အခန်း ၁၂၃
Vol. 13 Ch. 123
123 01
အပိုင်း 123
ဤကိစ္စနှင့် ပတ်သက်၍ ဝေ့ပိုစ့်နာမည်ကြီး ငါလေးကရှောင်ယွမ်စီ(အကောင့်နာမည်)သည် ဖုန်းရွှေဆရာသခင် ရွှမ်းယွီကို တောင်းပန်ရန်အတွက် ဝေ့ပေါ်၌ စာတစ်စောင် တင်ခဲ့လေ၏။
ထိုအပြင် မိန်းကလေး ရှယွီဝမ် သေဆုံးသွားချိန်မှ စပြီး ကြည့်ယွင်က လှူဒါန်းငွေ တစ်သန်း ရလာတော့သည်။ အင်တာနက်အသုံးပြုသူများသည် ကွယ်လွန်သွားသည့် ရှယွီဝမ်အတွက် ပူဆွေးခဲ့ကြပြီး မိန်းကလေး ကြည့်ယွင် ခွဲစိတ်မှုအောင်မြင်ကာ အခြေအနေကောင်းလာဖို့ ဆုတောင်းပေးနေကြ၏။
အင်တာနက်အသုံးပြုသူများသည် မိန်းကလေး ရှယွီဝမ်အတွက် သူတို့၏ နောင်တကို ဖော်ထုတ်ကြသော်ငြား သူတို့သည် ရှမိသားစုကို အလွတ်ပေးမှာ မဟုတ်ပေ။
ရှမိသားစု၏ နှစ်စဉ်ဝင်ငွေကို ဖော်ပြသည့် အင်တာနက်အသုံးပြုသူများစွာ ပေါ်ထွက်လာသည်။ ရှမိသားစုတို့ နေထိုင်ရာ ရပ်ကွက်ထဲရှိ အိမ်နီးချင်းများစွာကလည်း ရှမိသားစုနေထိုင်ရာ အဆင့်မြှင့်ရပ်ကွက်ကို ထုတ်ဖော်ပြသခဲ့ပြီး အိမ်အတွင်းဒီဇိုင်းကို ထုတ်ပြလာသည်။ ရှယွီဝမ်၏ မိခင်ဝတ်သည့် အဝတ်တစ်ထည်က ယွမ်ထောင်ချီတန်ပြီး သူမက နာမည်ကြီးတံဆိပ် အင်္ကျီအိတ်များကို သုံးစွဲကာ သန်းချီတန်သည့် ကားတစ်စီးကို မောင်းပေ၏။
ထိုစုံတွဲသည် ရှယွီဝမ် နေမကောင်းဖြစ်စဉ်က သူတို့သားဆီ သွားလည်ရန် တစ်လလျှင် တစ်ကြိမ် နိုင်ငံခြားသွားကြောင်းလည်း ဖော်ထုတ်ခံခဲ့ရသည်။ ရှယွီဝမ်ကိုမှု ကလေးထိန်းကသာ တစ်ချိန်လုံး ဂရုစိုက်နေရတာ ဖြစ်၏။ မိန်းကလေး၏အခြေအနေက ပိုမိုပြင်းထန်လာပြီး သူမ ရှင်သန်နိုင်တော့မှာ မဟုတ်ပေ။ သူမမိဘများက ယခင် ဆေးဖိုးဝါးခ ကုန်ကျမခံချင်တော့ပေ။ ထိုကြောင့် သူက မိန်းကလေးအရေးပေါ်ဌာနတွင် ရှိနေစဉ် အလှူငွေ တောင်းခဲ့တာပဲ ဖြစ်သည်။
တချို့ကဆို ရှစုံတွဲက အစိုးရအေဂျင်စီမှာ၌ အလုပ်လုပ်သည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် သူတို့အဘယ်ကြောင့် ဒီလောက် ကြွယ်ဝချမ်းသာလာသနည်း။ ယင်းကို စုံစမ်းစစ်ဆေးရန် လိုအပ်၏။
ရှစုံတွဲသည် လမ်းပေါ်ဖြတ်ပြေးနေသည့် ကြွက်များပမာ အသံတစ်သံမှ မထွက်ရဲတော့ချေ။
