အခန်း ၁၁၅
Vol. 12 Ch. 115
115 01
အခန်း 115
လုံမိသားစုဝင်တစ်ဝက်နီးပါးသည် ရွှမ်းမန်ဂိုဏ်းမှဖြစ်သော်ငြား ဗိုလ်ချုပ်လုံသည် ထိုလမ်းစဉ်ကို မလိုက်ခဲ့ပေ။ အစတည်းက လုံမိသားစု၏ဘိုးဘေးသည် ချင်ယွီစွေကို ရွှမ်းမန်ဂိုဏ်းသို့ ဝင်ခွင့်မပေးခဲ့ပေ။ ဗိုလ်ချုပ်လုံက ယိဇေ၏ အမျိုးသမီးသည် ရွှမ်းမန်ဂိုဏ်းမှဖြစ်လိမ့်မည်ဟု မထင်ထားပေ။ သို့သော် ဘိုးဘေးသည် သူက သူ့မြေး၏အိမ်ထောင်ရေးကို ဝင်စွက်ဖက်ခွင့် မရှိကြောင်းသာ ပြောခဲ့၏။ ချင်ယွီစွေ၏ဇနီးက ရွှမ်းမန်ဂိုဏ်းသို့ဝင်၍မရကြောင်း မပြောခဲ့ပေ။
သူ့မြေး၏ဇနီးကလည်း ရွှမ်းမန်ဂိုဏ်သားတစ်ယောက်ဖြစ်ကြောင်း ကြားပြီးနောက် ဗိုလ်ချုပ်လုံသည် ခံစားချက်များ ရှုပ်ထွေးသွားလေ၏။ သူ့မြေး၏ဇနီးဖြစ်သူကို တွေးကြည့်မိပြီး သူမက သူသည် တစ်ခါမှမတွေ့ရသော်ငြား သူမသည် မိန်းမကောင်းလေးတစ်ယောက်ဖြစ်မည်ဟု သူခံစားမိသည်။
ဖိတ်စာပေါ်ရှိ လက်ရေးကို စိုက်ကြည့်ကာ မေးလိုက်လေ၏။
“မင်းဝမ်းကွဲရဲ့ဇနီးက ဘယ်လိုမိန်းကလေးမျိုးလဲ”
လုံချီရှောင်းက သူသာ အနည်းငယ်ပိုငယ်ရွယ်ပြီး ယွင်ယွီကို စောစီးစွာ တွေ့ခဲ့ပါက သူ့ကို သေချာပေါက် လိုက်မှာဖြစ်သည်။
သို့သော် ဤကိစ္စကိုမူ အဖိုးအိုရှေ့၌ ပြော၍မရပေ။ ထို့ကြောင့် သူက ပြောလိုက်၏။
“သူက မိန်းမကောင်းလေးတစ်ယောက်၊ လှပတယ်။ ကြင်နာတယ်။ အမှန်အမှား ခွဲခြားနိုင်တယ်။ အဖိုး သူ့ကို သေချာပေါက် သဘောကျမှာ။ ပြီးတော့ သူက ကျွန်တော်တို့ လုံမိသားစုနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ အဖိုး တကယ်တော့ သူက ကျွန်တော်တို့ဘဝကြီးရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ သူပဲလေ”
ချိန်ယွင်ယွီသည် သူ့ကို ထိုအကြောင်း နောက်မှ ပြောပြပေးခဲ့၏။ လုံမိသားစုထဲတွင် ထိုအကြောင်းကို မည်သူမှ မသိလောက်ပေ။
ကွေ့ယွမ်ဂိုဏ်းမှ ဆရာထန်နှင့် သူ၏တပည့် စုန့်ကျစ်မင်၊ လီကျိုးတို့လည်း ထိုအကြောင်းကို သိကြသည်။ ဤကိစ္စကို သိုသိုသိပ်သိပ် ထား၏။ ကွေ့ယွမ်ဂိုဏ်းက လျှို့ဝှက်ထားခြင်းမှာ သူတို့သည် ယွင်ယွီအကြောင်း သတင်းအချက်အလက် မပေါက်ကြားစေချင်သောကြောင့် ဖြစ်ဟန်တူသည်။ ယွင်ယွီသည် ငယ်ရွယ်လွန်းပြီး သာမန်မိသားစုမှ လာ၏။ ဖွားဖွားကြီးကို သတ်ခဲ့သည့် ကြိုးကိုင်သူကို ရှာမတွေ့သေးပေ။ ကြိုးကိုင်သူက ယွင်ယွီကို ဒုက္ခပေးမှာ စိုးရိမ်သည်။ ထို့ကြောင့် ဤကိစ္စကို တစ်ခါမှ ထုတ်ပြောခြင်း မရှိပေ။ ဤကိစ္စကိုမူ အဖိုးအိုထံမှာသာ ပြောရမည်။ ဘိုးဘေးက သူ၏အမေဖြစ်၏။
“ဘာ”
ဗိုလ်ချုပ်လုံသည် သူ၏မြေးကို အထိတ်တလန့် စိုက်ကြည့်လိုက်မိသည်။
“ဘာကိုဆိုလိုတာလဲ”
လုံချီရှောင်က ပြောလိုက်၏။
