အခန်း ၁၂၇
Vol. 13 Ch. 127
127 01
အပိုင်း 127
ယွင်ယွီ
နီရွယ်ကျောင်းက ငိုလိုက်လေသည်။ သူမ တကယ်ဝမ်းနည်းပြီး စိုးရိမ်ပူပန်နေလေ၏။
“ကျေးဇူးပြုပြီး ဝေးဝေးကို ကယ်ပါအုံးပြောရရင်။ သူက သမီးရဲ့ ညီမပဲလေ။ သမီးနဲ့ သွေးတူတာ”
ယွင်ယွီက လက်ပိုက်ထားလျက် အေးတိအေးစက် ကြည့်လိုက်တော့သည်။
“စိတ်မကောင်းပါဘူး။ ရှင့်ကို မကယ်ချင်ဘူး။ အရင်တုန်းက ဘာဖြစ်ခဲ့လဲ မေ့သွားပြီလား။ ဒါမှမဟုတ် အယ်လ်ဇိုင်းမား ရောဂါရသွားပြီး ရှင့်သမီးက ကျွန်မကို ထိခိုက်အောင် လုပ်ခဲ့တယ်ဆိုတာ မေ့သွားတာလား။ ရှင်က ပြဿနာရှာဖို့ ကျွန်မအဖွားအိမ်ကိုတောင် လာပြီး ကျွန်မကိုတောင် ရိုက်နှက်ချင်ခဲ့သေးတာ။ ရှင်နဲ့ ရှင့်သမီးက လူကောင်းတွေမှ မဟုတ်တာ။ အော် ဟုတ်သား ရှင့်ယောက်ျားလဲ ပါတာပေါ့။ ရိုးရိုးသားသားပြောရရင် ကျွန်မက ယွင်မောက်လျန်ကို ကျွန်မ အဖေလို့မှ မသတ်မှတ်ထားဘူး။ ယွင်ဝေးဝေးကိုလဲ ကျွန်မ ညီမလို့ မသတ်မှတ်ဘူး ကျွန်မ စိတ်သဘောထားနူးညံ့မယ်လို့ မတွေးနဲ့”
ယွင်ယွီ နားမလည်နိုင်ပေ။ မိသားစု နှစ်စုက ဤအနေအထားထိ ရောက်လာပြီဖြစ်သည်။ ထို့အပြင် ယွင်ဝေးဝေးက သူမကို ဖျက်ဆီးချင်ခဲ့၏။ သို့သော် နီရွှယ်ကျောင်းက သူမအိမ်သို့ရောက်လာပြီး ဒူးထောက်လျှင် ယွင်ဝေးဝေးပြဿနာကို သူမကူညီ ဖြေရှင်းပေးလိမ့်မည်ဟု နီရွှယ်ကျောင်းသည် ဘာကြောင့်တွေးနေသနည်း။
သူမက သူတော်စင်တစ်ပါးမဟုတ်ပေ။ ဆိုးယုတ်သူကို ကြင်နာမှုဖြင့် ပြန်ပေးဆပ်မှာ မဟုတ်။
နီရွှယ်ကျောင်း၏ ငိုယိုနေသော မျက်နှာက ရှုံ့မဲ့သွား၏။ သူက အံ့ကြိတ်ကာ ပြောလိုက်တော့သည်။
‘ဝေးဝေးကိုယ်စား သမီးကို တောင်းပန်ချင်တာပါ။ အဲဒီတုန်းက ငါ အရှက်မရှိ နင့်ရဲ့ အဖေကို ခိုးခဲ့မိတာ။ ဒါပေမဲ့ ဝေးဝေးက အပြစ်ကင်းပါတယ်။ ဝေးဝေးက သမီးကို ထိခိုက်အောင် လုပ်ချင်တယ်ဆိုတာက သူအတုယူအောင်လို့ သမီးရဲ့ တော်တဲ့ ထက်တဲ့ အကြောင်းတွေကို အမြဲတမ်းသုံးခဲ့လို့ သူက ဆိုးသွမ်းသွားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ပုန်ကန်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါကြောင့် သူ အမှားလုပ်ခဲ့မိတာ။ ဒါပေမဲ့ သူမက စိတ်နှလုံးကောင်းရှိပါတယ်။ ယွင်ယွီရယ် ကျေးဇူးပြုပြီး သူ့ကို ကယ်ပါအုံး။ သူ့ကိုယ်သူ တည့်မတ်မှာပါ။ သူ မှားမှန်းသိနေပါပြီ”
