← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

116 01

အပိုင်း 116

မင်္ဂလာဦးခန်းက တိတ်ဆိတ်နေပြီး တံခါးသည် အပြင်ဘက်မှ ဆူညံသံများကို ပိတ်ဆို့ပေးထား၏။ ယွင်ယွီက အိပ်ရာပေါ်တွင် ထိုင်နေလျှက် သတို့သမီးခြုံလွှာ ဖယ်ရှားခံရတာကို ငြိမ်သက်စွာ စောင့်နေသည်။

ချင်ယွီစွေက သတို့သမီးရှေ့၌ ငြိမ်သက်စွာ ရပ်နေပြီး ခဏတစ်ဖြုတ် အသက်အောင့်ထားမိလေ၏။ သူသည် သူ့ဘေးရှိ စားပွဲပေါ်မှ ကျောက်စိမ်းယူရီကို ဆွဲယူလျှက် အနည်းငယ် မြှောက်ကာ သတို့သမီးခေါင်းပေါ်ရှိ အနီရောင်ပုဝါကို ဖယ်ရန်အတွက် ကျောက်စိမ်းယူရီကို သုံးလျှက် ရေထဲမှ ပေါ်ထွက်လာသည့် ကြာပွင့်တစ်ပွင့်ပမာ လှပသည့် မျက်နှာကို ဖော်ထုတ်လိုက်သည်။ သူ၏ နှလုံးခုန်နှုန်း မြန်နေလေ၏။

ယွင်ယွီသည် ပုဝါ ဖယ်ရှားခံရတာကို ခံစားမိပြီး ချင်ယွီစွေက မှီနေလျှက် သူမကို ကြည့်နေတာ တွေ့လိုက်ရသည်။ သူက မင်္ဂလာဝတ်စုံ ဝတ်ထားပြီး အနီရောင်တောက်တောက် ဖြစ်၏။ ဆံပင်တိုတို ဖြစ်နေသော်ငြား သူက အင်မတန် ချောမောခန့်ညား နေသေးသည်။

သူက သူမကို အာရုံစူးစိုက်မူအပြည့်နှင့် နူးညံ့စွာ ကြည့်နေလေ၏။

ယွင်ယွီသည် ပျားရည်ထဲ ရောက်နေသည့်ပမာ ချိုမြိန်မူကို ခံစားလိုက်ရသည်။ သူက ညင်သာစွာ ခေါ်လိုက်လေ၏။

“ယောက်ျား”

တရုတ်ရိုးရာ မင်္ဂလာပွဲဟု ဆိုသောကြောင့် သူ့ကို ယောက်ျားဟု ဦးစွာ ခေါ်မှသာ ကောင်းကင်ဘုံရှိ သူ၏ဖခမည်းတော်နှင့် မယ်တော်တို့၏ ဝိညာဉ်ကလည်း ယောက်ျားဟုသော ခေါ်သံကို ကြားနိုင်လိမ့်မည်။

“အင်း”

ချင်ယွီစွေ၏ အကြည့်တို့က သူမပါးပေါ် ရောက်သွား၏။ သူ ဒူးတစ်ဝက်ထောက်ထိုင်လျှက် သူမလက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ သူမနား ကပ်လိုက်သည်။ သင်းပျံ့သော ရနံက သူ၏နှာခေါင်းဝဆီ ကျဉ်စယ်လာလေ၏။ သူမခန္ဓာကိုယ်၏ သဘာဝ သင်းရနံ့ မဟုတ်သော်ငြား ပါးနီဆိုးဆေး၏ အနံ့ပဲ ဖြစ်သည်။ သူမ ပါးနီ လိမ်းတာ ရှား၏။ ယနေ့တွင် သူမက မင်္ဂလာပွဲအတွက် ဝတ်စား ပြင်ဆင်ထားသည်။ သူက သူမ၏ နူးညံ့သော နှုတ်ခမ်းကို ကိုင်ကာ ညင်သာစွာ နမ်းလိုက်လေ၏။

နှစ်ယောက်သား အချိန်အတော်ကြာ နမ်းရှိုက်နေစဉ် ယွင်ယွီ၏ နားရွက်က ပန်းနုရောင်သန်းလာတော့သည်။ ချင်ယွီစွေက အက်ကွဲသော အသံဖြင့် ပြောလိုက်၏။

“မင်္ဂလာသေရည် သောက်ကြရအောင်။ ပြီးရင် ဧည့်သည်တွေကို ဧည့်ခံရမယ်”

တရုတ်ရိုးရာ မင်္ဂလာပွဲဆိုသော်ငြား ရှေးမင်္ဂလာပွဲအတိုင်း မလိုက်နာပေ။ ရှေးယခင်ကာလ၌ မင်္ဂလာသေရည်ကို သောက်သုံးပြီးရင် သတို့သမီးက မင်္ဂလာဦးအိပ်ခန်းထဲတွင် သတို့သား ပြန်အလာကို စောင့်နေရမှာပဲ ဖြစ်သည်။ ယခု မလိုအပ်ပေ။ ယွင်ယွီက တစ်နေ့လုံး မစားသောက်ရသေးသောကြောင့် ဗိုက်ဆာနေလိမ့်မည်။

နှစ်ယောက်သားက မင်္ဂလာသေရည်ကို သောက်သုံးပြီးနောက် ယွင်ယွီ၏ခွက်ကိုမူ အချိုရည် အစားထိုးထားလေ၏။

