အခန်း ၁၃၃
Vol. 14 Ch. 133
133 01
အပိုင်း 133
နောက်တစ်နေ့တွင် ယွင်ရွှမ်းရွှမ်းက အိပ်မောကျနေသေး၏။ သူမက အနည်းငယ် မသက်မသာ ဖြစ်နေသေးကာ အဖျားနည်းနည်း ရှိနေသေး၏။ ယွင်ယွီက တရုတ်တိုင်းရင်းဆေးတချို့ကို ယူပြီး အဟာရရှိစွာချက်ကာ ယွင်ရွှမ်းရွှမ်းအတွက် စိတ်ငြိမ်ဆေး လုပ်ပေးလိုက်သည် ။
ထိုအရာများပူကပ်ခံရလျှင် ဝိဉာဉ်သည် အနည်းငယ် မတည်မငြိမ်ဖြစ်နေလိမ့်မည်။ စိတ်ငြိမ်ဟင်းချိုကို သောက်ပြီးနောက် သူမသည် စိတ်ငြိမ်အဆောင်ပေးမှာပဲ ဖြစ်သည်။ နောက်ဆက်တွဲအရာများ ရှိတော့မည် မဟုတ်ပေ။
ယွင်ရွှမ်းရွှမ်းက ယွင်ယွီကို လေးစားအံ့ဩစွာ ကြည့်လိုက်လေ၏။ သူက မေးလိုက်လေသည်။
“အစ်မယွင်ယွီ အဲဒါတွေကို မြင်နိုင်တာလား”
ယွင်ယွီက ခေါင်းညိတ်လိုက်သည်။
“မြင်နိုင်တယ်”
“အစ်မက သရဲ တစ္ဆေ ဝိဉာဉ်တွေကို မြင်နိုင်တဲ့ စွမ်းရည်နဲ့ မွေးဖွားလာတာလား”
ထိုသို့ မေးပြီးနောက် ယွင်ရွှမ်းရွှမ်းက အံ့ဩမှုများသာ ပြည့်နေတော့သည်။
ယွင်ယွီက ပြောလိုက်လေ၏ ။
“တကယ်တော့ အဲ့လိုမဟုတ်ဘူး မှန်မှန်လေး ကျင့်ကြံသွားရင် ကျင့်ကြံမှု လုံလောက်လာတာနဲ သူတို့ကို မြင်နိုင်လိမ့်မယ်”
ယွင်ရွှမ်းရွှမ်းက တစ်စုံတစ်ခုကို ဇွတ်တွေးနေပုံပေါ်၏။ သူမ တကယ် ရူးမိုက်ပြီး သတ္တိရှိသည်။ သူမက နောက်ဆက်တွဲများ မခံစားရဘဲ စွမ်းအင်ဖြတ်လတ် တက်ကြွမှု အပြည့်သာရှိနေသည်။ ထိုအစား ရှောင်ကျင်းမြောင်ကသာ နေမကောင်းဖြစ်သွားပြီး အိပ်ယာထဲ လဲသွားလေသည်။ ဤဖြစ်ရပ် ပြီးနောက် ယွင်ရွှမ်းရွှမ်းသည် ပိုမို ထိန်းချုပ်မှုရှိလာကာ ယွင်ယွီကို စကားကို နားထောင်ပြီး ယွင်ယွီ နားကပ်နေတော့သည်။
ယွင်ယွီထံမှ တောင်းထားသည့် လည်ဆွဲကိုတောင် ပြန်ပေးလိုက်သည်။ ယွင်ယွီက ပြုံးလျှက် သူမကို တစ်စုံတစ်ခု ပေးလိုက်ပြန်သည်။
“ညီမသာ စာသေချာလေ့လာပြီး ယဉ်ယဉ်ကျေးကျေးနေသ၍ လိုချင်တာတွေ ဝယ်ပေးမယ်”
ယွင်ရွှမ်းရွှမ်းက ပစ္စည်းများကို တွန့်ဆုတ်စွာ ယူလိုက်ပြီးနောက် နောက်ဆုံး၌ ယွင်ယွီကို ကြိတ်ပြောလိုက်တော့သည်။
