အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀)
ရေဒီယိုသတ္တိကြွဇုန်ကို ရှင်းလင်းခြင်း
"ဝင်ခဲ့ပါ..."
ကောင်းယွမ်သည် မတ်တပ်ရပ်လိုက်ပြီးနောက် မကြာမီမှာပင် ဆူးတိုက်နှင့် လှပသော အမျိုးသမီးတို့ ဝင်ရောက်လာခဲ့လေသည်။
"ကောင်းယွမ်... မင်း နောက်ဆုံးတော့ ပေါ်လာပြီပဲ... ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ကနေ ဆက်သွယ် တာတောင် ပြန်မဖြေဘူး... ဘာတွေများ အလုပ်ရှုပ်နေတာလဲ..."
"တစ်ရက်လောက် နားလိုက်ရလို့ပါ... သခင်လေးဆူး... ဒါနဲ့… ဒီအမျိုးသမီးက ဘယ်သူလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"သူက စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဌာန၊ ကမ္ဘာမြေရေးရာဌာနရဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဌာနခွဲမှူး ကျိုးဟန်ယန်းလေ..."
"ဌာနမှူးကျိုး... တွေ့ရတာ ဝမ်းသာပါတယ်..."
ကောင်းယွမ်သည် လက်ကမ်းပေးလိုက်လေ၏။
"ဌာနမှူးကောင်း... ရှင်နာမည်ကို ကြားနေရတာ ကြာပါပြီ..."
ကောင်းယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
*စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဌာနက လူတွေက ဘာလို့များ ဆူးတိုက်နဲ့အတူ သွားလာနေကြ တာလဲ…*
"သခင်လေးဆူး... ခင်ဗျားနဲ့ ဌာနမှူးကျိုးက..."
ဆူးတိုက်သည် ကောင်းယွမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်လေ၏။
"အဝင်ဝမှာ ပက်ပင်းတိုးသွားတာပါ... ပြောရရင် ဌာနမှူးကျိုးနဲ့ ငါက တက္ကသိုလ်တုန်းက ကျောင်းနေဖက် တွေလေ... သူကလည်း မင်းကို ရှာနေတာနဲ့ အတူတူ လာခဲ့ကြတာ..."
"ဪ... တိုက်ဆိုင်လိုက်တာ... သခင်လေးဆူး... တခြားကိစ္စများ ရှိသေးလို့လား..."
ဆူးတိုက်သည် လုံးဝကို ဇဝေဇဝါ ဖြစ်သွားသည့် အသွင်ဖြင့် ကြည့်လာခဲ့လေသည်။
"သေချာပေါက် ရှိတာပေါ့... ဒါပေမဲ့ ငါက မင်းကို သွားတွေ့ဖို့ ပြောနေတာ မဟုတ်ဘူး..."
*မဟုတ်ဘူး... မဟုတ်သေးပါဘူး… ငါက ကလပ်သွားမဲ့လူနဲ့ တူနေလို့လား…* သူ တွေးလိုက်မိလေ သည်။
သခင်လေးသည် ကမ္ဘာကြီးကို သူ၏ တာဝန်အဖြစ် ခံယူထားပြီး လောကီစည်းစိမ်များကို မခံစားမီ လောကကြီး၏ ပြဿနာများအတွက် ပူပန်နေသူ ဖြစ်ပေ၏။
"သခင်လေးဆူး... ဒီနေ့ စာရွက်စာတမ်းတချို့ကို စုစည်းပြီး မှတ်တမ်းတင်ထားဖို့ လိုသေးလို့ အစည်း အဝေးခန်းကို မလာတော့ဘူး..."
ဆူးတိုက်သည် မယုံနိုင်သည့် အသွင်ဖြင့် ကြည့်နေခဲ့လေသည်။ ထိုအရာက လုံးဝ မဖြစ်နိုင်ပေ။
"ကောင်းယွမ်... ဒီနေ့ ငါတို့ဆီမှာ လက်ဖက်ရည် အသစ်တွေ ရထားတယ်..."
