အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄)
ဒီကမ္ဘာကြီးက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းနေတယ်
"အစွန်းရောက်အဖွဲ့အစည်းတွေကို ရှင်းလင်းဖို့ ကောင်းယွမ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ရှနိုင်ငံ အစိုးရက ထောက်ခံထားတယ်... ဒါပေမဲ့ သူက ငါတို့ကို ပစ်မှတ်ထားလာမယ်ဆိုရင် အဲဒါက အကြမ်း ဖက်လုပ်ရပ် ဖြစ်သွားပြီး တစ်ကမ္ဘာလုံးက သူ့ကို ဖယ်ကြဉ်ကြလိမ့်မယ်..."
ထိုအချိန်တွင် အလယ်အလတ်အရွယ် ရွှေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
"သူက စည်းမျဉ်းတွေကို လိုက်နာမှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်နေမိတယ်... တကယ်လို့ သူက ကျွန်မ တို့ကို အမှန်တကယ် တိုက်ခိုက်လာခဲ့ရင် ဘယ်သူက သူ့ကို အပြစ်ပေးမှာလဲ..."
"ဒါက... ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်... နျူကလီးယား လက်နက်တွေကို ပစ်ခတ်ဖို့ အသင့်အနေ အထားမှာ ထားရှိဖို့ လွှတ်တော်ကနေ အစီအစဉ်တစ်ခု အတည်ပြုခိုင်းလိုက်ကြစို့... ပြီးတော့ ရှန်းနန် ပြည်နယ်ကို ချိန်ရွယ်ပြီး အများအပြား ပြင်ဆင်ထားရမယ်... "
"ကောင်းယွမ်ဆီမှာ စစ်သင်္ဘောတွေ ရှိနေလို့ သူ မကြောက်ဘူး ဆိုရင်တောင် စစ်သင်္ဘောက ဘယ် လောက်များများ ကြားဖြတ်ဟန့်တားနိုင်မှာလဲ... သူ့ဘေးနားက လူတွေရော မကြောက်ကြဘူးလား... ရှနိုင်ငံ အစိုးရကတောင် သူ့ရဲ့ အပြုအမူကို ထိန်းချုပ်လာလိမ့်မယ်... တကယ်လို့ နျူကလီးယားစစ်ပွဲသာ အမှန်တကယ် စတင်ခဲ့ရင် လူသားယဉ်ကျေးမှု တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်လေ..."
"ငါတို့ရဲ့ တစ်ခုတည်းသော ကျန်ရှိနေတဲ့ ဟန့်တားနိုင်စွမ်းက နျူကလီးယား လက်နက်တွေပဲ..."
ဂျက်ခ်က ခေါင်းညိတ်လိုက်လေသည်။
"အရင်က ငါတို့ ကောင်းယွမ်ကို အထင်သေးခဲ့ကြတယ်... ဘယ်လို တန်ဖိုးကိုမဆို ပေးဆပ်ဖို့ ဆန္ဒရှိ ကြောင်း ပြသနေသရွေ့ သူ ငါတို့ကို လာထိရဲမှာ မဟုတ်ဘူး..."
"ကမ္ဘာလုံးဆိုင်ရာ စခန်းတွေမှာ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ သုံးပြီး နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားတာက နားလည်နိုင်တဲ့ ကိစ္စလို့ ကျွန်တော် ထင်တယ်... အဲဒါက ပိုပြီး အားကောင်းတဲ့ ဟန့်တားမှုကို ဖြစ်စေလိမ့်မယ်... ကောင်းယွမ်က ဘာပဲဖြစ်ဖြစ် စီးပွားရေးသမား တစ် ယောက်ပါပဲ... သူ့လက်အောက်မှာ လူအများကြီး ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
"ကောင်းပြီ... ဒါ အဆင်ပြေတယ်... အခုပဲ သမ္မတဆီ သွားပြောကြစို့..."
"မင်းတို့ ဘာပဲ ဆွေးနွေးနေပါစေ သူမကို လုပ်ဖို့သာ ပြောလိုက်ပါ... တကယ်လို့ သူမ မလုပ်နိုင်ဘူးဆိုရင် အရင် သမ္မတဟောင်းကို လွှတ်ပေးပြီး အန်းနီကို အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ စွပ်စွဲပြီး ထောင်ထဲ ပို့လိုက် ..."