“အစ်မ ညီမအရင်က လုပ်တာ မှားနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အမေက သမီးဘာလုပ်လုပ် ဘာမှ မပြောခဲ့ဘူး။ အဖေဆိုရင်လဲ အမြဲတမ်း ကာကွယ်ပေးတာ ။ကျောင်းမှာ ပြဿနာတက်ရင် အမေက ကျောင်းလိုက်လာပြီး တခြားသူတွေရဲ့ မိဘတွေကို ပြောဆိုတတ်တယ်။ သမီးအမေက ဒီလို သင်ပေးထားတော့ သမီး ဒီလို ပြုမူနေမိတာ။ တစ်ခါတလေကျ ဒါမကောင်းဘူလို့ သမီးလဲ ခံစားမိတယ်”
သို့သော် သူမ မိဘများ၏ လွှမ်းမိုးမှုက သူမ အပေါ်ကြီးမားလွန်း၏။
ယခုအခါ သူမ သင်ခန်းစာကြီးစွာ ရထားပြီဖြစ်သည်။ သူမ ပူးကပ်ခံရသည့် ခံစားချက်ကို ရှင်းရှင်းလင်းလင်း မမှတ်မိသော်ငြား ခန္ဓာကိုယ်၏ အအေးဓာတ်နှင့် သူမအရိုးထဲမှ စိမ့်ထွက်နေသည့် အအေးဓာတ်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပေ။
သူမ မှားယွင်းသည့် ကိစ္စများစွာ လုပ်ခဲ့မိပုံပေါ်၏။ သူမ မိခင် သူမကို ဤသို့ ကာကွယ်ပေးတာလဲ မှားသည် ။
ယွင်ယွီက သက်ပြင်း ချလိုက်တော့သည် ။
တချို့မိဘက သာဓကဖြင့် သင်ကြားပြသ ပေးရတာဖြစ်သည်။ သူတို့ ကလေးများအတွက် သာဓကကောင်းတစ်ရပ် တည်ဆောက်ပေးရမည် ။
133 02
ယွင်ယွီက ပြောလိုက်သည်။
“ဒါမဟုတ်သေးဘူး။ ရွှမ်းရွှမ်း သမီးက အသက် ဆယ့်နှစ်နှစ်ရောက်နေပြီ။ အမှန်အမှားခွဲခြား နိုင်တယ်လေ။ ဒီတော့ လိမ္မာတဲ့ ကလေးဖြစ်အောင်နေပြီး စာကြိုးစားဖို့ ပိုမျှော်လင့်တယ်”
“အစ်မ သမီး နားလည်ပါပြီ”
မည်သို့ပင်ဆိုစေ ဤသင်ခန်းစာရပြီးနောက် ကလေးက ပြောင်းလဲသွားလိမ့်မည်။
နှစ်သစ်ကူး၏ ခုနှစ်ရက်မြောက်နေ့တွင် ဒုတိယဦးလေးက အလုပ် ပြန်သွားရတော့မှာဖြစ်ကာ ယွင်ရွှမ်းရွှမ်းနှင့် ကျန်သည့်သူများသည် ဟယ်ချင်းရွာမှ ထွက်သွားတော့သည်။ ထွက်သွားနေစဉ်အတွင်း ယွင်ရွှမ်းရွှမ်းက ယွင်ယွီကို ဆက်သွယ်ရန် အချက်အလက် မေးခဲ့သည်။ သူမ စာကြိုးစား လေ့လာမည့် အကြောင်းလဲ ပြောခဲ့ကာ သူမအတွက် ဖုန်းတစ်လုံး သူမ အဖေကို ဝယ်ခိုင်းခဲ့သည်။ သို့မှသာ သူမ အချိန်ရှိချိန်၌ ယွင်ယွီကို ဆက်သွယ်နိုင်မှာပဲဖြစ်သည် ။
ယွင်ယွီသည် ကလေးအား ဝီချက်အကောင့် ပေးထားလိုက်၏။ ရွှမ်းရွှမ်းသာ ပြောင်းလဲလိုစိတ် ရှိသ၍ သူမကူညီဖို့ ဆန္ဒရှိသည်။
နှစ်သစ်ကူး၏ အဌမမြောက်နေ့တွင် ပထမဦးလေးမိသားစုလဲ ထွက်သွားတော့သည်။
ဆယ်ရက်မြောက်နေ့တွင် မေကျင်းနှင့် ယွင်ရှန်းတို့က အထက်တန်းကျောင်း စီနီယာနှစ်ကို စတင်ပြီဖြစ်သည်။ သူတို့က နောက်ဆုံးအားလပ်ရက် ရသွားပြီး ကျောင်းစသွားရတော့မှာပဲ ဖြစ်သည်။ သူတို့ ဇွန်လ၌ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စာလေ့လာမှုက အင်မတန် တင်းကြပ်သည်။
