← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

117 01

အပိုင်း 117

ထိုအမျိုးသားက ထရပ်လျှက် သူ၏အင်္ကျီလက်ဖြင့် သူ၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ကာ ယွင်ယွီကို ဖြစ်ကြောင်းကုန်စင် ပြောြပလေ၏။

အမျိုးသား၏အမည်က ကျိုးရှောင်ရီ ဖြစ်ပြီး သူ့မိသားစုက နင်ကျိုးကျေးရွာတွင် နေထိုင်ကြသည်။ နင်ကျိုးကျေးရွာက ဟယ်ချင်းကျေးရွာအောက်ရှိ ကျေးရွာဖြစ်သည်။ သူမ ငှားရမ်းထားသည့် တောင်ထိပ်က ထိုကျေးရွာနှင့် ဆက်နွယ်နေပေ၏။ ချန်ကျယ်၏ ဝိညာဉ်ပျောက်သွားသည့် ကလေးကလည်း နင်ကျိုးကျေးရွာမှ ဖြစ်သည်။ ထိုသရဲမလေး ဝမ်ကျစ်ရှင်းကလည်း ထိုကျေးရွာမှ ဖြစ်၏။

ကျိုးရှောင်ရီ၏ မိသားစု၌ လူ ဆယ်ယောက်ကျော်ရှိပြီး သူ၏မိဘများ၊ ကလေးများနှင့် ဇနီးအပါအဝင် ဖြစ်သည်။ သူ့မိဘများ သက်ရှိထင်ရှား ရှိနေသေးသောကြောင့် သူသည် သူ့မိဘများပေးထားသည့် ပိုက်ဆံဖြင့် သုံးထပ်အိမ်ဆောက်ကာ မိသားစုလေးစု နေထိုင်ကြလေသည်။ သူတို့မိသားစုဆက်ဆံရေးက အတော်လေး ကောင်းမွန်၏။ သမီးယောက်မများက သဟဇာတရှိကြပြီး ပြဿနာကြီးကြီးမားမား မရှိပေ။ သုံးထပ်အိမ်ကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူ၏ဖခင် ပေးခဲ့သည့် ပိုက်ဆံဖြင့် တည်ဆောက်ထားတာ ဖြစ်သည်။ ထိုစဉ်က သူ့ဖခင်သည် ကန်ထရိုက်တာတစ်ယောက်ဖြစ်ပြီး ပိုက်ဆံရှာနိုင်သောအခါ ဤသုံးထပ်တိုက်အိမ် ဆောက်ရန် ပြန်လာခဲ့သည်။

ကျိုးမိသားစုက အဆောက်အအုံငယ်လေးတွင် နေ၏။ ထိုစဉ်က ထိုအဆောက်အအုံသည် နင်ကျိုးကျေးရွာ၌ အကောင်းဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်ခဲ့ပြီး ရွာသူရွာသားများက အားကျခဲ့ကြသည်။

ကျိုးရှောင်ရီ၏ဖခင် မတော်တဆဖြစ်သွားသည်မှာ လွတ်လပ်ရေးအစောပိုင်းနှစ်များက ငြိမ်းချမ်းခဲ့သည်။ မိသားစုအိမ် တည်ဆောက်ပြီးနောက် ကန်ထရိုက်တာအဖြစ် ဆက်လက်လုပ်ဆောင်ပြီး နှစ်နှစ်အတွင်း ပိုက်ဆံအချို့ ရှာနိုင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်ပွားခဲ့ကာ ခြေထောက်တစ်ဖက် ကျိုးသွားသည်။ ထိုနှစ်နှစ်အတွင်း ရှာခဲ့သမျှ ပိုက်ဆံအားလုံး သူ့ခြေထောက်ကုသရန် ဆေးကုသစရိတ်အတွက် ဆေးရုံကို ပေးလိုက်ရသည်။ သို့သော်ငြား ခြေထောက်က ပြန်မကောင်းတော့ပေ။ ထိုကိစ္စပြီးနောက် ကျိုးမိသားစု စတင်ကျဆင်းလာသည်။

