← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅)

ဖြန့်ချီရေးကိုယ်စားလှယ်များ လေလံပွဲ (အပိုင်း ၁)

သို့သော် သူတို့သည် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံကို မီးရှို့လိုက်ကြသည်ဆိုလျှင် သူတို့ ကိုယ်သူတို့ ဘာများ မီးရှို့လိုက်ကြသနည်း ဟူသည်သာ ဖြစ်ပေ၏။

မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက်မှာ အောင်မြင်သွားခဲ့ပြီဖြစ်ပြီး စက်ရုပ်များသည်လည်း ယခုအခါ နေရာယူပြီး ဖြစ်နေခဲ့လေ၏။

'အစားထိုး စီမံကိန်း' ကို အကောင်အထည်ဖော်ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်ပေသည်။

ရှုရီ၏ အဖွဲ့သည် အမေရိကန်ရှိ အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီး၏ ခေါင်းဆောင်သစ်များ ဖြစ်လာကြပေလိမ့်မည်။

အမေရိကန်ဘက်မှ မည်သည့် အတားအဆီးမျှ ရှိလာတော့မည် မဟုတ်ပေ။

ကောင်းယွမ်သည် ရှလင်ထံသို့ ဖုန်းဆက်လိုက်လေ၏။

ရှလင်သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အမေရိကန်တွင် နေထိုင်ကာ ကောင်းယွမ်၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အခြေအနေများမှာ အလွန်အမင်း ပြောင်းလဲသွားခဲ့ရာ ရှလင်အနေဖြင့် ကောင်းယွမ်သည် စီးပွားရေးသမား တစ်ယောက် လား သို့မဟုတ် ဂြိုဟ်သား ကျူးကျော်သူ တစ်ယောက်လား ဆိုသည်ကိုပင် မခွဲခြားနိုင်တော့ပေ။

သူ့ထံတွင် ဤမျှလောက် ကြီးမားသော စွမ်းရည်မျိုး မည်သို့ ရှိနေနိုင်မည်နည်း။

သို့သော်လည်း မန်နေဂျာတစ်ဦးအနေဖြင့် ရှလင်သည် သူ၏ ကိုယ်ပိုင် တာဝန်ဝတ္တရားများကို ပြီးမြောက် အောင် ထမ်းဆောင်ရန်သာ လိုအပ်လေ၏။

ထိုအချိန်တွင် ကောင်းယွမ်ထံမှ ဖုန်းဝင်လာခဲ့လေသည်။

"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ လက်ပတ်ဖုန်းတွေနဲ့ အပူချိန်ထိန်းအဝတ်အစားတွေကို ဆက်ရောင်းလို့ ရပြီလား..."

"ရပြီ... အပြည့်အဝ ဖြန့်ချီလိုက်တော့... ကန့်သတ်ထားစရာ မလိုတော့ဘူး... မင်းဆီကို ကုန်ပစ္စည်းတွေ အကုန် ပို့ပေးနိုင်ဖို့ ပြည်တွင်း လေကြောင်းလိုင်းတစ်ခု ဖွင့်ပေးမယ်... ပြီးတော့ ပြည်ပကို တိုးချဲ့ဖို့ မလို သေးဘူး... အမေရိကန် ဈေးကွက်ကိုပဲ အာရုံစိုက်ထားလိုက်ပါ..."

"နားလည်ပါပြီ..."

အကယ်၍ အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်းများကို အမေရိကန်နှင့် ရှနိုင်ငံ နှစ်ခုစလုံး၏ ဈေး ကွက်တွင် ထိုးဖောက်နိုင်မည်ဆိုလျှင် ကမ္ဘာ့ဈေးကွက်ကြီး တစ်ခုလုံးမှာ သူတို့လက်အောက်သို့ ရောက်ရှိ လာမည်သာ ဖြစ်ပေသည်။

ကောင်းယွမ်သည် ကျန်းပိုင်ရီကို ခေါ်ယူကာ မုကျားတွင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအတွက် တင်ဒါ ခေါ်ယူမည့် လေလံပွဲတစ်ခု ကျင်းပရန် စီစဉ်နေကြောင်း ပြောပြလိုက်လေသည်။

