အခန်း ၁၂၆
Vol. 13 Ch. 126
126 01
အပိုင်း 126
ရွှီလန်ထင်း ရေးဆွဲထားသည့် ဒီဇိုင်းများဖြင့် ယွင်ယွီသည် ချင်ယွီစွေကို စီမံထားသည့် ဧရိယာ တစ်ချက်ကြည့်ရန် ခေါ်သွားပေးသည်။ ရွှီလန်ထင်း၏ ဒီဇိုင်းက တတ်နိုင်သမျှ မူလပုံစံ ထိန်းသိမ်းရန် ကြိုးစားထားခြင်း ဖြစ်သည်။ စားသောက်ဆိုင်ကို ခန်းမထဲရှိ ရွှီသစ်ပင်နှင့်ခန်းမတစ်ခုအဖြစ် ဒီဇိုင်းရေးဆွဲထားပြီး ခန်းမက ရွှီသစ်ပင်နား တစ်ဝိုက် တည်ဆောက်ထားပြီး စားပွဲဝိုင်း နှစ်ဆယ်ခန့်ဆန့်သည်။
အရွယ်အစား အမျိုးမျိုးဖြင့် သီးသန့်ခန်း ၂၈ ခန်းလည်း ရှိမည်ဖြစ်သည်။
လူနေထိုင်ရန် နေရာကမူ မူတဆန်နှင် ယွင်ယွီ လဲလှယ်ထားသည့် မြေနေရာနှင့် တော်တော်လေးနီးသည်။ ထိုနေရာက ဗီလာနယ်ပယ်အတွင်း၌ ရှိသည်။
အနီးအနား၌ သစ်ပင် များစွာလဲရှိ၏ ရွှီလန်ထင်း၏ ဒီဇိုင်းသည် သစ်ပင်များ ရွေ့ပြောင်းမှုကို တတ်နိုင်သမျှနည်းအောင် ကြိုးစားထားသည်။ လူနေထိုင်ရာနေရာ၌ ထိုသစ်ပင်များ ဝိုင်းထားမည်ဖြစ်ကာ စိတ်ငြိမ်ပြီး လတ်ဆတ်စေသည်။
ဤအပန်းဖြေအိမ်၌ ရှစ်ထပ် ဥယျာဉ် အဆောက်အအုံတစ်ခုရှိသည်။ စားသောက်ဆိုင် တစ်ခု ရှစ်ထပ်ဥယျာဉ် အဆောက်အအုံ တစ်ခုရှိပြီး ပထမထပ်တွင် ဧည့်ခန်းရှိမည်ဖြစ်ကာ ထိုနေရာ၌ ဧည့်သည်များ စားသောက်နိုင်မည်ဖြစ်သည်။ ဧည့်သည်ခန်းက စုစုပေါင်း ရှစ်ဆယ့်ရှစ်ခန်းရှိမည်ဖြစ်သည်။
ထို့အပြင် ဝင်ပေါက် သီးသန့်နှင့် ခြံဝန်းသီးသန့်ရှိသည်။ နှစ်ထပ်အိမ် ဆယ့်ရှစ်လုံးခန့် ရှိမည်ဖြစ်သည်။
တောင်းကျစမ်းရေကို မြေမှတူးထုတ်ခဲ့မည်ဆိုလျှင် သောက်ရေအဖြစ် သုံးနိုင်၏။ ရေပူစမ်းကို တူးမည်ဆိုလျှင် ရေပူစမ်းကန် တည်ဆောက်နိုင်မည်ဖြစ်ကာ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ဤဗီလာသည် ဧက တစ်ရာ့ငါးဆယ့်ခန့်ရှိသည့် ဝါးတောအုပ်ဘေးတွင်ဖြစ်သည်။ ဝါးတောအုပ်က နောက်နှစ်၌ ကြီးထွားလာသည့် အချိန်တွင် မြင်ကွင်းက အလွန်လှပနေလိမ့်မည်။ ထို့နောက် ရေကူးကန်ကိုလဲ ဗီလာထဲတွင် တည်ဆောက်မှာဖြစ်သည်။ ငါးမွေးထားရာနှင့် ကြာကန်၌ ကြာပင်များ စိုက်ပျိုးထားရာနေရာ ရေကန်နား၌ တူးစရာ နေရာတစ်ခု ရှိနေသေး၏။ ငါးဖမ်းရန်နှင့် အပန်းဖြေရန် အသုံးပြုနိုင်သည်။