ဤဖော်ထုတ်ချက်များ ပေါ်ထွက်လာပြီး မကြာမှီ၌ ရှမိဘများကို အင်တာနက်အသုံးပြုသူများက မုန်းတီးလာပြီး သူတို့၏ အကြင်နာတရားက ပျက်စီးသွားသည့်ဟု ခံစားလိုက်ရသည်။
ဤအဖြစ်အပျက်သည် မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပင်။ အတိတ်တုန်းက ယွင်ယွီကို ဆဲဆို ကြိမ်းမောင်းခဲ့သည့် သူတို့က သူမကို ဝေ့ပိုစ့်ပေါ်၌ တောင်းပန်စာ တင်ပေးကြပြီး ယွင်ယွီကို စာများပို့ကာ တောင်းပန်ကြတော့သည်။ ထိုအဖြစ်အပျက်ကြောင့် ဖုန်းရွှေဆရာသခင် ရွှမ်းယွီ၏ ဝေ့ပိုစ့််ကို ဖော်လိုးသည့် သူများပြားလာကာ သူမသည် ဖော်လိုဝါ နှစ်သိန်းကနေ သုံးသိန်းနီးပါး ရသွားတော့၏။
ဤပြဿနာကို ဇဝေဇဝါ ဖြစ်နေကြကာ ဖုန်းရွှေဆရာသခင် ရွှမ်းယွီက လူမဆန်လွန်း မိန်းမငယ်လေးက ရက်ပိုင်းထက် အသက်ရှင်မှာ မဟုတ်ဘူး။ တဲ့တိုးပြောခဲ့သည့်အတွက် ရက်စက်ရာ ရောက်လွန်းသည့် ငြင်းချင်သည့် လူတချို့လည်း ရှိသည်။
ယခုအခေါက်တွင် ယွင်ယွီက ထုတ်ပြောဖို့ မလိုအပ်တော့ချေ။ အင်တာနက်အသုံးပြုသူများစွာက ဝေဖန်သူကို ကူပြောပေးကြလေ၏။
“ဖုန်းရွှေဆရာသခင် ယွင် သူရဲ့အသက်မွေးဝမ်းကြောင်းကို ကြည့်လေ။ ဖုန်းရွှေဆရာသခင် ရှေ့ဖြစ်ဟောသူလေ။ သူက လူတွေရဲ့ ကံကြမ္မာကို ပြပေးနေတာ။ မိန်းကလေး ရှယွီဝမ်က ရက်ပိုင်းအတွင်း ကွယ်လွန်သွားတာ သူ့အကြောင်း မပြောပါနဲ့။ ငြိမ်းငြိမ်းချမ်းချမ်း အနားယူခွင့်ပေးပါ။ ရှမိသားစုရဲ့ အာရုံစိုက်။ လူအဖွဲ့အစည်းက ဒီလို ကပ်ပါးကောင်တွေနဲ့ အကျင့်ပျက်ခြစားတဲ့ လူတွေကို မလိုအပ်ဘူး”
အင်တာနက်အသုံးပြုသူတို့သည် ရှမိသားစုတွင် ရှေ့ဆက်ဖြစ်မည့်အရာကို စတင် အာရုံစိုက်လာလေ၏။
၁၀ ရက်ခန့်ကြာပြီးနောက် အထူးဌာနတစ်ခုသည် ရှမိသားစုရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးခဲ့ကြောင်း အင်တာနက်ပေါ်တွင် ကြားလိုက်ရသည်။ ရှစုံတွဲ၏ ပိုင်ဆိုင်မှုက သန့်ရှင်းပြီး နှစ်ယောက်လုံး သတင်းပို့ခံရလိုက်၏။ သူတို့ကို စောင့်ကြိုနေမည့်အရာက ငွေဒဏ်နှင့် ထောင်ဒဏ်ပဲ ဖြစ်သည်။
ကြည့်ယွင်သည် လှူဒါန်းငွေ တစ်သန်း ရလာကြောင်း သိပြီနောက် ယွင်ယွီသည် ဝေ့ပိုစ့်ထဲ မဝင်တော့ချေ။
