူမ၏လက်ကို တင်းကျပ်စွာ ကိုင်ထားလျှက် ပြောလိုက်သည်။
“စိတ်မပူနဲ့ ဖိတ်စာပို့ပြီးရင် ဧည့်သည် စာရင်း ဆွဲရေးလိုက်မယ်”
သူဘက်ရှိလူက လုံမိသားစုသာရှိသည်။ သူ့အဖေ လာဖို့က မဖြစ်နိုင်လောက်ပေ။ သခင်ကြီး ချင်ကလည်း သူ လက်ထပ်သွားသာကို ဒေါသထွက်နေသည်။ ထို့ကြောင့် သူလာမှာ မဟုတ်။
“ဒါဆို ကျွန်မပြန်ရောက်တဲ့ အချိန်လောက် ရက်ရာဇာကို တွက်ချက်လိုက်မယ်”
သူမ၏ ဗိုက်က ပူသထက် ပူလာပြီး ထပ်ဖောင်းလာရင် ဝတ်စုံဖြင့် ကြည့်လှတော့မှာ မဟုတ်ပေ။ ထို့ကြောင့် နောက်လတွင် လက်ထပ်သင့်သည်။
“မစ္စတာ ချောင်ကို ဆက်သွယ်ထားပြီးပြီ ဖီးနှစ်သရဖူနှင့် သတို့သမီး ဝတ်စုံက်ို လကုန်ရင်ပြီး လိမ့်မယ်။ ပြီးရင် ကိုယ်မြို့တော်သွားပြီး သွားယူလိမ့်မယ်”
လက်ဖြင့် ပြုလုပ်ထားသည် ပစ္စည်း ဖြစ်ကာ ခြစ်ရာထင်မှာ စိုးရ၏။ ထို့ကြောင့် သူကိုယ်တိုင် သွားယူတာက ပိုကောင်းသည်။
သူတို့နှစ်သားသည် မင်္ဂလာပွဲကြောင်း အသံတိုးတိုးဖြစ် ဆွေးနွေးနေစ၌ ယွင်ယွီက ရုတ်တရက် ငြိမ်သက်သွားကာ ပြောလိုက်လေသည်။ သူမက ချင်ယွီစွေဘက် လှည့်ကာ သူ့ကို ကြည့်လျှက်ပြောလိုက်သည်။
“ကျွန်မကို ကန်နေတယ်”
သူမ၏ သန္ဓေသား လှုပ်ရှားမှုက သိပ်မသိသာသော်ငြား တခြားသော ကိုယ်ဝန်သည် အမျိုးသမီး များသည် သုံးလကြာလျှင် သန္ဓေသားလှုပ်ရှားမှု ကို ခံစားမိ၏။
သူမသည် ယခင်က ယင်ကို တစ်ခါမှ မတွေ့ကြုံဖူးပေ။ သူမ ယခင်အကောက် စစ်ဆေးခြင်း၌ ဆရာဝန်ကို ထိုအကြောင်း ပြောပြခဲ့၏။ ဆရာဝန်က စစ်ဆေးခဲ့ပြီး သန္ဓေသားက ကောင်းစွာ ဖွံ့ဖြိုး နေကြောင်းနှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း ပြောခဲ့၏။ လူတချို့က သန္ဓေသား လှုပ်ရှားမှုကို နောက်မှသာ ခံစားမိသည်။
တချို့သန္ဓေသားများက ငြိမ်သက်မှုကို ပိုလိုလားသည်။ သန္ဓေသား အားလုံးက သူတို့မိခင်၏ ဝမ်းဗိုက်တွင် လှည့်ပတ်နေရတာကို သဘောကျတာ မဟုတ်ပေ။
ချင်ယွီစွေကလည်း အနည်းငယ် မှင်သက်နေလေ၏။ သူက ယွင်ယွီ၏ ဗိုက်ကို ငုံ့ကြည့်ပြီး ယွင်ယွီ၏ အနည်းဖောင်းနေသော ဗိုက်ကို လက်လှမ်းလိုက်သည်။ သို့သော် ဘာမှ မခံစားမိပေ။
113 02
ယွင်ယွီက ရယ်မောလိုက်လေသည်။
“တစ်ချိန်လုံး လှုပ်ရှားနေတာမျိုး မဟုတ်ဘူး။ အခုချိန်မှာ သိပ်မသန်မာသေးဘူး။ နောက်အဆင့်တွေမှ ရှင်ရဲ့ လက်နဲ့ ဗိုက်ပေါ်က သန္ဓေသား လှုပ်ရှားမှုကို ခံစားမိနိုင်တယ်လို့ ကြားမိတယ်”
ချင်ယွီစွေက နောင်တ တချို့ဖြင့် မော့ကြည့်လိုက်၏။
နာရီဝက် အကြာတွင် ယွင်ယွီ ဆေးခန်း ပြရန်အလှည့် ရောက်သွားတော့သည်။