ယင်းကို ပရောဂျက်လေးတစ်ခုအဖြစ် သတ်မှတ်ထားပြီးသားဖြစ်ကာ အနည်းဆုံး နောက်နှစ် ရောက်သည်အထိ ပြီး အုံးမှာ မဟုတ်ပေ။
ယွင်ယွီနှင့် ချင်ယွီစွေတို့က စစ်ဆေးရန် တောင်ပေါ်သွားပြီးနောက် သူမ ဤကိစ္စကို ဂရုမစိုက်တော့ပေ။ အကြောင်းမှာ သူမ ဗိုက်က ဖောင်းသထက် ဖောင်းလာသောကြောင့် ချင်ယွီစွေသည် သူမကို ဝင်စွက်ဖက်ခွင့် မပေးတော့ချေ။
သူမပြီးလျှင် လှုပ်ရှားပြီး နေရသူက ချင်ယွီစွေသာဖြစ်သည်။ သူမသည် ယွမ်လန်အား ရှယ်ရာနှစ်စု ပေးထား၏။ ယွမ်လန်သည် အစ၌ ငြင်းဆန်ခဲ့သော်ငြား နောက်ပိုင်းတွင် ယွင်ယွီသည် သူမ ကိုယ်ဝန်လွယ်ထားရကြောင်းနှင့် မီးဖွားပြီးချိန်၌ ကလေးကို ဂရုစိုက်ရအုံးမည်ဖြစ်ကြောင်း ပြောခဲ့၏။ သူမက သူတို့ကို ဖုန်းရွှေပညာနှင့် သူတို့ကို အခြားသော ကိစ္စရပ်များတွင် ကူညီရတာ လိုလားကြောင်း ဗီလာကို စီမံနိုင်မှာ မဟုတ်ကြောင်း ပြောခဲ့၏။ သူ့မမက ဗီလာကို စီမံရာ၌ သူမကို ကူညီပေးရန် မျှော်လင့်မိ၏။ သို့မှသာ ယွမ်လန်သည် ရှယ်ယာများကို ယူဖို့ လက်ခံခဲ့၏။
သို့သော် သူက ရွှီမိသားစုနှင့်အတူ ရှယ်ယာတစ်စုသာ ယူဖို့ ဆန္ဒရှိသည် ထို့ကြောင့် ယွင်ယွီနှင့် ချင်ယွီစွေတို့က ရှယ်ယာ ခြောက်ဆယ်ရာခိုင်းနှုန်း ရသွား၏။
ယွင်ယွီက လက်ခံလိုက်သည်။ သူမ ပိုက်ဆံကို ဂရုမစိုက်ပေ။ မိသားစုအတွက် ပိုက်ဆံရှာချင်ရုံသာဖြစ်သည် ။
ဒီဇင်ဘာလ အစပိုင်းတွင် ဆောက်လုပ်ရေးစတင်လာသည်။ ချင်ယွီစွေက လတ်တလော၌ တာဝန်မရှိသောကြောင့် ရှဲ့လဲ့ယွီနှင့် ကျန်ရှိသူများသည် ကူညီပေးဖို့ ဟယ်ချင်းရွာသို့ ရောက်ရှိလာကြသည်။ ထို့ကြောင့် ယွင်ယွီသည် ဆောက်လုပ်ရေးဆိုက်ကို စိုးရိမ်ပူပန်စရာ မလိုအပ်ချေ။
ရွာသားများက တောင်ကုန်းပေါ်တွင် ယွင်ယွီက အပန်းဖြေစခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိလိုက်ရသောအခါ အံ့ဩသွားတော့သည်။
“ဒီလို အပန်းဖြေ နေရာမျိုးက ဧည့်သည်တွေကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ။ ငါတို့ ဒီနေရာက မြို့ပြမှ မဟုတ်တာ။ တောင်တန်းနဲ့ တောအုပ်တွေဆီ ဘယ်သူက သွားမှာလဲ”
