← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃)

စက်ရုပ်ဝတ်စုံများ ပေါ်ထွက်လာခြင်း။

မြေအောက်စခန်းအတွင်း၌ သေနတ်များကို ကိုင်ဆောင်ထားသော လူငယ်ရာပေါင်းများစွာတို့သည် ကောင်းယွမ်နှင့် စက်ရုပ်များဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာခဲ့ကြလေသည်။

သို့သော်လည်း တိုက်ခိုက်မှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်မှာ သေချာလှပေ၏။ လူအရေအတွက် မှာ ပို၍ များပြားလာခဲ့လေသည်။

တစ်စုံတစ်ယောက်သည် ချာမူ၏ ရုံးခန်းအတွင်းသို့ အပြေးအလွှား ဝင်လာခဲ့လေ၏။

"မြန်မြန်... ဒီနေရာကနေ ထွက်သွားကြစို့... တစ်ယောက်ယောက် ဝင်လာနေပြီ..."

ချာမူ၏ မျက်လုံးများမှာ ဒေါသကြောင့် မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ဖြစ်နေခဲ့လေသည်။

"ဘယ်သူလဲ... ဘယ်သူတွေ တိုက်ခိုက်တာလဲ..."

"ကျွန်တော် မသိဘူး... ကျွန်တော်လည်း မသိဘူး... သူတို့အားလုံးက အထူးတပ်ဖွဲ့ဝင်တွေပဲ... ပြီးတော့ စက်ရုပ်ဝတ်စုံကိုတောင် ကျွန်တော် မြင်လိုက်ရတယ်... ကျွန်တော်တို့ နိုင်မှာ မဟုတ်ဘူး... ဆုတ်ခွာကြ စို့..."

ရိုင်ကောင်းသည် မည်သည့် အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု ထင်မှတ်ထားခဲ့လေ ၏။ သူမသည် အခမ်းအနားတစ်ခုတွင် ပါဝင်ခဲ့ပြီး လူတစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူးပေသည်။ သို့ သော် ယခုအခါ သူမ၏ ညီအစ်ကို မောင်နှမ များ သူမ၏ မျက်စိရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးနေသည်ကို မြင်တွေ့နေခဲ့ရလေသည်။

သူမ ကြောက်ရွံ့သွားခဲ့လေ၏။

စခန်းတွင် အဝင်အထွက် သုံးပေါက်ရှိသော်လည်း ရန်သူက တစ်ပေါက်ကိုသာ ထိန်းချုပ်ထားသော ကြောင့် ရိုင်ကောင်းသည် အခြား ထွက်ပေါက်များဆီသို့ ပြေးသွားခဲ့လေသည်။

ညအမှောင်ကို အကာအကွယ်ယူ၍ သူမ ထွက်ပြေးလွတ်မြောက်နိုင်ရန် မျှော်လင့်မိနေလေ၏။

အခြား ထွက်ပေါက်တစ်ခုမှ ခဏမျှ စောင့်ကြည့်ပြီးနောက် အန္တရာယ် တစ်စုံတစ်ရာ ခံစားရခြင်းမရှိသ ဖြင့် ရိုင်ကောင်းသည် ထွက်ခွာရန် အသင့်ပြင်ကာ အလျင်အမြန် ထွက်လာခဲ့လေသည်။ ထိုစဉ် အဖြူ ရောင် အလင်းတန်းတစ်ခု လက်သွားခဲ့ပေ၏။ သူမ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် အနည်းဆုံး လူငါးဦးခန့် လဲကျနေသည်ကို မြင်လိုက်ရပြီး သူတို့အားလုံးမှာ သူမ၏ လူများသာ ဖြစ်နေခဲ့လေသည်။

ရိုင်ကောင်း၏ နောက်ဆုံး တွေးတောမိသော အရာမှာ သူမကို တိတိကျကျ မည်သည့်အရာက တိုက်ခိုက် သွားသနည်း ဆိုသည်ပင် ဖြစ်ပေ၏။

