အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁)
ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်း။
မုကျားရွာသစ်တွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် လူအများ၏ အာရုံသည် ငါးရံ့ နက် နည်းပညာကုမ္ပဏီထံသို့ ရောက်ရှိသွားခဲ့လေသည်။
ကောင်းယွမ် မည်သို့ တုံ့ပြန်မည်ကို လူတိုင်းက စောင့်ကြည့်နေခဲ့ကြပေ၏။
ယခုအခါ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အမေရိကန်ကို ရည်ရွယ်သည့် မသက်ဆိုင်သယောင် ထင်ရ သော ဝေ့ပေါ်ပို့စ်တစ်ခုကို တင်လိုက်လေသည်။
သို့သော်လည်း ရှနိုင်ငံ၊ မုကျား၌ ဖြစ်ပွားခဲ့သော ကြီးလေးသည့် ဖြစ်စဉ်မှာ ၎င်းတို့နှင့် လုံးဝ မသက်ဆိုင် ကြောင်း အမေရိကန်ဘက်က တရားဝင် တုံ့ပြန်လာခဲ့လေ၏။
ထိုအချိန်တွင် အများပြည်သူ ရှေ့မှောက်မှ ပျောက်ကွယ်နေခဲ့သော အစွန်းရောက်အဖွဲ့တစ်ဖွဲ့က မုကျား ကို တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံလာခဲ့ပေသည်။ ထိုတိုက်ခိုက်မှုမှာ ၎င်းတို့ ပြန်လည်ရောက်ရှိလာကြောင်း ပြသရန်နှင့် ငါးရံ့နက် နည်းပညာကုမ္ပဏီက နိုင်ငံတော်သို့ ပေါင်းစပ်စွမ်း အင် နည်းပညာကို လှူဒါန်းလိုက်သည့်အပေါ် မကျေနပ်ကြောင်း ဖော်ပြရန် ဖြစ်သည်ဟု ဆိုခဲ့လေ၏။
နိုင်ငံတော်ကလည်း လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုတွင် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများကို စတင် တိုးမြှင့်လုပ်ဆောင်လာခဲ့လေသည်။
သို့သော်လည်း ဤမျှနှင့် လုံလောက်မည် မဟုတ်ကြောင်းမှာ ထင်ရှားနေပေသည်။
လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ကောင်းယွမ်သည် အမေရိကန်၏ လေယာဉ်တင်သင်္ဘောကို ဖျက်ဆီးပစ်ခဲ့ ကြောင်း လူတိုင်းက သိထားကြလေသည်။
သို့သော် အစွန်းရောက်အဖွဲ့များသည် အမေရိကန်အစိုးရနှင့် မတူဘဲ အရိပ်ထဲတွင် လျှို့ဝှက်စွာ လှုပ်ရှား တတ်ကြပေသည်။
ထို့အပြင် ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို ကာကွယ်ရန် ခက်ခဲပြီး အစွန်းရောက်အနည်းငယ်ကြောင့် ဒေသ တစ်ခုအတွင်းရှိ သန်းပေါင်းများစွာသော လူများ သွားလာလှုပ်ရှားမှုကို အလုံးစုံ တားမြစ်ပိတ်ပင်ရန်မှာ လည်း မဖြစ်နိုင်ပေ။
ကောင်းယွမ်သည် ရုံးခန်းသို့ ပြန်ရောက်သည့်အခါ သူ၏ စက်ရုပ်များကို အစွန်းရောက်များ၏ ပုန်းခိုရာ နေရာကို စတင်ရှာဖွေရန် အမိန့်ပေးလိုက်လေသည်။
သို့သော် ထိုအစွန်းရောက်များသည် အလွန်ပင် လျှို့ဝှက်စွာ နေထိုင်ကြသဖြင့် စက်ရုပ်များနှင့် ကွန်ရက် နည်းပညာများက ဤခေတ်တွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေနိုင်သော်ငြားလည်း ၎င်းတို့၏ ပုန်းခိုရာ နေရာများကို ရှာဖွေရန် အချိန်အနည်းငယ် ကြာမြင့်နိုင်ပေသည်။
ကောင်းယွမ်သည် အကူအညီတောင်းရန်အတွက် အနာဂတ်ကမ္ဘာသို့ ပြန်ရန် ပြင်ဆင်နေခဲ့လေသည်။
ထိုစဉ် သူ၏ဖုန်းမှာ မြည်လာခဲ့လေ၏။
ဖုန်းကို ဖြေဆိုလိုက်သောအခါ ဖုန်းခေါ်ဆိုသည့် နံပါတ်မှာ အမည်မသိနံပါတ် ဖြစ်နေခဲ့ပေသည်။
"ဘယ်သူလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"မင်္ဂလာပါ မစ္စတာကောင်း... ကျွန်မက အန်းနီပါ..."
