အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆)
ဖြန့်ချီရေးကိုယ်စားလှယ်များ လေလံပွဲ (အပိုင်း ၂)
ကျန်းပိုင်ရီသည် အပြေးအလွှား ရောက်လာခဲ့လေသည်။
"လောင်ကောင်း... ဒီမှာ အေးဆေးလုပ်နေတုန်းပဲလား... ပွဲစတော့မယ်လေ... အခုမှပဲ ပေါ်လာတော့တ ယ်..."
"မင်းတို့ ဒီမှာ ရှိနေတာပဲ မဟုတ်ဘူးလား... ဒါနဲ့ ပြင်ဆင်မှုတွေ ဘယ်လိုခြေနေရှိလဲ..."
"အကုန်လုံး အဆင်သင့်ဖြစ်နေပြီ... ပွဲကျင်းပမယ့်နေရာလည်း ပြင်ဆင်ပြီးပြီဆိုတော့ ဖိတ်ထားတဲ့ ထိပ် သီးပုဂ္ဂိုလ်တွေလည်း ရောက်နေကြပြီ... ချင်ထျဲ့ကျွင်းနဲ့ ဝူလျန်တို့ကတော့ အခု ဗွီအိုင်ပီ အခန်းထဲမှာ ရောက်နေကြတယ်..."
ကျန်းပိုင်ရီက ပြောလိုက်လေသည်။
"ဒါဆိုလည်း ကောင်းတာပေါ့... နိုင်ငံခြား ကုမ္ပဏီတွေရော အများကြီး ရောက်နေလား..."
"အများကြီး ရောက်နေတယ်... ဒါပေမဲ့ ထူးဆန်းတာက အမေရိကန်က တစ်ယောက်မှ မလာကြဘူး... ပိုက်ဆံကိစ္စ ပြောရရင် သူတို့က အချမ်းသာဆုံး ဖြစ်နေရက်နဲ့ ဒါက သာမန်တော့ မဟုတ်ဘူး..."
အမေရိကန်ဘက်မှ လူများ မလာကြသည်မှာလည်း ကောင်းပေသည်။
ကောင်းယွမ် စေလွှတ်လိုက်သော စက်ရုပ်များသည် ထိုထိပ်သီးပုဂ္ဂိုလ်များကို တဖြည်းဖြည်း ထိန်းချုပ် နေပြီ ဖြစ်ကာ ထိန်းချုပ်၍ မရနိုင်သူများကိုမူ ဖျက်ဆီး၍ အစားထိုးပစ်လိုက်ပြီ ဖြစ်လေသည်။
အခြေအနေများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးဟု ခန့်မှန်းရပေ၏။
ထို့အပြင် ကိုယ်စားလှယ်များ ခေါ်ယူခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်းမှာ ဒုတိယ ဦးစားပေးသာ ဖြစ်ပြီး အရေးကြီးဆုံးမှာ မိမိတို့၏ အကျိုးစီးပွား တူညီသော အသိုက်အဝန်းကို ခိုင်မာအားကောင်းလာစေရန် ပင် ဖြစ်ပေသည်။
အမေရိကန်မှ လူများအားလုံးမှာ သူ၏ လူများ ဖြစ်နေပြီ ဖြစ်သောကြောင့် သူတို့ လာရန် လိုအပ်မည် မဟုတ်တော့ပေ။
ထို့အပြင် အမေရိကန်ကို တိုက်ခိုက်ပြီးနောက် အမေရိကန် ငွေကြေးဈေးကွက်မှာ ထိတ်လန့်တုန်လှုပ် ဖွယ် အခြေအနေသို့ ရောက်ရှိနေပြီး စတော့ရှယ်ယာ ဈေးကွက်တွင်လည်း မျှော်လင့်ချက်မဲ့ ငိုကြွေးသံ များဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်လေသည်။
အမေရိကန် ဒေါ်လာသည် မည်မျှကြာအောင် တောင့်ခံထားနိုင်မည်ကို မည်သူမျှ မသိရှိကြပေ။
အမေရိကန် ဒေါ်လာ ပြိုလဲမသွားသေးခြင်းမှာ နိုင်ငံတကာ သုံးငွေအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည် နိုင်ခဲ့သော အရှိန်အဝါကြောင့်သာ ဖြစ်လေသည်။ အစားထိုးစရာ အသစ်တစ်ခု ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အမေရိကန် ဒေါ်လာကို တွေဝေခြင်းမရှိဘဲ စွန့်ပစ်ကြမည်သာ ဖြစ်ပေ၏။