ယွင်ယွီသည် ကျောက်စိမ်းတုံးမှ အကြွင်းအကျန်လေးများဖြင့် ကျောက်စိမ်းပုတီးလုံးလေးများ လုပ်ကာ ကြိုးနီဖြင့် ချည်လျှက် မေကျင်းအား ပေးလိုက်တော့သည်။ ယင်းသည် အဆင့်နိမ့် ကာကွယ်ရေး မှော်လက်နက် တစ်ခုဖြစ်ကာ တစ်ခုကျန်နေသေးသည်။ သူမက ရွှမ်းရွှမ်းအား မပေးခင် ရွှမ်းရွှမ်း လိမ္မာလာသည်အထိ စောင့်ဖို့ ပြင်ဆင်ထားသည်။ သူမနှင့် ယွင်လန်အပြင် မိသားစုရှိ ကျန်သည့် မိန်းကလေးများက မေကျင်းနှင့် ယွင်ရွှမ်းရွှမ်းပဲရှိ၏။ ယွင်မိသားစုထဲရှိ မိန်းကလေးများ အဆင်ပြေနေစေဖို့ သူမ တကယ်မျှော်လင့်မိသည်။
ယွင်ယွီ၏ဦးလေး ထွက်သွားပြီးနောက် ရွီလန်ထင်းကလဲ ထွက်သွားကာ မြို့တော်သို့ ပြန်သွားသည်။ သူသည် အိမ်၌ ရက်ပေါင်းများစွာနေခဲ့သည်။ သူထွက်သွားချိန်၌ ယွင်မိသားစုဝင်များကို လက်ဆောင်များ ပေးခဲ့၏။ ယွင်ယွီ အဖွားယွင် အမေယွင်တို့ကို လက်ဝတ်ရတနာများ ပေးခဲ့သည်။ ပြီးနောက် သူက လှည့်ကြည့်မိရာ ယွင်လန်ကို မတွေ့ရပေ။ သူမ ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ရှိနေမှန်း သိလောက်သောကြောင့် လက်ဆောင်များ ယူသွားကာ သူမကို သွားရှာလေ၏။
ထိုစဉ် ယွင်ယွီက ယွင်မိသားစု ခြံဝန်းထဲတွင် ထိုင်လျှက် နေပူစာလုံနေသည် ။
ရွီလန်ထင်းဆီမှ လက်ဆောင် ယူပြီး သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် သူမသည် သူက တောင်ပေါ်သို့ လက်ဆောင်သေတ္တာတစ်ခု သယ်သွားတာကို တွေ့လိုက်ရ၏။ သူမ၏ အစ်မကို သွားရှာတော့မည်မှန်း သိလိုက်သည်။ ယွင်ယွီက သူ့နောက်ကျောကို တွေးတွေးဆဆဖြင့် ကြည့်လိုက်တော့သည်။
ရွီလန်ထင်းသည် အပန်းဖြေအိမ်ယာ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွက်သွက်လေး သွားလိုက်ရာ လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားသည့် ယွင်လန်က တစ်စုံတစ်ခု စစ်ဆေးနေတာကို တွေ့လိုက်ရသည်။
ယွင်လန်သည် ယနေ့တွင် ကုလားအုတ်ရောင် ကုတ်အင်္ကျီကို ဝတ်ထား။၏ သူမ၌ သွယ်လျှသော ခန္ဓာရှိကာ အနက်ရောင် ဆံပင်များကို သမာန်ကာ လျှံကာ ချည်ထားလေ၏ ။
