← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

132 01

အပိုင်း 132

အသက်လေးဆယ် အရွယ်ခန့်ရှိသည့် အမျိုးသားသည် အရက်သောက်ပြီးနောက် အကြောက်မပြေသေးပေ။ သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“အဖေ မဟုတ်ဘူးလေ။ အခုက တရုတ်နှစ်ကူး ဆွေမျိုးတွေအားလုံး ပြန်ရောက်လာတာ သားနှစ်ခွက်ပဲ သောက်ရသေးတယ်။ ကျွန်တော် အရက်ဖြတ်လိုက်ပြီ။ တကယ်ပါ အဖေ ဘာကြောင့် ဒီလိုပြန်လာတာလဲ”

လျိုယုံကွေ့က ထိုသို့ပြောနေစဉ် ကလေးနောက်ရှိ လူကြီးများကို ကြည့်လိုက်၏။

ယွင်ယွီက ငြင်သာစွာပြောလိုက်တော့သည်။

“ကျွန်မတို့အိမ်က ကလေးဆိုးလေးက နေ့လည်တုန်းက ကျွန်မတို့ ဘိုးဘွားကန်တော့ဖို့ သွားတဲ့အချိန် ရှင့်အိမ်က လူကြီးတွေကို မလေးမစားပြုမိခဲ့တယ်လေ။ ဒါကြောင့်သူက သင်ခန်းစာပေးတာ။ ရှင့်အိမ်က လူကြီးတွေက အုတ်ဂူပြန်ပြင်ဖို့ ပြောပြီးပြီဆိုတော့ ဒီအကြောင်းကို မမေ့လိုက်နဲ့။ ကျွန်မကလေးကို လွှတ်ပေးပါအုံး”

သူမ၏ အသံက ငြင်သာသော်ငြား ယွင်ရွှမ်းရွှမ်းကို ပူးကပ်နေသော တစ္ဆေက ချက်ချင်း ခွာသွားလေ၏။ ယွင်ရွှမ်းရွှမ်းက နောက်သို့ ပြုတ်ကျသွားကာ ယွင်မောက်ကျန်းက အမြန်လှမ်းပွေ့လိုက်၏။

လျိုယုံကွေ့နှင့် သူ၏ ဇနီးကလဲ ကြက်သေ သေနေတော့သည် ။

ယွင်ယွီက ပြောလိုက်လေ၏။

“ရှင်တို့ကို နှောက်ယှက်မိတာ တောင်းပန်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်ကူးဖြစ်ပါစေ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးနောက် သူတို့ လှည့်ထွက်သွားတော့သည် လျိုမိသားစုက မတုန့်ပြန်ရသေးခင် သူတို့က ကားထဲဝင်သွားနှင့်ပြီ ဖြစ်သည်။

လျို လင်မယားသည် တစ်ယောက်နှင့် တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိ၏။ လျိုယုံကွေ့၏ ဇနီးက မေးလိုက်တော့သည်။

“ကျွန်မတို့ အဖေက ရှင့်အိပ်မက်ထဲမှာ တကယ်ပေါ်လာတာလား”

လျိုယုံကွေ့က တစ်ခဏခန့် စဉ်းစားပြီးနောက် ပြောလိုက်၏။

“အင်း အမှန်တကယ် ပေါ်လာတဲ့ ပုံပဲ။ အိပ်မက်လို့ထင်ပြီး အလေးမထားခဲ့မိတာ။ အဖေ့ရဲ့ အုတ်ဂူက မိုးယိုနေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ”

“ရှင်က ဒီလိုလူပဲ နိုးနိုးချင်း ဒီလို ကိစ္စကြီးကို မေ့သွားတယ်ပေါ့”

အမျိုးသမီးက ဒေါသတကြီး ပြောလိုက်၏။

“မနက်ဖြန်ကျ အဖေ့အုတ်ဂူကို ပြင်ပေးဖို့ လူရှာကြရအောင်’

