← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

124 01

အပိုင်း 124

ချန်းလန်လန်တို့ အဆောင်ဆီ သွားလိုက်ချိန်တွင် အခန်းထဲ၌ ကျောင်းသားလေးယောက် ရှိနေ၏။

လေးယောက်လုံးသည် အထက်တန်း ကျောင်းသားများ ဖြစ်ပြီး ဒုတိယနှစ်များ ဖြစ်သည်။ သူတို့အားလုံးက သင်ခန်းစာ လေ့လာရင်း အလုပ်များနေသည်။ သူမက ချန်းလန်လန် လူခေါ်လာတာကို မြင်သောအခါ ကျောင်းသားသုံးယောက်က အနည်းငယ် အံဩသွား၏။ သို့သော် သူတို့ များများစားစား မပြောပဲ သင်ခန်းစာများကို ပြန်လည် သုံးသပ်ရင် သုံးသပ် မဟုတ်လျှင် တရေးတ‌မော အိပ်သူက အိပ်နေ၏။

“ဟမ်”

ယွင်ယွီက ညှင်သာသည့် အသံတစ်သံ ပေါ်ထွက်လာကာ ချန်းလန်လန်နှင့် မျက်နှာချင်းဆိုင်ရှိ မိန်းကလေးကို ကြည့်လိုက်သည်။

မိန်းကလေးက အရပ်မြှင့်ပြီး အသားမည်းကာ ဆံပင်ကို အပေါ်မြှင့်ပြီး စည်းထားလေ၏။

ချန်းလန်လန်သည် ယွင်ယွီဆီ လျှောက်သွားပြီးနောက် သူမ အနည်းငယ် တီးတိုးပြောလိုက်တော့သည်။

“ဆရာသခင် အဲဒါသူပဲ။ သူရဲ့နာမည်က ယွမ်ပေါင်ထုံ”

ယွင်ယွီက ချန်းလန်လန်ကို ကြည့်ကာ ညှင်သာစွာ မေးလိုက်လေ၏။

“ညီမရဲ့ ကံဆုံးရှုံးမှုက သူနဲ့ တကယ် သက်ဆိုင်နေတယ်။ ဒီမှာ ဖြေရှင်းချင်လား။ အပြင်ထွက်ချင်လား”

ဤနေရာတွင် တစ်ဆောင်တည်း နေထိုင်သည့် ကျောင်းသားများ ရှိနေသည်။ သူတို့ရှေ့တွင် လုပ်ပါက ယွမ်ပေါင်ထုံသည် သတင်းဖြန့်လိမ့်မည်။

ယွမ်ပေါင်ထုံ လုပ်ခဲ့သည့်အရာက မကောင်းတဲ့ သတင်းပြန့်သွားလိမ့်မည်။

ချန်းလန်လန်က မျက်မှောင်က ကြုတ်လိုက်လေ၏။

“ဆရာသခင် အပြင်ထွက်ကြရအောင်”

သူမသည် သူမ၏သူငယ်ချင်းကို အခွင့်အရေးတစ်ခု ပေးချင်သည်။ ကျောင်း၌ သတင်းပြန့််သွားလျှင် သူမသူငယ်ချင်း၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ ထိခိုက်သွားလိမ့်မည်။

ယွင်ယွီက ချီးကျူးလိုက်လေ၏။

“မဆိုးဘူးပဲ။ ညီမ ဒီလိုထင်တယ်ဆိုရင် သူ့ကို ထွက်လာခိုင်းပြီး ပြဿနာကို မြန်မြန် ဖြေရှင်းရအောင်”

ထိုသို့ပြောပြီးနောက် ယွင်ယွီသည် အဆောင်အပြင်သို့ ထွက်သွားကာ ခေါင်းမိုးထပ်ရှိရာ အဆောက်အအုံဆီသို့ သွားလိုက်၏။

ချန်းလန်လန်သည် ယွင်ယွီ ထွက်သွားသည့် အချိန်အထိ စောင့်ပြီးနောက် ယွမ်ပေါင်ထုံကို ပြောလိုက်သည်။

“ပေါင်ထုံ ငါနဲ့ ခဏလောက် လိုက်ခဲ့ပေးအုန်း”