ဆံနွယ်တချို့က နားရွက်နောက် ကျနေလျှက် လေအဝေ့တွင် သူမပါးကို ညင်သာစွာ ထိသွားတော့သည်။ ယွင်လန်က ယွင်ယွီနှင့် နှစ်ပုံသုံးပုံခန့်သာ ဆင်တူ၏။ ယွင်ယွီတွင်မူ နူးနယ်သည့် ကျောက်စိမ်းကဲ့သို့ သွင်ပြင်ရှိကာ ယွင်လန်တွင်မူ သူမ၏ အမည်အတိုင်း လန်းဆန်းကာ ကျော့ရှင်းသည့် သစ်ခွပန်းကဲ့သို့ သွင်ပြင်မျိုးရှိသည်။
သူမ၌ ကြင်နာတတ်သော ကိုယ်ရည်ကိုယ်သွေးမျိုးရှိပြီး အသားဖြူ၏။ လူတို့ကို စကားပြောချိန်တွင် အမြဲတစေ ညင်သာစွာပြောကာ ဘယ်တော့မှ ကျယ်ကျယ်လောင်လောင် ပြောလေ့မရှိပေ။
133 03
ရွီလန်ထင်းသည် သူ မည်သည့်အတွက် ကြောင့် စိတ်လောနေမှန်း မသိပေ။ သူ ယွင်လန် အနားသို့ သွားကာ ပခုံးကို ညင်သာစွာ ပုတ်လိုက်လေ၏။ ယွင်လန်က လှည့်ကြည့်မိချိန် သူဖြစ်နေတာကို တွေ့လိုက်ရသောကြောင့် သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
“မစ္စတာရွီ ဒီကို ဘာလို့ရောက်နေတာလဲ”
ရွီလန်ထင်းက သူမကို စိုက်ကြည့်ပြီး ပြောလိုက်၏ ။
“ဒီရက်တွေထဲ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ဒီနေ့ မြို့တော်ကို ပြန်သွားရတော့မယ်။ ဒါကြောင့် နှုတ်ဆက်စကားလာပြောတာပါ”
သူသည် လက်ဆောင်အား ယွင်လန်ကို ပေးလိုက်၏။
“ဒါက အမျိုးသမီးသုံး နာရီပါ။ ခင်ဗျားအတွက်ပေးတာ ယွင်ယွီ အဖွားယွင်နဲ့ အမေယွင်တို့လဲ ရပြီးပြီ”
ယွင်လန်က မယူဘဲ ပြုံးရုံပဲ ပြုံးပြလျှက်ပြောလိုက်သည်။
“မစ္စတာရွီ ဒီလို လုပ်ဖို့ မလိုပါဘူး။ ကျွန်မ ဘာမှ မလုပ်ပေးခဲ့ဖူးဘူး။ ရှင်က မတ်လေးရဲ့ မိတ်ဆွေပဲ”
ရွီလန်ထင်းက လက်ဆောင်သေတ္တာကို ကိုင်ထားပြီး ပြောလိုက်၏။
“ဒါက ကျုပ် အသိအမှတ်ပြုမှုရဲ့ အမှတ်အသားလေး တစ်ခုပါပဲ။ ကျေးဇူးပြုပြီး ယူပါ။ မလိုချင်ရင် ကျုပ် ဒီနေ့သွားမှာ မဟုတ်ဘူး”
ယွင်လန်သည် ရီရမလားငိုရမလား မသိတော့ပေ။ ထို့ကြောင့် သူ့လက်ထဲမှ လက်ဆောင်ကို ယူလျှက် ပြုံးကာ ပြောလိုက်လေ၏။
“မစ္စတာရွီ ကျေးဇူးပါပဲ”
ရွီလန်ထင်းက သူမ မျက်လုံးကို စိုက်ကြည့်နေသေးကာ ညင်သာစွာပြောလိုက်၏ ။
“ဒါဆို ကျွန်တော်သွားတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
“နှုတ်ဆက်ပါတယ် မစ္စတာရွီ”