"မသင့်တော်ပါဘူးဗျာ... သခင်လေးဆူး... ဒီမှာ ဧည့်သည်တွေ ရှိနေတာကို မမြင်ဘူးလား..."
ဆူးတိုက်သည် ရုတ်တရက် သဘောပေါက်သွားကာ နားလည်ကြောင်း အကြည့်တစ်ချက် ပေးလိုက်လေ ၏။
"ဒါဆိုရင်လည်း ငါ မနှောင့်ယှက်တော့ပါဘူးကွာ... ဟီးဟီးဟီး..."
...
ဆူးတိုက် ထွက်သွားပြီးနောက် လေထုမှာ အမှန်တကယ်ပင် ပို၍ သဟဇာတ ဖြစ်သွားခဲ့လေသည်။
ကျိုးဟန်ယန်းက ပြုံးကာ ပြောလိုက်လေ၏။
"ဌာနမှူးကောင်း... ပြီးခဲ့တဲ့နှစ်က ကမ္ဘာမြေ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းချင်လို့ပါ..."
"ခဏလေး စောင့်ပါဦး... ဝန်ထမ်းတစ်ယောက်ကို ရှာခိုင်းလိုက်ပါ့မယ်..."
"မလိုပါဘူး... ကျွန်မဘာသာ ရှာလို့ရပါတယ်... ဪ... ဒါနဲ့ ကျွန်မတို့ရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံမှု ဆိုတော့ ရှင့်အတွက် လက်ဆောင်လေး တစ်ခု ယူလာပါတယ်..."
ကျိုးဟန်ယန်းသည် ကောင်းယွမ်ထံသို့ သေတ္တာငယ်လေး တစ်လုံး ကမ်းပေးလိုက်လေသည်။
ကောင်းယွမ် အံ့အားသင့်သွားခဲ့ရပေ၏။ ထိုအရာက ဘာများဖြစ်မည်နည်း။
၎င်းကို ဖွင့်ကြည့်လိုက်သည့်အခါ အတွင်း၌ အလုံးဝိုင်းဝိုင်းလေး တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
"ဒါက..."
ကျိုးဟန်ယန်း၏ ဆိုလိုရင်းကို ကောင်းယွမ် နားမလည်ခဲ့ပေ။
"ဌာနမှူးကောင်း... ဒါကို ရှင့်ပါးစပ်ထဲ ထည့်လိုက်ပါ..."
ဆေးလုံးလေးများ ဖြစ်မည်လား၊ သူ မလုပ်နိုင်မည်ကို စိုးရိမ်နေခြင်းများလားဟု တွေးလိုက်မိလေသည်။ ကောင်းယွမ်သည် စော်ကားခံရသည်ဟု ခံစားလိုက်ရသော်လည်း ဤအရာက အမှန်တကယ် အလုပ် လုပ်မည် ဆိုပါက စမ်းကြည့်သင့်သည်ဟု တွေးလိုက်မိလေ၏။
သူသည် ၎င်းကို ပါးစပ်ထဲသို့ စမ်း၍ ထည့်ကြည့်လိုက်လေသည်။
ထိုအလုံးလေးသည် ချက်ချင်းပင် စတင် တုန်ခါလာခဲ့ပေ၏။
ကောင်းယွမ်၏ မျက်နှာမှာ ရဲတက်သွားခဲ့လေသည်။
*ဒါက... တရားဝင် ပစ္စည်းမျိုးကော ဟုတ်ရဲ့လား…*
*ဒါက ပါးစပ်ထဲ ထည့်လို့ရတဲ့ ဟာမျိုးမဟုတ်လောက်ဘူးထင်တယ်…*
သူ ပြန်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် ထိုအလုံးလေးမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့ပြီး တစ်ချိန်တည်းမှာ ပင် သူ၏ စိတ်ထဲသို့ အသံတစ်သံ ရောက်ရှိလာခဲ့လေသည်။
"ကောင်းယွမ်... ကျွန်မ အသံကို ကြားရလား..."