“အဲဒီတုန်းက ကျွန်တော့်ဖွားဖွားကြီးက အပိုင်းပိုင်းလှီးဖြတ်ခံရပြီး မကောင်းဆိုးဝါး၇ပါး ဝိဉာဉ်ဖျက်စီးခြင်းအစီအရင်နဲ့ ချုပ်နှောင်ခံခဲ့ရတာ။ အဲဒီနေရာက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလေ၊ မကောင်းဆိုးဝါး၇ပါး ဝိဉာဉ်ဖျက်စီးခြင်းအစီအရင်ကြောင့် လူပေါင်းများစွာ အသတ်ခံခဲ့ရပြီး ပရောဂျက်ကို မစနိုင်ခဲ့ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ပိုင်ရှင်က ရှောင်ယွီအာကို ရှာတွေ့ပြီး သူ့ကို တစ်ချက်ကြည့်ခိုင်းခဲ့တာ။ အထက်အရာရှိတွေကလည်း ဒီကိစ္စကို စောင့်ကြည့်နေတာလေ။ ဒါကြောင့် သူတို့တွေက ကွေ့ယန်ဂိုဏ်းက စုန့်ကျစ်မင်ကို စုံစမ်းစစ်ဆေးခိုင်းခဲ့တယ်။ အစီအရင်ကို ဖြိုခွဲခဲ့တဲ့သူက ရှောင်ယွီအာ ဖြစ်နေတာ။ ဒီအစီအရင်ကို ဖြိုခွဲဖို့အတွက် ဂိုဏ်းချုပ်ထန်လိုမျိုး ပါရမီရှင်၇ယောက် လိုအပ်လောက်တယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း ဖြေရှင်းသွားတာ။ သူ့ရဲ့အနာဂတ် အောင်မြင်မှုအလားအလာက ကျွန်တော်တို့ ဘိုးဘေးထက် လျော့မှာမဟုတ်ဘူး။ ဘိုးဘေးထက်တောင် သာလောက်တယ်။ အဖိုး သူက တကယ် အစွမ်းထက်တဲ့ မိန်းကလေးတစ်ယောက်”
ဗိုလ်ချုပ်လုံက တိတ်ဆိတ်သွားလေ၏။ ဤတွက်ချက်မှုအရ သူ၏မြေးချွေးမသည် လုံမိသားစု၏ ကျေးဇူးရှင်ဖြစ်နေသေးသည်။ သူက ယင်းကာလုပ်ရမည့် ကိစ္စမှန်း သိနေသည်။
“ရပြီ ငါသိပြီ။ သူတို့ရဲ့မင်္ဂလာပွဲကို ငါတစ်ခါမှ မကန့်ကွက်ခဲ့ဘူး။ ဘာကြောင့် ဒီလောက် စိတ်ပူနေတာလဲ”
ထိုအကြောင်းကိုပြောပြီး လုံချီရှောင်က သက်ပြင်းချလိုက်၏။
“အဖိုးလည်း ကျွန်တော့ဝမ်းကွဲရဲ့ ဒေါသကို သိတာပဲ။ သူက ရှောင်ယွီအာကို မတွေ့ခဲ့ရင် တစ်သက်လုံး လူပျိုကြီးဖြစ်သွားမှာ။ ဒီတော့ ဒီမိန်းကလေးကို ကျေးဇူးပြုပြီး ကျေနပ်လိုက်ပါ”
ဗိုလ်ချုပ်လုံက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“ငါတို့လုံမိသားစုက ချင်မိသားစုနဲ့ မတူဘူး။ ယွီစွေက သဘောတူသရွေ့ ငါတို့ လေးစားပေးမှာပဲ။ ဒါနဲ့ ချင်မိသားစုရဲ့ အဖိုးကြီးကရော သူ့မြေး လက်ထပ်တော့မှာ သိလား။ ယွီစွေက ချင်မိသားစုဆီ လိပ်စာပို့ခဲ့လား”
“မပို့ဘူး”
115 02
ချင်မိသားစုအကြောင်း ပြောချိန်တိုင်း လုံချီရှောင်သည် သူတို့ကိုလည်း အထင်သေးသွား၏။
“ကျွန်တော့်ဝမ်းကွဲပြောတာတော့ ချင်မိသားစုကို အကြောင်းကြားမှာ မဟုတ်ဘူးတဲ့။ သူတို့နဲ့ ဆက်ဆံရေးကောင်းမှ မရှိတာ။ မစ္စတာချင်က ဒီမင်္ဂလာပွဲအကြောင်း တကယ်သိရင် ပြဿနာလာရှာမှာ မဟုတ်လား”
ဗိုလ်ချုပ်လုံသည် စားပွဲကို ရိုက်ချလိုက်ကာ တင်းမာခက်ထန်နေ၏။
“သူတို့ ပြဿနာရှာရဲရင် ငါသူတို့ကို သတ်လိုက်မယ်”
“ဟုတ် ဟုတ် အဖိုးက အကောင်းဆုံးပဲ”
အဖိုးအိုသည် ရာထူးမှ ဆင်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်ငြား ဒေါသက ကြီးနေသေး၏။
ချင်မိသားစုသည် တကယ်ပင် ဖိတ်စာမရခဲ့ပေ။ မင်္ဂလာပွဲကလည်း သိုသိုသိပ်သိပ် ကျင်းပတာဖြစ်၏။ လုံမိသားစု ကွေ့ယွမ်ဂိုဏ်းနှင့် ယွင်ယွီ၏ မိတ်ဆွေကောင်းနှစ်ယောက်မှအပ မြို့တော်ရှိ မည်သူမှ ထိုအကြောင်းကို မသိကြပေ။ ထို့ကြောင့် ချင်မိသားစုကလည်း သတိမပြုခဲ့မိပေ။ ချင်ယွီစွေ၏ သွေးတစ်ဝက်နှောညီ ချင်ချန်ချီသာလျှင် လက်ထပ်တော့မည့်အကြောင်း သိထားသည်။
