← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

129 01

အပိုင်း 129

ရွီလန်ထင်းက ချင်ယွီစွေနှင့် သက်တူ ရွယ်တူဖြစ်သည် သူတို့မိသားစုနှစ်စုလုံးက မြို့တော်တွင် နေလေ၏။ ရွီမိသားစု ထင်ရှားသည့် မိသားစုဖြစ်လေသည်။ သူ၏ အ‌ဖေနှင့် အဖိုးအဖွားများက အသက်ရှင်လျက် ရှိနေသေး၏။ ယခုနှစ်၌ သူအသက်သုံးဆယ် ပြည့်မည်ဖြစ်ကာ သူအနားရှိ သက်တူရွယ်တူ အများစုက စေ့စပ်လျှင်စေ့စပ် မဟုတ်လျှင် အဆင့်အတန်းတူသည့် သူနှင့် လက်ထပ်ကြပြီးဖြစ်သည်။ သူကမူ ချစ်သူတောင် မရှိသေးပေ။

တကယ်တော့ သူ၏ မိသားစုများသည် ကြင်ဖက်တွေ့ပွဲ သွားကာ သူတို့ တစ်ယောက်နှင့် တစ်ယောက် သဘောကျလျှင် စေ့စပ်ပြီး လက်ထပ်ကြ၏။

သူသည် လွန်ခဲ့သည့် တစ်နှစ် နှစ်နှစ်အတွင်း ခရီးသွားခဲ့သော်ငြား တစ်ကိုယ်တော်သာ ဖြစ်နေသေး၏။ နှစ်ကူးညစာစားနေစဉ် သူ၏မိခင်နှင့် သူသည် ချင်ယွီစွေ၏ အခြေအနေအကြောင်း မိသားစုကို ပြောခဲ့၏။ ရွီမိသားစုက ချင်ယွီစွေ လက်ထပ်ပြီးပြီဟူသော အကြောင်းကြားလိုက်ရသည်။ သူ၏ အဖေအမေနှင့် အဖိုးအဖွားများကမူ တစ်ရက်လျှင်သုံးကြိမ် နှစ်ကူးပြီးနောက် ကြင်ဖက်တွေ့ပွဲ သွားရန်နှင့် မိန်းကလေးတချို့နှင့် မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ကြောက်စရာ အကောင်းဆုံးကိစ္စက သူ၏ ဖခင်သည် စိတ်အခြေနေမကောင်း ဖြစ်နေကာ တစ်ချိန်လုံး ဆူပူပြောဆိုနေတာပဲဖြစ်သည်။

ရွီလန်ထင်းသည် သည်းမခံနိုင်တော့ချေ။ သူ အဆူခံရသောကြောင့် စိတ်ပျက်လာမိ၏။ ထိုထက်ပိုသည်က ထိုနှစ်ကူးအတွက် အိမ်သို့ ပြန်ခဲ့ပါက သူ့မိသားစုသည် နှစ်ကူးပြီးနောက် ကြင်ဖက်တွေ့ခိုင်းမှာ သေချာနေမှန်း သိနေသောကြောင့် ဖြစ်သည်။

ရွီမိသားစု၏ သားကြီးက မည်သည့်အချိန်က ကြင်ဖက်တွေ့ရန် လိုသွားသနည်း။

ကြင်ဖက်တစ်ခါမှ မတွေ့ဖူးသလို စောစောစီးစီး လက်မထပ်ချင်သောကြောင့် သူ ထွက်ပြေးလာမိ၏။ သို့သော် နှစ်သစ်ကူးနေ့ ဖြစ်သောကြောင့် သူ သွားစရာနေရာ မရှိပေ။ ထို့ကြောင့် ဟယ်ချင်းရွာသို့ သွားဖို့သာ တွေးမိသည်။

သူက ညတွင်းချင်း ဟယ်ချင်းရွာသို့ ရောက်လာ၏၊ ချင်ယွီစွေက သူ့ရဲ့ သူငယ်ချင်းကောင်း သဘာဝအတိုင်း သူ့အပေါ် အတော်လေး အေးစက်သည်။ သို့သော်ငြား သူ၏ မရီးက သူ့အပေါ်ဂရုစိုက်ကာ ခေါ်ပေးကာ ဆန္ဒရှိတာ ကောင်းသည်။

