အခန်း ၁၃၀
Vol. 13 Ch. 130
130 01
အပိုင်း 130
ကျေးလက်ဒေသများ၌ ဓလေ့ထုံးတမ်းတစ်ခုရှိသည်။ နှစ်သစ်ကူးနေ့၏ မနက်ခင်းသို့ မဟုတ် နေ့လည်ခင်း၌ မိသားစုများသည် ဘိုးဘွားအုတ်ဂူသို့ ကန်တော့ရန် စုဝေးကြသည် မိသားစုဝင် အများစုက ကျင့်မင်ပွဲတော် သို့မဟုတ် တစ္ဆေကြီးပွဲတော်၌ ပြန်မလာနိုင်ကြသောကြောင့် သူတို့သည် နှစ်သစ်ကူး၌သာ ပြန်လည် ဆုံဆည်းကြပြီး သူတို့၏ ဘိုးဘွားများကို ကန်တော့ရန်အတွက် တောင်ပေါ်သို့ တက်ရ၏။
ယွင်မိသားစုသည် အဖိုးယွင်ကို ကန်တော့ရန်အတွက် တောင်ပေါ်သို့ တက်သွားတော့သည်။
နေ့လည်နှစ်နာရီ၌ လူတိုင်းသည် ရွှေစာများ ငွေစက္ကူများကို သယ်လျှက် သူတို့ ပစ္စည်းများကို တောင်ပေါ်သို့ သယ်သွားကြသည်။
ဤအဖွဲ့ထဲတွင် လူတစ်ဒါဇင်ခန့်ရှိ၏။ သို့သော် ထိုကဲ့သို့သော အဖွဲ့ကို နေရာအနှံ့မြင်နိုင်သည်။ မိသားစုများစွာက နေ့လည်ခင်း၌ သူတို့ဘိုးဘေးများကို ကန်တော့ရန်အတွက် တောင်ပေါ်သို့ တစ်မိသားစုလုံး တက်သွားတတ်သည်။
တောင်ပေါ်သို့ ရောက်ချိန်၌ အုတ်ဂူများစွာ တွေ့ရသည်။
တချို့က သာမာန် အုတ်ဂူလေးများဖြစ်ပြီး တချို့က အလွန်ကြီးမားသည်။
ယွင်ရွှမ်းရွှမ်းက လမ်းတစ်လျှောက် ခုန်ပေါက်နေကာ အုတ်ဂူလေးများစွာကို ဖြတ်ကျော်သွားသည်။
ယွင်မောက်ကျန်းက ဒေါသထွက်လျှက် သူ၏ ခေါင်းက ပေါက်ကွဲလုနီးပါး ဖြစ်လာတော့သည်။
“ယွင်ရွှမ်းရွှမ်း သေသွားတဲ့သူတွေကို ဒီလို မလေးမစားလုပ်ဖို့ မင်းကို ဘယ်သူက ပြောထားလဲ။ တခြားသူရဲ့ အုတ်ဂူပေါ် ဘာကြောင့် ပြေးလွှားသွားတာလဲ”
သူသည် ဒေါသထွက်လွန်းသောကြောင့် တစ်စုံတစ်ယောက်ကို ရိုက်ချင်လာသော်ငြား ရှောင်ကျင်းမြောင်က သူ့ကို တားလိုက်လေ၏။
“ရွှမ်းရွှမ်းက ငယ်သေးတယ်။ ဒါမျိုးကို ဘယ်လိုလုပ်သိမှာလဲ။ ဒါ့အပြင် ဒါမှ မဟုတ်ဘူးလေ။ အရင်တုန်းက လူဘယ်လောက်များများ သေသွားလဲ။ ကျွန်မတို့ ဖြတ်လာရာနေရာတိုင်း လူသေတွေရှိနေတာပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သွားရတာပဲလေ”
“ဒါက ဘယ်လိုလုပ် တူနိုင်မှာလဲ”
ယွင်မောက်ကျန်းသည် သူ့ဇနီး၏ အတွေးအမြင်မှားမှုကို ဒေါသထွက်မိလေသည်။
“မင်း ရွှမ်းရွှမ်းကို ကောင်းကောင်း ဂရုစိုက်”
ယွင်ရွှမ်းရွှမ်းက စကားနားမထောင်ပေ။ သူက ပုန်ကန်တတ်သည့်အရွယ် ရောက်နေပြီး အလွန် သတ္တိရှိလေ၏။ ထို့ကြောင့် သူမ ရှေ့သို့ ပြေးသွားလေရာ အုတ်ဂူပေါင်းများစွာကို ကျော်တက်သွားသည်။