အထဲဝင်သွားပြီးနောက် ယခင်အခေါက်က ယွင်ယွီကို စစ်ဆေးပေးခဲ့သည့် ဆရာဝန် ပေါ်လာတော့သည်။
သူမ၏ အမည်က ဒေါက်တာရန် ဖြစ်ကြောင်း ယွင်ယွီ မှတ်မိသေး၏။
ယွင်ယွီက အပြုံး တစ်ပွင့်ဖြစ် ထိုင်ချလျှက် ဒေါက်တာရန်ကို နှုတ်ဆက်လိုက်သည်။ ဒေါက်တာရန်က အလွန်ကြင်နာတတ်သူ ဖြစ်၏။ သူက နှစ်ပေါင်း နှစ်ဆယ်ကျော် ဆေးပညာကို လေ့လာခဲ့ ပြီး သူ၏ ဆေးဖက်ဆိုင်ရာ အရည်အချင်းက အလွန်ကောင်းမွန်၏။
ဒေါက်တာရန်သည် ယွင်ယွီကို မှတ်မိနေသေးတာ သိသာ၏။ လတ်တလော၌ ကလေးလှုပ်ရှားမှု ရှိမရှိ ညင်သာစွာ မေးခဲ့သည်။
ယွင်ယွီက ပျော်ရွှင်စွာ ပြောလိုက်လေ၏။
“ကလေးက ခုနကလေးတင် လှုပ်တယ်”
ယခင်လကအထိ သန္ဓေသားလှုပ်ရှားမှုကို မခံစား မိသေးပေ။
ဒေါက်တာရန်က ပြုံးရွှင်စွာ ပြောလိုက်၏။
“နောက်ကျ ပိုလှုပ်လာလိမ့်မယ်။ စာရင်း ရေးပေးလိုက်အုံးမယ်။ သွေးဖိအားတိုင်းဖို့ သွေးဖိအား သွေးစစ်ချက် ဆီးစစ်ချက် ကိုယ်ဝန်ဆောင် စစ်ချက် ဒေါင်းဆင်ဒရုန်းစစ်ဆေးမူတွေကို လုပ်ဖို့ ဒီနေ့လုပ်ဖို့ လိုတယ်”
ဒေါက်တာရန်သည် ယွင်ယွီအား စစ်ဆေးရမည့် စာရင်း ချရေးပေးလိုက်သည်။ ယွင်ယွီက ဒေါက်တာရန်၏ မျက်နှာကို စိုက်ကြည့် ပြီးနောက် ရုတ်တရက် မေးလိုက်၏။
“ဒေါက်တာရန် ကျွန်မပြီးမှ သွားစစ်ဆေး လိုက်ပါ့မယ်”
“ဘာမှားလို့လဲ”
ဒေါက်တာရန်က ညင်သာစွာ မေးလိုက်၏။
“တစ်နေရာရာ မသက်မသာ ဖြစ်နေလို့လား”
ယွင်ယွီက ခေါင်းခါလိုက်၏။ ဒေါက်တာရန်၏ နှဖူးက မဲနက်နေပြီး သည်းသဲသည့် အနက်ရောင် အငွေ့အသက်များ ရှိသည်။ မကြာမီ၌ သွေးသံရဲရဲ ကြုံတွေ့ရလိမ့်မည်။ ယင်းက ဒေါက်တာရန်၏ အသက်ကိုတောင် ယူသွားနိုင်ပေ၏။
ချင်ယွီစွေသည် ယွင်ယွီက ဒေါက်တာရန်၏ မျက်နှာဆီမှ တစ်စုံတစ်ခု ဖတ်မိခဲ့ကြောင်းကို သိသွားလိုက်သည်။ သူက အသံတိုးတိုးဖြင့် မေးလိုက်လေ၏။
“နောက်ကျ တစ်ခုခုဖြစ်မှာလား”
ယွင်ယွီက ခေါင်းညိတ်လိုက်သည်။
ဒေါက်တာရန်သည် လူနှစ်ယောက် တီးတိုးပြောတာကို မကြားရပဲ ယွင်ယွီ စိုးရိမ်နေသည် ဟုသာ ထင်ခဲ့သည်။ ကိုယ်ဝန်ဆောင် များစွာသည် ကိုယ်ဝန်ကို စစ်ဆေးနေစ၌ ကာလအတွင်း စိုးရိမ်ပူပင် တတ်၏။
သူက ယွင်ယွီ၏ သွေးကြောကို စမ်းပေးပြီးနောက် ပြုံးလျှက် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မင်းက ကျန်းမာရေးကောင်းတယ်။ ကလေးကလည်း ကျန်းမာရေး ကောင်းတယ်”