ယွင်ယွီသည် သူ့မိသားစုက သူ့ကို လက်ထပ်ရန် ဖိအားပေးတာ ဖြစ်လောက်သည်ဟု ခန့်မှန်းမိ၏။ ယနေ့ခေတ်တွင် မိဘများစွာက သူတို့ သားသမီးများကို အိမ်ထောင်ချပေးရန် စိတ်အား ထက်သန်နေကြသည်။

လက်ထပ်ခြင်းသည် ပွဲစဉ်ကြီး တစ်ခုဖြစ်၏။ ရှေးခေတ်ကာလရှိ မိဘများကလည်း ယင်းကို စိုးရိမ်ပူပန်ခဲ့ကြသည်။ ယင်းက ထာဝရအမှန်တရား ဖြစ်သည်။

သူမက သူ့ကို ဖိတ်လိုက်တော့သည်။

“ဒါဆို မစ္စတာရွီ ဧည့်သည်ခန်းမှာ နေလိုက်လေ။ မနက်ဖြန်ကျ ညစာကို ကျွန်မတို့နဲ့စား။ မစ္စတာရွီက ဒီနေရာနဲ့ အတော်လေး ရင်းနှီးနေတာပဲ။ ဒါကြောင့် စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်”

သူရောက်လာချိန်တိုင်းတွင် ဧည့်သည်ခန်းတွင် နေ၏။ ထိုအိမ်သစ်ကို သူ ဒီဇိုင်း ဆွဲပေးထားတာ ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးနေခြင်းဖြစ်၏။

ရွီလန်ထင်းက အရပ်မြင့်သည်။ ယွင်ယွီကို စကားပြောချိန်၌ ခါးအနည်းငယ် ညွှတ်ထားကာ အလွန်လူကြီးလူကောင်း ဆန်နေတော့သည်။

“မရီး ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး။ လန်ထင်းလို့ပဲခေါ်ပါ”

ယွင်ယွီက သိမ်မွေ့စွာ ရီမောလိုက်၏ ။

သို့သော် ချင်ယွီစွေသည် ရွီလန်ထင်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်၏ ။

ရွီလန်ထင်းသည် သူ၏ မရီးက မခေါ်ခင်အထိ သူ့သူငယ်ချင်း၏ အကြည့်ကို နားမလည်သေးပေ။

“ချင်ယွီစွေ ကျွန်မ ပင်ပန်းနေပြီ။ အခန်းထဲပြန်ပြီး အနားယူရအောင်”

129 02

ရွီလန်ထင်းသည် သူ၏ သူငယ်ချင်း၏ အကြည့်ကို နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။ သူ့မရီးက သူ့နာမည်အပြည့် ခေါ်ကာ သူကမူ သူ့ကို လန်ထင်ဟု ခေါ်ခိုင်းနေ၏။

ရွီလန်ထင်းက ရယ်ချင်စိတ်ကို ဖိနှိပ်ထားလိုက်၏။

“ညီအစ်ကိုချင်နဲ့ မရီး သွားနားတော့လေ။ ကျုပ်ကို စိတ်မပူနဲ့”

သူသည် ရှေးယခင်ကတည်းက အလုပ်လုပ်ချိန်နှင့် အနားယူချိန် အချိန်ဇယားကို ချမှတ်ထားသောကြောင့် သူ အိပ်မပျော်နိုင်ခဲ့ပေ။

ချင်ယွီစွေက ယွင်ယွီ အနားယူရန် အပေါ်ထပ်သို့ ခေါ်သွားပေးချိန် ရွီလန်ထင်းက ဧည့်ခန်းထဲ တစ်ယောက်တည်း ကျန်ခဲ့လေ၏။ သူက ဟယ်ချင်းရွာဆီ ညတွင်းချင်း ပြေးလာပြီး မစားရသေးချေ။ သူက မီးဖိုချောင်ထဲ၌ ပါဝင်ပစ္စည်းတချို့ကို ရှာခဲ့ကာ သူအတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်လိုက်သည်။ ယွင်မိသားစု၏ ပစ္စည်းများက အရသာရှိပေး၏။ ထိုမီးဖိုချောင်းသုံးပစ္စည်းများနှင့် ချက်ပြုတ်ထားသည့် ခေါက်ဆွဲက စားချင်စဖွယ်ကောင်းကာ မွှေးရနံ့သင်းပြန့်နေ၏။

ရွီလန်ထင်းကမူ တတိယထပ်ရှိ ဧည့်သည်ခန်းသို့ ခေါက်ဆွဲကို သယ်သွားလိုက်၏။ သူက လေသာဆောင် အကြီးရှိသည့်အခန်းကို အထူးတလည် ရွေးထားတာဖြစ်သည်။