သို့သော်လည်း ကောင်းယွမ်သည် အမေရိကန် ဒေါ်လာ ပြိုလဲသွားစေရန် အဆင်သင့် မဖြစ်သေးသကဲ့သို့ ရှနိုင်ငံ၏ ငွေကြေးမှာလည်း နိုင်ငံတကာသုံး ငွေကြေးအဖြစ် ရပ်တည်ရန် အဆင်သင့် မဖြစ်သေးပေ။
ထို့အပြင် ရှနိုင်ငံတွင် လက်ရှိ၌ ထိုကဲ့သို့သော အခြေအနေမျိုး မရှိသေးပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်ကကဲ့သို့ပင် ကမ္ဘာတစ်ဝန်းလုံးက ရှနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ် ယူခဲ့ကြသော်လည်း ရှနိုင်ငံကမူ ပြည်ပမှ ဝယ်ယူမှုများ တဖြည်းဖြည်း နည်းပါးလာခဲ့ပေသည်။
ကုန်သွယ်ရေးမှာ တစ်ဖက်သတ် ကုန်သွယ်ရေးသာ ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ရှနိုင်ငံ တစ်ခုတည်းသာ ဤကဲ့သို့ ဖြစ်နေခဲ့ပေ၏။
ရှနိုင်ငံမှ ကုန်ပစ္စည်းများကို တစ်ဖက်သတ် ဝယ်ယူနေရုံဖြင့် ရှနိုင်ငံ၏ ငွေကြေးကို ကမ္ဘာသုံး ငွေကြေး အဖြစ်သို့ ရောက်ရှိစေရန် မလုံလောက်ကြောင်း သက်သေပြပြီး ဖြစ်လေသည်။
အကြောင်းမှာ ငွေကြေး အမြောက်အမြားသည် ရှနိုင်ငံတွင်သာ စုပုံနေပြီး ပြန်လည် သုံးစွဲ၍ မရနိုင်သော ကြောင့်ပင် ဖြစ်ပေ၏။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီက ငွေသားများ၏ အခြေအနေနှင့် တူညီလေသည်။ ကမ္ဘာ့ ငွေ သားများသည် ရှနိုင်ငံသို့ အဆက်မပြတ် စီးဝင်ခဲ့ပြီး ဝင်လာပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့်အခါမျှ ပြန်လည် ထွက်ခွာသွားခြင်း မရှိခဲ့ပေ။
ဤအရာက နောက်ဆုံးတွင် အနောက်နိုင်ငံများကို ၎င်းတို့၏ ကုန်သွယ်မှု လိုငွေပြမှုကို ညီမျှစေရန် ဘိန်း ကို ရွေးချယ်လာစေခဲ့လေတော့သည်။
ရှနိုင်ငံ၏ လက်ရှိ အခြေအနေမှာ အမေရိကန် ဒေါ်လာများ ထွက်သွားသည်ထက် ဝင်လာသည်က ပိုများ နေသောကြောင့် ဝယ်ယူနိုင်သည့် အရာများ တဖြည်းဖြည်း နည်းပါးလာခဲ့လေသည်။ အထက်လူကြီးများ ကလည်း ဤကိစ္စကို စိုးရိမ်နေကြသဖြင့် ပြည်ပမှ ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူနိုင်ရန် နှစ်စဉ် နိုင်ငံတ ကာ သွင်းကုန်ပြပွဲများကို ကျင်းပနေရပေ၏။
ရှနိုင်ငံသည် နိုင်ငံတကာ သွင်းကုန်ပြပွဲကို ကျင်းပသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နိုင်ငံပင် ဖြစ် လေသည်။
ထို့ကြောင့် သီအိုရီအရ ရှနိုင်ငံ၏ စက်မှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာလေလေ ရှနိုင်ငံ၏ ငွေကြေး မှာ နိုင်ငံတကာသုံး ငွေကြေးများနှင့် ပို၍ ဝေးကွာသွားလေလေ ဖြစ်ပေသည်။