ထိုကလေးက ရဲတင်းသည်လား သတ္တိရှိသည်လား တုံးအသည်လား မည်သူမှမသိ။
ယွင်ရွှမ်းရွှမ်းက ယခုအချိန်၌ ယွင်ယွီကို ကပ်နေရတာ သဘောကျ၏။ အကြောင်းမှာ ယွင်ယွီသည် သူမအား လည်ဆွဲလှလှလေး ပေးထားသောကြောင့်ဖြစ်သည်
“အစ်မ ယွင်ယွီတောင် ဘာမှ မပြောတာ။ အဖေ သမီးကို ဘာလို့ပြောနေလဲ”
ယွင်ယွီက ပြုံးလိုက်၏ ။
“အဆင်ပြေပါတယ်။ ရွှမ်းရွှမ်းက ငယ်သေးတာကိုး။ ဒီတော့ သူနည်းနည်းဆိုးသွမ်းတာ ပုံမှန်ပဲ”
ကျန်သည့်သူများ မမြင်နိုင်သော်ငြားသူမကမူ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ တောင်ပေါ်၌ သေသူဝိဉာဉ်များစွာရှိသည်။ သူ့တို့ အားလုံးမြေအောက်လောကမှ တက်လာတာပဲဖြစ်သည်။ နှစ်သစ်ကူးနေ့၌ လူ့လောကရှိ မိသားစုများက သေသူများအတွက် ပူဇော်ကန်တော့ ကြသည်။ ငရဲမင်းက ငရဲဂိတ်ကို ဖွင့်ပေးကာ လူပြန်ဝင်စားခြင်းမရှိဘဲ မြေအောက်လောက၌ စောင့်နေသေးသည့် သေသူဝိဉာဉ်များကို သူတို့ ဆွေမျိုးသားချင်းများဆီမှ ကန်တော့မှု ရရှိရန် လူ့လောကသို့ လွှတ်ပေး၏။ ထိုအချိန်၌ သူတို့သည် သောက်စားနိုင်သည်။ မြေအောက်လောကဆီသို့ ပိုက်ဆံတချို့ သယ်သွားတတ်သည် ။
130 02
တစ်နှစ်ပတ်လုံး၌ ဤကဲ့သို့ ရက် သုံးရက်ရှိသည်။
ကျင့်မင်ပွဲတော် တစ္ဆေကြီး ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်ပဲ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်၌ သေသူဝိဉာဉ် အားလုံးတို့သည် အမွေးနံသာများစားရန်နှင့် ငွေစက္ကူများယူရန် စောင့်နေကြတာပဲ ဖြစ်သည်။ ယွင်ရွှမ်းရွှမ်း တက်နင်းသွားသည့် အုတ်ဂူပေါ်၌ လူများစွာ ရပ်နေသေးသည်။ သူတို့က သူမကို ဒေါသတကြီး စိမ်းစိမ်းဝါးဝါးကြည့်နေ၏ ။
ယွင်ယွီက ပေါ့သေးသေး လူတစ်ယောက်မဟုတ်မှန်း သူတို့ သဘောပေါက်သောကြောင့် ဖြစ်ဟန်တူသည်။ ချင်ယွီစွေကလဲ ကောင်းမှုကုသိုလ်များစွာ လုပ်ထားသောကြောင့် သူတို့ အဆင်ခြင်မဲ့စွာ မကပ်ရဲချေ။
အဆုံး၌ သည်းမခံနိုင်တော့သည့် သရဲတချို့ကမူ သည်းမခံနိုင်တော့ဘဲ ယွင်ရွှမ်းရွှမ်းကို ထိကာ သူ့ကို ရက်ရက်စက်စက် ကျိန်ဆဲကြလေ၏၊
ယွင်ယွီက ဘာမှမပြောဘဲ လက်ခံထားသည်။
ထိုသရဲများသည် အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူကို ကြောက်ရွံ့၏။ ယွင်ယွီ သူတို့ကို မတားတာ တွေ့သောအခါ သူတို့ကို မလေးမစားလုပ်သည့် ဤကလေးကို လက်စားချေနိုင်သည်ဟု သိသွားသည်။ ထို့ကြောင့် ယွင်ယွီသည် သရဲများက ယွင်ရွှမ်းရွှမ်းကို ထိနေသည်။ တချို့က သူမနောက်ကို လိုက်နေတာတောင် ကြည့်နေ၏။