အကယ်၍သာ ကောင်းယွမ် ဤနေရာတွင် ရှိနေခဲ့ပါက အပြင်ဘက်ရှိ ထိုအရာကို လက်နက်တပ်ဆင် ထားသော ကင်းထောက်ဒရုန်းဟု ခေါ်ကြောင်း၊ ၎င်းသည် ရန်သူများကို အလိုအလျောက် ခြေရာခံနိုင်ပြီး ကိုယ်ပျောက်နိုင်စွမ်းလည်း ရှိကြောင်း ရှင်းပြမည်မှာ သေချာလှပေသည်။ ဤသည်မှာ အိမ်နှင့် ခရီးသွား လာရာတွင် မရှိမဖြစ် လိုအပ်သော ကိရိယာလေးတစ်ခု ဖြစ်လေ၏။

...

တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ မှင်သက်သွားခဲ့ကြလေသည်။

"ဒါက ရုပ်ရှင်ကားကြီး တစ်ကားလား... ဒါမှမဟုတ် အဖြစ်အပျက် အစစ်ကြီးလား..."

"ဒီလောက် အုတ်အော်သောင်းနင်း ဖြစ်နေတာ ရုပ်ရှင်ရိုက်နေတာတော့ မဖြစ်နိုင်ဘူးမလား... ပြီးတော့ ဒါက တိုက်ရိုက် ထုတ်လွှင့်မှုလေ..."

"ငါက သဲကန္တာရ အစွန်အဖျားမှာ နေပြီး ဧည့်လမ်းညွှန် လုပ်နေတာ... ဗီဒီယိုထဲက ရွာ ဘယ်နားမှာရှိလဲဆို တာ ငါ သိတယ်... အခုပဲ အဲဒီကို ကားမောင်းသွားလိုက်တာ အဝေးကနေ လူတွေ တိုက်ခိုက်နေကြတာ ကို မြင်လိုက်ရတယ်..."

ထို့နောက် ထိုသူက သူ၏ ဖုန်းမှတစ်ဆင့် ဗီဒီယိုတစ်ခုကို တင်လိုက်လေသည်။

အောက်ဘက်တွင် မှတ်ချက်များ အလျင်အမြန် ပေါ်ထွက်လာခဲ့ပေ၏။

"သက်သေ ပေါ်လာပြီဟေ့..."

"ဘုရားရေ... သူတို့ တကယ်ကြီး လုပ်နေကြတာပဲ... ဒါ တကယ် အံ့ဩစရာ မကောင်းဘူးလား..."

"ဒါက အစွန်းရောက်အဖွဲ့အစည်းနဲ့ တူတယ်မလား..."

"ဒါကို ငါ သက်သေခံနိုင်တယ်... ဒါက ငါးရံ့နက် နည်းပညာကုမ္ပဏီကို တိုက်ခိုက်ခဲ့တဲ့ အစွန်းရောက်အဖွဲ့ ပဲ... အောက်ဘက် နံရံပေါ်က ဆိုင်းဘုတ်ကို ကြည့်လိုက်ကြ..."

"ဒီလောက်တောင် မြန်တာလား... သူတို့က နေ့ခင်းဘက် တိုက်ခိုက်ခဲ့တာကို ငါးရံ့နက် နည်းပညာကုမ္ပဏီ က ညတွင်းချင်း ရှင်းပစ်လိုက်ပြီပေါ့... ငါးရံ့နက် နည်းပညာကုမ္ပဏီက ဟို အင်အားကြီး နိုင်ငံတွေထက် တောင် ပိုပြီး အစွမ်းထက်နေသေးတယ်..."

"ပေါက်ကရတွေ... ငါးရံ့နက် နည်းပညာကုမ္ပဏီဆိုတာ အမေရိကန်နဲ့တောင် ထိပ်တိုက် ရင်ဆိုင်နေတဲ့ ကုမ္ပဏီမျိုးပါကွ..."

