← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈)

ငါ ကောင်းယွမ်သည် သာမန်ပြည်သူများအတွက် မြှုပ်နှံထားသူ ဖြစ်တယ်

မြေပုံပေါ်ရှိ ဒေသတစ်ခုအား လေလံအောင်သွားသည်နှင့် တစ်ပြိုင်နက် ထိုဒေသသည် အနီရောင်သို့ ပြောင်းလဲသွားမည် ဖြစ်လေသည်။

ဤအချိန်တွင် ကမ္ဘာ့မြေပုံပေါ်၌ ဒေသနှစ်ခုသာ ကျန်ရှိတော့ပေ၏။

ယခုအခါ ကောင်းယွမ်သည် အလွန်ပင် သက်သောင့်သက်သာ ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် နောက် ကွယ်မှ အချက်အလက်များကို တစ်ချက်ကြည့်လိုက်ရာ ဒေသအားလုံးရှိ ကိုယ်စားလှယ်များထံမှ စုစု ပေါင်း လေလံဈေးမှာ ယခုအခါ ထရီလီယံ နှစ်ခုကျော်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေ၏။

အနောက်ဥရောပ နိုင်ငံများကဲ့သို့သော လူကြိုက်များသည့် ဒေသများတွင် လေလံဈေး အများအပြားမှာ ဘီလီယံရာပေါင်းများစွာကို ကျော်လွန်နေခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ အမြင့်ဆုံး လေလံ ဈေးသည် တောင်ပိုင်းမင်းဆက်ထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်ပေသည်။

ကြယ်ကိုးစင်းသည် တောင်ပိုင်းမင်းဆက်အတွက် ကိုယ်စားလှယ်ကြေး တစ်ခုတည်းဖြင့် ဘီလီယံ နှစ်ရာ အထိ သုံးစွဲခဲ့သောကြောင့် ဤအချက်က ကောင်းယွမ်ကို အံ့အားသင့်သွားစေခဲ့လေသည်။

ဤသည်က ကောင်းယွမ်ကို ဆွံ့အသွားစေခဲ့ပေ၏။ ကြယ်ကိုးစင်းသည် အမှန်တကယ်ပင် အင်အား ကြီးမားလှပေသည်။ သူ၏ လှည့်စားမှုကို ခံခဲ့ရဖူးပြီး ရှနိုင်ငံတွင် မြှင့်တင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ စက်ရုံများနှင့် ဆိုင်များ ဝယ်ယူခြင်းတို့အတွက် စုစုပေါင်း သုံးစွဲခဲ့သော ငွေကြေးမှာ အနည်းဆုံး ဘီလီယံ သုံးလေးရာခန့် ရှိပေသည်။

နောက်ပိုင်းတွင် ၎င်းတို့က ထိုစက်ရုံများနှင့် ဆိုင်အချို့ကို ရောင်းချကာ ရန်ပုံငွေ အချို့ကို ပြန်လည်ရယူ နိုင်ခဲ့သော်လည်း ယေဘုယျအားဖြင့် စုစုပေါင်း ဆုံးရှုံးမှုမှာ ဘီလီယံ သုံးရာခန့် ရှိမည်ဟု ခန့်မှန်းရလေ သည်။

ယခုအခါ သူတို့သည် တောင်ပိုင်းမင်းဆက်၏ အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်းများအတွက် ဖြန့်ချီခွင့်ကို ရယူရန် ဘီလီယံ နှစ်ရာကို အမှန်တကယ် သုံးစွဲခဲ့ကြလေသည်။

ကောင်းယွမ် မသိခဲ့သောအရာမှာ လီထိုက်ရှီသည် ဂျပန်သူဌေးကြီးများနှင့် ပြင်းထန်စွာ ယှဉ်ပြိုင်နေခဲ့ရ ခြင်းပင် ဖြစ်ပေ၏။ အကယ်၍ ကြယ်ကိုးစင်းကသာ တောင်ပိုင်းမင်းဆက် ဈေးကွက်ကို ဆုံးရှုံးပြီး ဂျပန် တို့ လက်ထဲသို့ ကျရောက်သွားပါက သူတို့သည် နေရပ်တွင် လူတိုင်း၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရမည် သာ ဖြစ်လေသည်။

