← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉)

နောက်ဆုတ်၍ မရနိုင်တော့ပေ။

ညစာစားပွဲ ပြီးဆုံးသွားပြီးနောက် ကောင်းယွမ်သည် လီထိုက်ရှီကို နောက်ချန်ထားခဲ့လေ၏။

စက်ရုပ်က သူ့ကို ခေါ်ဆောင်လာပြီး ကောင်းယွမ်က တွေ့ချင်နေကြောင်း ပြောလာသည့်အခါ လီထိုက်ရှီ မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

တစ်ချိန်တည်းမှာပင် တင်းမာမှု ခံစားချက်တစ်ခုက နိုးကြွလာခဲ့ပေ၏။

*ကောင်းယွမ်က... ကြယ်ကိုး စင်းကို ထပ်ပြီး ဒုက္ခပေးချင်နေပြန်တာလား…* ဟု သူ တွေးလိုက်မိ လေသည်။

ဤအရာက ဘယ်တော့မှ ပြီးဆုံးမည်နည်း။ ပြီးခဲ့သည့် တစ်ကြိမ်က ကြယ်ကိုးစင်းမှာ ပေါ့ဆခဲ့မိလေ၏။ လက်ပတ်ဖုန်းများ ထွက်ပေါ်လာတော့မည်ကို သူတို့ သိရှိထားသော်လည်း အလေးအနက် မထားခဲ့မိကြ ပေ။ လက်သီးချက် ရောက်လာချိန်တွင် သူတို့ မရှောင်တိမ်းခဲ့မိပေ။ အကယ်၍ သတင်းထွက်သွားလျှင် ပင် ကြယ်ကိုးစင်းက မိုက်မဲသည်ဟုသာ လူများက ပြောဆိုကြမည် ဖြစ်ပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီ က စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟု မည်သူမျှ ပြောကြမည် မဟုတ်ပေ။

သို့သော်လည်း အကယ်၍ ကောင်းယွမ်က ယခုအချိန်တွင် ကြယ်ကိုးစင်းကို တိုက်ရိုက် ပစ်မှတ်ထားလာ မည် ဆိုပါက အခြား ကုမ္ပဏီများအနေဖြင့် ငါးရံ့နက် နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ် တွေဝေသွားနိုင်ပေသည်။

ဤအချက်ကို စဉ်းစားမိသွားသောအခါ လီထိုက်ရှီသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေ၏။

ကောင်းယွမ်ကို မြင်တွေ့လိုက်ရသည့်အခါ သူက ရိုးသားစွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။

"ဥက္ကဋ္ဌကောင်း... ခင်ဗျားကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်... ခင်ဗျားက အရင်ကလိုပဲ ဆွဲဆောင်မှု ရှိနေတုန်းပဲနော်..."

"ဥက္ကဋ္ဌလီလည်း နေကောင်းမယ်လို့ ထင်ပါတယ်... ဒေသ သုံးခုအတွက် ဖြန့်ချီခွင့် ရသွားတဲ့ ကြယ် ကိုးစင်းကိုလည်း ဂုဏ်ပြုပါတယ်..."

ပြောရင်းဆိုရင်းပင် ကောင်းယွမ်သည် လီထိုက်ရှီကို ထိုင်ရန် ဖိတ်ခေါ်လိုက်လေ၏။

"ဥက္ကဋ္ဌလီ... ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်တော့်ဘက် က သေချာ စဉ်းစားမှု မရှိခဲ့ဘူးဆိုတာကို သဘောပေါက်မိတယ်..."

ပြီးခဲ့တဲ့ တစ်ခေါက်က ကိစ္စကို ထုတ်ပြောနေတုန်းပဲလား။

လီထိုက်ရှီသည် ကျိန်ဆဲလိုက်ချင်စိတ် ပေါက်သွားခဲ့လေ၏။

"ကျွန်တော့်ဘက်က တောင်းပန်ချင်နေခဲ့တာပါ... ဒါပေမဲ့ အရင်က ဥက္ကဋ္ဌ လီပင်းရှီဆီ ဖုန်းဆက်ခဲ့တော့ သူက ကျွန်တော့်ကို အထင်လွဲသွားပုံပဲ... အခု ဥက္ကဋ္ဌလီ ဒီကို ရောက်နေပြီဆိုတော့ ကျွန်တော့်ဘက်က ကြယ်ကိုးစင်းကို ကျေနပ်အောင် လုပ်ပေးရမှာပေါ့..."