ရွီလန်ထင်း ထွက်သွားပြီနောက် ယွင်လန်သည် လက်ဆောင်ဘူးကို ဖွင့်လိုက်ရာတွင် အမျိုးသမီးဝတ်နာရီတစ်ခု ပါနေတာ တွေ့လိုက်ရ၏။ သွယ်လျှပြီး လှပကာ ကျော့ရှင်းသည့် ငွေမျှင်ရောင် လက်ပတ်ကြိုးနှင့် ဖြစ်သည်။ သူမက နာရီကို စိုက်ကြည့်လျှက် ဖေးဟယ်သည် သူမနှင့် စုံတွဲနာရီ ဝယ်ချင်ကြောင်းပြောခဲ့တာကို အမှတ်ရသွားသည်။ ယင်းက တန်ဖိုးကြီးလွန်းသောကြောင့် သူတို့ လက်ထပ်ပြီးမှ ဝယ်မည်ဟု ပြောခဲ့သည် ။
ယွင်လန်၏ မျက်လုံးထဲတွင် ဖြည်းဖြည်းချင်း အောင်မြင်မှုများ ပြည့်သွားတော့သည် ။
ရွီလန်ထင်း ထွက်သွားပြီးနောက် ယွင်မိသားစုဆိုင်က စဖွင့်တော့သည် ။
မနက်အစောပိုင်း၌ လူများပြည့်နေတော့သည်။ ဧည့်သည်တစ်ယောက်က ပြောသည်။
“ဆိုင်ရှင်တို့ အနားယူတာကလဲ ကြာလိုက်တာ။ ကျုပ်ရဲ့ ကလေးတွေက ခင်ဗျားတို့ မနက်စာကို လွမ်းနေတာ။ ဒါပေမဲ့ အိမ်မှာ ကောင်းကောင်း မစားနိုင်ကြဘူး”
လူအများက ခေါင်းညိတ်လိုက်ကြ၏ ။
ဆယ်ရက်မြောက်နေ့တွင် ယွင်ရှန်းလဲ ကျောင်းသွားရတော့သည်။
ယွင်မိသားစု၌ အားလပ်ချိန်တချို့ ရှိခဲ့သည်။ နှစ်သစ်ကူး ကာလအတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အသင်းက အားလပ်ရက် သုံးရက် ရခဲ့သည်။ တတိယမြောက်နေ့ကျမှ အလုပ်စလုပ်၏။ သူတို့က ယွင်ယွီနှင့် ဝူတာ့ရှန်းတို့ လဲထားသည့် မြေများကို တူးပေးနေသည်။ အောက်၌ ရေပူစမ်းရှိလိမ့်မည်ဟု သူမ သံသယဝင်မိသည်။ ရလဒ်အနေဖြင့် နှစ်ရက်အတွင်း ရေပူစမ်းကို တူးမိသွားကာ အငွေ့များဖြင့် ရေက မြေပြင်ထဲမှ ထွက်လာလေ၏ ။
ယွင်ယွီက မအံ့ဩခဲ့ပေ။
သို့သော်ငြား ရွာသားမျာကမူ အလွန်သိချင်စိတ် ဖြစ်နေလျှက် စတင်ဆွေးနွေးကြတော့သည် ။
133 04
“ဆရာယွင် ဒီနေရာက ရတနာဆိုတာ သိတာလား။ ယွင်မိသားစုက ဝူတာ့ရှန်းနဲ့ မြေနေရာလဲဖို့ သဘောတူတုန်းက အဲ့အချိန် ကျုပ်တို့ အားလုံးက သူတို့ကို ငတုံးတွေလို့ခေါ်ခဲ့တာ။ အခုကြည့်ရတာ အမျှော်အမြင်ရှိပြီး ဒီနေရာက ရတနာဆိုတာ သိနေတဲ့ပုံပဲ။ အနောက်မှာ အပန်းဖြေအိမ်ဆောက်မှာ။ ဒီနေရာမှာလဲ သဘာဝ ရေပူစမ်းလဲ ရှိနေတယ်။ နောင်ကျ ခရီးသွားတွေ တော်တော်များများ ရောက်လာမှာ ကြိမ်းသေတယ်”
“ဒါပေါ့ ဒါက သဘာဝရေပူစမ်းပဲ။ ဆရာယွင်က တကယ်အံ့ဩဖို့ကောင်းလိုက်တာ။ အဲဒီအဖိုးကြီး ဝူတာ့ရှန်းက ဒေါသထွက်လို့သေမှာပဲ”