ရမ်ပေါ်ထုံသည် တုန့်ဆိုင်းနေသော်ငြား နောက်ဆုံး၌ လိုက်လာသည်။ နှစ်ယောက်လုံးက ခေါင်းမိုးထပ်ရှိရာဆီသို့ ယွင်ယွီနောက် လိုက်သွားသည်။

ယွင်ယွီက တန်းပြောလိုက်တော့သည်။

“နင် ချန်းလန်လန်ရဲ့ကံကို ယူသွားတယ်မှတ်လား”

“ကျွန်မ”

ယွမ်ပေါင်ထုံ၏ မျက်နှာသည် ဖြူဖျော့သွားပြီး ခေါင်းကို ငုံလိုက်တော့၏။ သူမ၏ ပုံစံကို မြင်သောအခါ ချန်းလန်လန်သည် သူမ လုပ်ခဲ့မှန်း သိသွားလေ၏။ သူမ ဝမ်းနည်း ပန်းနည်း ပြောလိုက်တော့သည်။

124 02

“ပေါင်ထုံ ငါ့ကို ဘာကြောင့် အဲလိုလုပ်ရတာလဲ”

သုံးနှစ်တာ ခင်မင်ရင်းနှီးမှုသည် အတုအယောင် မဟုတ်ပေ။ ပေါင်ထုံက အတော်လေး သိုသိပ်တတ်သော လူတစ်မျိုးဖြစ်သည်။ သူမသည် အစတည်းက အလွန်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိခဲ့သည်။ ပေါင်ထုံသည် သူမအိမ်သို့တောင် လာကစားတတ်၏။ ပေါင်ထုံက မွေးရပ်မြေက ဤနေရာတွင် မဟုတ်ပေ။ သို့သော်ငြား မြောက်ပိုင်းက ချန်းရွှေမြို့နှင့် အတော်လေး ဝေး၏။ သူမ၏မိဘများ ကွယ်လွန်သွားပြီးနောက် ချန်းရွှေမြို့တွင် ဆွေမျိုးသားချင်းများနှင့် နေတာ ဖြစ်သည်။ နှစ်ယောက်သားက လမ်းပေါ်တွင် လျှောက်သွားနေတတ်ပြီး တနင်္ဂနွေနေ့တွင် ချန်းရွှေမြို့၏ လမ်းကြောင်းများကို လျှောက်သွားတတ်၏။ လက်ချင်းတွဲကာ အရသာရှိသည့် အစားအသောက်များ အတူတူ စားသောက်လျှက် တောင်အတူတက် ဆော့ကစားကာ တက္ကသိုလ်တစ်ခုတည်း တက်မည်ဟု သဘောတူညီချက် ယူထားပြီး ထိုအတွက်လည်း ကြိုးစားနေကြသည်။

ယွမ်ပေါင်ထုံသည် ငယ်စဉ်ကတည်းက ကံဆိုးခဲ့၏။ သူမ မိတ်ဆွေများ ဖြစ်လာချိန်တွင် ထိုအကြောင်းကို သိထားပြီးသား ဖြစ်သည်။

သူမ ကံဆိုးလွန်းသောကြောင့် ရေသောက်ချိန်တွင်တောင် ရေသီးတတ်သည်။ ချန်းလန်လန်က ယွမ်ပေါင်ထုံသည် သူမနှင့် သုံးနှစ်တာ သူငယ်ချင်းဖြစ်ပြီးနောက် ကံကောင်းတာကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သို့သော် ယခင်လများ၌ ပေါင်ထုံသည် ကိစ္စရပ်များ အလွန်ချောမွေ့နေခဲ့ပြီး ထိုအကြောင်း များများစားစား မစဉ်းစားမိခဲ့ပေ။ သူမကံက ယူဆောင်သွားခံရလိမ့်ဟု မထင်ထားခဲ့ပေ။

ယွမ်ပေါင်ထုံက ငိုယိုလေ၏။

“လန်လန် ငါတောင်းပန်ပါတယ်။ ငါလုပ်ခဲ့တာ။ ဒါပေမဲ့ ငါ မရည်ရွယ်ဘူး။ ငါ မလုပ်ချင်ဘူး။ ငါ့ကို အခွင့်အရေးတစ်ခု ပေးနိုင်မလား။ နင်ရဲ့ ကံကို ငါ နင့်ဆီ ပြန်ပေးနိုင်ပါတယ်။ နင်ရဲ့ ကံကောင်းမှုကို တကယ် ခိုးယူဖို့ မရည်ရွယ်ထားပါဘူး။ နင်နဲ့ သူငယ်ချင်းကောင်း ဖြစ်ချင်ပြီး မိတ်ဆွေကောင်းတွေ ဖြစ်ချင်တာ”

