← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

121 01

အပိုင်း 121

“အစ်မ အဘိုးက ဘယ်သူလဲ သမီး သိလောက်တယ်။ အဘိုးက ပိန်ပိန်လေး မှတ်လား။ သမီးတို့ရွာထဲက အဘိုးဖန် ဖြစ်လောက်တယ်။ သမီး သေခါနီးတုန်းက အဘိုးဖန်လည်း နေမကောင်းဖြစ်နေတာကို ကြားမိတယ်။ အဘိုးဖန်က အရင်တုန်းက သမီးကို သိပ်သဘောကျတာ။ သမီး နေမကောင်းဖြစ်ပြီးတော့ သူက သမီးဆီ ပိုက်ဆံပေးပြီး သမီးမိဘတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံခိုင်းခဲ့တာ။ ဒါပေမဲ့ သူတို့က ဒေါသထွက်သွားကြပြီး သမီးတို့မိသားစုကိစ္စထဲ တခြားသူတွေ ဝင်မစွတ်ဖက်သင့်ဘူးလို့ ပြောခဲ့တာ။ အဘိုးဖန်က ကလေး မရှိဘူး။ ကလေးတွေကို သိပ်ချစ်တာလေ။ သမီးရဲ့ မောင်လေးကိုလည်း ချစ်တယ်။ ဒါပေမဲ့ သမီးရဲ့မောင်လေးကို မိဘတွေက ကောင်းကော င်းမသွန်သင်ထားတော့ ဆူငေါက်တာပေါ့။ ဒီတော့ အဘိုးက ဒေါသထွက်ပြီး မောင်လေးနောက် လိုက်တာဖြစ်မယ်။ သူက သမီးမောင်လေးကို သင်ခန်း စာပေးချင်ရုံလောက်ပဲ”

ယွင်ယွီက ပြောလိုက်လေ၏။

“သမီးရဲ့ အဘိုးဖြစ်လောက်တယ်”

ဝမ်ကျစ်ရှင်းက ခဏတစ်ဖြုတ် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မော့ကြည့်ကာ ပြောလိုက်တော့သည်။

“အစ်မ နောင်ကျ ဘာစဉ်းစားလဲ။ သိလို့ ရမလား။ သမီးရဲ့မောင်လေးကို တိတ်တိတ်လေး သွားတွေ့လို့ ရမလား။ မောင်လေးကို သွန်သင်ချင်တယ်။ သူ့ကို သမီးမိဘတွေ သွန်သင်တာမျိုး သဘောမကျဘူး။ ဒါပေမဲ့ သမီးအခုသေသွားပြီဆိုတော့ သမီးမောင်လေးကို ထိခိုက်စေမှာ ဆိုးတယ်”

နောက်ဆုံးအခေါက်က သူမသည် ချန်ကျဲ၏ ကလေးနှင့် ကစားစဉ် ဤအစ်မ အပြစ်ပေးတာ ခံရ၏။ လူသားများနှင့် သရဲတစ္ဆေများအကြား ကွာဟချက်ရှိပြီး အတူတကွ ယှဉ်တွဲ မနေနိုင်တော့ကြောင်း သူမ သိလေ၏။ မဟုတ်လျှင် သူတို့က လူသားများကို ထိခိုက်စေလိမ့်မည်။

ယွင်ယွီက ဝမ်ကျစ်ရှင်းကို တအံတဩ ကြည့်လိုက်၏။

“ညီမ ဘယ်လို တွေးထားလဲ။ ဒါလည်း အဆင်ပြေတာပဲ။ ညီမရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်တွေကို ပိတ်ဆို့ပေးနိုင်တဲ့ အဆောင်တစ်ခု ပေးမယ်။ ဒါဆို ဘယ်သူကိုမှ ထိခိုက်စေမှာ မဟုတ်ဘူး”

ထိုနေ့မှ စပြီး ဝမ်မိသားစု၏ ကလေးသည် သူ၏မိဘများကို သူ့အစ်မပြန်လာပြီဖြစ်ကြောင်း သူမကို တွေ့မြင်နေရကြောင်း နေ့တိုင်း ပြောဆိုတတ်၏။ ဝမ်မိသားစု၏ မိဘများ သေအောင် ကြောက်လန့်နေမလားဟု သိချင်မိသည်။

ဝမ်ကျစ်ရှင်း သူမမောင်လေးကို မြင်တွေ့ချင်သောကြောင့် ယွင်ယွီက ဘာမှ မပြောတော့ပဲ ချင်ယွီစွေနှင့်အတူ အိမ်ပြန်လာသည်။

နောက်တစ်နေ့တွင် ထိုလင်မယားက ကလေးနှင့်အတူ အိမ်ရောက်လာချိန်၌ ယွင်ယွီက သူတို့ကို ပြောလိုက်သည်။

“ကျွန်မ ရှင်တို့ကလေးရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ ဒါပေမဲ့ ယွမ်တစ်သိန်းကျမယ်။ ပိုက်ဆံပေးမယ်ဆိုရင် ကလေးကို အခုကယ်ပေးနိုင်တယ်”

ထိုလင်မယားသည် ယွမ်တစ်သိန်းကြားသောအခါ မျက်နှာက ချက်ချင်းဖြူဖျော့သွား၏။ သူတို့က တစ်နှစ်ကို ယွမ်တစ်သိန်းသာ စုဆောင်းနိုင်ခဲ့၏။

ကျူအိုက်ချင်းသည် ဒေါသထွက်လွန်းသောကြောင့် ကလေးကို ကိုင်ထားစဉ် ပြောလိုက်သည်။

“ဆရာသခင် ဈေးက များလွန်းလှပါတယ်။ ကျွန်မ စုံစမ်းပြီးပါပြီ။ ချန်ကျဲရဲ့ကလေးဝိညာဉ်ကို ကူရှာပေးတုန်းက ယွမ်နှစ်ထောင်ပဲ တောင်းခဲ့တာ။ ကျိုးမိသားစုကို ယွမ်လေးသောင်းတောင်းတာ။ ကျွန်မတို့ကို ဘာလို့ ဒီလောက် တောင်းရတာလဲ”

121 02

ကလေးက အားနည်းသထက် အားနည်းလာလေသည်။ သူတို့သည် တာအိုဘုရားကျောင်း လေးငါးခုဆီ သွားလှည့်ပတ်ခဲ့၏။ အားလုံးက လူလိမ်များသာ ဖြစ်ကာ တောင်းသည့် တန်ကြေးက မြှင့်သည်။ သူတို့က ယွမ်လေးငါးသောင်းခန့် သုံးပြီးပြီဆိုသော်ငှား ကလေးက မပျောက်ကင်းသေးပေ။

ကလေးသည် အားနည်းသထက် အားနည်းလာ၏။ သူတို့သားသည် သူတို့ရတနာဖြစ်သည်။ သူတို့ ရင်နာနေလေ၏။

ယွင်ယွီက မျက်လွှာချထားကာ သူတို့အပေါ် မနှစ်မျိုမှုကို ဖုံးကွယ်ထားပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ရတယ်လေ”

“ဟုတ်ပြီ။ ယွမ်တစ်သိန်း ပေးမယ်။ ငါ့သားကို ကယ်ပေးရမယ်”

ဝမ်ရွှမ်သည် အားတင်းလျှက် တွေးလိုက်သည်။ ယွမ်တစ်သိန်းဆိုလျှင်တောင် သူ ဤနှစ်၌ အလုပ်ကြိုးစားသ၍ ပြန်ရနိုင်သည်။ သို့သော် သူ့တွင် သားတစ်ယောက်သာ ရှိသည်။