ဂျက်ခ်က ပြောလိုက်လေသည်။
"ဟုတ်တယ်... သူမက အမိန့်ကို မဖီဆန်ရဲပါဘူး... လုပ်ထုံးလုပ်နည်းတွေက အချိန်အလုံအလောက် မပေးဘူးဆိုရင် မနက်ဖြန် သူမ ရုတ်တရက် စိတ်ကူးပေါက်ချင် ပေါက်သွားနိုင်တယ်... ဒါမှမဟုတ် ဂျပန်က ခေါင်းဆောင်တစ်ယောက်လို ဝမ်းသာလွန်းလို့ သေသွားတာမျိုးတောင် ဖြစ်သွားနိုင်တယ်..."
...
နံနက်ခင်းတွင် အမေရိကန် လွှတ်တော်သည် အမေရိကန်ကို တိုက်ခိုက်မည့် ရန်သူများကို ဟန့်တားရန် အတွက် ကြိုတင် ကာကွယ်သော နျူကလီးယား လက်နက်များ ဖြန့်ကျက်ချထားရေး အဆိုပြုချက်တစ် ရပ်ကို စတင် ဆွေးနွေးခဲ့ကြလေသည်။
အန်းနီသည် ထိပ်ဆုံးခုံတွင် ထိုင်နေရင်း စိုးရိမ်ပူပန်မှုများကို ခံစားနေရပေသည်။ ကောင်းယွမ်က သူမကို ကာကွယ်ရန် စီစဉ်ပေးထားသော လူများက အဘယ်ကြောင့် ယခုတိုင် ရောက်မလာသေးသနည်း ဆို သည်ကို သူမ တွေးတောနေခြင်းဖြစ်လေ၏။
*တကယ်လို့ လွှတ်တော်က ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ရင် ငါ လက်မှတ်ထိုးသင့်သလား ဒါမှ မဟုတ် မထိုးသင့်ဘူးလား…*
အကယ်၍သာ လက်မှတ်မထိုးပါက သူမ ဤနေရာမှ ထွက်မသွားနိုင်တော့မည်ကို စိုးရိမ်မိလေသည်။
*လက်မှတ်ထိုးလိုက်ရင်ရော ကောင်းယွမ်က အထင်လွဲသွားနိုင်မလား…*
အစည်းအဝေးတွင် မူလက တစ်ဖက်နှင့်တစ်ဖက် သဘောထားကွဲလွဲနေကြပြီး အထက်တန်းလွှာ စီးပွား ရေးလုပ်ငန်းစုကြီးထံမှ မတူညီသော ထောက်ခံသူများ ရှိကြသည့် လွှတ်တော်အမတ် ပါတီနှစ်ခုစလုံး သည် မည်သည့် တွေဝေမှု၊ အပြန်အလှန် ငြင်းခုံမှုမျှ မရှိဘဲ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ကြသည်မှာ အံ့ဩစရာပင် ဖြစ်လေတော့သည်။
ဤသည်မှာ မကြာသေးမီ နှစ်များအတွင်း အမေရိကန်၏ အဆိုပြုချက်များတွင် မကြုံစဖူးသော ကိစ္စပင် ဖြစ်ပေ၏။
အန်းနီ၏ မျက်နှာထားမှာ သိပ်မကောင်းလှပေ။
လူများက သူမကို အမိန့်ညွှန်ကြားချက်ကို အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းနေကြပြီ ဖြစ်လေ သည်။
ဤအချိန်တွင် တိုက်ဂါးက စကားပြောလာခဲ့လေ၏။
"အမေရိကန် ဥပဒေအရ မဟာဗျူဟာမြောက် စစ်ရေးအင်အား အသုံးပြုမှု ပါဝင်နေတဲ့အတွက် လွှတ်တော်က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးရင်တောင် ပြန်လည်စစ်ဆေးဖို့ ကာကွယ်ရေးဝန်ကြီး ဌာနကို တင်ပြရပါဦးမယ်..."
"ဒါဆိုလည်း တင်ပြလိုက်ပေါ့... သူတို့ဆီမှာ ကန့်ကွက်စရာ ဘာမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ သေချာ တယ်..."