ပြဇာတ် ကြည့်သကဲ့သို့ ကြည့်ရှုနေကြသော အင်တာနက် အသုံးပြုသူများနှင့် မတူပေ။

နိုင်ငံအသီးသီးမှ တာဝန်ရှိသူများသည်လည်း ဤတိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့ကြလေ၏။

အမေရိကန်တွင် ဗီဒီယိုကို ကြည့်ပြီးနောက် သူမ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သမ္မတ အန်းနီ ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

ယနေ့သာ သူမဘက်မှ သတင်းအချက်အလက်များ မပေးခဲ့ပါက ငါးရံ့နက် နည်းပညာကုမ္ပဏီက သူမ ကိုပါ အစားထိုး ရှင်းလင်းပစ်မည်လား မသိနိုင်ပေ။

ထို့အပြင် ဤစစ်ဆင်ရေးက ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ တိကျသော တိုက်ခိုက်မှု စွမ်းရည်များကို ပြသလိုက်ခြင်းပင် ဖြစ်လေ၏။ ၎င်းမှာ ကြယ်တာရာ စစ်သင်္ဘောလောက် အစွမ်းမထက်သော်လည်း ကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်နေသည့် အချက်ကပင် အလွန် အထင်ကြီးစရာ ကောင်းနေခဲ့ပေ သည်။

ဤသည်မှာ မည်သို့ အဓိပ္ပာယ်ရသနည်း။

ငါးရံ့နက် နည်းပညာကုမ္ပဏီက ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ကွန်ရက်ကို တန်ဖိုးမရှိဟု သတ်မှတ်ထား ကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။ မည်သူမဆို အသုံးပြုနိုင်သည်၊ ဝင်ရောက်ကြည့်ရှုနိုင်သည်၊ သို့မဟုတ် သူတို့ သဘောကျသလို ထိန်းချုပ်နိုင်သည်။ ဤအရာအားလုံးမှာ သူတို့ ဆန္ဒရှိမရှိ အပေါ်တွင်သာ မူတည် လေ၏။

အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးက အများပြည်သူ ထင်မြင်ယူဆချက်စစ်ပွဲတွင် အခြားသူများ နှင့် ယှဉ်ပြိုင်လိုသေးသည်ဟူသော အတွေးကြောင့် အန်းနီမှာ ရယ်မောမိသွားခဲ့လေသည်။ အကယ်၍ ကောင်းယွမ်ကသာ စည်းမျဉ်းများကို လိုက်နာခဲ့လျှင် ၎င်းမှာ တရားဝင် စီးပွားရေးစစ်ပွဲ တစ်ရပ် ဖြစ် လာမည် ဖြစ်ပြီး မလိုက်နာခဲ့ပါက အကြီးအကျယ် ရှုံးနိမ့်သွားမည်သာ ဖြစ်ပေ၏။

အရာအားလုံးသည် ကောင်းယွမ်၏ ဆုံးဖြတ်ချက် တစ်ချက်တည်းအပေါ်တွင်သာ မူတည်နေခဲ့လေ သည်။

ထို့အပြင် ဤတစ်ကြိမ်တွင် သေးငယ်သော စက်ရုပ်ဝတ်စုံ တစ်ခုကိုလည်း ပြသသွားခဲ့ပေ၏။

အထူး စစ်ဆင်ရေး တပ်ဖွဲ့များလည်း ပါဝင်သေးလေသည်။

ဤသည်မှာ လုံလောက်အောင် တုန်လှုပ်စရာ ကောင်းနေပြီဟု အန်းနီ ထင်မှတ်ထားခဲ့လေ၏။

သို့သော် နောက်တစ်ခဏတွင် တိုက်ရိုက် ထုတ်လွှင့်မှု၌ အမြီးပိုင်း ပါရှိသော ဘတ်စ်ကားနှင့် ဆင်တူ သည့် စတုရန်းပုံစံ ယာဉ်ပျံသည် ပျံတက်သွားခဲ့လေသည်။