ကျူအိုက်ချင်းက ကျယ်လောင်စွာ ပြောလိုက်တော့သည်။

“ယောက်ျား ဒီဈေးက ကြီးလွန်းတယ်။ ရှင် ရူးနေတာလား”

ဝမ်ရွှမ်က ပြောလိုက်သည်။

“ငါ ဘာများတတ်နိုင်မှာလဲ။ မင်းပြောတာ ဆက်နားထောင်ပြီး ငါ့သားကို နောက်ထပ် တာအိုဘုရားကျောင်းဆီ ခေါ်သွားရမှာလား။ အခု ငါ့သားအခြေအနေကို မတွေ့ဘူးလား”

ကျူအိုက်ချင်းက တိတ်ဆိတ်သွားကာ အရိုးပေါ်အရေတင်သည့်အထိ အားနည်းနေသော သူမသားကို ကြည့်လိုက်၏။

ထိုလင်မယားက ယွင်ယွီကို တိတ်ဆိတ်စွာ ကြည့်နေလေ၏။

ယွင်ယွီက သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။

“ပိုက်ဆံ အရင်လွဲပေးပါ”

ဝမ်ရွှမ်က အနည်းငယ် ဒေါသထွက်သွားတော့သည်။

“ရှင်မှာ အရည်အချင်း ရှိမရှိ ဘယ်သူက သိမှာလဲ။ ကျွန်မတို့ပိုက်ဆံ လိမ်ဖို့ကြိုးစားရင်ရော”

ယွင်ယွီကလည်း ပြောလိုက်သည်။

“ပြဿနာ ကူညီဖြေရှင်းပေးပြီးမှ အကြွေးထားမထား ဘယ်သူက သိမှာလဲ”

သူမသည် ဤစုံတွဲ၏အကျင့်စရိုက်ကို မယုံကြည်ပေ။

ဝမ်ရွှမ်သည် ရွေးချယ်စရာ မရှိတော့တာ ကလေးစတင် ငိုယိုလာသောကြောင့် ဖြစ်သည်။ ထိုကြောင့် ယွင်ယွီအား ယွမ်တစ်သိန်း လွဲပေးလိုက်သည်။

ယွင်ယွီက ပိုက်ဆံယူပြီးနောက် အဘိုးအိုကို ပြောလိုက်သည်။

“ရှင်က မစ္စတာဖန် ဟုတ်တယ်မှတ်လား။ ရှင်သေသွားပြီဆိုရင် ထွက်သွားပါတော့လား။ ဘာလို့ ဒီကလေးနားမှာ လိုက်နေလဲ”

ဝမ်ရွှမ်နှင့် ကျူအိုက်ချင်းတို့သည် ကြက်သီးထသွားပြီး ကျောစိမ့်လာလေ၏။

မစ္စတာဖန်က ကြောက်မက်ဖွယ် မျက်နှာမျိုးဖြင့် ပြောလိုက်၏။

“ဒီကလေးကို သင်ခန်းစာပေးနေတာ။ စိတ်မပူပါနဲ့ မိန်းကလေး”

ယွင်ယွီက ပြောလိုက်၏။

“ကျွန်မ တကယ် ဝင်မပါချင်ဘူး။ ဒါပေမဲ့ ကလေးမိဘတွေက ယွမ်တစ်သိန်း ပေးပြီးပြီ။ အငြိုးအတေးကြီးကြီးမားမား မရှိရင် ရှင်ပြန်သွားပြီး လူဝင်စားဖို့အတွက် တန်းစီနေသင့်ပြီ။ ဘာကြောင့် ကလေးကို စိတ်ထဲ ထားနေအုန်းမှာလဲ”

ကျူအိုက်ချင်းက ဖြူဖျော့သော မျက်နှာဖြင့် တုန်ယင်နေတော့သည်။

“နင် အယောင်ဆောင်ဖို့ ကြိုးစားနေတာလား”

121 03

သူတို့သည် သူတို့ကလေးကို တာအိုဘုရားကျောင်းများစွာ ခေါ်သွားပေး၏။ သို့သော်ငြား ထိုနေရာရှိ ဆရာတော်များသည် ပကတိမျက်လုံးဖြင့် သရဲမမြင်နိုင်ကြပေ။ ထိုကြောင့် သူတို့အရူးလုပ်နေတာပဲ ဖြစ်မည်။

ယွင်ယွီက သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။

“ရှင့်သားနောက်လိုက်နေတဲ့ အဘိုးအိုကို တွေ့ချင်လား”

ကျူအိုက်ချင်းက တုန်တုန်ယင်ယင်ဖြင့် ဆက်ပြောလိုက်သည်။

“နင့်မှာ အရည်အချင်းရှိရင် ပြလိုက်လေ”

လိမ်နေတာပဲ ဖြစ်မယ်။

“ကောင်းပြီလေ”

ယွင်ယွီသည် သူတို့ ဆန္ဒဖြည့်ဆည်းပေးရန် ပြင်ဆင်လိုက်၏။ သူမ လက်ဖြောက် တစ်ချက်တီးကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။ ဝမ်ရွှမ်နှင့် သူ့ဇနီးက အနည်းငယ် အေးစိမ့်မှုကို ခံစားလိုက်ရပြီး သူတို့ရှေ့၌ ရပ်နေသော သရဲကို တွေ့သွားလေ၏။ သူ၏မျက်နှာက ဂျုံ့မှုန့််တလား ကပ်နေသည့်ပမာ မျက်လုံးများ ညိုမည်းနေပြီး မျက်နှာက ခြောက်ကပ်နေလျှက် အရေးအကြောင်းများ ရှိနေသည်။

ထိုစုံတွဲက အော်ဟစ်ကာ သူတို့လက်ထဲတွင် ကလေးကိုင်ထားလျှက် ထွက်ပြေးတော့သည်။ ကျူအိုက်ချင်းက ကြောက်လန့်လွန်းသောကြောင့် ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ် လဲကျကာ မျက်ရည်များ၊ နှာရည်များ ပြည့်နေလေ၏။

ဝမ်ရွှမ်က အခြေအနေ မကောင်းပေ။ သို့သော် သူက ကလေးကို ပွေ့ချီထားလျှက် အံကြိတ်ကာ သူပြုတ်မကျအောင် ကာကွယ်လိုက်သည်။ ကလေးက အဘိုးအိုကို မြင်သောအခါ စတင်ငိုယိုတော့သည်။

ယွင်ယွီက ကြင်နာစွာ မေးလိုက်၏။

“ရှင် ကျေနပ်ပြီလား။ မေးစရာရှိသေးလား”

သူတို့နှစ်ယောက်သားသည် ကြောက်လန့်လွန်းသောကြောင့် စကား မပြောနိုင်တော့ပေ။ ယခု သူတို့ ယွင်ယွီ၏ အရည်အချင်းကို သံသဃ မဝင်ရဲတော့ချေ။