ချန်းလန်လန်ကလည်း ငိုယိုလေ၏။

“ဒါဆိုရင် ငါ့ကို ဘာလို့ ထိခိုက်အောင် လုပ်ချင်တာလဲ”

ယွင်ယွီက ဖြတ်ပြောလိုက်၏။

“တစ်ခုလောက် ပြောခွင့်ပေး။ လန်လန် ဝမ်းမနည်းနဲ့”

သူမက ယွမ်ပေါင်ထုံဘက် လှည့်မေးလိုက်တော့သည်။

“ဒီလွှဲပြောင်းမှုအတွက် နင် လိုလိုလားလား လုပ်ခဲ့တာ မဟုတ်ဘူးလား”

ယွမ်ပေါင်ထုံသည် ယွင်ယွီကို တအံတဩကြည့်ပြီး ဘာမှ မပြောဘဲ အချိန်အတော်ကြာ တုံ့ဆိုင်းနေမိသည်။

ယွင်ယွီက တန်းပြောလိုက်၏။

“နင်ရဲ့မိသားစုက မြောက်ပိုင်းက ဒီတော့ နင့်မှာ အစောင့်အရှောက် တစ်ယောက်ရှိတယ်။ ဟုတ်တယ်မှတ်လား”

“ရှင် ရှင်က ဘယ်သူလဲ”

ယွမ်ပေါင်ထုံက အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေ၏။

“ကျွန်မ့အကြောင်း ဘယ်လိုလုပ်သိတာလဲ”

အစောင့်အရှောက်သည် ထိုမိန်းကလေးနောက် လိုက်ပါနေသေးကြောင်း ယွင်ယွီ သတိပြုမိသည်။

ထိုအစောင့်အရှောက်များကို မြောက်ပိုင်း၌ ကိုးကွယ်နေကြဖြစ်သည်။ နတ်ဘုရားများ၏ ကိုးကွယ်မှုအစဉ်လိုက်က မြေခွေးများ၊ ဖျံနီညို၊ ဖြူးကောင်၊ စပါးအုံးနှင့် ကြွက်တို့ ဖြစ်သည်။ နောက်ဆုံးအခေါက်က တွေ့ခဲ့သည့် ကြွက်မိစ္ဆာမှလွဲလျှင် ယွင်ယွီသည် မြောက်ပိုင်းမှ အစောင့်အရှောက်ကို မြင်တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်၏။

ယခင်အခေါက်က တွေ့ခဲ့သော ကြွက်မိစ္ဆာသည် အစောင့်အရှောက် ဒေဝါ မဟုတ်ပေ။ သို့သော် ယွင်ယွီက ကြွက်မိစ္ဆာသည် အစ၌ အစောင့်အရှောက် ဖြစ်ခဲ့လိမ့်ဟု ခန့်မှန်းမိ၏။ နောက်ပိုင်းကျ သူ၏ကျင့်ကြံမှုသည် တခြားသူများ၏ ကိုးကွယ်မှုကြောင့် သူ၏ကျင့်ကြံမှု နှေးကွေးသွားကြောင်း ခံစားခဲ့မိတာ ဖြစ်လောက်၏။ ထိုကြောင့် လမ်းမှားသွားကာ ကျင့်ကြံမှု လျင်မြန်စွာတိုးတက်စေရေးအတွက် ပူဇော်မှုကို သုံးခဲ့သည်။ အဆုံးသတ်ကောင်း မရခဲ့ပေ။

124 03

မြောက်ပိုင်းတွင်မှု အစောင့်အရှောက်ရှိသည့် မိသားစုများသည် လူတို့ကို ရှေ့ဖြစ် ဟောပေးတတ်၏။

ယွမ်ပေါင်ထုံ၏ကိုယ်ထဲရှိ အစောင့်အရှောက်ကမှု ဖျံနီညို ဖြစ်လောက်ပေ၏။

ယွင်ယွီက ပြောလိုက်သည်။

“နင့်မိသားစုရဲ့ အစောင့်အရှောက်ဒေဝါက နင့်ကို ပူးကပ်ပြီး လန်လန်ရဲ့ကံကောင်းမှုကို လှည့်စားဖို့ မှော်ပညာသုံးသွားတာ ဟုတ်တယ်မှတ်လား”

