အခန်း ၁၂၅
Vol. 13 Ch. 125
125 01
အပိုင်း 125
ခေါင်မိုးထပ်၌ ရပ်နေသော လူသုံးယောက်ရှိသည် ယနေ့တိမ်ထူနေပြီး လေအတော်လေး ပြင်းသောကြောင့် ဆံပင်များ လေထဲလွင့်နေကြသည်
ချန်းလန်လန်သည် သူမ သူငယ်ချင်းကြုံတွေ့နေရသည့်အရာကို သိချင်ခဲ့သည် ယခု သူမ သူငယ်ချင်းက သူမ ကံကောင်းမှုကို တမင်တကာ ခိုးယူတာ မဟုတ်မှန်း သိလိုက်ရ၏ အစောင့်အရှောက် ဝိဉာဉ် ပူးကပ်တာ ခံလိုက်ရတာပဲဖြစ်သည်။ ထို့ကြောင့် သူမက သူငယ်ချင်းကို ခွင့်လွှတ်လိုက်သည်။ သူမက ပူးကပ်ခံထားရသည့် သူငယ်ချင်းကို ငြိမ်သက်စွာ ကြည့်ပြီး ဂရုတစိုက် လေ့လာလိုက်၏။ အမှန်ပင် သူမ သူငယ်ချင်း၏ မျက်လုံးများနှင့် မတူညီပေ။ သူမ သူငယ်ချင်း၏ မျက်လုံးများက ကြည်လင်နေပြီး ယွမ်ပေါင်ထုန်၏ မျက်လုံးများကမူ အနည်းငယ် ခြောက်ခြားဖွယ်ကောင်း၏
အဖွားဝမ်က ယွင်ယွီကို ပြဿနာရှာရန် ကြိုးစားနေသေးသည်
“နင်က ဒီကောင်မလေးကို ကူညီဖို့ ရောက်လာတာဆိုတော့ နင်သာ ငါ့ကို သူတို့ ခန္ဓာကိုယ်ကို ယူခွင့်ပေးသ၍ ကံကောင်းမှုကို ပြန်ပေးမယ်”
ဆိုရလျှင် တိုက်ဆိုင်စရာမလိုအပ်ပေ။ သူသည် ယခင်က ဆိုးရွားသည့် ကိစ္စများကို မလုပ်ခဲ့ပေ။ ယခု သူတို့အတွက် ကျင့်ကြံဖို့က အင်မတန်ခက်ခဲနေသည်။ လူသားတစ်ယောက်အနေဖြင့် ကျင့်ကြံရသည်က ပိုတောင် ခက်ခဲလေ၏။ နှစ်ပေါင်း နှစ်ရာကျော်ကြာသည့်တိုင် သူသည် လူသားစကားကိုသာ ပြောနိုင်ခဲ့သည်။ ၎င်း၏ ဝိဉာဉ်က ခန္ဓာမှ ထွက်သွားနိုင်၏။ ယခု အစောင့်အရှောက်နတ်ဒေဝါများကို ယုံကြည်သည့်သူက နည်းသထက် နည်းလာ၏။ သူတို့၏ ဝိဉာဉ်စွမ်းအင်ကလဲ လျော့ပါးလာသည်။ သူတို့ မကောင်းတာ လုပ်လျှင် ဘုရားက သူတို့ကို ချောချောမွေ့မွေ့ ကျင့်ကြံခွင့်ပေးမှာ မဟုတ်ပေ။
ထိုကြောင့် လူတို့ကို ခြိမ်းခြောက်နေခြင်းက ယုံကြည်ချက် ရှိပုံမပေါ်။
“ကျွန်မ သဘောတူမှာ မဟုတ်ဘူး”
ယွင်ယွီက ပြောလိုက်သည်။
“သူတို့ရဲ့ ကံတရားကို အမြန်ပြန်လဲပေးလိုက်”
သူမသည် ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းချင်သည်။ ချင်ယွီစွေနှင့်အတူ အိမ်ပြန်ချင်၏ သူမ မနက်ဖြန်ကျ တောင်ပေါ်တက်သွားရမည်။ အပန်းဖြေစခန်း တည်ဆောက်မှုက နောက်ဆုံးတွင် စတင်တော့မှာပဲဖြစ်သည်။ အဖွားဝမ်သည် ယွင်ယွီက စိတ်သဘောထားကောင်းကာ အနိုင်ကျင့်ရလွယ်မည်ဟု ထင်ခဲ့၏။ ယွမ်ပေါင်ထုန်က