*အန်းနီဆိုတာက ဘယ်သူလဲ…*
နိုင်ငံခြားသူ နာမည်နှင့် တူသော်လည်း ပြည်ပတွင် အန်းနီဟူသော နာမည်နှင့် လူပေါင်း သန်းဆယ်ချီထက် မနည်း ရှိနိုင်ပေသည်။ ဤအန်းနီဆိုသည်မှာ မည်သူမည်ဝါမှန်း သူ မသိပေ။
"ကျွန်မက အမေရိကန် သမ္မတပါ..."
ကောင်းယွမ် ပြုံးလိုက်လေ၏။
"ငါကလည်း စကြဝဠာကြီးရဲ့ ဘုရင်ပဲ..."
"မစ္စတာကောင်း... ရှင်က တကယ်ပဲ စကြဝဠာရဲ့ ဘုရင်ပါ... ကျွန်မ ရှင့်ဆီက အကူအညီတောင်းချင်လို့ ပါ... ကျွန်မရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ရှနိုင်ငံမှာရှိတဲ့ အစွန်းရောက်အဖွဲ့တစ်ခုရဲ့ လျှို့ဝှက်စခန်းကို ရှင့်ဆီ ပေးပါမယ်..."
ကောင်းယွမ်သည် ခဏမျှ မှင်သက်သွားခဲ့လေသည်။
မကြာမီမှာပင် တစ်ဖက်လူသည် တည်နေရာတစ်ခုကို ပေးပို့လာခဲ့ပေ၏။
ကောင်းယွမ်သည် ထိုတည်နေရာကို စစ်ဆေးရန် စက်ရုပ် ဝမ်ရှီဆန်းကို ချက်ချင်း ညွှန်ကြားလိုက်လေ သည်။ တစ်ချိန်တည်းမှာပင် ထိုတည်နေရာကို စောင့်ကြည့်ခွဲခြမ်းစိတ်ဖြာရန် ဂြိုဟ်တုများကို အသုံးပြု လိုက်လေ၏။
"မစ္စတာကောင်း... ကျွန်မကို ယုံကြည်ပါ... အမေရိကန်မှာ ကျွန်မက ရှင့်အတွက် သစ္စာအရှိဆုံး လုပ်ဖော် ကိုင်ဖက်ပါ..."
ကောင်းယွမ်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်လေသည်။ တည်နေရာ အမှန်တကယ် ဟုတ်မဟုတ် သိရှိ နိုင်ရန်အတွက် ရလဒ်ကို သူ စောင့်ကြည့်ချင်နေခဲ့ပေ၏။
အကယ်၍သာ အမှန်ဖြစ်ခဲ့လျှင် ယခု သူနှင့် စကားပြောနေသူမှာ အမေရိကန်၏ သမ္မတသစ် အမှန် တကယ်ပင် ဖြစ်နေနိုင်ပေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...။
ဝမ်ရှီဆန်းက ရောက်လာပြီး ပြောလိုက်လေ၏။
"သူဌေး... အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးပါပြီ... အဲဒီနေရာမှာ အဖွဲ့အစည်းတစ်ခု ရှိနေတာ အမှန်ပါ ပဲ... ဒါပေမဲ့ ကျွန်တော်တို့ ရှာနေတဲ့ အစွန်းရောက်အဖွဲ့ ဟုတ်မဟုတ် ဆိုတာကိုတော့ ထပ်ပြီး အတည်ပြု ဖို့ လိုပါသေးတယ်..."
ထိုတည်နေရာမှာ အလွတ်သဘော ဖန်တီးထားခြင်းမျိုး မဟုတ်သဖြင့် ကောင်းယွမ်သည် တော်တော် လေး တိကျမှန်ကန်ကြောင်း သိလိုက်လေသည်။ သူ့ကို လှည့်စားရန် ကြိုးစားနေခြင်းက အကျိုးမရှိနိုင် ပေ။
"မင်း ဘာလိုချင်တာလဲ..."
ကောင်းယွမ်က မေးလိုက်လေ၏။
"ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ မစ္စတာကောင်း... အမေရိကန်မှာ ကျွန်မ နေရာခိုင်မြဲအောင် ကူညီပေးပါ... မစ္စတာကောင်း လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ အပါအဝင် သမ္မတနေရာကို ရယူနိုင်ဖို့အတွက် အတားအဆီး အားလုံးကို ကျွန်မ ရှင်းလင်းပေးပါ့မယ်... ပြီး တော့... အကောင်းဆုံး အခွင့်အရေးတွေပါ ရစေရမယ်..."