သူတို့ရွာသည် ဝေးကွာလွန်းလှသည် မဟုတ်သော်ငြား စည်ပင်ဝပြောခြင်းလဲ မရှိပေ။ ထူးခြားသော လက္ခဏာများလဲ မရှိ သာမာန်ကျေးရွာတစ်ခုသာ ဖြစ်သည်။
126 02
“မင်း မသိပါဘူး။ ငါ့ရဲ့သားဆီက ကြားတာတော့ အခုခေတ်မှာ လူတွေက လယ်တောအိမ်တို့ အပန်းဖြေဥယျာဉ်လို နေရာမျိုးတွေ သွားရတာ သဘောကျနေတယ်တဲ့။ သူတို့က တောင်ပေါ်ကျေးရွာတွေမှာ အနားယူရတဲ့ ဘဝကို တွေ့ကြုံချင်နေကြတာ။ ပြီးတော့ အဲဒါက တော်တော်လေး အမြတ်ရတယ်လို့လဲ ပြောတယ်”
“ဒါပေမဲ့ ငါတို့ရွာမှာ ထူးထူးခြားခြား နေရာတွေမှမရှိတာ ရှိလို့လား”
“မရှိဘူးလို့ ဘယ်သူက ပြောလဲ။ ဆရာသခင် ယွမ်က ဒီလောက် အရည်အချင်းရှိတာ။ သူတည်ဆောက်တဲ့ ဗီလာကလဲ ထူးကဲပြီး ဧည့်သည်ပြတ်လတ်မှု ရှိမှာ မဟုတ်ဘူး”
“ဒီလို ပရောဂျက်ကြီးမျိုးက ပိုက်ဆံလိုအပ်လောက်တယ်မလား။ ယွင်ယွီမိသားစုရဲ့ ဘမ်းမုန့်ဆိုင်က အမြတ်အဲ့လောက် ရတယ်လား”
“ဘမ်းမုန့်ဆိုင်လေးက ဘယ်လိုလုပ် ပိုက်ဆံ အမြတ် အဲ့လောက် ရနိုင်မလဲ။ ဒီလို ပရောဂျက်မျိုးက အနည်းဆုံးသန်းဆယ်ချီကုန်တာ ဘဏ်က ချေးငွေနဲ့ဖြစ်မယ်”
ရွာသားများက ထိုအကြောင်းကို ပြောနေကြသည်။ တချို့ကဆို ယွင်ယွီအတွက်တောင် စိုးရိမ်ပူပန်နေ၏။ သို့သော် သူမကိုမူ မကောင်းပြောသူမရှိပေ။ သူတို့စိတ်ထဲတွင် ယွင်ယွီက မတူညီသည့် လူတစ်ယောက် ဖြစ်လာ၏။
ယွင်ယွီက ထိုသို့ ဗီလာတည်ဆောက်ခဲ့လျှင် အိမ်ရှိဟင်းရွက် ဥယျာဉ်က ဗီလာ၏ ကုန်ကျစားရိတ်အတွက် ကာမိရန် သေချာပေါက် မလုံလောက်မှာ စိုးရိမ်နေသေးသည်။
နှစ်သစ်ကူးပြီးနောက် သူမသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်နှင့် မွေးမြူရေး တိရစ္ဆာန်များအတွက် နေရာတစ်ခုရဖို့ တောင်ကုန်းတစ်ခု ငှားရန် ပြင်ဆင်ထားသည်။ ယင်းမှ ကိုယ်ပိုင် အသုံးပြုမှုအတွက် လုံလောက်မှာပဲဖြစ်သည်။ ပိုလျှံသော အစားအသောက်များကိုမူ သူမ သူငယ်ချင်းကောင်း၏ ဖခင် ဖန်ချင်းရွယ် ပိုင်ဆိုင်သည့် တာဝေးမြို့တော်ရှိ ဟော်တယ်ဆီသို့ ပို့ဆောင်နိုင်မည်ဖြစ်ကာ သူမ၏ဧည့်သည်များကိုလဲ ကူညီရာ ရောက်ပေလိမ့်မည်။