အားနည်းလွန်းသည်။ ထို့ကြောင့် သူ့ကို ပူးကပ်ချိန်၌ ထို့ကဲ့သို့သော အရာများ ငြိကပ်ရန် မဆိုထားနှင့် ဘာမှ တွေ့ကြုံရမှာ မဟုတ်ပေ။ သို့သော်ငြား သူ့ရှေ့ရှိ မိန်းကလေးကမူ မတူညီပေ။ ကျင့်ကြံနိုင်သူ ဖြစ်၏။ ထို့ကြောင့် သူမကို ပူးကပ်ခြင်းက အကျိုးသက်ရောက်မှုမရှိ ကျင့်ကြံနိုင်အောင် ကူညီပေးနိုင်မှာပဲဖြစ်သည်။
အဖွားဝမ်က အကြံရပြီး ယွမ်ပေါင်ထုန်ကို လွှတ်လိုက်ကာ မြေပြင်ပေါ်လဲကျသွား၏
၎င်းသည် ယွင်ယွီဆီသို့ ချက်ချင်းကပ်သွားပြီး သူမဆီသို့ ပူးကပ်ချင်ခဲ့သည်။ သို့သော် ယွင်ယွီက ခြေထောက်တစ်ဖက်မြောက်လျက် သူ့ကို ကန်ကြောက်လိုက်သည်။ ကန်ချက်က ၎င်းကို မီတာများစွာ အကွာထိ လွင့်ထွက်သွားစေ၏။ ယင်းကမူ ယွမ်ယွီ၏ အဝတ်စားကိုတောင် မထိနိုင်ခဲ့ချေ။
ယွင်ယွီက ငေါက်ငမ်းလိုက်လေ၏ ။
“ရှင်က သိပ်ရဲတင်းလွန်းနေတာပဲ”
ဆိုရလျှင် သူမသည် တိုင်းပြည်တစ်ပြည်၏ မင်းသမီးတစ်ပါးဖြစ်ပြီး သူမ၏ ကျင့်ကြံမှုက အတော်လေး အထင်ကြီးဖွယ် ကောင်းသည်။ ဤကဲ့သို့ ရိုင်းစိုင်းသော မကောင်းဆိုးဝါးမျိုးက သူမကို မည်သို့များ ပူးကပ်ရဲသနည်း။ ယခင်က သူတို့ကို ယဉ်ကျေးသမှုနှင့် ပြောခဲ့ခြင်းမှာ ထိုမကောင်းဆိုးဝါးများအဖို့ ကျင့်ကြံရတာ မလွယ်ကူ အသက်လည်း ကြီးလှပြီဟု ခံစားမိသောကြောင့်ဖြစ်သည်။ သို့သော် တစ်ဖက်လူ၌ အခြားအတွေး ရှိနေလိမ့်မည်ဟု မထင်ခဲ့မိချေ။
125 02
ယခုအချိန်တွင် ယွင်ယွီက ခြိမ်းခြောက်နိုင်သော ဟန်ပန်အပြည့်ဖြစ်လျက် မျက်မှောင် အနည်းငယ်ကြုတ်ထားကာ မျက်လုံးက အေးစက်နေလေ၏။
ချန်းလန်လန်သည် သူမ၏ အရှိန်အဝါကြောင့် ကြောက်လန့်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ဘေးတွင် ရပ်နေလိုက်သည်။ ယွမ်ပေါင်ထုန်ကမူ မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထလာလျက် သံတိုင်ကို ကိုင်ကာ ထရပ်လိုက်သည်။ သူမလည်း ဘာမှမပြောခဲ့ပေ။
အဖွားဝမ်သည် ကန်ကျောက်ခံရပြီနောက် မြေပြင်ပေါ်တွင် အသံမြည်နေတော့၏။ အချိန်အတော်ကြာသည်အထိ မလှုပ်ခဲ့ပေ။ ကျန်သောနှစ်ယောက်က သူမကို မတွေ့ရ။ သူမမျက်ရည်များ ဝဲလျက် ထရပ်ကာ လက်မြောက်ပြီး ယွင်ယွီကို ကန်တော့ကာ သက်ညှာပေးရန် တောင်းပန်တော့၏။
“မြန်မြန် အဆောင်သွားရှာပြီး ဒီပြဿနာကို မြန်မြန်ဖြေရှင်း”