“ဒေါသထွက်လဲ တတ်နိုင်တာ ဘာမှ မရှိဘူးလေ။ အားလုံးက ကံပဲ။ သူကသာ အစကတည်းက ယွင်မိသားစုနဲ့ မြေနေရာလဲချင်ခဲ့တာ။ အဆုံးကျ သူလိုချင်တာ ရသွားတာပဲ”
ဝူတာ့ရှန်းသည် ထိုနေ့၌ သတင်းကြားပြီး ဘာမှမပြောနိုင် ဖြစ်နေလေသည်။
ဒေါ်လေးထျန်းက သူ့ကို ပြောလိုက်လေသည်။
“ဘာလဲ ရှင်အခု နောင်တရနေပြီလား။ ရှင်က ဖုန်းရှုကျန်းကို အနိုင်ကျင့်ခဲ့တာ။ အခုတော့ ရတနာမြေမှန်း သိပြီပေါ့”
ဝူတာ့ရှန်းက သုန်မှုန်စွာ ပြောလိုက်တော့သည်။
“ငါဘာမှ မပြောပါဘူး။ ဘာလို့ ငါ့ကို ရန်စဖို့ ကြိုးစားနေတာလဲ”
သူနောင်တရနေလေ၏။ ထိုစဉ်က ယွင်ယွီပြောသည့် စကားများကို သူ ပြန်တွေးမိသွားသည်။ သူက သူမဆီက လုယူခဲ့တော့ရော ဘာအရေးလဲ။ ယွင်ယွီက ယခု အချိန်မှာ ဒီလောက်ကြီးမြတ်နေပြီ။ သူမကို သူဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ။ ဒေါ်လေး ထျန်းက ပြော၏။
“အားလုံးက ကံပဲလေ။ ဒါအပြင် မြေကို သိမ်းထားတာလဲ အသုံးမဝင်ဘူး။ အခု ဒီနေရာမှာ ကောင်းကောင်းစိုက်ပျိုးလို့ရတာပေါ့။ အဲ့ဒီမှာ ရေပူစမ်းရှိတာကို ဘယ်လိုလုပ်သိမှာလဲ”
ယင်းက အမှန်ပဲ ဖြစ်သည်။ သူတို့ အားပေးလျှင်တောင် မြေက လောင်သွားမှာပဲ ဖြစ်သည်။
ဝူမိသားစုက စိတ်အနှောက်အယှက် မဖြစ်ကြပေ။ ရွာသားများကလဲ ထိုအကြောင်းကို ပျော်စေပျက်စေသာပြောလျှက် ရက်အနည်းငယ် အကြာ၌ မေ့သွားကြတော့သည်။
ရွာထဲ၌ သဘာဝ ရေပူစမ်းတစ်ခု တူးမိခြင်းက ကိစ္စကြီး တစ်ခုဖြစ်သည်။
ရွာသူရွာသားများက ရက်ပေါင်းများစွာ အလွန်ပျော်ရွှင်နေကြသည်။ ယင်းက နိမိတ်ကောင်းဖြစ်သည်ဟု ခံစားမိသည်။
ယွင်ယွီက ထိုကိစ္စများကို ဂရုမစိုက်ခဲ့ချေ။ သူမက ဌာနဆီ သတင်းပို့ပြီးနောက် သူတို့ကို စစ်ဆေးခိုင်းလိုက်၏။ အမျိုးမျိုးသော သတ္ထုဓာတ်များထဲတွင် သူတို့ ရှာဖွေတွေ့ရှိခဲ့သည်က ရေသည် ခန္ဓာကိုယ်အတွက် အကျိုးရှိစေသည့် အမျိုးမျိုးသော သတ္ထုဓာတ်များ ကြွယ်ဝနေတာကို တွေ့လိုက်ရပြီး ရေပူစမ်းအဖြစ် အသုံးပြုနိုင်၏။ ထို့ကြောင့် အဆင့်တချို့ ဆောင်ရွက်ပြီးနောက် ယင်းကို အမြန်ပြီးမြောက်အောင် ဆောင်ရွက်လိုက်သည်။
အပန်းဖြေစခန်း တည်ဆောက်မှုက ဆက်လက်လှုပ်ရှားနေပြီး ရေပူစမ်း တူးမိသည့်အတွက်ကြောင့် မရပ်တန့်ခဲ့ချေ။