ယွင်ယွီသည် ထိုအရာများကို မကြာခဏ မြင်တွေ့နေကြ ဖြစ်ပြီး ဘာ ခံစားချက်မှ မရှိပေ။ လူသားတို့၏ စိတ်နှလုံးက သရဲတစ္ဆေများထက် ပိုကြောက်ဖို့ ကောင်းသည်ဟုတောင် တွေးမိသည့်အကြိမ် ရှိသည်။ ထိုကြောင့် သူမ ခြောက်ခြားဖွယ်ကောင်းသော သရဲတစ္ဆေများကို တစ်ခါမှ မကြောက်ရွံ့ပေ။ သာမန်လူတို့ကမှု မတူညီပေ။ သူတို့က သိပ္ပံနယ်လွန်များကို မြင်သောအခါ သူတို့သည် ၎င်းတို့က လူတို့ကို ဒုက္ခမပေးနိုင်ကြောင်း သိသည့်တိုင် ကြောက်လန့်နေသေးဆဲ ဖြစ်၏။

အဘိုးအိုဖန်သည် ထိုစုံတွဲ သူ့ကို မြင်နိုင်မှန်း သိသောကြောင့် သူတို့ကို ကြမ်းတမ်းခက်ထန်စွာ ကြည့်နေသည်။ ကျူအိုက်ချင်းကမှု ကြောက်လန့်လွန်းသောကြောင့် စတင်ငိုယိုလေ၏။

ယွင်ယွီက ပြောလိုက်တော့သည်။

“အဘိုး ဒီလိုဆိုရင်ရော အဘိုးကို ဒီကလေးက တိုက်မိခဲ့တယ်ဆိုရင် သူလိုချင်တာကို မြင်နိုင်တာပဲ။ သူရဲ့မိသားစုက အဘိုးကျေနပ်လောက်တဲ့အထိ တောင်းပန်မှာပါ”

အဘိုးဖန်က ဒေါသတကြီး ပြောလိုက်၏။

“ဒီကလေး ငါ့ကို ဘာလုပ်ခဲ့လဲ မင်း မသိပါဘူး။ ငါ့ဈာပနပွဲနေ့မှာတုန်းက သူက လမ်းဘေးမှာ ရပ်နေပြီး ငါရဲ့အခေါင်းကို တံတွေးထွေးခဲ့တာ။ ဒီမိဘတွေက သူတို့ကလေးကို ဘယ်လိုသွန်သင်ထားတာလဲ။ ပြောရရင် အဲဒီကလေး ကျစ်ရှင်းက အကျင့်စရိုက် ကောင်းတယ်။ ဒါပေမဲ့ သူတို့က သူ့ကို မကုသပေးခဲ့ဘူး။ သူတို့က ဆိုးရွားတဲ့ မိသားစုပဲ။ ငါ သေပြီတာတောင် သူတို့ ငါ့ကို တံတွေးထွေးတယ်။ အဲဒါကြောင့် ဒီကလေးကို ခြောက်လှန့်ချင်တာ”

ယွင်ယွီသည် ကလေးကို တစ်ချက်ကြည့်လိုက်ပြီး သူက တကယ်ကို ဆိုးသွမ်းသော ကောင်လေးဟု တွေးမိသွားသည်။ သူမက ပြောလိုက်၏။

121 04

“အဘိုးသိတဲ့အတိုင်း သူ့ကို အခု ခြောက်လှန့်တာ လုံလောက်နေပါပြီ။ စောစာစီးစီး လူဝင်စားပါတော့လား။ စိတ်မပူနဲ့။ ချင်မိန်ပွဲတော်ကာလအတွင်း ရှင့်အတွက် ငွေစက္ကူတွေ မီးရှို့ပေးမယ်။ ဒီလိုဆိုရင် ပြန်လည်မွေးဖွားဖို့အတွက် တန်းစီစောင့်နေချိန် အဆင်ပြေပြေ ရှိနေလိမ့်မယ်”

အဘိုးအိုဖန်သည် စဉ်းစားပြီးနောက် ပြောလိုက်၏။

“ကောင်းပြီလေ”

သူက ကလေးကို မသတ်ချင်ပေ။ သူက ဝမ်ကျစ်ရှင်းအတွက် စိတ်မကောင်းဖြစ်ရုံသာ ဖြစ်သည်။ စိတ်မကောင်းဖြစ်မိသောကြောင့် သူမ၏မောင်လေးကို ခြောက်လှန့်ချင်တာပဲ ဖြစ်သည်။

ကလေးက ကူကယ်ရာမဲ့နေပြီး ဒီအတိုင်း ဆက်လက် ဆုံးမသွန်သင်ခံရမှာကို စိုးရိမ်မိသည်။

အဘိုးအိုဖန်က မထွက်ခွာခင် ဝမ်မိသားစုဝင် သုံးယောက်ကို မုန်းတီးစွာ ကြည့်လေ၏။

အဘိုးအိုဖန် ထွက်သွားပြီး ဆယ်မိနစ်ခန့်အကြာ၌ ဝမ်မိသားစုဝင် သုံးယောက်က နောက်ဆုံး၌ အသိစိတ်ကပ်လာတော့သည်။ ဝမ်ရွှမ်က အထစ်အထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။

“ဆရာသခင် အဲဒီဟာ သွားပြီလား”

ယွင်ယွီက ခေါင်းညိတ်လိုက်သည်။

“အခု အဆင်ပြေသွားပြီ။ ရှင်ရဲ့ကလေးကို စိတ်ငြိမ်အဆောင်တစ်ခု ပေးလိုက်မယ်။ ကလေးအတွက် တည်ငြိမ်စေတဲ့ ဟင်းချို ချက်ပေးလို့ ရတယ်။ ချင်မိန်ပွဲတော်ကာလနဲ့ တစ္ဆေကြီးပွဲတော်ကာလမှာ လူကြီးအတွက် ရွှေစက္ကူတွေ မီးရှို့ပေးဖို့ မှတ်ထားအုန်း”

ကျုအက်ချင်းသည် အသိစိတ်ပြန်ကပ်လာပြီး မျက်နှာက ဖြူဖျော့နေလေ၏။ သို့သော် သူမ ဒေါသတကြီး ပြောလိုက်တော့သည်။

“ဒီလောက် ရိုးရှင်းနေတာ စကားလုံး နည်းနည်းလေးက ယွမ်တစ်သိန်းကျတယ်တဲ့လား”

သူမ လက်မခံနိုင်သေးပုံပေါ်သည်။ သို့သော်

ယွင်ယွီက သူမကို အေးတိအေးစက် ကြည့်လိုက်လေ၏။

“ရှင့်ကို ယွမ်တစ်သိန်း ပြန်ပေးပြီး အဘိုးအိုကို ရှင့်ဆီ ပြန်ခေါ်ပေးလိုက်ရင်‌ရော စိတ်မပူနဲ့ ကျွန်မ အချိန်မရွေး ခေါ်နိုင်တယ်”

ဝမ်ရွှမ်၏ မျက်နှာက ဖြူဖျော့သွားကာ ကျူအိုက်ချင်းကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီးနောက် ယွင်ယွီကို ကျေးဇူးတင်စကား ပြောလိုက်သည်။

“ဆရာသခင် ကျေးဇူးတင်ပါတယ်”

ဆံပင်ရှည်သော်ငှား အသိညာဏ်နည်းပါးသည့် ဒီဇနီးကို သူ သဘောမကျပေ။ အရည်အချင်း တကယ်ရှိသည့် ဆရာသခင်မျိုးက လူတိုင်း လေးစားခံရမှာပဲ ဖြစ်သည်။