ချင်ချန်ချီက အစည်းအဝေးကျင်းပပြီး သူ၏ရုံးခန်းထဲတွင် ထိုင်နေလေ၏။ အစည်းအဝေးပြီးနောက် သူ၏လက်အောက်ငယ်သားများထဲမှ တစ်ယောက်က လာပြီး သတင်းပို့လိုက်သည်။
“မစ္စတာချင် အကြီးဆုံးသခင်လေးက ရက်ပိုင်းအတွင်း လက်ထပ်တော့မှာ”
ချင်ချန်ချီက မျက်နှာသေ ဖြစ်နေ၏။
“ငါသိပြီ သူ့ ချင်မိသားစုကို အကြောင်းကြားလား”
“မကြားပါဘူး”
ချင်ချန်ချီက အေးတိအေးစက်အမူအရာဖြင့် ဟန့်ကနဲ လုပ်လိုက်သည်။ သူ၏အကိုကို သဘောမကျပေ။ ဤအကိုသည် ချင်မိသားစုအတွက် မည်သည့်ခံစားချက်မှမရှိ။ သူ၏အကိုကို သဘောမကျရသည့် နောက်ထပ် အကြောင်းအရင်း တစ်ရပ်ရှိသည်။ ချင်ယွီဆွေ့က သူ၏မိတ်ဆွေဟောင်းနှင့် အလွန်ဆင်တူ၏။ ယင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
သူက ထိုလူကို မနှစ်သက်ပေ။ ထို့ကြောင့် သူ့အကိုဆီ ကံဆိုးမှုများ ဆောင်ယူလာသည်။ သို့သော်ငြား ထိုလူက ကံကောင်းလွန်းပြီး ကုသိုလ်ကောင်းမှု များလွန်းသဖြင့် ဆိုးရွားသည့်ကံကိုတောင် ကြောက်လန့်စရာမရှိ။ သူ၏ကံက ကောင်းလွန်းသဖြင့် လူများကို မနာလိုဖြစ်စေသည်။
လက်အောက်ငယ်သားက ပြောလိုက်သည်။
“သခင်ကြီးက ဒီအကြောင်း မသိသေးပါဘူး။ ဒုတိယသခင်လေး သခင်ကြီးကို ပြောဖို့လိုလား”
ချင်ချန်ချီက ပြောလိုက်၏။
“မလိုဘူး။ ငါအကိုကို ပေးဖို့ လက်ဆောင်တစ်ခုရွေးလိုက်”
သူတို့သည် ဤဘဝ၌ ညီအကိုများဖြစ်ပြီး သူ့ကို မသတ်နိုင်သောကြောင့် ဤအတိုင်း ထားလိုက်တော့မည်။
“ဟုတ်ကဲ့”
ချင်ချန်ချီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားလေ၏။
“သတို့သမီးက ဘယ်ကလဲ သူ့နာမည်က ဘာလဲ”
ထိုလူက ပြောပြတော့မည့်အချိန်တွင် ချင်ချန်ချီ၏အတွင်းရေးမှူးက သတင်းပို့ရန် ရောက်လာလေ၏။ ထိုလူသည် ဘာမှမပြောရသေးခင် ချင်ချန်ချီက လက်ယမ်းကာပြလျက် ထွက်သွားခိုင်းလိုက်သည်။ ဒုတိယသခင်လေးက အကြီးဆုံးသခင်လေးအကြောင်းတောင် ဂရုမစိုက်ဟု တွေးမိသောကြောင့် သတို့သမီးနာမည်ကို သိစရာမလိုတာဖြစ်လောက်သည်။
ချင်ဟယ်ကျေးရွာ
ကျေးရွာက ဤရက်ပိုင်းအတွင်း အောင်ပွဲခံနေသည်။ ယွမ်မိသားစုမှ မိန်းကလေး လက်ထပ်တော့မည်ဖြစ်ကာ မင်္ဂလာပွဲကို ကျွေးရွာတွင် လာကျင်းပလိမ့်မည်။ တရုတ်ရိုးရာပုံစံ မင်္ဂလာဆောင်ဟု ကြားထားလေ၏။
မင်္ဂလာစကားလုံးများကိုလည်း အိမ်သစ်၏တံခါး၌ ရေးထားသည်။ မင်္ဂလာမဆောင်ခင် ၂ရက်အလို၌ မြို့တော်မှစားဖိုမှူး ရောက်လာပြီး ပါဝင်ပစ္စည်းမျိုးစုံလည်း ပါလာ၏။ နောက်ဆုံးဟင်းက ဗုဒ္ဓတုံးကြော် ဟင်းလျာနှစ်တိုင်နှင့် ကြက်စွပ်ပြုတ် ပင်လယ်သခွားသီးဟင်း ဂုံးတို့ဖြစ်သည်။ အဓိကဟင်းလျာထဲ၌ ပါဝင်ပစ္စည်းများစွာရှိပြီး အစာပြေမုန့်များ၊ ဟင်းချိုများနှင့် စုစုပေါင်းဟင်းလျာ၂၂မျိုးရှိကာ အားလုံးဂရုတစိုက်ပြင်ဆင်ထားသည်။ ပါဝင်ပစ္စည်းများအားလုံးက အကောင်းဆုံးများဖြစ်သည်။ ချက်ပြုတ်ရန်အတွက် အသုံးပြုသည့်ရေကလည်း ယွင်ယွီတို့အိမ်မှ တွင်းရေဖြစ်သည်။ ယင်း၌ ဝိဉာဉ်စမ်းရေ ပါဝင်နေကာ အရသာက ပိုတောင်ကောင်းသွားစေလိမ့်မည်။