ယွင်ယွီသည် ရေပူစမ်းကို အပြင်ဘက် စခန်းအဖြစ်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ ဘေး၌ ဧည့်သည်များအတွက် နေရာပြင်ဆင်ပေးထားသည်။ ဧည့်သည်များအဖို့ လာရောက်ကာ ရေစိမ်ရန် အဆင်ပြေသည်။
ယခု အခေါက်တွင် အင်ဂျင်နီယာအသင်းက အိမ်သစ်ဆောက်စဉ်ကထက် ပိုကြီးသည်။ စခန်းက ဆောက်လုပ်နေဆဲဖြစ်ကာ ဧပရယ်သို့မဟုတ် မေလအထိ ပြီးမှာ မဟုတ်ပေ။ ပြီးနောက် ယင်းကို ပြင်ဆင်ထားမည်ဖြစ်ကာ မေလ သို့မဟုတ် ဇွန်လတွင် ဖွင့်လှစ်မှာပဲ ဖြစ်သည် ။
ယွင်ယွီ မွေးမည့်ရက်က မတ်လလယ်တွင် ဖြစ်သည်။ သူမသည် ယခုအချိန်တွင် ဘာမှ အလျှင်မလိုပေ။ သူမသည် ကိုယ်ဝန်ဂရုစိုက်ဖို့ပဲ လိုသည်။ မွေးပြီးမှ ကိစ္စများကို ဆောင်ရွက်မှာပင်ဖြစ်သည် ။
သူမက တစ်လအတွင်းမွေးတော့မှာ ဖြစ်သည်။ ချင်ယွီစွေနှင့်အတူ ကိုယ်ဝန်ဆောင် စစ်ဆေးရန်အတွက် ချန်းရွှေမြို့ဆီသို့ နှစ်ရက်အတွင်းသွားရန် ဤနှစ်ရက်ကို အချိန်ယူထားသည် အားလုံးပုံမှန်အတိုင်းသာဖြစ်သည်။ ဆရာဝန်သည် နောက်ဆုံးလ၌ သူတို့ အခြေအနေကို ထိန်းသိမ်းထားရန် အကြံပေးသည်။ အလွန်အကျွံမစားဖို့ လေ့ကျင့်ခန်းပိုလုပ်ရန် မှာကြားခဲ့၏။ ယင်းတို့က ပိုချောမွေ့စွာ မွေးဖွားနိုင်စေရန် အတွက်ဖြစ်သည်။
133 05
ယင်းသည် ယွင်ယွီ၏ ပထမဆုံး ကိုယ်ဝန်ဆောင် ကလေးမွေးဖွားမှု ဖြစ်၏။ သူမက သိပ်စိုးရိမ်ပူပန်နေခြင်းမရှိဘဲ သဘာဝအတိုင်းမွေးဖွားဖို့ စဉ်းစားထားသည်။ ထို့အပြင် ချော့မွေ့စွာ မွေးနိုင်မည်ဟု ခံစားမိသည်။
သူမ စိတ်မပူသော်ငြား ယွင်မိသားစု ဝင်တိုင်းကမူ စိုးရိမ် ပူပန်နေ၏။ အထူးသဖြင့် ချင်ယွီစွေပဲ ဖြစ်သည်။
သူတစ်ညလုံး မအိပ်နိုင်ဖြစ်နေကာ သူမကို စစ်ဆေးကြည့်ခဲ့သည်။ သူစိုးရိမ်ပူပန်လွန်း သော်ငြား မျက်နှာထက်တွင် မပြခဲ့။ သူက ယွင်ယွီအပေါ် ဖိအား ပေးမိမှာလဲ စိုးရိမ်သည်။ ထို့ကြောင့် သူသည် နေ့တိုင်းစာကြည့်ခန်းထဲတွင် စာဖတ်နေကာ နှောင်းအချိန် ကိုယ်ဝန်ဆောင်၌ သတိပြုဖွယ်ရာများကို သတိထားနေသည်။ မွေးဖွားစဉ်ကာလအတွင်း သတိပြုဖွယ်ရာများနှင့် မွေးဖွားပြီးနောက် နောက်ဆက်တွဲ ဂရုစိုက်ရမည်များကို လေ့လာနေ၏။
နေ့ရက်တို့ ကုန်ဆုံးသွားသည် မျက်စိတစ်မှိတ်အတွင်း မတ်လ ဆယ်ရက်သို့ ရောက်လာ၏။ မွေးဖွားမည့် ရက်နှင့် ယွင်ယွီက ရက်အနည်းငယ်သာ လိုတော့သည်။
