အခန်း ၁၁၈
Vol. 12 Ch. 118
118 01
အပိုင်း 118
ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားချိန်၌ ကျိုးရှောင်ရီ၏ အဘိုးအဘွားများ၊ ဦးလေးဒေါ်လေးများအားလုံး သေဆုံးခဲ့သည်။ သူ၏ဖခင်သာ ကျန်ရစ်ခဲ့လေ၏။ ထိုစဉ်က ငတ်မွတ်ခေါင်းပါးမှု ပြင်းထန်လွန်းသဖြင့် လူတချို့က သေသူများကိုတောင် စားသုံးခဲ့သည်။ ကျိုးရှောင်ရီ၏ဖခင်က ငယ်ရွယ်နေသေး၏။ ထိုကြောင့် သူ၏ဆွေမျိုးသားချင်းများကို မြေမြုပ်ပေးခဲ့သည်။၊ နောက်ပိုင်း သူ နင်ကျိုးရွာသို့ ရောက်လာချိန်တွင် အခြေကျပြီး အိမ်ထောင်ကျကာ ကလေးရခဲ့လေ၏။ တဖြည်းဖြည်းချင်း သူက အသက်ကြီးပြင်းလာကာ ပိုက်ဆံတချို့ ရှာနိုင်ခဲ့သည်။ သူ၏မိဘများကို မြုပ်နှံ့ထားသည့်နေရာက ဝေးလွန်းသည်ဟုထင်ခဲ့၏။ ထိုကြောင့် သူ အိမ်ဆောက်ချိန်တွင် ဖုန်းရွှေပညာရှင်ကို အကူအညီ တောင်းကာ သူ့မိဘများ၏ အုတ်ဂူကို နင်ကျိုးရွာသို့ ရွေ့ပြောင်းခဲ့လေ၏။
ယင်းက ကျိုးရှောင်ရီ ရှင်းရှင်းလင်းလင်း သိထားသည့် အချက်ပဲ ဖြစ်သည်။
ယွင်ယွီသည် ထိုစကားကို ကြားပြီးနောက် မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ပေ။
“ရှင်တို့မိသားစုက အဲဒီဖုန်းရွှေပညာရှင်ကို ဘာလုပ်ခဲ့တာလဲ”
ဤဖုန်းရွှေပညာရှင်က ကျိုးမိသားစုအတွက် ရှာပေးခဲ့သည့် ယန်အိမ်နှင့် ယင်အိမ်က ပြဿနာ မရှိပေ။ ယင်အိမ်သည် မိုးနှင့်မြေ၏ သဘာဝသဏ္ဌာန်ပေါင်းစည်းမှုနှင့်သာ သဟဇာတဖြစ်စေကာ စွမ်းအင်များစွာ စုစည်းပေးသည့် နေရာဖြစ်သည်။ ဤယင်အိမ်ရှိရာ တောင်က ဝပ်ပြားနေပြီး နေထွက်ရာကို မြင်နိုင်ပေ၏။ နောက်တွင် တောင်၊ ရှေ့တွင် နေကို မျက်နှာမှုထားသည့် တောင်ကာရံဖြစ်ကာ ရေက ယင်ဖြစ်သည်။ ယင်နှင့်ယန်က သဟဇာတ ဖြစ်နေ၏။ ၎င်းသည် နဂါးစစ်တစ်ကောင်၏ သားရဲအစစ်နှင့် မယှဉ်နိုင်သော်ငှား ကောင်းမွန်သည့် ယင်အိမ်တစ်ခု ဖြစ်သည်။ ကျိုးမိသားစု၏ မျိုးဆက်က ဘေးကင်းလုံခြုံပြီး မျိုးဆက်ကို ကျန်းမာစေနိုင်၏။ ရာသီဉတုကောင်းမွန်စေကာ အထွက်နှုန်း ကောင်းမွန်စေနိုင်သည်။ ဖုန်းရွှေပညာရှင်က ဤကဲ့သို့ ယင်အိမ်ကို ရှာနိုင်စွမ်းရှိတာ အတော်လေး အရည်အချင်းရှိသည်။ သို့သော် ဤအုတ်ဂူနားတစ်ဝိုက်တွင် မကောင်းသည့် အငွေ့အသက်တစ်ခု ရှိနေသည်။ တစ်စုံတစ်ယောက်က ဤနေရာ၌ အခြားတစ်ခုကို မြုပ်နှံထားတာ ဖြစ်လိမ့်မည်။