ယင်းက ဗီလာ၏ ဝိသေသ လက္ခဏာပဲဖြစ်သည်။ ထို့အပြင် ကြီးမားသည့် ဝိဉာဉ်စုစည်းသည့် အစီအရင်ကိုပင် စီမံထား၏။ ယင်းက ဧည့်သည်များအတွက် အကျိုးရှိစေကာ သက်တောင့်သက်သာ အနားယူခွင့်ပေးနိုင်လိမ့်မည်။
သူမသည် ဧည့်သည်များကို စိုးရိမ်ပူပန်ခြင်းမရှိပေ။
ရှဲ့လဲ့နှင့် ယွီနီတို့က အိမ်သစ်တွင်နေပြီး နေ့စဉ်နေ့တိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်များကို ကူညီပေးသည်။
လုံချီချောင်ကမူ လတ်တလော၌ ဘာမှ လုပ်စရာမရှိသဖြင့် ဟယ်ချင်းရွာ၌ ခဏတဖြုတ်လာနေပြီး အိမ်သစ်မှာ နေနေလေ၏။ ကံကောင်းသည်မှာ တတိယထပ်က ဧည့်သည်ခန်းများဖြစ်သည်။ ထို့ကြောင့် လူတချို့ နေရန် နေရာလုံလောက်သည်။
သူတို့က ချင်ယွီစွေကို ကူညီပေးပြီး ယွင်ယွီကမူ ကိုယ်ဝန်ကို ဂရုစိုက်ရန် နေ့တိုင်းအိမ်တွင်သာ နေလေ၏။
ဒီဇင်ဘာလလယ်တွင် ရာသီဥတုက အေးလာပြီဖြစ်သည်။ ထို့ကြောင့် အဝတ်ထူထူ ဝတ်ရမည့်အချိန် ရောက်လာ၏။
ယွင်ယွီ၏ ဗိုက်က ခုနှစ်လ ရှိနေပြီဖြစ်ကာ အလွန်သိသာနေပြီဖြစ်သည်။ သူမက ကိုယ်ဝန်ဆောင်နှောင်းကာလများ၌ အနည်းငယ် အိပ်ငိုက်နေ။၏ သူမ အိပ်ရေးဝသွားလျှင် နေ့စဉ်နေ့တိုင်း နှစ်နာရီကြာ လေ့ကျင့်မှာပဲဖြစ်သည်။ ထို့အပြင် သူမက ထိုကာလအတွင် ဘာမှ မလုပ်ဘဲ မနေခဲ့ချေ။ ရံဖန်ရံခါ၌ အနီးအနားရှိ ရွာသားများကို ပစ္စည်းရှာရန် ကူညီပေးခဲ့ကာ ကျေးရွာဒါရိုက်တာ မိသားစုကိုလဲ သူတို့မိသားစုက ဆုံးပါးသွားသည့် အကြီးအကဲ တစ်ယောက်အတွက် အုတ်ဂူရှာပေးခဲ့သည်။
သူမက သူမ အကူအညီကို တောင်းခံသူ ရှိမရှိ သိနိုင်ရန် နေ့တိုင်း ဝေ့ပေါ်ထဲ ဝင်ထားသည်။
သူမသည် သီးသန့်စာ၌ သူမဆီ ဓာတ်ပုံမပို့ရန် ဝေ့ပေါ်ပေါ်၌ စာတင်ထားခဲ့သော်ငြား ဝေ့ပေါ်ကို မမြင်သည့် လူများစွာရှိသည်တူသည်။ နေ့စဉ်နေ့တိုင်း အခမဲ့ ရှေ့ဖြစ်ဟောမှု ရရန် ပုံပို့နေသေး၏။ ယွင်ယွီက သူတို့ကို လျစ်လျူရှုထားသည်။ ထိုကဲ့သို့သော လူများက အများသူပြည်သူသုံး ပလက်ဖောင်းပေါ်တွင် ရှိ၏။
သို့သော် လူတချိုု့က သူမပြောသည့်အတိုင်း ရှေ့ဖြစ်ဟောခြင်းအတွက် ယွမ်တစ်ထောင်ပေး ချေကြသည်။