လွန်ခဲ့သည့်် ၁၀ ရက်ခန့်ကသာ သူမ စစ်ဆေးကြည့်ခဲ့တာ ဖြစ်၏။ ငြိမ်းကျသွားတာကို ရှာတွေ့ခဲ့ရသည်။ ရှစုံတွဲက စုံစမ်းစစ်ဆေးခံနေရပြီဖြစ်ကာ သူမ၏ သီးသန့်စာများကလည်း ပြည့်နှက်နေသည်။ သူတို့အားလုံးက သူမထံ ဓာတ်ပုံများ ပို့ကာ ရှေ့ဖြစ်ဟောပေးရန်နှင့် ဆွေးနွေးတိုင်ပင်ပေးရန် တောင်းဆိုထားကြပြီး သူတို့၏ မွေးနေ့ မွေးရက်များနှင့် ဇာတာခွင်များကိုတောင် ပို့ကာ ယွင်ယွီ သူတို့အတွက် ဟောပေးဖို့ မျှော်လင့်နေကြသည်။
123 02
ယွင်ယွီက ရယ်ရမလား။ ငိုရမလား။ မသိတော့ပေ။ သူမသည် ဧည့်သည်တချို့ကို ထောက်ပံ့ပေးရန်အတွက် ဝေ့ပိုစ့်အကောင့်တစ်ခု ဖွင့်ခဲ့သော်ငြား ဤကဲ့သို့ နှောင်ယှက်ခံရတာမျိုး မကြိုက်ပေ။
သီးသန့်စာများ ဖတ်ရှုပြီးနောက် ယွင်ယွီသည် သူမ၏အကူအညီကို အားလုံးနီးပါးက တကယ် လိုအပ်နေတာ မဟုတ်မှန်း ရှာတွေ့လိုက်၏။ သူတို့အားလုံးသည် အခမဲ့ ရှေ့ဖြစ်ဟောခိုင်းချင်ပြီး နှစ်သိမ့်ခံချင်နေတာပဲ ဖြစ်သည်။
သူမသည် သီးသန့်စာများကို ကြည့်ပြီး ဝေ့ပိုစ့်ပေါ်၌ စာတင်လိုက်၏။
“မဖြေရှင်းနိုင်တဲ့ ပြဿနာ ကြုံ့တွေ့နေရင် ကူညီတောင်းဖို့ စာပို့လို့ရတယ်။ တခြားကိစ္စတွေအတွက်တော့ ဓာတ်ပုံတွေ ကြုံ့ရာကျပန်း မပို့ပါနဲ့။ ခဏခဏ ဗေဒင်မေးတာမျိုး မလုပ်ဖို့ အကြံပေးချင်တယ်။ ပြီးတော့ မင်းတို့ရဲ့ မွေးနေ့ မွေးချိန်တွေကို တခြားသူတွေဆီ လက်လွတ်စပယ် မပြောနဲ့ တကယ် အကူအညီတော င်းချင်တယ်ဆိုရင် တောင်းလို့ရတယ်။ ဒါပေမဲ့ အခကြေးငွေ ကောက်ခံမှာပါ။ မင်းတို့ရဲ့ မွေးနေ့နဲ့ ဇာတာခွင်ကို ပြောဖို့ ယွမ်တစ်ထောင်”
သူမသည် ပရဟိတလုပ်နေတာ မဟုတ်ပေ။ သူမသာ အခမဲ့လုပ်ချင်လျှင် နေ့စဉ်နေ့တိုင်း သူမကို လူများစွာ လာရှာနေလိမ့်မည်။
ဤဝေ့ပိုစ့်ပိုစ့်ကို တင်ပြီးနောက် လူတိုင်းက သွက်သွက်လေး မှတ်ချက်ရေးကြကာ သီးသန့်စာများစွာ ရောက်လာလေ၏။
လူတချို့ကမှု သနားစရာကောင်းချင်သယောင် ဆောင်လိုက်သည်။
“ဆရာသခင် ကျေးဇူးပြုပြီး ကူပါအုန်း။ ဒါပေမဲ့ ယွမ်တစ်ထောင် တကယ် မတတ်နိုင်လို့ပါ။ လတ်တလောမှာ အလွန်စိတ်ရှုပ်ထွေးနေရတယ်။ ကျွန်မရဲ့ချစ်သူက ကျွန်မနဲ့ လမ်းခွဲချင်နေတာ။ ဒါပေမဲ့ ကျွန်မက လမ်းမခွဲချင်ဘူး။ ဆရာသခင် ကူညီနိုင်တဲ့ နည်းလမ်းများ ရှိလား။ မက်မွန်ပွင့်အဆောင် ရှိလား။ ဒါမှ မဟုတ် နှလုံးသားအဆောင်လေး ဝူး ဝူး ဝူး”