ဤစကားကို ကြားသောအခါ ကောင်းယွမ်မှာ အနည်းငယ် မယုံနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
*ဘယ်လိုဖြစ်တာလဲ…*
*အမေရိကန် သမ္မတက ငါနဲ့ ပူးပေါင်းချင်နေတာတဲ့လား…*
"ငါက ဘယ်လိုမျိုး ထောက်ပံ့ပေးရမှာလဲ…"
"ကျွန်မကို လူပိုသိလာစေဖို့နဲ့ ထောက်ခံမှုနှုန်း မြင့်တက်လာအောင် ရှင့်ရဲ့ အရင်းအမြစ်တွေကို သုံးပြီး ကူညီပေးပါ... လိုအပ်ရင် အတားအဆီးတွေကို ဖယ်ရှားနိုင်ဖို့ ရှင့်ရဲ့ အင်အားကိုလည်း ကျွန်မ လိုအပ် တယ်... သေချာတာပေါ့... ဒီအတားအဆီးတွေက အမေရိကန် ပြည်တွင်းမှာပဲ ကန့်သတ်ထားတာပါ..."
ဤစကားများကို ကြားပြီးနောက်...။ ကောင်းယွမ် အကြမ်းဖျင်း နားလည်သွားခဲ့ပေသည်။ ဤမိန်းမ သည် အမေရိကန်၏ ဧကရီ ဖြစ်ချင်နေပုံရလေ၏။
"မင်းက ငါ့ကို ဘာလို့ ယုံကြည်ရတာလဲ..."
"ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ရန်သူတွေက တစ်သားတည်း ဖြစ်နေလို့ပဲ... ရှင်သိတဲ့အတိုင်း ရှင့်ရဲ့ ရန်သူက ကျွန်မ မဟုတ်ပါဘူး... အမေရိကန်ရဲ့ ကဏ္ဍတိုင်းမှာ နေရာယူထားတဲ့ အထက်တန်းလွှာ စီးပွား ရေးလုပ်ငန်းစုကြီးတွေ ဖြစ်ပါတယ်... ပြည်တွင်းက အတားအဆီးတွေကို ကျွန်မ ရှင်းလင်းဖို့ လိုအပ်သ လို ရှင်ကလည်း အမေရိကန်မှာ ရှင့်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးမယ့် လုပ်ဖော်ကိုင်ဖက် တစ်ယောက် လိုအပ်နေတယ်... ကျွန်မထက် ပိုပြီး သင့်တော်တဲ့သူ မရှိဘူးလို့ ကျွန်မ ယုံကြည်တယ်..."
အန်းနီ၏ သဘောထားမှာ အံ့ဩစရာကောင်းလောက်အောင် နှိမ့်ချလွန်းနေခဲ့ပေသည်။
စကားများက ဤအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
"ဒါဆိုရင် ငါ မနက်ဖြန် အမေရိကန်ကို အပြစ်ပေးတော့မယ်... ကာကွယ်ရေးဝန်ကြီးဌာနကို မီးရှို့ပစ်ရင် သင့်တော်မယ်လို့ မင်း ထင်လား..."
ကောင်းယွမ်က မေးလိုက်လေသည်။
သူသည် အန်းနီ၏ ရိုးသားမှုကို စမ်းသပ်နေခြင်း ဖြစ်၏။
"သင့်တော်မယ်လို့ ကျွန်မ ထင်တယ်... လက်ရှိမှာ အမေရိကန် စစ်တပ်ကို ကျွန်မ ထိန်းချုပ်ထားနိုင်ခြင်း မရှိဘူး... ကာကွယ်ရေးဝန်ကြီးဌာနမှာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ကာကွယ်ရေးဝန်ကြီးက အစိုးရအဖွဲ့ ရဲ့ အစိတ်အပိုင်း ဖြစ်နေတော့ မျက်နှာပန်းလှရုံ သက်သက်ပဲ ရှိနေတဲ့ ကျွန်မက လူနည်းစု ဖြစ်နေတာ လေ... လက်ရှိ ကာကွယ်ရေးဝန်ကြီးသာ ဒုက္ခရောက်သွားမယ်ဆိုရင် အဲဒီနေရာမှာ ကျွန်မလူကို အစား ထိုးပြီး စစ်တပ်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ရေးအာဏာကို ဖြည်းဖြည်း ချင်း လွှမ်းမိုးယူလို့ ရသွားပြီ..."