သူမခေါင်းပေါ်ရှိ ဖီးနစ်သရဖူ ဖယ်လိုက်သည်။ ယင်းက လေးလံလွန်းပြီး မင်္ဂလာပွဲကာလအတွင်း နေ့ဝက်ခန့်သာ ဝတ်ထားနိုင်၏။ ယခုမှ စကာ သူမသည် ၎င်းကို သိမ်းထားလျှက် မိသားစုအမွေအနှစ်အဖြစ် သိမ်းထားနိုင်သည်။ သူမက လိမ္မာယဉ်ကျေးသည့် ချစ်စဖွယ် သမီးလေးတစ်ယောက် မွေးဖို့ မျှော်လင့်မိသည်။

“သွားကြမယ်”

ချင်ယွီစွေက သူမလက်ကို ဆွဲလျှက် အောက်ထပ် ဆင်းလိုက်သည်။ ခြံဝန်း၌ မီးလုံးများ အလှဆင်ထားပြီး အလွန်တရာ လှပ၏။

ခြံဝန်းထဲတွင် စားပွဲ နှစ်ဆယ် ထည့်ဖို့ အလွန်ခက်ခဲသည်။ ထို့ကြောင့် ခြံဝန်းအတွင်းတွင် စားပွဲဆယ်လုံးထည့်ပြီး ခြံဝန်းအပြင်ဘက်၌ စားပွဲဆယ်လုံး ချထားလေသည်။

ည ၇ နာရီ ထိုးပြီ ဖြစ်သည်။ စားသောက်ပွဲ စတင်ပြီး လူတိုင်း စားသောက်နေလေ၏။

ချင်ယွီစွေက ပြောလိုက်သည်။

“သွားပြီး ကမ်းပေ့ လုပ်ရအောင်”

116 02

သတို့သမီးဘက်မှ လူကြီးများဆီမှ ကမ်းပေ့ စလုပ်လိုက်သည်။ အစတွင် မင်္ဂလာဦးမောင်နှံသည် ကမ်းပေ့လုပ်ချိန်၌ သတို့သားမိဘများ လိုက်ပါပေးရန် လိုအပ်သည်။ သို့သော် ချင်ကျွင်းလင်က မလာပေ။ ချင်မိသားစုမှ မည်သူမှ မလာ ချင်ချန်ချီသာလျှင် လက်ဆောင် ပို့ပေးလိုက်၏။ ယင်းက အတော်လေး ဈေးကြီးသည်။ စုံတွဲနာရီ ဖြစ်သည်။

ချင်ချန်ချီက ပေါ်မလာခဲ့ပေ။

ယွင်ယွီသည် ချင်မိသားစုမှ လူများ လာမလာကို ဂရုမစိုက်ပေ။

ယွင်မိသားစု၏ အကြီးအကဲများအတွက်ကမူ အဘွားယွင်နှင့် အမေယွင် တို့သာ ရှိသည်။ ဒုတိယဦးလေး၊ ဒေါ်လေးတို့က မင်္ဂလာပွဲကို သူတို့ မိသားစုဝင်များနှင့် တက်ရောက်လာ၏။

သူတို့ မနေ့က ရောက်လာသည်။ ဦးလေးယွင်နှင့် သူ့မိသားစုက ဦးလေး ယွင်မောက်ကျန်းအိမ်တွင် တည်းခိုနေပြီး ယနေ့ကျမှသာ စားသောက်ပွဲသို့ တက်ရောက်လာတာ ဖြစ်သည်။

ယွင်မိသားစုမှ ယွင်ရှန်းဟွေ့လည်း ရောက်လာ၏။ ယွင်ရှန်းဟွေ့သည် ယွင်ယွီ၏ ဒေါ်လေးဖြစ်ပြီး အဘွားယွင်၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။ ချန်းရွှေမြို့တွင် အိမ်ထောင်ကျခဲ့ပြီး ဟယ်ချင်းရွာသို့ ပြန်လာခဲ့သည်။ သူမခင်ပွန်းမျိုးရိုးက ယွမ် ဖြစ်ပြီး သူ့ခင်ပွန်းက ယွမ်ရှောင်ဟွေ့ ဖြစ်သည်။ သူတို့၏ တစ်ဦးတည်းသော သားအမည်က ယွမ်ယွင် ဖြစ်ကာ ယွမ်ရှောင်ဟွေ့နည်းတူ ယခုနှစ်တွင် စီနီယာ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်၏။

သူသည်လည်း ရောက်လာလေ၏။

ယွင်ယွီနှင့် ချင်ယွီစွေတို့က ယွင်မိသားစု၏ အကြီးအကဲများကို ဦးစွာ ကမ်းပေ့လုပ်လိုက်သည်။

“အဘွား၊ အမေ၊ ဦးလေး၊ ဒုတိယဦးလေး၊ ဒေါ်လေး ကမ်းပေ့ပါ”

သောက်ပြီးနောက် ယွင်မိသားစု၏ အကြီးအကဲများသည် ယွင်ယွီကို အင်မတန် ကြင်နာသော မျက်လုံးများဖြင့် ကြည့်နေသည်။ ယွင်မောက်လျန်မှအပ ယွင်မိသားစုထဲရှိ ကျန်သည့် ညီအစ်ကိုမောင်နှမများသည် အလွန် သဟဇာတဖြစ်ကာ ဆက်ဆံရေး ကောင်းကြသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မကြာခဏ ဆက်သွယ်တတ်ကြ၏။

ယွင်ရှန်းဟွေ့က ညင်သာစွာ ပြောလိုက်သည်။

“ယွီအာ ဂုဏ်ပြုပါတယ်။ သမီးနဲ့ ရှောင်ချင်တို့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ”

“ကျေးဇူးပါ ဒေါ်လေး”

ယွင်ယွီက တောက်ပစွာ ပြုံးလိုက်၏။

ယွင်မိသားစု၏ အကြီးအကဲများသည် ယွင်ယွီ၏ မင်္ဂလာပွဲကြောင့် ယွင်မောက်လျန်ကို မပြောခဲ့ကြပေ။