ကျိုးရှောင်ရီသည် အပြင်ဘက်၌ ပိုက်ဆံများများ မရှာနိုင်ပေ။ သူ့ကလေးများ၏ အသုံးစရိတ်ကို ပံ့ပိုးပေးနိုင်ဖို့သာ လုံလောက်ပေ၏။

နှစ်နှစ်ခန့်ကြာပြီးနောက် ခြေထောက် ကျိုးသွားသည်။ ကျိုးရှောင်ရီ၏ ခြေထောက်ကျိုးသွားသောဖခင်သည် ဆွေမျိုးသားချင်းများနှင့် မြို့ပတ်ကားစီးလျှက် မင်္ဂလာပွဲတက်ရန် မြို့သို့ သွားခဲ့သည်။ ကားလမ်းအနေဖြင့် ထိုဘတ်စ်ကားသည် လမ်း၌ ဘိလပ်မြေကားနှင့် တိုက်မိလေ၏။ ကားပေါ်ရှိ လူတိုင်း အဆင်ပြေကာ ခြစ်ရာထင်ရာသာ ရှိခဲ့သည်။ ကျိုးရှောင်ရီ၏ဖခင်သာလျှင် ပြတင်းပေါက်သို့ လွှင့်ထွက်သွားပြီး ဘိလပ်မြေကားဖြင့် တက်ကြိတ်ခံလိုက်ရ၏။

နှစ်နှစ်ကြာပြီးနောက် ကျိုးရှောင်ရီ၏မိခင်သည် ဝက်စာကောက်ရန် တောင်ပေါ်သို့ တက်သွားခဲ့ကာ နောက်နေ့အထိ ပြန်မလာခဲ့ပေ။ တစ်ရွာလုံးက သူမကို လိုက်ရှာပေးခဲ့၏။ ရလဒ်အနေဖြင့် သူမ တောင်ကုန်းပေါ်မှ လိမ့်ကျလျှက် ကျောက်တုံးနှင့် ခေါင်းရိုက်မိသွား၏။ သူမ အသက်မရှိတော့ပေ။

နောက်နှစ်ပိုင်းအတွင်း ကျိုးရှောင်ရီ၏ သမီး၊ သူ၏ညီလေးနှင့် သူ၏တူတို့ သေသွားလေသည်။

ကျိုးရှောင်ရီ၏ ညီလေးသည် လမ်းပေါ်၌ ယာဉ်မတော်တဆမှုကြောင့် သေသွားခဲ့ကာ သူ့သမီးကမှု အတန်းဖော်များနှင့် ခရီးထွက်နေစဉ် ဆည်ထဲပြုတ်ကျပြီး ရေနစ်သွားလေ၏။

သူ့တူကမှု မီးလောင်ပြီး သေသွားသည်။ သူ့အတန်းသားများနှင့် သီချင်းသွားဆိုခဲ့သော်ငြား အကြောင်းပြချက်တချို့ကြောင့် မီးစလောင်လာသည်။ အတန်းဖော်များအားလုံး ထွက်ပြေးနိုင်ခဲ့သော်ငြား သူ့တူကမှု သန့်စင်ခန်းဝင်နေ၏။ သူ ထွက်လာချိန်တွင် မီးကကြီးနေပြီ ဖြစ်ကာ သူ့တူတစ်ယောက်တည်း မီးလောင်ပြီး သေသွားတော့သည်။

ယောင်္ကျားအရင့်အမာကြီးတစ်ယောက်ဖြစ်သည့် ကျိုးရှောင်ရီက မျက်ရည် ပိုးပိုးပေါက်ပေါက် ကျနေ၏။