“ဒါပေမဲ့ ကျုပ်တို့ မိသားစုက သူ့ကို တစ်ခါမှ ရန်မစဖူးဘူး”
ကျိုးရှောင်ရီက ဇဝေဇဝါ ဖြစ်နေသေးပုံပေါ်သည်။
ယွင်ယွီက အုတ်ဂူကို လက်ညိုးထိုးကာ ပြောလိုက်လေ၏။
“ဂူထဲမှာ တစ်ခုခု မြုပ်ထားတယ်။ ရှင်တို့မိသားစုကို ပြဿနာတက်စေနိုင်တဲ့ အရာကို အဲဒီအောက်မှာ မြုပ်ထားတာပဲ ဖြစ်မယ်”
ယင်းက ရက်စက်သော အစီအရင်တစ်ခု မဟုတ်ပေ။ အစီအရင်သာဆိုလျှင် သူမ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေ၏။ အစီအရင် ဖြစ်ခဲ့လျှင် ကျိုးမိသားစုသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ပြဿနာစတက်နေပြီဖြစ်ကာ ဤနှစ်ပိုင်းအထိ စောင့်နေစရာ မလိုအပ်ပေ။ တဖြည်းဖြည်းချင်း သေဆုံးပြီး ဒုက္ခများ တွေ့ကြုံ့လာရမှာ မဟုတ်။
ကျိုးရှောင်ရီ၏ဇနီးက နောက်ဆုံး၌ စတင်ငိုယိုတော့သည်။
“ရှောင်ရီ ဒါတွေကို ကျွန်မတို့ အိမ်ကို ကူရှာပေးပြီး အုတ်ဂူကို ရှာပေးခဲ့တဲ့ ဖုန်းရွှေပညာရှင် လုပ်ခဲ့တာပဲ ဖြစ်ရမယ်”
“ဒါပေမဲ့ သူ ဘာကြောင့် အဲလိုလုပ်တာလဲ”
ကျိုးရှောင်ရီက နားမလည်ခဲ့ပေ။ သူက ထိုဖုန်းရွှေပညာရှင်ကို တစ်ခါမှ သံဃယ မဝင်ခဲ့ချေ။
“ငါတို့မိသားစုက သူ့ကို စိတ်ပျက်စေရအောင် ဘာမမှ မလုပ်ခဲ့တာ။ ငါ့အဖေက သူ ငါတို့ကို ဖုန်းရွှေပညာနဲ့ ကူညီပေးတုန်းက ပိုက်ဆံတွေ အများကြီး ပေးခဲ့တာပဲမှတ်လား”
ကျိုးရှောင်ရီ၏ဇနီးက တွေဝေနေကာ နောက်ဆုံး၌ သူမကို အေးတိအေးစက် ကြည့်နေသော ယွင်ယွီကို တွေ့လိုက်ရသည်။ သူမသည် နောက်ဆုံးတော့ ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြလေ၏။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က သူ၏ယောက္ခထီးသည် အိမ်တက်အဆောက်အအုံတစ်လုံး တည်ဆောက်ပြီး ဘိုးဘေးအုတ်ဂူကို ရွေ့ပြောင်းချင်ခဲ့၏။ ထိုကြောင့် သူသည် တစ်နေရာမှ ဖုန်းရွှေပညာရှင်ကို ရှာခဲ့သည်။ သူကို မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး အလွန်နာမည်ကြီးသည်ဟု ဆိုသည်။ သူက သေသူအတွက် နေရာရှာပေးရာ၌ ကျွမ်းကျင်၏။ သူ့အစ်မ၏ ယောက္ခထီးက ထိုလူကို ခေါ်လာသည့်နေ့တွင် သူမလည်း ရှိနေသည်။ သို့သော် ကျိုးရှောင်ရီက မရှိ။ သူက တခြားမြို့တစ်မြို့တွင် အလုပ်လုပ်နေတာ ဖြစ်သည်။ ထိုကြောင့် သူက အဖြစ်အပျက်ကို မသိခဲ့ပေ။
118 02
ကျိုးရှောင်ရီ၏ ဇနီးက ငိုယိုပြီး ဆက်ပြောလေ၏။
“ဖုန်းရွှေပညာရှင်က ယန်အိမ်နဲ့ ယင်အိမ်ရဲ့ တည်နေရာကို စစ်ဆေးပေးပြီးတဲ့နောက် သူက ကျွန်မ့ယောက္ခထီးနဲ့ ယောက္ခမကို အိမ်တည်ဆောက်ဖို့နဲ့ အကြီးအကဲတွေရဲ့ အုတ်ဂူရွေ့ပြောင်းဖို့ ညွှန်ပေးခဲ့တယ်။ ကျွန်မ့ယောက္ခထီးက ချရေးပြီးတော့ တန်ကြေးကို ညှိနှိုင်းခဲ့တာ ဖုန်းရွှေပညာရှင်က အရမ်းမြှင့်တဲ့ ဈေးကို တောင်းခဲ့တယ်လေ။ ကျွန်မရဲ့ အဖေနဲ့ အမေလည်း စိတ်မပျော် ဖြစ်ခဲ့တာပေါ့။ တခြားဆရာတွေဆို သူတောင်းတာရဲ့ ဆယ်ပုံတစ်ပုံပဲ တောင်းတာလို့ ပြောခဲ့တယ်။ ကျွန်မယောက္ခထီးက မပေးချင်ဘူး။ ယောက္ခမနဲ့ ခဲအိုတို့က သူနဲ့ စကားအနည်းအကျဉ်း ပြောခဲ့တယ်လေ။ ဖုန်းရွှေပညာရှင်က ဈေးညှိပေးခဲ့တယ်။ အဲဒါက အဆောက်အအုံ တည်ဆောက်သလောက် ကုန်သွားတာ။ အဆုံးကျ ယောက္ခထီးက ဖုန်းရွှေပညာရှင်ရဲ့ ကြေးကို ပိုက်ဆံတစ်ဝက် ပစ်ပေးပြီး ပြော ဒါအကုန်ပဲလို့ ပြောလိုက်တယ်”
ယွင်ယွီက သက်ပြင်းချလိုက်လေ၏။ ကျိုးမိသားစုတွင် ကြုံ့တွေ့နေရသည့်အရာကို သူမ သိလိုက်သည်။ ကျိုးမိသားစုနှင့် ဖုန်းရွှေပညာရှင်ကြား ပဠိပက္ခ ဖြစ်ပွားမှုထက် မပိုပေ။ ကျိုးမိသားစုသည် ဖုန်းရွှေပညာရှင် တောင်းသည့်တန်ကြေးက မြင့်လွန်းသည်ဟု ထင်ကာ ပိုက်ဆံအပြည့် မပေးခဲ့ပေ။
ဖုန်းရွှေပညာရှင်က ဒေါသထွက်ပြီး ရှက်သွားတာ ဖြစ်လောက်ပေ၏။ အိမ်နှင့် အုတ်ဂူရှာဖွေရာ၌ ဖုန်းရွှေပညာဖြင့် လူတို့ကို ကူညီပေးခြင်းက တန်ဖိုးကြီးသည်။ ဤကိစ္စက ကျိုးမိသာစုအကျင့်ပျက်မှုလည်း ဖြစ်၏။ ဖုန်းရွှေပညာရှင်က ဒေါသထွက်သွားသောကြောင့် ရွေးထားသည့် အိမ်ကို ဖျက်စီးပြီး ကျိုးမိသားစု၏ ဘိုးဘေးအုတ်ဂူ ရွေ့ပြောင်းသည့်အချိန်အထိ စောင့်ပြီးနောက် တစ်စုံတစ်ခုကို မြုပ်နှံခဲ့သည်။