ယွင်ယွီကမတားဘဲ လွတ်ထားလိုက်သည်။ အဘိုးယွင်ကို ကန်တော့ပြီးနောက် ယွင်ယွီသည် အဘိုးယွင်ကို မတွေ့ခဲ့ရပေ။ အဘိုးယွင် လူဝင်စားဖို့ သွားပြီမှန်း သိလိုက်၏။
လေးနာရီခွဲကျော်ပြီးနောက် လူတိုင်း အိမ်သို့ပြန်လာသည်။ အဖွားယွင်နှင့် ကျန်သည့်သူများက ညစာပြင်ဆင်ရန် တက်သွားလေ၏။ ယခင်က နှစ်စဉ်နှစ်တိုင်း သူ့ဦးလေးနှင့် ဒုတိယဦးလေး မိသားစုသည် ယွင်မိသားစု ခြံဝန်းလေးထဲ၌ တိုးကြိတ်အိပ်ကြတာဖြစ်သည်။
ယခု ယွင်ယွီ၌ အိမ်သစ်ရှိလာပြီး တတိယထပ်၌ ဧည့်သည်ခန်းများ ပြည့်နေသောကြောင့် နေစရာနေရာရှိသည်။ ညီအကိုနှစ်ယောက်က နှစ်သစ်ကူး၏ ရှစ်ရက်မြောက်နေ့ထိ နေပြီးမှ ပြန်ရန် ပြင်ဆင်ထားတာပဲဖြစ်သည်။ အဖွားအိုနှင့် အချိန်ပိုကုန်ဆုံးချင်၏။
အဒေါ်နှစ်ယောက်ကလဲ သဘောတူသည်။ သူတို့က ယွင်မိသားစု ခြံဝင်းထဲ၌ ချက်ပြုတ်ရာတွင် ကူညီပေး၏။ ယွင်ယွီကမူ ယွင်မေကျင်းကို အခန်းအလှဆင်ရန် အိမ်သစ်သို့ ခေါ်သွားသည်။
တတိယထပ်က ဧည့်သည်ခန်းများသာ ဖြစ်သည်။ အလှပြင်ဆင်မှု မရှိ အခန်းရှိရုံသာရှိသည်။ ရွီလန်ထင်း၏ ဧည့်သည်ခန်းအပြင် အခန်းများစွာ ကျန်နေသေး၏။
ညစာစားချိန်၌ ယွင်ရွှမ်းရွှမ်းက အနည်းငယ် စိတ်ဓာတ်ကျနေကာ ရှောင်ကျင်းမြောင်ကို ပြောလိုက်သည်။
“အမေ သမီးနေလို့မကောင်းဘူး”
ရှောင်ကျင်းမြောင်က အလေးမထားပေ။
“တစ်နေ့လုံး ပြေးလွှားနေတာ ပင်ပန်းနေတာပဲဖြစ်မယ်။ ညကျ ကောင်းကောင်း အိပ်လိုက်”
ညစာစားပြီးနောက် လူတိုင်းသည် ပွဲကြည့်ရန် အိမ်သစ်၏ ဧည့်ခန်းသို့သွားကြသည်။
ယွင်ရွှမ်းရွှမ်းက ဆိုဖာပေါ် လဲနေလျှက် အဓိပ္ပာယ်မရှိ စတင် ပြောကာ တစ်စုံတစ်ခုကို ရေရွတ်ပြောနေသော်ငြား သူမဘာကိုပြောမှန်း မည်သူမှ မသိပေ။
ရှောင်ကျင်းမြောင်က ထိပ်လန့်သွားလျှက် ယွင်ရွှမ်းရွှမ်း၏ နဖူးကို စမ်းလိုက်လေသည်။
“ရွှမ်းရွှမ်းရဲ့ နဖူးက ဘာလို့ ဒီလောက် ပူနေတာပါလိမ့်”
အဖွားယွင်က ရောက်လာပြီး နဖူးကို စမ်းကာ လေးနက်စွာ ပြောလိုက်လေသည်။
“နေ့လည်ခင်းတုန်းက ရွှမ်းရွှမ်းကို ဂရုစိုက်ဖို့ပြောသားပဲ။ သေသူတွေကို မလေးမစား မပြုဖို့ပြောသားပဲ။ အခု ရွှမ်းရွှမ်းကို တစ်ယောက်ယောက်က ထိသွားတာဖြစ်မယ်”
130 03
ရှောင်ကျင်းမြောင်က စိတ်ရှုပ်ထွေးနေ၏။ သူမ ထိုအရာများကို ယုံလေ့မရှိပေ။