ဒေါက်တာရန်သည် သားဖွားမီးယပ်နှင့် တရုတ်တိုင်းရင်းဆေး လေ့လာသည့် မိသားစု၌ မွေးဖွားလာတာဖြစ်သည်။ တစ်ခါတစ်ရံတွင် အနောက်တိုင်း ဆေးပညာသည် သားဖွားမီးယပ်ရောဂါနှင့် သက်ဆိုင်သည့် ပြဿနာများကို မဖြေရှင်းနိုင်ချိန်တွင် သူက သူတို့ကို ကူညီဖြေရှင်းနိုင်ရန် တရုတ်တိုင်းရင်းဆေး ကိုသုံး၏။ သူက အလွန်ကောင်းမွန်သည့် လူတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်သည်များအပေါ် ကြင်နာသည်။
113 03
ယွင်ယွီကလည်း အဖြစ်အပျက်ကို ခန့်မှန်းမိပြီး ဖြစ်လောက်ကာ ဒေါက်တာရန်ကို ပြောလိုက်သည်။
“ကျွန်မ ပြီး မှသွားစစ်ဆေးလိုက်ပါ့မယ်”
သူမက တံခါးဝဆီ လျှောက်သွားလိုက်ပြီး ချင်ယွီစွေက သူမဘေးတွင် ရပ်နေလေ၏။
“စိတ်မပူနဲ့ ကိုယ် ဒီမှာ ရှိတယ်”
သူသည် တစ်စုံတစ်ခုကို ဝေဝါးဝါးခန့်မှန်း မိသွားလေ၏။ ယွင်ယွီသည် ရှေးဖြစ်ဟောရာ၌ တော်ပြီး ဒေါက်တာရန် အန္တရာယ်ရှိကြောင်း တွေ့ခဲ့တာပဲ ဖြစ်လိမ့်မည်။ ယခု အချိန်၌ စိတ်ပညာတွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားနေသည့် တစ်ချို့က ဆရာဝန်၏ အမှားဖြစ်ပြီး အများစုကမူ ဆေးရုံသို့ ပြဿနာ လာရှာသည့် လူနာများကြောင့်သာ ဖြစ်သည်။ သူတို့ မိသားစုဝင် ဆုံးရှုံးသွားသောကြောင့် သို့သည်မဟုတ် သူတို့သည် တစ်စုံတစ်ယောက် သေသွားခဲ့ပြီး ငွေညစ်ချင်သောကြောင်းသာ ဖြစ်မည်။
ဆရာဝန်တို့သည် နတ်ဘုရားများမဟုတ် လူနာတိုင်းကို ကယ်တင်ဖို့က မဖြစ်နိုင်ပေ။
နှစ်ယောက်သား အပြင်သို့ လျှောက်သွားပြီး ချင်ယွီစွေက ပြောလိုက်လေ၏။
“မင်း သွားစစ်ဆေးလိုက်လေ၊ ကိုယ် စောင့်ကြည့်နေလိုက်မယ်”
ယွင်ယွီက စိုးရိမ်ပူပန်သွားလေ၏။
“ကျွန်မလည်း စောင့်မယ်”
အရပ်ပုပု သန်မာသည့် လူတစ်ယောက်က သူတို့နှစ်ယောက်ကို ဖြတ်လျှောက်သွား၏။ ယွင်ယွီက သူ့ကို မော့ကြည့်လိုက်ရာ သူသည် ဆရာဝန်၏ ရုံးခန်းတံခါးဆီ လျှောက်သွားနေမည် ဖြစ်သာကို တွေ့လိုက်ရသည်။ ယွင်ယွီက သူ့မျက်နှာပေါ်ရှိ သတ်ဖြတ်လိုသော အကြည့်ကို မြင်သော အခါ ပြောလိုက်၏။ သူက ချင်ယွီစွေကို ဆွဲကာ ပြောလိုက်တော့သည်။
“အဲဒီလူ တစ်ခုခုမှားနေတယ်”
အရပ်ပုပုဖြင့် သန်မာသော လူသည် သူ၏ လက်ထဲတွင် တစ်ခုခုကိုင်ထားပြီး အင်္ကျီ လက်ထဲ ဖွက်ထားလေ၏။
ယွင်ယွီသည် အလျင်စလို လိုက်သွားသော်ငြား ချင်ယွီစွေက သူမရှေ့ရှိ ရုံးခန်းသို့ ရောက်နေပြီ ဖြစ်သည်။
ရုံးခန်းထဲတွင် ဒေါက်တာရန်က အရပ်ပုပု သန်မာသော လူကို ဒေါသတကြီးကြည့်လိုက်၏။
“ဒီကို ဘာလို့ ရောက်လာပြန်တာလဲ။ ရှင်ရဲ့ ဇနီးသည်ကို စစ်ဆေးတဲ့ အချိန်တုန်းက ကလေးမှာ ပြဿနာ ရှိတယ်လို့ ပြောပြီးသားပဲ။ ကလေးကို ထားမယ်လို့ပဲ ခေါင်းမာနေတာလေ။ အခုကျမှ ပြဿနာ လာရှာနေတယ်။ သက်သေလည်း ရှိတယ်။ ဆေးရုံကလည်း စစ်ဆေးမူ ရလဒ်ကို သိမ်းထားတယ်။ ရှင်ရဲ့ ဇနီးက ဒေါင်းစ၌တစ်လုံး စစ်ဆေးမူကို မအောင်ခဲ့ဘူး။ ဒါကြောင့် ကလေးကို ဖျက်ချဖို့ပြောခဲ့တာ။ အခုဒါမျိုးဖြစ်လာပြီး အဖေတစ်ယောက်အနေနဲ့ ပြဿနာရှာဖို့ ဆေးရုံလာသင့်တာ မဟုတ်ဘူး။ ကလေးအတွက်ကို စဉ်းစားသင့်တယ်”