“ဆရာသခင် ကျေးဇူးပြုပြီး ကျွန်တော့်မိသားစုကို ကယ်ပါ။ တစ်ခုခု မှားနေတယ်လို့ ခံစားမိတယ်။ ကျွန်တော့်မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်တာ။ ကျွန်တော်ရဲ့မြေးသမီးတူလေး နှစ်နှစ်အတွင်း သေကုန်ကြပြီ။ အရင်ရက်တွေတုန်းက ကျွန်တော်ရဲ့ သားကြီး ရုတ်တရက် ချော်လဲကျပြီး တတိယထပ်ကနေ ပြုတ်ကျပြီး ခြေထောက်ကျိုးသွားတာ သူ့ပြန်ထူထောင်ဖို့ ဆေးရုံကနေ မနေ့ကမှ အိမ်ပြန်ခေါ်လာတာ ကျွန်တော့်မိန်းမက ကျွန်တော်ကို ဟိုးလွန်ခဲ့တဲ့ ရက်တွေကပဲ ဆရာသခင်ကို သွားတွေ့ဖို့ တိုက်တွန်းနေတာ။ ဒါပေမဲ့ ဆရာသခင် အိမ်မှာ မရှိဘူး။ ဒီနေ့ ဆရာ ပြန်လာတာကို ဟယ်ချင်းကျေးရွာက လူတွေဆီက ကြားလိုက်လို့ အမြန် ရောက်လာတာ”

117 02

ယွင်ယွီက စဉ်းစားလိုက်လေ၏။

“ရှင့်မိသားစုက တစ်ယောက်ယောက်ကို ရန်စခဲ့မိလား”

ဖုန်းရွှေပညာရှင်တစ်ယောက်သည် မိသားစု၏ဖုန်းရွှေကို နှောက်ယှက်တာ သို့တည်းမဟုတ် ဘိုးဘေးအုတ်ဂူကို နှောင့်ယှက်သည့်ပမာ မိသားစုကပ်ဘေးတစ်ခု ဖြစ်နေ၏။ ပုံမှန်ဆို အိမ်တွင်း ဆိုးရွားသည့် ဖုန်းရွှေရှိခြင်းကလည်း မိသားစုကို မနာမကျန်း ဖြစ်စေကာ ကံဆိုးစေနိုင်၏။ တစ်မိသားစုထဲရှိ လူ ငါးယောက်ကို ရုတ်တရက် မသေစေနိုင်ပေ။ ထို့အပြင် ကျိုးရှောင်ရီ၏ သားအကြီးသည် ခေါင်းမိုးပေါ်မှ ပြုတ်ကျ၏။ သူ ဒုက္ခရောက်တာ ဖြစ်လောက်သည်။ ယခု သူ ခြေထောက်သာ ကျိုးသွား၏။ ထို့ကြောင့် သူ ကံကောင်းတာ သို့မဟုတ် သူ့အသက်ကို တစ်စုံတစ်ခု ကယ်တင်လိုက်တာ ဖြစ်မည်။

ကျိုးရှောင်ရီ ဝမ်းနည်းပန်းနည်း ပြောခဲ့သည်။

“ဆရာသခင် ကျွန်တော့်အဖေ ပြဿနာတက်ချိန်ကစပြီး ကျွန်တော်တို့ မိသားစုက စိုက်ပျိုးရေးနဲ့ပဲ အသက်ဆက်ခဲ့တာပါ။ အင်အားကြီးတဲ့သူတစ်ယောက်ကိုမှ ရန်မစမိပါဘူး”

သူသည်လည်း ဘာတွေ ဖြစ်နေမှန်း မသိပေ။

ယွင်ယွီက ပြောလိုက်လေ၏။

“ရှင့်အိမ်ကို သွားပြီ တစ်ချက်ကြည့်ပေးမယ်”

ချင်ယွီစွေသည် မီးဖိုချောင်ထဲမှ ခေါက်ဆွဲတစ်ပန်းကန် သယ်လာပြီး ပြောလိုက်၏။

“ဗိုက်ဖြည့်ဖို့ တစ်ခုခု အရင် စားလိုက်အုန်း”

သူမသည် မနက်ခင်း၌ လေယာဉ်စီးလာခဲ့ရပြီး အနည်းငယ် မူးဝေနေခဲ့ပြီး စားချင်စိတ် မရှိပေ။ ယခု တစ်စုံတစ်ယောက်ကို ကူညီရတော့မည်ဖြစ်ကာ ညနေစောင်းအထိ ပြန်လာနိုင်လောက်မှာ မဟုတ်ပေ။