သူတို့ ဦးလေးမိသားစုက ယွင်ယွီ၏ အရည်အချင်းကို သိသည်။ ယွင်မောက်ကျန်းသည် ယွင်လန်နှင့် ဖေးဟယ်တို့၏ လူသားယစ်ပူဇော်ခြင်းကို တွေ့ကြုံဖူးသည်။ ယွင်ယွီ၏ အရည်အချင်းကိုလဲ သိ၏။
လူတိုင်းက ယွင်ယွီကို အလိုလို လှည့်ကြည့်လိုက်သည်။ ယွင်ယွီက ပြောလိုက်၏။
“ကျွန်မကို ကြည့်နေလို့ အသုံးမဝင်ဘူး။ တခြားသူတွေက အစားအသောက်နဲ့ ငွေစက္ကူအတွက် နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် စောင့်ဆိုင်းနေကြတာ။ ဒါပေမဲ့ သူက သူတို့ခေါင်းပေါ်က ဖြတ်ကျော်သွားတာ ။ဘယ်သူက ပြောနိုင်မှာလဲ”
ရွီလန်ထင်းသည် ထိုမြင်ကွင်းကို စိတ်ဝင်တစားကြည့်နေမိ၏။ သူ၏ ခယ်မက ဆိုးသွမ်းသည့် ကလေးများအပေါ် သင်ပြပေးသည့်နည်းက တကယ်ထူးကဲပြီး ဆိုးသွမ်းသည့် ကလေးက ဤကိစ္စကို ရှင်းရှင်းလင်းလင်း မှတ်မိနေလိမ့်မည်ဟု တွေးမိသည်။
ချင်ယွီစွေက ဘာမှ မပြောပေ။ ဤကလေးက သင်ခန်းစာ အပေးခံရသင့်သည်။
“ဘာ”
ရှောင်ကျင်းမြောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်လေ၏။
“ဒါကို ယုံနေသေးတယ်ပေါ့။ ရွှမ်းရွှမ်းက နေ့လည်တုန်းက အအေးမိသွားတာပဲ ဖြစ်မယ်။ အခုချက်ချင်း သူ့ကို ဆေးရုံပို့လိုက်မယ်”
အဖွားယွင်က ဘာမှ မပြောဘဲ ယွင်ရွှမ်းရွှမ်း၏ ဘောင်းဘီကို ဆွဲမလိုက်သည်။ ဒီတော့မှ ရှောင်ကျင်းမြောင်သည် သူမသမီး၏ ခြေချင်းဝတ်ပေါ်တွင် တစ်စုံတစ်ယောက်က သူမခြေသလုံးပေါ်တွင် ရိုက်ထားသည့် လက်ငါးချောင်းရာရှိနေသည်။ ထိုတင်မက ယွင်ရွှမ်းရွှမ်း၏ လက်မောင်းနှင့် နောက်ကျောတွင်လည်း ရိုက်ထားသော အရာများရှိနေကာ လူကြီးတစ်ယောက်၏ လက်အရွယ်အစားခန့်ရှိသည်။ ညိုမဲနေ၏။ တစ်ချက်ကြည့်ရုံဖြင့် မူမမှန်မှန်းသိရသည်။
ရှောင်ကျင်းမြောင်၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားကာ သူက တုန်ရီစွာ မေးလိုက်တော့သည်။
“ဘာတွေဖြစ်နေတာလဲ”
သူမ စိတ်ပျက်အားငယ်သွားစဉ် ယွင်ရွှမ်းရွှမ်းက ရုတ်တရပ် မတ်မတ်ရပ်ကာ သူမကို လက်ညိုးငေါက်ငေါက် ထိုးလျှက် စူးရှစွာပြောနေတာ တွေ့လိုက်ရသည်။
“နင်က ဘယ်လို မအေမျိုးလဲ။ ကလေးကို ဒီလို သွန်သင်နေတာ။ ကလေးက ငယ်ရွယ်ပြီး မသိတတ်ဘဲ ငါတို့ကို မလေးမစား လုပ်ရဲသေးတယ်။ နင်က လူကြီးတစ်ယောက် ကလေးကို ဘယ်လိုသွန်သင်ရမလဲ မသိဘူးလား။ ကလေးကို နင်ဘယ်လို သွန်သင်ရမလဲ မသိသေးရင် ငါတို့ နင့်ကလေးကို သွန်သင်ပေးမယ်”
ယင်းသည် အမယ်အို တစ်ဦး၏ အသံပဲဖြစ်သည်။