ယွင်မောက်လျန်နှင့် ယွင်မိသားစုတို့ ခွာပြဲတာကို မသိခဲ့သော်ငြား သူတို့သည် နီရွှယ်ကျောင်း၏ အကျင့်စရိုက်ကို သိသည်။ ယွင်မောက်လျန်က ယွင်ယွီ၏ မင်္ဂလာပွဲကို လာရဲပါက သူမ ပြဿနာရှာလောက်၏။ ထို့ကြောင့် သူတို့က လျို့ဝှက်ထားသည်။ မင်္ဂလာပွဲကြီး တစ်သက်မှာ တစ်ကြိမ်သာ ကျင်းပရသောကြောင့် မည်သူမှ မပျက်စီးစေချင်ပေ။ သူတို့က မှတ်ညာဏ်ကောင်းများသာ ချန်ရစ်ချင်၏။

ယွင်မိသားစု၏ အကြီးအကဲများကို လေးစားမူ ပြပြီးနောက် နောက်တစ်ပိုင်းက လုံမိသားစုပဲ ဖြစ်သည်။

လုံမိသားစုမှ လူက အတန်ငယ်များပေ၏။ ဗိုလ်ချုပ်လုံ၏ မျိုးဆက်မှ လူများအပြင် အကြီးအကဲများစွာ၏ သားစဉ်မြေးဆက်များလည်း ရောက်လာ၏။ ထို့ကြောင့် လူ လေးဆယ်၊ ငါးဆယ် ဝန်းကျင်ရှိသည်။

ယွင်ယွီက မှတ်သားနေစဉ် အနည်းငယ် မှင်သက်မိသွား၏။ သူမက ဗိုလ်ချုပ်လုံနှင့် လုံနျန်စီကိုတော့ မှတ်မိသည်။ လုံနျန်စီက ဗိုလ်ချုပ်လုံ၏ ညီမဖြစ်ကာ ရွှမ်းမန်ဂိုဏ်းသားတစ်ယောက် ဖြစ်၏။ သူမသည် လုံမိသားစု လူငယ်မျိုးဆက် လူများစွာကိုလည်း မှတ်မိသွားသည်။

လုံမိသားစုသည် ယနေ့မှ မြို့တော်ကနေ ဤနေရာသို့ ရောက်လာဖြစ်သည်။

ဗိုလ်ချုပ်လုံအဖို့ သူ၏မြေးချွေးမကို မြင်တွေ့ရတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူက ယွင်ယွီကို နှစ်ခေါက်ထက်မက ကြည့်ခဲ့ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။

116 03

“ယွီစွေနဲ့ သမီးရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပံ့ပိုးပေးဖို့ မျှော်လင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပံ့ပိုးပေးပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ အတူတကွ အိုမင်းသွားဖို့ မျှော်လင့်ပါတယ်”

ဗိုလ်ချုပ်လုံသည် ဤမိန်းကလေးကို မြင်မြင်ချင်း ချစ်ခင်မိ၏။ သူမက လှပသည်။ သူ၏မြေး လုံချီရှောင် ပြောသည့်အတိုင်းပင်။

သူ၌ မှန်ကန်ဖြောင့်မတ်သော နှလုံးသားနှင့် တောက်ပသော မျက်လုံးရှိသည်။ ကျန်သည့်သူများကဲ့သို့ ရှက်ရွံ့မနေပေ။ လုံမိသားစုမျိုးဆက်ဖြစ်ရန် ထိုက်တန်ပေသည်။

“ကျေးဇူးပါ အဘိုး”

ယွင်ယွီက ပြုံးလျှက် ပြောလိုက်သည်။

သူသည် လုံမိသားစု၏ အကြီးအကဲများနှင့် ကမ်းပေ့လုပ်ပြီးနောက် ဆွေမျိုးသားချင်း မိတ်ဆွေများ၊ ချင်ယွီစွေ၏ အသင်းသားများ၊ ယွင်ယွီ၏ မိတ်ဆွေများနှင့် ရင်းနှီးသူများကို ကမ်းပေ့လုပ်ပြီး ခြံဝန်းအတွင်းကနေ အပြင်ဆီသို့ တဖြည်းဖြည်းချင်း သွားလိုက်၏။

ဂုဏ်ပြုပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေတို့သည် စားပွဲတစ်လုံးရှာကာ သူတို့အစာအိမ်ကို ဖြည့်ရန် တစ်ခုခု ထိုင်စားလိုက်ကြသည်။

စားသောက်ပြီးနောက် လူတိုင်း ထွက်သွားတော့သည်။

ယနေ့က ကြင်စဦးမောင်နှံအတွက် မင်္ဂလာနေ့ ဖြစ်သည်။ သူတို့ကို ဘယ်သူမှ မနှောင့်ယှက်ပေ။ သူတို့ အိမ်သစ်၌ သူတို့ပဲ ရှိသည်။ လုံမိသားစုနှင့် ယွင်မိသားစုမှ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများအားလုံးသည် ယနေ့ည တည်းခိုရန် မြို့သို့ သွားကြပြီ ဖြစ်သည်။ အလုပ်ကိစ္စရှိသေးသည့်သူများသည် မနက်ဖြန် ပြန်နှင့်မည်ဖြစ်ကာ အလုပ်ကိစ္စမရှိသည့် သူများက မြို့၌ နှစ်ရက်ခန့် နေအုန်းမှာပဲ ဖြစ်သည်။ ဗိုလ်ချုပ်လုံကမူ ဤနေရာကို အလွန်နှစ်သက် သဘောကျ၏။ သူ ယနေ့ ဤနေရာသို့ ရောက်လာချိန်တွင် မြို့ဝင်ပေါက်ရှိ ပဲနွယ်ပင်ကို မြင်ပြီး ဤနေရာက ဖုန်းရွှေကောင်းဟု တွေးမိသွားသည်။ ထို့ကြောင့် သူ နှစ်ရက်၊ သုံးရက်ခန့် နေရန် ဆုံးဖြတ်လိုက်သည်။