ကမ္ဘာမြေကို ကယ်တင်ခြင်း ရုပ်ရှင်၏ လူကြိုက်များမှုနှင့် ကောင်းယွမ်နှင့် အမေရိကန်တို့အကြား ပေါ်ပြူလာနှင့် တိတ်တဆိတ် အားပြိုင်မှုများကြောင့် လက်ပတ်ဖုန်းများနှင့် အပူချိန်ထိန်းအဝတ်အစား များ၏ အမည်များသည် ကမ္ဘာတစ်ဝန်းတွင် အချိန်ကြာမြင့်စွာကတည်းက လူသိများနေခဲ့ပြီ ဖြစ်လေ သည်။

လူများစွာသည် ဤခေတ်မီ အဆင့်မြင့် နည်းပညာနှစ်ခုကို ဝယ်ယူရန် စောင့်ဆိုင်းနေကြပေသည်။

ဒေသအားလုံး လေလံဆွဲပြီးသွားသည့်အခါ...၊

ကောင်းယွမ်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွား ခဲ့လေသည်။

"ဖြန့်ချီခွင့် ရရှိသွားတဲ့ ကုမ္ပဏီ ကိုယ်စားလှယ်တွေကို ဂုဏ်ပြုပါတယ်... ခင်ဗျားတို့ဟာ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ သစ္စာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတော့မယ်..."

'လုပ်ဖော်ကိုင်ဖက်' ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ လီထိုက်ရှီ၏ နှုတ်ခမ်းများမှာ ထိန်းမ နိုင်သိမ်းမရ တွန့်လိမ်သွားခဲ့လေ၏။ အကြောင်းမှာ စမတ်ဖုန်း ဈေးကွက် ကျဆင်းသွားခြင်းက ကြယ်ကိုး စင်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ချည့်နဲ့သွားသည့် အခြေအနေသို့ မရောက်သေးသော်လည်း ၎င်းမှာ လက်ပတ်ဖုန်းကို အချိန်တိုအတွင်း သာ ရောင်းချရသေးပြီး အပြည့်အဝ ဖြန့်ချီနိုင်ခြင်း မရှိသေးသောကြောင့်သာ ဖြစ်ပေ၏။

သို့သော်လည်း အရင်းအနှီး ဈေးကွက်တွင် ကြယ်ကိုးစင်း၏ စတော့ရှယ်ယာများမှာ တစ်စထက်တစ်စ ကျဆင်းလာနေခဲ့လေသည်။

စမတ်ဖုန်းများ ဈေးကွက်မှ ထွက်ခွာသွားခြင်းသည် မျက်နှာပြင်များနှင့် ပရိုဆက်ဆာများကဲ့သို့သော စမတ်ဖုန်း အစိတ်အပိုင်းများကို ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများစွာ ကျုံ့ဝင်သွားမည်ဟု ဆိုလို ခြင်းပင် ဖြစ်ပေသည်။

ကြယ်ကိုးစင်း၏ အကြံပေးအဖွဲ့များအရ ကြယ်ကိုးစင်း၏ စီးပွားရေး နယ်ပယ်မှာ အနည်းဆုံး ရာခိုင်နှုန်း လေးဆယ်ခန့် လျော့ကျသွားမည် ဖြစ်လေသည်။

ဤသည်မှာ ကြယ်ကိုးစင်းက အတိတ်က နာကြည်းချက်များကို လျစ်လျူရှုကာ ကိုယ်စားလှယ်ခွင့် အတွက် လေလံဆွဲရန် လီထိုက်ရှီကို စေလွှတ်ခဲ့ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်ပေ၏။

မိုဘိုင်းဖုန်း လုပ်ငန်း ဆုံးရှုံးသွားခြင်းကို လက်ပတ်ဖုန်းများနှင့် အပူချိန်ထိန်းအဝတ်အစားများအတွက် ဖြန့်ချီခွင့် ရယူခြင်းဖြင့် ခုနှိမ်နိုင်ပေလိမ့်မည်။

ဤတစ်ကြိမ်တွင် လီထိုက်ရှီသည် တောင်ပိုင်းမင်းဆက်၊ မုန်ကူနှင့် အာ့ရွှင် ဟူသော ဒေသသုံးခုအတွက် ဖြန့်ချီခွင့်များကို ရရှိခဲ့လေသည်။ လီထိုက်ရှီ အနည်းငယ် စိတ်ပျက်သွားခဲ့ရပေ၏။ သူသည် တိုက်ရင် အတွက်လည်း လေလံဆွဲခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ လေလံမအောင်ခဲ့ပေ။