အန်းနီသည် တိုက်ဂါးကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
သူမ လက်မှတ် မထိုးရသေးသရွေ့ အရာအားလုံး အဆင်ပြေနေဆဲပင် ဖြစ်ပေ၏။
...
ထိုအချိန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံမှာ လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေခဲ့လေသည်။
ကောင်းယွမ်က ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံသည် ယနေ့တွင် မီးလောင်လိမ့်မည်ဟု ယမန် နေ့က ပြောထားခဲ့သောကြောင့် လူတိုင်းက ယနေ့နံနက်စောစောကတည်းက ထွက်ပြေးသွားကြပြီး မည် သူမျှ အလုပ်မဆင်းကြပေ။
ကောင်းယွမ်၏ အကောင်အထည်ဖော်နိုင်စွမ်းနှင့် ပတ်သက်၍ မည်သူမျှ လောင်းကြေးမထပ်ရဲကြပေ။
အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးမှ လူများနှင့်မတူဘဲ ဤဝန်ထမ်းများသည် မိမိတို့၏ အသက် ကို တန်ဖိုးထားကြလေသည်။
ကာကွယ်ရေးဝန်ကြီးပင် လာရောက်ခြင်း မရှိဘဲ သူသည် ဟာဝိုင်ရီသို့ အားလပ်ရက် အပန်းဖြေခရီး ထွက်သွားခဲ့လေ၏။
ထိုအချိန်တွင် ကောင်းယွမ်မှာ အိပ်ပျော်နေဆဲပင် ဖြစ်လေသည်။ အကြောင်းမှာ ရှနိုင်ငံအတွက် မနက်ဖြန် ရောက်ရှိမလာသေးသောကြောင့် ဖြစ်ပေ၏။
သို့သော်လည်း အမေရိကန်ရှိ လူများစွာကတော့ မစောင့်နိုင်ကြတော့ပေ။
တောက်ရင် နိုင်ငံတကာဗားရှင်း၏ မြှင့်တင်မှုနှင့်အတူ လူများစွာသည် အခြေအနေကို လာရောက်ကြည့် ရှုရန် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံသို့ ရောက်ရှိလာကြလေသည်။
အနီးကပ် စစ်ဆေးကြည့်ရှုလိုက်သည့်အခါ ယနေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံမှာ လုံးဝကို လူသူကင်းမဲ့နေကြောင်း တွေ့ရှိလိုက်ရပေသည်။
သတ္တိကောင်းသူ အချို့ကမူ ဓာတ်ပုံရိုက်ရန်နှင့် စစ်ဆေးရန်အတွက် အထဲသို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ် လေ၏။
တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် လူများစွာ အထဲသို့ ဝင်ရောက်ခွင့် ရသွား ကြပြီးနောက် အချို့က ပစ္စည်းများကို စတင် ခိုးယူလာကြလေသည်။
ဤသည်မှာ ထိပ်တန်း ကျွမ်းကျင်ပညာရှင် အချို့အတွက် ချက်ချင်း နာမည်ကြီးလာစေရန် အခွင့်အရေး တစ်ရပ် ဖြစ်လာခဲ့ပေ၏။ ကွန်ပျူတာထဲတွင် အလွန် လျှို့ဝှက်သော စာရွက်စာတမ်းများစွာ ပါဝင်ပြီး အပြင်ဘက်မှ ဖောက်ထွင်းဝင်ရောက်ရန် ခက်ခဲသော်လည်း အတွင်းမှ ဝင်ရောက်ရန်မှာ အလွန် လွယ်ကူ လှပေသည်။
တွမ်သည် အင်တာနက် ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သော်လည်း သူသည် အလုပ်လက်မဲ့ ဖြစ်နေလေ သည်။ အာဏာပိုင်များက နိုင်ငံခြားသားများကို အမေရိကန်တွင် အလုပ်လုပ်ကိုင်ခွင့် အဘယ်ကြောင့် မပိတ်ပင်ရသနည်းဟု တွေးတောကာ သူ၏ အလုပ်ဆုံးရှုံးရမှုအတွက် အာဏာပိုင်များကိုသာ အပြစ်တင် နေခဲ့ပေ၏။