ယွင်ယွီက သက်ပြင်းချမိသွား၏။ ကျယ်ပြောသော လောကကြီးတွင် မတူညီသော ကိုယ်ရည်ကိုယ်သွေးများဖြင့် ထူးဆန်းသော လူများစွာ ရှိသည်။ သူတို့၌ ပိုက်ဆံမရှိသည့်တိုင် အကူအညီတောင်းခံရန် ယုံကြည်ချက် ရှိနေသေး၏။
သူမက ပြန်ပြောလိုက်သည်။
“မင်းလုပ်ဖို့ လိုတာက ချစ်သူနဲ့ ပြန်တွဲဖို့ မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေပြီး အနာဂတ်အတွက် မျှော်လင့်နေဖို့ပဲ။ မင်းကို မချစ်တဲ့သူကို လက်လွှတ်လိုက်ရင် မင်းရဲ့အနာဂတ်က စိတ်လှုပ်ရှားစရာတွေပဲ ရှိနေမှာ။ အပေါ်ယံ စိတ်ခံစားချက်အတွက်နဲ့ အတိတ်ကို ဆက်ပြီး ဖက်တွယ် မနေနဲ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးတစ်ခု သွားပြီး အနားယူနိုင်ဖို့ မျှော်လင့်တယ်”
နောက်ထပ် စာများစွာ ရှိသေးသည်။ စာတစ်စောင်ကမှု သူမအခကြေးငွေက မြှင့်လွန်းသည့်ဟု စောဓက တက်ထားတာပဲ ဖြစ်သည်။
ယုန်ဖြူ နို့သကြားလုံးဟု အမည်ရသည့် အင်တာနက်အသုံးပြုဆီမှ စာတစ်စောင် ရောက်လာသည်။
“ဆရာသခင် လက်တလော ကံဆိုးနေလို့ပါ။ တွက်ချက်ပေးနိုင်မလား”
ယွမ်တစ်ထောင်ပါ လွဲပေးထားတာ တွေ့လိုက်ရသည်။
ယွင်ယွီက ပြန်ပြောလိုက်၏။
“မွေးနေ့ မွေးရက် ပြနိုင်မလား”
တစ်ဖက်လူသည် မွေးနေ့ မွေးရက်ကို သွက်သွက်လေး ပို့ပေးလိုက်၏။ ယွင်ယွီက တစ်ချက်ကြည့်ကာ ပြောလိုက်တော့သည်။
“မင်းရဲ့ မွေးနေ့ မွေးရက် မွေးချိန်အရ မင်းရဲ့ဘဝက ချောမွေ့နေတယ်။ ကြွယ်ဝချမ်းသာပြီး သဟဇာတရှိတဲ့ မိသားစု။ ချစ်ခင်မြတ်နိုးတဲ့ မိဘနှစ်ပါးရှိပြီး ကျန်းမာရေးကောင်းတယ်။ မင်းရဲ့ ကံက အလွန်ကောင်းတာ မင်းပြောသလောက် ကံမဆိုးပါဘူး။ တွေ့ကြုံ့နေရတဲ့ အခြေအနေအကြောင်း အသေးစိတ် ပြောပေးနိုင်မလား”
ထိုမိန်းကလေး၏ ကံကြမ္မာသည် အလွန်ကောင်းပုံပေါ်၏။ သူမသည် ကံကောင်းခြင်းများရှိသည့် လူအမျိုးအစားပဲ ဖြစ်သည်။
123 03
ယုန်ဖြူတော်ဖီက သွက်သွက်လေး ပြောလိုက်သည်။