ထို့ကြောင့် ဤလ၌ သူမသည် ဝေ့ပေါ်၌ လူလေးယောက်ကို ကူညီခဲ့ကာ သူတို့အားလုံးက သူမ တွက်ချက်မှု အလွန်တိကျကြောင်း ပြောခဲ့သည်။
126 03
မနက်စာစားပြီးနောက် ချင်ယွီစွေသည် ဆောက်လုပ်ရေး ဆိုက်ထဲသွားကာ သူမကို အသီးတချို့လှီးပေးခဲ့ပြီးနောက် ထွက်သွားလေသည် ။
“အိမ်မှာ တီဗီကြည့်နေနော် နေ့လည်ကျ ပြန်လာခဲ့မယ်”
ဆောက်လုပ်ရေးလုပ်ငန်းခွင်က အစောပိုင်းအဆင့်၌ အတော်လေး အလုပ်များပြီး စီစဉ်ရန် သူတို့ကို လိုအပ်သည်။ သို့သော် သူတို့က အုတ်မြစ်ချမှုက နောက်လတွင် ပြီးမြောက်သွားသည်နှင့် စောင့်ကြည့်ဖို့ မစီစဉ်ထားပေ။
ချင်ယွီစွေက သူမ၏ မေးကို ထိလျက် ပြောလိုက်သည်။
“မင်း ချက်ပြုတ်စရာမလိုဘူး။ ကိုယ် ပြန်လာမှာစောင့်နေ”
သူသည် ယွင်ယွီ ဗိုက်ကြီးဖြင့် ချက်ပြုတ်နေတာကို မမြင်လိုပေ။
ချင်ယွီစွေက တောင်ထိပ်ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားခဲ့၏။ ယွင်ယွီကမူ တီဗီပေါ်ရှိ သတင်းကြည့်ရန် ဧည့်ခန်းထဲတွင် ထိုင်နေသည်။
သစ်သီး တချို့စားနေပြီး ဆယ်နာရီခွဲခန့်ကျော်၌ အပြင်ဘက်မှ အော်သံကို ကြားလိုက်ရသည်။
ထိုအသံကို နားထောင်ပြီးနောက်ယွင်ယွီသည် သူမလက်ထဲရှိ သစ်သီးကို ချလိုက်၏။ သူမဘာမှ ပြောနေစရာတောင် မလိုအပ်ပေ။ ထိုအသံလာရာကို သွားကြည့်ဖို့ မလိုအပ်။ မည်သူငိုနေသည်ကို သိသောကြောင့်ဖြစ်သည်။ ယင်းက ယွင်ဝေးဝေး၏ မိခင် နီရွှယ်ကျောင်း၏ ငိုသံဖြစ်သည်။
သူမ ခန့်မှန်းတာ မှန်ပေ၏။ ယွင်ဝေးဝေး သုံးခဲ့တဲ့ အဆောင်သည် အစောတည်းက အာနိသင် ဆုံးရှုံးသွားပြီ ဖြစ်ကာ သူမသည် ယွင်ဝေးဝေးနောက် လိုက်နေသည့် သရဲထီးကို ဖြေရှင်းရန် နည်းလမ်းမရှိတော့တာ ဖြစ်နိုင်သည်။ ထို့ကြောင့် ယွင်ယွီကို အကူညီတောင်းရန် ပြန်လာတာ ဖြစ်၏။
ယခုအချိန်ကျမှ ယင်းကို ယွင်ယွီ ငြင်းဆန်ဖို့က အသုံးမဝင်တော့ပေ။ အနီးအနားကျေးရွာများ၌ သူမ ဂုဏ်သတင်းက ပြန့်နေပြီဖြစ်သည်။ သူမ လျစ်လျူရှုထားချိန်တွင် အပြင်ဘက်ရှိ ငိုသံက ပိုမို ကျယ်လောင်လာလေ၏။