အကြောင်းမှာ သူသည် မိမိနိုင်ငံကို ကာကွယ်ရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် ရန်ပုံ ငွေများကို ဖယ်ချန်ထားရသောကြောင့် ဖြစ်လေသည်။

ထိုအချိန်တွင် ကောင်းယွမ် အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့လေ၏။

ဤနေရာရှိ လူအများစုမှာ သူတို့၏ ကိုယ်ပိုင် လူများသာ ဖြစ်ပေသည်။

"သုံးရက်အတွင်း ကိုယ်စားလှယ်ကြေး အပြည့်ပေးချေပြီးရင် ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ် စနစ်ထဲကို ဝင်ရောက်နိုင်ပါပြီ... အဲဒီနောက် စနစ်ထဲမှာ တိုက်ရိုက် အော်ဒါ တင်နိုင်ပါပြီ..."

ထရီလီယံ နှစ်ခု...၊

ထို့အပြင် နောက်ဆက်တွဲ ငွေပေးချေမှုများလည်း ဆက်လက် ဝင်ရောက်လာဦးမည်ဖြစ်ရာ ကောင်းယွမ် အတွက် ပြည်တွင်း ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် လုံလောက်နေပြီ ဖြစ်ပေသည်။

ယခုအခါ ကုမ္ပဏီများကို ပေါင်းစည်းခြင်း လုပ်ငန်းစဉ်မှာ အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီ ဖြစ်လေသည်။

ကောင်းယွမ်သည် ဤကိုယ်စားလှယ်များကို ဒေသတွင်း ဟင်းလျာများ သုံးဆောင်ရန် လှိုက်လှဲနွေး ထွေးစွာ ဖိတ်ကြားခဲ့လေ၏။

ကားထဲတွင် ကောင်းယွမ်သည် ချင်ထျဲ့ကျွင်း၊ ဝူလျန်တို့နှင့် မျက်နှာချင်းဆိုင် ထိုင်နေခဲ့လေသည်။

"ဌာနမှူးချင်... ဌာနမှူးဝူ... ဒီနေ့ ဧည့်ဝတ်မကျေဖြစ်သွားရင် တောင်းပန်ပါတယ်... ခွင့်လွှတ်ပေးကြပါ... ကျွန်တော် ခင်ဗျားတို့ကို ဒီကို ဖိတ်ရတာ သက်သေအဖြစ် ရှိနေပေးစေချင်လို့ပါ..."

"မင်းက အရင်ကနဲ့ မတူတော့ဘူးပဲ..."

ချင်ထျဲ့ကျွင်းက ပြောလိုက်လေသည်။

သူ အရင်ကနှင့် မတူတော့ကြောင်း ကောင်းယွမ် ကိုယ်တိုင်လည်း သိရှိထားလေ၏။ ယခုအခါ သူသည် သူ လုပ်ချင်သမျှ အရာအားလုံးနီးပါးကို လုပ်ဆောင်နိုင်ပြီး မည်သည့် တားမြစ်ချက်မျှ မရှိတော့ပေ။

"ဌာနမှူးချင်... ကျွန်တော် ဘာတွေ ကွာခြားသွားတယ်လို့ ထင်လဲ..."

"ဘယ်လို ပြောရမလဲ... ပိုပြီး လည်ဝယ်လာတယ်လို့ပဲ ဆိုရမလား..."

"ဟားဟား..."

ကောင်းယွမ်သည် သူ၏ အရှက်ရမှုကို အသံကျယ်လောင်စွာ ရယ်မောရင်း ဖုံးကွယ်လိုက်လေ၏။

"ဒါကို ကျွန်တော် ရင့်ကျက်လာတယ်ဆိုတဲ့ ချီးကျူးစကားအဖြစ်ပဲ မှတ်ယူလိုက်ပါ့မယ်... ဌာနမှူးချင်... သိပ္ပံအကယ်ဒမီက ပေါင်းစပ်စွမ်းအင်နဲ့ ကတ်ဘက်ထရီ အသစ်က ဘယ်တော့လောက် လက်တွေ့ အသုံး ချနိုင်မယ့် အဆင့်ကို ရောက်လာမလဲ..."