ကြွရောက်လာသည့် ဧည့်သည်များအားလုံးနီးပါး ပြန်သွားသည်။ ယွင်မိသားစုကမူ ခြံဝန်းထဲရှိ စားပွဲများ၊ ကုလားထိုင်များကို ရှင်းပြီး အလုပ်များနေကာ ဟင်းကျန်များကိုလည်း ရှင်းလင်းလေ၏။

ချင်ယွီစွေက ယွင်ယွီကို ကိုယ်လက်ဆေးကြောရန် အပေါ်ထပ် သွားခိုင်းလိုက်သည်။ သူကမူ ခြံဝန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် ကိုယ်လက် သုတ်သင်ရန် အပေါ်ထပ် တက်လာပြီး အဝတ်အစား လဲလိုက်သည်။

မင်္ဂလာဦးအိပ်ခန်းထဲတွင် လူနှစ်ယောက်သာ ကျန်တော့သည်။ ယွင်ယွီက ရေချိုးပြီး ညအိပ်ဝတ်စုံ လဲထားပြီ ဖြစ်၏။ ဆယ်နာရီ ကျော်နေပြီ ဖြစ်သည်။ သူမ ဆိုဖာပေါ် မှီနေကာ ငိုက်ညည်းလာလေ၏။ ချင်ယွီစွေရောက်လာချိန်တွင် သူမက အိပ်ချင်မူးတူး မေးလိုက်တော့သည်။

“ချင်ယွီစွေ အောက်ထပ်မှာ လူရှိသေးလား။ ကျွန်မတို့ နားလို့ရပြီလား”

“အားလုံး ပြန်သွားကြပြီ”

ချင်ယွီစွေက ရောက်လာကာ ယွင်ယွီကို အခန်းထဲရှိ အိပ်ရာပေါ် သယ်လာပေးပြီး မေးလိုက်၏။

“အိပ်ချင်နေပြီလား။ အရင် သွားအိပ်တော့လေ”

ယွင်ယွီက တကယ် အိပ်ငိုက်နေပြီ ဖြစ်သည်။ ထို့ကြောင့် “အင်း” ဟုသာ ပြောလျှက် အိပ်ပျော်သွားလေ၏။

သူမက ကိုယ်ဝန် လွယ်ထားရသောကြောင့် အိပ်ငိုက်လွယ်သည်။ ထို့အပြင် မင်္ဂလာဦးအိပ်ရာထဲတွင် မင်္ဂလာဦးည ဖြတ်သန်းစရာ မလိုအပ်သောကြောင့် အိပ်ပျော်သွား၏။

သူမ ဇိမ်ရှိရှိ အိပ်ခဲ့ပြီး ချင်ယွီစွေကမူ အခန်းသန့်ရှင်းရေးလုပ်ပြီးနောက် အိပ်ရာဝင်လိုက်၏။ သူက အိပ်ခန်းမီးကို ပိတ်ကာ အိပ်ရာဘေးရှိ မီးအိမ်ကိုသာ ဖွင့်ထားခဲ့ပြီး ယွင်ယွီဘေး၌ ဝင်လှဲကာ သူမကို ညှင်သာစွာ ဖက်လိုက်လေသည်။ သူ၏ လှုပ်ရှားမူတိုင်းက နူးညံသိမ့်နေကာ သူမဗိုက်ကို ကာပေးထားသည်။ ယွင်ယွီက တစ်စုံတစ်ခု ရေရွတ်ပြောလျှက် လှည့်လာကာ သူနဲ့ မျက်နှာချင်းဆိုင် လာလေ၏။

ချင်ယွီစွေက သူမ၏ အိပ်နေသော မျက်နှာလေးကို ကြည့်ပြီး နဖူးကို နမ်းကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဂွတ်နိုက်ပါ”

116 04

ညလယ်ခေါင်တွင် ယွင်ယွီက အနည်းငယ် ပူလောင်လာပြီး သူမ အသက်ရှုနှုန်း မချောမွေ့တော့ပေ။ သူမပါးစပ် အနည်းငယ် ဟလိုက်ချိန်တွင် စိုစွတ်သော လျှာက သူမ၏ ခံတွင်းကို စူးစမ်းနေလေ၏။

သူမက ညည်းတွားလျှက် မျက်လုံးဖွင့်လိုက်သည်။ မီးရောင်မှိတ်မှိတ်အောက်တွင် ချင်ယွီစွေက သူမကို ကပ်မှီထားတာ တွေ့ရ၏။ သူက အလွန် ဂရုတစိုက် ရှိနေလျှက် သူမဗိုက်ကို မဖိရဲပေ။ နံရံတစ်ဖက်တစ်ချပ်ဆီ၌ ချင်ယွီစွေက လက်ထောက်ထား၏။ ပြီးနောက် သူမခြေထောက်နှစ်ဖက်ကြား ဒူးထောက်နေလျှက် ကုန်းနမ်းနေကာ ခံတွင်းကို စူးစမ်းနေပြီး ဂရုတစိုက် အရသာခံနေလေ၏။