115 03
ဟင်းလျာတစ်ချို့က နှစ်ရက်ကြိုတင်ပြင်ဆင်ရန် လိုအပ်၏။ ဤနှစ်ရက်အတွင်း တစ်ရွာလုံးသည် ကြွယ်ဝသင်းပျံ့သောရနံ့များ ရနေတော့သည်။
မင်္ဂလာဦးအိပ်ခန်းကို ပြင်ဆင်ပြီးပြီဖြစ်သော်ငြား ကြင်စဦးမောင်နှံမဝင်ရသေးခင် မည်သူမှ အထဲဝင်ခွင့်မရှိ။ စားဖိုမှူးများက ပါဝင်ပစ္စည်းများကို နေ့အချိန်တွင် ပြင်ဆင်လျက် ညအချိန်တွင် မြို့ရှိဟိုတယ်၌ အနားယူသည်။
စုန့်ကျစ်မင်၊ လီကျိုး၊ လုံချီရှောင်၊ လုံချီချန်း၊ လုံဝမ့်ရင်း၊ ယွီရှောင်ရှောင်း၊ ချန်ဝမ်တို့နှင့် လုယွမ်တို့ကလည်း စောစီးစွာ ရောက်လာသည်။ သူတို့အားလုံးက ရုပ်လွန်ပညာ နှီးနှောဖလှယ်ဖလှယ်ပွဲ၌ တွေ့ခဲ့သည့် မိတ်ဆွေများလည်း ဖြစ်သည်။ ထို့အပြင် နှစ်ရက်စောပြီးရောက်လာသည့် ဖန်ရှန်းရှန်းနှင့် စုန်ကျင်းကျင်းလည်း ရှိသည်။
သူတို့အတွက် စီစဉ်ပေးထားသည့်ဟိုတယ်က မြို့ကြီးတွင်ဖြစ်သော်ငြား သူတို့က မြို့လေးရှိရှုခင်းကို ပိုလိုလားသည်။
ပဲနွယ်ပင်က အပြည့်ဖူးပွင့်နေပြီး ခရီးသွားများစွာက ရောက်လာကြသည်။ လတ်တလောတွင် မြို့ငယ်လေး၌ လူများထူထပ်နေ၏။
ယွင်ယွီတို့မိတ်ဆွေများ နှစ်ဖွဲ့လုံးက မြို့ကြီးတွင် မနေချေ။ ထို့ကြောင့် သူတို့က မြို့ငယ်လေးရှိ ဟိုတယ်တွင် တည်းခိုနေလေ၏။ မြို့ငယ်လေးထဲ၌ ဟိုတယ်ကြီးများ ရှိသည်။
သူတို့သည် ဤနှစ်ရက်အတွင်း ယွင်ယွီအလုပ်များနေမှန်း သိသောကြောင့် သူမကို သွားမနှောင့်ယှက်ချင်ပဲ မြို့လေးတစ်ပတ်သာ လျှောက်သွားနေကြသည်။
စုန်ကျင်းကျင်းနှင့် ဖန်ရှန်းရှန်းတို့သည် ကောလိပ်မှ ယွင်ယွီ၏သူငယ်ချင်းကောင်းများ ဖြစ်ကြောင်း သိပြီးနောက် စုန့်ကျစ်မင်နှင့် သူ့အဖွဲ့တို့က သူတို့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံ၏။ သူတို့နှစ်ယောက်က အဖွဲ့နှင့် အလွန်ကောင်းမွန်စွာ ပေါင်းစည်းသွားနိုင်ကာ အတူသွားလည်ကြသည်။
ယွင်ယွီက နှစ်ရက်အတွင်း သူမမင်္ဂလာပွဲကျင်းပတော့မည်ဖြစ်သောကြောင့် အမှန်တကယ် အလုပ်များနေသည်။ ယွမ်မိသားစုက ကူညီပေးခဲ့၏။ ထို့ကြောင့် ဘန်းမုန့်ဆိုင်ကို ၃ရက်ပိတ်ထားလေရာ မြို့လေးထဲရှိ ခရီးသွားများကို အဆင်မပြေဖြစ်စေခဲ့သည်။ ယခုအခေါက်တွင် ယွင်ယွီကလည်း မြို့ထဲ၌ ဗီလာတည်ဆောက်ပေးခဲ့သည်။ ယန်မင်ခွမ်နှင့် ရွှမ်လုံကို ဖိတ်ခဲ့သည်။
မင်္ဂလာပွဲသို့ လာသည့် ဧည့်သည်တစ်ချို့က ငွေသားလက်ဆောင်နှင့် ပစ္စည်းလက်ဆောင်များ ပေးကြသည်။