ယွင်ယွီက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ အဖွားဝမ်ကို တုန်တုန်ယင်ယင်ဖြင့် ထရပ်ကာ ပြောလိုက်တော့၏ ။
“ဆရာသခင် ကံကောင်းခြင်းအဆောင်က သူ့ရဲ့ အိတ်ထဲမှာရှိကြောင်း ပေါင်ထုန်ကို ကျေးဇူးပြုပြီး ပြောပေးပါ”
ယွင်ယွီသည် ယွမ်ပေါင်ထုန်ကို ကံကောင်းခြင်းအဆောင်အကြောင်း ပြောပြလိုက်၏။ သူမသည် အဆောင်ခန်းကို ချက်ချင်းသွားကာ လက်ဆွဲသေတ္တာကို ဖွင့်လိုက်ရာ ကံကောင်းခြင်းအဆောင် ရှိနေသည့် အိတ်ကို ရှာတွေ့သွားသည်။ သူမ ခေါင်မိုးထပ်သို့ ပြန်လာပြီးနောက် ထိုအိတ်ကို ယွင်ယွီအား ပေးလိုက်တော့သည်။ ယွင်ယွီသည် ကံကောင်းခြင်းအဆောင်ကို အိတ်ထဲမှ ထုတ်လိုက်တော့၏။ အထဲ၌ ချန်းလန်လန်၏ မွေးနေ့မွေးရက်နှင့် အက္ခရာရှစ်လုံး ရှိနေသည်။ သူမ၏ ဆံပင်နှစ်မျှင်လည်း ရှိနေသည်။ ယွင်ယွီက လက်ချောင်းဖြင့် ၎င်းကို ချေမွလိုက်ရာ ကံကောင်းခြင်းအဆောင်သည် မီးခိုးရောင်အမှုန့်အဖြစ် ပြောင်းလဲသွားပြီး ကျသွားတော့၏။ ထို့နောက် သူမက ချန်းလန်လန်၏ နဖူးကို ထိလျှက်ပြောလိုက်၏။
“အခု အဆင်ပြေသွားပြီး ရက်ပိုင်းအတွင်းမင်းရဲ့ ကံကောင်းမှုတွေ တဖြည်းဖြည်း ပြန်ရောက်လာလိမ့်မယ်”
ပြီးနောက် သူသည် ယွမ်ပေါင်ထုန်ဘက်လှည့်ကာ ပြောလိုက်တော့သည်။
“ညီမလဲ စိတ်ပူစရာ မရှိတော့ဘူး။ ညီမ အပြင်မထွက်ချင်ရင် အဖွားဝမ်ကို နှုတ်ဆက်စကား ပြောလိုက်လို့ ရတယ်။ သူ ညီမနောက် ထပ်လိုက်တော့မှာ မဟုတ်ဘူး။ ညီမရဲ့ ကံတရားက တဖြည်းဖြည်းချင်း ပိုကောင်းလာလိမ့်မယ်”
ယွမ်ပေါင်ထုန်သည် အဖွားဝမ်ကို မမြင်နိုင်ပေ။ သို့သော် သူမ ရှိမှန်း သိနေလေ၏။ သူက ဝမ်းနည်းစွာ ပြောလိုက်တော့၏။
“အဖွားဝမ် အဖွားကို အမြဲတမ်း လေးစားခဲ့ပါတယ်။ အဖွားက သမီးရဲ့ အကြီးအကဲ တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ပုံမှန်လူဘဝကို သမီးသဘောကျတယ်။ အပြင်လူတွေကို ကူညီဖို့ သမီး အပြင်မထွက်ချင်ဘူး။ အဖွားဝမ် သမီးတို့ မိသားစုမှာ သမီးတစ်ယောက်ပဲ ကျန်တာ။ လူတွေကို ကူညီဖို့ ဆန္ဒရှိတဲ့ အခြားသူကို သွားရှာပါလား”
မြေပြင်ပေါ်တွင် ထရပ်လိုက်သည့် ဖျံနီညိုသည် မျက်ရည်များ ကျနေလေ၏။ ကြည့်ရတာ တကယ်သနားစရာ ကောင်းလာတော့သည်။
ယွင်ယွီက ကြည့်မနေနိုင်တော့သောကြောင့် ပြောလိုက်တော့သည်။