လျိုယုံကွေ့သည့် အရက်မမူးတော့သော်ငြား မမေးဘဲ မနေနိုင်တော့ချေ။

“အစောတုန်းက အဲ့ဒီလူတွေက ဘယ်သူတွေလဲ ငါတို့အဖေက သူတို့ကို ဘယ်လိုရှာခဲ့တာလဲ။ တကယ်ထူးဆန်းတာပဲ”

ထိုအမျိုးသမီးက ဇဝေဇဝါဖြင့် ပြောလိုက်လေ၏ ။

“ဟယ်ချင်းရွာက ဆရာယွင် ဖြစ်လောက်တယ်။ သူ့အကြောင်း ကြားဖူးတယ်။ သူက အင်မတန် အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်။ သူက ကလေးမွေးတော့မှာမလို့ အလုပ်လက်ခံတာ ရပ်လိုက်တာ။ အဲဒီမိန်းကလေးရဲ့ ဗိုက်က အတော်လေးကြီးနေတာ တွေ့လိုက်ရတယ်။ သူ ဆရာယွင်ပဲဖြစ်ရမယ်။ ကျွန်မတို့အဖေက အဲဒီကလေးနဲ့ ပက်သက်သွားမိတဲ့ ပုံကိုတော့ နားမလည်ဘူး။ သူက ကျွန်မတို့ဆီ လာပြောပြတယ်ဆိုတော့ မနက်ဖြန်ကျ ကျေးဇူးတင်စကားပြောဖို့ ပစ္စည်းတွေ ယူသွားအုံးမယ်”

လျိုယုံကွေ့က ခေါင်းညိတ်လိုက်၏။

သူ အလွန်ဝမ်းနည်းနေမိသည်။

132 02

အိမ်ပြန်လမ်း၌ ယွင်ရွှမ်းရွှမ်းက နိုးမလာပေ။ ရှောင်ကျင်းမြောင်က သူမကို ပွေ့ထားလျှက် ရှိုက်ငိုနေကာ ယွင်ယွီကို ရံဖန်ရံခါ ကြည့်နေလေ၏။ ယွင်ယွီက မရိုးရှင်းမှန်း သူမ သဘောပေါက်ပြီဖြစ်သည်။

ယွင်အိမ်သို့ ပြန်သွားပြီးနောက် ယွင်ရွှမ်းရွှမ်း နိုးလာပြန်ကာ ရှောင်ကျင်းမြောင်ကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး သူမကို ကျိန်ဆဲလေ၏။ ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီစကြည့်တော့သည် ။

သူက ဟွမ်းမိန် အော်ပရာကို အလေးအနက်ကြည့်နေတော့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်တော့သည်။

“တော်လောက်ပြီ”

ဟွမ်းမိန် အော်ပရာပရိတ်သတ်ကို တွေ့ကြုံပြီးနောက် ယွင်ရွှမ်းရွှမ်းသည် ဝက်နံရိုးတစ်ပန်းကန် စားခဲ့၏။ နောက်တစ်ယောက်ကမူ ရေကူးချင်ကြောင်း ပြောလာသည်။ ယွင်ယွီ စိမ်းစိမ်းဝါးဝါးစိုက်ကြည့်တာ ခံရပြီးနောက် ပါးစပ်ပိတ်သွားလေ၏။ ဆယ်နာရီခွဲကျော်ပြီးတော့မှ နောက်ဆုံးတွင် ယွင်ရွှမ်းရွှမ်းသည် ငြိမ်ကျသွားတော့သည်။

သူမ တက်နင်းခဲ့သည် အုတ်ဂူပိုင်ရှင်အားလုံး၏ ဆန္ဒများကို ဖြည့်ဆည်းပေးပြီးနောက် ဆန္ဒအားလုံး ပြည့်ဝသွားကာ တချို့ကမူ နောက်ဘဝ၌ အဆင်ပြေမှုများ ရရှိသွားပြီဖြစ်သည်။