သူက အအေးဒဏ်ကို စိတ်မရှိချေ။ သူက ခေါက်ဆွဲပန်းကန် ကိုင်ထားလျှက် လေသာဆောင်ကို တွန်းဖွင့်ကာ တန်းကို မှီနေလျှက် ခေါက်ဆွဲစားကာ အဝေးရှိ ညရှုခင်းကို ကြည့်နေသည်။ အချိန်က စောသေးသော်ငြား သူ၏ မရီးသည် အချိန်ဇယားတစ်ခု ချမှတ်ထားကာ ကောင်းကောင်းအိပ်လေသည်။ ရွာထဲရှိ အိမ်တိုင်း၌ အလင်းရောင် ရှိနေသေးကာ သူသည် ယွင်မိသားစု၏ ခြံဝန်းကို ရှင်းရှင်းလင်းလင်း မြင်ရ၏။

ယွင်မိသားစု ခြံဝန်းထဲ၌ အလင်းများ ရှိနေသေးသော်ငြား ထိုသည်က သိပ်မတောက်ပဘဲ အတော်လေး ဖျော့နေသည်။

ရွီလန်ထင်းသည် ယွင်လန် အလုပ်များနေလျှက် ဝင်ထွက်သွားလာတာကို ကြည့်နေ၏။ သူ ဘာစဉ်းစားနေမှန်းမသိ ခေါက်ဆွဲသာ ဝါးနေတော့၏။

ယွင်ယွီသည် စောစော နိုးလာသည်။ ဆောင်းရာသီတွင် နေ့တာတို၏။ သူမ နိုးလာချိန်၌ အပြင်၌ မှောင်မဲနေသေးသည်။

သူမက ကျင့်ကြံရန် တင်ပလင်ခွေချိတ် ထိုင်နေစဉ် ချင်ယွီစွေကမူ ခြံဝန်းထဲ၌ လေ့ကျင့်ခန်း လုပ်နေလေ၏။ နှစ်နာရီအကြာ၌ သူတို့ မနက်စာလုပ်ဖို့ သွားကြသည်။

ယနေ့သည် တရုတ်နှစ်ကူးနေ့ဖြစ်ကာ မီးရှူးမီးပန်းများကို မြို့၌ တားမြစ်ထားသော်ငြား ရွာများ၌ မတားမြစ်ခံရသေးပေ။

ဟယ်ချင်းရွာ၌ မီးရှူးမီးပန်းသံများ ဆူညံနေသည်။ ရွီလန်ထင်းသည် မီးရှူးမီးပန်းသံများကြောင့် နိုးလာလေသည်။ သူနိုးသည့် အချိန်၌ ခဏတာ မှင်တက်သွားလေသည်။ သူဤနေရာတွင် အခေါက်တိုင်း နေချိန်၌ ဤအတိုင်းသာဖြစ်သည်။ သူ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားပြီး နိုးလာချိန်တွင် မည်သည့်အချိန် မည်သည့်နေရာသို့ ရောက်နေမှန်း မသိတော့ပေ။ သူ ဟယ်ချင်းရွာသို့ ရောက်လာချိန်တိုင်းတွင် သူက နေ့စဉ် အချိန်စာရင်းကို ချက်ချင်းချိန်ညှိနိုင်၏။ မနေ့ညက အေးအေးနဲ့ သူ ခေါက်ဆွဲစားပြီးနောက် သူအခန်းထဲ ပြန်သွားကာ ရေပူပူဖြင့် ချိုးလိုက်သည်။ ပြီးနောက် သူ အိပ်ငိုက်လာပြီးနောက် အိပ်ယာပေါ် လဲပြီးချိန်တွင် ချက်ချင်း အိပ်ပျော်သွားလေသည်။

သူ ညစောစော အိပ်ယာဝင်ကာ မနက်စောစော နိုးလာချိန်တွင် အားအင်အပြည့်နှင့် ဖြစ်နေတော့သည်။ မနက်စာသွားစာချိန်တွင် ချင်ယွီစွေတို့ မရှိတော့ပေ။ သူတို့က အကူအညီပေးရန် ယွင်မိသားစု ခြံဝန်းသို့ သွားကြပြီဖြစ်သည်။

သူကလဲ အပြေးအလွှား လိုက်သွားလေရာ ယွင်မိသားစု ဝင်များက သူ့ကို မြင်ချိန်၌ နှုတ်ဆက်ကြသည်။ ယွင်မိသားစုဝင်များက စကားပြောရ လွယ်သောကြောင့် သူ စိတ်မသက်မသာ ဖြစ်တာမရှိ။