“ရှင့်ရဲ့ မူလ ခန္ဓာ က အနီးအနားမှာမလား။ မူလခန္ဓာကိုယ်ဆီ ပြန်သွားပြီး ကျွန်မကို လာရှာ။ ဒီကနေ ခေါ်သွားပေးမယ်။ ကျွန်မနေတဲ့ နေရာက သိပ်လှတယ်။ အဲဒီမှာ ကျင့်ကြံလို့ရတယ်။ ရှင့်ကို ကိုးကွယ်ချင်တဲ့ ရေစက်ရှိတဲ့သူကို ရှာတွေ့ကောင်း တွေ့နိုင်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးခွင့်ပေးပြီးနောက် ကြားကူညီခွင့် ပေးတာမျိုးလဲ ဖြစ်နိုင်တာပဲ”
ဖျံနီညိုသည် ၎င်း၏ ရှေ့ခြေနှစ်ချောင်းကို မြှောက်ကာ ယွင်ယွီဘက်သို့လှည့်ပြီး ဦးညွှတ်လိုက်၏။ ပြီးနောက် မူလ ခန္ဓာကိုယ်ရှာရန် လှည့်ထွက်သွားတော့သည်။
ဤကိစ္စက ဖြေရှင်းပြီးသလောက် ရှိသွားသည့် ယွင်ယွီက ချန်းလန်လန်နှင့် ယွမ်ပေါင်ထုန်ဘက် လှည့်ပြောလိုက်တော့သည်။
125 03
“ဟုတ်ပြီ စိတ်မပူနဲ့။ လန်လန်ရဲ့ကံက ကောင်းလာမှာ။ ပေါင်ထုန်ရဲ့ ကံလဲ တဖြည်းဖြည်းချင်း ပြောင်းလာလိမ့်မယ်”
နှစ်ယောက်သားက ယွင်ယွီကို ကျေးဇူးတင်လိုက်၏။ ချန်းလန်လန်က ပြောလိုက်သည်။
“ဆရာသခင် ကျေးဇူးတင်ပါတယ်။ နောက်မှ ကျွန်မအမေကို ဆက်ပြီး ပိုက်ဆံ လွှဲခိုင်းလိုက်ပါမယ်”
ယွင်ယွီက ခေါင်းညိတ်လိုက်လေ၏။ အောက်ထပ်သို့ ဆင်းလာပြီးနောက် ယွင်ယွီသည် ညောင်ပင်အောက်တွင် ရပ်နေသော ချင်ယွီစွေထံ လျောက်သွားကာ ချိုမြိန်စွာ ပြုံးပြလိုက်၏။
“အားလုံးဖြေရှင်းပြီးသွားပြီ။ သွားမယ်”
အဆောင်မှ ထွက်လာပြီးနောက် ချင်ယွီစွေသည် ကျောင်းဂိတ်ဝသို့ မောင်းသွားကာ ထိုနေရာတွင် စောင့်နေလေ၏။ ယွင်ယွီက မိတ်ဆွေတစ်ယောက်ကို စောင်ဆိုင်းလိုကြောင်း ပြောခဲ့သောကြောင့်ဖြစ်သည်။
နာရီဝက်အကြာတွင် ခြုံပုတ်လေးတစ်လျှောက် ပြေးလာသည့် ပုံရိပ်လေးတစ်ခု ရှိသည်။ ထိုမြေခွေးဝါလေးက ထရပ်လိုက်ချိန်တွင် လူတစ်ယောက်၏ ဒူးခေါင်းနားလောက်ထိ မြင့်သည်။ သို့သော် ပိန်ခြောက်နေပြီး သနားစဖွယ် ကောင်းလှပေသည်။ ၎င်းရောက်လာချိန်တွင် ယွင်ယွီက ကားအနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်၏။ ၎င်းက တွယ်တက်ပြီးချိန်တွင် သူမက တံခါးပိတ်ပေးလိုက်တော့သည်။ သူက ယွင်ယွီကို ဦးညွှတ်ရန်အတွက် လက်မြောက်လိုက်၏။
ချင်ယွီစွေက မတုန့်ပြန်ခဲ့ပေ။ သူက ယွင်ယွီက ထူးထူးဆန်းဆန်း မကောင်းဆိုးဝါးများကို သယ်လာတာ အသားကျနေပြီ ဖြစ်သည်။
ယွင်ယွီက ခရီးသည်ခုံသို့ ပြန်လာကာ ခါးပတ်ကို တပ်လျှက် လှည့်မေးလိုက်တော့သည်။