“ဖုန်းရွှေပညာရှင်တောင်းတဲ့ ဈေးက မြှင့်ပေ့မဲ့ သူရွေးပေးထားတဲ့ တည်နေရာက ကောင်းတယ်။ ရှင်တို့မိသားစုရဲ့ မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာပြီး ကျန်းမာသန်စွမ်းဖို့ ကူညီပေးနိုင်မှာ။ ချောမွေ့တဲ့ ဘဝလည်း ရှိစေလိမ့်မယ်”
ယွင်ယွီက ပြောလိုက်၏။
“ရှင်တို့ ကျိုးမိသားစုက ဒီကိစ္စမှာ ကျင့်ဝတ်ပျက်ခဲ့တာပဲ”
သိုသော် ဖုန်းရွှေပညာရှင်ကလည်း အနည်းငယ် ရက်စက်လွန်းသည်။
ကျိုးရှောင်ရီ၏ဇနီးသည် အနေခက်မှုကြောင့် ရှက်ရွံ့လာ၏။
“အစတုန်းက ကျွန်မတို့တွေ ဒီအကြောင်း ဘာမှ မသိခဲ့ဘူး။ ဒါက နိမိတ်ကောင်းဖြစ်မယ်ထင်ပြီး ဖုန်းရွှေပညာရှင်ကို ငှားခဲ့တာ ကျွန်မတို့ မယုံခဲ့ဘူးလေ။ ဖုန်းရွှေပညာရှင်က အခကြေးငွေ အများကြီး တောင်းလိမ့်မယ်လို့ မထင်ထားဘူး။ နောက်ပိုင်း ကျွန်မယောက္ခထီးက ဖုန်းရွှေပညာရှင်ဆီ ပိုက်ဆံပေးပြီးတဲ့နောက် သူက ပိုက်ဆံယူသွားပြီး ပြောခဲ့တယ်။ ကျွန်မတို့ အိမ်အတွက် ဖုန်းရွှေကောင်းစေချင်ပြီး နောင်ကျ ကြွယ်ဝချမ်းသာချင်တယ်ဆိုရင် အိမ်ရဲ့ အနောက်တောင်ဘက်မှာ သလဲသီးအပင် စိုက်သင့်တယ်လို့ ပြောခဲ့တာ သလဲသီးအပင်က စည်ပင်ဝပြောမှုနဲ့ ကံကောင်းမှုကို ကိုယ်စားပြုမှန်း အားလုံးသိတယ်လေ။ ဒါကြောင့် ကျွန်မတို့ ယုံလိုက်တာပေါ့။ အိမ်ဆောက်ပြီးတော့ ကျွန်မ့ယောက္ခထီးက ဖုန်းရွှေပညာရှင် ညွှန်ပြတဲ့ နေရာမှာ သလဲအပင်စိုက်ခဲ့တယ်”
လူအိုကြီးကျိုးက အသက်ရှင်လျှက် အသက်ရှင်နေလျှင် သူ သေသည့်အထိ နောင်တရသွားလောက်သည့်အကြောင်းမှာ ကျိုးမိသားစုသည် ထိုအကြောင်းအရင်းများကြောင့် ရှင်းထုတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။
ယွင်ယွီက ပြောလိုက်၏။
“တကယ်ပဲ ဒီကိစ္စမှာ ဖုန်းရွှေပညာရှင်က ပိုမှားပေ့မဲ့ ရှင်တို့လည်း မှားတာပဲ။ အဲတုန်းက ဖုန်းရွှေပညာရှင်ကို မကောင်းတာ တစ်ခုခု ပြောခဲ့လား”