သူ ဘာမှကို နားမလည် သူ ဘာမှကို မကူညီပေးနိုင်လျှင် သူခြံဝန်းထဲတွင် ထိုင်လျှက် ယွင်မိသားစုဝင်များ အလုပ်များနေတာကို ကြည့်နေလိုက်ရ၏။ ယွင်မိသားစုဝင်များ ဝင်ထွက် သွားလာနေတာကို စိုက်ကြည့်ပြီး နောက်ဆုံး၌ ယွင်မိသားစုဝင်များက အသားအရည် အလွန်ကောင်းကြောင်း တွေ့လိုက်ရသည်။ သူမရီး၏ အသားအရည်က ပြစ်မျိုးမဲ့မထင် ဖြူဖွေး နူးညံ့နေ၏။ ယောက်ျားလေးတစ်ယောက် ဖြစ်သည့် ယွင်ရှန်းကတောင် အသားအရည်က ဖြူဖွေးနေသည်။ ချန်းဟန်မြို့မှ ပြန်လာသည့် ယွင်လန်ကိုလဲ တွေ့လိုက်ရသည်။ လအနည်းငယ်သာ ရှိသေးသော်ငြား သူမ အသားအရည်က ဖြူဖွေးနူးညံ့နေလေသည်။

129 03

ယွင်မိသားစုက ဒီနေ့ တကယ် အလုပ်များနေလေ၏။

ယွင်ယွီက ကိုယ်ဝန် လွယ်ထားရသောကြောင့် အကူအညီ သိပ်မပေးနိုင်ချေ။ သူမက အခန်းထဲတွင် ထိုင်လျှက် ဖုန်းသုံးနေသည်။ ရံဖန်ရံခါ ရွီလန်ထင်းနှင့် စကားလှမ်းပြော၏။ တကယ်တော့ သူတို့၌ ပြောစရာ များများစားစားမရှိပေ။

ယနေ့၌ အကြီးဆုံးဦးလေးနှင့် ဒုတိယဦးလေးတို့သည် နှစ်ကူး ညစာစားရန်အတွက် သူတို့ မိသားစုကို ပြန်ခေါ်လာမှာပဲဖြစ်သည်။ ချင်ယွီစွေက မီးဖိုချောင်ထဲတွင် ကူညီပေးနေလေရာ ယွင်ရှန်းဆို ပြောရန် မလိုအပ်ချေ။ ဆောင်းရာသီကာလ အားလပ်ရက်အတွင်း သူသည် အိမ်စာများ သုံးသပ်ရာ၌ ကူညီပေးခဲ့၏။ သူတို့ မနက်အစောပိုင်းတွင် အလုပ်များနေကြသ။ည် ကိုးနာရီဝန်းကျင်၌ ယွင်မောက်ကျုံးတို့ မိသားစုဝင်လေးယောက် ရောက်လာလေ၏။

ယွင်ယွီသည် ယွင်မေကျင်းကို အချိန်အတော်ကြာ မတွေ့ခဲ့ရချေ။ ထိုမိန်းကလေးက အလွန်ပျော်ရွှင်နေပြီး သူမကို ဖက်ချင်ခဲ့၏။ သို့သော် ယွင်မေကျင်းသည် သူမကိုယ်ဝန် လွယ်ထားရတာ မြင်သောအခါ ရပ်သွားသည်။

ယွင်မေကျင်းက သူမ၏ ဗိုက်ကို လက်ညိုးထိုးလျှက် ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။

“အစ်မ မွေးတော့မှာလား”

နောက်ဆုံးတစ်ခေါက်က သူမ အစ်မဝမ်းခွဲ အိမ်ထောင်ကျခါစက ဗိုက်ကိုတောင် သတိမပြုခဲ့မိပေ။

ယွင်ယွီက ပြုံးကာ ပြောလိုက်သည်။

“စောပါသေးတယ်။ မတ်လထိစောင့်”

တကယ်တော့ သူမဗိုက်က ကြီးသထက် ကြီးလာပြီး သူမ အိပ်နေစဉ် မသက်မသာ ခံစားရသည်။ သူမဗိုက် လေးလွန်းသည်ဟု ခံစားမိ၏။ ထို့ကြောင့် သူမ ပက်လက်သာ လှန်လဲနိုင်သည်။ သူမ ဗိုက်က အစာအိမ်ကို ဖိထားသလို ဖြစ်နေသည်။