“ဘာလို့ ဒီလောက်ထိ အခြေအနေ ဆိုးရွားနေတာလဲ”
အဖွားဝမ်သည် စတင်ငိုယိုတော့သည်။ သူမ ငိုသံက ကလေးတစ်ယောက် ငိုယိုသကဲ့သို့ ထူးဆန်းနေကာ အနည်းငယ် စူးရှလေ၏
“ဆရာသခင် ရှင်မသိပါဘူး။ ပေါင်ထုန်က ဒါတွေမယုံဘူး။ ကျွန်မကို တစ်ခါမှ မကိုးကွယ်ခဲ့ဘူးလေ။ မြို့ပြကြီးထိ သူ့နောက် လိုက်လာရတာ စားဖို့သောက်ဖို့ ခက်ခဲလှတယ်။ ကျွန်မဘဝက အင်မတန် ဆိုးရွားတယ်”
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် ဝိဉာဉ်များသည် မိစ္ဆာဖြစ်လာနိုင်ခြင်း မရှိတော့ပေ။ တောင်ကြာထဲတွင် ပုန်းခိုနေရကာ လူတို့၏ ရန်ကို ကြောက်ရွံ့ရလေ၏။
မစားရ မသောက်ရနဲ့ ကျင့်ကြံမှုက နိမ့်ကျလာပြီး ဝိဉာဉ်စွမ်းအင်ကလဲ နည်းပါးလာသဖြင့် လေ့ကျင့်ရန် ပိုတောင် ခက်ခဲလာတော့သည်။ ပေါင်ထုန်က ၎င်း၏ ခန္ဓာကိုယ်ကို ပူးကပ်ခွင့်ပေးရန် ဆန္ဒရှိလျှင်တောင် ကျင့်ကြံရန် အလွန်ခက်ခဲနေအုံးမှာပဲ ဖြစ်သည်။
ဆရာသခင်ပြောသည့်အတိုင်း သူ့နောက် လိုက်လာတာက ပိုကောင်းလိမ့်မည်။
ညနေငါးနာရီခန့်၌ ယွင်ယွီနှင့် သူ၏ မိတ်ဆွေများသည် ဟယ်ချင်းရွာသို့ ပြန်ရောက်လာသည်။
ယွင်ယွီ အနောက်ဘက်ရှိ ဝါကျင့်ကျင့် မိန်းကလေးကို ကြည့်ပြီး ပြောလိုက်သည်။
“အဖွားဝမ် ကျွန်မနောက် လိုက်လာတယ်ဆိုရင် ကျွန်မမိသားစုရဲ ဟေးတ၊ ဟွေးတ၊ ရှောင်ပိုင်တို့နဲ့ နေလို့ရတယ်။ ကြက်ဖမ်းဖို့ ရွာထဲလဲ မသွားနဲ့”
ဖျံနီညိုသည် ကြက်များ စားရတာ အလွန်နှစ်သက်သည်။ ထို့ကြောင့် သူမ စိုးရိမ်ပူပန်နေ၏။
125 04
အဖွားဝမ်က ထရပ်လျက် အလျှင်စလို ပြောလိုက်သည်။
“ဆရာသခင် စိတ်မပူပါနဲ့။ ကျွန်မတို့ ကျင့်ကြံဖို့ဆိုတာ မလွယ်ဘူး။ ကြက် မခိုးရဲပါဘူး”
အသိစိတ် ရလာပြီးနောက် ထိုမကောင်းဆိုးဝါးများသည် လှည့်ဖျားခြင်း ခိုးယူခြင်းစသဖြင့် ထိုဝဋ်လည်နိုင်သည့် ကိစ္စများကို သူ မလုပ်ရဲတော့ချေ။
ပေါင်ထုန်၏ ကံကိုပြောင်းလဲခြင်းက အခြားသော ကံကို ပြောင်းလဲသည့် ယွင်ယွီ၏ ခန္ဓာကိုယ်ကို ပူးကပ်ရန် ကြိုးစားခဲ့ခြင်းက တခြားနည်းလမ်း မရှိတော့သောကြောင့်သာ ဖြစ်သည်။
ယွင်ယွီအိမ်သစ်၏ ခြံဝန်းကို ပြုပြင်ပြီးပြီဖြစ်သည်။ အလွန်ကြီးမားပေ၏။ ကျင်းလုံရှိရာဘက်၌ ငါးကန်တစ်ကန် တည်ဆောက်ထားပြီး ရွှေငါးများ ကြာပန်းများ စိုက်ထားလေ၏။ ညာဘက်ခြမ်း၌ ပွဲကြည့်စင်ရှိသည်။ နှင်းဆီများက ဝါးလုံးတိုင်းများကို တွယ်တက်နေ၏။ ပန်းများ လှပစွာ ဖူးပွင့်နေကြသည်။ လမ်းခင်းကျောက်ခဲက ဘေးတစ်ဖက်တစ်ချက်တွင် ချထားပေးကာ တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ငါးကန်ဘေး၌ မက်မွန်ပင် တစ်ပင်လဲ စိုက်ပျိုးထားသည်။