အစောင့်အရှောက်ဒေဝါ ပူးကပ်တာ ခံခဲ့ရလျှင် အနည်းငယ် စိတ်ရှုပ်ထွေးနေသည့်တိုင် ပူးကပ်ခံရပြီးနောက် အဖြစ်အပျက်ကို အကြမ်းဖျဉ်း မှတ်မိနေသေး၏။

ယွမ်ပေါင်ထုံသည် ချန်းလန်လန်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။ သူမက ပြောလိုက်၏။

“ညီမမိသားစုက မြောက်ပိုင်းက။ ညီမအမေက ပြောဖူးတယ်။ ညီမတို့မိသားစုမှာ အစောင့်အရှောက် တစ်ယောက်ရှိကြောင်း ငယ်ငယ်လေးထဲက ပြောခဲ့တာ။ ညီမအမေကလည်း ရှေ့ဖြစ်ဟောပြီး လူတွေကို ကူညီပေးတတ်တယ်။ ဒါပေမဲ့ ညီမ မယုံခဲ့ဘူးလေ။ ငယ်ငယ်လေးတည်းက အဘွားဟွမ်ကို ကိုးကွယ်ခိုင်းခဲ့တာ။ နောက်ပိုင်း မိဘတွေ ကွယ်လွန်သွားပြီး မွေးရပ်မြေက ထွက်လာတယ်။ မထင်မှတ်ထားပဲ အဘွားဟွမ်က ကျွန်မနောက် လိုက်လာပြီး အိမ်မက်ထဲ မကြာခဏပေါ်တတ်တာ အဘွားဟွမ်က ရှေ့ဖြစ်ဟောပြီး လူတွေကို ကူညီပေးစေချင်တာ။ ဒါပေမဲ့ ညီမ ဒါမျိုး မကြိုက်ဘူးလေ။ လူတွေသိသွားရင် ညီမကို ထူးထူးဆန်းဆန်း ကြည့်ကြမှာ စိုးရိမ်တယ်”

သူမ စကားပြောရပ်ပြီးနောက် ချန်းလန်လန်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူမ၏သူငယ်ချင်းကောင်းက ကြောက်ရွံ့မှုအရိပ်အယောင်နဲ့ အထင်သေးမှု မပြကြောင်း မြင်သောခါ ဆက်ပြောလိုက်၏။

“နောက်ပိုင်းကျ အဘွားဟွမ်က အိမ်မက်ထဲအထိ စကားလာပြောတယ်။ ဒါပေမဲ့ မြေးဝိညာဉ် မဖြစ်ချင်ဘူးလေ။ ဒါ့အပြင် ညီမငယ်ငယ်လေးထဲက ကံဆိုးတာ။ အဲဒါက ညီမတို့အိမ်မှာ ကိုးကွယ်ထားတဲ့ သားရဲကြောင့်လို့ အဘွားဟွမ် ပြောပြတယ်။ ဒါပေမဲ့ တတ်နိုင်တာ ဘာမှ မရှိဘူးလေ။ ကောင်းကင်ရဲ့ လျို့ဝှက်ချက်ကို ဖော်ထုတ်ရမဲ့ကိစ္စ ညီမအမေကနေ စတာပဲ။ အမေက စောစောစီးစီး ဆုံးသွားပြီး ညီမကလည်း အတော်လေး ကံဆိုးတယ်။ အဘွားဟွမ်က မြေးဝိညာဉ်ကြောင့်ပဲ ဖြစ်ရမယ်။ သူတို့တွေက လေ့ကျင့်ဖို့ ကောင်းမှု ကုသိုလ် လုပ်ရမယ်လို့ ပြောတာ။ ဒါပေမဲ့ ညီမ တကယ် မလုပ်ချင်ဘူး။ အဘွားဟွမ်ကလည်း ညီမ ကြီးပြင်းလာတာကို ကြည့်နေရပြီး ညီမ ကံကောင်းချင်လားလို့ မေးခဲ့တာ။ ညီမက ကံကောင်းချင်တယ်လို့ ပြောလိုက်တယ်”