လုံချီရှောင်က ယွင်ယွီအား လက်ဆောင်တစ်ခု ပေးခဲ့၏။ သူသည် မင်္ဂလာပွဲမတိုင်မီ ည၌ညစာစားရန် ယွင်ယွီအိမ်သို့ သွားခဲ့သည်။ ညစာစားပြီးနောက် လူတိုင်း ခြံဝန်းထဲတွင်ထိုင်ကာ စကားပြောနေစဉ် သူက သူမအား လက်ဆောင်ပေးခဲ့သည်။ ယင်းက နောက်ဆုံးအခေါက် ကြွက်မိစ္ဆာကို သတ်ရာမှာ ရှာတွေ့ခဲ့သည့် ပစ္စည်းဖြစ်ပြီး ဓားတစ်လက်ဖြစ်သည်။
၎င်းက မက်မွန်ကိုင်းဓားမဟုတ်ဘဲ ဓားအစစ်ဖြစ်ကာ သံချေးတက်နေလျက် နိမိတ်ဆိုးသည့် အရှိန်အဝါများ ပြည့်နေတော့သည်။
လုံချီရှောင်က ပြောလိုက်၏။
“မိစ္ဆာတွေကို အနိုင်ယူဖို့ မင်းမှာ လက်နက်ကောင်းမရှိတာ ငါသိတယ်။ ဒီဓားကို ပြီးခဲ့တဲ့အခေါက်က တာအိုဘုရားကျောင်းထဲမှာ တွေ့ခဲ့တာ ပြင်းထန်တဲ့ မိစ္ဆာဝိဉာဉ်လည်း ရှိနေတယ်။ ရှေးယခင်တည်းက မြှုပ်ထားတဲ့ ပစ္စည်းဖြစ်လောက်တယ်။ မိစ္ဆာဂိုဏ်းက ယူသွားတာ ဘယ်လောက်ရှိပြီလဲတော့ မသိဘူး။ အထက်အရာရှိအတွက်လည်း အသုံးမဝင်တာကြောင့် မင်းအတွက် အဆင်ပြေမလားလို့ ယူလာတာ။ အထက်အရာရှိတွေက လက်ခံတယ်။ ဒါပေမဲ့ သူ့မှာ သန်မာတဲ့မိစ္ဆာဝိဉာဉ်ရှိနေတယ်။ ဒါကြောင့် သန့်စင်ဖို့ လိုနေသေးတုန်းပဲ”
ယွင်ယွီသည် မိစ္ဆာဝိဉာဉ်ကို မကြောက်ရွံ့ပေ။ ထို့ကြောင့် ဓားကို ပျော်ပျော်ရွှင်ရွှင် ယူလိုက်ပြီး လုံချီရှောင်ကို ကျေးဇူးတင်လိုက်၏။
“ကျေးဇူးပါ အကိုဝမ်းကွဲ၊ ဒီဓားကို ကျွန်မသိပ်သဘောကျတယ်”
သူမသည် ဓားကို မြင်လျှင် မြင်မြင်ချင်း သဘောကျသွားတာပဲ ဖြစ်သည်။ ဒါက သံချေးတက်နေပြီး မူလသွင်ပြင်ကို မမြင်ရသော်ငြား ဤဓားကို အလွန်နှစ်သက်နေသေး၏။
သူမက ဓားကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး သူမနားရှိ မိစ္ဆာဝိဉာဉ်က သူမကို မတိုက်ခိုက်ခဲ့ပေ။ ထို့အစား ဓားက စတင်တုန်လှုပ်လာ၏။
ယွင်ယီက ရယ်မောလိုက်သည်။ ဤဓားက သူမအမြင်အာရုံကို တကယ် ဖမ်းစားသွားသည်။ သန့်စင်ပြီးနောက် ဂူထဲတွင် မြုပ်နှံထားသည့် မိစ္ဆာဝိဉာဉ်က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည်ဖြစ်ကာ သုတ်သင်ခံရပြီး နတ်ဆိုးဖြစ်သွားလိမ့်မည်။
ချင်ယွီစွေက ယွင်ယွီဘေးတွင် ထိုင်နေ၏။ ဓားကိုမြင်ချိန်၌ သူသည် သူ၏ရင်ထဲ၌ ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ယွင်ယွီကလည်း ဓားကိုနှစ်သက်တာမြင်ပြီး လုံချီရှောင်က ပြုံးလျက် ပြောလိုက်သည်။
“အထက်အရာရှိတွေဆီကနေ ဘောနပ်စ် တောင်းထားသေးတယ်။ ယွမ်ငါးသိန်း ရက်ပိုင်းအတွင်း မင်းရဲ့အကောင့်ထဲ ရောက်လာလိမ့်မယ်”
115 04
ယွင်ယွီက ပိုတောင် ပျော်ရွှင်သွားလေ၏။ သူမပြုံးလိုက်စဉ် မျက်လုံးများက လခြမ်းကွေးသဏ္ဍာန် ဖြစ်သွားသည်။
“ကျေးဇူးပါဝမ်းကွဲ”
ဤဘောနပ်စ်ဖြင့်ဆို သူမအကောင့်ထဲ နှစ်သန်းနီးပါး ရှိနေပြီဖြစ်ကာ သူမသည် သူမအမကြီးမမအတွက် အိမ်ဝယ်ဖို့ ပြင်ဆင်ပေးထားသည့် ပိုက်ဆံဖြစ်သည်။
ယွမ်လန်သည် ချင်းဟယ်ရွာသို့ ပြန်ရောက်လာပြီးနောက် သူမသည် ယွမ်တစ်သန်းကို သူမအမအား ပေးချင်ခဲ့သည်။ ယင်းက စရံငွေအဖြစ် သုံးနိုင်လိမ့်မည်။ သို့သော် ယွမ်လန်က ငြင်းဆန်လျက် ပိုက်ဆံသိမ်းထားခိုင်းပြီး မင်္ဂလာဆောင်ပြီးနောက် လယ်တောအိမ် တည်ဆောက်ဖို့ ပြောခဲ့သည်။