မက်မွန်ပင်ကို ယွင်ယွီသည် တောင်ထိပ်ကနေ ရွှေ့ပြောင်းစိုက်ထားတာပဲဖြစ်၏။ သူမသည် တောင်ပေါ်ရှိ မက်မွန်တောကို ရေလောင်းရန် ဝိဉာဉ်စမ်းရည် ရောနှောသည့် ရေကို သုံးခဲ့သည်။ သို့သော် အိမ်ရှိ အပင်ကမူ သန့်စင်သည် ဝိဉာဉ်စမ်းရေဖြင့် လောင်းထားတာ ဖြစ်သည်။
ငါးကန်ထဲတွင်လည်း ဝိဉာဉ်စမ်းရည်များစွာ ရှိသည်။
ထို့အပြင် သန့်စင်သည့် ဝိဉာဉ်စမ်းရည်က အိမ်ရှိ တိရစ္ဆာန်များ သောက်သုံးရန် ပေးထားသည် သူတို့က တဖြည်းဖြည်းချင်း အသိဉာဏ်ဝင်လာ၏။ တချို့ဆို လူစကား နားလည်နိုင်ပြီဖြစ်သည်။
ယွင်ယွီက ညွှန်ကြားချက်တစ်ချို့ပေးလိုက်လျှင် သူတို့ လုပ်နိုင်၏။
ဖျံနီညိုလေးသည် ယွင်ယွီနောက် လိုက်လာပြီး ခြံဝန်းထဲသို့ဝင်လာကာ ဤနေရာရှိ ဝိဉာဉ် စွမ်းအင်သည် အခြားသော နေရာများထက် ပိုကြွယ်ဝကြောင်း ချက်ချင်းသတိပြုမိသွား၏။ ယင်းက ပျော်ရွှင်စွာ ငါးကန်ဆီ ပြေးသွားလိုက်တော့သည်။ ထိုနေရာက ဝိဉာဉ်စမ်းရည် ရှိနေတာပဲဖြစ်သည်။ ကန်ထဲ၌ ဝိဉာဉ်စွမ်းအင်များစွာ ရှိနေတာကိုခံစားမိ၏။ ၎င်းက ကန်အစွန်း၌ ရပ်ကာ အမွှေးပွပွလက်လေးများဖြင့် ရေကို ခပ်သောက်လိုက်သည့် သွင်ပြင်က အလွန်သနားစဖွယ် ကောင်းနေလေ၏။ အနှစ်နှစ်ရာ သုံးရာခန့် ကျင့်ကြံထားပြီး လူစကားကို ပြောနိုင်သည့် မကောင်းဆိုးဝါးက ဤပုံအတိုင်း ဖြစ်နေရှာသည်။ အိမ်ထဲ၌ မွေးထားသည် တခြားတိရစ္ဆာန် သုံးကောင်၌ နာမည်ရှိသော်ငြား အားလုံးကို ယွင်ယွီက ကျပန်း ရွေးပေးထားတာသာ ဖြစ်သည်။
သို့သော် သူမသည် အဝါရောင် ဖျံနီညိုလေးကို အမည် မပေးခဲ့ချေ။ ၎င်းက အသက်ကြီးနေပြီဖြစ်သောကြောင့် အဖွားဝမ်ဟုသာ ခေါ်ခဲ့သည်။
ညစာစားချိန်တွင် အိမ်တွင် စိုက်ပျိုးထားသည့် ဆန်စပါးများနှင့် ဟင်းသီး ဟင်းရွက်များကို သုံးပြီး ချက်ထားတာပဲဖြစ်သည်။ သူတို့အားလုံးကို ဝိဉာဉ်စမ်းရည် လောင်းထား၏။ ဖျံနီညိုက မျက်ရည်များ ကျလာတော့သည်။ သူက ချက်ချင်းပင် ယွင်ယွီရောက်လာကာ ဒူးထောက် ကန်တော့လိုက်၏။ စားသောက်ပြီးနောက် သူ၏ သစ္စာတရားကို ဖော်ပြတော့သည်။