အာရှမှ အိန္ဒိယလူမျိုးများနှင့် တရုတ်လူမျိုးများက သူတို့၏ နေရာများကို လုယူသွားခဲ့ကြခြင်း ဖြစ်လေ ၏။
ဤသည်က ယခင်က အိမ်ကြီးအိမ်ကောင်းနှင့် နေခဲ့ရသော သူ့ကို အိမ်ခြေရာမဲ့ တစ်ယောက် ဖြစ်သွား စေခဲ့လေသည်။ ယနေ့ သူက ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို လာရောက်ကြည့်ရှုရုံမျှသာ ဖြစ် သော်လည်း ရောက်ရှိလာချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံမှာ လုံးဝကို လူသူကင်းမဲ့ နေကြောင်း တွေ့ရှိလိုက်ရပေသည်။
ထိုအခါ သူ၏ အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေ၏။ တကယ်လို့ သူသာ အထဲသို့ ဝင်ပြီး အလွန် လျှို့ဝှက်သော သတင်းအချက်အလက် အချို့ကို ခိုးယူကာ အခြားသူများကို ရောင်းစားမည်ဖြစ်စေ သို့မဟုတ် တောက်ရင်ပေါ်တွင် တင်မည်ဖြစ်စေ ၎င်းက သူ၏ ဂုဏ်သတင်းကို မြင့်တက်စေမည်ဖြစ်ပြီး သူသည် အမေရိကန်တွင် သူရဲကောင်း တစ်ယောက်ပင် ဖြစ်လာနိုင်ပေသည်။
စကားဝှက်ကို ဖောက်ထွင်းရန် ခက်ခဲလိမ့်မည်ဟု တွမ်က အစပိုင်းတွင် ထင်မှတ်ထားခဲ့သော်လည်း သူ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံထဲသို့ ဝင်ရောက်ပြီး ကွန်ပျူတာ တစ်လုံးကို ဖွင့်ကာ ၁၂၃၄၅၆ ကို ရိုက်ထည့်လိုက်ရာ စကားဝှက်မှာ မှန်ကန်နေခဲ့လေသည်။
ထို့နောက် သူသည် အလွန် လျှို့ဝှက်သော စာရွက်စာတမ်းများ အားလုံးကို ကန့်သတ်ချက် မရှိဘဲ ဝင် ရောက်ကြည့်ရှုခွင့် ရသွားခဲ့ပေ၏။
မီးလောင်မှု အချက်ပေးသံကို ကြားလိုက်ရသောကြောင့် တွမ်သည် ဖိုင်ကို တိုက်ရိုက် ကူးယူလိုက်လေ သည်။
သူ အပြင်သို့ ထွက်လာသောအခါ လူများစွာ ထွက်ပြေးနေကြသည်ကို မြင်လိုက်ရပေ၏။
အစပိုင်းတွင် သူက အလွန် အန္တရာယ်များလှသည်ဟု ထင်မှတ်ထားခဲ့သော်လည်း အပြင်သို့ ပြေးထွက် လာသောအခါ အထပ်တစ်ထပ်တည်းမှသာ အမည်းရောင် မီးခိုးများ ထွက်နေပြီး ကျန်အထပ်များမှာ အကောင်းပကတိ ရှိနေသေးကြောင်း တွေ့ရှိလိုက်ရလေသည်။
သို့သော်လည်း မည်သူမျှ အပေါ်သို့ ဆက်မတက်ရဲကြတော့ပေ။
နောက်ဆုံး ဆင်းလာသော အိမ်ခြေရာမဲ့ အမျိုးသားက ဆေးလိပ်သောက်ရင်း ကန့်လန့်ကာများကို မတော်တဆ မီးရှို့မိသွားခဲ့သည်ဟု စိတ်ပျက်လက်ပျက် အသွင်ဖြင့် ပြောလာခဲ့လေသည်။
ဤအရာက တွမ်ကို ရယ်ချင်စိတ် ဖြစ်သွားစေခဲ့ပေ၏။ ဆိုလိုသည်မှာ ကောင်းယွမ်က မရောက်လာသေး ဘူး ဆိုသည့်သဘောပင် ဖြစ်ပေသည်။
တစ်စုံတစ်ယောက်က မီးသတ်ဌာန၏ အရေးပေါ် ဖုန်းလိုင်းသို့ ခေါ်ဆိုခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီး ဌာန အဆောက်အအုံ မီးလောင်နေကြောင်း ကြားလိုက်ရပြီးနောက် မီးသတ်ဌာနက ဖုန်းကို ချက်ချင်း ချ သွားခဲ့လေသည်။ နောက်ဆက်တွဲ ခေါ်ဆိုမှုများကိုလည်း မည်သူမျှ ဖြေကြားခြင်း မရှိတော့ပေ။
...