သူမသည် နှောင်းအချိန်ကာလတွင် ပုံမှန်တုန့်ပြန်မှုမျိုးမရှိသည့်တိုင် သူမသက်တောင့် သက်သာမရှိ။ မကြာမီ၌ ကလေးကို တတ်နိုင်သမျှ မြန်မြန်မွေးချင်မိသည်။ ယနေ့တွင် မေကျင်း၏ အစ်ကို ယွင်လျန်ချန်းလဲရောက်လာ၏။ ဘွဲ့ရပြီးနောက် သူသည် မြို့တော်၌ နေကာ အလုပ်အလွန်များနေ၏။ သူသည် ယွင်ယွီ မင်္ဂလာဆောင်သည့်နေ့၌လည်း ကုမ္ပဏီတွင် အချိန်ပိုဆင်းကာ အလုပ်များနေသေးသည်။

တစ်နာရီဝန်းကျင်တွင် သူ၏ဒုတိယဦးလေး ယွင်မောက်ကျန်းနှင့် ရှောင်ကျင်းမြောင်တို့လဲ ရောက်လာသည်။

ဒုတိယဦးလေးမိသားစုမှ ယွင်ကျစ်ယွမ်က ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူက ဒုတိယဦးလေးနှင့် တူညီသည့် ကိုယ်ရည်ကိုယ်သွေးရှိကာ အလွန်ရိုးသားသည်။ ပြန်လာချိန်တွင် ပင် သူက မီးဖိုချောင်ထဲတွင် ကူညီပေးဖို့ လူတို့ကို ဦးစွာခေါ်တတ်သည်။

ဒုတိယဦးလေး ယွင်မောက်ကျန်းကလဲ သူ၏ သားကို အလွန်ကျေနပ်နေလေ၏။ သူ၏ သမီး ယွင်ရွှမ်းရွှမ်းက အခန်းထဲရောက်ရောက်ချင်း စားစရာယူကာ တီဗီကြည့်ဖို့ အခန်းထဲ ပြေးသွားတာကို မြင်ချိန်၌ သူ၏ မျက်နှာ အနည်းငယ် သုန်မှုန်သွားတော့သည်။ နှစ်ကူးနေ့၌ ကလေးကို ဆူပူတာက အချိန်ကောင်း မဟုတ်ဘူး သူ တွေးမိသောကြောင့် သူ သည်းခံလိုက်သည်။

ယွင်ရွှမ်းရွှမ်းက အဆာပြေ စားပြီးသွားလေ၏။

သူသည် အလျှင်စလို ထွက်လာကာ စားသောက်ချင်၍ မီးဖိုချောင်သို့ သွားချင်ခဲ့ချိန် အိမ်ထဲဝင်လာသည့် ယွင်ယွီနှင့်တိုက်မိသွားသည်။ ယွင်ယွီက ကိုယ်ဝန် လွယ်ထားရသော်ငြား ရှောင်လိုက်နိုင်သေးသည်။

ယွင်မေကျင်းက လန့်လွန်းသဖြင့် အော်မိသွားသည်။ ယွင်ယွီ ရှောင်လိုက်တာကို မြင်သောအခါ သူမစိတ်အေးသွားပြီး တံခါးစီပြေးသွားလျှက် ယွင်ရွှမ်းရွှမ်းကို လက်ညိုးထိုးကာ ပြောလိုက်တော့သည်။

“ယွင်ရွှမ်းရွှမ်း နင့်မှာ မျက်စိမပါဘူးလား။ အသက်ကြီးနေပြီ ဘာလို့ ပြေးလွှားနေတာလဲ။ တစ်ယောက်ယောက်နဲ့ တိုက်မိနိုင်တယ်ဆိုတာ မသိဘူးလား”

ယွင်ရွှမ်းရွှမ်းက ပြန်ပြောလိုက်၏။

129 04

“သူ ရုတ်တရက် ထွက်လာလိမ့်မယ် ဆိုတာ ငါ ဘယ်လိုလုပ်သိမှာလဲ။ မျက်လုံး မရှိတာ သူ့အမှားလေ”

ယွင်ယွီ မျက်မှောင်ကြုတ်မိသွား၏။ သူ ဘာတွေးနေမှန်း မသိပေ။

“ရွှမ်းရွှမ်းဘာဖြစ်တာလဲ”

ရှောင်ကျင်းမြောင်က ထွက်လာပြီး မေကျင်းက သူ့သမီးကို အပြစ်တင်နေတာ တွေ့လိုက်သောအခါ သူက ဆူပုတ်နေသော မျက်နှာမျိုးဖြင့်ပြောလိုက်သည်။