“ဆရာသခင် နောက်ကျ ဆရာသခင်တို့အိမ်ကို စောင့်ကြပ်ဖို့ ကူညီပါ့မယ်”
“မလိုပါဘူး”
ယွင်ယွီက ရယ်လဲ ရယ်ချင် စိတ်လဲ ညစ်မိ၏။
“ကောင်းကောင်းသာ လေ့ကျင့်”
အဖွားဝမ်သည် ဖြတ်လတ်တက်ကြွစွာ ခေါင်းညိတ်လိုက်၏။
125 05
ညစာစားပြီးနောက် ယွင်ယွီသည် အဖွားဝမ်ကို ခြံထဲသို့ ခေါ်သွားပေးသည်။ ထိုနေရာ၌ သူတို့အတွက် တည်ဆောက်ပေးထားသည့် သစ်သားအိမ်လေးရှိသည်။ အလွန်လှပစွာ ပြင်ဆင်ထားတာပဲ ဖြစ်သည်။
“အဖွားဝမ် အခုက စပြီး သူတို့နဲ့ ဒီမှာနေရမှာ”
အဖွားဝမ်သည် ၎င်း၏ ဖျံနီညိုခေါင်းလေးကို ညိတ်လိုက်လေ၏။ ယွင်ယွီက အဖွားဝမ်ဟု ခေါ်ချိန်တွင် ယင်းက တစ်စုံတစ်ခု ပြောချင်နေပုံရသော်ငြား တုန့်ဆိုင်းနေကာ နောက်ဆုံး၌ ပါးစပ်ပိတ်ထားလေ၏။
အိမ်ထဲတွင် တိရစ္ဆာန်လေးကောင် ရှိနေပြီးသာဖြစ်သည်။ ယွင်ယွီသည် သူ၏ တိရစ္ဆာန်များအတွက် ထူးခြားသည့် စွမ်းအင် တစ်မျိုးရှိနေသလားဟု တွေးမိသည်။ ကံကောင်းသည်မှာ သူမ၏ အိမ်သည် ကျယ်၏။ အစားအသောက် ပြတ်လတ်ခြင်း မရှိချေ။ ထို့နောက် သူမ ထပ်ပြီး ကျွေးမွေးနိုင်၏။ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းက ကုသိုလ်များစွာ စုဆောင်းမိစေနိုင်ပြီး သူမအတွက် ကောင်းကျိုးများ ဖြစ်စေနိုင်၏။
အဖွားဝမ်က ယွင်ယွီ၏အိမ်၌ နေ၏။
နောက်တစ်နေ့တွင် ချန်းလန်လန်၏ မိခင်က ယွင်ယွီအား ငွေငါးသောင်း လွဲပေးပြီး သူမသမီးလေ၏ ပြဿနာကို ကူညီဖြေရှင်းပေးခဲ့သည့်အတွက် ကျေးဇူးတင်လာသည်
ရာသီဥတု အေးလာသောကြောင့် ရွှီလန်ထင်းသည် ဒီဇိုင်းကို ထပ်ပို့လိုက်ကာ တောင်ပေါ်မှာ လယ်တောအိမ် တည်ဆောက်မှုကို စတင်တော့မှာပဲ ဖြစ်သည်။
ရွှီလန်ထင်းက လယ်တောအိမ်အကြောင်း ကြားသောအခါ သူသည် ဓာတ်ပုံများစွာ ရိုက်ရန် တောင်ပေါ် တက်သွား၏။ မူလအရသာကို တတ်နိုင်သမျှ ထိန်းထားရမည်ဟုဆိုပြီး လယ်တောအိမ်ကို တောင်ပေါ်ဗီလာအဖြစ် တည်ဆောက်ရန် အကြံပေးခဲ့၏။ အစားသောက် ဖျော်ဖြေမှုများ၊ နေရာထိုင်ခင်းနှင့် တစ်နေရာတည်း ရနေစေရမည်။ လယ်တော့အိမ်လေးပဲ ဆောက်မှာ မဟုတ်။ ယင်းက သေးငယ်လွန်းလေ၏။ နောက်ပိုင်း ချဲ့ထွင်ရန် ခက်ခဲလိမ့်မည်။ ယွင်ယွီက သူမ၏ မိတ်ဆွေ နှစ်မိသားစုလုံးက သူမထံ အခန်းများ ကြိုငှားထားတာကို တွေးမိလိုက်ပြီး ရွှီလန်ထင်း၏ အကြံပြုချက်ကို စဉ်းစားကာ ချဲ့ထွင်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့ကြောင့် ဤအိမ်တော်က စုစုပေါင်း ဧကခြောက်ဆယ် နေရာယူမှာပဲ ဖြစ်သည်။