“အင်း”

ယွင်ယွီသည် ပန်းကန်လုံးနှင့် တူကို ယူကာ ကျိုးရှောင်ရီဘက် လှည့်ပြောလိုက်သည်။

“ကျွန်မ အရင်ဆုံး ဗိုက်ဖြည့်ဖို့ တစ်ခုခု စားလိုက်ပါအုန်းမယ်။ ဦးလေးကျိုး ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ကျိုးရှောင်ရီက ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။ ဆရာသခင်သည် ပျားရည်စမ်း ခရီးမှ ပြန်လာခါစ ဖြစ်ပြီး သူက လာတွေ့တာ ဖြစ်၏။ သူ့မိသားစုကို ကူညီရန် ကြင်နာသော စကားလုံးများဖြင့်တောင် ပြောခဲ့သေးသည်။ စိတ်နေသဘောထား ဆိုးသည့်လူသာ ဆိုပါက သူ့ကို တွေ့ခွင့်ပေးမှာတောင် မဟုတ်လောက်ပေ။

ယွင်ယွီသည် ခေါက်ဆွဲတစ်ပန်းကန်ကို စားပြီးနောက် ချင်ယွီစွေအား ပန်းကန်လုံး ပေးလိုက်သည်။

“ဒါဆို သူ့အိမ် အရင်သွားရအောင်”

ချင်ယွီစွေက ပြောလိုက်သည်။

“ကိုယ် ခေါ်သွားပေးမယ်”

နှစ်ယောက်သားသည် နင်ကျိုးကျေးရွာသို့ မောင်းသွားလိုက်၏။ ထိုနေရာသို့ ရောက်ရန် မိနစ် ၂၀ ခန့်သာ အချိန်ယူခဲ့ရသည်။

သူတို့သည် မကြာမှီ၌ ကျိုးရှောင်ရီနေထိုင်ရာ အဆောက်အအုံငယ်လေးရှေ့သို့ ရောက်သွားသည်။ ၁၀ နှစ်ကြာပြီးနောက် အဆောက်အအုံသည် ပိုပြီး ဟောင်းလာတော့သည်။ သုံးထပ်အဆောက်အအုံ ဖြစ်၏။ ကျိုးရှောင်ရီ၏မိဘများက ပထမအထပ်တွင် နေခဲ့ပြီး သူ၏ညီလေးမိသားစုကမှု ဒုတိယအထပ်တွင် နေကာ သူတို့မိသားစု လေးယောက်ကမှု တတိယအထပ်တွင် နေ၏။

သူညီ၏ ဇနီးနှင့် တူမသာလျှင် သူ့ညီအိမ်တွင် ကျန်ရစ်သည်။

သူ့ဇနီးနှင့် သားအကြီးဆုံးက မိသားစုထဲမှ ထွက်သွား၏။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း လူ ငါးယောက် သေဆုံးခဲ့သည်။၊

117 03

ယွင်ယွီက ကားထဲမှ ထွက်လာပြီးနောက် ချင်ယွီစွေဘက်လှည့်ပြောလိုက်သည်။

“ကားထဲမှာ ကျွန်မကို စောင့်နေ။ ကျွန်မ တစ်ချက်သွားကြည့်လိုက်မယ်”

ချင်ယွီစွေက ခေါင်းညိတ်ပြီးနောက် သူမကို ကားထဲတွင် ထိုင်စောင့်နေလေ၏။

ယွင်ယွီက ကျိုးအိမ်ဂိတ်ဝသို့ လျှောက်သွားလိုက်ပြီး အဝေးရှိ တောင်တန်းများနှင့် မြစ်ကို ကြည့်လိုက်ပြီးနောက် ခြံဝန်းကို တစ်ချက်ကြည့်လိုက်၏။

သူမသည် ခြံဝန်းထောင့်၌ စိုက်ပျိုးထားသည့် သလဲသီးအပင်ကို တွေ့လိုက်ရသည်။ သူမ မျက်မှောင်ကျုံ့ပြီး သလဲသီးအပင်ကို လက်ညိုးထိုးပြကာ ပြောလိုက်လေ၏။