ပြည်ပဈေးကွက်သို့ တိုးချဲ့ရာတွင် ဤနည်းလမ်းဖြင့် လုပ်ဆောင်နိုင်လိမ့်မည်ဟု ကျန်းပိုင်ရီ တစ်ခါမျှ မတွေးထင်ထားခဲ့ဖူးပေ။

ယခင်က မည်သည့် ရှနိုင်ငံ ကုမ္ပဏီကမျှ ဤသို့ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိပေ။

"လောင်ကောင်း... ဒီတင်ဒါ လေလံပွဲက အဆင်ပြေပါ့မလား... ဘယ်သူမှ မလာရင် ဒါမှမဟုတ် ဘယ်သူ မှ ဈေးမပြိုင်ရင် ဘယ်လိုလုပ်မလဲ... ငါတို့အတွက် အရှက်ကွဲစရာ ဖြစ်သွားမှာပေါ့..."

ကောင်းယွမ် ပြုံးလိုက်လေသည်။

"ငွေမရှာချင်တဲ့သူ ဘယ်သူရှိမှာလဲ... လက်ပတ်ဖုန်းတွေနဲ့ အပူချိန်ထိန်းအဝတ်အစားတွေက သေချာ ပေါက် ငွေဝင်မယ့် လမ်းကြောင်းတွေလေ... ဘယ်သူက ငွေကို ငြင်းဆန်မှာလဲ... ဒါ့အပြင် တချို့နိုင်ငံ တွေက ငါတို့ကို သပိတ်မှောက်တယ် ဆိုရင်တောင် အခြားနိုင်ငံတွေက ကုမ္ပဏီတွေက ဒီငွေကို မရှာချင် ဘူးလို့ မင်းထင်လား..."

"ငါက ဒေသတွင်း ဖြန့်ချီခွင့်ကိုပဲ လေလံတင်မှာ... ဖြန့်ချီမယ့်သူတွေရဲ့ နိုင်ငံသားဖြစ်တည်မှုကို ကန့်သတ် ထားတာမှ မဟုတ်တာ... သူတို့ ပိုက်ဆံပေးနိုင်သရွေ့ ကုမ္ပဏီတစ်ခုတည်းက ရှနိုင်ငံနဲ့ အမေရိကန်က လွဲ ပြီး ကျန်တဲ့ ဈေးကွက်အားလုံးကို ဖြန့်ချီသွားမယ်ဆိုရင်တောင် ငါကန့်ကွက်စရာ အကြောင်းမရှိဘူး..."

ကျန်းပိုင်ရီသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။

"မင်းပြောတာလည်း တော်တော်လေး ဟုတ်နေတာပဲ..."

"ကောင်းပြီ... ဝေ့ပေါ်မှာ သတင်းသွားတင်လိုက်... ပြီးတော့ လီမင်ကို ဆက်သွယ်ပြီးတော့ နိုင်ငံတကာ တောက်ရင် စာမျက်နှာမှာ ငါတို့ကို ကြော်ငြာပေးဖို့ အကူအညီ တောင်းလိုက်ဦး... ငါလည်း အမေရိကန် မီဒီယာတွေကို သုံးပြီး ကြော်ငြာခိုင်းလိုက်မယ်..."

ကျန်းပိုင်ရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

"လောင်ကောင်း... အမေရိကန် မီဒီယာတွေက ငါတို့စကားကို နားထောင်ပါ့မလား..."

"အရင်ကတော့ သေချာပေါက် နားထောင်မှာ မဟုတ်ဘူးလေ... နားမထောင်တဲ့အပြင် ငါတို့ရဲ့ သတင်း တွေကိုပါ ပိတ်ပင်ထားဦးမှာ... ဒါပေမဲ့ အခုတော့... ငါတို့အားလုံးက တစ်ဖွဲ့တည်းသားတွေ ဖြစ်သွားပြီ လေ..."