“ညည်းက သူ့ရဲ့ ဝမ်းကွဲပဲ။ ရွှမ်းရွှမ်းက ငယ်သေးတာ။ သူ့ကို ဘာလို့ အပြစ်တင်နေတာလဲ။ သူ ယွင်ယွီကို တမင်တကာ တိုက်တာမှ မဟုတ်တာ”

ထိုကဲ့သို့ ဆူညံသံသည် မီးဖိုချောင်ထဲတွင် အလုပ်များနေသော လူတိုင်းကို နှောက်ယှက်လိုက်၏

အဖွားယွင်သည် အဖြစ်အပျက်ကို သိပြီးနောက် မျက်နှာ အနည်းငယ် ပြောင်းလဲ သွားတော့သည်။

“ဒုတိယသား ရွှမ်းရွှမ်းက မငယ်တော့ဘူး။ မင်း သူ့ကို ကောင်းကောင်းသင်ပေးပြီး သူ့အတွက် သာဓကကောင်း ပေးသင့်တယ်။ သူ့ကို အလိုမလိုက်နဲ့။ မင်းက ပြဿနာရှာတဲ့သူ ဖြစ်လာမှာ။ ဒါကို ပေါ့သေးသေးမမှတ်နဲ့”

ရှောင်ကျင်းမြောင်သည် သူက လူကြီးများနှင့် မငြင်းရဲချေ။ သူက ယွင်ရွှမ်းရွှမ်းကို ဆွဲခေါ်လျှက် ဆူလိုက်တော့သည်။

“ဝမ်းကွဲကို ဘာလို့ မတောင်းပန်သေးတာလဲ”

ယွင်ရွှမ်းရွှမ်းက မျက်ရည်များ ကျလာလေ၏။

“သမီး မတောင်းပန်ဘူး။ သမီး အမှားမှ မလုပ်တာ ဘာလို့တောင်းပန်ရမှာလဲ”

ယွင်မောက်ကျန်းက ဒေါသထွက်သွားလေ၏။

“ယွင်ရွှမ်းရွှမ်း ပါးစပ်ပိတ် ဝမ်းကွဲကို‌ တောင်းပန်လိုက်”

ယွင်ရွှမ်းရွှမ်းက တကယ် ဝက်ဝံတစ်ကောင်ဖြစ်သည်။ သူမက သေအောင် အရိုက်ခံရလျှင်တောင် တောင်းပန်မှာ မဟုတ်။

ယွင်ယွီက ပြောလိုက်သည်။

“မေ့လိုက်တော့။ နှစ်ကူးနေ့လေ ရွှမ်းရွှမ်းက တမင်တကာ လုပ်တာမှ မဟုတ်တာ”

ယွင်ရွှမ်းရွှမ်းက သူမကို ကြည့်ပြီး ပြောလိုက်၏။

“မရည်ရွယ်ပါဘူး”

နှစ်ကူးနေ့ ဖြစ်သောကြောင့် အဖွားယွင်သည်လည်း မည်သူကိုမှ မဆူပူသင့်ပေ။

ဤကိစ္စကို ထားလိုက်၏။ ယွမ်ယွီက မည်သည်ကို တွေးတောနေသည်မသိ။ သို့သော် သူမ ယွင်ရွှမ်းရွှမ်းကို အပြစ်တင်တာမျိုး မရှိပေ။

ယွင်ရွှမ်းရွှမ်းက အသက် ဆယ့်နှစ်နှစ်အရွယ် ရောက်နေပြီဖြစ်ကာ သူမ အကျင့်စရိုက်ကလဲ အလွန် စိတ်ပျက်ဖို့ ကောင်း၏?

ဆယ့်နှစ်နာရီ ခွဲသောအခါ မီးဖိုချောင်ထဲတွင် ပြင်ဆင်ထားသည့် အစားအသောက်အားလုံးကို အခန်းထဲ တစ်ခုပြီးတစ်ခု သယ်လာသည်။

ယွင်မိသားစုသည် နှစ်သစ်ကူးညစာကို စတင်စားသောက်လေ၏။ ရွာထဲရှိမိသားစုအများစုက နေ့လည့်၌ စားသောက်ကြသည်။ ဆွေမျိုးသားချင်းအချို့က ညအချိန်၌ ပြန်လာ၏။ တချို့သော မိသားစုများက ညအချိန်၌ စုဝေးစားသောက်ကြသည်။