၎င်း၏ အမြီးပိုင်းမှ လိမ္မော်ရောင်နှင့် အနီရောင် ရောစပ်နေသော မီးတောက်များ ပန်းထွက်လာကာ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်ပျံသန်းသွားခဲ့ပေသည်။

သူမ၏ ဦးနှောက်များ အလုပ်မလုပ်တော့သကဲ့သို့ ခံစားလိုက်ရလေသည်။

*ဘတ်စ်ကားတစ်စီးက ပျံသန်းနိုင်တယ်တဲ့လား… ပြီးတော့ အဲ့ဒါက ပျံသန်းနိုင်ရုံမကဘူး လေထုထဲက နေ ဖောက်ထွက်ပြီး အာကာသထဲကိုတောင် ရောက်သွားနိုင်တဲ့ပုံပဲ…*

*ဒီအရာရဲ့ နောက်ကွယ်က တွန်းကန်အားက ဘာဖြစ်နိုင်မလဲ…*

*ဝန်တင်ဆောင်နိုင်စွမ်းကကော ဘယ်လောက်ရှိနိုင်မလဲ…*

*ဒါဟာ ဘယ်လို အဆင့်မြင့် နည်းပညာမျိုး ဖြစ်နိုင်မလဲ….*

အန်းနီသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်လေတော့သည်။ ယခုအခါ သူမသည် မနက်ဖြန်တွင် သူမကို ကာကွယ်ရန် ကောင်းယွမ်က လူများ စေလွှတ်ပေးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေတော့လေ၏။

ကောင်းယွမ်က လူများ စေလွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ သစ္စာခံမှု ကတိကဝတ်မှာ ပြီး မြောက်သွားမည် ဖြစ်ပြီး လုပ်ကြံခံရမည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။

သူမသည် သမ္မတအဖြစ် ဆက်လက် တည်ရှိနေသရွေ့ သေရမည်ကို မကြောက်ရွံ့ဘဲ သူတို့၏ ငွေများကို မသုံးစွဲသမျှ ကာလပတ်လုံး သူမ ကြောက်စရာ ဘာမှ မရှိတော့ပေ။

သူက ဖခင်တစ်ဦးကိုသာ အသိအမှတ်ပြုထားသော်လည်း သူ၏ အထက်တွင်ရှိသော မရေမတွက်နိုင် သည့် ဖခင်များကိုမူ ဖြုတ်ချနိုင်စွမ်း ရှိပေ၏။

ဤအပေးအယူမှာ တန်ဖိုးရှိလှပေသည်။

ထိုအချိန်တွင် ဥရောပနှင့် ရုရှားဝက်ဝံကြီးတို့ နှစ်ဦးစလုံးက ဤကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ကြ လေ၏။ ရှနိုင်ငံ၏ အစိုးရရေးရာ ဗဟိုဌာနတွင် ကျိုးကျန်းလီသည် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုရင်း အတွေးနက်နေခဲ့လေသည်။ ကောင်းယွမ် ပြသလိုက်သော အင်အားမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ် နေခဲ့ပေသည်။

လကမ္ဘာပေါ်တွင် ချန်ထားရစ်ခဲ့သော ကြယ်တာရာ စစ်သင်္ဘော၏ သတင်းစကားကို ယခုအခါ ကမ္ဘာ တစ်ဝန်း တိုက်ရိုက် ထုတ်လွှင့်နေပြီ ဖြစ်လေသည်။ ကောင်းယွမ်၏ ဘတ်စ်ကားသည် ကမ္ဘာနှင့် နီးကပ် သော ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး မုကျားကျေးရွာဆီသို့ ပျံသန်းသွားကြောင်း ရှနိုင်ငံ အာကာသအေဂျင်စီထံမှ သတင်းပို့ချက်ကို ယခုလေးတင် သူ လက်ခံရရှိခဲ့လေသည်။