ထိုစဉ်က ယွမ်လန် ပြောခဲ့လေ၏။
“ရွှီအာ ညီမဒီပိုက်ဆံကို သိမ်းထားလိုက် အမကို ပေးစရာမလိုဘူး။ အမချုံးဟယ်မြို့ကို ပြန်မသွားဖြစ်လောက်ဘူး။ လယ်တောအိမ် ဖွင့်ချင်နေတာ မဟုတ်လား။ ဒီပိုက်ဆံက လယ်တောအိမ် ဖွင့်ဖို့လောက်မှာပဲ။ ညီမ မင်္ဂလာဆောင်ပြီးရင် အလုပ် များလာလောက်တယ်။ နောက်နှစ်နွေဦးအတွက် အဆင်သင့်ပြင်ထားရမှာ။ အဲဒီအချိန် မက်မွန်ပန်းတွင် ချယ်ရီပင်တွေပွင့်ကာ တောင်တောက်လျှောက် ဖူးပွင့်လာလိမ့်မယ်။ ရှုခင်းက လှပနေပြီး ဧည့်သည်တွေကိုပိုများလာမှာပဲ။ အဲဒီအခါကျ လယ်တောအိမ်ကို ဂရုစိုက်ဖို့ ကူညီပေးမယ်”
ယွင်ယွီကလည်း စဉ်းစားပြီးနောက် လက်ခံလိုက်သည်။ သူမ မမ ချင်းဟယ်ကျေးရွာ၌ နေတာလည်း ကောင်းပေ၏။ လယ်တောအိမ်၏ ဝေစုကိုလည်း နောင်ကျ သူမမိသားစုဆီ ပေးမှာပဲဖြစ်သည်။ အချိန်အများစု၌ သူမက ပိုက်ဆံတကယ် များများစားစား မရှာချင်ပေ။ သူမမိသားစုကို ကောင်းမွန်သောဘဝတွင် နေစေချင်ရုံသာ ဖြစ်သည်။
နှစ်သန်း လယ်တောအိမ်တည်ဆောက်ရန် လောက်ပေ၏။
ယွင်ယွီက လုံချီရှောင်ကို ကျေးဇူးတင်လိုက်ပြီး လုံချီရှောင်က ပြောလာသည်။
“ပြောရရင် မင်းက ငါတို့လုံမိသားစုဝင်ပဲလေ ကျေးဇူးတင်ဖို့ မလိုဘူး။ နောင်ကျ ပြဿနာရှိလာရင် ငါဆီ လာခဲ့”
ကျန်ရှိသူများကလည်း လက်ဆောင်များ ပေးလာ၏။ အားလုံးက သူတို့ဂရုတစိုက် ပြင်ဆင်ထားတာပဲ ဖြစ်သည်။
မင်္ဂလာပွဲက နောက်နေ့ ကျင်းပတော့မည်ဖြစ်ကာ သတို့သမီးက အိပ်ရာစောစော ဝင်ချင်သည်။ ထို့ကြောင့် လူတိုင်းသည် ကြာကြာမနေဘဲ ဟိုတယ်ပြန်အနားယူဖို့ ဆုံးဖြတ်လိုက်သည်။
လုံမိသားစုဝင်အားလုံး မနက်ဖြန် ရောက်လာလိမ့်မည်။ ရိုးရာပုံစံ မင်္ဂလာဆောင်ဖြစ်တာကြောင့် သူတို့မိုးနှင့်မြေကို ကန်ကော့၊ မိဘကိုကန်တော့၊ မောင်နှံအချင်းချင်း ကန်တော့ရလိမ့်မည်။ ဧည့်သည်များကိုမူ ညနေခင်း၌ ဧည့်ခံမှာ ဖြစ်၏။ ဧည့်သည်များက မင်္ဂလာဆောင်မည့်နေ့မှသာ ပွဲတက်ဖို့ ရောက်လာလိမ့်မည်။
ချင်ယွီစွေက ညနေ၌ ယွင်ယွီ၏အိမ်တွင် မအိပ်ပေ။ သူက ဟိုတယ်၌ သွားအိပ်သည်။ မနက်ဖြန်က မင်္ဂလာဆောင်မည့်နေ့ ဖြစ်၏။ သူက အနီရောင်မင်္ဂလာဝတ်စုံ ဝတ်ပြီး မြင်းစီးရမည်ဖြစ်ကာ လူရှစ်ယောက် ထမ်းသည့် ဝေါယာဉ်ဖြင့် သတို့သမီးကို ကြိုရမှာပဲ ဖြစ်သည်။
အချိန်ကျလာလျှင် သူတို့ ဟိုတယ်မှထွက်ခွာပြီး သတို့သမီးကို ကြိုကာ ရွာတစ်ပတ် လျှောက်မည်။ အိမ်သစ်က အလွန်နီးနေသောကြောင့် သတို့သမီးကို သယ်ရာ၌ မင်္ဂလာရက်ကို စောင့်ရလိမ့်မည်။
ချင်ယွီစွေက ဟိုတယ်ပြန်ရောက်ပြီးနောက် ပြတင်းပေါက်ရှေ့၌ အချိန်ကြာမြင့်စွာ ရပ်နေကာ သူ့ရင်ထဲ၌ ပျော်ရွှင်မှုနှင့် စိတ်ခံစားချက်မျိုးစုံ ပြည့်နေတော့သည်။