ကောင်းယွမ်၏ မျက်နှာတွင် တုန်လှုပ်သွားသည့် အသွင် ပေါ်လွင်နေခဲ့ပေ၏။
*ဒါက ဘယ်လိုအဓိပ္ပာယ်လဲ… ကျိုးဟန်ယန်းရဲ့ စိတ်ထဲက အတွေးတွေကို ငါ ကြားနေရတာလား… ဒါက ယုတ္တိမရှိဘူးလေ..*
"စကားမပြောပါနဲ့... ကျွန်မပြောတာကို နားထောင်ပါ... ဒီအလုံးလေးက မျိုးဆက်သစ် ဦးနှောက်လှိုင်း ဆက်သွယ်ရေး ကိရိယာတစ်ခုပါ... ဒီနေရာက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနရဲ့ ဌာနချုပ် လေ... ဘယ်လို ဆက်သွယ်ရေးပုံစံမျိုးမဆို ထောက်လှမ်းခံရနိုင်ပေမယ့် ဦးနှောက်လှိုင်းတွေကိုတော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကနေတစ်ဆင့်ပဲ ရယူနိုင်တာမို့ ဒီလို ဆက်သွယ်တာက အလုံခြုံဆုံးပါပဲ..."
ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။ တိုက်ရိုက် ဦးနှောက်လှိုင်း ဆက်သွယ်မှုဆိုသည်မှာ စိတ်ကူး ယဉ် ဝတ္ထုများထဲမှ စိတ်ချင်းဆက်သွယ်မှုနှင့် မည်သို့ ကွာခြားသနည်းဟု သူ တွေးလိုက်မိလေ၏။
ကောင်းယွမ် အနည်းငယ် ရှက်ရွံ့သွားခဲ့လေသည်။ ခုနက သူ တွေးနေခဲ့သော ပေါက်ကရ အတွေးများကို ကျိုးဟန်ယန်း သိသွားခဲ့ပြီလားဟု တွေးပူမိလေ၏။
၎င်းမှာ သူ၏ အမှား မဟုတ်ပေ။ အလုံးလေး တစ်လုံးက တုန်ခါနေသည်ကို မည်သူက ပေါက်ကရ တွေးမမိဘဲ နေပါမည်နည်း။
"ဌာနမှူးကောင်း... အများကြီး တွေးမနေပါနဲ့..."
"ဟို..."
ကောင်းယွမ် သတိပြန်ဝင်လာခဲ့လေသည်။ ကစားပွဲကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး သူ၏ ပုံရိပ်မှာ လည်း... ပျက်စီးသွားခဲ့ပြီ ဖြစ်လေ၏။
"ဌာနမှူးကျိုး... ကျွန်တော့်ကို ဘာပြောချင်လို့လဲ..."
"ဒီကို မလာခင် ကျောင်းအုပ်ကြီးကောင်းနဲ့ တွေ့ခဲ့တယ်... သူက သူ့ကိုယ်စား ကျွန်မကို လွှတ်လိုက်တာ ပါ... ကောင်းယွမ်... အခြေအနေက အရေးပေါ်ပဲ... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက ဗက်စတာကို ပစ်မှတ်ထားနေပြီ... ကျောင်းအုပ်ကြီးကောင်းကလည်း ကမ္ဘာမြေပေါ်မှာ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပေမယ့် ရှင့်ရဲ့ အကူအညီကို လိုအပ်နေတယ်..."
"ဒါ ဘယ်လို အဓိပ္ပာယ်လဲ... သူတို့ စတင် လှုပ်ရှားနေပြီလား... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှု ဌာနက ဗက်စတာကို ဖျက်ဆီးပစ်တော့မလို့လား..."
"အကြမ်းဖျင်းတော့ ဟုတ်တယ်... ကောင်းကင်တပ်မတော်က နာမည်ခံအားဖြင့် လူသားဖယ်ဒရေးရှင်း ကောင်စီရဲ့ ခေါင်းဆောင်မှုအောက်မှာ ရှိပေမယ့် တကယ်တမ်းမှာတော့ စစ်ရေးအာဏာကို ဖွံ့ဖြိုးတိုး တက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကပဲ လုံးဝနီးပါး ထိန်းချုပ်ထားတာပါ... ကောင်းကင်တပ်မတော်က ဗက်စတာ သတ္တုတွင်းနယ်မြေကို ရှင်းလင်းဖို့ ဆုံးဖြတ်ချက် တစ်ရပ်ကို ခုလေးတင် ကြေညာလိုက်ပြီး ဗက်စတာ သတ္တုတွင်းလုပ်သားဟောင်းတွေကို ဗုဒ္ဓဟူးဂြိုဟ်ဆီ ပြောင်းရွှေ့ပေးလိမ့်မယ်..."
ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။
ကောင်းချိုးသည် သတ္တုတွင်းလုပ်သား အများဆုံးရှိပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသော ဗက်စတာတွင် ရှိနေခဲ့ခြင်း ဖြစ်လေသည်။ ထိုနေရာတွင် သူသည် 'နိုးထလာသူများ စီမံကိန်း' ကို စီစဉ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေ၏။
ယခုအခါ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ နေရာရွှေ့ပြောင်းရေးနှင့် ရှင်းလင်းရေး အစီအစဉ်က ကောင်းချိုး၏ အစီအစဉ်များကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်လေသည်။
ကောင်းကန့်က ဘာဆက်လုပ်မည်နည်းဟု သူ တွေးလိုက်မိလေ၏။
"မြို့တော်ကြီးရှစ်ခုရဲ့ အပြင်ဘက် ရေဒီယိုသတ္တိကြွဇုန် အတားအဆီးကို ရှင်းလင်းပြီး ကာကွယ်ရေးအမိုး အကာကို ဖြိုခွင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကို သူတို့ရဲ့ အာရုံစိုက်မှုတွေ ကမ္ဘာ မြေဆီ ရောက်လာအောင် ဖိအားပေးရမယ်... ပြီးတော့ ဗက်စတာ သတ္တုတွင်း ရှင်းလင်းရေး နောက်ဆုံး ရက်ကိုလည်း နောက်ဆုတ်သွားအောင် လုပ်ရမယ်..."
နောက်ဆုံးတော့ လှုပ်ရှားရမည့်အချိန် ရောက်လာပြီလားဟု သူ တွေးလိုက်မိလေသည်။
*မဟုတ်သေးဘူး…*
*ဒီအရာက ဘာအကျိုးရှိမှာလဲ…*
"ဌာနမှူးကျိုး... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက ခင်ဗျားတို့ကို ရေဒီယိုသတ္တိကြွဇုန် ရှင်းလင်းနေတာကို လက်ပိုက်ကြည့်နေမလားဆိုတာ အသာထား... တကယ်လို့ ရှင်းနိုင်ခဲ့ရင်တောင် ဘာအဓိပ္ပာယ် ရှိမှာလဲ... ရေဒီယိုသတ္တိကြွမှုတွေက ကာလတိုအတွင်းမှာ ရှိနေဦးမှာပဲလေ... ကာကွယ် ရေးအမိုးအကာက မြို့ကြီးတွေကို ရေဒီယိုသတ္တိကြွ အန္တရာယ်ကနေ ကာကွယ်ဖို့ ရည်ရွယ်ထားတာ... အဲဒါ ဖျက်ဆီးခံရပြီးရင် ဘာတွေ ဆက်ဖြစ်လာမလဲ..."