"ပြောရခက်တယ်... သိပ္ပံအကယ်ဒမီက လက်ရှိမှာ ဓာတ်ခွဲခန်းထဲမှာ ပေါင်းစပ်စွမ်းအင်ကို ပုံတူကူးဖို့ ကြိုးစားနေတယ်... အပူချိန်ထိန်းအဝတ်အစားထဲက မိုက်ခရို ပေါင်းစပ်စွမ်းအင်က နည်းပညာပိုင်းဆိုင် ရာ လိုအပ်ချက်တွေ အရမ်းမြင့်မားတယ်လေ... "

"မနေ့က လောင်ကျုံးနဲ့ တွေ့တော့ သူတို့ရဲ့ လက်ရှိ နည်းပညာနဲ့ဆိုရင် မင်းရဲ့ မိုက်ခရို ပေါင်းစပ်စွမ်းအင် ကို ပုံတူကူးဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ သူ ပြောတယ်... ဒါပေမဲ့ အချက်အလက်တွေအရတော့ ထိန်းချုပ်နိုင် တဲ့ ပေါင်းစပ်စွမ်းအင်ကို ရရှိဖို့က ပြဿနာ မရှိနိုင်ဘူးတဲ့... ဒါကြောင့် အခု သူတို့ စမ်းသပ်မှုတွေ လုပ်နေ ကြတယ်... "

"အောင်မြင်သွားတာနဲ့ ရှနိုင်ငံ လျှပ်စစ်ဓာတ်အားပေး ကွန်ရက်မှာရှိတဲ့ လက်ရှိ အပူစွမ်းအင်သုံး ဓာတ် အားပေးစက်ရုံ အားလုံးကို အဆင့်မြှင့်တင်ဖို့ အရင်ဆုံး ထောက်ပံ့ပေးသွားမှာပါ..."

ကောင်းယွမ် မျက်မှောင်ကြုတ်လိုက်လေသည်။

သူသည် အပူချိန်ထိန်းအဝတ်အစားအတွက် အသင့်ထုတ်လုပ်ပြီးသား ကုန်ထုတ်လုပ်မှုလိုင်းကို တိုက် ရိုက် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အတွင်းပိုင်းတွင် မည်မျှ ခက်ခဲရှုပ်ထွေးကြောင်းကို လုံးဝ မသိရှိခဲ့ ပေ။

ယခုအချိန်တွင် ရရှိနိုင်သော တစ်ခုတည်းသော ပြည့်စုံသည့် စနစ်မှာ စက်ရုပ်များက ထုတ်လုပ်သော အပူချိန်ထိန်းအဝတ်အစားများသာ ဖြစ်သော်လည်း ရှနိုင်ငံ သိပ္ပံအကယ်ဒမီကပင် ၎င်းကို အကောင်အ ထည် မဖော်နိုင်သေးကြောင်း ဆိုနေလေ၏။

ဒါက အမှန်တကယ်ကို ခက်ခဲလွန်းလှပေသည်။

ကောင်းယွမ် မကျေမနပ် ဖြစ်နေသည်ဟု ချင်ထျဲ့ကျွင်း ထင်မှတ်သွားခဲ့လေ၏။

"ကောင်းယွမ်... ဒါပေမဲ့ ကတ်ဘက်ထရီ အသစ်ကတော့ တိုးတက်မှု ကောင်းနေပါတယ်... ဘီဝိုင်ဒီ၊ ကျင်းသယ်၊ ရှချွမ်းနဲ့ ကောင်းနန် စတဲ့ ဘက်ထရီ ကုမ္ပဏီတွေက သိပ္ပံအကယ်ဒမီနဲ့ ဆက်သွယ်နေကြပြီ လေ... လောင်ကျုံးကလည်း မင်းရဲ့ သတ်မှတ်ချက်တွေကို သူတို့ကို ပြောပြထားပြီးတော့ အခု သူတို့ အားလုံး စဉ်းစားနေကြပါတယ်..."

"ဘက်ထရီ ဆန်းသစ်တီထွင်မှုနဲ့ ပေါင်းစပ်စွမ်းအင်ကို စီးပွားဖြစ် အသုံးပြုလာနိုင်တာက မိုဘိုင်းဖုန်းတွေ လိုပဲ မော်တော်ကား စက်မှုလုပ်ငန်းမှာ မလွှဲမသွေ ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေလိမ့်မယ်..."