သူ၏ဇီဝနာရီက ပုံမှန်ဆို အတော်လေး တိကျသည်။ ထို့ကြောင့် ယခုအချိန်တွင် သူက ညနက်ချိန်အထိ အိပ်မပျော်ခဲ့ပေ။
ယွင်ယွီကလည်း ထူးမခြားနားပေ။ သူမကလည်း ရေချိုးပြီးနောက် အိပ်ရာဝင်ခဲ့၏။ ဝိဉာဉ်စမ်းရေထဲတွင်တောင် စိမ်ခဲ့သေးသည်။ သူမအသားအရည်က ပိုတောင်ဖြူဖွေး ပိုမိုနူးညံ့လာ၏။ သူမက တစ်ညလုံး အိပ်ရာပေါ်တွင် လူးလှိမ့်နေပြီးမှ အိပ်ပျော်သွားသည်။
နောက်တစ်နေ့ မနက်၅နာရီတွင် အိပ်ရာနိုးလာပြီးနောက် ယွင်ယွီသည် ၂နာရီကြာ ကျင့်ကြံခဲ့သည်။ မနက်စာစားပြီးနောက် ယွမ်မိသားစုခြံဝန်းက စည်ကားလာလေ၏။ အဖွားယွမ်နှင့် မိတ်ကပ်ပညာရှင်များက တံခါးဝသို့ ရောက်လာသည်။
သူမ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအားလုံး ရှိထားသည့် ကောင်းချီးပေးမည့်ဖွားဖွားသည် ယွင်ယွီ၏ဆံပင်ကို ၃ကြိမ်၃ခါ ဖြီးပေးပြီး မင်္ဂလာစကားများ ရွတ်ဆိုခဲ့သည်။ ပြီးနောက် မိတ်ကပ်ပညာရှင်က သူမအလှပြင်ရန်နှင့် ဝတ်စားပြင်ဆင်ရန် ကူညီပေးခဲ့၏။
ယွင်ယွီက မင်္ဂလာဝတ်စုံ လဲလိုက်ပြီးနောက် သတို့သမီးခြုံပဝါကို ဆင်မြန်းလိုက်သည်။ မိတ်ကပ်ပညာရှင်ကိုလည်း ချင်ယွီစွေက မြို့တော်မှ ဖိတ်ထားတာဖြစ်၏။ သူမက အလွန်တော်သည့် ပညာရှင်တစ်ယောက်ဖြစ်ပြီး အသက်က၃၀ခန့်ရှိသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
ယွင်ယွီ၏ မင်္ဂလာဝတ်စုံဝတ်ထားသည်ကို မြင်ချိန်၌ သူမမှင်သက်သွားသည်။ ဖျော်ဖြေရေးနယ်ပယ်တွင် သူမအလှတရားကို ယှဉ်နိုင်သည့်သူ မရှိ။
115 05
မိတ်ကပ်လိမ်းချိန်တွင် မိတ်ကပ်ပညာရှင်က သတို့သမီးတွင် ကောင်းမွန်သော အသားအရည်ရှိကြောင်း ရှာတွေ့သွား၏။ သူမသည် ဖောင်ဒေးရှင်းသုံးစေကာမူ ပြစ်မျိုးမှဲ့မထင် ဖြစ်နေလိမ့်မည်။ အဆုံးကျ သူမသည် ဖောင်ဒေးရှင်းမသုံးရန် ရည်ရွယ်လိုက်၏။ သို့သော် သူမသွင်ပြင်ကို သတို့သမီးတစ်ယောက်နှင့် တူသွားစေရန် ဆံပင်ကို မြင့်မြင့်ချည်လျက် မိတ်ကပ်ပါးပါးလိမ်းကာ နှုတ်ခမ်းနီပါးပါးဆိုးလျက် ဘီးနှင့်သရဖူ ဆင်မြန်းပေးလိုက်သည်။ မိတ်ကပ်ပညာရှင်က ရေရွတ်ပြလိုက်၏။
“သတို့သမီးက လှလိုက်တာ”
သူ မပြင်ပေးဖူးသမျှထဲတွင် အလှဆုံး သတို့သမီးမိတ်ကပ် ဖြစ်သည်။ သဘာဝအဆန်ဆုံး ဖြစ်သည်။ မိတ်ကပ်လိမ်းပြီးနောက် ဘီးနှင့်သရဖူးဆင်မြန်းကာ ခေါင်းကို အနီရောင်ပဝါဖြင့် အုပ်ထားလိုက်တော့သည်။ ယွမ်ယွိ၏ရှေ့၌ အနီရောင်တောက်တောက်သာ ရှိတော့သည်။ သူမသည် မင်္ဂလာချိန်ခါကို ငြိမ်သက်စွာ စောင့်နေလေ၏။
ယွမ်မိသားစုဝင်များက ယွင်ယွီကို တစ်ယောက်ပြီးတစ်ယောက် စကားလာပြောသည်။ ယခုအခါ ရိုးရာမင်္ဂလာပွဲဖြစ်သောကြောင့် သတို့သမီးကိုတွဲရန် သတို့သားအရံ သတို့သမီးအရံများ မရှိ။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်သက်နေသည်။