နောက်ပိုင်းတွင် ထိုအစောင့်အရှောက်ဒေဝါသည် ယွမ်ပေါင်ထုံကို ပူးကပ်ပြီးနောက် ကံကောင်းမှုအဆောင်ကို လုပ်ကာ ချန်းလန်လန်၏ ဆံပင်ကို ယူခဲ့သည်။ ပြီးနောက် ချန်းလန်လန်၏ မွေးနေ့ မွေးရက်ကို သိပြီး ချန်းလန်လန်အား ကံလဲလိုစိတ် ရှိ မရှိ မေးခဲ့၏။ ချန်းလန်လန်သည် စနောက်နေသည်ဟုသာ ထင်ခဲ့ပြီး လက်ခံခဲ့၏။ ဒီတော့မှ အဘွားဟွမ်၏ ပညာအောင်မြင်သွားပြီး ချန်းလန်လန်၏ ကံကောင်းမှုများ ယွမ်ပေါင်ထုံဆီ ရောက်လာကြောင်း သိလိုက်သည်။

ယွမ်ပေါင်ထုံသည် နိုးထလာပြီးနောက် ထိုသို့မပြုလုပ်ချင်ခဲ့ပေ။ သူမက အဆောင်ကို ဖျက်စီးချင်ခဲ့၏။ အဘွားဟွမ်ကမှု သူမကို ခြောက်လှန့်ခဲ့သည်။ အဆောင်ကို လက်လွှတ်စပယ် ထိပါးတာ ချန်းလန်လန်သည် ဂါထာပြီးမြောက်သွားသောကြောင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း ပြောခဲ့သည်။

ယွမ်ပေါင်ထုံကမှု တစ်နေ့ထက်တစ်နေ့ သူ၏ကံပိုကောင်းလာပြီး သူ့သူငယ်ချင်း၏ ကံ တစ်နေ့ထက်တစ်နေ့ ဆိုးလာတာကို ကြည့်နေရ၏။ သူမကိုယ့်သူမ အပြစ်တင်မိသော်ငြား တတ်နိုင်တာ ဘာမှ မရှိပေ။ နေ့စဉ်နေ့တိုင်း နာကျင်နေရသည်။

ယွင်ယွီ မရောက်လာခင်အထိ ဖြစ်သည်။

ယွမ်ပေါင်ထုံက စိတ်မသက်မသာ ဖြစ်ကာ ပြောလိုက်လေ၏။

“လန်လန် ငါတကယ် တောင်းပန်ပါတယ်။ ငါ ဒါမျိုး မဖြစ်စေချင်ပါဘူး။ နောက်ဆက်တွဲဆိုးကျိုးကို ငါပဲ ခံစားချင်တာပါ။ နင်ရဲ့ကံကောင်းမှုကို ပြောင်းလဲဖို့ တစ်ခါမှ မတွေးဖူးဘူး”

သူမ ပြောပြီးသည့်နှင့် ခန္ဓာကိုယ်က ပျော့ခွေ့သွားကာ မြေပြင်ပေါ် လဲကျသွားသည်။ သို့သော် တဖြည်းဖြည်းချင်း ထရပ်လိုက်၏။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ယွင်ယွီသည် ယွမ်ပေါင်ထုံ ပူးကပ်ခံလိုက်ရမှန်း သိနေသည်။

ယွင်ယွီက ပြောလိုက်၏။

“ယွမ်ပေါင်ထုံက မင်းကို အဘွားဟွမ်လို့ခေါ်တယ်။ မင်းက ငါတို့အားလုံးထက် အသက်ကြီးမှာပေါ့။ ဒီတော့ အဘွားဟွမ်လို့ ခေါ်ရဲတယ်။ အဘွားဟွမ် ကျင့်ကြံသူတစ်ယောက်ဆိုရင် ဘာလို့ ဒါမျိုး ကိစ္စလုပ်ရတာလဲ။ ကိုယ်ပိုင် ကျင့်ကြံမှုကို ထိခိုက်စေတယ်မှတ်လား”

124 04

လူတိုင်း၏ရည်ရွယ်ချက်က လေ့ကျင့်ရေးအတွက် ထိုကြောင့် အစောင့်အရှောက်ဒေဝါတစ်ပါး ဖြစ်ဖို့က ပိုတောင် ခက်ခဲသည်။