*တစ်ဖွဲ့တည်းသားတွေ ဟုတ်လား…* ဟု သူ တွေးလိုက်မိလေသည်။

ကျန်းပိုင်ရီမှာ အနည်းငယ် တွေဝေသွားခဲ့ပေ၏။

"လုပ်စရာရှိတာသာ သွားလုပ်ပါ... အသေးစိတ်တွေကို စိတ်ပူမနေနဲ့တော့..."

မကြာမီမှာပင် ကျန်းပိုင်ရီသည် ဝေ့ပေါ်နှင့် တောက်ရင်တို့တွင် သတင်းတစ်ပုဒ် တင်လိုက်လေသည်။

[ငါးရံ့နက် နည်းပညာကုမ္ပဏီ -

အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်းများသည် စတင်မိတ်ဆက် ချိန်မှစ၍ စားသုံးသူများ၏ အားပေးလက်ခံမှုကို ရရှိခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ငါးရံ့နက် နည်းပညာကုမ္ပဏီ ၏ ထုတ်ကုန်များကို အမြန်ဆုံး အသုံးပြုနိုင်စေရန်အတွက် ကျွန်ုပ်တို့ ကုမ္ပဏီသည် နောက်သုံးရက် အကြာ မုကျားတွင် စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။ ငါးရံ့နက် နည်းပညာစက်မှုဇုန်တွင် ကမ္ဘာလုံး ဆိုင်ရာ ဖြန့်ချီရေးကိုယ်စားလှယ်များအတွက် တင်ဒါခေါ်ယူမည့် လေလံပွဲတစ်ရပ်ကို ကျင်းပသွားမည် ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများအားလုံး ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်အပ်ပါသည်။ တင်ဒါအောင် မြင်သူသည် သတ်မှတ်ထားသော နိုင်ငံတစ်နိုင်ငံအတွက် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များ ကို သီးသန့် ဖြန့်ချီခွင့် ရရှိမည် ဖြစ်ပါသည်...]

ဤသတင်းကြောင့် စီးပွားရေးလောက တစ်ခုလုံး နီးပါး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေ၏။

အပူချိန်ထိန်းအဝတ်အစားဆိုသည်မှာ နေရာဒေသ၊ ရာသီဥတု မရွေး ဘဝတစ်သက်တာလုံး ဝတ်ဆင် နိုင်သော အဝတ်အစားမျိုး ဖြစ်သည်ဟု ဆိုကြလေသည်။ ဤသို့သော ထုတ်ကုန်မျိုးကို မည်သူက မလို ချင်ဘဲ နေပါမည်နည်း။ လက်ပတ်ဖုန်းများသည် မျိုးဆက်သစ် ဉာဏ်ရည်တု ဆက်သွယ်ရေး ကိရိယာ များ ဖြစ်ပြီး စမတ်ဖုန်းများ နေရာတွင် အစားထိုး ဝင်ရောက်လာရန်မှာ ရှောင်လွှဲ၍မရသော ရေစီး ကြောင်းတစ်ခုပင် ဖြစ်ပေ၏။

ယခင်က ၎င်းကို ငါးရံ့နက် နည်းပညာကုမ္ပဏီက ထိန်းချုပ်ထားသဖြင့် မည်သူမျှ သွားမထိရဲခဲ့ကြပေ။

သို့သော် ယခုအခါ ငါးရံ့နက် နည်းပညာကုမ္ပဏီက ဖြန့်ချီခွင့်များကို အမှန်တကယ် ဖွင့်ပေးလိုက်ခြင်းမှာ လူတိုင်းအတွက် ကြီးမားသော အကျိုးအမြတ်တစ်ခုပင် ဖြစ်လေသည်။

ဖြန့်ချီခွင့် ရရှိထားသရွေ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက အကျိုးအမြတ်များကို ရိတ်သိမ်းမည်ဖြစ်ပြီး အခြားသူများကလည်း နောက်ကလိုက်ကာ ဝေစုတစ်ရပ် ရရှိနိုင်မည် ဖြစ်ပေ၏။

အရင်ကတော့ အနံ့လောက်သာ ရှူရှိုက်နိုင်ခဲ့ကြခြင်း ဖြစ်လေသည်။

ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ရှနိုင်ငံနှင့် အမေရိကန် ဈေးကွက်များကို မြှင့်တင်နေသော်လည်း ကမ္ဘာပေါ်တွင် ရှနိုင်ငံနှင့် အမေရိကန်မှလွဲ၍ ကြီးမားသော ဈေးကွက်ကြီးများ ရှိနေသေးသည်။