ဆူညံသံကြောင့် ယွင်ယွီ စိတ်ပျက်လာ၏။ သူမ ဗိုက်ထဲရှိ ကလေးကလည်ါး မသက်မသာဖြင့် ကန်ကြောက်လာတော့သည်။ သူမက သူမဗိုက်ကို ထိလိုက်ပြီး ထရပ်ကာ ခြံဝန်းထဲသို့ သွားလိုက်၏။ သူမ အပြင်သို့ ထွက်လျှင်ထွက်ခြင်း ခြံဝန်းထဲတွင် နေနေသည့် ဟေးတနှင့် အဖွားဝမ်တို့က သူမအနောက်မှ လိုက်လာသည်။
ယွင်ယွီက ဂိတ်ဖွင့်လိုက်သောအခါ နီရွှယ်ကျောင်းက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ငိုနေတော့သည်။
မလှမ်းမကမ်း၌ အဖြူရောင် ကားတစ်စင်းရပ်ထားသည်။ ရှေ့ရှိ ခရီးသည်ခုံ၌ တစ်စုံတစ်ယောက် ထိုင်နေပြီး သူ့ကို စောင်များဖြင့် ပတ်ထားလေသည်။ သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြား သူက ယွင်ဝေးဝေးက ယွင်ယွီ သိလိုက်၏။
နီရွှယ်ကျောင်း၌ ရွေးချယ်စရာမရှိပေ။ ထိုလအနည်းငယ် ကုန်လွန်ပြီးနောက် အွန်လိုင်းပေါ်တွင် သူမ ဝယ်ခဲ့သည့်အဆောင်က အကျိုးသက်ရောက်မှု မရှိတော့ပေ။ ဝေးဝေးက သရဲထီး နှောက်ယှက်တာခံရ၏။ ညအချိန်တွင် သူက လှုပ်ရှားလာပြီး ယွင်ဝေးဝေးကို ထိရန်တောင်ကြိုးစားလာ၏။ သို့သော် ဝေးဝေးက ခုခံခဲ့ကာ ထိုအရာက သူမ ရိုက်လာတော့သည် ။
သူမ မျက်လုံးများကန်းလုနီးပါးအထိ ငိုယိုခဲ့၏။ သူမသမီးကို တာအိုဘုရားကျောင်းသို့ ခေါ်သွားပြီး ပြဿနာကို ဖြေရှင်းရန် ဆရာများကို ရှာခဲ့သော်ငြား ဖြေရှင်းနည်း မရှိပေ။ ယွင်မောက်လျှံက သူတို့ကို လျစ်လျူရှုထားလျက် တခြားအိမ်တွင် နေရန် သူ့သားကို ခေါ်သွားသည်။ သူစာလေ့လာတာကို နှောက်ယှက်ခွင့်မရှိကြောင်း ပြောခဲ့သည်။
နီရွှယ်ကျောင်းသည် သူမသားကို တကယ်ချစ်သော်ငြား သမီးကို လက်မလျှော့နိုင်ပေ။
သူက မူလအိမ်တွင် တစ်အိမ်တည်းနေရုံဖြင့် သား၏ စာလေ့လာမှုကို အနှောက်အယှက် မပေးနိုင်ချေ။
သို့သော်ငြား လွန်ခဲ့သည့် လများတွင် သူမ၏ ခင်ပွန်းသည် သူမနှင့် သူမသမီးကို အရင်ဆုံး ဆက်သွယ်လာတာ မရှိပေ။ သူမ ဖုန်းမခေါ်သ၍ သူက စကားတချို့ ပြောပြီးနောက် စိတ်မရှည်လက်မရှည် ဖုန်းချတတ်သည်။
သူမ ခင်ပွန်း အပြင်ဘက်၌ တစ်စုံတစ်ယောက် ရှိနေပြီမှန်း နီရွှယ်ကျောင်း သံသယ ဝင်သွားသော်ငြား သူမ သမီးကိစ္စက ပိုအရေးကြီးနေသည်။ သမီးကို ထားမသွားနိုင်ပေ။