အမေရိကန်သည် တစ်ချိန်က အလွန် အားကောင်းသော စက်မှုလုပ်ငန်းများ ရှိခဲ့သော်လည်း အမေရိကန် ဒေါ်လာကို ကမ္ဘာအနှံ့ လွှမ်းမိုးနိုင်ရန် မည်သို့ စီမံနိုင်ခဲ့သနည်း။
အစောပိုင်း ကာလများတွင် နိုင်ငံတော်က ငွေကြေး အမြောက်အမြား သုံးစွဲကာ ကမ္ဘာတစ်ဝန်းမှ အကူ အညီများ ပေးအပ်ခဲ့ပြီး ဤသည်မှာ လက်ရှိတွင် ရှနိုင်ငံ လုပ်ဆောင်နေသော အရာပင် ဖြစ်လေသည်။
အလယ်အလတ် ကာလများတွင် အမေရိကန် ဒေါ်လာသည် ရွှေနှင့် ချိတ်ဆက်ထားကြောင်း ကြေညာခဲ့ ပြီး ကမ္ဘာ့ရွှေ အရန်သိုက်များကို ဆွဲဆောင်ခဲ့လေသည်။ ထို့နောက်တွင် စက်မှုလုပ်ငန်း ကွင်းဆက်များ ပြည်ပသို့ ပြောင်းရွှေ့သွားခဲ့ပြီး အလယ်အလတ်နှင့် အောက်ခြေအဆင့် စက်မှုလုပ်ငန်း ကွင်းဆက် အများအပြားမှာ အမေရိကန်မှ ထွက်ခွာသွားခဲ့ကြပေသည်။
ဤစက်မှုလုပ်ငန်း ကွင်းဆက်များသည် အမေရိကန် ဒေါ်လာနှင့်အတူ ကမ္ဘာတစ်ဝန်းတွင် ရှင်သန် ကြီး ထွားလာခဲ့လေသည်။ နောက်ပိုင်းတွင် အမေရိကန် ဒေါ်လာကို ရေနံနှင့် ချိတ်ဆက်လိုက်သောအခါ တည် ငြိမ်သော ကမ္ဘာသုံး ငွေကြေးတစ်ခု ဖြစ်လာခဲ့ပေသည်။
ရှနိုင်ငံက အဘယ်ကြောင့် ဤသို့ မလုပ်နိုင်သနည်း။ အကြောင်းမှာ ရှနိုင်ငံသည် ကြီးမားလွန်းလှပြီး အမေရိကန်နှင့် ဥရောပရှိ နိုင်ငံဒါဇင်ပေါင်းများစွာ ပေါင်းစပ်ထားသည်ထက်ပင် ပိုမိုများပြားသော လူဦးရေ ရှိနေသောကြောင့် စက်မှုလုပ်ငန်း ကွင်းဆက် အများအပြား ပြည်ပသို့ ပြောင်းရွှေ့ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်နေသောကြောင့် ဖြစ်ပေ၏။
ထို့ကြောင့် အမေရိကန် ဒေါ်လာသည် လက်ရှိအချိန်တွင် ပြိုလဲသွား၍ မရနိုင်ပေ။ အကယ်၍ အမေရိကန် ဒေါ်လာ ပြိုလဲသွားပါက ကမ္ဘာ့ကုန်သွယ်ရေးပါ ပြိုလဲသွားမည်သာ ဖြစ်လေသည်။
သို့သော်လည်း အခြားနည်းလမ်းတစ်ခု ရှိနေသေးကြောင်း ကောင်းယွမ် ခံစားနေမိပေ၏။
ရှနိုင်ငံသည် ကမ္ဘာ့စီးပွားရေး တစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်သောအခါ ရှနိုင်ငံ၏ ငွေကြေးသည် သဘာဝကျကျပင် ကမ္ဘာသုံး ငွေကြေးတစ်ခု ဖြစ်လာပေလိမ့်မည်။
အနာဂတ်ကမ္ဘာတွင် မည်သည်တို့ ဖြစ်ပျက်နေကြောင်း ကောင်းယွမ် မသိရှိသော်လည်း ရှနိုင်ငံသားများ သည် အနာဂတ်ကမ္ဘာတွင် အကြွင်းမဲ့ ကြီးစိုးလွှမ်းမိုးထားကြလေသည်။
ထို့ကြောင့် သူသည် လက်ရှိကမ္ဘာသို့ ပြန်လာရန် စိတ်အနှောင့်အယှက် ဖြစ်မည် မဟုတ်ပေ။
"လောင်ကောင်း... ဘာတွေ တွေးနေတာလဲ..."