“ဆရာသခင် ကျွန်မ ကံကောင်းခဲ့ဖူးပါတယ်။ ကျွန်မ အတန်းဖော်တွေနဲ့ ဈေးဝယ်ထွက်ချိန်၌ ထီဆိုင်သွားတတ်တယ်။ ပြီးရင် ပထမဆုရတတ်တာ ကလေးဘဝကနဲ့ အရွယ်ရောက်တဲ့အထိ အားလုံး အဆင်ပြေချောမွေ့နေတယ်။ ဒါပေမဲ့ အရင်လကပဲ ကျွန်မ ကံဆိုးမှု စတင်လာတာ။ ရေသောက်နေရင်း ရေသီးတယ်။ စားသောက်နေတုန်း နှင်တယ်။ လမ်းလျှောက်နေတုန်း ချော်လဲတယ်။ ကျွန်မ အတန်းဖော်တွေနဲ့ အပြင်ထွက်တဲ့အချိန် လမ်းပေါ်မှာ အိမ်မွေးခွေးလေးတစ်ကောင်တွေ့ခဲ့တာ ကျွန်မ့အတန်းဖော်က သွားစပေ့မဲ့ ခွေးက လူမှားပြီး ကျွန်မခြေထောက်ကို ကိုက်လိုက်တယ်။ ဒီလအတွင်း ဆက်တိုက်နီးပါး ဒဏ်ရာအသေးစားလေးတွေ ရနေတာ။ ဒါအပြင် ထောက်ခံချက် အပေးခံထားရတဲ့ နေရာကလည်း ဒီလအတွင်း ပျက်စီးသွားပြီး အကြောင်းပြချက် မရှိဖြစ်သွားတာ ဘာဖြစ်နေမှန်း မသိတော့ဘူး။ ကျွန်မအမေက ဆုတောင်းပြီး အဆောင်ယူဖို့ တာအိုဘုရားကျောင်းခေါ်သွားပေမဲ့လည်း အလုပ်မဖြစ်ဘူး။ ဒီအတိုင်း မဖြစ်နေသင့်ဘူးလို့ ထင်တယ်”
ယွင်ယွီသည် အင်တာနက်အသုံးပြုသူ၏ မွေးနေ့ မွေးရက်နှင့် အချိန်ကို ကြည့်လိုက်၏။
“ရှင်ရဲ့မွေးနေ့ မွေးရက်အရ လက်တလောမှာ မကောင်းတဲ့လူတစ်ယောက်နဲ့ တွေ့ကြုံခဲ့ကြောင်း ပြသနေတယ်။ အဲဒီလူရဲ့အကျိုးဖျက်စီးမှုပဲ ဖြစ်ရမယ်။ ရှင်ရဲ့ကံဆိုးတာ ရုံတင်မကဘူး။ ရှင် ဘယ်မှာနေတာလဲ ကျွန်မလာကူညီပေးနိုင်တယ်”
“ဆရာသခင် အမှန်ပဲလား”
ယုန်ဖြူသကြားလုံးသည် အလွန်ပျော်ရွှင်သွား၏။
“ကျွန်မ ချန်းရွှေမြို့မှာ နေတာ။ ကျွန်မနာမည်က ချန်းလန်လန်။ အထက်တန်း တတိယနှစ်ကျောင်းသူတစ်ယောက်ပါ။ လက်တလော ကျောင်းစာတွေနဲ့ အလုပ်များနေလို့ တနင်္ဂနွေနေ့ပဲ အားပါတယ်”
ယွင်ယွီသည် ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် မေးလိုက်လေ၏။
“အရင်တုန်းက ကံကြမ္မာ ဖလှယ်မဲ့အကြောင်း တစ်ယောက်ယောက်ကို သံမန်ကာ လျှံကာ ပြောခဲ့ဖူးလား”
မိနစ်အနည်းငယ်အကြာ၌ တစ်ဖက်လူက ပြန်ပြောလာသည်။
“ဆရာသခင် ဆရာရဲ့အမေးက ကျွန်မသူငယ်ချင်းကောင်းနဲ့ ဒီအကြောင်းအရာ ပြောခဲ့ဖူးတာကို သတိရသွားစေတယ်။ ကျွန်မ ကံကောင်းတာကို အားကျတယ်တဲ့။ သူက အလွန် ကံဆိုးနေတာ။ သူရဲ့မိသားစုအခြေအနေကလည်း မကောင်းဘူး။ သူ ကျွန်မလို ကံကောင်းချင်တယ်လို့ ပြောနေတာ။ ကျွန်မက သူ့ဆီ ကံကောင်းမှု ပေးနိုင်မလားလို့လည်း မေးသေးတယ်။ သူနောက်နေတယ်လို့ ထင်ပြီး သဘောတူလိုက်တာ”