သူ နမ်းရှိုက်တာ ခံရပြီးနောက် ယွင်ယွီ၏ ခန္ဓာကိုယ်သည် ချွေးများပြန်လာကာ အသက်ရှုမဝ ဖြစ်နေတော့သည်။ သူမက သူ့ပုခုံးကို ကိုင်ထားလိုက်သည်။ သူက အပေါ်ပိုင်း ဗလာကျင်းနေ၏။ အရေပြားက အလွန်နူးညံ့ကာ မကြမ်းရှပေ။ သူ၏ ကြွက်သားများက ကောင်းစွာ တည်ဆောက်ထားလျှက် ထိတွေ့ရတာ ကောင်းသည်။ ချင်ယွီစွေကမူ အနမ်းကို ပိုနက်ရှိုင်းသွားစေ၏။ သူ၏အနမ်းက ပူလောင်ကာ သိပ်သည်းနေသည်။

နောက်ဆုံးတွင် ယွင်ယွီက သည်းမခံနိုင်တော့ဘဲ သူ့ကို တွန်းထုတ်ကာ အော်ပြောလိုက်၏။

“မရဘူး”

သူမ အနည်းငယ် တုန်ယင်နေသော်ငြား သူမဗိုက်ထဲရှိ ကလေးကို မဆိုထားနှင့် သူက သူမကို နာကျင်အောင် မလုပ်မှန်း သိနေသည်။

ကံကောင်းသည့်မှာ သူက နမ်းနေရုံသာ ဖြစ်သည်။ ယွင်ယွီ၏ခန္ဓာကိုယ်သည် သူ၏အနမ်းကြောင့် စိုစွတ်သွားတော့သည်။

နောက်ဆုံး၌ အိပ်ပျော်သွားလေ၏။

သူမ တစ်ခေါက် နိုးလာချိန်တွင် သူမ ရွေ့နေကြောင်း သတိပြုမိသွားသည်။ ချင်ယွီစွေက သူမကို တင်းကြပ်စွာ ဖက်ထားလျှက် နှုတ်ခမ်းကို နမ်းလိုက်သည်။ နှစ်ယောက်သားက တစ်ညလုံး ချိုမှိန်စွာ အိပ်စက်ခဲ့လေ၏။ ယွင်ယွီက နောက်နေ့တွင် နောက်ကျမှ နိုးလာပြီး ယင်းက သူမအတွက် ပုံမှန် မဟုတ်။

သူမ ၇ နာရီ မထိုးခင်အထိ နိုးမလာပေ။ သူမက ခေါင်းအုံးကို မှီထားပြီး အနည်းငယ် မူးဝေနေ၏။

မနေ့တုန်းက သူ အနည်းငယ် ရွေ့လာလျှက် သူမကို နမ်းခဲ့သည်။ နှစ်ယောက်သား အကြိမ်မည်မျှ နမ်းရှိုက်ခဲ့မှန်း မသိ။ တစ်ယောက်ကို တစ်ယောက် ချိုမှိန်စေခဲ့သည်။ ယွင်ယွီသည် သူမရင်ထဲ နူးညံ့ချိုမှိန်မူကို ခံစားနေရ၏။ သူမ ဖိနပ်စီးကာ အောက်ထပ်ဆင်းသွားလိုက်သည်။

ချင်ယွီစွေက မနက်စာ ပြင်ဆင်ပြီး ဖြစ်ကာ နှစ်ယောက်သား ဆိုဖာပေါ်တွင် မနက်စာစားပြီး တီဗီကြည့်ကာ စကားပြောနေလေ၏။

သူတို့က ကြင်စဦးများ ဖြစ်သောကြောင့် ရက်တချို့ အနားယူရန် လိုအပ်သည်။

ချင်ယွီစွေက ပြောလိုက်၏။

“ကိုယ် ပြီးရင် လုံမိသားစုကို သွားတွေ့လိုက်မယ်”

လုံမိသားစုမှ လူများစွာ ယခုအခေါက် ရောက်လာခဲ့သည်။ ဗိုလ်ချုပ်လုံကမူ မနက်ခင်း၌ သူတို့ကို ပစ္စည်းတချို့ပေးရန် ပြင်ဆင်ထားပြီး ထို့ပစ္စည်းနှင့် မြေးနှစ်ယောက်၊ ဒုတိယအိမ်မှ ဝမ်ရင်တို့ ရက်အနည်းငယ်ကြာ တည်းခိုနေထိုင်မည်ဟု ပြောခဲ့သည်။ သူတို့နှစ်ယောက် မနက်ဖြန် မည်သည့်နေရာ သွားမည်ဆိုတာ ဆွေးနွေးနေခဲ့ကြ၏။

ကြင်စဦးမောင်နှံတို့သည် ပျားရည်စမ်းခရီး သွားသင့်သည်။ ယွင်ယွီကလည်း ယင်းကို တွေ့ကြုံချင်၏။ နောက်ဆုံး၌ သူတို့သည် ကျွန်းငယ်လေး တစ်ကျွန်းဆီ သွားကာ ကမ္ဘာလှည့်ခရီးသွား အနည်းအကျဉ်းရှိသည့် နေရာဆီသို့ သွားရန် ဆုံးဖြတ်လိုက်၏။ ကျွန်းပေါ်၌ တိုင်းရင်းသားမျိုးစုံ ရှိနေပြီး ရှုခင်းက အလွန်လှပကာ ရေက ကြည်လင်နေသည်။

နှစ်ယောက်သား ဆုံးဖြတ်ချက် ချပြီးနောက် လုံမိသားစုကို အရင်ဆုံး သွားတွေ့သည်။

လုံမိသားစုသည် ချန်းရွှေမြို့မှ မြို့တော်ဆီသို့ ရောက်လာပြီး သူတို့ကို ကြိုရန် ကားတစ်စီး ပြင်ဆင်ပေးထားသည်။ ထို့ကြောင့် သူတို့ သွားတွေ့လိုက်ရုံသာ ဖြစ်သည်။