“ဒီသစ်ပင်ကို ဒီမှာ ဘယ်သူ စိုက်ခိုင်းထားတာလဲ။ အိမ်ဆောက်တုန်းက ဖုန်းရွှေဆရာတွေကို မမေးခဲ့မိဘူးလား”

ဤနေရာ၏ တည်နေရာက ကောင်းမွန်တာ သိသာ၏။ ယန်အိမ်တည်နေရာကို ရွေးချယ်ထားပုံအရ ယန်အိမ်တစ်လုံးက ဤနေရာတွင် တည်ရှိနေလျှင် မျိုးရိုးစဉ်ဆက် ကြွယ်ချမ်းသာပြီး အာဏာမရှိလာလျှင်တောင် ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်ဖို့ ပြဿနာ မရှိလောက်ပေ။

ထိုကဲ့သို့ တည်နေရာကို ရွေးပြီးနောက် ခြံဝန်းထဲ၌ သလဲသီးအပင်ကို စိုက်ဖို့က မဖြစ်နိုင်ပေ။

ကျိုးရှောင်ရီက ရောက်လာပြီး ဝမ်းနည်းသော အမှုအရာဖြင့် ပြောလိုက်၏။

“ကျုပ်အဖေက ဒီအိမ်ဆောက်ဖို့ တစ်စုံတစ်ယောက်ကို ငှားခဲ့တာ။ ဖုန်းရွှေပညာရှင် တစ်ယောက်ကို ကြည့်ခိုင်းခဲ့ပြီး ပိုက်ဆံအများကြီး ပေးခဲ့တယ်လို့ ပြောတာပဲ။ ဖုန်းရွှေပညာရှင်က ဒီနေရာ ကောင်းတယ်လို့ ပြောတယ်”

ယွင်ယွီက ရေရွတ်ပြောလိုက်၏။

“ဒါ ထူးဆန်းတာပဲ။ ဒီနေရာက တကယ်ကောင်းပါရဲ့။ ဖုန်းရွှေပညာရှင်က ဒီအရည်အချင်းရှိတယ်ဆိုရင် သူက ရှင်ကို ဒီမှာ မီးသလဲပင် စိုက်ပျိုးခွင့်ပေးမှာ မဟုတ်ဘူး။ ဒီနေရာက ယန်အိမ်ရဲ့ ချင်းလုံတည်နေရာလေ။ ချင်းလုံက မြင့်မြတ်မှု၊ ကံကောင်းမှုနဲ့ ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုတယ်။ ချင်းလုံက ရေကြိုက်တယ်။ ဒီတော့ သူက ရှင်ကို မီးသလဲပင် စိုက်ပျိုးခွင့် မပေးလောက်ဘူး။ ဒီဟာက မီးဓာတ်လေ။ ချင်းလုံရဲ့ တည်ရှိမှုနဲ့ ပဠိပခ ဖြစ်စေမှာ။ ဒီသလဲပင်က အတော်လေး ကြီးနေပြီ။ ၁၀ နှစ်လောက် ရှိပြီ မှတ်လား။ ဒါပေမဲ့ ပဠိပက္ခ ဖြစ်ရုံလောက်ပဲ၊ အစီအရင် မသုံးထားဘူး။ အလွန်ဆုံးမှ ပိုင်ရှင်အတွက် ကံဆိုးစေရုံပဲ ရှိမှာ။ ဒီတော့ ရှင့်မိသားစုထဲမှာ လူတွေအများကြီး မသေသင့်ဘူး”