မိခင်မေတ္တာမည်မျှကြီးမားနေသနည်း ယင်းက ပျက်ဆီးနေသည့် မိခင် မေတ္တာလဲ ဖြစ်သည်။
နီရွှယ်ကျောင်း၏ သဘောထားက ယခု အချိန်တွင် နှိမ့်ချလွန်းနေ၏။ သို့သော် ယွင်ယွီသည် သားမိနှစ်ယောက်လုံး၏ အကျင့်စရိုက်ကို ကောင်းစွာသိသည်။ သူက ပြောလိုက်လေ၏ ။
“ကျွန်မ တောင်းပန်ပါတယ်။ ယွင်ဝေးဝေးဖို့ အကူအညီတောင်းဖို့ တခြားတစ်နေရာကို ခေါ်သွားသင့်တယ်။ ကျွန်မမှာ အရည်အချင်းမရှိပါဘူး။ ရှင်ထပြီး သူ့ကို ခေါ်သွားလိုက်ပါတော့”
ယွင်ဝေးဝေးက ဝဋ်လည်နေတာပဲဖြစ်သည်။ သူမနှင့် ယွင်ဝေးဝေးကြားကိစ္စက အဆုံးသတ်သွားပြီဖြစ်၏။ ယွင်ဝေးဝေး၏ ကံကြမ္မာက သူမနှင့် မသက်ဆိုင်တော့ပေ။
လူကြီးများအကြား အငြိုးအတေးအတွက်မူ နီရွှယ်ကျောင်းက အဆုံးသတ်ကောင်းရှိမှာ မဟုတ်ပေ။
သူမ၏ မျက်နှာသည် သူမ ခင်ပွန်းက သူမကို ဖောက်ပြန်ပြီး သူတို့ ဆက်ဆံရေး ပျက်ဆီး ပြီဖြစ်ကြောင်း ပြသနေ၏။ ယွင်မောက်လျန်က အစကတည်းက အချိန်အတော်ကြာ ပြစ်ထားခဲ့သောကြောင့် သူသည်လည်း တခြားတစ်ယောက်ကို ရှာပေးလိမ့်မည်။ သူ၏ သဘာဝ အကျင့်စရိုက်တို့ကို ပြောင်းလဲရန်က ခက်ခဲလှပေ၏။
ရွာသားတချို့က နီရွှယ်ကျောင်းကို မှတ်မိသွားကြသည်။
“ဒီတော့ ဒါက ယွင်မိသားစုရဲ့ တတိယသားနောက်မှ လက်ထပ်လိုက်တဲ့ မိန်းမမလား။ သူက ဖုန်းရှု့ကျန်းရဲ့ ယောက်ျားကို ခိုးသွားတဲ့ မိန်းမလေ။ သူသမီး တစ်စုံတစ်ခု ဖြစ်တဲ့ပုံပဲ။ ကားထဲမှာသူထိုင်နေတာ တွေ့လိုက်ရတယ်။ စောင်အထူကြီး နဲ့ ပတ်ထားတာ သူ့ရဲ့ မျက်နှာကိုတောင် မပြရဲဘူး”
127 02
“အဲဒါ သူလား။ ဒါတွေဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာလှပြီ။ သူက ယွင်ယွီဆီ ဘယ်လိုလုပ် လာရဲပြီး အကူအညီ တောင်းရဲရတာလဲ။ အဲဒီတုန်းက သူအရှက်မရှိဖြစ်ခဲ့တာလေ။ ဖုန်းရှု့ကျန်းနဲ့ ကွာရှင်းခိုင်းဖို့ သူ့သမီးကို ခေါ်လာတယ်။ အဖွားယွင်နဲ့ ဖုန်းရှု့ကျန်းအဖို့ ကလေးသုံးယောက်ကို ပျိုးထောင်ရတာက အင်မတန် ခက်ခဲခဲ့မှာ”
နီရွှယ်ကျောင်းက မျက်ရည် ပိုးပိုးပေါက်ပေါက် ကျလျှက် မြေပြင်ပေါ်သို့ ဒူးထောက်နေကာ ထမရပ်တော့ဘဲ အဓိပ္ပာယ်မရှိ တောင်းပန်နေကာ ယွင်ယွီကို အကူအညီ တောင်းနေလေ၏။