လီထိုက်ရှီ၏ နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့လေသည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က ကြယ်ကိုးစင်းရဲ့ အမှားပါ... ငါးရံ့နက် နည်းပညာကုမ္ပဏီနဲ့ ဘာမှ မဆိုင်ပါဘူး..."

"တွေ့လား... လူတိုင်းသာ ဥက္ကဋ္ဌလီလောက် နားလည်မှု ရှိရင် သိပ်ကောင်းမှာပဲ... ဒါပေမဲ့ ဒီတစ်ကြိမ်မှာ တော့ ကျွန်တော်က ခင်ဗျားတို့ကို အမှန်တကယ် နစ်နာကြေး ပြန်ပေးချင်နေတာပါ..."

လီထိုက်ရှီက ထပ်မံ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း...၊

ကောင်းယွမ်က လက်မြှောက်ပြလိုက်လေ၏။

"ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ပါဦး... ကျွန်တော်တို့ဆီမှာ အသက်ဆက်ဆေးရည်လို့ ခေါ် တဲ့ ထုတ်ကုန်အသစ် တစ်ခု ရှိတယ်... အဲဒါက ဆဲလ်အဆင့်ကနေစပြီး ခန္ဓာကိုယ်ရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ပေးနိုင်သလို ပုံမှန်မဟုတ်တဲ့ တစ်သျှူးတွေကိုလည်း ဖယ်ရှားပေးနိုင် တယ် ... တောင်ပိုင်းမင်းဆက်ရဲ့ ဆေးဘက်ဆိုင်ရာမှာ ပြဿနာတချို့ ရှိနေပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်း အများအပြား နှုတ်ထွက်နေကြတယ်လို့ သတင်းတွေထဲမှာ ကျွန်တော် တွေ့လိုက်တယ်... ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ဆိုရင် ခင်ဗျားတို့က အသက်ဆက်ဆေးရည်ကို ပိုပြီးတောင် လိုအပ်နေ မယ်လို့ ထင်ပါတယ်..."

လီထိုက်ရှီသည် တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရပေ၏။

"ဥက္ကဋ္ဌလီ... ဒါက သွေးကင်ဆာ၊ ကင်ဆာနဲ့ ယူရီးမီးယား အပါအဝင် ကုသလို့မရနိုင်တဲ့ ရောဂါတွေကို ကုသပေးနိုင်တဲ့ ကမ္ဘာ့ထိပ်တန်း ဇီဝဆေးဘက်ဆိုင်ရာ နည်းပညာ ထုတ်ကုန်တစ်ခုပါ... ရှနိုင်ငံမှာ အနည်း အကျဉ်းလောက် စရောင်းကြည့်ပြီးပြီ… တုံ့ပြန်မှုတွေကလည်း အရမ်းကို ကောင်းမွန်ပါတယ်... ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်း အကန့်အသတ် ရှိသေးလို့ လောလောဆယ်မှာတော့ အများအပြား ဖြန့်ချီဖို့ မဖြစ်နိုင် သေးဘူး..."

"ဒါပေမဲ့ အခုချိန်မှာ ကျွန်တော့်ထက် တောင်ပိုင်းမင်းဆက်က ပိုပြီး လိုအပ်နေတယ်လို့ ထင်ပါတယ်... ပြီးခဲ့တဲ့ တစ်ခေါက်က ကိစ္စအတွက် တောင်းပန်တဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကူညီပေးဖို့အတွက် တစ်သုတ်လောက် ပေးဖို့ ဆန္ဒရှိပါတယ်..."