သို့တိုင် သူတို့က ထွက်မသွားချင်သေးပေ။ ယွင်ယွီက သူတို့ကို ကြည့်ကာ မေးလိုက်လေ၏ ။

“ရှင်တို့လဲ ဒီကလေးကို ညင်းပန်းပြီးပြီပဲ။ ဘာတွေမကျေမနပ် ဖြစ်နေသေးတာလဲ”

သူတို့က တောင်းဆိုလိုက်၏ ။

“ဒါမလုံလောက်သေးဘူး။ ငါတို့ကို တောင်းပန်ပြီး ငါတို့အတွက် ငွေစက္ကူတွေ မီးရှို့ပေးဖို့ လိုတယ်”

သူတို့မိသားစုက သူတို့အတွက် ရှို့ပေးသည့် အရာများက မလုံလောက်ပေ။ မြေအောက်လောကသို့ ပြန်သွားပြီးနောက် အရာရှိများနှင့် တရားသူကြီးကို လာဘ်ထိုးရအုံးမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် များများ သုံးစရာမရှိပေ။

ယွင်ယွီက ယနေ့၌ စကားပြောရ လွယ်နေလေ၏။

“ကောင်းပြီ ကျွန်မ သူ့ကို နိုးပြီး ရှင်တို့ကို တောင်းပန်ခိုင်းလိုက်မယ်။ ပြီးရင် ရှင်တို့အတွက် အစားအသောက် ပိုချက်ပြုတ်ထားပေးဖို့ သူ့မိသားစုကို ပြောလိုက်မယ်”

သူမက ယွင်ရွှမ်းရွှမ်း၏ နဖူးကို ထိလိုက်တော့သည်။ ယွင်ရွှမ်းရွမ်း၏ ဇဝေဇဝါဖြင့် မျက်လုံးဖွင့်လိုက်ကာ မျက်နှာ ဖြူဖျော့နေသ။ည် မျက်နှာပေါ်တွင် ဂျုံမှုန့် အလွှာများရှိကာ အနက်ရောင် မျက်တွင်းနက်များရှိပြီး မြေပြင်ကို ခြေထောက်မထိသည့် သူများကို မြင်လိုက်သောအခါ ကြောက်လန့်တကြား အော်လိုက်လေ၏။

“အမလေး သရဲ”

ရှောင်ကျင်းမြောင်သည် ထိုအရာကို မမြင်နိုင်ပေ။ သို့သော်ငြား သူမသမီး ဤသို့ပြုမူနေတာကို မြင်သောအခါ စိတ်ဓာတ်ကျပြီး ငိုမိလုနီးပါး ဖြစ်သွားတော့သည်။

“ရွှမ်းရွှမ်းရဲ့ သူဘယ်လို ဒုက္ခမျိုးခံစားနေရတာပါလဲ”

ယွင်ရွှမ်းရွှမ်းသည် ကြောက်လန့်လွန်းသောကြောင့် ခြေထောက်ကို ကန်ကြောက်နေကာ သူတို့ဆီမှ ထွက်ပြေးရန် ကြိုစားနေ၏။

အဖွားအို တစ်ယောက်သည် ယွင်ရွှမ်းရွှမ်းကို စိုက်ကြည့်လျက် ပြောလိုက်တော့သည်။

“အခုချက်ချင်း ညည်းငါတို့ကို ဘာလို့ မတောင်းပန်တာလဲ”

ယွင်ရွှမ်းရွှမ်းက အက်ကွဲရှိုက်သံ ပေါ်လာပြီး သူမ အချိန်မရွေး မေ့လဲတော့မည့်ပုံ ပေါ်နေလေ၏။

ယွင်ယွီက ယွင်ရွှမ်းရွှမ်း၏ ကျောပေါ် လက်ဝါးတင်ကာ သူက စိတ်တည်ငြိမ်စေရန် ဝိဉာဉ်စွမ်းရည် အနည်းငယ် သွင်းပေးရင်း ပြောလိုက်သည်။