အစားအသောက်က အလွန်ကြွယ်ဝသည်။ အမျိုးမျိုးသော အသားဟင်းများ ပြည့်နေသည်။ အမေယွင်နှင့် အဖွားယွင်တို့က အချက်အပြုတ်တော်ကာ အရသာ အလွန်ကောင်းမွန်လေ၏။

129 05

ရွီလန်ထင်းက မိသားစု စုဝေးသည့် စားသောက်ပွဲတွင် ပါဝင်လာသော်ငြား အလွန်ကောင်းမွန်သည့် အကျင့်စရိုက်ရှိကာ အကြီးဆုံးနှင့် ဒုတိယဦးလေးတို့နှင့် စကားပြောဆိုနိုင်သည်။

နှစ်ကူးကာလအတွင်း အကြီးဆုံးနှင့် ဒုတိယဦးလေးတို့က ယွင်အိမ်၌ နေမှာဖြစ်သည်။ သူ့တို့ ကားမောင်းစရာ မလိုသောကြောင့် အရက်တချို့ သောက်ကြလိမ့်မည်။

အမျိုးသမီးများက စားသောက်ပြီးစီးတာ မြန်ကာ ဧည့်ခန်းသို့သွားရန် စားပွဲမှ ထွက်လာကြသည်။

ယွင်ယွီက သူ့ ဝမ်းခွဲများကို အိမ်သစ်၌ ကစားရန် ခေါ်သွားပေးသည်။ သူ့ဒေါ်လေးနှင့် ဒုတိယဒေါ်လေးက လိုက်လာ၏။ ဧည့်ခန့်က ကြီးသည်။ ထိုနေရာ၌ ဂိမ်းစက်များရှိကာ လူငယ်များကြိုက်သည်။

အိမ်သစ်သို့ ရောက်လာပြီးနောက် ယွင်ရွှမ်းရွှမ်းသည် ရေထဲရှိ ငါးတစ်ကောင်ပမာ ခံစားလိုက်ရ၏။ သူမလှေကားကို တက်လိုက်ဆင်းလိုက် လုပ်နေကာ ဧည့်ခန်းထဲရှိ တီဗီကို အပိုင်စားယူထားပြီး ဂိမ်းစက်ကို ချိတ်ကာ စက်ဂိမ်း စဆော့တော့သည်။

သူတို့မျိုးဆက်ထဲ၌ ယွင်ရွှမ်းရွှမ်းက အငယ်ဆုံးဖြစ်သောကြောင့် လူတိုင်းအဖို့ ပြောမိဖို့က ခက်ခဲလှပေ။

တကယ်တော့ သူတို့ အသက်သိပ်ကွာခြားခြင်းမရှိပေ။ မေကျင်းနှင့် ရှောင်ရှန်းတို့က အထက်တန်းကျောင်း တတိယနှစ်ရောက်ပြီဖြစ်ကာ တစ်ယောက်နှင့် တစ်ယောက် စကားပြောနိုင်ပေ၏။ ယွင်ရွှမ်းရွှမ်းက ဂိမ်းဆော့နေပြီးနောက် အပေါ်ထပ်တက်သွားပြန်သည်။ နောက်ဆုံး၌ သူမသည် တစ်နေရာရာမှ အလွန်သေးပြီး လှပသည့် ရွှေလက်ကောက်ကို ထုတ်လာ၏။ ယွင်ယွီ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။ ထိုလက်ကောက်သည် သူမ လက်ထပ်ချိန်၌ သူမ မိတ်ဆွေများ ပေးထားတာ ဖြစ်၏။

သူမသည် လက်ဝတ်ရတနာများ ဝတ်တာရှားသည်။ ထို့ကြောင့် သူမအတွက် ချင်ယွီစွေ ပြုလုပ်ပေးထားသည့် ဖီးနစ်သရဖူနှင့် သတို့သမီး ခြုံလွှာအပါအဝင် တန်းဖိုးကြီး လက်ဝတ်ရတနာများ အားလုံးကို သူမ ဝတ်ပြီးချိန်၌ လုံခြုံသည့် နေရာတွင် သိမ်းထားတတ်သည်။ သို့သော်ငြား အခြားသော လက်ဝတ်ရတနာများကိုမူ အခန်းထဲရှိ ရတနာသေတ္တာထဲတွင် ထည့်ထား၏။ ယွင်ရွှမ်းရွှမ်း မည်သို့ရှာတွေ့သွားမှန်း မသိပေ။