ကျိုးရှောင်ရီ၏ ဇနီးသည် ရှက်ရွံ့လွန်းသဖြင့် ပါးစပ်ပိတ်နေမိသည်။ သူမ့ဖခင်သည် ဖုန်းရွှေပညာရှင်ကို စော်ကားပြောဆိုခဲ့ပြီး စော်ကားမှုများကလည်း အတော်လေး ကြမ်းတမ်းသည်။
တကယ်တော့ ထိုအဖြစ်အပျက် ဖြစ်ပွားစဉ်က ကျိုးရှောင်ရီ၏ ဖခင်သည် ဖုန်းရွှေပညာရှင်ကို ပိုက်ဆံပမာဏ ရှင်းရှင်းလင်းလင်း မပြောခဲ့သည့်အတွက် ပြောဆိုခဲ့သည်။ ဖုန်းရွှေပညာရှင်ကလည်း ဒေါသထွက်ပြီး သူ့ကို မေးခဲ့၏။ သူ့ကို တခြားတစ်ယောက် မိတ်ဆက်ပေးထားသောကြောင့် သူ၏အရည်အချင်းနှင့် သူတောင်းမည့်တန်ကြေးကို သိထားသင့်သည်ဟုဆိုသည်။
ထိုအချိန် ကျိုးရှောင်ရီ၏ ဖခင်က ဖုန်းရွှေပညာရှင်ကို လောဘကြီးသည်ဟု၍ ကျိန်းမောင်း ပြောဆိုခဲ့သည်။ မည်သည့်နည်းနှင့်မဆို ပြောဆိုမှုက အတော်လေး ပြင်းထန်လှပေ၏။ ကျိုးရှောင်ရီ၏အမေ၊ ဇနီးနှင့် ညီလေးတို့ကလည်း ဆူပူပြောဆိုမှုထဲ ပါဝင်ခဲ့သည်။ ဖုန်းရွှေပညာရှင်က ဒေါသထွက်လွန်းသဖြင့် သူ၏မျက်နှာသည် နီမြန်းလာကာ လည်ပင်းများ ထူအံ့လာ၏။
118 03
ယွင်ယွီသည် သူမ့အမှုအယာအရ ကျိုးမိသားစုသည် ထိုအချိန်က ရည်ရွယ်ချက်ကောင်း မရှိကြောင်း ပြောနိုင်သည်။ သူမ သက်ပြင်းချလိုက်၏။
“မှတ်ထား ထိုပြဿနာတွေက ပါးစပ်ကပဲ လာတယ်။ ဒီကိစ္စဖြေရှင်းနိုင်အောင် ရှင့်ကို ကူညီမယ်”
ကျိုးမိသားစုသည် မကောင်းသည့် အရာများ ပြောခဲ့လျှင်တောင် သူတို့သည် အသက်တချို့ဖြင့် မပေးဆပ်သင့်ပေ။ ဖုန်းရွှေပညာရှင်က လုပ်တာ လွန်ကဲသွားသည်။ သူ့ကို ကျိန်းမောင်းပြောဆိုခဲ့သည့် သူတို့ကို သင်ခန်းစာပေးရန်အတွက် အသက်ယူဖို့ မလိုအပ်ပေ။
ယောင်္ကျားရင့်မာကြီးဖြစ်သော ကျိုးရှောင်ရီက စတင်ငိုယိုတော့သည်။ ကျိုးမိသားစုထဲရှိ လူတို့သည် သူတို့ စကားတချို့ကြောင့် အသက်ဆုံးရှုံးရလိမ့်မည်ဟု မထင်ထားပေ။
ကျိုးရှောင်ရီ၏ ဇနီးကလည်း နေမကောင်း။ သူ့သမီးကလည်း သေဆုံးသွားသောကြောင့် ဖြစ်သည်။
ယွင်ယွီသည် သူမကျောပိုးအိတ်ထဲမှ ဂေါ်ပြားလေးကို ထုတ်ပြီးနောက် ဘိုးဘေးအုတ်ဂူနားတစ်ဝိုက်သွားကာ မိစ္ဆာဝိညာဉ်အသိပ်သည်းဆုံးနေရာကို ရှာလိုက်၏။ ခဏတစ်ဖြုတ်တူးပြီးနောက် သူမသည် သံချေးတက်နေသော သံသေတ္တာကို တူးထုတ်လိုက်သည်။ သူမ သေတ္တာကို ဖွင့်လိုက်ချိန်တွင် အနံ့အသက်က ထွက်လာလေ၏။ သူမအနည်းငယ် ပျို့အန်ချင်လာကာ ပါးစပ်နှင့် နှာခေါင်းကို အမြန်ပိတ်လိုက်၏။ ချင်ယွီစွေက ရောက်လာပြီး ပြောလိုက်တော့သည်။