ဉပမာအနေဖြင့် ကျိုးမိသားစုသည် ဖုန်းရွှေပညာရှင်ကို ရန်စခဲ့မိသောကြောင့် လူငါးယောက် သေခဲ့သည်။ ယွင်ယွီ၌ အရည်အချင်း တကယ်ရှိမှန်း သူသိနေသောကြောင့် သူမကို ရန်မစခဲ့ချေ။

ဝမ်ရွှမ်သည် ယွင်ယွီကို ကျေးဇူးတင်ပြီးနောက် ယွင်ယွီက အဆောင်တစ်ခု ထုတ်ပေးကာ သူတို့အား ပေးလိုက်သည်။

“ကလေးကို ဝတ်ပေးထားလိုက်”

ထိုစုံတွဲသည် ကလေးကို ပွေ့ချီလျှက် ထွက်သွား၏။ လမ်း၌ ကျူအိုက်ချင်းက စိတ်ဓာတ်ကျနေတော့သည်။

“ဒါက ယွမ်တစ်သိန်း။ သူက စကားနှစ်ခွန်း သုံးခွန်းတည်းနဲ့ ယွမ်တစ်သိန်း ရသွားတယ်”

ဝမ်ရွှမ်က စိတ်မရှည်လက်မရှည် ပြောလိုက်တော့သည်။

“ဟုတ်ပြီ ပြောနေတာ ရပ်တော့။ သူ့မှာ အရည်အချင်း ရှိတာကြောင့်ပဲလေ။ မင်းမှာ အရည်အချင်းရှိရင် ပိုက်ဆံ သွားယူ”

ကျူအိုက်ချင်းသည် ပါးစပ်ပိတ်သွားလေ၏။ သူမက သရဲတစ်ကောင်ကို သူတို့နောက် ဆက်မလိုက်စေချင်ပေ။ သူတို့နှစ်ယောက် ယွင်အိမ်မှ ထွက်လာပြီး မကြာမှီ ကောင်မလေးတစ်ယောက် သူတို့နောက်မှ လိုက်လာတာကို မသိလိုက်ပေ။ ဝမ်ရွှမ်၏ ပုခုံးပေါ်တွင် လဲနေသော ကောင်လေးက ကောင်မလေးကို စိုက်ကြည့်ပြီး ရယ်မောလိုက်၏။

121 05

“မမ”

ကျူအိုက်ချင်းက လှည့်မေးလိုက်သည်။

“သားလေး ဘာပြောလိုက်တာ”

မိန်းကလေးသည် သူ့ကို တိတ်တိတ်နေရန် ညွှန်ပြသည့်အနေဖြင့် နှုတ်ခမ်းပေါ် လက်ညိုးတင်လိုက်၏။

ကောင်လေးက ခေါင်းညိတ်လျှက် တိုးသဲ့စွာ ခေါ်လိုက်သည်။

“မမ”

သရဲမလေးက သူတို့ မိသားစုသုံးယောက်နောက်လိုက်ပြီး ဝမ်မိသားစုဆီ သွားကာ အိမ်တွင် ခဏတစ်ဖြုတ်နေလျှက် သူမ၏ မောင်လေးကို ဆုံးမသွန်သင်ပေးရန် ရည်ရွယ်ထားသည်။ သို့မှသာ သူမမိဘများကြောင့် သူမမောင်လေး မပျက်စီးသွားမှာပဲ ဖြစ်သည်။

ယွင်ယွီသည် ဝမ်ကျစ်ရှင်းက ဝမ်မိသားစုဝင် သုံးယောက်နှင့် ထွက်သွားတာကို ကြည့်နေ၏။ သူမ ဘာမှ မပြောခဲ့ပေ။ ဝမ်ကျစ်ရှင်းအား အဆောင် ပေးပြီးပြီဖြစ်သောကြောင့် ဝမ်မိသားစုမှ ကောင်လေးကို ထိခိုက်စေမှာ မဟုတ်ပေ။

ဝမ်မိဘများသည် သူတို့၏သေသွားပြီဖြစ်သော သမီးက အိမ်သို့ ပြန်ရောက်လာတာကို သိလျှင် ကြောက်လန့် နေမနေဟူသည်ကတော့ သူမ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်။

******

121 01

ယွင်ယွီသည် နောက်ပိုင်း ကိစ္စများကို ဂရုမစိုက်တော့ပေ။ ဝမ်မိသားစုက ပေးသည့် ယွမ်တစ်သိန်းက ဤဖြစ်ရပ်ကို ဖြေရှင်းရန်အတွက်သာ ဖြစ်၏။ သရဲမလေးက သူတို့၏ အမျိုးအဆွေပဲဖြစ်သည်။ ဝမ်မိသားစုက သူတို့၏ဆုံးပါးသွားပြီဖြစ်သော သမီးက အိမ်ပြန်လာရှာတာကို သိပြီး သူမကို ပြန်လာရှာမည်ဆိုပါက ကူညီပေးမှာ မဟုတ်ပေ။ ဆိုရလျှင် သူမက ဆွေမျိုး ဖြစ်သည်။

ယွင်ယွီသည် ယွမ်ငါးသောင်းကို ကျိယွင်ဟု အမည်ရပြီး သရဲမလေးနှင့် တူညီသည့် ၁၂ အရွယ်ရှိမိန်းကလေးဆီ လှူဒါန်းပေးခဲ့၏။ လှူဒါန်းမှု၌ လူနာ၏ ဓာတ်ပုံများ အားလုံးတင်ထားပြီး မိသားစုနှင့် ဆေးရုံလက်မှတ်ကိုလည်း တင်ထား၏။ အခြေအနေက အမှန်ပဲ ဖြစ်သည်။ ယွင်ယွီက လူနာမိဘများ၏ မျက်နှာကို သွားကြည့်ပြီး ထိုလူနာရှင်မိသားစုက ခက်ခဲနေမှန်း သိလိုက်ရ၏။ သူတို့သည် အသက်ကယ်မည့် ပိုက်ဆံကို တကယ်လိုအပ်နေသည်။

သူမ တုန့်ဆိုင်းမနေဘဲ ယွမ်ငါးသောင်းကို လွဲပေးလိုက်သည်။ လူနာရှင်မိသားစုက ခွဲစိတ်ကုသဖို့ စရိတ်နှင့် ဆေးဝါးခ သုံးနှစ်စာကို ကာမိစေရန်အတွက် လှူဒါန်းမှု ငါးသိန်းအထိ ရချင်ကြသည်။ နောက်ပိုင်းကျ ရလာလိမ့်မည်ဖြစ်သော်ငြား ယွမ်ငါးသိန်းသည် များပြားလွန်းသည့် ပမာဏဖြစ်၏။ မိသားစုသည် ကျန်ရှိသည့် ဆေးဖိုးဝါးခကို ဖြည်းဖြည်းချင်းသာ ရှာနိုင်သည်။

ဤလှူဒါန်းမှု ယွမ်ငါးသိန်းသည် များများစားစား မဟုတ်သော်ငြား အလွန်သုံးတည့်၏။ သို့သော်ငြား ယွင်ယွီက ငါးသောင်း လှူသည့်တိုင် ခြောက်သောင်းအထိသာ တိုးသွားပြီး ရေပုံးအတွင်းရှိ ရေတစ်စက်မျှသာ ဖြစ်နေ၏။

ယွင်ယွီသည် မနာမကျန်းဖြစ်နေသော မိန်းကလေး၏ မျက်နှာကို ကြည့်လိုက်မိ၏။ သူမက အလွန်ညာဏ်ထက်ပြီး သန်မာသည့် ကလေးတစ်ယောက်ဖြစ်သည်။