ယွင်ယွီက လယ်တောအိမ် တည်ဆောက်ရန် လုံလောက်သည့် ငွေနှစ်သန်းသာ ရှိသည်။
ယခုအခါ ဗီလာ ဆောက်ချင်သည်ဆိုပါက ပရောဂျက်အတွက် ဘတ်ဂျတ်သည် အနည်းဆုံး ယွမ်သန်းသုံးရာမှ လေးရာအထိ ဖြစ်လိမ်မည်။ ယွင်ယွီလက်ထဲတွင်မူ ယွမ်နှစ်သန်းသာ ရှိသည်။ ထို့နောက် ချင်ယွီစွေက သူမ အသုံးပြုရန် သူ့ကဒ် ပေးထားသည်။
ယွင်ယွီသည် ယခင်နေ့များက စစ်ဆေးရန် ဘဏ်သို့ သွားခဲ့လေရာ ကဒ်ထဲတွင် ဗီလာဆောက်ရန် ပိုက်ဆံ လုံလုံလောက်လောက် ရှိသေးတာ တွေ့လိုက်ရ၏။ ယွင်ယွီက သူ့ပိုက်ဆံကို သုံးရမှာ အတော်လေး ရှက်ရွံ့နေ၏။ အိမ်အသစ်အတွက် ချင်ယွီစွေ ပေးချေထားတာဖြစ်သည်။ အလှဆင်ဖို့နှင့် အိမ်ရှိ ပရိဘောဂများအတွက်လဲ ပေးထားသည်။ သူမ အဖွားနှင့် အမေပေးထားသည့် ပိုက်ဆံက အလှဆင်ဖို့ မလုံလောက်ပေ။
ယခု သူတို့က ဗီလာဆောက်ရန် သူ့ပိုက်ဆံ သုံးရအုံးမှာပဲ ဖြစ်သည်။
ထိုတွင် ချင်ယွီစွေက ထွေးပွေ့ထားလျှက် တီးတိုးပြောလိုက်၏။
“ယွီယွီ ကိုယ်တို့က လက်ထက်ပြီးပြီလေ။ ဒီတော့ ကိုယ့်အပိုင်က မင်းအပိုင်ပဲပေါ့။ ဟုတ်ပြီလား”
ယွင်ယွီက နောက်ပိုင်း ဟန်မဆောင်နေတော့ပေ။ သူက သူမကို ပေးထားသည့် ကဒ်ကို ယူကာ စံအိမ်အတွက် ရှယ်ယာတချို့ပေးဖို့ ပြင်ဆင်လိုက်သည်။
သူတို့နှစ်ယောက်က အကြင်လင်မယား ဖြစ်လာလျှင် သူတို့က ဝေစုတစ်ဝက်စီပိုင်ကာ ကျန်သည်က ငါးဆယ်ရာခိုင်းနှုန်းဖြစ်သည်။ ယွင်ယွီက သူမ အမအတွက် ရှယ်ယာ နှစ်စု အဖွား၊ အမေနှင့် မောင်လေးအတွက် ရှယ်ယာ တစ်စုစီ ပေးလိုက်သည်။ သူမက ဖုန်းရွှေပညာရှင်ဖြစ်၏။ သူမ ကောင်းမှု ကုသိုလ် စုဆောင်းနိုင်လျှင်တောင်း အနည်းနှင့် အများ လျှို့ဝှက်ချက်တချို့ ထုတ်ပြရအုံးမည်။ ငွေကြေး သုံးစွဲပြီးနောက် ငွေက များများစားစားမကျန်။ သူက လူငါးယောက်ထဲတွင် ငွေကြေး အပြတ်လတ်ဆုံးလူဟု ဆိုနိုင်သည်။ ပြတ်လတ်သည်ထက်တော့ ပိုက်ဆံရှိတာ ပိုကောင်း၏။ တခြားအရာများ ပြတ်လတ်တာ ထက်တော့ ပိုကောင်းသည်။ ထို့ကြောင့် သူမ ငွေကြေးကို ဂရုမစိုက်ပေ။
ထို့ကြောင့် ယွင်ယွီသည် သူမတွင် ရှိသမျှ ပိုက်ဆံအားလုံးကို ချင်ယွီစွေ၏ ကဒ်ထဲ ထည့်ပေးလိုက်၏။ သူမ ကိုယ်ဝန် လွယ်ထားရပြီးနောက် အလုပ်ကို ကြီးကြပ်နိုင်မှာ မဟုတ်ပေ။
******