ဤစကားကို ကြားသောအခါ ကောင်းယွမ်မှာ အနည်းငယ် ဆွံ့အသွားခဲ့ရလေသည်။
*တကယ်ပဲ အဲ့ဒီလို ဖြစ်နိုင်ပါ့မလား…*
"ကောင်းပြီ... အဲဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့... သတင်းအချက်အလက်အတွက် ကျေးဇူးပဲ... ဒါက ငါတို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဆိုတော့ မင်းအတွက် အမေရိကန်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကို ငါ ရှင်းလင်းပေးပါ့မယ်..."
"ကျွန်မတို့ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်... ပြီးတော့ ကျွန်မရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ မစ္စတာကောင်းဆီက လူတစ်ယောက်လောက် စေလွှတ်ပေးဖို့လည်း မျှော်လင့်မိပါ တယ်..."
*ဟင်…*
*ဒါက ကိုယ်တိုင် ပါဝင်ပတ်သက်ရမယ့် ကိစ္စမျိုးလား…*
*ကာကွယ်မှု တောင်းခံနေတဲ့ လူများ ရှိနေသေးတာလား..*
*ခေါင်းဆောင်အန်းနီက အန္တရာယ်ကို ခံစားသိရှိနေနိုင်တာများလား…*
"သမ္မတအိမ်တော်က အစည်းအဝေး မှတ်တမ်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ မစ္စတာကောင်း ဆီ ပေးပို့သွားပါ့မယ်..."
ကောင်းယွမ်သည် ဤစကားကို ကြားလိုက်ရလေ၏။
အကယ်၍ အန်းနီက သူစေလွှတ်လိုက်မည့် လူများကို အမှန်တကယ် လက်ခံပြီး အတွင်းရေး အစည်း အဝေးများကိုပါ ဖွင့်ချပြမည်ဆိုလျှင် သူမ၏ ရိုးသားမှုမှာ သိသာထင်ရှားလှပေသည်။
သို့သော် ယခုအချိန်တွင် ယုံကြည်မှုအကြောင်း ပြောရန် စောလွန်းနေသေးပေ၏။ မိမိဘက်မှ လူများ ရောက်ရှိသွားမှသာလျှင် ယုံကြည်စိတ်ချရမှု ရှိမရှိကို သိနိုင်ပေလိမ့်မည်။
"ကောင်းပြီ... မနက်ဖြန် အမေရိကန်ရဲ့ သမ္မတအိမ်တော်ဆီကို လူတစ်ယောက် ငါ လွှတ်လိုက်မယ်..."
"ကျေးဇူးတင်ပါတယ် မစ္စတာကောင်း..."
ဖုန်းချသွားပြီးနောက်...။
ကောင်းယွမ်သည် မယုံနိုင်သေးသည့် အသွင် ဖြစ်နေခဲ့လေသည်။
ဤကမ္ဘာကြီးမှာ သူ ထင်မှတ်ထားသည်ထက်ပင် ပို၍ ထူးဆန်းနေပေ၏။ အမေရိကန် သမ္မတက အမေရိကန်များကို ဖြေရှင်းရန်အတွက် သူနှင့် ပူးပေါင်းရန် အမှန်တကယ်ပင် တောင်းဆိုလာခဲ့ခြင်းဖြစ် လေသည်။
ထိုစဉ် ဝမ်ရှီဆန်း လျှောက်လာခဲ့၏။
"သူဌေး... ခုနက တွေ့ခဲ့တဲ့ နေရာက ရှနိုင်ငံက အစွန်းရောက်အဖွဲ့တစ်ခုရဲ့ စခန်းဖြစ်ကြောင်း အတည်ပြု ပြီးပါပြီ..."