ရှောင်ကျင်းမြောင်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။ ယင်းက အဆုံးသတ် မဟုတ်သေးပေ။ ယွင်ရွှမ်းရွှမ်းက ရှောင်ကျင်းမြောင်ကို လက်ညိုးထိုးလျှက် သူမကို ဆယ်မိနစ်ကျော်ကြာ ဆူပူနေခဲ့သည်။ ဆူငေါက်ပြီးသည့်အချိန်၌ ယွင်ရွှမ်းရွှမ်းက မျက်ဆံလည်ကာ မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။
ရှောင်ကျင်းမြောင်က သက်ပြင်း ချလိုက်မိသော်ငြား နှစ်မိနစ်အတွင်း ယွင်ရွှမ်းရွှမ်းက ထရပ်လာကာ သူမဆီ လျှောက်လာလျှက် ပြောတော့သည်။
“နင်ရဲ့သမီးက ဒီနေ့ ငါတို့ကို မလေးမစားလုပ်ခဲ့တာ။ အခု ငါတို့ အသုံးပြုဖို့ သူ့ရဲ့ ခန္ဓာကိုယ်ကို ငှားချင်တယ်”
သူတို့သည် လူ့လောကဆီသို့ ခဲရခဲဆစ် တက်လာရတာပဲဖြစ်၏။ သူတို့ မိသားစုဝင်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်ခြင်းမရှိပေ။ နောက်ဆက်တွဲ ဆိုးကျိုးရှိနေသောကြောင့် သူတို့သည် လူတို့၏ ခန္ဓာကိုယ်ကို ဆန္ဒရှိသလို မပူးကပ်နိုင်ပေ၊ သူတို့ ပူးကပ်ခဲ့ပါက မြေအောက်လောကသို့ ရောက်လျှင် သူတို့ အပြစ်ပေးခံရလိမ့်မည်၊
သူတို့ထဲက တချို့သည် မိသားစုများနှင့် အဆက်အသွယ်နည်းပါးပြီး အိပ်မက်ထဲ သတင်းမပို့နိုင်၊ သူတို့၌ တောင်းဆိုစရာရှိလျှင် သူတို့ မိသားစုဝင်များကို မပြောနိုင်၊ ထို့ကြောင့် သူတို့ စိုးရိမ်ပူပန်နေ၏၊
130 04
သို့သော် ယခု အချိန်တွင် အကျိုးအကြောင်းသင့်နေ၏၊ သူတို့ကို အရင်ဆုံး မလေးမစားပြုခဲ့သည့်သူက ယွင်ရွှမ်းရွှမ်းဖြစ်သည်၊ ယခု သူတို့ ယွင်ရွှမ်းရွှမ်း၏ ကိုယ်ကို ငှားယူနိုင်ပြီးဖြစ်သည်၊ သူတို့ မိသားစုကို ပြောစရာရှိလျှင် သူတို့ အခု သွားပြောနိုင်သည်၊ ပြီးနောက် တမလွန်လောကသို့ ပြန်ရန် အကြောင်းပြချက် ရှိသွားလိမ့်မည်၊
ရှောင်ကျင်းမြောင်က သူ၏ သမီး စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာကို မြင်ရချိန်၌ သူမ ကြောက်လန့်သွားပြီး သူ့သမီးကို ဖက်ထားလျှက် စတင်ငိုယိုတော့သည်။
ယခုအချိန်၌ ယွင်ရွှမ်းရွှမ်းက အံ့ဩဖွယ်ကောင်းလောက်အောင် သန်မာနေပြီး ရှောင်ကျင်းမြောင်ကို ခြံဝင်းဆီ ဆွဲခေါ်သွားသည်။ ယွင်မောက်ကျန်းက ယွင်ယွီကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ယွင်ယွီက သက်ပြင်းချလိုက်၏။
“ဒုတိယဦးလေး သမီး မကူညီချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အကျိုးအကြောင်းဆိုတာရှိတယ်လေ။ သမီး ဝင်ပါလို့မရဘူး”