"ဘာမှမဖြစ်ပါဘူး... သွားကြစို့..."
ကမ္ဘာတစ်ဝန်းမှ စီးပွားရေး ကိုယ်စားလှယ် ရာပေါင်းများစွာသည် လေလံပွဲခန်းမအတွင်းသို့ ရောက်ရှိ နေကြပြီ ဖြစ်လေသည်။
ခန်းမအတွင်း လုံခြုံရေးအတွက် လုံခြုံရေးစက်ရုပ်များက တာဝန်ယူထားပေ၏။
မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်လာမည်ကို ကောင်းယွမ် စိုးရိမ်ပူပန်နေခြင်း မရှိပေ။
ယခင်က ငါးရံ့နက် နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော ကုမ္ပဏီများဖြစ်သည့် ရှဝေမှ ကျိုးလဲ့နှင့် တာမီမှ လဲ့ကျန်းကျွင်းတို့သည် အရှေ့ဆုံးတွင် ရှိနေခဲ့ကြလေသည်။
ကောင်းယွမ် စင်မြင့်ပေါ်သို့ တက်သွားသည့်အခါ လူတိုင်း၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွား ခဲ့ပေသည်။
"လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ အားလုံးက ကမ္ဘာတစ် ဝန်းက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့အတွက် ဘာလို့ ဒီကို ရောက်နေကြသလဲဆိုတာ အကျယ် တဝင့် ရှင်းပြနေစရာ မလိုတော့ပါဘူး... အခု တိုက်ရိုက်ပဲ လိုရင်းကို သွားကြစို့... လင်းမေ မြေပုံပြ လိုက်..."
လင်းမေသည် သူမဘေးရှိ မြေပုံတစ်ခုကို ချက်ချင်း ပြောင်းလိုက်လေသည်။ ထိုမြေပုံတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း နှစ်ရာကျော်ကို ပြသထားပြီး ရှနိုင်ငံနှင့် အမေရိကန်တို့မှလွဲ၍ ဒေသပေါင်း ငါးဆယ်အဖြစ် ခွဲခြားထားလေသည်။ နိုင်ငံကြီးများသည် ကိုယ်ပိုင် ဒေသများအဖြစ် ဖွဲ့စည်းထားသော်လည်း ကမ္ဘာပေါ် တွင် နိုင်ငံငယ်လေးများစွာလည်း ရှိနေသေးပေ၏။
ဥပမာအားဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်းနိုင်ငံများစွာ ရှိနေလေသည်။ ဤနိုင်ငံငယ်လေးများသည် လူဦးရေ နည်းပါးပြီး ကုန်းမြေဧရိယာလည်း အကန့်အသတ် ရှိသောကြောင့် ၎င်းတို့၏ ဈေးကွက် အ လားအလာမှာ သိပ်မကောင်းလှပေ။ ထို့ကြောင့် ကောင်းယွမ်သည် ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု အဆင့်အတန်းနှင့် လူဦးရေအပေါ် မူတည်၍ ဤနိုင်ငံငယ်များကို ပေါင်းစည်းရန် လင်းမေအား ညွှန် ကြားခဲ့ခြင်း ဖြစ်လေသည်။
"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ... ကျွန်တော်တို့ ကမ္ဘာကြီးကို ဒေသပေါင်း ငါးဆယ် ခွဲခြားထားပြီး ဒေသ တစ်ခုစီတိုင်းရဲ့ ကိုယ်စားလှယ်ယူခွင့်က သီးသန့်ဖြစ်ပါတယ်... ဘယ်လို ကုမ္ပဏီ ဒါမှမဟုတ် လူပုဂ္ဂိုလ် မဆို လေလံဆွဲနိုင်ပြီး အမြင့်ဆုံး ဈေးပေးနိုင်သူက ဒေသတစ်ခုစီတိုင်းကို အနိုင်ရရှိပါလိမ့်မယ်..."