ယွင်ယွီက လှည့်ထွက်သွားရန် ပြင်ဆင်လိုက်၏ ။
“ရှင် မသွားချင်ဘူးဆိုရင် ဒီမှာဒူးထောက်တာကြိုက်ရင် ဆက်ဒူးထောက်နေလိုက်”
ယွင်ယွီက အနားယူရန် အပေါ်ထပ်တက်ထို့ ပြင်ဆင်လိုက်၏။ အပေါ်ထပ်ခန်းက အသံပိုလုံ၏ သူမ အပြင်ဘက်ရှိ ဆူညံသံများကို မကြားနိုင်ပေ။
နီရွှယ်ကျောင်းသည် ယွင်ယွီက တကယ် စိတ်ခိုင်မာကြောင်း သိလိုက်ရပြီး သူမရင်ထဲရှိ အမုန်းတရားက ပယ်ဖျက်ဖို့ ခက်ခဲလာသည်။
သူမသည် ယွင်ယွီကို တောင်းပန်နေရာမှ နည်းမျိုးစုံဖြင့် ဆဲဆို ကြိမ်းမောင်းကာ ယွင်ယွီကို ခွေးမဟူ၍ခေါ်ဝေါ်ကာ ဆဲဆိုသည့် စကားလုံးမျိုးစုံသုံးခဲ့၏။
ယွင်ယွီက အပေါ်ထပ်တက်သွားပြီ ဖြစ်သည်။ အဖွားဝမ်၊ ဟေးတနှင့် ကျန်သည့် သူများက တံခါး၌ ဆောင့်ကြောင့် ထိုင်နေသေးကာ နီရွှယ်ကျောင်းကို စိုက်ကြည့်နေ၏၊
ရွာသူ ရွာသားများက နီရွှယ်ကျောင်း၏ ဆဲဆိုသံကို ကြားသော အခါ တချို့က ရောက်လာလျှက် ဒေါသတကြီး ပြောလိုက်သည်
“အခုထိ ဘာလို့ မထသေးတာလဲ။ မင်းက ဆရာသခင်ယွင်ကို အကူအညီ တောင်းချင်သေးတယ်ပေါ့။ ဒီလို လူဆိုးတစ်ယောက် နင့်ကို ဆရာသခင်ယွင်က ကူညီနေရင် ဝဋ်လည်နေမှာ”
နီရွှယ်ကျောင်းက ခက်ထန်စွာ ပြောလိုက်လေ၏။
“ထွက်သွား”
ဤရွာသားများက ရှုပ်ဖို့လွယ်ကူသည့်သူများ မဟုတ်ပေ။ နီရွှယ်ကျောင်းသည် ကျေးရွာထဲ ဆဲဆိုနေသည့် ရန်ပွဲကို တစ်ခါမှ မတွေ့ဖူးတာဖြစ်ရမည်။
ချက်ချင်းပင် အမျိုးသမီးတစ်ယောက်က ရောက်လာလျှက် နီရွှယ်ကျောင်းကို ဖရုသာဝါစ ညစ်ညမ်းသော စကားမျိုးစုံဖြင့် ကြိမ်းမောင်းတော့၏။
နီရွှယ်ကျောင်း ယခင်က တစ်ခါမှ မကြားဖူးသည့် စကားလုံးများဖြစ်သည်။
သူမ ဆဲဆိုခံရခြင်းက မကောင်းပေ။ ခံစားချက်မကောင်း ရွာသားတချို့ကဆို နီရွှယ်ကျောင်းကို ဆွဲထုတ်လျက် သူတို့၏ နေရာမှ မောင်းထုတ်ရန် ကြိုးစားလိုက်သည်။
“အခု ချက်ချင်း ဆရာယွင် အိမ်ကနေ ထွက်သွားလိုက်။ အားလုံးပဲ သူ့ကို အခု ဆဲဆိုတာ ရပ်လိုက်ပြီး သူ့ကို အခု ဒီကနေ ခေါ်သွားရအောင်”
နီရွှယ်ကျောင်းသည် ဆွဲခေါ်ခံနေရသည့်တိုင် ထွက်မသွားချင်ပေ။ နောက်ဆုံးတွင် အကြောင်းအရင်းတချို့ကြောင့် သူမ မြေပြင်ပေါ် ရုတ်တရက် လဲကျသွားသည်။