ကျိုးရှောင်ရီက မှင်သက်သွားလေ၏။ သူမက ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ်ကို လှည့်ပတ်ကြည့်ခဲ့သည်။ သူမ ဒုတိယထပ်ကို သွားချိန်၌ ကျိုးရှောင်ရီ၏ သားအကြီးဆုံးကို အခန်းထဲတွင် တွေ့လိုက်ရသည်။ သူ၏နဖူးကလည်း မည်းနက်နေသော်ငြား သူ၏မျက်နှာအသွင်အပြင်က ကောင်းမွန်၏။ သူက ကောင်းမှုကုသိုလ်များ မကြာခဏ လုပ်တတ်သည့် လူတစ်ယောက်နှင့် တူသည်။ ထိုအပြင် ကျိုးမိသားစုက တစ်စုံတစ်ခု မှားယွင်းနေတာ သိသာသည့်အစင်းအရာဆို သူသည် အမိုးပေါ်မှ ပြုတ်ကျချိန်တွင် သေသင့်သည်။ ယွင်ယွီသည် သူ၏ လည်ပင်း၌ အနီရောင်ကြိုးတစ်ချောင်းကို တွေ့လိုက်ရ၏။ သူက ထိုလူငယ်လေးကို ပြောလိုက်သည်။

“ရှင်ရဲ့လည်ပင်းမှာ ရှိတာ ထုတ်ပြပါလား။ ဒါမှ ကျွန်မ ကြည့်လို့ ရမှာ”

ကျိုးရှောင်ရီ၏ သားကြီးအမည်က ကျိုးကျုံးကွမ်ဟုခေါ်သည်။ သူက ဖြူဖျော့သော မျက်နှာဖြင့် အိပ်ရာပေါ် လဲလျောင်းနေသည်။ ဤုဖုန်းရွှေပညာရှင်ကို ဘေးရွာမှ သူ၏ဖခင် ရှာတွေ့လာတာမှန်း သိသည်။ သူ၏ ကောင်းသတင်းများက ရွာနီးစပ်များအထိ ပျံ့နေလေ၏။

သူသည် လည်ပင်း၌ ဆွဲထားသည့် ကြိုးကို ဖြည့်လျှက် ယွင်ယွီကို ပေးလိုက်သည်။ အထဲ၌ အက်ကွဲရာထင်နေသည့် ရုပ်ပွားတော်လေးပဲ ဖြစ်သည်။

ယင်းသည် ကပ်ဘေးများကို ဟန့်တားပေးနိုင်၏။ သူမက မေးလိုက်သည်။

“ဒီရုပ်ပွားတော်က ဘယ်ကနေ ရတာလဲ။ ဒါ ရှင့်အသက်ကို ကယ်တင်ခဲ့တာပဲ ဖြစ်မယ်”

ကျိုးရှောင်ရီနှင့် သူ၏ဇနီးက အိမ်အပြင်ဘက်တွင် ရပ်နေလေ၏။ ယွင်ယွီ ထိုသို့ မေးတာကို ကြားသောအခါ သူ၏ဇနီးက မျက်နှာကို အုပ်လျှက် စတင် ငိုယိုတော့သည်။

ကျိုးကျုံးကွမ်က ပြောလိုက်၏။

“မနှစ်တုန်းက ကျွန်တော် ခရီးသွားတုန်းက ဘုရားကျောင်းတစ်ခုဘေးကနေ ဖြတ်သွားမိတယ်။ လဲကျသွားတဲ့ ဘုန်းဘုန်းတစ်ပါးကို တွေ့လို့ သူ့ကို ကူညီပေးခဲ့တာ။ ကျွန်တော်ကို ကျေးဇူးတင်စကားပြောချိန် ကျွန်တော့်မျက်နှာကို ကြည့်ခဲ့ပြီး သူ့လည်ပင်းမှာ ဆွဲထားတဲ့ ဒီရုပ်ပွားတော်ကို ကျွန်တော်ဆီ ရုတ်တရက် ပေးလိုက်တာ။ ဒါကို ဝတ်ထားရမယ်တဲ့။ ကျွန်တော့်အသက်ကို ကယ်ပေးနိုင်တယ်လို့ သူပြောခဲ့တယ်။ အိမ်မှာ ဒီကိစ္စမျိုး ဖြစ်နေတာကြောင့် ကျွန်တော်ကလည်း ဒါမျိုးကို ယုံတယ်လေ။ အဲဒီကိုယ်တော်ကို ကျေးဇူးတင်စကားပြောပြီးတော့ ဗုဒ္ဓရုပ်ပွားတော်ကို ကျွန်တော် အမြဲ ဝတ်ထားတာ။ ဒါက ကျွန်တော့်အသက် ကယ်တင်လိုက်လိမ့်မယ်လို့ မထင်ထားဘူး”