သူမသည် ဤမိန်းကလေးကို ကူညီရန် နည်းလမ်းတစ်ခု စဉ်းစားချင်ခဲ့သည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ဝေ့ပေါ်ကို ဖွင့်လိုက်၏။ သို့သော် သူမ စာတစ်စောင်မှ မတင်ခဲ့ဖူးပေ။

သို့သော် သူမ ကြိမ်ဖန်များစွာ စာတွဲတင်ခံရပြီး သီးသန့်စာများစွာ ရလာ၏။ ယွင်ယွီသည် ဝေ့ပိုစ့် လုပ်ဆောင်ချက်နှင့် မရင်းနှီးပေ။ သူမကို စာတွဲတင်ထားသည့်သူက ရွှမ်လင်းဇစ် ရှန့်ယုံဖြစ်ကြောင်း သိနိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ရှန့်ယုံက သူမ၏ တပည့်တစ်ဝက် ဖြစ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်က အဆောင်ရောင်းရန် အွန်လိုင်းဆိုင် ဖွင့်ထားသည်။ ရွှမ်လင်းဇစ် ရှန့်ယုံက ဝေ့ပိုစ့်ပေါ်၌ သူမကို ဆူပူပြောဆိုခဲ့ကာ သူမရောင်းသည့် အဆောင်များက ဈေးကြီးကြောင်းနှင့် လူတို့ကို လိမ်လည်လှည့်စားနေကြောင်း ပြောခဲ့၏။ နောက်ဆုံးကျ ရှန့်ယုံသည် သရဲခြောက်သည့်အိမ်ကို ဝယ်မိခဲ့ကာ ယွင်ယွီကို အကူအညီ တောင်းခဲ့၏။ သူသည် အွန်လိုင်းဆိုင်ပေါ်ရှိ ထိုလူလိမ်ကို ဖော်ထုတ်ချင်ခဲ့တာ ဖြစ်သော်ငြား မထင်မှတ်ထားဘဲ ထိုကိစ္စကြောင့် တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းသွားသည်။

ယင်းသည် ရေစက်ဟု သတ်မှတ်နိုင်၏။ ယခု ယွင်ယွီသည် ရှန့်ယုံ၏ ဆရာတစ်ပါး ဖြစ်နေလေပြီ။

အွန်လိုင်းဆိုင်ပြဿနာနှင့် ယွင်ယွီသည် သရဲခြောက်သည့်အိမ်ပြဿနာကို ဖြေရှင်းပေးခဲ့ခြင်းကြောင့် ရှန့်ယုံသည် အလွန် ကျေးဇူးတင်နေ၏။ သူက ယွင်ယွီကို ဝေ့ပိုစ့်ပေါ်တွင် တောင်းပန်ကာ Tagတွဲပြီး ကျေးဇူးတင်စကား ပြောခဲ့၏။ အင်တာနက်အသုံးပြုသူများအား သူသည် အမြင်ကျဉ်းမြောင်းခဲ့ကြောင်းနှင့် ယွင်ယွီ၌ တကယ်အရည်အချင်းရှိကြောင်း ပြောပြခဲ့၏။ သူက ယွင်ယွီကို သူ့ဆရာဟု ခေါ်ခဲ့သည်။ အားလုံးက ရှန့်ယုံဆီမှ စာများပဲ ဖြစ်သည်။ သူက ရယ်စရာကောင်းသည့် ဗီဒီယိုတွေ့ချိန်၌ သူ့ကို Tagတွဲထား၏။ သီးသန့်စာများအတွက်ကမှု စာဝင်ကြည့်လိုက်ရာ၌ ထိုလူများက သူမကို ကြိမ်းမောင်းပြောဆိုနေကြကာ အဆောင်များကို ဈေးကြီးကြီးဖြင့် ရောင်းပြီး ယခုဆို လူတို့ကို လိမ်ညာရန် ရွှမ်လင်းဇစ်နှင့် ပူးပေါင်းနေကြောင်း ပြောဆိုနေကြသည်။

ယွင်ယွီသည် ထိုလူများကို ဘလော့ခ်လိုက်၏။ သူတို့အားလုံး ပျင်းစရာ ကောင်းလှပေသည်။

သူမသည် ဟုန်းပေ့ချ်ကို ထပ်နှိပ်ကြည့်ပြီး တစ်ချက်ကြည့်လိုက်ရာ ဝေ့ပိုစ့်ပေါ်၌ အသနားခံစရာ မရှိလိုက်ကြောင်း တွေ့လိုက်ရသည်။ ထိုကြောင့် နေမကောင်းသည့် ကြည့်ယွင်အတွက် ကူညီပေးဖို့ ငွေစုဆောင်းရန်အတွက် ရှန့်ယုံကို ပိုစ့်တင်ခိုင်းလိုက်သည်။

သို့သော်ငြား သူမက ဟုန်းပေ့ချ်ကို ကြည့်နေစဉ် ဘေ့ဟူယွိက လင့်ချ်တစ်ခု ပို့ထားတာကို တွေ့လိုက်ရ၏။ ယင်းသည် ဆေးဖိုးဝါးခတောင်းရန်အတွက် ပြင်းထန်သည့် ဝေဒနာရှိသည့် ရှယွီဝမ်ဟုသော အမည်ရသော မိန်းကလေးသည် ဆေးဖိုးဝါးခ တောင်းထားသည့်စာပဲ ဖြစ်သည်။ ဤမိန်းကလေးသည် သရဲမလေးနှင့် အခြေအနေ ကွာခြားချက် မရှိပေ။ သူက နေမကောင်းဖြစ်ခါစဖြစ်ပြီး ငွေစုဆောင်းရာ၌ ၁.၅ သန်းအထိ ရလာ၏။ ပေ့ချ့်ဖိုက်၏ စာပို့မှုကြောင့် သူမသည် ယခုဆို တစ်သန်းနီးပါး ရထားပြီဖြစ်ကာ ယင်းသည် နှစ်ရက်သာရှိသေးသည်။

121 02

ယွင်ယွီသည် ရှယွီဝမ်နှင့် သူမမိသားစုဝင်များ၏ မျက်နှာကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်မိသွားလေ၏။

ချင်ယွီစွေက သူမ့ဘေးတွင် ထိုင်နေသည်။ သူက သူမကို သစ်သီးခွံ့ကျွေးလျှက် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

ယွင်ယွီက ဝေ့ပိုစ့်ကို လက်ညိုးထိုးပြပြီး ပြောလိုက်၏။

“ဒီမိန်းကလေးက နေမကောင်းဖြစ်နေပြီး သူရဲ့မိသားစုက အွန်လိုင်းရန်ပုံငွေကနေ ၁.၅ သန်း ရထားပြီ။ ဒါပေမဲ့ သူရဲ့မိဘတွေ အသွင်အပြင်က ကောင်းနေတယ်။ အနည်းဆုံး ပိုင်ဆိုင်မှု သုံးခု ရှိတယ်။ သူတို့အခြေအနေကောင်းနေတာ အလုပ်လုပ်နေသေးတယ်။ သူတို့ကလေးရဲ့ ခွဲစိတ်ကုသမှုစရိတ်နဲ့ ဆေးဖိုးဝါးခကို ပေးချေနိုင်တာပဲ။ ဒါပေမဲ့ သူတို့တွေက ရန်ပုံငွေ ရှာနေကြတယ်။ သူတို့ လိမ်နေတာ များလား”