ရွာသူရွာသားများက ထိန့်လန့်သွားလေ၏ နှစ်စက္ကန့်အတွင်း နီရွှယ်ကျောင်းက မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်ဖြင့် နိုးထလာသည် သူမက ပြောလိုက်တော့သည်။
“ငါ့ကို မထိနဲ့။ ငါ့ဘာသာငါ လျှောက်မယ်”
သူမအသံက စူးရှပြီး ထူးဆန်းနေတော့သည်။ ရွာသူ ရွာသားများသည် သူတို့က နီရွှယ်ကျောင်း ဖြည်းဖြည်းချင်း ထရပ်လျှက် လမ်းတစ်ဖက်၌ ရပ်ထားသည့် ကားဖြူဆီ လျှောက်သွားတာကို ကြည့်ပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က မပြောဘဲ မနေနိုင်တော့ပေ။
“သူ့ကြည့်ရတာ ဘာလို့ ထူးဆန်းနေတာပါလိမ့်”
127 03
ရွာသားတချို့ ဖျံနီညိုအပါအဝင် ဂိတ်ဝ၌ ဆောင့်ကြောင့် ထိုင်နေသည့် တိရစ္ဆာန်လေးများကို တွေ့လိုက်ရ၏။ သူတို့က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ဪ ဒါက ဆရာသခင်ယွင် မွေးထားတဲ့ ဖျံနီညိုလေးလား ဆရာယွင်က အံ့ဩဖို့ကောင်းလိုက်တာ။ သူက ဖျံနီညိုကိုတောင် မွေးနိုင်တယ်။ သိပ်လိမ္မာတာပဲ။ စောစောတုန်းက သူက ဂိတ်ဝမှာ ထိုင်ပြီး လူတွေကို စိုက်ကြည့်နေတာကို တွေ့ပါတယ်။ အခုကျ အိပ်ပျော်သွားပြီပဲ”
တကယ်တွင် အဖွားဝမ်သည် အိပ်ပျော်နေသည့်ပမာ မျက်လုံးမှိတ်လျှက် လဲနေတော့သည်။
နီရွှယ်ကျောင်းသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် ယဉ်မောင်းခုံဆီသို့ တက်သွားလိုက်၏။ ဘေးတွင် တင်းကြပ်စွာထုပ်ခံထားရသည့် ယွင်ဝေးဝေးကမူ အက်ကွဲသံဖြင့် ပြောလိုက်သည်။
“အဲဒီခွေးမကို မတောင်းပန်ဘူး သွားပြော သူသေချာပေါက် ကူညီမှာ မဟုတ်ဘူး။ သူက သမီးကို သေစေချင်နေတာ သူက ကျွန်မကို ထိခိုက်အောင် လုပ်တဲ့သူ”
“ပါးစပ်ပိတ်ထား”
နီရွှယ်ကျောင်း၏ စူးရှသော အသံက ပေါ်ထွက်လာသည်။ သူမက ရုတ်တရက် ခေါင်းကို ချာကနဲ လှည့်ကာ ယွင်ဝေးဝေးကို ရိုက်ချလိုက်သည်။
“နင်က အမေတစ်ယောက်က မွေးလာပေမဲ့ သူပျိုးထောင်တာ မခံခဲ့ရဘူးပဲ”
ယွင်ဝေးဝေးသည် သူမ၏ ရိုက်ချက်ကြောင့် မှင်သက်သွားလေ၏
“အမေ သမီးကို ဘာလို့ရိုက်တာလဲ”
“နင် အရိုက်ခံရသင့်တယ်”