“အဆင်ပြေရဲ့လား”
ယွင်ယွီက ခေါင်းခါလိုက်လေ၏။
“စိတ်မပူပါနဲ့ အနံနံ့ရုံပဲ။ ဒီထဲမှာ တစ်ခုခု ရှိနေတာပဲ ဖြစ်မယ်”
ထိုသို့ ပြောပြီးနောက် သူမရှေ့ရှိ သံသေတ္တာကို ငုံကြည့်လိုက်လေ၏။ အထဲ၌ ပစ္စည်းများစွာရှိပြီး သွေးများ စွန်းထင်းနေလေသည်။ တစ်စုံတစ်ခုကို အဝါအဆောင်ဖြင့် ပတ်ထားလေ၏။ သူမ အဝါရောင်အဆောင်ကို ထုတ်လိုက်ပြီး ကြည့်လိုက်တော့သည်။ ၎င်း၌ တိရစ္ဆာန်အရိုးများ ပါနေသည်။ ၎င်းသည် ကြောင်နက်တစ်ကောင်၏ အရိုးဖြစ်မည်မှန်း သူမ ခန့်မှန်းမိသွား၏။ ကြောင်နက်များက အလွန်ဆုတ်ယုတ်ပြီး အငြိုးအတေးများစွာ ရှိသည်။
ထိုအပြင် အနီထပ်သေတ္တာထဲတွင် ကြိုးအနီဖြင့် ချည်ထားသည့် အဝါရောင်စာရွက် ဆယ်ခု ရှိ၏။ သူမ ကြိုးနီများကို ဖြည့်လျှက် အဝါရောင်စာရွက်များကို ဖြန့်လိုက်သည်။ ထိုပေါ်၌ မွေးနေ့၊ မွေးရက်များ ရေးထားလေသည်။ မွေးနေ့၊ မွေးရက်များကို ဖတ်ပြပြီး မေးလိုက်လေ၏။
“ဒါ ရှင်တို့ မိသားစုဝင်တွေရဲ့ မွေးနေ့လား”
ကျိုးရှောင်ရီ၏ဇနီးက စတင်ငိုယိုတော့သည်။
“ဒါ ကျွန်မသမီးလေးရဲ့ မွေးနေ့ပါ။ အဲဒီ ဖုန်းရွှေဆရာက ရက်စက်လိုက်တာ။ ကျွန်မတို့တွေက သူ့ကို ဆဲဆိုခဲ့တာကို ကျွန်မ့တူလေးနဲ့ သမီးက အပြစ်ကင်းပါတယ်။ ဘာကြောင့်များ သူတို့အားလုံးကို သတ်လိုက်ရတာလဲ”
ယွင်ယွီက ပြုံး၏။
“ဖုန်းရွှေဆရာက ရှင်တို့မွေးနေ့ကို မေးတာနဲ့ သူ့ကို ပေးလိုက်ရောလား။ ဘယ်လိုလုပ် မွေးနေ့တွေကို ကြုံရာကျပန်း ပေးနိုင်ရတာလဲ။ ဒီမှာ ၁၀ ခုရှိနေတယ်။ ဒါက ရှင်တို့ မိသားစုဝင် ၁၀ ယောက်ရဲ့ မွေးနေ့တွေ ဖြစ်လောက်တယ်”
မွေးနေ့၊ မွေးရက်များကို ဓားသွားများထဲ ထည့်ပတ်ထားတာ ဖြစ်သည်။ ကျိုးရှောင်ရီ၏ ဇနီးက ငိုယိုနေတော့သည်။