"ဥက္ကဋ္ဌကောင်း... တောင်ပိုင်းမင်းဆက်က ခေါင်းဆောင်တွေက ဆေးဘက်ဆိုင်ရာ ဝန်ထမ်း မလုံ လောက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"ဟန်ဆောင်မနေပါနဲ့တော့... ခင်ဗျားတို့ နိုင်ငံမှာ အုတ်အော်သောင်းနင်း ဖြစ်နေတာ တော်တော်ကြာနေ ပြီလေ... တကယ်လို့ ဖြေရှင်းနိုင်မယ် ဆိုရင်လည်း ဖြေရှင်းပြီးတာ ကြာရောပေါ့... ကျွန်တော်က ခင်ဗျား တို့ကို ရိုးရိုးသားသား နစ်နာကြေး ပေးချင်တာပါ... ဒါပေမဲ့ ခင်ဗျားရဲ့ စိုးရိမ်မှုတွေကိုလည်း ကျွန်တော် နားလည်ပါတယ်... "

"ဒီလိုလုပ်ကြတာပေါ့... ခင်ဗျား ပြန်ယူသွားနိုင်ဖို့ နမူနာတချို့ ပေးလိုက်မယ်... တကယ်လို့ လိုအပ်ရင် ကျွန်တော့်ကို ပြန်ဆက်သွယ်လိုက်ပါ... ကျွန်တော့်ကို ယုံကြည်လို့ မရဘူးလို့ ထင်ရင်လည်း ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ..."

ထိုသို့ ပြောဆိုနေစဉ်မှာပင် ကောင်းယွမ်သည် စက်ရုပ်ဒန်းဒန်းကို အသက်ဆက်ဆေးရည် ပါဝင်သော သေတ္တာငယ်လေး တစ်လုံး ယူလာပေးစေခဲ့လေသည်။

လီထိုက်ရှီသည် ခဏမျှ တွေဝေသွားပြီးနောက် ၎င်းကို သိမ်းဆည်းလိုက်လေသည်။

"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကောင်း..."

"ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေချောမွေ့ဖို့ မျှော်လင့်ပါတယ်..."

...

အသက်ဆက်ဆေးရည်ကို သေချာပေါက် ဖြန့်ချီသွားမည် ဖြစ်သော်လည်း စီးပွားရေး ထိန်းချုပ်မှုဆို သည်မှာ ရေရှည် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ၎င်းနှင့် ပူးပေါင်းထားသော ကုမ္ပဏီအသီးသီးသည် သာမန် ပြည်သူများအပေါ်တွင် အမှန်တကယ် သက်ရောက်မှု အနည်းငယ်သာ ရှိနေသေးပေ၏။

သို့သော်လည်း အသက်ဆက်ဆေးရည်မှာ လူတိုင်း အသုံးပြုရန် လိုအပ်လာနိုင်သည့် အရာတစ်ခု ဖြစ် လေသည်။ မည်သူကများ မိမိကိုယ်ကို ဘယ်တော့မှ မဖျားနာနိုင်ဘူးဟု အာမခံနိုင်မည်နည်း။

အပူချိန်ထိန်းအဝတ်အစားနှင့် အာဟာရအနှစ်က စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး အသက်ဆက်ဆေးရည်က ဆေးကုသမှု ပြဿနာကို ဖြေရှင်းပေးနိုင်လေသည်။ ထို့အပြင် ဂိမ်းဆော့ သည့် နားကြပ်များနှင့် ပေါင်းစပ်လိုက်ပါက ဖျော်ဖြေရေးအတွက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုပါ ဖြေရှင်းပေးနိုင်ပေ၏။ ဤအရာလေးခုကို အကောင်အထည်ဖော်နိုင်သရွေ့ ဤကမ္ဘာမြေပေါ်တွင် သူတို့ အား မည်သူက တားဆီးနိုင်မည်နည်း။

၎င်းကို တောင်ပိုင်းမင်းဆက် တစ်ဝန်းလုံးတွင် ပထမဆုံး စတင် ဖြန့်ချီမည်ဖြစ်ပြီး ထို့နောက် အခြား နိုင်ငံများသို့ တိုးချဲ့သွားမည် ဖြစ်လေသည်။ အခြား နိုင်ငံများနှင့် ပတ်သက်၍မူ ထိုသို့ လုပ်ဆောင်ရန် လိုအပ်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အသက်ရှည်ရှည် နေရခြင်းက အမြဲတမ်း ကောင်းမွန်သောအရာတော့ မဟုတ် ပေ။