"သေချာပေါက် ကျွန်မတို့ မြို့သစ်တွေ တည်ဆောက်ပြီး ဒေသခံတွေကို ပြောင်းရွှေ့ပေးရမှာပေါ့... ရေဒီ ယိုသတ္တိကြွဇုန်က မြို့တော်ကြီးရှစ်ခုရဲ့ အစွန်အဖျားတွေမှာပဲ ကန့်သတ်ထားတာပါ... တကယ်တမ်းကျ တော့ ကမ္ဘာမြေပေါ်က မြေယာရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းက ရေဒီယိုသတ္တိကြွမှု ကင်းစင်နေတယ်ဆိုပေ မယ့် သာမန်ပြည်သူတွေက ဒါကို မသိကြဘူး... သိထားတဲ့ အထက်တန်းလွှာတွေကလည်း ဖွံ့ဖြိုးတိုး တက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက လူတွေ ဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း ဒါကို ထုတ်မပြောရဲကြ ဘူးလေ... "
"အရင်က တစ်ယောက်ယောက် ဒါကို ပြောခဲ့ဖူးပေမယ့် အဲဒီလူက အမြန်ပဲ ပျောက်ကွယ်သွားခဲ့တယ်... ဒါ့အပြင် နှစ်ကာလတွေ တစ်လျှောက်လုံး ပြည်သူတွေ မြင်တွေ့ခဲ့ရတဲ့ သတင်းအချက်အလက်တွေက ကမ္ဘာမြေကြီးဟာ ရေဒီယိုသတ္တိကြွမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ သူတို့ကို ပြောထားခဲ့တာလေ... ဒါ ကြောင့် တစ်ယောက်ယောက်က အမှန်တရားကို ပြောပြရင်တောင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး..."
"ဟူး... "
"ဒါဆို အခု သူတို့ ယုံကြည်လာအောင် ခင်ဗျားက ဘယ်လို လုပ်မလို့လဲ..."
"အခု ရည်ရွယ်ချက်က လူတွေကို ရေဒီယိုသတ္တိကြွမှု မရှိဘူးလို့ ယုံကြည်လာအောင် လုပ်ဖို့ မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနရဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်ထားဖို့ပါပဲ..."
"ကျွန်တော့်ဆီက ဘာအကူအညီ လိုချင်လို့လဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ဓာတ်ဆီ... ကျောင်းအုပ်ကြီးကောင်းက ရှင့်ကို နောက်နှစ်ပတ်အတွင်း ဓာတ်ဆီ တတ်နိုင်သမျှ အများ ကြီး ပြင်ဆင်ထားဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်..."
*သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ…* ဟု သူ တွေးလိုက်မိလေ၏။
"အဖျက်အဆီးမရှိဘဲ တည်ဆောက်မှုဆိုတာ မရှိနိုင်ဘူး... မြို့တော်ကြီးရှစ်ခုလုံးကို မီးရှို့ပစ်လိုက်... လူတွေက မဖြစ်မနေ ပြောင်းရွှေ့ရလိမ့်မယ်..."
"သူတို့ မီးမငြှိမ်းသတ်နိုင်ဘူးလား..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ငြှိမ်းသတ်နိုင်ပါတယ်... ဒါပေမဲ့ မီးကသာ လုံလောက်အောင် ကြီးမားနေမယ်ဆိုရင် သူတို့ ငြှိမ်းသတ်နိုင် မှာ မဟုတ်ဘူး... ကမ္ဘာမြေပေါ်မှာ မီးတောက်အစစ်တွေကို ပိတ်ပင်ထားကတည်းက နှစ်ပေါင်းများစွာ ကြီးကြီးမားမား မီးလောင်မှုတွေ မဖြစ်ခဲ့ဖူးဘူးလေ... အခုခေတ်က လူအများစုက မီးဆိုတာ ဘယ်လိုပုံစံ ရှိတယ်ဆိုတာကိုတောင် မသိကြတော့ဘူး... ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတဲ့ လူတွေက မီးငြှိမ်းသတ်တဲ့အခါ ဘယ်လောက်တောင် စွမ်းဆောင်ရည် ညံ့ဖျင်းနေမလဲဆိုတာ ရှင် စိတ်ကူးကြည့်လို့ ရနိုင်မလား..."
"စက်ရုပ်တွေကကော..."