သူတို့က ကျင့်ကြံနေသည့် တိရစ္ဆာန်များဖြစ်ပြီး ယင်းက မလွယ်ကူပေ။ တခြားသူကို ထိခိုက်အောင် လုပ်၍ မရ။

ချန်းလန်လန်က မျက်လုံးပြူးသွားလေ၏။ သူမသူငယ်ချင်း၌ ဤသို့သော ထူးဆန်းသည့် ကိစ္စဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။ အဲဒီအစောင့်အရှောက်ဒေဝါက သူရဲ့သူငယ်ချင်းကို ထပ်ပူးကပ်ပြန်ပြီလို့ ဆရာသခင် ပြောတာလား။

အဘွားဟွမ်သည် ယွမ်ပေါင်ထုံ၏အသံ မသုံးခဲ့ဘဲ သူမကိုယ်ပိုင်အသံကိုသာ သုံးခဲ့လေ၏။

အသံက အနည်းငယ် စူးရှပြီး အိုမင်းနေပုံပေါ်ကာ အမျိုးသားလား အမျိုးသမီးလား ခွဲခြားဖို့ မဖြစ်နိုင်ပေ။

“ငါ့ကိစ္စကို ဝင်မရှုပ်နဲ့”

အဘွားဟွမ်က စိတ်မချမ်းမြေ့စရာ ပြောလိုက်သည်။

“ညည်းတို့ လူသားတွေ လေ့ကျင့်ဖို့က လွယ်တယ်။ ဒါပေမဲ့ ငါတို့တွေအတွက် ဘယ်လောက် ခက်ခဲလဲ သိလား။ ငါတို့ ကိုးကွယ်ခံရတယ်ဆိုရင်တောင် ကုသိုလ်ကောင်းမှု စုဆောင်းဖို့ လူသားတွေကို ကူညီပေးဖို့ လိုတယ်။ ပေါင်ထုံက မလုပ်ချင်ဘူး။ ငါ သူ့အတွက် ကောင်းရာကောင်းကြောင်း စဉ်းစားပြီး ကံလဲပေးခဲ့တာ။ ငါရဲ့ ကြင်နာမှုကို သူ အမှတ်ရနေရမှာ။ ဒါပေမဲ့ အဲဒီပေါင်ထုံက ဒီမိန်းကလေးကို ဒီလောက် ဂရုစိုက်နေလိမ့်မယ်မှန်း ငါ ဘယ်သိပါ့မလဲ။ ဒီကိစ္စကို သိသွားပြီးတော့ ကံကို ပြန်လဲချင်နေတာ။ ငါ အင်မတန် ဒေါသထွက်တယ်လေ”

သူက ချန်းလန်လန်ကို စိုက်ကြည့်ပြီး သူ၏မျက်လုံးများက လူမျက်လုံးများနှင့် မတူဘဲ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသည်။

“ဒီမိန်းကလေးက ကံကောင်းတယ်။ ပေါင်ထုံဆီ ကံတချို့ ချေးငှားတာက သူ့ကို မထိခိုက်စေဘူး။ ဒါအပြင် ငါက နှစ်ဝက်ပဲ ငှားခဲ့တာ”

ယွင်ယွီသည် ရယ်ရမလား ငိုရမလား မသိတော့ပေ။ ချန်းလန်လန် တွေ့ခဲ့သည့်ဆိုတဲ့လူက သူမသူငယ်ချင်းကောင်း မဟုတ်ဘဲ ဤအဘွားဟွမ် ဖြစ်နေသည်။

ချန်းလန်လန်သည် သူမသူငယ်ချင်း ပူးကပ်ခံရတာကို မကြောက်ရွံ့ပေ။ သိချင်စိတ် ပြင်းပြနေရုံသာ ရှိသည်။

အဘွားဟွမ်က ဆက်ပြောလေ၏။

“ငါတို့အတွက် ကျင်ကြံရတာ ဘယ်လောက်ခက်ခဲလဲ သိလား။ ဒီနေရာဆီအထိ ပေါင်ထုံနောက် လိုက်လာဖို့ ကီလိုမီတာ တစ်ထောင် နှစ်ထောင် အကွာအဝေးက ငါ့အတွက် လွယ်တယ်ထင်နေလား။ ဒီမိန်းကလေးက ငါရဲ့ကြင်နာမှုကို အသိအမှတ် မပြုဘူး။ ငါ သူ့အပေါ် ကောင်းခဲ့ပေမဲ့ သူက ငါရဲ့ လေ့ကျင့်ရေးမှာ ကူညီဖို့ ဆန္ဒမရှိဘူး။ ငါဖို့ ဒီနှစ်တွေထဲ ရှင်သန်ရတာ ခက်ခဲလှတယ်။ သူမက လူဆိုးမ”