တကယ်ပင် သူမ မကူညီချင်သောကြောင့် မဟုတ်။ မဟုတ်လျှင် ဤသရဲ တစ္ဆေများသည် သူမဆီမှ စကားတစ်ခွန်းဖြင့် အဆင်အခြင်မဲ့စွာ ပြုမူရဲမှာမဟုတ်ပေ။ သူမသည် ယွင်ရွှမ်းရွှမ်း ဘယ်တော့မှ မေ့မှာ မဟုတ်သော သင်ခန်းစာတစ်ခု ပေးချင်ရုံသာဖြစ်သည်။ ဆိုရလျှင် သူမက ယွင်မိသားစုဝင်တစ်ယောက် ဖြစ်နေသေး၏။ ကယ်တင်၍ ရသည်ဟု ခံစားမိသည်။ သူမက ယွင်ရွှမ်းရွှမ်းကို ယွင်ဝေးဝေးကဲ့သို့ ကြီးပြင်းမလာစေချင်ပေ။ ထို့ကြောင့် သူမကို သင်ခန်းစာ တစ်ခေါက်ပေးပြီး သူမ မိသားစု သူမကို အလိုလိုက်ထားသောကြောင့် အပြင်ဘက်တွင် ဘာမဆို လုပ်၍ မရကြောင်း တစ်စုံတစ်ယောက်ကို သူမကို သင်ခန်းစာပေးလိမ့်မည်ဖြစ်ကြောင်း ပြောပြချင်၏။
ရှောင်ကျင်းမြောင်သည် လူတိုင်း ယွင်ယွီကို ကြည့်နေရသည့် အကြောင်းအရင်းကို မဖော်ထုတ်နိုင်သေးပေ။ ယွင်ယွီ ထိုသို့ပြောပြီးနောက် မည်သူမှ မပြောကြတော့ပေ။
ယွင်ယွီက ကလေးဆိုးကို သင်ကြားရာ၌ ဆိုးသွမ်းသူလဲဖြစ်၏။ သူမက ယွင်ရွှမ်းရွှမ်း အပြင်သို့ ထွက်သွားတာ ကြည့်နေသည်။ ယွင်ယွီက ပြောလိုက်လေသည်။
“အနောက်က လိုက်သွားဖို့ တစ်ယောက်ယောက် ရှာလိုက်။ အဖွားတို့ ပြန်သွားလို့ရပြီ။ သမီး လိုက်သွားလိုက်မယ်”
သူမသည် ယွင်ရွှမ်းရွှမ်း ဘာမှဖြစ်မှာ မဟုတ်ဟု အာမခံခဲ့သည်။ ယခုအခါ နှစ်သစ်ကူးနေ့ ဖြစ်သောကြောင့် ချင်ယွီစွေက သူမကို စိုးရိမ်ပူပန်သဖြင့် နောက်မှလိုက်လာ၏။
ရှောင်ကျင်းမြောင်ကလဲ ငိုယိုပြီး လိုက်လာသည်။ ဒုတိယဦးလေး၏ မိသားစုဝင်အားလုံး သူတို့နှင့် ပါလာသည်။
ယွင်ရွှမ်းရွှမ်းက တစ်ဖက်လမ်းရှိ တစ်စုံတစ်ခုရှာနေတာ မြင်သောအခါ ယွင်ယွီက မေးလိုက်တော့သည်။
“ဘယ်ကို သွားနေတာလဲ”
ယွင်ရွှမ်းရွှမ်းက လိပ်စာတစ်ခု ပြောလိုက်သည်။ အမျိုးသားကြီး တစ်ယောက်၏ အသံ ဖြစ်နေသေးသည်။
ရှောင်ကျင်းမြောင်က ပိုတောင် ငိုယိုလာပြီး အငိုလူသား ဖြစ်နေတော့သည်။
ယွင်ရွှမ်းရွှမ်း ညွှန်ပြသည့် နေရာက အနားရှိ ကျေးရွာဖြစ်ပြီး အတော်လေး လှမ်းသည်။ ထိုနေရာသို့ လမ်းလျှောက်သွားရန် အနည်းဆုံးတစ်နာရီခန့် အချိန်ယူရလိမ့်မည်။
ချင်ယွီစွေက သူမကို လိုက်ပို့ပေးချိန်တွင် ဆယ်မိနစ်ဝန်းကျင်၌ ရောက်သွားတော့သည်။
ပြီးနောက် သူတို့သည် ယွင်ရွှမ်းရွှမ်းနောက် လိုက်သွားကာ သူမ လယ်ကွင်းကြီးတစ်ခု ဆီလျှောက်သွားတာ ကြည့်နေမိသည် ။
******