ချင်ယွီစွေက ပြောလိုက်၏။

“ပြောရမယ်ဆိုရင် သူတို့ လူလိမ်တွေတော့ မဟုတ်ပေ့မဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ သနားကြင်နာတတ်မှုကို အခွင့်ကောင်းယူ နေတာပဲ။ ဒါက ကိုယ်ကျင့်တရား ပျက်ပြားတာလေ”

ယွင်ယွီက ဒေါသတကြီး ပြောလိုက်၏။

“အမှန်တကယ် အကူအညီလိုနေတဲ့ မိသားစုက ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်ဘူး။ ဒီအခြေအနေကောင်းနေတဲ့ မိသားစုကျ လူတိုင်းရဲ့ ကြင်နာမှုကို အမြတ်ထုတ်နေတယ်”

သူမက ဒေါသထွက်လွန်းသောကြောင့် ပေ့ချ်ဗီ၏ ပိုစ့်ကို ပြန်တင်လိုက်ပြီး နာမည်တပ်ပြောလိုက်လေ၏။

“အင်တာနက်အသုံးပြုတွေရဲ့ ကြင်နာတတ်မှုကို ကျေးဇူးပြုပြီး အခွင့်ကောင်း မယူပါနဲ့။ ဖန်တွေရှိတဲ့ ဘလော့ခ်ကာတွေလည်း ဆင်ခြေတုံတရားရှိရှိနဲ့ ကူညီပေးဖို့ မျှော်လင့် တောင်းဆိုပါတယ်။ ရန်ပုံငွေဖလက်ဖောင်းကလည်း ပိုပြီးပြည့်စုံဖို့ မျှော်လင့်တယ်။ လူနာရဲ့မိသားစုအခြေအနေကို အရင်ဆုံး စုံစမ်းစစ်ဆေးသင့်တယ်။ ရှယွီဝမ်ဆိုတဲ့ မိန်းကလေးက တကယ်သနားဖို့ကောင်းတယ်။ ဒါပေမဲ့ သူရဲ့မျက်နှာအသွင်အပြင်အရ သူ့မိသားစု အဆင်ပြေကြောင်း ပြသနေတယ်။ ကျွန်မ တောင်းပန်ပါတယ်။ သူက နိုဝင်ဘာလလယ်ကျော်မှာ မဟုတ်ဘူး။ ဒါက သူရဲ့ကံကြမ္မာပဲ။ ဒါကို ဘာမှ မပြောင်းလဲနိုင်ဘူး။ ဒါအပြင် သူ့မိဘတွေရဲ့ မျက်နှာက အခြေအနေကောင်းကြောင်း ပြနေပြီး မိသားစုမှာ ပိုင်ဆိုင်မှု သုံးခုရှိတယ်။ ရှယွီဝမ်မှာလည်း နိုင်ငံခြားမှာ ပညာသင်ယူနေတဲ့ အစ်ကိုတစ်ယောက် ရှိတယ်။ အင်တာနက်အသုံးပြုသူတွေက သူတို့ချစ်ခြင်းတရားကို တကယ်ပြသချင်တယ်ဆိုရင် သူတို့တွေက ကြည့်ယွင်လို့ အမည်ရတဲ့ မိန်းကလေးကို ကူညီနိုင်တယ်။ သူတို့တွေက ပိုက်ဆံ တကယ်လိုနေတာ။ တစ်ချိန်တည်းမှာ ငါးသိန်းက အနိမ့်ဆုံးပဲ။ ငါးသိန်းပဲ တောင်းထားတာ။ သူတို့ ထပ်မတောင်းထားဘူး”

ယွင်ယွီသည် ထိုစာကို ဝေ့ပိုစ့်ပေါ်တွင် တင်လိုက်ပြီးနောက် ရှန့်ယုံကို Tagတွဲလိုက်၏။

ရှန့်ယုံသည် လိုင်းပေါ်တွင် ရှိနေပြီး သူမ၏ စာကို ချက်ချင်းပြန်တင်လိုက်သည်။

“ကျွန်တော့်ဆရာ ပြောတာကို ယုံတယ်။ ကျေးဇူးပြုပြီး ကြည့်ယွင်လို့ အမည်ရတဲ့ မိန်းကလေးကို ကူညီပေးကြပါ။ ကျန်တာတွေကတော့ အချိန်က စကားပြောသွားပါလိမ့်မယ်”

ရှန့်ယုံသည်လည်း ဂိမ်းထုတ်လွှင့်သူ ဖြစ်သည်။ သူ၌ ဂိမ်းပရိသတ်များစွာ ရှိကာ ဝေ့ပိုစ့်ပေါ်တွင် စာပြန်တင်ရန် သူ၏ ဂိမ်းအကောင့်ကို သုံးလိုက်၏။

ပြီးနောက် သူသည် ရွှမ်လင်းဇစ်ဖြစ်ကြောင်း ဝန်ခံခဲ့၏။ တကယ်တော့ သူ၏ ဂိမ်းပရိသတ်များသည် ရွှမ်လင်းဇစ်၏ ဝေ့ပိုစ့်ပရိသတ်များထက် ပိုများသည်။ သူက အတော်လေး ချောမောခန့်ညားကာ အသားဖြူပြီး မိန်းကလေးများကြား နာမည်ကြီး၏။ အမျိုးသမီးပရိသတ်များက သူ၏စာကို ပြန်တင်ကြသည်။

ရှန့်ယုံ၏ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုအကောင့်ကို ရှန့်ယုံလုံဟုခေါ်သည်။ အစ၌ သူ့တွင် ပရိသတ်များများစားစား မရှိပေ။ သို့သော် သူက လွန်ခဲ့သည့် နှစ်လ၊ သုံးလအတွင်း ရုတ်တရက် နာမည်ကြီးလာ၏။

ရှန့်ယုံလုံ

“ကျွန်တော့်ဆရာ ပြောသမျှ မှန်တယ်”

ထိုဝေ့ပိုစ့် ပိုစ့်ကို တင်ပြီး မကြာမှီ၌ ဖန်အများစုက မှတ်ချက်ရေးကြပြီး ရှန့်ယုံကို မေးလေ၏။

121 03

“ယုံလုံ ရှင်က ရွှမ်လင်းဇစ်လား”

ရှန့်ယုံက ဝန်ခံလိုက်လေ၏။

“ဟုတ်တယ်။ ကျွန်တော်ရဲ့ဆရာ ဖုန်းရွှေဆရာ ရှန်းယွီနဲ့ တွေ့ခွင့်ရတာ ရေစက်ကြောင့်ပဲ။ ကျွန်တော်ရဲ့ ရွှမ်လင်းဇစ်အကောင့်ကို ဖော်လိုးထားမယ်ဆိုရင် ကျွန်တော့်ဆရာကို ဘယ်လိုတွေ့ခဲ့လဲ သိမှာပဲ။ ပြီးတော့ ကျွန်တော် ပြောချင်တာ ကျွန်တော့်ဆရာက တကယ် အံဩဖို့ကောင်းတယ်။ ကျွန်တော့်ဆရာက ကျွန်တော့်ဘဝမှာ အလေးစားရဆုံး လူပဲ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဖုန်းရွှေပညာနဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော့်ဆရာဆီ သီးသန့်စာပို့လို့ရတယ်။ သူက လူကောင်းတစ်ယောက်”