သားဖွားမီးယပ်ဆရာဝန်အများစုသည် လူတို့ကို ကလေးဖြတ်ချရန် အကြံဉာဏ်ပေးမှာ မဟုတ်ပေ။ သို့သော် ဤအရပ်ပုပု သန်သန်မာမာလူ၏ မိသားစုအခြေအနေကမှု မတူညီပေ။
သူ၏ဇနီးသည် ဤဆေးရုံ၌ ကိုယ်ဝန်လာရောက်စစ်ဆေးခဲ့ဖူးပြီး စစ်ဆေးချက်ကို ပြုလုပ်ခဲ့သူက ဒေါက်တာရန်ပဲ ဖြစ်သည်။ သူမက ဒေါင်းဆင်ဒရုန်း စစ်ဆေးမှုကို မအောင်မြင်ခဲ့ပေ။ ဒေါက်တာရန်က ကလေးကို ထား၍ မရကြောင်း ကလေးသည် ဒုက္ခိတအနေအထားဖြင့် မွေးဖွားလာမှာ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ပြောခဲ့သည်။
သူတို့ ခဲရာခဲဆစ်ဖြင့် ရလာသည့် ကလေးဖြစ်၏။ သူတို့သည် ယခင်က ဆေးခန်းလေး၌ ကလေး၏ လိင်အမျိုးအစားကို စစ်ဆေးခဲ့မိပြီး ကလေးက စစ်ဆေးမှုကို မအောင်မြင်ကြောင်း သိခဲ့သည်။ ထို့လူက အကြံပေးချက်ကို နားမထောင်ပဲ ဆရာဝန်က ပိုက်ဆံလိုချင်နေရုံဟုသာ ထင်ခဲ့သည်။ အစကတည်းက သူ့ဇနီး၏ စုံစမ်းစစ်ဆေးမှုကို လက်သင့်မခံခဲ့ပေ။ ကလေး၌ ပြဿနာတစ်ခုခု ရှိကြောင်း သိလိုက်ရချိန်၌ ဆရာဝန်က သူ့ဇနီးကို ကိုယ်ဝန်ဖြတ်ချခိုင်းခြင်း ဖြစ်သည်သာ တွေးနေမိသည်။ သူ၏ ဇနီးကို ကျိန်းမောင်းလျှက် ခေါ်သွားကာ ကိုယ်ဝန်စစ်ဆေးရန် ထပ်မလာခိုင်းတော့ပေ။
ရလဒ်က ကလေး မွေးလာပြီးနောက် ကပ်ဘေးရောဂါက ပေါ်လာတော့သည်။
113 04
သူ၏ ဇနီးက သနားစဖွယ် ငိုယိုနေ၏။ သူက ပြဿနာရှာရန် ဆေးရုံသို့ ဒေါသတကြီး ပြေးသွားကာ ဆေးရုံသည် အစကတည်းက ပြဿနာကို မဖော်ပြခဲ့ကြောင်းနှင့် ဆေးရုံဆီမှ လျော်ကြေးတောင်းနေခဲ့၏။
ရလဒ်အနေဖြင့် ဆေးရုံရှိ တာဝန်ရှိ လူများနှင့် စောင့်ကြည့်ကင်မရာတို့၏ အချက်အလက်အရ ဒေါက်တာရန်သည် သူတို့ကို နောက်ဆက်တွဲကို ပြောပြခဲ့ပြီး ကိုယ်ဝန်ဖျက်ချဖို့တောင် ပြောပြခဲ့ကြောင်း ပြလာ၏။
ထိုလူသည် ကြက်သေသေသွားကာ ဆေးရုံလုံခြုံရေးများ မောင်းထုတ်တာ ခံခဲ့ရသည်။ ယင်းက လဝက်သာ ရှိသေးပြီး သူထပ်ရောက်လာပြန်၏။ ဒေါက်တာရန် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
ဒေါက်တာရန် ပြောပြီးသည့်နှင့် ထို့လူက အင်္ကျီလက်ထဲမှ ဓားဆွဲထုတ်ပြီး သူမကို ထိုးစိုက်တာကို တွေ့လိုက်ရသည်။
အခန်းထဲရှိ အမျိုးသမီးများ၏ အော်သံက ပေါ်ထွက်လာတော့သည်။