“ဒီလိုဆိုရင်ရော ကျောင်းလိပ်စာပြောပြ။ မနက်ဖြန်ကျ တစ်ချက်သွားကြည့်လိုက်မယ်”
ယွင်ယွီသည် ပြဿနာက ချန်းလန်လန်၏ မိတ်ဆွေကောင်းနှင့် ပတ်သက်နေမည်ဟု ခံစားမိသည်။
123 04
ချန်းလန်လန်သည် ယွင်ယွီအား လိပ်စာပြောလိုက်ပြီးနောက် ကျေးဇူးတင်စကား ပြောလိုက်သည်။
ယွင်ယွီသည် သီးသန့်စာများကို ကြည့်ပြီး ဘာမှ မကြည့်ဘဲ ဝေ့ပိုစ့်ကို ပိတ်လိုက်လေ၏။ သူမက အင်တာနက်အသုံးပြုရတာ သိပ်မကြိုက်ပေ။ ဖုန်းရွှေနှင့် ရုပ်လွန်ပညာကို စိတ်ဝင်စားခြင်းကြောင့်သာ မဟုတ်လျှင် လူတို့ကို ဖုန်းရွှေပညာဖြင့် ကူညီပေးရတာ သဘောကျတာကြောင့်သာ မဟုတ်လျှင် သူမသည် ဝေ့ပိုစ့်အကောင့်တောင် ရှိလောက်မှာ မဟုတ်ပေ။
နေ့လည်စာစားနေစဉ် ယွင်ယွီက ချန်းရွှေမြို့သို့ မနက်ဖြန် သွားမည့်အကြောင်း ချင်ယွီစွေကို ပြောပြခဲ့သည်။
ချင်ယွီစွေက ပြောလိုက်၏။
“မနက်ဖြန်က ကိုယ်ဝန်ဆောင် စစ်ဆေးရမဲ့နေ့လေ။ မနက်ခင်းမှာ စစ်ဆေးပြီး ကလေးရဲ့ကျောင်းကို သွားလိုက်ပေါ့”
သူမ၏ကိုယ်ဝန်က ၆ လရှိနေပြီဖြစ်ကာ အလွန်သိသာနေပြီ ဖြစ်သည်။ သို့သော် သူမအသွင်အပြင်က ပိန်းပါး၏။ ဗိုက်အနည်းငယ်ပူနေသည်မှအပ နောက်ကကြည့်လျှင် သူမ ကိုယ်ဝန်လွယ်ထားသည့်ဟု လူမသိနိုင်။
နေ့လည်စာစားပြီးနောက် နှစ်ယောက်သား ဧည့်ခန်းထဲတွင် ထိုင်လိုက်သည်။
ယွင်ယွီက ချင်ယွီစွေ၏လက်မောင်းကို မှီထားလျှက် သူမဗိုက်ကို ပွတ်ကာ ပြောလိုက်တော့၏။
“သူက တကယ်လိမ္မာတာပဲ”
ကိုယ်ဝန်ဆောင် အစောပိုင်း ကာလများ၌ မနက်ခင်း အော့အန်ခြင်းမျိုး မရှိပေ။ နောက်ပိုင်း၌ ပိုလိမ္မာလာပြီး လှုပ်ရှားရတာ ပိုမိကြိုက်။ သန္ဓေသားလှုပ်ရှားမှုက ပုံမှန်ပဲ ဖြစ်သည်။ မနက် ငါးနာရီ သူမ နိုးလာချိန်တွင် ၎င်းက သူမနှင့်အတူ နိုးလာတာ ဖြစ်လောက်သည်။ ညအချိန် ယွင်ယွီ အနားယူသည့်အချိန်တွင်လည်း သူ၏လက်နှင့်ခြေတို့ကို လှုပ်ရှားတတ်သည်။ တခြားသောအချိန်များ၌ သန္ဓေသားလှုပ်ရှားမှုက အလွန်အားနည်းနေလေ၏။
“ဒါဆိုရင် သူက ကိုယ်နဲ့တူတာ ဖြစ်မယ်”