လုံမိသားစုကို ပို့ပေးပြီးနောက် သူတို့သည် ဗိုလ်ချုပ်လုံနှင့် လုံနျန်စီ ကျန်သည့်သူများကို ဟယ်ချင်းရွာဆီ ခေါ်လာသည်။ အိမ်သစ်၌ အခန်းများစွာ ရှိနေသောကြောင့် သူတို့အထဲ၌ နေနိုင်သည်။

116 05

တကယ်တော့ လက်မထပ်ခင် ယွင်ယွီသည် ယွင်မိသားစုနှင့် ဆွေးနွေးထားပြီးသားဖြစ်၏။ သူတို့သည် အိမ်သစ်သို့ ပြောင်းသင့်သည့် အဘွားယွင်နှင့် အမေယွင်တို့က ပြောင်းလိုစိတ် မရှိ။ သူတို့ အိမ်ဟောင်းကို သံယောဇဉ်တွယ်နေပြီဖြစ်ကာ မရွေ့ပြောင်းချင်ဟု ဆိုခဲ့သည်။ ယွင်ယွီသည်လည်း ရွေးချယ်စရာ မရှိတော့ပဲ ယွင်မိသားစုအတွက် အခန်းသာ ဖယ်ပေးခဲ့လိုက်သည်။

ဗိုလ်ချုပ်လုံက ဟယ်ချင်းရွာကို အလွန်နှစ်သက်ပြီး ဤနေရာအထိ ရွေ့ပြောင်းလာ၏။

ညနေခင်းတွင် အဘွားယွင်နှင့် အမေယွင်တို့က ချက်ပြုတ်ရန် ကူညီပေးသည်။ မင်္ဂလာပွဲနှင့် မတူဘဲ အစားအသောက်များအားလုံးက အိမ်တွင် ရနိုင်သည့် ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားတာ ဖြစ်ပြီး စားပွဲ၌ အိမ်ချက်ဟင်းလျာများ ပြည့်နေသည်။

ဗိုလ်ချုပ်လုံသည် အစားအသောက်ကို ထပ်တလဲလဲ ချီးကျူးခဲ့ကာ မနေ့တုန်းက မင်္ဂလာပွဲရှိ အစားအသောက်ထက် ပိုကောင်းကြောင်း ပြောခဲ့သည်။

မင်္ဂလာပွဲအတွက် ပါဝင်ပစ္စည်းများကို ပြင်ပမှ ဝယ်လာဖြစ်ပြီး အားလုံးက ဝိညာဉ်စွမ်းရည်ကို အသုံးပြုပြီး အိမ်တွင် စိုက်ပျိုးထားသည့် သစ်သီးဝလံများလောက် မကောင်းမွန်ပေ။

ဗိုလ်ချုပ်လုံနှင့် လုံနျန်စီတို့သည် ဟယ်ချင်းရွာ၌ နှစ်ရက်ခန့် နေပြီးနောက် ထွက်ခွာရမှာ တွန့်ဆုတ်နေ၏။ ဤနေရာက ရှုခင်းလှပြီး ဇိမ်ကျကျ နေနိုင်ကာ ကောင်းကောင်း အိပ်စက်နိုင်သည်။ နှစ်ရက်ကြာပြီးနောက် သူတို့အားအင် ပြည့်ဖြိုးလာလေသည်။ သို့သော်ငြား ဗိုလ်ချုပ်လုံသည် သူ၏မြေးနှင့် အချိန်ကြာမြှင့်စွာ မနေချင်ပေ။ သူ၏မြေးချွေးမက မကြာမှီ၌ လယ်တောအိမ် ဖွင့်တော့မည်အကြောင်း သိလိုက်ရချိန်တွင် သူအလွန် ပျော်ရွှင်သွား၏။ ငွေကြေး မလုံလောက်ပါက ကူညီပေးမည်ဖြစ်ကြောင်းနှင့် နောက်ကျ သူ့အတွက် အခန်းတစ်ခန်း ချန်ထားပေးရုံသာ လိုကြောင်း ပြောခဲ့သည်။

ယွင်ယွီက ပြုံးလျှက် ပြောလိုက်သည်။

“အဘိုးကို ဘယ်လိုလုပ် ပိုက်ဆံ တောင်းနိုင်မှာလဲ။ စိတ်မပူပါနဲ့ ပိုက်ဆံမလောက်ရင်လည်း ချင်ယွီစွေကို နောက်မှ လယ်တောအိမ် တည်ဆောက်ပြီးတာနဲ့ အဘိုးအတွက် ခြံဝန်းလေးတစ်ခု သေချာပေါက် ချန်ထားပေးမယ်”

ဪ သူက လူတွေကိုတောင် ချော့နိုင်တာပဲ။ သူက ဗိုလ်ချုပ်လုံကို အလွန် ပျော်ရွှင်စေခဲ့သော သွားများ ပေါ်နေတော့သည်။

ဗိုလ်ချုပ်လုံသည် ဤနေရာ၌ နှစ်ရက်တာ နေထိုင်ပြီးနောက် ယွင်မိသားစုကို အလွန်နှစ်သက်နေ၏။ မိသားစုနောက်ခံကို ကန့်ကွက်ခြင်း မရှိပေ။ သူက သဘောကျသည့်အရာများကို ကာကွယ်ရုံသာ ဖြစ်သည်။ ချင်မိသားစုမှ အဘိုးအိုသည် နောင်ကျ ပြဿနာ ရှာရဲပါက သူ ဘယ်တော့မှ သည်းခံမှာ မဟုတ်။

ဗိုလ်ချုပ်လုံက နှစ်ရက်နေပြီးနောက် ဆက်နေချင်သေးသည်။ လုံမိသားစု၏ မိသားစုဝင်လေးများနှင့် ထွက်ခွာလာသည်။