ယွင်ယွီသည် ရက်စက်သော အရှိန်အဝါကို ဖမ်းဆုပ်လိုက်ကာ သူ့ကို ရစ်ပတ်လိုက်ပြီး ထိုလူကို ထိန်းလိုက်၏။ ချင်ယွီစွေကမှု သူ၏ဘေးသို့ လျှောက်သွားပြီ ဖြစ်ကာ ၎င်းလက်ကောက်ဝတ်ကို ကန်လိုက်သည်။ သူက အလွန်သန်မာပြီး ကန်ချက်ကြောင့် ထို့လူသည် သူ၏ ခန္ဓာကိုယ်တစ်ခြမ်းက ထုံကျင်သွားတာ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ကန်ချခံရကာ အချိန်အတော်ကြာ ထမလာနိုင်ခဲ့ပေ။ ချင်ယွီစွေက ရှေ့တိုးသွားလျှက် ထို့လူကို ဖမ်းလိုက်လေ၏။
ဒေါက်တာရန်က မျက်နှာ ဖြူဖျော့သွားကာ သူ့ကို ထပ်တလဲလဲ ကျေးဇူးတင်ပြီး လုံခြုံရေးကို အမြန်ခေါ်လိုက်သည်။
အနားရှိ ကိုယ်ဝန်သည်အမျိုးသမီးများကလည်း ကြောက်လန့်သွားတော့သည်။
ချင်ယွီစွေ ဖမ်းထားတာ ခံထားရသည့် အရပ်ပုပု သန်မာသည့်လူက အော်ပြောလိုက်သည်။
“အားလုံး မင်းကြောင့်ပဲ။ ညစ်ပတ်တဲ့ ဆရာဝန် ငါတို့ မိသားစု ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်တော့ဘူး။ ငါရဲ့ သားလိမ္မာလေးက ဒီအက်ထရာစောင်းရိုက်ဖို့ မင်းတို့ ဆေးရုံဆီကို လာပြီး ဒီလို ဖြစ်သွားတာ။ ငါ့ကို လျော်ကြေးပေးရမယ်”
အနားရှိ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများနှင့် သူတို့မိသားစုက အလွန်ဒေါသထွက်သွားသည်။ ဤလူက လွန်နေပြီ ဖြစ်သည်။
ဒေါက်တာရန်၏ မျက်နှာက ဒေါသကြောင့် နီမြန်းလာ၏။
“ရှင်ရဲ့ ကလေး အကြိုစစ်ဆေးမှု ကျဆုံးတဲ့ အချိန်တုန်းက သူ့ကို ထပ်မထားဖို့ ပြောသားပဲ။ ဒါပေမဲ့ သူက သားတစ်ယောက် ဖြစ်တာကြောင့် ရှင်က ဆက်ထားမယ်ဆိုပြီး ခေါင်းမာနေတာလေ။ ရှင် တကယ် လွန်တာပဲ”
သူမကို ယွင်ယွီ၏ မိသားစုဝင်ကသာ မကယ်ခဲ့လျှင် ဓားက သူမရင်ဘတ်ကို ထိုးစိုက်မိပြီး သူမအသက် အန္တရာယ် ရှိလိမ့်မည်။
သူ့နားရှိ မိသားစုဝင်များကလည်း ထို့လူကို အပြစ်တင်တော့၏။ ထိုလူက မျက်ရည် ပေါက်ပေါက်ကျလာတော့သည်။
“မင်းတို့ ဘာသိလို့လဲ။ ဒါက ငါ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလာခဲ့တဲ့ သားပဲ။ ငါ့မှာ သမီး သုံးယောက်ရှိပြီးပြီ။ ဒါပေ့မယ့် သူက တစ်ဉီးတည်းသော သား။ အဆုံးကျ မင်းတို့ရဲ့ ဆေးရုံက ဒီလိုထိခိုက်အောင် လုပ်ခဲ့တယ်။ ငါ့သား”
ယွင်ယွီက မျက်မှောင် ကြုတ်မိသွား၏။ ဤလူက ရက်စက်ကြမ်းကြုတ်ကာ အသိပညာ ခေါင်းပါးသည်။ ကလေး၏အခြေအနေက ဆေးရုံက စုံစမ်း စစ်ဆေးဖို့ မလိုအပ်ကြောင်း သူကောင်းကောင်း သိထားသည့်တိုင် ပိုက်ဆံရဖို့ ပြဿနာ လာရှာနေ၏။ သူ ပိုက်ဆံမရသောကြောင့် အညိုးထားပြီး ဆရာဝန်ကို သတ်ချင်လာသည်။
တစ်စုံတစ်ယောက်က ရဲခေါ်လိုက်သည်။