ငွေကြေး စီးဆင်းမှု ကောင်းမွန်သော ပြည်တွင်း ကုမ္ပဏီများ အားလုံးမှာလည်း စိတ်ဝင်စားနေခဲ့ကြ လေသည် ရှမီသည် ဤနှစ်အတွင်း ကောင်းယွမ်ထံမှ ချစ်ပ်ပြားများ ဝယ်ယူခြင်းဖြင့် ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ပြီး ယခုအခါ စီမံကိန်းကောင်းများကို ရှာဖွေရန် ရုန်းကန်နေရပေသည်။

တန်းဆန့်နှင့် အလီဘာဘာ တို့သည်လည်း ဝင်ငွေကောင်းသော လုပ်ငန်းကြီးများ ဖြစ်ကြပြီး ယခုအခါ ကောင်းယွမ်က ဖြန့်ချီခွင့်များ ဖွင့်ပေးလိုက်သဖြင့် ကုမ္ပဏီများစွာက အားတက်သရော ပြင်ဆင်နေကြ လေပြီဖြစ်ချေ၏။

ယခုအခါ ကောင်းယွမ်က အမေရိကန် ဈေးကွက်ကို အတင်းအကျပ် ဖွင့်လှစ်လိုက်ပြီ ဖြစ်သောကြောင့် အနည်းဆုံးတော့ တရားဝင် မူဝါဒပိုင်းအရ ကမ္ဘာ့ဈေးကွက်မှ မည်သည့် ခုခံမှုမျှ ရှိလာတော့မည် မဟုတ် ကြောင်း လူတိုင်းက သိထားကြပေသည်။

စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများစွာသည် သီးသန့် ဆက်သွယ် ပြောဆိုမှုများ စတင်လာခဲ့ကြ လေ၏။

ချင်ထျဲ့ကျွင်းသည် သူ၏ ရုံးခန်းအတွင်း၌ ထိုင်ကာ စားပွဲကို လက်ချောင်းများဖြင့် ခေါက်ရင်း ပြောလိုက် လေသည်။

"ဒီကောင် ကောင်းယွမ် တော်တော် ပြောင်မြောက်တဲ့ အကွက် ရွှေ့လိုက်တာပဲ..."

အတွင်းရေးမှူးက ဘေးမှနေ၍ မေးလိုက်လေ၏။

"ဌာနမှူး... သူတို့ဘာသာသူတို့ လုပ်ရင် ပိုပြီး အကျိုးအမြတ် မရနိုင်ဘူးလား..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီက ငွေလိုနေလို့လား..."

ချင်ထျဲ့ကျွင်းက မေးလိုက်လေသည်။

"သူတို့ တကယ် လိုအပ်နေပုံရတယ်... စူပါဘက်ထရီတွေနဲ့ ပေါင်းစပ်စွမ်းအင် သုံးတဲ့ ကုမ္ပဏီတွေ အားလုံးမှာ သူတို့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလား... အဲဒီအတွက် ကြီးမားတဲ့ အရင်းအနှီး လိုအပ်တယ် လေ... သူတို့က အရမ်း အင်အားကြီးတယ် ဆိုပေမယ့် တည်ထောင်တာ အချိန်တိုလေးပဲ ရှိသေးတော့ သူတို့ရဲ့ လက်ကျန်ငွေက အများဆုံး ဘီလီယံတစ်ရာထက် မပိုနိုင်ဘူး..."

"ဟုတ်တယ်... ဒါကြောင့် သူတို့က ဖြန့်ချီခွင့်တွေကို ရောင်းချပြီး ရန်ပုံငွေကို မြန်မြန်ဆန်ဆန် ရှာနိုင် တာပေါ့... မင်းဘာသာ စဉ်းစားကြည့်လေ... အရင်က ပြည်ပမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ပုံရိပ်က ဘယ်လိုမျိုးလဲ... အခု အဲဒီ ကုမ္ပဏီတွေက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ဖြန့်ချီရေးကိုယ်စားလှယ်တွေ ဖြစ်လာရင် သဘာဝကျကျပဲ မဟာမိတ်တွေ ဖြစ်သွားကြမှာပေါ့..."