အောက်ဘက်ရှိ စီးပွားရေး ကိုယ်စားလှယ်များသည် အချင်းချင်း စတင် ဆွေးနွေးလာခဲ့ကြလေသည်။
"မစ္စတာကျန်း... ခင်ဗျားမှာ ငွေအင်အား တောင့်တင်းတယ်လေ... အနည်းဆုံး ဒေသ ငါးခု၊ ခြောက်ခု လောက် ယူဖို့ အစီအစဉ် မရှိဘူးလား..."
"မစ္စတာမားကတော့ နောက်နေပြန်ပါပြီ... မစ္စတာမားကမှ တကယ့် အကောင်ကြီးပါ... ဒီဒေသ ငါးဆယ် ထဲက အနည်းဆုံး ဆယ်ခုလောက်က မစ္စတာမား ပိုင်သွားလောက်တယ်လို့ ကျွန်တော်တော့ ထင်တာ ပဲ..."
"မစ္စတာဟန်းစ်... ခင်ဗျားတို့ ဈေးကွက်ကို ကျွန်တော် အပိုင်ရယူဖို့ ဆုံးဖြတ်ထားတယ်..."
"အိုးယော့ခ်... မင်းတို့ ဂေါလ်လူမျိုးတွေက တကယ်ပဲ အဲဒီလောက်တောင် မောက်မာတာလား... ကောင်း ပြီလေ... မင်းတို့အတွက် ဂေါလ်ဈေးကွက်ကို ငါ အပိုင်သိမ်းပေးမယ်... ပြီးရင် မင်းကို အပူချိန်ထိန်း အဝတ်အစား တစ်စုံ လက်ဆောင်ပေးလိုက်မယ်..."
"ယိုရှီ... တောင်ပိုင်းမင်းဆက်ရဲ့ ဈေးကွက်က ငါတို့အပိုင်ပဲ..."
ကောင်းယွမ်သည် စင်မြင့်ပေါ်မှနေ၍ မမျှော်လင့်ဘဲ မိတ်ဆွေဟောင်း တစ်ယောက်ကို မြင်လိုက်ရလေ သည်။
တောင်ပိုင်းမင်းဆက်မှ လီထိုက်ရှီလည်း ထိုနေရာတွင် ရှိနေခဲ့ပေ၏။ အရင်းရှင်များသည် အမှန်တကယ် ပင် သည်းခံခွင့်လွှတ်နိုင်စွမ်း အရှိဆုံးသူများ ဖြစ်ပုံရလေသည်။ ယခင်က သူ ကြယ်ကိုးစင်းကို လှည့်စား ခဲ့သော်လည်း သူတို့သည် သူ့အား အားပေးထောက်ခံရန် ရောက်လာကြပေသေးသည်။
လီထိုက်ရှီသည် ကောင်းယွမ်ကို ထပ်မံ မြင်တွေ့ရသည့်အခါ သူ၏ မျက်နှာအမူအရာမှာ သိပ်မကောင်း လှသော်လည်း သူ၏ အတွင်းရေးမှူးက သူ့ကို သတိပေးလာခဲ့လေသည်။
"ဒုတိယဥက္ကဋ္ဌလီ... ကျွန်တော်တို့ ဒီကို လာခဲ့တာက တောင်ပိုင်းမင်းဆက်ရဲ့ ဖြန့်ချီခွင့်ကို ရဖို့အတွက်ပါ... ကျွန်တော်တို့ ရှုံးလို့ မဖြစ်ဘူး... တကယ်လို့ ကျွန်တော်တို့ ဈေးကွက်ကို ဂျပန်တွေ ဒါမှမဟုတ် ရှနိုင်ငံ သားတွေက ယူသွားမယ်ဆိုရင် ကျွန်တော်တို့အတွက် ဘယ်လို အခွင့်အရေးမှ ကျန်တော့မှာ မဟုတ်ဘူး ... ကျွန်တော်တို့ တဖြည်းဖြည်း ကျဆင်းသွားဖို့ပဲ ရှိတော့မယ်..."
"ငါ သိပါတယ်..."