မကြာမှီ၌ လုံခြုံရေးဝန်ထမ်းတွေ ရောက်လာပြီး ထို့လူကို ဖမ်းသွားကာ ချင်ယွီစွေကို ကျေးဇူးတင်လိုက်၏။
ချင်ယွီစွေက ခေါင်းညိတ်လျှက် ယွင်ယွီ၏ လက်ကို ကိုင်ကာ ပြောလိုက်တော့သည်။
“ပြန်သွားပြီး စစ်ဆေးကြရအောင်”
ဤနေရာ၌ သူတို့ လုပ်စရာ မရှိတော့ပေ။ ရဲများက ဖြေရှင်းပေးလိမ့်မည်။
113 05
ယွင်ယွီ စစ်ဆေးရာမှ ထွက်လာချိန်တွင် ဒေါက်တာ၏ ရုံးခန်းက မူလအနေအထားအတိုင်း ပြန်ဖြစ်သွားပြီး ထိုလူကိုလည်း ရဲဖမ်းသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
လူတိုင်းက အစောတုန်းက အဖြစ်အပျက်ကို ဆွေးနွေးနေသေးသည်။ ဒေါက်တာ ယန့်မျက်နှာက ဖြူဖျော့နေ၏။ သူက ယွင်ယွီနှင့် ချင်ယွီစွေကို မြင်သောအခါ ကျေးဇူးတင်လိုက်ပြန်သည်။
ယွင်ယွီ၏ ရလဒ်များကို စစ်ဆေးပေးသောအခါ ဒေါက်တာရန့်မျက်လုံးက နီမြန်းနေပြီး ရိုက်ငိုလိုက်သည်။
“ငါ့ကို ရယ်မှာ မကြောက်ပါဘူး။ ဒီနှစ်တွေထဲ လူနာတိုင်းကို အလေးထား ဆက်ဆံပြီး ကုသပေးခဲ့တယ်။ ကလေးပေါင်းရာချီနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကယ်တင်ပေးခဲ့တယ်။ ငါ အသက်ကယ်ဖို့ ကြိုးစားအားထုတ်ခဲ့ပေ့မဲ့ လူနာတွေရဲ့ မိသားစုတွေကတော့ ငါ့ကို သတ်ချင်နေတာ”
သူတို့သာ ဤကဲ့သို့ ကိစ္စမျိုးကြုံ့တွေ့ခဲ့ရလျှင် မည်ကဲ့သို့ ကျောမချမ်းဘဲ နေမည်နည်း။
ယွင်ယွီ၏ ခင်ပွန်းကြောင့်သာ မဟုတ်လျှင် ယခုအခေါက်၌ သူမ သတင်းထဲ ပါနှင့်ပြီ ဖြစ်မှာကို စိုးရိမ်ရသည်။
ယွင်ယွီက ညှင်သာစွာ ပြောလိုက်လေ၏။
“ဒေါက်တာရန် ကျွန်မအတွက် ဒီလို စစ်ဆေးပေးတာ ရှင့်ကို ကျေးဇူးတင်နေတာ။ ရှင်က သိပ်တော်တဲ့ ဆရာဝန်တစ်ယောက်ပါ။ လေးစားခံရသင့်တယ်။ လူတိုင်း ရှင့်ကို လေးစားကြတယ်။ တကယ်တော့ ဒီကိစ္စလေးတွေကြောင့် စိတ်အခြေအနေကို အာရုံစိုက်စရာ မလိုဘူး။ ဒီလိုလူက အနည်းအကျဉ်းပဲ ရှိတာ။ ဘဝတစ်လျှောက် သူတို့တွေကို တွေ့ရအုန်းမှာ”
သူတို့ဘေးရှိ ကိုယ်ဝန်သည်အမျိုးသမီးနှစ်ဉီးကလည်း ခေါင်းညိတ်လိုက်ကြသည်။
ဗိုက်ဖောင်းဖောင်းဖြင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်က ပြောလိုက်လေ၏။
“ဒေါက်တာရန် ကျွန်မ ရှင့်ကို တကယ် ကျေးဇူးတင်နေတာ။ ကျွန်မ ကိုယ်ဝန် ရလာချိန်က စပြီး ရှင်က ကျွန်မကို စစ်ဆေးပေးခဲ့လို့ ကျွန်မ စိတ်အေးရတာ”
ဒေါက်တာရန်သည် တဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားပြီးနောက် ကိုယ်ဝန်ဆောင်များစွာကို ကျေးဇူးတင်လိုက်သည်။
ဤနေရာထဲ၌ လူဆိုးများရှိသော်ငြား လူကောင်းများ ပိုများသည်။