ပုံမှန်ဆို အမျိုးသားဂိမ်းတင်ဆက်သူများ၏ ပရိသတ်များက အမျိုးသမီးများဖြစ်သည်။ အထူးသဖြင့် ရှန့်ယုံလုံကဲ့သို့ ကြည်ကောင်းသော သူများအတွက် ဖြစ်၏။

မိန်းကလေးပရိသတ်များအားလုံးက သူ့ကို ပံ့ပိုးပေးကြသည်။ ရှန့်ယုံနှင့် ယွင်ယွီအကြောင်းကို မေးခွန်းထုတ်သည့်သူ တစ်ယောက်စ နှစ်ယောက်စ ရှိ၏။ သို့သော် သူတို့ကို အမျိုးသမီးပရိသတ်များက ဖိနှိပ်လိုက်သည်။

သို့သော်ငြား

ဤဝေ့ပိုစ့်နာမည်ကျော် ရွှမ်ယွမ်စီက ပေါ့သေးသေး မဟုတ်ပေ။ သူမသည် ပရိသတ် သန်းချီရှိသည်။ ဒုတိယမျိုးဆက် သူဌေးသမီးတစ်ယောက် ဖြစ်၏။ သူမက ပရိသတ်များနှင့် အပြန်အလှန်ပြောဆိုရန် တိုက်ရိုက်ထုတ်လွှင့်မှု မကြာခဏ လုပ်လေ့ရှိသည်။ သူမက တံဆိပ်နာမည်များ ကြွားလုံးထုတ်ရတာ သဘောကျပြီး ဓာတ်ပုံများ တင်တတ်၏။ သူမက animeဇာတ်ကောင်ပုံစံများကိုလည်း တင်တတ်ပြီး ထိုအကြောင်းအရင်းကြောင့် နာမည်ကြီးလာသည်။ ရံဖန်ရံခါ၌ အခဲမကြေသည့်သူများကို အာရုံစိုက်ကာ လူဆိုးများကို ကြိမ်ဆဲတတ်၏။ ယွင်ယွီ၏အမြင်တွင် သူမက အတော်လေး ရိုးရှင်းသည့် ကိုယ့်ကျင့်စရိုက်ရှိပြီး ကြွယ်ဝချမ်းသာသည့် မိသားစုမှလာသော မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။

သူက ကျောင်းသားတစ်ယောက် ဖြစ်လောက်၏။ ကျောင်းအတွင်း ဆောင်ရွက်ချက် လက္ခဏာများကို မြင်တွေ့နိုင်သည်။

ရွှမ်ယွမ်စီက ချစ်စရာကောင်းပြီး မမကြီးများနှင့် ချစ်သူကောင်လေး ဖန်များ ရှိသည်။

ထိုစဉ် သူတို့သည် သူတို့၏ နာမည်ကြီး ဗစ်ဗီကို ဖက်တွယ်ထားတတ်သည့် ရွှမ်းယီဟုအမည်ရသော ဖုန်းရွှေပညာရှင်တစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုစကားမျိုး ပြောထားတာလည်း တွေ့လိုက်ရသည်။ သူတို့သည် ယခင်က ယွင်ယွီက အဆောင်များကို ဈေးကြီးကြီးဖြင့် ရောင်းချကြောင်း ပြောထားသည့် ရှန့်ယုံ၏ ယခင်စာကို ကြည့်မိသွားကြသည်။

“ဒီအရူးက ကိုယ့်ကိုယ်ကိုယ် ဒရာမာခင်းဖို့ ဘယ်ကနေ ထွက်လာတာလဲ။ နင်နဲ့ ရွှမ်လင်းဇစ် ရှန့်ယုံလုံအသင်းက ဒါကို လုပ်နေတာပဲ။ နင်တို့တွေက ပိုက်ဆံလိမ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ဘာလို့လဲ။ နင်တို့အခု နာမည်မကြီးသေးတာကြောင့် ငါတို့ ရွှမ်ယွမ်စီရဲ့ နာမည်ကျော်ကြားမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ။ နင်တို့က အကြင်နာတရား မရှိဘူး။ ရှမိသားစုက ချမ်းသာပြီး လိမ်နေတယ်လို့တောင် ပြောရဲသေးတယ်ပေါ့”

“မဟုတ်ဘူး။ မဟုတ်ဘူး။ နင်ကြည့်ကြည့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတွေ့မိသမျှထဲမှာ အရက်အစက်ဆုံးက ဖုန်းရွှေဆရာသခင် ရွှမ်းယွီဆိုတဲ့လူက ရှယွီဝမ်ကို လလယ်တောင် ကျော်မှာ မဟုတ်ဘူးလို့ ကျိန်ဆဲထားတယ်။ ဒီဖုန်းရွှေပညာရှင်ကို ကြင်နာတတ်ပြီး လူကောင်းတစ်ယောက်ရှိဖို့ အကြံပေးချင်တယ်။ သူက အသက် ရှစ်နှစ်ကလေးပဲလေ။ နာမည်ကြီးတယ်ဆိုရင်တောင် ဒီကျော်ကြားမှုကို အခွင့်ကောင်းယူလို့ မရဘူး”

“သူက အရှက်မရှိလိုက်တာ။ ငါ ဒေါသထွက်တယ်။ ဒါ ငါ ပထမဆုံးအကြိမ် ဒေါသထွက်တာပဲ။ ဒီဆရာယောင်တွေက သေသင့်တယ်။ သူတို့က လူတွေကို ပိုက်ဆံလိမ်ရုံတင် မကဘူး။ မိန်းကလေးကိုလည်း ကျိန်ဆဲနေကြတယ်။ ဒီမိန်းကလေးက သနားဖို့ ကောင်းနေပြီကို ရောဂါကို ခဲရခဲဆစ် တိုက်ထုတ်နေတာ လလယ်တောင် မကျော်ဘူးလို့ ပြောတယ်။ ငါ ဒေါသထွက်လိုက်တာ။ ဒီဆရာအတုရဲ့ အထောက်အထားကို ဖော်ထုတ်နိုင်တဲ့သူ ရှိလား”

“ဒီဖုန်းရွှေပညာရှင်အကြောင်း တစ်ယောက်ယောက်ကို ဖော်ထုတ်ခိုင်းတာက ရက်စက်ရာ ရောက်လွန်းတယ်။ ငါတို့က ပိုက်ဆံလှူဒါန်းခဲ့ပြီးပြီပဲ။ ဒါအပြင် ဒီဖုန်းရွှေပညာရှင်က ကြည့်ယွင်လို့ အမည်ရတဲ့ လူနာအတွက် အလှူငွေ ကောက်ခံနေတယ်။ သူက ကြည့်မိသားစုက ဆွေမျိုးလို့ သံသယဝင်မိတယ်။ သူတို့တွေက အလှူငွေတွေကို လိမ်နေတဲ့သူတွေပဲ”

“ရက်စက်တဲ့ လူလိမ်။ အခုချက်ချင်း ထွက်ခဲ့”

121 04

“လူလိမ်တွေ သေသင့်တယ်”

“ဒီလူလိမ်တွေက တကယ်သေသင့်တယ်။ ငါ့အဒေါ်မိသားစုက လူလိမ်တွေကြောင့် ယွမ်သိန်းချီ အလိမ်ခံခဲ့ရတာ။ ငါ့အဒေါ် ရူးသွားပြီ”

ဤဝေ့ပိုစ့်ပေါ်၌ ယွင်ယွီစာတင်ပြီး တစ်နာရီအကြာတွင် စော်ကားမှုများ ပြည့်နှက်သွားတော့သည်။