ထို့နောက်တွင် ကောင်းယွမ်သည် ကျန်းပိုင်ရီကို သွားရှာလိုက်လေ၏။

"လောင်ကျန်း... မင်း အခုချိန်မှာ လက်ပတ်ဖုန်းနဲ့ အပူချိန်ထိန်းအဝတ်အစားအတွက် သိပ်ပြီး စိတ်ပူနေ စရာ မလိုတော့ဘူး... ထုတ်လုပ်မှု စွမ်းရည် တိုးချဲ့ဖို့ စက်မှုဇုန်ထဲမှာ နောက်ထပ် ကုန်ထုတ်လုပ်မှုလိုင်း တချို့ ထပ်ထည့်ဖို့ ငါ စီစဉ်နေတယ်... ပြီးတော့ သိပ္ပံအကယ်ဒမီက ပေါင်းစပ်စွမ်းအင်နဲ့ ကတ်ဘက်ထရီ စီမံကိန်းတွေကို နောက်ဆက်တွဲ လိုက်လုပ်ဖို့ လူတစ်ယောက်လောက် လွှတ်လိုက်ဦး... အဲဒီထဲမှာ အမြန် ဆုံး ရင်းနှီးမြှုပ်နှံနိုင်အောင် လုပ်ထား..."

"မင်း ငါ့ကို ပြောနေစရာတောင် လိုလို့လား... ငါကပဲ အမြဲတမ်း လိုက်လုပ်နေခဲ့တာ မဟုတ်ဘူးလား... မင်းကရော ဘာတွေ အလုပ်ရှုပ်နေတာလဲ လောင်ကောင်း..."

"ပေါက်ကရတွေ... သိပ္ပံနည်းကျ သုတေသနတွေလည်း နောက်ကနေ အမီလိုက်ဖို့ မလိုဘူးလား... အဲဒါ ငါ လုပ်နေတဲ့ အလုပ်ပဲလေ..."

ကျန်းပိုင်ရီ ခဏမျှ တွေဝေသွားခဲ့လေ၏။

"လောင်ကောင်း... ငါတို့ရဲ့ လက်ရှိ ထုတ်ကုန်တွေကတင် အနည်းဆုံး နှစ်ဆယ်လောက် သက်သောင့် သက်သာ နေသွားလို့ ရနေပြီလို့ ထင်တယ်... ငါတို့ ထိုင်နေရင်းနဲ့တောင် ပိုက်ဆံ ရှာလို့ရနေပြီလေ... ပြီးတော့ အခုချိန်မှာ ငါတို့က အရမ်းကို ထင်ပေါ်ကျော်ကြားလွန်းနေပြီ... နည်းနည်းလောက် နားလိုက်ကြ မလား..."

ကောင်းယွမ် ခေါင်းခါလိုက်လေသည်။

"ရပ်လို့ မရတော့ဘူးကွ... ဒါနဲ့ လောင်ကျန်း... မင်း စက်ရုံ နှစ်ရုံလောက် တည်ဆောက်သင့်တယ်..."

"ဘာစက်ရုံလဲ... ငါတို့က စီးပွားရေးအသစ် ထပ်စလုပ်ကြဦးမလို့လား..."

"အောက်ဆီဂျင်နဲ့ ရေသန့်စက်ရုံလေ... ထုတ်လုပ်မှု စွမ်းရည်ကို အမြင့်ဆုံးတင်ထား... များလေ ပို ကောင်းလေပဲ... တာချင်းတောင်မှာ ငါတို့ ပိုင်တဲ့ မြေ (၃၀၀) ကီလိုမီတာ ကျန်သေးတယ် မဟုတ်ဘူး လား... လွတ်လွတ်လပ်လပ်သာ သုံးလိုက်ပါ... စက်ရုံဒီဇိုင်းဆွဲဖို့ လူတစ်ယောက်လောက် ရှာလိုက်... ငါက ဆောက်လုပ်ရေးပိုးကောင်ကို သုံးပြီး တည်ဆောက်ပေးမယ်... အဲဒါကို သေချာ မှတ်ထားနော်..."