ချင်ယွီစွေက သိမ်မွေ့စွာ ပြောလိုက်လေ၏။
သူက ပြုံးခဲသည်။ သူက ပြုံးနေစဉ်နဲ့ မပြုံးသည့်အချိန်တွင် မတူညီသည့် လူနှစ်ယောက်လိုပင်။ သူ မပြုံးသည့်အချိန်၌ အလွန်အေးစက်ပြီး ခက်ထန်ပုံပေါ်သည်။ သို့သော် သူပြုံးလိုက်ချိန်တွင်မှု မျက်လုံးအတွင်း ကြယ်များပြည့်နေကာ တောက်ပလွန်းပေ၏။ ယွင်ယွီက သူပြုံးနေသည့်အချိန်ကို နှစ်သက်သည်။ သူပြုံးနေတာကို မြင်တွေ့ရချိန်၌ သူမစိတ်နှလုံးက ပျော်ရွှင်နူးညံ့သွားတော့သည်။ သူ ပြုံးနေတာကို မြင်ပြီး ယွင်ယွီက စကားပြောရပ်ကာ သူ၏ပုခုံးကို တွဲဖက်လျှက် နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။
ချင်ယွီစွေကမှု သူမကို သူ့ပေါင်ပေါ်တွင် ထိုင်ခွင့်ပေးထားကာ သူမကျောကို ထွေးဖွေ့ထားလျှက် ဖြည်းဖြည်းချင်း နမ်းလိုက်လေ၏။
ညနေစောင်းတွင် ရွီလန်ထင်းက သူတို့ကို လယ်တောအိမ်ဒီဇိုင်း ပို့ပေးလာသည်။
ယွင်ယွီသည် ချင်ယွီစွေနှင့် ဆွေးနွေးထားပြီးသား ဖြစ်သည်။ မနက်ဖြန် ချန်းရွှေမြို့မှ ပြန်လာပြီးနောက် ဆောက်လုပ်ရေးစရန် အလုပ်သမားများ ငှားရမ်းမည်။
နောက်တစ်နေ့တွင် အိပ်ရာစောစောထ မနက်စာစားပြီးနောက် ချင်ယွီစွေသည် ကိုယ်ဝန်ဆောင်စစ်ဆေးရန်အတွက် ချန်းရွှေမြို့သို့ ယွင်ယွီကို ခေါ်သွားသည်။
စစ်ဆေးပြီးချိန်၌ ၁၂ နာရီထိုးနေပြီ ဖြစ်သည်။ ချန်းလန်လန်က ချန်းရွှေမြို့ထဲရှိ စီနီယာအထက်တန်းကျောင်းသားတစ်ဉီး ဖြစ်၏။ သူတို့နှစ်ယောက် ရှေ့ဦးစွာ နေ့လည်စာစားလိုက်၏။ စားပြီးချိန်တွင် ၁ နာရီထိုးနေပြီဖြစ်သည်။ ထိုကြောင့် ကျောင်းက မဖွင့်သေးပေ။
ချန်းလန်လန်က သူမမိဘများကို နှုတ်ဆက်လိုက်သည်။ ချန်းလန်လန်၏ မိခင်က အလုပ်များ၏။ ထိုကြောင့် သူမသည် လန်လန်ကို တွေ့ရန် ကျောင်းသို့ လာချင်သည့် ဆွေးမျိုးသားချင်းတချို့ရှိကြောင်း ကျောင်းကို အကြောင်းထား၏။ ထိုကြောင့် ယွင်ယွီတို့ ရောက်လာချိန်တွင် ကျောင်းက သူတို့ကို ဝင်ခွင့်ပေးလိုက်သည်။
ယင်းသည် ချန်းရွှေမြို့ထဲရှိ အဓိက အထက်တန်းကျောင်းတစ်ခုဖြစ်ပြီး စီမံခန့်ခွဲမှု အလွန်တင်းကြပ်သည်။
123 05