ယွင်ယွီက စစ်ဆေးပြီးနောက် ကလေးက ပုံမှန် ဖြစ်ကြောင်း ရှာတွေ့သွား၏။ ဒေါက်တာရန်သည် နောက်လမှ သူတို့ကို ပြန်လာစစ်ဆေးခိုင်းပြီး ယွင်ယွီနှင့် သူ့ခင်ပွန်းကို ကလေးနဲ့ ကျေးဇူးစကားဆိုလိုက်လေ၏။
နှစ်ယောက်သား ဆေးရုံမှ ထွက်သွားပြီးနောက် ချင်းဟယ်ရွာဆီသို့ ကားမောင်းပြီး ပြန်လာသည်။
လမ်းတစ်လျှောက်၌ ယွင်ယွီက ချင်ယွီစွေကို မမေးဘဲ မနေနိုင်တော့ပေ။
“အဲဒီလူက ရက်ပိုင်းလောက် ထိန်းသိမ်းခံရပြီး လွှတ်လာမှာလား”
သူမ ထွက်လာချိန်တွင် ဒေါက်တာရန်၏ မျက်နှာက ပုံမှန် ဖြစ်နေတာကို တွေ့သော်ငြား သူမ စိုးရိမ် ပူပန်နေသေးသည်။
ယွင်ယွီက သက်ပြင်းချလိုက်တော့သည်။
နှစ်ယောက်သား ဟယ်ရှန်းမြို့သို့ ပြန်လာချိန်တွင် ဘန်းမုန့်ဆိုင်၌ စားသုံးသူများစွာ ရှိနေသေး၏။
ယွင်ယွီနှင့် ကျန်သည့်သူများသည် နေ့လည်စာစားရန် ဆိုင်တွင်နေပြီး ဆိုင်ကို သန့်ရှင်းရေး ကူလုပ်ပေးကာ ချင်းဟယ်ရွာသို့ အတူပြန်လာ၏။ လမ်းတွင် အဘွားယွင်သည် ကလေးအကြောင်း မေးခဲ့သည်။
ယွင်ယွီက စစ်ဆေးချက် ရလဒ်များ ပုံမှန် ဖြစ်ကြောင်း ပြောခဲ့သည်။
ချင်းဟယ်ကျေးရွာသို့ ပြန်လာပြီးနောက် ယွင်ယွီက ရက်ရာဇာ ကြည့်နေလေ၏။
အောက်တိုဘာလ ပထမအပတ်သည် အမျိုုးသားအားလပ်ရက်ဖြစ်ပြီး လူများစွာ ရှိနေ၏။ ၇ ရက်မြောက်နေ့သည် အားလပ်ရက် နောက်ဆုံးနေ့လည်း ဖြစ်သောကြောင့် အလွန် ကောင်းမွန်၏၊ သူတို့သည် အောက်တိုဘာလ ၇ ရက်နေ့၌ မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားသည်။ အောက်တိုဘာလ ၇ ရက်ရောက်ရန် ၁၂ ရက်၊ ၁၃ ရက်သာ လိုတော့သည်။ ပြန်သွားပြီး ပြင်ဆင်ရမည်အချိန်ဖြစ်သည်။
113 06
ယွင်ယွီသည် နောက် ၁၀ ရက်အတွင်း မည်သည့်အလုပ်မှ လုပ်ဖို့ မစီစဉ်ထားပေ။
ကံကောင်းသည့်မှာ ရွာထဲ၌ ရှေးဖြစ်ဟောပေးရန် လိုအပ်သည့် သူများများစားစား မရှိ။ ထို့အစား ရှန်းလုံနှင့် ယွင်ယွီတို့က စာပို့လျှက် တစ်စုံတစ်ယောက်ကမှု သူမကို ဖုန်းရွှေဖြင့် ကူညီပေးရန် ပြောချင်ကြောင်း ပြောလာ၏။ ထူးထူးခြားခြားမဟုတ် ဖုန်းရွှေစစ်ဆေးခြင်းဟုသာ ဆိုခဲ့သည်။
ယွင်ယွီက သူတို့အားလုံးကို ငြင်းဆန်လိုက်၏။
“ကျွန်မ နောက်လ လက်ထပ်တော့မှာ ဒါကြောင့် လက်တလော ဘယ်အလုပ်မှ လက်ခံမှာ မဟုတ်ဘူး။ တဖက်လူက အလျင်မလိုလျှင် မင်္ဂလာပွဲပြီးတဲ့အထိ စောင့်လို့ရတယ်”
ရှန်းလုံသည် အလယ်၌ သူပြောသည့် စကားကို လျစ်လျူရှုလျှက် တအံတဩ မေးလိုက်သည်။
“လက်ထပ်တော့မှာလား ဆရာသခင်။ ကျွန်တော်ကို ဖိတ်စာပို့မှာလား”