126 04
အခြားနေရာများဆီ သွားခဲ့သော်ငြား သူမ သမီးလေး၏ ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ထို့ကြောင့် သူမက စုံစမ်းရန် ရှန်းမြို့သို့ရောက်လာ၏။ မြို့ပေါ်ရှိလူတိုင်းက ယွင်ယွီပေါ် အကဲဖြတ်မှုကိုကြားပြီး အနီးအနားရှိ မြို့ရွာများ၏ အမည်ကို သိရှိပြီးနောက် အဆောင်ရောင်းခဲ့သူက ယွင်ယွီမှန်း သိလိုက်သည်။ ထို့ကြောင့် သူမ သမီးကို ခေါ်လာတာပဲဖြစ်သည်။
ယခုဆို သူမသမီး ကျောင်းထွက်လိုက်ရပြီပဲ ဖြစ်သည်။ ရုပ်တောင် မမှတ်မိနိုင်တော့သည်အထိ ပိန်ပါးသွားပြီဖြစ်ကာ သူမ ခန္ဓာကိုယ်တွင် အရိုက်ခံရခြင်းကြောင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသည်။
သူမသမီး ပြိုလဲတော့မည်ဟု ခံစားမိ၏။ ထို့ကြောင့် ယွင်ယွီ၏ အိမ်ကို အရှက်မရှိရောက်လာကာ ယနေ့အကူအညီ တောင်းချင်ခဲ့သည်။
နီရွှယ်ကျောင်းက သနားစဖွယ်ငိုယိုနေ၏။ ယခု မွန့်တည့်ချိန်ရောက်နေပြီဖြစ်ကာ ပစ္စည်းဝယ်ရန် မြို့သို့ လူများစွာသွားကြသည်။ သူတို့ ဖြတ်သွားချိန်တွင် သူမကို တွေ့ရ၏။ ရွာသားတချို့ကမူ ကြည့်နေပြီး လက်ညိုးတစ်ထိုးထိုး ဖြစ်နေတော့သည်။
“ဒါဘယ်သူလဲ ဆရာသခင် ယွမ်ကို အကူအညီတောင်းနေတာလား”
“မသိဘူး။ ဆရာသခင်ယွမ်ကို အကူအညီတောင်းဖို့ ရောက်လာတာ ဆိုရင်လဲ ဘာလို့ကောင်းကောင်းမွန်မွန် မပြောတာလဲ။ ရောက်ရောက်ချင်း ဒူးထောက် နေတာ ဘာအကျိုးရှိမှာလဲ”
“သူတို့ ဒူးထောက်နေတာ ဆယ်မိနစ်ကျော်ပြီ။ သရဲတစ္ဆေတွေဝံပုလွေတွေလို အော်နေတာ စိတ်အနှောက်ယှက် ဖြစ်ဖို့ကောင်းလိုက်တာ ဆရာသခင် ယွမ်က ကိုယ်ဝန်လွယ်ထားရတာ သူအနား ယူတာကို နှောက်ယှက်နေတာ မဟုတ်လား”
နီရွယ်ကျောင်းသည် အစက ယွင်ယွီကို ဖိနှိပ်ရန် အများအမြင်ကို အသုံးပြုချင်ပြီး အကူအညီ တောင်းချင်ခဲ့တာပဲ ဖြစ်သည်။ သို့သော် ရွာသူရွာသားအားလုံး ယွင်ယွီအတွက် ပြောပေးမည်ဟု မထင်ထားပေ။
တံခါးဝတွင် ဒူးထောက်ငိုနေခြင်းကတောင် မှားနေပုံပေါ်၏။
ယွင်ယွီက ထွက်လာကာ ဂိတ်ဝ၌ ရပ်ပြီး တိရစ္ဆာန်လေးကောင်က နောက်မှ ပါလာ၏။ သူမ မေးလိုက်တော့သည်။
“ဒီမှာ ဘာလာလုပ်ပြန်တာလဲ”
******