သာမန် ဘတ်စ်ကားတစ်စီးကပင် အာကာသထဲသို့ သွားနိုင်နေခဲ့ပေသည်။

ဤသည်မှာ စစ်မှန်သော အင်အားပင် ဖြစ်လေ၏။

ထိုသို့သော အင်အားမျိုးကို ကန့်သတ်၍ မရနိုင်ပေ။ ကောင်းယွမ်သည် အုပ်ချုပ်ရေးစနစ်ကို ဖြုတ်ချရန် ရည်မှန်းချက် မရှိသောကြောင့် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ အပြည့်အဝ ပူးပေါင်းဆောင် ရွက်ရန်သာ ဖြစ်ပေတော့သည်။

ကောင်းယွမ် မည်သို့ပင် လုပ်ဆောင်စေကာမူ တာဝန်ရှိသူများက သူ၏ ရှုပ်ထွေးမှုများကို အမြဲတမ်း ဖြေရှင်းပေးရမည်သာ ဖြစ်လေ၏။

ထို့ကြောင့်...၊

မကြာမီမှာပင် ရှနိုင်ငံက တရားဝင် သတင်းတစ်ရပ်ကို ထုတ်ပြန်လိုက်လေသည်။

[ယနေ့ည (၉) နာရီ (၁၂) မိနစ်အချိန်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ ခိုအောင်းနေသော အစွန်း ရောက်အဖွဲ့တစ်ခု၏ စခန်းကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဤအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရှန်းနန်ပြည်နယ် ကို တိုက်ခိုက်ခဲ့ကြောင်း နာရီအနည်းငယ်အလိုက ကြေညာခဲ့ခြင်း ဖြစ်ပါတယ်...]

[မုကျား စက်မှုဇုန်ကို တိုက်ခိုက်မှုကို ထိုအဖွဲ့အစည်းက တာဝန်ယူခဲ့ခြင်းဖြစ်ပါတယ်… ကျန်ရှိနေသော အဖွဲ့ဝင်များကို ဖမ်းဆီးရန်အတွက် လုံခြုံရေးတပ်ဖွဲ့များကို အဆိုပါဒေသသို့ စေလွှတ်ထားပြီး ထိုအဖွဲ့နှင့် အဆက်အသွယ် ရှိနိုင်သူများကိုလည်း ဒေသတွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်…]

ကောင်းယွမ် မုကျားသို့ ပြန်လည်ရောက်ရှိလာချိန်တွင် စက်မှုဇုန်မှာ မီးရောင်များဖြင့် လင်းထိန်နေခဲ့လေ သည်။ သူ၏ အာကာသဘက်စ်ကားသည် စက်မှုဇုန်နယ်မြေ၏ မြေကွက်လပ်တွင် ဆင်းသက်လာခဲ့ပြီး ကျန်းပိုင်ရီ က မုကျားကျေးရွာသူ ရွာသားများကို ဦးဆောင်ကာ ကောင်းယွမ် ပြန်လာခြင်းကို ကြိုဆိုခဲ့ကြ လေစသည်။

"ရွာသူရွာသားတို့... ခင်ဗျားတို့အတွက် ကျွန်တော် လက်စားချေပေးခဲ့ပါပြီ... ဒီလောကမှာ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲရှိနေပါစေ ကျွန်တော့်ကို ထိရဲတဲ့သူ မှန်သမျှကို သေချာပေါက် အပြတ်ရှင်းပစ် မယ်..."

ထိုနေရာ တစ်ဝိုက်တွင် ရွှင်လန်းဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

...

ထိုနေ့ ညနေပိုင်းတွင် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ ရောက်ရှိသွားခဲ့လေသည်။

လင်းနန်ဝူ စိတ်ကြိုက် မှာယူထားသော စက်ရုပ်များသည် ရောက်ရှိလာပြီဖြစ်ပြီး ဂိုဒေါင်ထဲတွင် ရှိနေခဲ့ လေ၏။ ကောင်းယွမ်သည် ဤစက်ရုပ်များကို အမေရိကန်ရှိ အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီး ၏ အဆင့်မြင့် အမှုဆောင်အရာရှိများ အားလုံးကို ထိန်းချုပ်ရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယခုအခါ အန်းနီက ပူးပေါင်းလာသဖြင့် ကိစ္စများမှာ များစွာ ပို၍ လွယ်ကူသွားခဲ့ပြီ ဖြစ်လေ၏။