သူက တပည့်တစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ထား၏။ ယွင်ယွီ သူ့အတွက် ပေးထားသည့် စာအုပ်တစ်ဒါဇင်ခန့်ကို ဖြည်းဖြည်းချင်း ဖတ်နေသည်။ သူ နားမလည်သည့် အရာရှိလျှင် သူ့ဆရာကို မေးမှာပဲ ဖြစ်သည်။
ယွင်ယွီက ပြုံးပြီး ပြောလိုက်လေ၏။
“ဒါပေါ့ ကျွန်မကို ဆရာလို့ ခေါ်တယ်ဆိုမှတော့ ရှင့်ဆီ ဖိတ်စာ ပို့ပေးရမှာပေါ့”
ရှန်းလုံက သူမကို ဆရာကို ခေါ်တာကို သူ ဂရုမစိုက်ပေ။
ရှန်းလုံသာ စာအုပ်တစ်ဒါဇင်ကျော်ကို ဖတ်ပြီးသွားပါက သူ့ကို တပည့်အဖြစ် လက်ခံရလည်း စိတ်ရှိမှာ မဟုတ်ပေ။
ရှန်းလုံက ရယ်မောလိုက်၏။
“ကျေးဇူးပါ ဆရာ။ ဒါဆို ဆရာ့မင်္ဂလာဆောင်ပွဲကို လာပါ့မယ်”
ဖုန်းချပြီးနောက် ယွင်ယွီက ရယ်မောလိုက်သည်။
နောက်ပိုင်း ရက်များက အမှန်တကယ် အလုပ်များပြီး နှစ်ဖက်လုံးသည် ပွဲသို့ ဖိတ်ကြားရမည့် ဧည့်သည်တော်စာရင်းကို စတင်ရေးကြတော့၏။
ယွင်ယွီဘက်ကမှု ရှင်းသည်။ သူမ ဆွေးမျိုးသားချင်းများနှင့် မိတ်ဆွေများက အလွန်ရှင်း၏။ ထို့အပြင် သူ့မိသားစုက ရွာထဲတွင် သူတို့နှင့် ဆက်ဆံရေး ကောင်းရှိသည်။ မိသားစုများစွာအတွက် သေချာပေါက် ကြီးမှုးကျင်းပပေးမှာပဲ ဖြစ်သည်။ ဝူလီသည် ယွင်မိသားစုကို များစွာ ကူညီပေးခဲ့ပြီး ဂျုံရိတ်သိမ်းမှုနှင့် လယ်လုပ်ငန်းများကို ကူညီပေးခဲ့၏။ ဝူတာ့ရှန်းသည် ယွင်အမေကို တွန်းချက် ဖဲ့ချခဲ့သည့်တိုင် ဝူတာ့ဟန်ကမှု ဆိုးရွားသည့် သူ မဟုတ်။ သူက ဝူလီဖခင် ဖြစ်သည်။ ဤကိစ္စ ဖော်ထုတ်ခံခဲ့ရပြီး လိုက်ဖို့ မလိုအပ်တော့ပေ။
ထို့ကြောင့် ဝူမိသားစုက အခမ်းအနားကို ဦးဆောင် ကျင်းပပေးမည် ဖြစ်ကာ အဘွားယွင်၊ အမေယွင်တို့နှင့် ဆက်ဆံရေး ကောင်းရှိသည်။ မိသားစုများစွားလည်း ရွာထဲ၌ ရှိ၏။
သူ့ ဒုတိယဦးလေး၊ ဒေါ်လေးတို့မိသားစုနှင့် မိသားစုများအတွက်မှု ယွင်ယွီ၏ ဆန်ကုန်မြေလေးအဖေက သူတို့ကို ဖိတ်မှာ မဟုတ်။ မင်္ဂလာဆောင်နေ့၌ သူတို့ ပြဿနာ လာမရှာဖို့သာ မျှော်လင့်မိသည်။
ယွင်ယွီနှင့် ရင်းနှီးသည့် လူများက သူမ၏ အကောင်းဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ဖန်ရှန်းရှန်းနှင့် စုန်ကျင်းကျင်းတို့ပဲ ဖြစ်သည်။ စုန့်ကျစ်မင်၊ လီကျိုး၊ လီရှောင်၊ ချန်ဝမ်လု၊ လုံညီနောင်နှင့် လုံအစ်ကိုမောင်နှမများ လုံချီရှောင်အားလုံးကိုမူ ဖိတ်ကြားရန် လိုအပ်နေသေး၏။
ချင်ယွီစွေဘက်၌ လုံမိသားစုရှိပြီး သူ၏ အဘိုးအဘွားများနဲ့ လုံမိသားစု၏ ဦးလေး၊ ဒေါ်လေး၊ ဝမ်းကွဲများအားလုံးကိုလည်း ဖိတ်ကြားလိမ့်မည်။ အနည်းဆုံးတော့ လုံမိသားစုတစ်ခုတည်း လူ ၄၀၊ ၅၀ ခန့်ရှိလိမ့်မည်။ အဆုံးကျ စားသောက်ပွဲ၌ စားပွဲ ၂၀ခန့် ထားလိုက်၏။
******