ကောင်းယွမ်သည် အိပ်ရာမှ နိုးလာခဲ့လေသည်။
ဖုန်းကို ဖွင့်လိုက်သောအခါ မျက်စိရှေ့သို့ ပထမဆုံး ရောက်လာသော သတင်းမှာ (၁၉) ရက်နေ့ ဒေသ စံတော်ချိန် နံနက် (၉) နာရီတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ မီးလောင်ကျွမ်း ခဲ့ပြီး ယခုအချိန်အထိ ထိခိုက်သေဆုံးမှု သတင်းများ မရရှိသေးကြောင်း ပင် ဖြစ်လေသည်။
ကောင်းယွမ်သည် အတွင်းမှ ဓာတ်ပုံများကို မြင်လိုက်ရလေသည်။ ကာကွယ်ရေးဝန်ကြီးဌာန အဆောက် အအုံမှာ ကွန်ကရစ် အကြမ်းထည် တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်အထိ မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ် ပေ၏။
သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
ဘယ်သူကများ ဤသို့ လုပ်လိုက်သနည်း။ သူ၏ အလုပ်ကို မည်သူကများ လုယူရဲသနည်း ဟု သူ တွေးလိုက်မိလေသည်။
သူ့မှလွဲ၍ ဤစွမ်းရည်မျိုး မည်သူ့ထံတွင် ရှိနိုင်ဦးမည်နည်း။
ကောင်းယွမ်သည် ထိုင်လိုက်ပြီး အန်းနီ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။ တွေးတောကြည့်ပြီး နောက် အမေရိကန်နှင့် သူ့မှလွဲ၍ ဤသို့ လုပ်ဆောင်နိုင်စွမ်း အခြားမည်သူ့ထံတွင်မျှ မရှိသင့်ကြောင်း သူ ကောက်ချက်ချလိုက်ပေ၏။
"မစ္စတာကောင်း... ရှင် လွှတ်လိုက်တဲ့ လူတွေ ရောက်လာပါပြီ... ကျွန်မ ရှင့်ကို ကျေးဇူးတင်ဖို့တောင် အခွင့်အရေး မရလိုက်ဘူး..."
"ကျေးဇူးတင်စကားကို နောက်မှ ပြောကြတာပေါ့... ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံကို ဘယ်သူ မီးရှို့လိုက်တာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
အန်းနီမှာလည်း အံ့အားသင့်သွားခဲ့လေ၏။
"ရှင် မီးရှို့လိုက်တာ မဟုတ်ဘူးလား..."
"ငါက... အခုလေးတင်မှ အိပ်ရာက နိုးတာ..."
အန်းနီ မှင်သက်သွားခဲ့လေသည်။
"ကျွန်မ... အခုချက်ချင်း သွားစုံစမ်းလိုက်ပါ့မယ်..."