ထို့နောက် နီရွှယ်ကျေေင်းသည် သူမကို သုန်မုန်စွာ စိုက်ကြည့်လိုက်၏။ သူမ ထူးဆန်းသလို ခံစားရကာ ကျောစိမ့်သွားပြီး တစ်ကိုယ်လုံး အေးစိမ့်သွား၏။ ပြီးနောက် နီရွှယ်ကျောင်းသည် နားမလည်နိုင်သည့် စကားကိုပြောခဲ့၏။ သူ့မက လက်နှစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ထားကာ ကားသော့ထည့်လျှက် ခြေထောက်ကို တစ်နေရာတင်လိုက်သည်။ ကားသည် မြှားတစ်စင်းပမာ ထွက်သွားလျှက် လမ်း၏ တစ်ဖက်ခြမ်းရှိ စပါးခင်းထဲသို့ ဝင်သွားသည်။ ကျယ်လောင်သော ဘမ်း ဟူသည့် မြည်သံကျယ်ကြီး ပေါ်လာကာ ယွင်ဝေးဝေး၏ အော်သံကို ကြားလိုက်ရ၏။ ကားထဲရှိ လေအိတ်ကလဲ ထွက်လာတော့သည် ။
နီရွှယ်ကျောင်းက မှင်တက်သွားပြီး မျက်တောင်ခတ်မိသွားကာ ဘာတွေဖြစ်နေမှန်း မသိတော့ပေ။
သူမခေါင်းထိသွားပြီး နဖူး၌ ပြတ်ရာတစ်ခုထင်လာကာ ပါးပေါ် သွေးများစီးကျလာ၏။ သူမ မေးလိုက်တော့သည်။
“ဘာဖြစ်သွားတာလဲ’
တစ်ချိန်တည်းတွင် ယွင်အိမ်၏ ဂိတ်ဝ၌ လှဲနေသော ဖျံနီညိုက နိုးလာလျှက် အိမ်ထဲသို့ အပြစ်မကင်းစွာ ဝင်သွားလိုက်သည်။ တကယ်တော နီရွှယ်ကျောင်းကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ချက်မရှိပေ သူမကို သဘောမကျဘဲ သူမကို ပူးကပ်ကာ တတ်နိုင်သမျှမြန်မြန် ဤနေရာမှ ထွက်သွားစေချင်ရုံသာဖြစ်သည်။ သို့သော် သူကားမမောင်းနိုင်ကြောင်း မေ့သွားလေ၏။
ရွာသားများက ထွက်မသွားသေးချေ။ သူတို့က ဆူညံသံတစ်သံကို ကြားလိုက်ရချိန်၌ လှည့်ကြည့်မိသောအခါ နီရွှယ်ကျောင်း၏ ကားက စပါးခင်းထဲ ရောက်သွားတာ တွေ့လိုက်ရပြီး အငွေ့များထွက်နေ၏။ ကားတိုက်မိသွားတာ ဖြစ်မည်။
“ဘာတွေဖြစ်နေတာလဲ ဒီမိန်းမရူးနေပြီး သက်သေချင်နေတာလား”
“စပါးခင်းထဲ ဘာကြောင့် ရောက်သွားလဲမသိဘူး”
ဆူညံသံသည် အပေါ်ထပ်ရှိ ယွင်ယွီကို ထိပ်လန့်သွားစေသည်။ သူမ လေသာဆောင်ဆီ လျှောက်သွားပြီး အသံလာရာဘက်သို့ ကြည့်လိုက်မိ၏။
နီရွယ်ကျောင်း၏ ကားက စပါးခင်းထဲ ရောက်နေကာ မီးခိုးငွေ့များ ထွက်နေတာတွေ့လိုက်ရသည်။ ကားရှေ့ခန်း ပျက်ဆီးသွားပြီ ဖြစ်သည်။
127 04
သူမက လက်ချောင်းလေးများကို လှုပ်လျှက် ရေတွက်လိုက်ကာ ရီရမလား ငိုရမလားမသိတော့ပေ။ သူမ အဖွားဝမ်ကို ခေါ်လိုက်၏။
“အဖွားဝမ်”