လုံမိသားစု ထွက်သွားပြီးနောက် ချင်ယွီစွေနှင့် ယွင်ယွီတို့သည် နောက်ရက်၌ ပျားရည်စမ်းခရီး ထွက်သွားတော့သည်။

၇ ရက်လုံး သူမ၏အရိပ်အယောင်ကို မတွေ့ရပေ။ စုန့်ချင်းမင်နှင့် ယွိရှောင်ရှောင်တို့က သူမကို ခေါ်ခဲ့သော်ငြား တုံ့ပြန်မှု မရှိ။ ယွိရှောင်ရှောင်က ချဉ်တူးစွာ ပြောလိုက်လေ၏။

“ရှောင်ယွီအာက ပျော်လွန်းနေတာကြောင့် ထပ်တောင် မသွားချင်တော့ဘူး။ သူက ဒီလောက် ပျော်နေတာ ဖုန်းတောင် မကြည့်ဘူး”

စုန့်ချင်းမင်က ရယ်မောလိုက်လေ၏။

“ရှောင်ရှောင် မင်းလည်း လက်ထပ်ဖို့ ယောင်္ကျားတစ်ယောက် ရှာပါလား”

ယွိရှောင်ရှောင်က ပြောလိုက်၏။

“သွားစမ်းပါ။ ငါ ပျော်လို့ မဝသေးဘူး”

ယွင်ယွီနှင့် ချင်ယွီစွေသည် ကျွန်း၌ ၇ ရက်ကြာနေခဲ့သည်။ ကျွန်းငယ်လေးက ကောင်းကင်ပြာနှင့် တိမ်ဆိုင်ဖြူဖြူတို့ကြား ရှိ၏။ ပင်လယ်ရေက ပြာလဲ့နေကာ ကြည်လင်နေ၏။ ကမ်း‌ခြေ၌ သဲများလှဲနေကာ လှပသည့် ကျောက်ခဲများ ရှိသည်။ ကမ်းစပ်၌ စိမ်းစိုမြှင့်မားသည့် အုန်းပင်များစွာ ပေါက်နေတော့သည်။

ကမ်းစပ်၌ တည်းခိုဆောင်ကို တည်ဆောက်ထားပြီး အထဲ၌ အလွန် ဇိမ်ကျစွာ အနားယူနိုင်သည့် တဲအိမ်ငယ်လေးများစွာ ရှိသည်။

116 06

ကမ်းခြေ၌ နှစ်သက်ရာ ပင်လယ်စာကို ရွေးချယ်ပြီး အခန်းထဲတွင် ချက်ပြုတ်စားသောက်နိုင်သည်။ ထို့ကြောင့် ချင်ယွီစွေက သူမအတွက် ပင်လယ်စာ မျိုးစုံ ချက်ပေးသည်။

ပင်လယ်စာများက လတ်ဆတ်ကာ အရသာရှိလွန်းသဖြင့် ယွင်ယွီသည် ထွက်သွားရမှာ တွန့်ဆုတ်နေမိသည်။

ပျားရည်စမ်းခရီးကာလအတွင်း သူမ ဘာမှ မလုပ်ခဲ့ပေ။ သူတို့ဖုန်းချထားပြီး မနက်ခင်း၌ စောစောထကာ မနက်စာစားပြီးနောက် ကမ်းခြေတွင် ခြေဗလာဖြင့် လမ်းလျှောက်ပြီး နူးညံ့သော သဲကို ဖြတ်နှင်းကာ နေပူစာ လုံကြလေ၏။ သူတို့က ပျင်းရိနေကြသည်။

ညနေ၌ ညစာစားပြီးနောက် ချင်ယွီစွေက သူမလက်ကိုင်ထားလျှက် နူးညံ့သော ဆိုဖာပေါ်တွင် မှီထိုင်ကာ စာဖတ်ပြီး စကားပြောကြသည်။

၇ ရက်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီးနောက် သူတို့ ဟယ်ချင်းရွာသို့ ပြန်လာလေ၏။

ဟယ်ချင်းရွာသို့ ပြန်လာပြီးနောက် ယွင်ယွီသည် ကိုယ်လက်ဆေးကြောကာ အိပ်ရာပေါ်တွင် လှဲလျှက် နူးညံ့သည့် ဂွမ်းစောင်ကို ဖက်ထားကာ သူမခေါင်းကို ပွတ်လိုက်လေ၏။

“အိမ်မှာ ဇိမ်ကျနေသေးတာပဲ”

သူမ ခရီး၌ အလွန်ပျော်ခဲ့သော်ငြား အိမ်ရောက်လာချိန်တွင် ပိုစိတ်အေးသွားသည်။

သူတို့ အိမ်ပြန်ရောက်ချိန်၌ နေ့လည်ရောက်နေပြီ ဖြစ်သည်။ ယွင်အိမ်၌ မည်သူမှ မရှိပေ။ သူတို့ ဘန်းမုန့်ဆိုင်တွင် ရှိလောက်၏။ ချင်ယွီစွေကမှု သူမ ဖိနပ်ချွတ်ပေးရန် ကူညီပေးလိုက်၏။ သူက မေးလိုက်သည်။

“တရေးအိပ်လိုက်အုန်းလေ။ နေ့လည်စာ ဘာစားချင်လဲ ချက်ပေးမယ်”

ယွင်ယွီက ထိုင်လျှက် သူ၏ ခါးကို ဖက်ကာ ကလုတူတူ ပြောလိုက်သည်။

“ခေါက်ဆွဲချဉ်စပ် စားချင်တယ်”