ကျန်းပိုင်ရီ၏ မျက်နှာတွင် လုံးဝကို ဇဝေဇဝါ ဖြစ်နေသည့် အမူအရာ ပေါ်လွင်နေခဲ့ပေ၏။

"နေပါဦး... အောက်ဆီဂျင် လိုအပ်ချက်က အရမ်း နည်းလွန်းပြီး အကျိုးအမြတ်လည်း မရှိဘူးလေ... ရေ ကလည်း အများကြီး ရှိနေတာပဲ... ဘာလို့ ငါတို့က ဒါတွေအတွက် အပင်ပန်းခံ လုပ်နေရမှာလဲ..."

"ပြီးတော့ အရောင်းလမ်းကြောင်းတွေ ထူထောင်ဖို့ကလည်း ခက်တယ်... အဖျော်ယမကာနဲ့ အောက်ဆီ ဂျင်အတွက် ကမ္ဘာ့ဈေးကွက်က အခုချိန်မှာ အပြည့်အဝ ပြည့်နှက်နေပြီဆိုတော့ ထုတ်လုပ်ရင်တောင် ရောင်းရဖို့ ခက်တယ်ကွ..."

"ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းတွေကို အရင်ဆုံး ဂိုဒေါင်ထဲမှာပဲ သိမ်းထားလိုက်... ဪ... ပြီးတော့ ငါ့အတွက် အလုပ်ရုံ တစ်ရုံလောက် ရှင်းပေးထားဦး..."

"ဘာလုပ်မလို့လဲ..."

"အရင်က ငါတို့ မှတ်ပုံတင်ထားခဲ့တဲ့ ကုမ္ပဏီခွဲ ငါးခုထဲမှာ လောလောဆယ် ငါးနက်ဉာဏ်ရည်ပစ္စည်း ကုမ္ပဏီ နဲ့ ဆယ်လ်မွန် ဖျော်ဖြေရေးကုမ္ပဏီ လောက်ပဲ လည်ပတ်နေသေးတာလေ... တခြား ကုမ္ပဏီခွဲ တွေလည်း မကြာခင် စတင် လည်ပတ်တော့မှာ... ဂျယ်လီငါး ဇီဝနည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်အသစ် တွေကို ဒီအလုပ်ရုံမှာ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်..."

"ဘာထုတ်ကုန်လဲ..."

"အသက်ဆက်ဆေးရည်လေ... ဒါနဲ့ လင်းမေကို အမှတ်တံဆိပ် မဟာဗျူဟာမြောက် စီမံကိန်းဆွဲဖို့ ပရော် ဖက်ရှင်နယ် အမှတ်တံဆိပ် မဟာဗျူဟာပညာရှင် တစ်ယောက် ရှာခိုင်းလိုက်ပါဦး... ဒီအသက်ဆက် ဆေးရည်က အတွင်းကလီစာတွေ၊ သွေးနဲ့ အရိုးတွေ အပါအဝင် လူ့တစ်သျှူးတွေ ပျက်စီးမှုကို ပြုပြင် ပေးနိုင်တယ်... အဲဒါက ရောဂါ အားလုံးနီးပါးကို ကုသပေးနိုင်တယ်ကွ..."

ကျန်းပိုင်ရီသည် လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏...

"နေပါဦး... ရောဂါ အားလုံးကို ကုသနိုင်တယ် ဟုတ်လား... အဲဒါက လိမ်လည်မှုကြီး မဟုတ်ဘူးလား..."

"အပူချိန်ထိန်းအဝတ်အစားက ရာသီဥတု အားလုံးနဲ့ ကိုက်ညီတယ်ဆိုတာကိုကော... အရင်က မင်း ယုံခဲ့ လို့လား..."

"ဒါလည်း ဟုတ်တာပဲ... ကောင်းပြီလေ... မင်းကို ငါ ယုံတယ်... လောင်ကောင်း... မင်းက ဘာဆက် လုပ်မလို့လဲ..."