132 03

“ဒါတွေအားလုံး ဒီနေ့ နင် သူတို့ကို မလေးမစားလုပ်မိတာကြောင့် သူတို့ အုတ်ဂူထဲက ထွက်လာပြီး နင့်နောက် လိုက်လာတာပဲ။ သူတို့ နင့်ဆီက တောင်းပန်တာလိုချင်ရုံပဲ။ ယွင်ရွှမ်းရွှမ်း သူတို့ကို တောင်းပန်လိုက်”

ယွင်ရွှမ်းရွှမ်းက မျက်ရည်များ ပြည့်နှက်လျှက်နှာတစ်ရှုံ့ရှုံ့ဖြစ်ကာ ရှိုက်ငိုလေ၏။ သူမ ယွင်ယွီကို ကြည့်လိုက်တော့သည် ။

“အစ်မရော သူတို့ကို မြင်နိုင်တာလား”

မိသားစုထဲရှိ မည်သူကမှ ထိုအရာများကို မမြင်နိုင်မှန်း သူမသိလိုက်၏။ သူမ ကြောက်လန့်လွန်းသောကြောင့် ဆီးထွက်ကျလုနီးပါး ဖြစ်သွားသည်။ ထိုအရာများ ရပ်နေသည့် နေရာကို စိုက်ကြည့်နေသည့် သူမ အစ်မ ဝမ်းခွဲမှအပ လူတိုင်း ပုံမှန်ဖြစ်နေ၏။ သို့သော်ငြား သူမအစ်မ၏ မျက်နှာထကက်တွင် ကြောက်လန့်မှုမရှိပေ။

ယွင်ယွီက ပြောလိုက်တော့သည်။

“ထရပ်ပြီး သူတို့ကို တောင်းပန်လိုက်။ နင်အရင် အမှားလုပ်ခဲ့တာ။ သူတို့က ဆွေမျိုးတွေ မဟုတ်ဘူး။ နင့်ကို သည်းခံပေးမှာ မဟုတ်ဘူး”

ယွင်ရွှမ်းရွှမ်းသည် ရုတ်တရပ် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံပေါ်၏။

သူမ မတုန်အောင် အားတင်းလျှက် ဆိုဖာပေါ်မှ ထရပ်ကာ ထိုအရာများကို ဦးညွှတ်လိုက်တော့သည်။

“သမီး တောင်းပန်ပါတယ် သမီး အဖွားတို့ရဲ့ အုတ်ဂူကို တက်မနင်းခဲ့သင့်ဘူး။ သမီး ထပ်မလုပ်ရဲတော့ပါဘူး”

သူတို့အားလုံး တိတ်ဆိတ်နေကြ၏။ ယွင်ရွှမ်းရွှမ်းက စကားမပြောရဲဘဲ ထိုနေရာတွင် တုန်ယင်စွာရပ်ရုံသာ ရပ်နေ၏။

ယွင်ယွီက ရှောင်ကျင်းမြောင်ကို ပြောလိုက်သည်။

“ဒုတိယဒေါ်လေး ဒေါ်လေးကို ဒုက္ခပေးရအုံးမယ်။ ဒေါ်လေးမြို့သွားပြီး ရွှေစနဲ့ ငွေစက္ကူတွေ ဝယ်ဖို့လိုတ။ယ် အခု မီးရှို့ပေးရမှာ”

ရှောင်ကျင်းမြောင်၏ မျက်လုံးက ယောင်ကိုင်းနေကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောနေ၏။

“ဒါပေမဲ့ ညဆယ်နာရီခွဲနေပြီး အဲဒီပစ္စည်းတွေကို ဘယ်နေရာမှာ သွားဝယ်ရမှာလဲ”