“အစတုန်းက ဖုန်းရွှေဆရာပြောတာ အုတ်ဂူရဲ့ တည်နေရာကို ရွေ့ဖို့ ကျွန်မတို့ မိသားစုဝင်ရဲ့ မွေးနေ့နဲ့ ဇာတာခွင်တွေ လိုတယ်လို့ ပြောတယ်။ သူက ကျွန်မတို့ မျိုးဆက်တွေ အကျိုးရှိစေဖို့ အုတ်ဂူရှေ့မှာ မီးရှို့ချင်တယ်လို့ ပြောတာ။ ကျွန်မတို့ ဘယ်သိမှာလဲ။ သူက သူ လိုချင်တယ်ပဲ ပြောခဲ့တာ”
ယွင်ယွီသည် ကြိုးနီဖြင့် ပတ်ထားသည့် ကျန်ရှိသော မွေးနေ့၊ မွေးရက်များကို ဖြည့်လိုက်ပြီး ခေါင်းမမော့ဘဲ ပြောလိုက်သည်။
“ရှင်က ဒီလောက် သတ္တိရှိတာ ဖုန်းရွှေဆရာကို စော်ကားပြီးတဲ့နောက် သူက သင်ရဲ့ မွေးနေ့၊ မွေးရက်တွေ တောင်းတာကို ပေးရဲသေးတယ်”
118 04
သူမ ကျန်သည့်များကို ဖြည့်လိုက်ရာ အတွင်းတွင် သံချေးတက်နေသည့် ဘရိတ်ဓားများ ရှိနေတာ တွေ့လိုက်ရသည်။
ကျိုးရှောင်ရီနှင့် သူ၏ ဇနီးက ပြင်းပြင်းပြပြ ငိုရှိုက်နေပြီး စွံ့အနေကြတော့သည်။
ယွင်ယွီက ကျန်သည့် ပစ္စည်းများကို ထုတ်လိုက်ပြီး တွင်းလေးထဲ၌ မြုပ်လိုက်၏။
ဤဖုန်းရွှေပညာရှင်က မည်သည့်အစီအရင်မှ မတည်ဆောက်ထားဘဲ လှည့်ကွက်တချို့ ဓားသွားနှင့် ဇာတာ ရှစ်ခုကိုပါ ထည့်ထားပြီး သွေးစွန်းနေသည့် ဓားရှိ၏။ ထိုသွေးသည်လည်း ကြောင်နက်၏ သွေးဖြစ်လောက်၏။ ၎င်းက အုတ်ဂူ၏ ဖုန်းရွှေကို ဖျက်စီးရန် ဖြစ်ကာ ကြောင်နက်၏အရိုးကိုလည်း မြုပ်နှံထားသည်။ ကြောင်နက်၌ သိပ်သည်းသော ယင်စွမ်းအင်ရှိကာ အဖျက်စွမ်းအင်ကို ထိန်းချုပ်ထားသည်။ ယင်နှင့်ယန် မညီမျှမှုက ဆုတ်ယုတ်သော စွမ်းရည်ကို တဖြည်းဖြည်းချင်း ပေါက်ဖွားစေ၏။ ထိုကြောင့် ကျိုးမိသားစုဝင်များသည် အစောပိုင်းနှစ်များ၌ အဆင်ပြေနေပြီး အချိန်ကြာလာသည့်နှင့်အမျှ ကျိုးမိသားစု၏ ဘိုးဘေးအုတ်ဂူတွင် မိစ္ဆာစွမ်းရည်များ ပိုမို စုဝေးလာကာ ကျိုးမိသာစုက ကံပိုဆိုးလာ၏။ မိသားစုဝင်များ သေတာ ပိုမြန်လာတာပဲ ဖြစ်သည်။
၎င်းသည် အတော်လေး ရက်စက်သော လှည့်ကွက်တစ်ခု ဖြစ်၏။
ယွင်ယွီသည် ထိုပစ္စည်းများအားလုံးတွင် သံသေတ္တာကို ကျိုးရှောင်ရီအား ပေးလိုက်၏။
“ဒါတွေကို ပြန်ယူသွားပြီး ၇ ရက် နေပြထား။ ရှင့်မိသားစု ပြဿနာတွေ နှောင်ကျ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”