နောက်ဆုံး၌ သူသည် ယွမ်ပေါင်ထုံ၏ ခန္ဓာကိုယ်ကို သုံးလျှက် မြေပြင်ပေါ်တွင် တံတွေးထွေးလျှက် ပါးစပ်က ရေရွတ်ပြောနေ၏။ ဘာပြောနေမှန်းတောင် မကြားရတော့ပေ။ ယင်းက ငယ်သံပါအောင် အော်သည့် အသံသာ ဖြစ်လာသည်။

ယွင်ယွီက ကူကယ်ရာ မဲ့နေသည်။

“သူ မလုပ်ချင်ရင် မိသားစုပြောင်းလို့ ရတာပဲ”

“မိသားစုပြောင်းရတာ ဘယ်လောက် ခက်ခဲလဲ သိလား”

အဘွားဟွမ်က ရပ်တန့်သွားပြီး သူမအသံ ပြန်ရလာသည်။

“ငါက မသေမျိုး မဟုတ်ဘူး။ ငါက နှစ်ပေါင်း ၂၀၀ ကျော်ကြာ ကျင့်ကြံထားတဲ့ သာမန် ဖျံနီမျိုးတစ်ကောင်ပဲ။ ငါ သူရဲ့မိသားစုနဲ့ အမြဲတမ်း ရှိနေပေးခဲ့တာ။ အခု ပေါင်ထုံက တစ်ဉီးတည်းသော ဆက်ခံသူ။ သူ့ကို ဘယ်နားသွားရှာရမလဲ”

ယွင်ယွီသည် မိသားစုများစွာက အစောင့်အရှောက်ဒေဝါများ ကိုးကွယ်ခြင်းဖြင့် စတင်ခဲ့ကြောင်း သိ၏။ တဖြည်းဖြည်းချင်းပင် ဟူချန်းရှု၊ ဟွမ်တာရှန်း၊ လျို့တာရှန်းနှင့် ကျန်သည့် နတ်သမားများကလည်း သူတို့အိမ်သို့ ရောက်လာပြီး အစောင့်အရှောက်ဒေဝါအဖြစ် ကိုးကွယ်ခံ၏။

124 05

အဘွားဟွမ်က မတူညီတာ ဖြစ်လောက်သည်။ ၎င်း၏ ဉာဏ်ရည်ရချိန်မှစပြီး တဖြည်းဖြည်းချင်း ကျင့်ကြံမှုတချို့ ရလာပြီး လူတို့ကို စတင် ကူညီပေးတတ်၏။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် ဝိညာဉ်များ ကိုးကွယ်ခွင့် မပြုတော့ဘဲ အချိန်ကာလတစ်ခုအထိ ဖိနှိပ်ခံထားရကာ သူတို့လေ့ကျင့်ရန် အင်မတန် ခက်ခဲသည်။

အဘွားဟွမ်က ယွင်ယွီကို ရုတ်တရက် ကြည့်ပြီး ပြောလိုက်၏။

“မိန်းကလေးလည်း ကျင့်ကြံသူတစ်ယောက်ပဲ။ နင်နဲ့ အိမ်လိုက်ခဲ့ရင်ရော။ ငါ့ကို ခေါ်သွားချင်လား”

“ဒါ အလုပ်မဖြစ်ဘူး။ အဘွားဟွမ်”

ယွင်ယွီက ရယ်မောလိုက်၏။

“ကျွန်မတို့က မတူညီတဲ့ စနစ်အကြောင်း ပြောနေတာလေ။ ကျွန်မက ရုပ်လွန်ပညာ ငါးသွယ်ကို လေ့လာနေတာ။ ဒါက မတူညီဘူး”

သူမသည် အစောင့်အရှောက်ဒေဝါများ ကိုးကွယ်သည့်စနစ်ကို နားမလည်ပေ။ သူမက ထိုအရာများ ပူးကပ်မခံချင်ပေ။

******

All Chapters