ကောင်းယွမ် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် သူသည် အာကာသဘက်စ်ကား တစ်စီး တောင်းခံရန် အနာဂတ်ကမ္ဘာသို့ သွားလိုက်လေ၏။ ဤယာဉ်မှာ သဘာဝအားဖြင့် စစ်သင်္ဘောတစ်စင်းနှင့် နှိုင်းယှဉ်၍မရသော်လည်း ၎င်း၏ အားသာချက် မှာ သေးငယ်ပြီး လူအများ သတိမထားမိနိုင်ခြင်းပင် ဖြစ်ပေသည်။
စစ်သင်္ဘောများသည် လက်ရှိတွင် သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်ရေးအင်အား ဖြစ်ပြီး တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် ဆူးမိသားစုက သိရှိသွားမည် ဖြစ်သည်။ ၎င်းတို့၏ သံသယကို ရှောင်ရှားနိုင်ရန် သူသည် မကြာခဏ ပျောက်ကွယ်နေတတ်လေ၏။
သို့သော် အာကာသဘက်စ်ကားမှာမူ ကွာခြားပေသည်။ အနာဂတ်ကမ္ဘာတွင် ဤယာဉ်မှာ အများပြည်သူ သုံး ဘတ်စ်ကားနှင့် တူညီလေ၏။
မည်သည့် သြဇာကြီးမားသူကမျှ ဘတ်စ်ကားတစ်စီး မည်သည့်နေရာသို့ သွားနေသည်ကို ဂရုစိုက်နေ မည် မဟုတ်ပေ။
ကောင်းယွမ်သည် ဤအစွန်းရောက်အဖွဲ့အား နှိမ်နင်းရာတွင် ကိုယ်တိုင် ဦးဆောင်မည် ဖြစ်လေသည်။ ဤသည်မှာ လူတိုင်းအတွက် သတိပေးချက်တစ်ခု ဖြစ်ပေ၏။ သူ့အနီးအနားတွင် ပြဿနာရှာရဲသူ မည်သူ့ ကိုမဆို ကြွက်တစ်ကောင် ဖြစ်နေလျှင်ပင် မြေလှန်ရှာဖွေကာ အရေခွံခွာ၍ အပိုင်းပိုင်း ခုတ်ထစ် ပစ်မည်သာ ဖြစ်လေသည်။
ထို့အပြင် နိုင်ငံအတွင်း ဤကဲ့သို့သော အစွန်းရောက်အဖွဲ့အစည်းများ ရှိနေခြင်းက ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပေသည်။
အာကာသဘက်စ်ကားသည် ညအမှောင်ထုထဲတွင် မုကျားမှ ထွက်ခွာသွားခဲ့လေ၏။ လက်စားချေမှုမှာ လျင်မြန်လှပေသည်။ ၎င်းတို့က တိုက်ခိုက်မှုအတွက် တာဝန်ယူရဲသည်ဆိုမှတော့ သေရန်အတွက်လည်း ပြင်ဆင်ထားသင့်ပေသည်။
လေဆာလက်နက်များ ကိုင်ဆောင်ထားသည့် လုံခြုံရေးစက်ရုပ် ဒါဇင်ပေါင်းများစွာသည် အာကာသ ဘက်စ်ကားပေါ်တွင် ထိုင်နေကြပြီး ကောင်းယွမ်ကမူ စက်ရုပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့လေသည်။
အာကာသဘက်စ်ကားသည် မုကျားမှ ပျံတက်သွားကာ ကမ္ဘာနှင့် နီးကပ်သော ပတ်လမ်းကြောင်းသို့ ရောက်ရှိသွားပြီး ကမ္ဘာကို စတင်ပတ်နေခဲ့လေ၏။ တစ်နာရီခန့် ကြာပြီးနောက် ဉာဏ်ရည်တုစနစ်က အောက်သို့ဆင်းရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြသလာခဲ့လေသည်။
အောက်ဖော်ပြပါ နေရာသည် ဤခရီးစဉ်၏ ဦးတည်ရာပင် ဖြစ်ပေ၏။
ကောင်းယွမ်သည် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားခဲ့လေသည်။ သူ ဤကဲ့သို့ တိတ်တဆိတ် သွားနေ မည်ဆိုလျှင် မည်သူက ကြောက်ရွံ့နေမည်နည်း။ ကမ္ဘာတစ်ဝန်း တိုက်ရိုက် ထုတ်လွှင့်မှုကို အဘယ် ကြောင့် မစတင်ရမည်နည်း။
ကောင်းယွမ်သည် ကျားဝူကို ချက်ချင်း ဆက်သွယ်လိုက်ပြီး သူ၏ အစွန်းရောက်အဖွဲ့ နှိမ်နင်းရေး လုပ်ငန်းစဉ် ရုပ်သံများကို ဂြိုဟ်တုမှတစ်ဆင့် ကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်ခိုင်းလိုက် လေသည်။
မည်သို့ပင်ဖြစ်စေ ကောင်းယွမ်မှာ စက်ရုပ်ဝတ်စုံအတွင်း၌ ရှိနေသောကြောင့် အတွင်း၌ ထိုင်နေသူမှာ သူဖြစ်ကြောင်း မည်သူ သိနိုင်မည်နည်း။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ဆိုလျှင် မကြာခဏ မြင်တွေ့နေရသည့် စက်ရုပ်အချို့၏ မျက်နှာများကို ပြောင်းလဲပစ်ရန် လိုအပ်ပေလိမ့်မည်။