မီးရှို့ခဲ့သူမှာ ကောင်းယွမ် မဟုတ်ခဲ့သဖြင့် ဤကိစ္စမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပေ၏။
အန်းနီ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမဘေးတွင်ရှိသော စက်ရုပ် ရှုရီက စကားပြောလာခဲ့လေ သည်။ အမေရိကန်သို့ စေလွှတ်လိုက်သော ဤစက်ရုပ်အသုတ်သည် ကောင်းယွမ်၏ စက်ရုပ်မိသားစုထဲ မှ နောက်ဆုံးမိသားစု ဖြစ်သော ရှုမိသားစုမှ ဖြစ်ပေသည်။
ယခုအခါ ကောင်းယွမ်၏ စီးပွားရေးလုပ်ငန်းများကို ကူညီပေးနေသော စက်ရုပ်အဖွဲ့လေးဖွဲ့ဖြစ်သည့် ကျား၊ ဝမ်၊ ရှီ၊ နှင့် ရှု တို့မှာ ပြည့်စုံသွားခဲ့ပြီ ဖြစ်လေ၏။
ကျားရီ၏ အဖွဲ့သည် တည်းဖြတ်စက် ကဏ္ဍအတွက် တာဝန်ယူရပြီး ဝမ်ရီ၏ အဖွဲ့က အပူချိန်ထိန်း အဝတ်အစား အတွက် တာဝန်ယူရလေသည်။ လက်ပတ်ဖုန်းများနှင့် စက်မှုဇုန် တည်ဆောက်ရေးအ တွက် ရှီရီ၏ အဖွဲ့က တာဝန်ယူရပေသည်။ ယခုအခါ ရှုရီ၏ အဖွဲ့သည် ကမ္ဘာတစ်ဝန်း စီးပွားရေး လမ်း ကြောင်းများ ထူထောင်ရာတွင် သူတို့အား ကူညီပေးရန် တာဝန်ယူထားပြီ ဖြစ်လေ၏။
ဤအဖွဲ့လေးဖွဲ့အပြင် လုံခြုံရေးစက်ရုပ် အဖွဲ့လည်း ရှိသေးပြီး အဓိကအားဖြင့် အထွေထွေ ကိစ္စရပ်များ နှင့် မိမိတို့၏ လုံခြုံရေးအပြင် ပတ်ဝန်းကျင်ရှိ လူများ၏ လုံခြုံရေးကိုပါ ကာကွယ်ပေးရန် တာဝန်ယူရ လေသည်။
ထိုအချိန်တွင် ရှုရီက စကားပြောလာခဲ့လေ၏။
"သူဌေး... ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်... ရှုပါးကျိုက ကျွန်တော့်ဆီ ပို့ပေးလိုက် တာပါ... သူက အဲဒီနားကနေ ဖြတ်သွားရင်းနဲ့ မှတ်တမ်းတင်ထားလိုက်တာပါ..."
ကောင်းယွမ်၏ လက်ပတ်ဖုန်းမှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ တစ်ခုလုံး မီးလောင်နေသည့် ဗီဒီယိုကို လျင်မြန်စွာ ပြသလာခဲ့လေသည်။ ကောင်းယွမ် မှင်သက်သွားခဲ့ရပေ၏။ လူတိုင်းက ထွက်ပြေးသွားကြသည် ဟူသောအချက်က အံ့မခန်းပင် ဖြစ်လေသည်။
အမေရိကန်၏ အရေးကြီးဆုံး ဌာနတစ်ခုက လူတိုင်းအတွက် ဓာတ်ပုံလာရိုက်ရာ နေရာတစ်ခု ဖြစ်သွား ခဲ့သလို အချက်အလက်များကို လျှို့ဝှက်ကုဒ်ပြောင်းခြင်း သို့မဟုတ် မှတ်တမ်းတင် သိမ်းဆည်းခြင်းများ ပင် မလုပ်ခဲ့ကြကြောင်း တွေ့လိုက်ရပေသည်။
ဒါက အဆင်ပြေသော်လည်း လူများပြားလွန်းသဖြင့် မတော်တဆမှု မျိုးစုံ ဖြစ်ပေါ်လာနိုင်ချေ ရှိပေ၏။
အသေးအဖွဲ မီးတောက်လေး တစ်ခုမှ စတင်ခဲ့သော်လည်း သူတို့၏ မျက်စိရှေ့တွင် မီးသတ်ဆေးဘူးများ ရှိနေပါလျက် မည်သူမျှ မငြှိမ်းသတ်ခဲ့ကြပေ။ မီးတောက်ငယ်လေးမှသည် တဖြည်းဖြည်း ကြီးမားသော မီးတောက်ကြီးအဖြစ်သို့ ကူးပြောင်းကာ နောက်ဆုံးတွင် အဆောက်အအုံ တစ်ခုလုံးကို ဝါးမြိုသွားသည် အထိ လူတိုင်းက လက်ပိုက်ကြည့်နေခဲ့ကြလေသည်။
ဤကမ္ဘာကြီးက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းနေခဲ့ပေ၏။