လီထိုက်ရှီ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။
ကောင်းယွမ် လက်မြှောက်လိုက်လေ၏။
"အခု လေလံ စည်းမျဉ်းတွေကို ကျွန်တော် ရှင်းပြပါမယ်... ကျွန်တော်တို့ ဒေသ ငါးဆယ်ကို နံပါတ်စဉ် တပ်ထားပြီး နံပါတ်တစ်ကနေ စပြီး တစ်ခုချင်းစီ လေလံ စတင်ပါမယ်... ကိုယ်စားလှယ် တစ်ယောက် ချင်းစီရဲ့ အရှေ့မှာ လက်ပတ်ဖုန်း တစ်လုံးစီ ရှိပါတယ်... ခင်ဗျားတို့ရဲ့ လေလံဈေးကို လက်ပတ်ဖုန်း ပေါ်မှာ တင်နိုင်ပေမယ့် ဒေသ တစ်ခုချင်းစီအတွက် တစ်ကြိမ်ပဲ ဈေးပေးခွင့် ရှိပါတယ်... အမြင့်ဆုံး လေလံဈေးပေးနိုင်တဲ့ ကိုယ်စားလှယ်က ကိုယ်စားလှယ်ခွင့် ရရှိမှာပါ..."
"တကယ်လို့ တစ်ယောက်ယောက်က လေလံဆွဲပြီး နောက်ဆုံးမှာ ငွေမချေနိုင်ဘူး ဆိုရင် ငါးရံ့နက် နည်း ပညာကုမ္ပဏီရဲ့ အမည်ပျက်စာရင်းကို ထာဝရ အသွင်းခံရပါမယ်... ဒါ့အပြင် ငါးရံ့နက် နည်းပညာ ကုမ္ပဏီနဲ့ ကုန်သွယ်မှု ပြုလုပ်နေတဲ့ ဘယ် စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် ကုမ္ပဏီမဆို သူတို့နဲ့ ကုန်သွယ် မှု ပြုလုပ်ခြင်းကို တားမြစ်ခံရပါလိမ့်မယ်... တစ်ချိန်တည်းမှာပဲ ကိုယ်စားလှယ်ခွင့်က ဒုတိယ အမြင့်ဆုံး ဈေးပေးထားတဲ့ သူဆီကို ရောက်သွားပါလိမ့်မယ်... အဲဒီကနေမှ ဆက်သွားမှာပါ..."
"အခု ဒေသ နံပါတ်တစ်အတွက် လေလံ စတင်ပါပြီ... ရုရှားဝက်ဝံကြီး ဒေသအတွက် ဈေးပေးနိုင်ပါ ပြီ..."
ရုရှားဒေသတွင် ကိုယ်စားလှယ်ခွင့် ရရှိရန်အတွက် ရှနိုင်ငံ ကုမ္ပဏီများက အတက်ကြွဆုံး ဖြစ်နေကြပြီး ဒေသတွင်း ရုရှား ကုမ္ပဏီများကလည်း ကြိုးစားရန် စိတ်အားထက်သန်နေကြပေသည်။ မည်သို့ပင်ဆို စေကာမူ ကိုယ်စားလှယ်ခွင့် ရရှိခြင်းက တည်ငြိမ်သော အကျိုးအမြတ်များကို သေချာစေရုံသာမက ကုမ္ပဏီ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးကြောင်း လူတိုင်းက သိထားကြလေ၏။
အချို့သော ကုမ္ပဏီ ကိုယ်စားလှယ်များသည် ဈေးမည်မျှ ပေးရမည်ကို စတင် တွေးတောလာခဲ့ကြလေ သည်။
မည်သို့ပင်ဖြစ်စေ လေလံ တစ်ကြိမ်သာ ပေးနိုင်သောကြောင့် စမ်းသပ်ကြည့်ပြီးမှ ကျရှုံးရန် လုံးဝ အခွင့် အရေး မရှိပေ။ တစ်ကြိမ် ဆုံးရှုံးသွားသည်နှင့် ထာဝရ ဆုံးရှုံးသွားမည်သာ ဖြစ်လေ၏။
ကောင်းယွမ်၏ ဈေးနှုန်း သတ်မှတ်မှု နည်းဗျူဟာကြောင့် စီးပွားရေးလုပ်ငန်းရှင် အများအပြားမှာ တိတ် တဆိတ် ကျိန်ဆဲနေမိကြလေသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် သူတို့ ပေးချင်သော အမြင့်ဆုံး ဈေးနှုန်းကိုသာ ဖော်ပြနိုင်ကြတော့ပေသည်။
ဤသည်က လုပ်ငန်း စွမ်းဆောင်ရည်ကို တိုးတက်စေရုံသာမက ဈေးနှုန်းများကိုလည်း မြင့်တက်လာ စေခဲ့ပေသည်။