ယခုအခေါက်တွင်မူ ယွင်ယွီပြောမှာကို မစောင့်ဘဲ ယွင်မောက်ကျန်းက ပြောလိုက်လေသည်။

“အဲဒါတွေကို မဝယ်ရင် သူတို့ ရွှမ်းရွှမ်းနောက် ဆက်လိုက်နေတာကို စောင့်နေရုံပဲ”

“ကျွန်မ ဝယ်မယ်။ ကျွန်မဝယ်ဖို့ အဆင်မပြေတာမှ မဟုတ်တာ”

သူတို့က ငိုချင်လာပြန်၏။ နောက်ဆုံးတွင် ရှောင်ကျင်းမြောင်နှင့် ယွင်မောက်ကျန်းတို့သည် ညလည်ခေါင်၌ မြို့ရှိ ဖယောင်းတိုင်ရောင်းသည့် ဆိုင်သို့သွားကာ အချိန်အတော်ကြာ တံခါးခေါက်ခဲ့ပြီး သူတို့ ရွှေစများနှင့် ငွေစက္ကူများ ဝယ်ခဲ့၏။ ယွင်အိမ်သို့ ပြန်ရောက်လာချိန်တွင် လမ်းတစ်ဖက်ရှိ ထိုသတ္တဝါများအတွက် အစားအသောက်များ မီးရှို့ပေးလိုက်ရာ သူတို့ စိတ်ကျေနပ်စွာ ထွက်သွားတော့သည်။

ယွင်ရွှမ်းရွှမ်းက ကြောက်လန့်လွန်းသဖြင့် အိပ်မောကျသွားသည်။ သူမ၏ နဖူးက ပူနေသေး၏။ သူမ ရက်အနည်းငယ်ကြာအောင် မသက်မသာဖြစ်နေမှာ သေချာသည်။

ညလည်ခေါင် ရောက်နေပြီဖြစ်သည်။ ယင်းက ယွင်မိသားစုသူတို့ နှစ်ကူးကို ကုန်ဆုံးလိုက်ရပုံဖြစ်သည်။ ယွင်ယွီကမူ ယင်းကို ကိစ္စကြီးဟု မထင်ပေ။ အဖွားယွင်ကမူ အလွန်ပျော်ရွှင်နေ၏ ။

“အမြစ်ကို လှန်လို့မရဘူး။ ရွှမ်းရွှမ်းက အသက် ဆယ်နှစ်နှစ် ရောက်နေပြီ။ သူ့ကို မသွန်သင်ရင် နောက်ကျသွားလိမ့်မယ်။ သူ့ကို တစ်သက်လုံး အလိုလိုက်နေလို့ မရဘူးလေ။ သူ့ကို သင်ခန်းစာပေးဖို့လိုတယ်။ သူလူ့အသိုင်းအဝိုင်းထဲဝင်ရင် ကြုံတွေ့လာရမှာတွေ သိခွင့်ပေးဖို့လိုတယ်။ သူက တခြားသူတွေကို လေးစားမှုမရှိဘဲ မလေးမစားလုပ်ခဲ့ရင် သူ့ကို အပြင်လူတွေက သင်ခန်းစာပေးမှာ သဘာဝပဲလေ။ အဲဒီအချိန်ကျ နောက်ဆက်တွဲက ဒီကထက်ပိုဆိုးမှာ”

ယွင်ယွီကြောင့် ယွင်မိသားစုဝင်များသည် သေသူများအပေါ် မနှစ်သက်တာမျိုး သိပ်မရှိပေ။ သူတို့ကို အကောင်းအဆိုးခွဲနိုင်၏။ အများစုက ဒုက္ခမပေးကြပေ။

ထိုအရာများအပေါ် ပုံမှန်အတိုင်း ဆက်ဆံနိုင်သည် ။

နောက်ကျနေပြီဖြစ်သောကြောင့် လူတိုင်း အခန်းဝင်ပြီး အနားယူကြတော့သည်။

++++++

All Chapters