"ကောင်းယွမ်က ပြည်တွင်း ကုမ္ပဏီတချို့ကို ဆွဲဆောင်ဖို့ ငွေသုံးဖို့ စီစဉ်ထားခဲ့တာ... အခုတော့ နောက် ထပ် လူတစ်စုကို ဆွဲဆောင်ဖို့ ငွေကို သုံးနေပြန်ပြီ... ဖြန့်ချီရေးကိုယ်စားလှယ် လေလံပွဲသာ အောင်မြင် သွားမယ် ဆိုရင် ကမ္ဘာပေါ်က ကုမ္ပဏီကြီးတွေ အားလုံးက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ မဟာမိတ်တွေ ဖြစ်လာလိမ့်မယ်... ပြီးတော့ ငါးရံ့နက် နည်းပညာကုမ္ပဏီက အကြွင်းမဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိ နေမှာပဲ..."

ချင်ထျဲ့ကျွင်းသည် မျက်လုံးများကို မှေးစင်းလိုက်လေ၏။

ဤအရာက ကြီးမားလွန်းလှပေသည်။

ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုမှာ ကြီးမားလွန်းလှပေ ၏။

အမြင့်ဆုံး အခြေအနေထိ ရောက်သွားမည် ဆိုပါက ၎င်းသည် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြော ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသွားပေလိမ့်မည်။

အကယ်၍သာ အခြား ကုမ္ပဏီတစ်ခုခု ဖြစ်နေခဲ့လျှင် ယခုဆို ဖျက်သိမ်းခံလိုက်ရသည်မှာ ကြာပြီ ဖြစ်ပေ မည်။

သို့သော် ယခုအချိန်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီကို မည်သူက ဖျက်သိမ်းရဲမည်နည်း။

၎င်း၏ ကြီးမားသော သြဇာလွှမ်းမိုးမှုအပြင် အဓိက အချက်မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် လွန်စွာ အားကောင်းလှသော စစ်ရေးအင်အားကိုပါ ပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပေတော့သည်။

သမိုင်းကြောင်းအရ ဤသို့သော သြဇာလွှမ်းမိုးမှု ရှိသူများကို ၎င်းတို့ထံတွင် ရည်မှန်းချက် မရှိလျှင်ပင် အုပ်စိုးသူများက သည်းခံခွင့်လွှတ်ပေးလေ့ မရှိကြပေ။

သို့သော် ယခုအခါ ချင်ထျဲ့ကျွင်းမှာ အကျပ်ရိုက်နေခဲ့ပေ၏။

"ရှောင်ကျန်း... မင်းသာ ကောင်းယွမ်ဆိုရင် နောက်ထပ် ဘာဆက်လုပ်မလဲ..."

"ကျွန်တော်လား... ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းတော့မှာပေါ့... ဘာပဲဖြစ်ဖြစ် ငွေလည်း လုံလောက်အောင် ရှာထားပြီးပြီ... သြဇာအာဏာလည်း အလုံအလောက် ရှိနေပြီလေ... ဘာများ ထပ် လုပ်စရာ လိုသေးလို့လဲ..."

ချင်ထျဲ့ကျွင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရယ်မောလိုက်လေ၏။

"ငါက ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ..."

ကောင်းယွမ်သည် မည်သို့ပင်ဆိုစေကာမူ ရှနိုင်ငံ၏ နိုင်ငံသား တစ်ဦးသာ ဖြစ်ပြီး သူ၏ အရင်းအမြစ်များ က ရှနိုင်ငံတွင်သာ ရှိနေခဲ့ပေသည်။

အကယ်၍များ စိတ်မပါဘူး ဆိုလျင်ပင် ဘာများ တတ်နိုင်ဦးမည်နည်း။

...