ဖျံနီညိုက လှေကားမှ တက်လာပြီး လူတစ်ယောက်ပမာ နောက်ခြေထောက်ဖြင့် ရပ်ကာ လျှောက်လာ၏ လေသာဆောင်သို့ ရောက်သောအခါ မျက်နှာချိုသွေးသော ပုံစံဖြင့် ယွင်ယွီကို ဦးညွှတ်လိုက်သည် ။
ယွင်ယွီက ငုံ့ကြည့်မိချိန် သူမအသံက အတော်လေး ညင်သာနေသည်။
“အစောတုန်းက ပြောဖို့မေ့သွားတာ ကျွန်မအတွက် ကူညီပေးစရာမလိုဘူး။ သူ့ကို လက်စားချေပေးဖို့အတွက် ခန္ဓာကိုယ်ကို ပူးကပ်ခဲ့တာက ရှင့်ရဲ့ ကျင့်ကြံမှုအတွက် မကောင်းဘူး။ နောက်ကျ ဒါမျိုးမလုပ်နဲ့နော်။ စိတ်ရှိတိုင်း တခြားသူရဲ့ ခန္ဓာကိုယ်ကို ဝင်မပူးနဲ့”
ဖျံနီညိုက ခေါင်းညိတ်လိုက်၏။ ယွင်ယွီက လက်ဝေ့ယမ်းကာ ပြောလိုက်တော့သည်။
“ဟုတ်ပြီ သွားဆော့တော့”
အဖွားဝမ် ထွက်သွားပြီးနောက် ယွင်ယွီက လေသာဆောင်တွင် ထိုင်ကာ ကားထဲမှ ထွက်လာသည့် နီရွှယ်ကျောင်းနှင့် ယွင်ဝေးဝေးကို ကြည့်လိုက်၏။
ထိုစဉ် ယွင်ဝေးဝေးကိုယ်ပေါ်ရှိ စောင်က လျော့ကျသွားပြီး မျက်နှာပေါ်လာတော့သည်။ သူမ၏ ပါးများ ချိုင့်ကျနေလျှက် ပါးရိုးများ အထင်းသားပေါ်နေသည်။ အသားအရည်က မွဲခြောက်ကာ ဝါကျင့်ကျင့်ဖြစ်နေလျှက် ဆယ်နှစ် အိုစာသွားပုံပေါ်သည်။ နောက်၌ နီရွှယ်ကျောင်းက ရဲခေါ်လိုက်သည်။ ရဲနှင့် အာမခံကုမ္ပဏီက လျှင်မြန်စွာ ရောက်လာတော့သည်။ ရဲရောက်လာပြီးနောက်
“ကျွန်မတို့ကို လက်စားချေတာ ယွင်ယွီပါ။ ခုနတုန်းက အဆင်ပြေနေပေမဲ့ ရုတ်တရက် ကျွန်မ ဘာမှ မမှတ်မိတော့ဘူး။ ကျွန်မ နိုးလာတဲ့ အချိန် ယာဉ်မတော်တဆမှု ဖြစ်နေပြီးပြီ။ သူ လက်စားချေတာပဲဖြစ်ရမ။ယ် သူကျွန်မကို စိတ်ရှုပ်ထွေးသွားအောင် လုပ်ပြီး ကားမောင်းခိုင်းခဲ့တာကြောင့် မတော်တဆဖြစ်တာ။ ကျွန်မကို ထိန်းချုပ်ခဲ့တာ သူပဲ”
ရဲသည် သူမ၏ အဓိပ္ပာယ်မရှိသော စကားများနှင့် ရူးသွပ်နေသော သွင်ပြင်ကြောင့် စိတ်မရှည်ဖြစ်လာပြီ ငေါက်ငမ်းလိုက်လေသည်။
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
ကင်မရာကို ကြည့်ပြီးနောက် သူမကသာ ကားတိုက်စေခဲ့သည့်သူဆိုတာ သိသာနေ၏။
နောက်ဆုံး၌ ဆယ့်တစ်နာရီဝန်းကျင်တွင် ကားကို ဆွဲသွား၏။ နီရွှယ်ကျောင်းနှင့် ယွင်ဝေးဝေးတို့ သားအမိကလဲ ခေါ်သွာခံရသည်။
ယွင်ဝေးဝေး၏ပုံက လူနှင့်လည်းမတူ သရဲနှင့်လည်း မတူတာကို မြင်ပြီး ရဲက အနည်းငယ် ခြောက်ခြားသွားလေ၏။
++++++