"ငါ ပြောပြီးပြီလေ... သိပ္ပံနည်းကျ သုတေသနနဲ့ ပတ်သက်လာရင် ငါတို့ ပိုက်ဆံရရင် အဲဒီ သုတေသန အဖွဲ့တွေလည်း ဝေစု ရသင့်တယ်လေ... ငါ သွားပြီး သူတို့ကို ချွေးသိပ်လိုက်ဦးမယ်... ပြီးတော့ သူတို့ရဲ့ နောက်ဆုံး သုတေသန ရလဒ်တွေက ဘာတွေလဲဆိုတာကိုလည်း သွားကြည့်ရဦးမယ်..."

...

ကောင်းယွမ်သည် ချင်ကျင်းမြို့မှတစ်ဆင့် အနာဂတ်ကမ္ဘာ၏ မြို့တော်သို့ ဝင်ရောက်သွားခဲ့လေသည်။

ဤတစ်ကြိမ်တွင်မူ သူသည် ကလပ်သို့ ဘယ်တော့မှ ထပ်မသွားရန် ဆုံးဖြတ်လိုက်လေ၏။ ယင်းအစား သတင်းအချက်အလက်ဌာနရှိ အချက်အလက်များကို အရင်ဆုံး သေချာ လေ့လာကြည့်ရှုပြီး သူ လိုချင် သော သတင်းအချက်အလက် အချို့ကို ရှာတွေ့နိုင်ရန် မျှော်လင့်မိလေသည်။

သူ ထိုင်ခုံတွင် ထိုင်လိုက်ရုံရှိသေး ဧည့်သည် တစ်ယောက် ရောက်ရှိနေကြောင်း ဉာဏ်ရည်တု စနစ်က အသိပေးလာခဲ့ပေသည်။

"ဘယ်သူရောက်နေတာလဲ..."

ကောင်းယွမ်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

ရုတ်တရက် ဉာဏ်ရည်တု စနစ်က သူ၏ အရှေ့တွင် ပုံရိပ်ယောင် နှစ်ခုကို ဖန်တီးပြသလိုက်လေ၏။

တစ်ယောက်မှာ ဆူးတိုက် ဖြစ်ပေသည်။ ကောင်းယွမ်သည် သူ၏ ကျောဘက်တွင် စူးရှသော နာကျင်မှု တစ်ခုကို ချက်ချင်း ခံစားလိုက်ရလေသည်။ ဘယ်လိုမှ မဖြစ်နိုင်ပေ၊ ယနေ့ ကလပ်သို့ လုံးဝ သွားမည် မဟုတ်ဟု သူ တွေးလိုက်မိလေ၏။

သို့သော်လည်း ကောင်းယွမ်သည် အခြား လူတစ်ယောက်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်လုံး များမှာ အရောင်လက်သွားခဲ့လေသည်...။

ဤသည်မှာ မည်သူနည်း။

လှပသော အမျိုးသမီးတစ်ဦးပင် ဖြစ်လေ၏။ အံ့မခန်း အလှတရားနှင့် ကျက်သရေရှိသော အမူအရာ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ဦး ဖြစ်ပေသည်။ စိတ်ကူးယဉ်မှု၏ အလှတရားက ဖန်တီးနိုင်သည့် စက်ရုပ်များ၏ အလှတရားကို အဆုံးအဖြတ်ပေးနိုင်သောကြောင့် စက်ရုပ်များသည် လူသား အလှတရား၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်ဟု ကောင်းယွမ် အမြဲတမ်း ထင်မှတ်ထားခဲ့ လေသည်။

သို့သော် ယခုအခါ ကောင်းယွမ်မှာ သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ရလေပြီဖြစ်ချေ၏။

*ဆူးတိုက်... မင်းလို ကောင်မျိုးက ဒီလောက် အရည်အသွေးမြင့်တဲ့ အရာမျိုး ရှိနေရက်နဲ့ စောစောစီးစီး ထုတ်မပြဘူးဆိုရင် မင်းရဲ့ ကျောကုန်း ကျိုးသွားရင်တောင် ပြန်ဆပ်လို့ ရမှာ မဟုတ်ဘူး...*

All Chapters