ထိုအချိန်တွင် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ ရောက်ရှိနေပြီဖြစ်ပြီး ပေကျင်းမြို့ရှိ ဖွံ့ဖြိုးတိုးတက် ရေး အထွေထွေအုပ်ချုပ်မှုဌာနတွင် အလုပ်သွားလုပ်နေခဲ့လေသည်။

သူ၏ ပထမဆုံး အလုပ်ဆင်းရက်တွင် ဆူးတိုက်က သူ့ကို ပြီးခဲ့သည့် တစ်ခေါက်က သွားခဲ့သော အိုင်ဘားကလပ်သို့ ဆွဲခေါ်သွားခဲ့လေ၏။

ကောင်းယွမ်က ထိုကဲ့သို့ မပျက်စီးချင်သော်လည်း မတွန်းလှန်နိုင်ခဲ့ပေ...၊

ထိုကြောင်နားရွက်နှင့် ကောင်မလေးက အီစီကလီလုပ်ရာတွင် အလွန် ကျွမ်းကျင်လွန်းနေခဲ့လေသည်။

နောက်တစ်နေ့တွင် ကောင်းယွမ်သည် သတင်းအချက်အလက်ဌာနရှိ လွန်ခဲ့သော နှစ်အနည်းငယ်က အချက်အလက်များကို လေ့လာကြည့်ရှုရန် စီစဉ်ခဲ့ပြီး ထိုအထဲမှ တစ်စုံတစ်ရာ ရှာတွေ့နိုင်ရန် မျှော်လင့် နေခဲ့ပေ၏။

သို့သော် ဆူးတိုက်က သူ့အား ကလပ်သို့ ထပ်မံ ဆွဲခေါ်သွားခဲ့ပြန်လေသည်။

အမှန်တကယ်ပင် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှ ခြေတံရှည်များတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေကြောင်း ဝန်ခံရမည် ဖြစ်ပေသည်။

တတိယနေ့တွင်...၊ ဤအတိုင်း ဆက်သွား၍ မဖြစ်နိုင်တော့ကြောင်း ကောင်းယွမ် သဘောပေါက်သွားခဲ့ လေသည်။ သူ အလုပ်ရောက်သည်နှင့် တစ်ပြိုင်နက် ဆူးတိုက်ကို ဆက်သွယ်လိုက်လေ၏။

"သခင်လေးဆူး... ကျွန်တော်တို့ ကလပ် သွားကြမလား..."

သုံးရက်တိုင်တိုင် ပျော်ရွှင်စွာ အချိန်ဖြုန်းပြီးနောက် ဖြန့်ချီရေးကိုယ်စားလှယ်များ လေလံပွဲ စတင်တော့ မည် ဖြစ်သောကြောင့် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ မချိတင်ကဲဖြင့် ပြန်လာခဲ့ရလေတော့သည်။

ဤအချိန်တွင် မုကျားသည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်များကို ဆွဲဆောင်ထား နိုင်သည့် ကမ္ဘာ့အာရုံစိုက်မှု ဗဟိုချက်မတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။

အရေပြား အရောင်အသွေးနှင့် ဘာသာစကား မျိုးစုံသော လူများသည် ဤနေရာသို့ စုရုံးရောက်ရှိနေ ကြပေ၏။

လင်းဟိုင် ပြည်သူ့လုံခြုံရေးဗျူရိုကလည်း လက်ရှိတွင် တာဝန်ယူ စောင့်ကြပ်ပေးနေလေသည်။ ဤမျှ လောက်များပြားသော ထိပ်သီးပုဂ္ဂိုလ်များ ရောက်ရှိနေသည့်အတွက် အကယ်၍ မျှော်လင့်မထားသော ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက အရာအားလုံး ပြီးဆုံးသွားမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် မုကျား အဝင်ဝရှိ အစောင့်များ အားလုံးမှာ အထူးရဲတပ်ဖွဲ့ဝင်များသာ ဖြစ်ကြလေသည်။

ကောင်းယွမ် လေလံပွဲခန်းမသို့ ရောက်ရှိသွားချိန်တွင် အရာအားလုံးမှာ အသင့်ပြင်ဆင်ပြီး ဖြစ်နေခဲ့လေ ပြီဖြစ်တော့၏။

All Chapters