ကျိုးရှောင်ရီက သူ့ကို ထပ်တလဲလဲ ကျေးဇူးတင်စကားပြော၏။ သူက စိတ်ရော ကိုယ်ပါ မောပန်း နွမ်းနွယ်နေပြီဖြစ်ကာ အလွန် ဝမ်းနည်းနေတော့သည်။
“လမ်းလျှောက်ရင်း စကားပြောရအောင်”
ယွင်ယွီသည် ချင်ယွီစွေ၏လက်ကို တွဲကိုင်ထားလျှက် တောင်အောက် ဆင်းသွားလိုက်သည်။ သူမ ဆက်ပြောလိုက်လေ၏။
“ဒီဘိုးဘေးအုတ်ဂူမှာ ဘာပြဿနာမှ မရှိဘူး။ နေရောင်ပိုရလာရင် မိစ္ဆာဝိညာဉ်က ပျောက်သွားပြီး ကျိုးမိသားစုရဲ့ ဖုန်းရွှေ တိုးတက်လာလိမ့်မယ်။ ရှင်တို့အိမ်ရဲ့ ဖုန်းရွှေက အတွက်တော့ သလဲသီးအပင်ကို ခြံဝန်းအပြင်ဘက် အရှေ့တောင်ဘက်ကို ရှေ့ဘက်ကို ရွေ့လိုက်။ ပြီးရင် မူလ သလဲအပင် စိုက်ထားတဲ့ နေရာမှာ ရေစည်လေးတစ်ခု ထားထားလိုက်”
ကျိုးရှောင်ရီက ခေါင်းညိတ်လျှက် ယွင်ယွီကို ကျေးဇူးတင်နေလေ၏။ သူ၏ဇနီးလည်း ထိုအတိုင်းပင်။ တစ်မိသားစုလုံး ယခုအခေါက်တွင် သင်ခန်းစာ ရသွားပြီ ဖြစ်သည်။
ကျိုးအိမ်သို့ ရောက်သောအခါ ကျိုးရှောင်ရီသည် နေရောင်ထဲတွင် သံသေတ္တာထဲရှိ ပစ္စည်းများကို ချထားလိုက်၏။
ပြီးနောက် ကျိုးရှောင်ရီက မေးလိုက်သည်။
“ဆရာ ဒီတစ်ခေါက် ဘယ်လောက် ပေးရမလဲ”
သူ မည်မျှ တောင်းစေကာမှု လက်ခံနိုင်၏။ ဆရာသခင်ယွင်ကြောင့်သာ မဟုတ်လျှင် သူတို့ ကျိုးမိသားစုထဲရှိ ကျန်သည့် ငါးယောက်က နောင်နှစ်အထိ အသက်မရှင်လောက်ပေ။
ယွင်ယွီက အလွန်အကျွံ မတောင်းခဲ့ပေ။
“ယွမ်လေးသောင်း ပေးပါ။ ရှင့်ဆွေမျိုးသားချင်းတွေရဲ့ ဝိညာဉ်ကို ဘဝကူးကောင်းအောင် ကူညီပေးမယ်။ ရုတ်တရက် သေသွားတဲ့ လူတွေက ပြန်လည်မွေးဖွားနိုင်မှာ မဟုတ်ဘူး”
သူမသည် ကျိုးမိသားစု၏ ငွေရေးကြေးရေး အခြေအနေကို တွက်ချက်ခဲ့၏။ ယွမ်လေးသောင်း တတ်နိုင်လောက်သည်။
ကျိုးရှောင်ရီက အမြန်ခေါင်းညိတ်လိုက်တော့သည်။
“ကောင်းပါပြီ ဆရာသခင်။ ကျေးဇူးပါ ဆရာ။ အခု ဘဏ်သွားပြီး ပိုက်ဆံယူလိုက်ပါ့မယ်။ အခု ပို့လိုက်မယ်နော်”
ယွင်ယွီက သေဆုံးသွားသည့် ကျိုးမိသားစုဝင်တို့၏ ဝိညာဉ်တို့အတွက် ဆုတောင်းပေးရန် နေချင်သည်။ သူမ ခေါင်းညိတ်ပြလျှက် ကျိုးရှောင်ရီက ပိုက်ဆံထုတ်ရန်အတွက် မြို့တက်ဖို့ သူ၏မော်တော်ဆိုင်ကယ်ကို မောင်းသွားလိုက်တော့သည်။
******