ဤစက်ရုပ်များ အားလုံးကို ကောင်းယွမ်က လက်ရှိကမ္ဘာသို့ ပြန်လည် သယ်ဆောင်လာခဲ့ပြီး ထိုညမှာပင် အမေရိကန်သို့ ပျံသန်းသွားခဲ့ကြလေသည်။

ထိုအထဲမှ စက်ရုပ် နှစ်ဆယ်ကို အန်းနီအား ကာကွယ်ရန်အတွက် ထားရှိမည် ဖြစ်လေ၏။ အကယ်၍ အန်းနီက နားမထောင်ပါက ၎င်းတို့ကို အစားထိုးနိုင်ပေသည်။ အကြောင်းမှာ စက်ရုပ်တစ်ရုပ်သည် လူတစ်ယောက်ထက် ထိန်းချုပ်ရန် ပိုမို လွယ်ကူသောကြောင့်ပင် ဖြစ်လေသည်။

ကောင်းယွမ်သည် ကျန်ရှိနေသော စက်ရုပ်များကို အမေရိကန် တစ်ဝန်းရှိ အဓိက ဌာနအသီးသီးသို့ ဖြန့်ဝေချထားရန် အန်းနီအား စာရင်းပြုစုခိုင်းခဲ့လေ၏။

စကားနားထောင်သူများကို သက်တော်စောင့်များအဖြစ် အသက်ရှင်ခွင့် ပေးထားမည် ဖြစ်ပြီး စကားနား မထောင်သူများကိုမူ ကြင်နာစွာဖြင့် သုတ်သင်ရှင်းလင်းပစ်မည် ဖြစ်သည်။ ထို့နောက် စက်ရုပ်များသည် ၎င်းတို့၏ နေရာတွင် အစားထိုး ဝင်ရောက်ကာ တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရန် အတွက် ၎င်းတို့၏ ရုပ်သွင်များကို ပြောင်းလဲသွားမည် ဖြစ်လေသည်။

စက်ရုပ်များ နေရာယူပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်သည် အမေရိကန်ကို အထက်မှ အောက် အထိ အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပေ၏။

ကောင်းယွမ်သည် ဤအခြေအနေအထိ ရောက်လာလိမ့်မည်ဟု ဘယ်သောအခါကမျှ မထင်မှတ်ထား ခဲ့ပေ။

လက်တွေ့ အခြေအနေများက သူ့ကို တစ်လှမ်းပြီး တစ်လှမ်း ရှေ့သို့ တွန်းပို့နေခဲ့ခြင်း ဖြစ်လေသည်။

ယခုအခါ သူ အုပ်စိုးနိုင်ရေးအတွက် မတိုက်ခိုက်ဘဲ နေရန်မှာ မဖြစ်နိုင်တော့ပေ။

ထိုအချိန်က အမေရိကန်တွင် ညနေစောင်းနေပြီ ဖြစ်လေသည်။ ယမန်နေ့က ကောင်းယွမ်၏ ကမ္ဘာတစ် ဝန်း တိုက်ရိုက် ထုတ်လွှင့်မှုသည် သူတို့အား စစ်ရေးအင်အားသာမက ထောက်လှမ်းရေး စွမ်းရည်များနှင့် တိကျသော တိုက်ခိုက်မှု စွမ်းရည်များဖြင့်ပါ တုန်လှုပ်သွားစေခဲ့လေသည်။

မော်ဂန်စတန်လေ ဥက္ကဋ္ဌ ဂျက်ခ်၏ ရုံးခန်းအတွင်း၌ လူတစ်ဒါဇင်ကျော်ခန့် ထိုင်နေခဲ့ကြလေသည်။

"ကောင်းယွမ်က စပြီး လှုပ်ရှားနေပြီ... ငါတို့ ဘာလုပ်ကြမလဲ..."

All Chapters