ယွင်ရွှမ်းရွှမ်းက လက်မြောက်လျှက် ယွင်ယွီအား ပြောလိုက်၏။

“ဝမ်းကွဲ သမီးဒါကို ကြိုက်တယ်။ သမီးကို ပေးလို့ရမလား”

မည်သူမှ ဘာမှ မပြောနိုင်သေးခင် ယွင်ရွှမ်းရွှမ်း၏အကို ယွင်ကျစ်ယွမ်က ဒေါသထွက်လာလေ၏

“ယွင်ရွှမ်းရွှမ်း မင်း အစ်မရဲ့ ပစ္စည်းတွေကို ချက်ချင်းပြန်ထားလိုက်။ ဒီမကောင်းတဲ့ အကျင့် ဘယ်ကတတ်လာတာလဲ ခိုးနေတာပဲ”

ယွင်ရွှမ်းရွှမ်းက လက်မခံပေ။

“ဘယ်လိုလုပ်ပြီး ခိုးတာဖြစ်မှာလဲ။ အခု အစ်မကို ပြောနေတာပဲ မဟုတ်လား”

ဒေါ်လေးထန်မန်နီက သည်းမခံနိုင်တော့ပဲ ရှောင်ကျင်းမြောင်ကို ပြောလိုက်သည်။

“ဒီကလေးကို သွန်သင်ရမယ်”

ရှောင်ကျင်းမြောင်က ပြုံးလျက် ပြောလိုက်သည်။

“ရွှမ်းရွှမ်းက ငယ်ပါသေးတယ်။ ဘယ်ကလေးကများ ငယ်ရွယ်ချိန်မှာ မဆိုးသွမ်းလို့လဲ။ ပြီးတော့ သူလိုချင်တာ ကြီးကြီးမားမားမှ မဟုတ်တာ။ လက်ကောက်လေးပဲကို ရွှမ်းရွှမ်းက အလှကြိုက်တဲ့ အရွယ်လေ”

ထန်မန်နီက စိတ်လေသွားကာ သူ့ယောင်းမကို တကယ် အထင်သေးသွားတော့သည်။

ယွင်ယွီက ပြောလိုက်လေသည် ။

“ညီမအတွက် တခြားတစ်ခု ပေးမယ်။ ဒီဟာက အစ်မအိမ်ထောင်ကျတုန်းက အစ်မသူငယ်ချင်း ပေးထားတာ”

သူမ အပေါ်ထပ်တက်သွားပြီး အလွန်လှပသည့် ရွှေဖြင့် ပြုလုပ်ထားသည့် လည်ဆွဲကို ယူလာ၏။ ထိုပေါ်၌ ပွင့်ချပ်လေးတစ်ခုရှိသည်။ ထိုစဉ်က အလွန်လှပသည်ဟု တွေးမိခဲ့ကာ ယင်းကို ဝယ်ရန် ယွမ်ထောင်ချီ သုံးခဲ့သေးသည်။

ယွင်ရွှမ်းရွှမ်းက နောက်ဆုံး၌ ကျေးဇူးတင်စကား ပြောလိုက်တော့သည်။

ရှောင်ကျင်းမြောင်ကလဲ တသိမ့်သိမ့် ရီမောလိုက်လေ၏။

“အိမ်ကြီးနှစ်အိမ် တတ်နိုင်တာ ကွာခြားတာပဲ။ ယွင်ယွီ ဘယ်လောက် ရက်ရောလဲ ကြည့်လေ”

ယွင်ကျင်းယွမ်က ဒေါသထွက်လွန်းသောကြောင့် မျက်နှာမဲနက်သွားသည်။ သူ့ အမေနှင့် ညီမ၏အကျင့်စရိုက်ကို တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသည်။

အမျိုးသားများ စားသောက်ပြီးချိန်၌ နှစ်နာရီးထိုးသွားပြီဖြစ်သည်။ ယွင်မောက်ကျန်းအဖို့ ကြားရက်များတွင် လာဖို့ ခက်ခဲသည်။ သူက ရဲအရာရှိတစ်ယောက်ဖြစ်၏။ အလုပ်များနေတတ်၏။ ကျင့်မင်ပွဲတော်ကာလ၌ ဘိုးဘွားကန်တော့ရန် ရောက်မနိုင်ခဲ့ပေ။ ထို့ကြောင့် ယွင်မိသားစုသည် ကန်တော့ရန်အတွက် တောင်ပေါ်သို့သွားခဲ့၏။

******

All Chapters