ကောင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"ဟုတ်တယ်... ကောင်းယွမ်... မင်းများ ကားလုပ်ငန်းထဲကို ဝင်ဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်..."

ကောင်းယွမ် ပြုံးလိုက်လေ၏...။

"ကျွန်တော် တစ်ယောက်တည်း အားလုံးကို သိမ်းကျုံးစားလို့တော့ မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား ဌာနမှူးချင်..."

"မင်းကို ငါ နားမလည်နိုင်တော့ဘူး... မင်း ငါ့ကို ဒီလောက်အများကြီး ပြောပြနေတယ်ဆိုတော့ တစ်ခုခု တော့ ရှိနေရမယ်မလား..."

"ဌာနမှူးချင်ကလည်း ဘာတွေ ပြောနေတာလဲ... ကျွန်တော့်မှာ ဘာများ ရှိနိုင်မှာလဲ... ကျွန်တော်က ဘဝကြီးက ဘယ်လောက် ခက်ခဲလဲဆိုတာကို ညည်းတွားနေရုံလေးပါ... မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းဆိုတာတွေက ပူပင်သောကတွေပဲ မဟုတ်ဘူးလား..."

ချင်ထျဲ့ကျွင်းသည် သံသယ မျက်လုံးများဖြင့် ကြည့်လာခဲ့လေ၏။

"နေပါဦး... ငါ စဉ်းစားကြည့်ပါရစေ... မင်းက မင်းရဲ့ အသက်ဆက်ဆေးရည်ကို ရပ်ပစ်ဖို့ စီစဉ်နေတာ လား..."

ကောင်းယွမ် လက်မထောင်ပြလိုက်လေသည်။

သို့သော် သူသည် ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့ပေ၏။

"ဌာနမှူးချင်... ကျွန်တော် ခင်ဗျားကို အထင်သေးအောင် ပြောနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ နှစ်စဉ် ကင်ဆာရောဂါကြောင့် သေဆုံးနေတဲ့ လူတွေ အရမ်းများလွန်းတယ်... ရောဂါကြောင့် ဆင်းရဲနွမ်းပါးမှုထဲ ပြန်ရောက်သွားတာတွေ ဒါမှမဟုတ် အရာအားလုံးကို ဆုံးရှုံးသွားတဲ့ ဖြစ်စဉ်မျိုးစုံ ရှိနေတယ်..."

"ကျွန်တော့် ကုမ္ပဏီမှာ လင်းမေလို့ ခေါ်တဲ့ အဆင့်မြင့် အမှုဆောင် တစ်ယောက်ရှိတယ်... သူ့အမေက ယူရီးမီးယား ရောဂါ ဖြစ်နေတာ... အရမ်း နာကျင်ရတယ်... ဌာနမှူးချင် ခင်ဗျား ကျွန်တော့်ကို သိပါတယ် ... ကျွန်တော့်ကို ကြည့်လိုက်... ကျွန်တော် ဒုတိယ လုပ်ငန်းကို စတင်ကတည်းက တည်းဖြတ်စက် ပြဿနာကို အစကတည်းက ဖြေရှင်းခဲ့တာလေ..."

"ကျွန်တော်တို့ရဲ့ အပူချိန်ထိန်းအဝတ်အစား အသစ်က ကမ္ဘာကြီးရဲ့ အပူအအေးဒဏ်ကို ဖယ်ရှားပေးနိုင် တယ်... အာဟာရအနှစ်ကလည်း ထုတ်ကုန်အသစ်တစ်ခု ဖြစ်ပေမယ့် ကျွန်တော် အဲဒါကို ရောင်းဖို့ အစီအစဉ် မရှိဘူး... အလှမ်းဝေးတဲ့ တောင်တန်းဒေသတွေက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် အခမဲ့ အာဟာရ ထောက်ပံ့ပေးပြီး သူတို့မှာ စားစရာ၊ ဝတ်စရာ လုံလောက်မှုရှိစေဖို့ 'ငါးရံ့နက် အာဟာရအသင်း' ကို တည်ထောင်ဖို့ ရည်ရွယ်ထားတယ်..."