ရှန့်ယုံသည် အစ၌ အလွန်စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်သည်။ အကြောင်းမှာ သူအလေးစားရဆုံး ဆရာသည် ဝေ့ပေါ်၌ နောက်ဆုံးတွင် ပိုစ့်တင်လိုက်သောကြောင့် ဖြစ်သည်။ သို့သော် မှတ်ချက်၌ ကျိန်ဆဲမှုများ ပြည့်နေလေ၏။ သူ အလွန် ဒေါသထွက်သွားကာ အင်တာနက်အသုံးပြုသူများကို စတင် ရှင်းပြတော့သည်။

“ငါ့ဆရာက တကယ် လူလိမ်မဟုတ်ဘူး။ ငါရဲ့ဆရာမှာ တကယ်အရည်အချင်းရှိတယ်။ ကျေးဇူးပြုပြီး စဉ်းစားဆင်ခြေကြပါ။ အင်တာနက်အသုံးပြုသူတို့”

ထိုလူများက ပြန်ပြောလေ၏။

“ငါက စဉ်းစားတတ်တယ်။ နင်သာ တုံးအနေတာ။ ပိုက်ဆံလိမ်ဖို့အတွက် ပူးပေါင်းနေကြပြီးတော့ ငါတို့ မင်းတို့ကို ကြိမ်းမောင်းပြောဆိုတာကျ ခွင့်မပြုဘူးတဲ့လား”

“သူတို့ကို ရှာသင့်တယ် ထင်တယ်။ ဒီလူလိမ်တွေ နေတဲ့ နေရာကို ရှာပြီး သူတို့ တံခါးဝအထိ သွားရိုက်။ သူတို့ လိမ်ရဲသေးလား ကြည့်တာပေါ့”

“လူလိမ် တစ်မိသားစုလုံး သေသင့်တယ်”

ရှန့်ယုံ၏ ဖန်တချို့ကလည်း သူ့အတွက် ကာကွယ်ပေးကာ ပြောလိုက်သည်။

“ငါတို့ယုံယုံက ပိုက်ဆံမပြတ်လတ်ဘူး ဟုတ်ပြီလား။ နင်တို့ရဲ့ ပိုက်ဆံနည်းနည်းလေးကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ငါတို့ရဲ့ ယုံယုံက လတိုင်း ဂိမ်းတိုက်ရိုက်ထုတ်လွှင့်ပြီး ပိုက်ဆံတွေအများကြီး ရနေတာ။ ရှေ့ဖြစ်ဟောတာနဲ့ ဖုန်းရွှေက ယုံယုံရဲ့ ဝါဒနာတွေပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ယုံယုံနဲ့ သူရဲ့ဆရာကို ယုံတယ်”

“ယုံံယုံကို ယုံတယ်”

“အားတင်းထား ယုံယုံ။ အားတင်းထား ဖုန်းရွှေဆရာ ရွှမ်ယွီ”

ဆင်ခြေတုံတရားရှိသည့် အင်တာနက်အသုံးပြုသူတချို့လည်း ရှိနေသေးသည်။

“ကောက်ချက်ချ မစောတာ ပိုကောင်းမယ်။ ရှမိသားစုမှာ ပိုက်ဆံရှိပြီး ရန်ပုံငွေ ရှာနေတယ်ဆိုရင်တောင် အဲဒါက လှူဒါန်းမှုကို လိမ်လည်တယ်လို့ သတ်မှတ်လို့ မရဘူး။ အကျင့်ပျက်လို့ပဲ ပြောလို့ရမှာ”

“ကျေးဇူးပြုပြီး ဆင်ခြေတုံတရားရှိကြပါ။ အင်တာနက်အသုံးပြုသူတို့။ မျက်နှာ ဖြတ်ရိုက်ခံရတာ မလုံလောက်သေးဘူးလား”

အဆုံးကျ ယွင်ယွီ၏ ဝေ့ပိုစ့်ပိုစ့်အောက်၌ မှတ်ချက် လေးသောင်းကျော်သွားပြီး အားလုံးက သူမကို ကျိန်ဆဲ ပြောဆိုနေကြတာ ဖြစ်သည်။ ၎င်းက အင်တာနက်ပေါ်တွင်တောင် နာမည်ကြီးလာ၏။ ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးကို မြင်တွေ့သည့် လူပိုများလာပြီး ဆွေးနွေးလာကြ၏။ ယွင်ယွီကို စော်ကားခြင်းဟုတ်လျှင်ဟုတ် မဟုတ်လျှင် စဉ်းစားဆင်ခြေဖို့ ပြောနေကြသည့် စာများသာ ဖြစ်သည်။

ယွင်ယွီက ညနေခင်း၌ ဝေ့ပိုစ့်ထဲ ဝင်ပြီး တစ်ချက်ကြည့်လိုက်၏။ သူမ မှတ်ချက်ကို မြင်သောအခါ ဒေါသကြောင့် ပါးများ ဖောင်းမိသွားသည်။

ချင်ယွီစွေက သူ့ဘေးတွင် ထိုင်ကာ ဖုန်းကို တစ်ချက် ကြည့်လိုက်၏။ စိတ်မချမ်းမြေ့စဖွယ် မှတ်ချက်မျိုးစုံကို မြင်တွေပြီး သူ မျက်မှောင် အနည်းငယ် ကြုတ်မိသွားကာ ပြောလိုက်တော့သည်။

“အခြေအနေ ငြိမ်သွားအောင် လုပ်ဖို့ တစ်ယောက်ယောက် ရှာပေးရမလား”

ယွင်ယွီက ခေါင်းခါလိုက်လေ၏။

“ကျွန်မ ဒါကို စိတ်တိုနေတာ မဟုတ်ဘူး။ ဒီအင်တာနက်အသုံးပြုသူတွေက စိတ်တိုစရာကောင်းတယ်လို့ တွေးမိရုံပဲ။ ဒါအပြင် ကျွန်မကို ဒီလို ဆူပူနေတာက ကြည့်ယွင်ကိုပါ ထိခိုက်စေတယ်လေ”

သူမသည် အင်တာနက်ပေါ်ရှိ စော်ကားမှုများကို မည်သည့် စိတ်ခံစားချက်မှ မပါဘဲ ကြည့်လိုက်သည်။ ထူးဆန်းသည့်ကိစ္စမျိုးစုံကို တွေ့ကြုံ့ခဲ့ဖူးကာ ကြောက်မက်ဖွယ် ကိစ္စများတောင် ရင်ဆိုင်ဖူး၏။ ထိုစော်ကားမှုများကို သူမ မည်သို့ ဂရုစိုက်နေမည်နည်း။ ထိုစော်ကားမှုများက သူမ၏မိသားစုကို တိုက်ရိုက် ရည်ရွယ်လာလျှင်တော့ သူမ တည်ငြိမ်နေမှာ မဟုတ်ဘဲ အစောကတည်းက ပေါက်ကွဲပြီ ဖြစ်သည်။ သူမကို နောင်တရစေသည့် တစ်ခုတည်းသောအရာက ကြည့်ယွင်ဟုသည့် မိန်းကလေးကို ကူညီနိုင်တာပဲ ဖြစ်သည်။ သို့သော် ကိစ္စရပ်များ စတင်ခါစ ဖြစ်ပြီး လားရာက မသေချာသေးပေ။

******

All Chapters