အဖွားယွင်က အမေယွင်ကို ဘမ်းမုန့်ဆိုင်ကို စိတ်မပူဖို့ မှာခဲ့ပြီး ယွင်ယွီကို ဦးစွာဂရုစိုက်ရန်နှင့် နောက်ရက်အနည်းငယ် သူမကို အာရုံစိုက်ဖို့ပြောထား၏။
ဖုန်းရှုကျန်းကလဲ သူမအတွက် စိုးရိမ်ပူပန်နေကာ သူမအတွက် အဟာရရှိသည့် မနက်စာ ချက်ပြုတ်ပေးသည်။ စားသောက်ပြီးနောက် ယွင်ယွီက ချင်ယွီစွေနှင့် အတူ လမ်းပတ်လျောက်တတ်၏။ မတ်လအစောပိုင်း ဖြစ်သောကြောင့် အရာအားလုံး အသက်ဝင်လာပြီး ပတ်ဝန်ကျင်ရှိ သစ်ပင်တို့၌ အဖူးလေးများ ပေါ်လာတော့သည်။
အဝေးရှိတောင်တန်းကမူ စိမ်းစိုနေ၏။
ညစာစားပြီးနောက် တစ်နာရီခန့် လမ်းပတ်လျှောက်သည်။
ယင်းက ဆရာဝန်၏ ညွှန်ကြားချက်ဖြစ်သည်။ သင်က ကျန်းမာရေးကောင်းမွန်လျှင် သန္ဓေသားက ဘေးကင်းနေမည်ဖြစ်ကာ လေ့ကျင့်ခန်းလုပ်ချိန်က အကျိုးရှိစေ၏။
ယွင်ယွီ ညအချိန်၌ ရေချိုးသောအခါ ချင်ယွီစွေက တံခါး၌ စောင့် ကြပ်ပေးသည်။
ယခင်လက သူစိုးရိမ်ပူပန်နေကာ သူမ ရေချိုးရာ၌ ကူညီပေးဖို့တောင်း တွေးခဲ့၏။ သို့သော် ယွင်ယွီက အဘယ်သဘောတူနိုင်မည်နည်း။ သူမ တစ်စုံတစ်ခုဖြစ်မှာကို သူစိုးရိမ်နေမှန်း သူမသိသည်။ သို့သော်ငြား ယင်းက အလွန်ရှက်စရာကောင်းသည်။ ဆိုရလျှင် ကလပ်ထဲရှိ ညမှအပ သူတို့နှစ်ယောက်သည် ပွေ့ဖက်နမ်းရှိုက်ရုံသာ ရှိခဲ့ကာ အချိန်အများစု၌ ဘာမှ စည်းမကျော်ခဲ့ပေ။
ယွင်ယွီက သူမ သူ့ကို ရေချိုးဖို့ကူညီခွင့် ငြင်းပယ်ချိန်မှ စပြီး ထိုလူက ယွင်ယွီ ရေချိုးခန်းဝင်ချိန်တိုင်း ရေချိုးခန်းတံခါးဝတွင် စောင့်ကြပ်ပေးတတ်သည်။
သူမ ကိုယ်လက်ဆေးကြောပြီးနောက် ဆံပင်သုတ်ခိုင်းကာ သူမ၏ လက်နှင့် ခြေထောက်ကို နှိပ်နယ်ပေး၏ ။
ယွင်ယွီ၏ ကိုယ်ဝန်က အလွန်ကြည့်ကောင်းပြီး နှောင်အစဉ်၌ ဖောယောင်မှုများမရှိပေ။
ယခင်ရက်အချို့က ချင်ယွီစွေသည် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ လေ့ကျင့်ပြီးနောက် သူသည် တစ်ရက်ကို နှစ်နာရီအိပ်လျှင် အိပ်ရေးဝပြီဖြစ်သည်။ ထို့ကြောင့် သူ တစ်ညလုံး စောင့်ပေးတတ်၏။ သူမ ရုတ်တရပ်မွေးမှာကို စိုးရိမ်တာဖြစ်သည်။ မဟုတ်လျှင် သူမ နိုးလာချိန်၌ ချင်ယွီစွေ နိုးလာတာကို မည်သို့ သတိပြုမိမည်နည်း။ ယွင်ယွီက သူ့ကို စိုက်ကြည့်လိုက်၏။
“ရှင် ညဖက် မအိပ်ဘူးလား”
******