ကျွန်းပေါ်တွင် စားခဲ့သည့် ပင်လယ်စာများက တော်တော်လေး ပေါ့၏။ ထို့ကြောင့် ပြန်လာချိန်တွင် အရသာပြင်းပြင်း စားချင်သည်။

“ကောင်းပြီ။ အရင် အနားယူနှင့်။ မင်းအတွက် ခေါက်ဆွဲ လုပ်ပေးမယ်”

ချင်ယွီစွေက ဒူးတစ်ဝက်ထောက်ထိုင်လျှက် သူမပါးကို ကိုင်ထားကာ နမ်းပြီးနောက် နေ့လည်စာပြင်ရန် အောက်ထပ်ဆင်းလိုက်သည်။

ယွင်ယွီသည် လဲပြီးသည့်နှင့် အိပ်ပျော်သွားတော့သည်။ နာရီဝက်ခန့်ကြာပြီးနောက် ချင်ယွီစွေ တက်လာပြီး သူမကို နိုးလိုက်၏။

“ယွီအာ မင်းနဲ့ တွေ့ဖို့ လူတစ်ယောက် ရောက်လာတယ်”

“ဘယ်သူလဲ”

ယွင်ယွီက ထထိုင်လျှက် မျက်လုံးများကို ပွတ်သပ်လိုက်သည်။

ချင်ယွီစွေက သူမကို ထွေးဖွေ့ထားပြီး နှုတ်ခမ်းထောင့်ကို နမ်းလိုက်၏။

“ရွာက လာရှာနေတာ။ တစ်ချက်လောက် သွားကြည့်ချင်လား”

အပေါ်ထပ်က အသံပိုလုံ၏။ အပြင်ဘက်တွင် ထို့လူက ကြိမ်ဖန်များစွာ အော်နေသော်ငြား ယွင်ယွီက မကြားခဲ့ပေ။ ချင်ယွီစွေက ထွက်လာပြီး လာပြောရတာပဲ ဖြစ်သည်။

ယွင်ယွီက အသိစိတ်ကပ်လာလျှက် ပြောလိုက်သည်။

“ကျွန်မ တစ်ချက် ဆင်းကြည့်လိုက်မယ်”

သူမသည် ဖုန်းရွှေအလုပ် မလုပ်တာ ရက် ၂၀ ကျော်ကြာသွားပြီ ဖြစ်၏။ သို့သော် သူမ ယခုအချိန်တွင် လက်ထပ်ပြီးပြီ ဖြစ်သောကြောင့် ကျန်သည့်သူများကို ပိုကူညီပေးနိုင်မည် ဖြစ်သည်။

ချင်ယွီစွေ၏ ရင်ခွင်ထဲမှ ရုန်းထွက်လာပြီးနောက် မျက်နှာသစ်ရန် ရေချိုးခန်းသို့ သွားကာ ဖိနပ်စီးပြီး အောက်ထပ်ဆင်းလာသည်။

116 07

ချင်ယွီစွေသည် သူမနောက်ပြီး ဧည့်ခန်းထဲ ဆင်းလာ၏။ ဧည့်ခန်းထဲတွင် ရပ်နေသော လူက စိတ်မသက်မသာ ဖြစ်နေကာ မထိုင်ရဲချေ။ သူက ယွင်ယွီကို မြင်သောအခါ အမြန် ဦးညွှတ်လျှက် ပြောလိုက်သည်။

“မင်္ဂလာပါ။ ဆရာသခင်ယွင်”

သူသည် အသက် ၄၀ အရွယ်ခန့်ရှိသည့် ရွာသားတစ်ယောက်ဖြစ်ကာ အရပ်ပုပု၊ သန်သန်မာမာ၊ မည်းမည်းကျုံ့ကျုံ့ဖြစ်သည်။ ယွင်ယွီက သူ့ကို မသိပေ။ သို့သော်ငြား သူ၏နဖူးပေါ်ရှိ ပြင်းထန်သည့် မကောင်းဆိုးဝါးဝိညာဉ်ကို တွေ့လိုက်ရ၏။ သန်မာလွန်းသဖြင့် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ ဤလူက ရက်ပိုင်းအတွင်း သေလိမ့်မည်။

ဟယ်ချင်းရွာက သာယာပြီး လူဉီးရေ တစ်သောင်းကျော်ရှိ၏။ သူမအဖို့ သူတို့အားလုံးကို သိရန် မဖြစ်နိုင်ပေ။

ယွင်ယွီက မေးလိုက်လေ၏။

“ရှင်က ဟယ်ချင်းရွာကလား။ အိမ်မှာ တစ်ခုခု ဖြစ်တာလား။ ရှင့်မျက်နှာက ကြည့်မကောင်းဘူး။ လက်တလော ရှင့်မိသားစုထဲမှာ တစ်ယောက်ယောက် သေသွားလား။ ရှင့်နဖူးက မည်းနက်နေတယ်။ ရက်ပိုင်းအတွင်း မကောင်းတာ ဖြစ်တော့မယ်”

ထိုလူသည် ချက်ချင်းပင် မျက်ရည် ပိုးပိုးပေါက်ပေါက်ကျလာပြီး မြေပြင်ပေါ် စွေ့ကနဲ ဒူးထောက်လိုက်၏။

“ဆရာသခင် ကျေးဇူးပြုပြီး ကျွန်တော်တို့ မိသားစုကို ကယ်ပါ”

ယွင်ယွီသည် သူက ဆုတ်ယုတ်မူများ လုပ်ခဲ့သည့် မျက်နှာ မရှိကြောင်း မြင်နိုင်၏။ သို့သော် သူက သာမန် လူတစ်ယောက်မျှသာ ဖြစ်သည်။ ထို့ကြောင့် သူက ပြောလိုက်၏။

“ထပြီး ပြောပါ”

******

All Chapters