"ဒီအသက်ဆက်ဆေးရည်လည်း ဒီအတိုင်းပဲ... ကျွန်တော်က လောကကြီးမှာ နာကျင်ခံစားရမှုတွေကို လျှော့ချပေးဖို့ ကြိုးစားနေရုံပါပဲ... အသက်ရှင်ခွင့်ရနိုင်တဲ့ လူတွေ သေဆုံးသွားတာကို ဆေးဝါးလုပ်ငန်း ဆိုတာကြီးအတွက် ကျွန်တော်က လက်ပိုက်ကြည့်နေရမှာလား..."

ကောင်းယွမ် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့လေ၏။

"ဌာနမှူးချင်... အရင်က နှစ်ဆလျှော့ချရေးက သက်ရောက်မှု အနည်းအကျဉ်း ရှိခဲ့တယ် မဟုတ်ဘူး လား... အဲဒါက ညတွင်းချင်း သင်တန်းကျောင်း ထောင်ပေါင်းများစွာနဲ့ သင်တန်းဆရာ သန်းပေါင်းများ စွာကို အလုပ်လက်မဲ့ ဖြစ်သွားစေခဲ့တာ မဟုတ်ဘူးလား..."

"အာဏာပိုင်တွေက အလုပ်လုပ်ရတဲ့ ပမာဏကို လျှော့ချဖို့နဲ့ ယှဉ်ပြိုင်မှုတွေကို ဖြတ်တောက်ဖို့ စဉ်းစား နေကြတယ်... ဒါပေမဲ့ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေကိုရော သူတို့ ထည့်စဉ်းစားခဲ့ ကြရဲ့လား... သင်တန်းဆရာ တော်တော်များများ အလုပ်လက်မဲ့ ဖြစ်သွားကြတယ်... ချင်ကျင်းမြို့က နာမည်ကြီး အဖွဲ့အစည်းတစ်ခုက သင်တန်းဆရာ တစ်ယောက် အစားအသောက် လိုက်ပို့နေတာကို တောင် ကျွန်တော် တွေ့ခဲ့သေးတယ်... "

ချင်ထျဲ့ကျွင်း ဘာပြောရမှန်း မသိတော့ပေ။

ဤအချက်တွင် ကောင်းယွမ် ပြောသည်မှာ လုံးဝကို မှန်ကန်နေခဲ့လေသည်။

"တကယ်တော့ မင်းက... ဒါကို တိုက်ရိုက်သာ ရောင်းမယ်ဆိုရင် မင်းကို ငါ ဘာမှ ပြောရဲမှာ မဟုတ်ပါ ဘူး... အရာရှိကျိုးဆိုရင်လည်း ဒီအတိုင်းပဲ နေမှာပါ..."

ချင်ထျဲ့ကျွင်း သတိထားကာ စကားပြောနေသည်ကို မြင်လိုက်ရသည့်အခါ ကောင်းယွမ် ရုတ်တရက် ပြုံးလိုက်လေ၏။

ဟုတ်ပေသည်။ ကိုယ်လုပ်ချင်သောအရာကိုသာ လုပ်ပြီး မှန်ကန်သည်ဟု ထင်သောအရာကိုသာ လုပ်ဆောင်ရမည် ဖြစ်လေ၏။

"...ဒါဆိုရင်လည်း ကျွန်တော် ရောင်းလိုက်မယ်လေ... ဒါပေမဲ့ အကြီးအကျယ် ဖြန့်ချီမှု မလုပ်ခင် အဲဒါက ဘယ်လောက်အထိ သက်ရောက်မှု ရှိမလဲဆိုတာကို သိနိုင်ဖို့အတွက် စမ်းသပ်ကွင်း တစ်ခုတော့ လိုအပ် တယ်..."

ဤအသက်ဆက်ဆေးရည်သည် မည်သည့် ရောဂါများအတွက် ထိရောက်မှုရှိပြီး မည်သည့် ရောဂါများ အတွက် မရှိဘူးဆိုသည်ကို ကောင်းယွမ် ကိုယ်တိုင်လည်း သိချင်နေခဲ့ပေ၏။

ယခုအခါ သူ၏ထံတွင် ပြီးပြည့်စုံသော စမ်းသပ်ခံ တစ်ခု ရှိနေပြီ ဖြစ်လေသည်။ ၎င်းမှာ ကြယ်ကိုးစင်း ပင် ဖြစ်ပေ၏။ ထို့ပြင် လီထိုက်ရှီလည်း ဤနေရာသို့ အမှတ်မထင် ရောက်ရှိနေခဲ့ပေသည်။

...

All Chapters