သူမ ကျောင်းဝန်းထဲဝင်ပြီး ကျောင်းဂိတ်ဝတွင် ရပ်နေစဉ် ယွင်ယွီက ဖြူဖွေးသော အသားအရေ မျက်ခွံ့နှစ်ထပ်ဖြင့် ရွှင်မြူးတက်ကြွသည့် အသွင်အပြင်ရှိသည့် အနည်းငယ် ပြည့်ဖြိုးသော မိန်းကလေး ချန်းလန်လန်ကို တွေ့လိုက်ရသည်။
ချန်းလန်လန်က ယွင်ယွီတို့ကို မြင်သောအခါ သူတို့ကို မမှတ်မိ ဖြစ်သွားလေ၏။ ယွင်ယွီက သူမဆီ လျှောက်သွားလျှက် ပြုံးကာ ပြောလိုက်သည်။
“ညီမက ချန်းလန်လန် ဖြစ်လောက်တယ် မှတ်လား။ တို့က ဖုန်းရွှေဆရာသခင် ရွှမ်းယွီပါ”
ချန်းလန်လန်က ရှက်ရွံ့စွာ ပြုံးလိုက်လေ၏။
“မင်္ဂလာပါ။ အစ်မ ဒီလောက်ငယ်လိမ့်မယ်လို့ မထင်ထားဘူး။ အစ်မကို မမှတ်မိလိုက်ဘူး”
သူမသည် ငယ်ရွယ်ရုံသာမက ယွင်ယွီကို မြင်ချိန်၌ သူအနည်းငယ် မှင်သက်သွားမိသည်။ ဤကဲ့သို့ တောက်ပပြီး ဖြူဖွေးနူးညံ့လှပေသာ အသားအရေရှိသည့် မိန်းကလေးကို သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ဖြစ်သည်။
ထိုကဲ့သို့ မိန်းမလှလေးက အင်တာနက်ပေါ်ရှိ နာမည်ကြီး ဖုန်းရွှေဆရာသခင် ရွှမ်းယွီ ဖြစ်နေသည်။
ယွင်ယွီက ချန်းလန်လန်ကို မြင်သောအခါ သူမ၏ မျက်နှာပေါ်ရှိ ကံကောင်းမှုများ နည်းနည်းချင်း လျော့ပါးနေကြောင်း မြင်နိုင်သည်။
ဆရာသခင် သူမကို စိုက်ကြည့်နေတာ မြင်ပြီး ချန်းလန်လန်က စိုးရိမ်ပူပန်စွာ မေးလိုက်၏။
“ဆရာ ညီမအခြေအနေ အရမ်းဆိုးနေလား”
ယွင်ယွီက ပြုံးပြီး ပြောလိုက်၏။
“မဟုတ်ဘူး။ ကံကောင်းမှုတွေ ဆုံးရှုံးသွားတာပဲ။ ညီမသူငယ်ချင်းကို တွေ့ရအောင် ခေါ်သွားပေး”
လူများစွာက မိန်းကလေးအဆောင်ဆီသို့ သွားနေကြ၏။ ချန်းလန်လန်ကမှု ယွင်ယွီကို အခြေအနေ ပြောပြပေးသည်။
သူမ၏ ကံကောင်းမှုကို ယူသွားမည်ဟု စနောက်ခဲ့သော သူငယ်ချင်းက သူမနှင့် တစ်ဆောင်တည်းတွင် နေသည်။ သူတို့က အထက်တန်းကျောင်း တတိယနှစ်အတွက် သူငယ်ချင်းကောင်းများ ဖြစ်သည်။
မိန်းကလေးအဆောင်လှေကားဆီ ရောက်သောအခါ ချင်ယွီစွေက ထပ်မသွားနိုင်ပေ။ ထိုကြောင့် ယွင်ယွီက ပြောလိုက်လေ၏”
“ကျွန်မကို ခဏစောင့် မကြာခင် ဆင်းလာမယ်”
ချင်ယွီစွေက ပြောလိုက်တော့သည်။
“ဂရုစိုက်အုန်း”
ယွင်ယွီက ခေါင်းညိတ်လိုက်သည်။
“စိတ်မပူနဲ့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”
+++++++