117 04

ယွင်ယွီက ခေါင်းညိတ်လိုက်၏။

“ရှင်က ကောင်းမှုကုသိုလ်တွေ မကြာခဏ လုပ်တာပဲ။ ဒီတော့ ရှင် ကောင်းချီးပေးခံရတာ”

ထိုအတွက်ကြောင့်သာ မဟုတ်လျှင် ယခုအခေါက်တွင် သူ မလွတ်မြောက်လောက်ပေ။

ယွင်ယွီသည် တစ်အိမ်လုံး၏ ဖုန်းရွှေကို ကြည့်ခဲ့ပြီး ပြဿနာကြီးကြီးမားမား မရှိကြောင်း ရှာတွေ့ခဲ့၏။ မီးသလဲသီးအပင်မှ လွှဲလျှင် အရာအားလုံး ကောင်းမွန်နေပေ၏။

ထိုအပြင် အိမ်ထဲ၌ အစီအရင် မရှိပေ။ ယန်အိမ်နှင့် ပြဿနာ ရှိတာ မဟုတ်။ သလဲသီးအပင်က အားကောင်းလွန်းသဖြင့် ၁၀ နှစ်အတွင်း ကျိုးမိသားစုထဲရှိ လူ ငါးယောက်ကို ဆက်တိုက် သေစေခဲ့သည်။

ယွင်ယွီက ခြံဝန်းထဲ သွားကာ မေးလိုက်တော့၏။

“ရှင်ရဲ့ ဘိုးဘေးအုတ်ဂူက တောင်ပေါ်မှာလား”

ယန်အိမ်တွင် ပြဿနာ မရှိသော်ငြား မိသားစုအတွင်း မတော်တဆ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေ၏။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဘိုးဘေးအုတ်ဂူ၌ တစ်စုံတစ်ခု ဖြစ်နေတာ ဖြစ်လောက်သည်။

ကျိုးရှောင်ရီသည် နဖူးပေါ်မှ ချွေးကို သုတ်ပြီးနောက် စိုးရိမ်ပူပန်စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်”

ယွင်ယွီက ပြောလိုက်၏။

“ဘိုးဘေးအုတ်ဂူဆီ ကျွန်မကို ခေါ်သွားပေးပါ”

ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

“ရှင်တို့အိမ်ရဲ့ဖုန်းရွှေကို အကူအညီပေးတဲ့ ဖုန်းရွှေပညာရှင်ကို ရန်စခဲ့မိသေးလား။ မဟုတ်ရင် သာမန်လူတွေက ရှင်ရဲ့မိသားစုထဲ လူ ငါးယောက်ကို ရုတ်တရက် သေစေမှာ မဟုတ်ဘူး။ ဒါအပြင် ရှင်တို့ မိသားစုအားလုံးရဲ့ နဖူးတွေက မည်းနက်နေတယ်။ သေရေးရှင်ရေးကိစ္စကို မဖော်ထုတ်နိုင်လျှင် တစ်နှစ်အတွင်း ရှင့်မိသားစုထဲ တစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး”

သူမသည် အိမ်၏ ဖုန်းရွှေကို ကြည့်ခဲ့ပြီး ဖုန်းရွှေပညာရှင်က လူတို့ကို ဒုက္ခပေးရန် ရည်ရွယ်ထားတာ မဟုတ်လောက်ပေ။ သူသည် ကျိုးမိသားစုကိုတောင် ကူညီပေးခဲ့ပြီး အိမ်ဖုန်းရွှေကို ကြည့်ပေးခဲ့၏။ သို့သော် ချင်းလုံနေရာ၌ မီးသလဲအပင်ကို စိုက်ပျိုးပေးခဲ့သည်။