ယွမ်မိသားစုဝင်များက ဝမ်းမနည်းချေ။ မင်္ဂလာဆောင်ပြီးနောက် ယင်းစုံတွဲသည် သူတို့အိမ်ဘေး၌ နေမှာပဲဖြစ်၏။ ထို့ကြောင့် တစ်ယောက်မျက်နှာတစ်ယောက် နေ့စဉ်တွေ့ရမည် ဖြစ်သောကြောင့် စိုးရိမ်ပူပန်စရာမရှိ။ သူတို့စကားပြောပြီးချိန်၌ နေ့လည်ရောက်သွားပြီဖြစ်ကာ အပြင်ဘက်ရှိနေရာက ဂုဏ်ပြုရန် ရောက်လာသည့် ဧည့်သည်များဖြင့် တဖြည်းဖြည်း စည်ကားနေပြီဖြစ်သည်။
နောက်နာရီဝက်ခန့်ကြာပြီးနောက် အောင်သွယ်တော်၏ ကျယ်လောင်သည့် ရွှင်ပြသောအသံက အပြင်ဘက်မှ ပေါ်ထွက်လာ၏။
“သတို့သားက သတို့သမီးကို လက်ထပ်ဖို့ ရောက်လာပါပြီ”
ယွင်ယွီက အိပ်ရာပေါ်တွင် ထိုင်နေကာ နှလုံးခုန်နှုန်း မြန်လာလေ၏။ သူမက စိုးရိမ်ပူပန်လွန်းသောကြောင့် အနည်းငယ် မူးဝေလာသည်။
သူမ တံခါးဖွင့်သံ ကြားလိုက်ရပြီး ခြေသံမှန်မှန်ကို ကြားလိုက်ရကာ သူမရှေ့တွင်ရပ်နေသည့် အနီရောင်ဖိနပ်တစ်ရံကို တွေ့လိုက်ရသည်။
“သခင်မလေး ကိုယ် မင်းကို ခေါ်ဖို့ရောက်လာပြီ”
ယွင်ယွီက ခေါင်းထဲ၌ မီးရှူးမီးပန်းများ ပေါက်ကွဲသလို ခံစားလိုက်ရသည်။ သူမငိုချင်လာသော်ငြား တိတ်တဆိတ် တွေးလိုက်မိသည်။ ဖခမည်းတော်၊ မယ်တော်၊ အကိုတော်တွေ သမီးလက်ထပ်ပြီး ကြင်ယာတော်တစ်ယောက် ရှိနေပြီ။ ဒီဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေမှာပါ။
ချင်ယွီစွေက ခါးအနည်းငယ် ညွှတ်လျက် ဤလူကို မင်္ဂလာဝေါယာဉ်ဆီ သယ်သွားပေး၏။
အောင်သွယ်တော်က အော်လိုက်သည်။
“သတိုးသမီးဝေါယောဉ် ထွက်ပါမယ်”
အိမ်သစ်က နီးလွန်းသဖြင့် မင်္ဂလာဝေါယာဉ်က ရွာထဲ၌ တစ်ပတ်ပတ်ခဲ့သည်။ အောင်သွယ်တော်က လမ်းတစ်လျှောက် မင်္ဂလာသကြားလုံးများ ကြဲခဲ့ကာ ရွာထဲရှိကလေးများက ကောက်ယူပြီးစားသောက်ကြကာ ပြုံးရွှင်နေလျက် ဂုဏ်ပြုစကား ပြောကြသည်။
သူတို့အားလုံး တက်ကြွနေ၏။ မင်္ဂလာအချိန်ရောက်သည့်အချိန်တွင်ဝေါယာဉ်ကို သတို့သမီးအိပ်ခန်းရှိရာ ခန်းမဆီသို့ သယ်သွားသည်။ ကြင်စဦးအခန်းကို အစကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ရိုးရာအတိုင်း ပြင်ဆင်ပြီးနောက် ယွင်ယွီက ကိုယ်ဝန် လွယ်ထားရကာ တစ်လမ်းလုံး အသယ်ခံထားရ၏။ ချင်ယွီစွေက သူမကို အိပ်ခန်းထဲသို့ ခေါ်သွားပေးပြီး အောင်သွယ်တော်ကမူ သတို့သမီးကို ခန်းမရှေ့ရှိ မီးဇလုံရှေ့သို့ ခေါ်သွားခိုင်းလိုက်၏။ မိုးနှင့်မြေကို ကန်တော့ကာ မိဘများကို ကန်တော့ရမည့် နေရာဖြစ်သည်။ မောင်နှံသည် တစ်ယောက်နှင့်တစ်ယောက် ကန်တော့ပြီး အရိုအသေပေးပြီးနောက် သတို့သားက သတို့သမီးကို မင်္ဂလာဦးအခန်းထဲ ခေါ်သွားကာ အပြင်ဘက်ရှိဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
အိမ်သစ်က လှပစွာပြင်ဆင်ထားပြီး အနီရောင်မင်္ဂလာစကားလုံးများကို နံရံပေါ်၌ ကပ်ထားပြီး ပြတင်းပေါက်များတွင်လည်း ရှိနေကာ အောက်တွင် မြေပဲ၊ ကွေ့ဟွား၊ စွံပလွံ စသည်တို့ကဲ့သို့ သစ်သီးခြောက်များရှိနေသည်။ အနီရောင်ဂွမ်းစောင်လည်း ရှိသည်။
ယွင်ယွီ၏ စိုးရိမ်ပူပန်နေသောနှလုံးသားက ရုတ်တရက် တည်ငြိမ်သွားလေ၏။
******