ကောင်းယွမ်က မေးလိုက်လေသည်။
"စိတ်မပူပါနဲ့... ကျောင်းအုပ်ကြီးကောင်းက အကုန် စီစဉ်ထားပြီးသားပါ... မီးက တောထဲမှာ လောင်နေ တာဆိုတော့ တောမီး ငြှိမ်းသတ်ဖို့က အရမ်း ခက်ခဲတယ်... တကယ်လို့ တောမီးလောင်ကျွမ်းတဲ့ ဧရိယာ က ဧက တစ်သောင်းထက် ကျော်လွန်သွားရင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန အနေနဲ့ မီးငြှိမ်းသတ်ဖို့ ကောင်းကင်တပ်မတော်ကိုပဲ အကူအညီ တောင်းနိုင်တော့မယ်ဆိုတာကို ကျွန်မတို့ သရုပ်ဖော် စမ်းသပ်ထားပြီးပြီ... ဒါပေမဲ့ ကောင်းကင်တပ်မတော်မှာ မီးသတ်ပစ္စည်းတွေ မရှိဘူးလေ... သိမ်းဆည်းဖို့ရော ထုတ်လုပ်ဖို့ပါ အချိန်ယူရမှာပဲ... ဒါက ကျွန်မတို့ အတိအကျ လိုအပ်နေတဲ့ အချိန် ပါပဲ..."
ကောင်းယွမ် နားလည်သွားခဲ့လေသည်။
သူတို့သည် မြို့တော်ကြီးရှစ်ခုမှ လူများကို မောင်းထုတ်ရန်အတွက် မီးကို အသုံးပြုနေကြခြင်း ဖြစ်ပေ ၏။
သို့မဟုတ်ပါကလည်း မြို့တော်ကြီး ရှစ်ခုလုံး မီးလောင်နေရန် မလိုအပ်ဘဲ တစ်ခုတည်း လောင်နေလျှင် ပင် လုံလောက်ပြီ ဖြစ်လေသည်။
ဤသည်မှာ အချိန်ကွာဟချက်ကို အသုံးချခြင်းပင် ဖြစ်လေ၏။ အနာဂတ်ကမ္ဘာတွင် အဆင့်မြင့် နည်း ပညာများ ရှိနေသောကြောင့် တောမီး လောင်ကျွမ်းလျှင်ပင် အစောပိုင်း အဆင့်များတွင် ငြှိမ်းသတ်နိုင် ပေသည်။ အကယ်၍ မီးများလွန်းသွားပါက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနသည် အချိန် တိုအတွင်း ငြှိမ်းသတ်နိုင်မည် မဟုတ်ကြောင်း သူတို့ ပြောခဲ့လေသည်။
အကယ်၍သာ မီးမငြိမ်းသွားပါက အတွင်း၌ ပိတ်မိနေသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရမည် သာ ဖြစ်လေ၏။
ပြောင်းရွှေ့နေစဉ်အတွင်း ခြေရာခံရေး အထွေထွေညွှန်ကြားမှုဦးစီးဌာနနှင့် ကောင်စီတို့က သိမ်မွေ့သော လှုပ်ရှားမှု အချို့ကို ပြုလုပ်ခဲ့ပြီး မြို့တော်ကြီးရှစ်ခုနှင့် ဝေးကွာသော ဒေသများတွင် ရေဒီယိုသတ္တိကြွမှု အမှန်တကယ် မရှိကြောင်း လူများကို ရှာဖွေတွေ့ရှိစေခဲ့လေသည်။
အရာအားလုံးက ထင်ယောင်ထင်မှားမှု သက်သက်သာ ဖြစ်ပေ၏။
အချိန်အကြာကြီး လှည့်စားခံခဲ့ရသော ဤလူများသည် မွှေးကြိုင်သော မြေဆီလွှာ၊ မြင့်မားသော သစ်ပင်များနှင့် လွတ်လပ်သော လေထုကို မြင်တွေ့ရသည့်အခါ စိတ်လှုပ်ရှားသွားကြမည်မှာ သေချာလှ ပေသည်။
သူတို့ ပြန်သွားချင်ကြတော့မည် မဟုတ်ပေ။
ဤအချိန်တွင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ အဓိက အာရုံစိုက်မှုကို လွှဲပြောင်းနိုင်ရုံ သာမက အခြေခံ လူတန်းစားများကိုပါ နိုးကြားလာစေနိုင်မည် ဖြစ်လေ၏။
အဓိက သော့ချက်မှာ မီးကို စတင် လောင်ကျွမ်းစေရန် ဖြစ်ပြီး ၎င်းမှာ လုံလောက်အောင် ကြီးမားရန် လိုအပ်ပေတော့သည်...။