ထိုကြောင့် ယင်းက မဟုတ်သေးပေ။

ကျိုးရှောင်ရီက ဇဝေဇဝါဖြစ်သွားဖြစ်ပြီး သူ့နောက်တွင် ရပ်နေသော ဇနီးသည် တစ်စုံတစ်ခု ပြောချင်သော်ငြား ရပ်လိုက်မိ၏။

အိမ်တွင် ပြဿနာကြီးကြီးမားမား မရှိ။ ထိုကြောင့် ကျိုးရှောင်ရီနှင့် သူ၏ဇနီးသည် ယွင်ယွီကို ကျိုးမိသားစု ဘိုးဘေး အုတ်ဂူရှိရာဆီသို့ ခေါ်သွားပေး၏။ ထိုနေရာက ကျိုးရှောင်ရီ၏ အဘိုးအဘွားများကို မြုပ်နှံ့ထားသည့် နေရာ ဖြစ်သည်။ သူ့အဘိုးအဘွား၌ သားသမီး ငါးယောက် ရှိသည်။ သို့သော်ငြား ငတ်မွတ်ခေါင်းပါးမှုကြောင့် ကျိုးရှောင်ရီ၏ဖခင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ထိုကြောင့် ကျိုးမိသားစုထဲတွင် ကျန်ရှိသည့်က ကျိုးရှောင်ရီနှင့် သူ၏သားအကြီးဆုံးသားဖြ စ်သည်။

ကျိုးမိသားစုဘိုးဘေးအုတ်ဂူသို့ ရောက်ရန် တစ်နာရီကျော် လျှောက်လိုက်ရသည်။ ယင်းက နောက်ထပ် တောင်တစ်တောင်အတွင်း၌ ရှိတာ ဖြစ်သည်။

ယခုအချိန်တွင် မြို့များ၌ မီးသဂြိုလ်ခြင်းသာ ပြုလုပ်ကြသော်ငြား ကျေးလက်တွင်မှု ထိုသို့ မဟုတ်ပေ။ အများစုသည် သူတို့၏ မိသားစုဝင်များကို မြုပ်နှံ့ပြီး ရွာထဲရှိ သက်ကြီး ရွယ်အိုများသည် မီးသဂြိုလ်ခြင်းကို မနှစ်သက်ကြပေ။

117 05

ကျိုးမိသားစု ဘိုးဘေးအုတ်ဂူနား၌ အုန်းပင်များရှိနေ၏။ ထိုအပြင် ချင်မင်ပွဲတော်ကာလအတွင်း သူတို့သည် ကွယ်လွန်သွားသည့် ဘိုးဘေးများကို ကန်တော့ရန် ဤနေရာသို့ လာလေ့ရှိ၏။ ပုံမှန်နေ့ရက်တွင်မှု ကန်တော့သည့် သိပ်မရှိသူသောကြောင့် ပေါင်းပင်များ ရှိတတ်သည်။

ကျိုးမိသားစု၏ ဘိုးဘေးအုတ်ဂူကို မြင်တွေ့ပြီးနောက် ယွင်ယွီက မေးလိုက်၏။

“ရှင်တို့မိသားစုရဲ့ ဘိုးဘေးအုတ်ဂူကိုလည်း ရွေ့ထားတာ မှတ်လား”

ကျိုးရှောင်ရီက ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်တို့ ဒီနေရာကို လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ပြောင်းခဲ့တာ။ အဲဒီတုန်းက ကျွန်တော့်အဖေက ကန်ထရိုက်တာအနေနဲ့ ပိုက်ဆံနည်းနည်း ရှာနိုင်ခဲ့တယ်လေ။ ပြီးတော့ အိမ်ဆောက်ခဲ့တာ။ ဘိုးဘေးအုတ်ဂူက ဝေးလွန်းတယ်။ ဒါကြောင့် ကျွန်တော့်အဖေက ဒီနေရာဆီ တမင်တကာ ရွေ့ခဲ့တာ။ အဆောက်အအုံ၏ဖုန်းရွှေကို စစ်ဆေးပေးခဲ့တဲ့ ဖုန်းရွှေပညာရှင်ကလည်း ဒီတည်နေရာကို ရွေးပေးခဲ့တာပဲ”

******

All Chapters