← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

136 01

အပိုင်း 136

စုန့်ချင်းမင်က ရီမောလိုက်သည်။

“ရှောင်ရှောင် ဘာတွေပြောနေတာလဲ ရှောင်ယွီက ကလေးမမွေးရင် ဘာမွေးမှာလဲ”

ယွီရှောင်ရှောင်က မျက်စောင်ထိုးလျှက် ပြောလိုက်သည်။

“ရှောင်ယွီက ပြန်ကောင်းတာ မြန်လို့လေ။ သူ့ပုံစံက ဘယ်လိုလုပ် ကလေးမွေးပြီးကာစ ပုံစံနဲ့ တူမှာလဲ”

သူမက ယွင်ယွီ၏ ဗိုက်ကြီးလာတာကို သူမမျက်စိဖြင့် မကြည့်ခဲ့ရလျှင် ယွင်ယွီက ကိုယ်ဝန်ဆောင်သည်ကို အတု လုပ်သည်ဟု သံသယဝင်မိလောက်သည်။ ကလေးမွေးဖွားပြီး တစ်လမပြည့်မှီ၌ မည်ကဲ့သို့ ပြန်ကောင်းလာသနည်း။ သူမ၏ သွင်ပြင်က ကိုယ်ဝန်ဆောင်ချိန်က ထက်တောင် ပိုလှပလာပြီး အသားအရည်က ပိုဖြူဖွေးကာ တောက်ပနေလေ၏။ အမျိုးသမီးတိုင်း သူမကို အားကျနေမှာပဲဖြစ်သည်။

မမွေးဖွားမီ ယွင်ယွီနှင့် ကလေးမွေးပြီးနောက် သူမအကြား ကွာဟချက်မရှိလျှင်တောင် တစ်ခုတည်းသော ကွာဟချက်က သူမသည် မိန်းကလေးဆန်မှု လျော့နည်းသွားကာ ပိုသွက်လက်တောက်ပသည့် မိန်းမလှလေးတစ်ယောက် ဖြစ်လာတာပဲ ရှိသည်။

သူ ထိုသို့ပြောလိုက်ချိန်တွင် လူတိုင်းက ခေါင်းမညိတ်ဘဲ မနေနိုင်ကြတော့ပေ။ ယွင်ယွီ၏ ပြန်လည်ကောင်းမွန်မှုက အလွန်မြန်ဆန်လှပေ၏။

လူတိုင်းက ရီရီမောမော စကားပြောနေကြစဉ် ချင်ယွီစွေက လူတိုင်းကို ပြရန် မူမူကို ခေါ်လာပေး၏။ ယွင်ရှောင်ရှောင်ကလဲ တအံ့တဩ မေးလိုက်၏ ။

“ဒါက လေးလေးလား လှလိုက်တာ”

မူမူတစ်လသား ရောက်သောအခါ သူ၏ အသားအရည်က ပိုဖြူဖွေးနူးညံ့လာကာ တွန့်ရှုံ့မှုများ မရှိတော့ဘဲ မျက်ခွံနှစ်ထပ်ကလဲ ပိုကြီးမားလာလျှက် အနက်ရောင် စပျစ်သီးကဲ့သို့ မျက်လုံးနှင့် နက်မှောင်သော သူငယ်အိမ်တို့ က ချွင်းချက်မရှိလှပလေ၏။

ဖန်ရှန်းရှန်းက ပြုံးပြီးပြောလိုက်တော့၏။

“အိမ်နာမည်က မူမူတဲ့လား ချစ်ဖို့ကောင်းလိုက်တာ”

မူမူတစ်လပြည့်ချိန်တွင် သူ၏ အသားအရည်က ယွင်ယွီနှင့်တူလာသော်ငြား သူ၏ မျက်နှာသွင်ပြင်အားလုံးက ချင်ယွီစွေနှင့် တစ်ထပ်တည်း တူပြီး ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသလိုပင်

ချင်ယွီစွေ၌ အလွန်ကောင်းမွန်သည့် မျက်နှာသွင်ပြင်ရှိကာ ယွင်ယွီကလဲ မိန်းမလှလေးတစ်ယောက် ဖြစ်သည်။ သူတို့ကလေးအဖို့ မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

ထိုစဉ် လူတိုင်းက ကလေးနားတွင် ဝိုင်းလာပြီး သူ့ကို သဘောကျနေကြ၏။ သူတို့အားလုံးက လူငယ်များဖြစ်ပြီး အများစုက အိမ်ထောင်မကျသေးပေ။ ကလေးအကြောင်း မသိကြ။ သို့သော် သူတို့သည် ဤကဲ့သို့ လှပသည့် ကလေးကို မြင်တွေ့ချိန်တွင် နောက်ကျ ထိုကဲ့သို့လှပသော ကလေးကို မွေးနိုင်ခဲ့လျှင် ကောင်းမည်ဟု မတွေးဘဲ မနေနိုင်ကြတော့ပေ။

လုံချီရှောင်ကဲ့သို့ လူငယ်မျိုးဆက်က ဤအတွေးကို ဦးစွာတွေးမိလေ၏။

ဗိုလ်ချုပ်လုံ ရောက်ချိန်က စားသောက်ချိန် စချိန်သာရှိပြီး သက်တော်စောင့်များ လိုက်ပါလာ၏။

ဗိုလ်ချုပ်က မူမူ၏ နူးညံ့သော မျက်ဝန်းများကို ကြည့်သည်။ လုံချီရှောင်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏ ။

“အဖိုး အဖိုးက ချီချန်းနဲ့ ကျွန်တော်မွေးတုန်းက ဒီလို မဟုတ်ပါဘူး”

“မူမူနဲ့ မင်းဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

ဗိုလ်ချုပ်လုံသည် တုံ့ဆိုင်းမနေဘဲ သူ၏ မြေးနှစ်ယောက်ကို အထင်တသေး ပြောလိုက်၏။

မူမူ၏ တစ်လပြည့် မွေးနေ့၌ လူတိုင်းထမင်းတစ်နပ် စားရုံသာမက လက်ဆောင်မျာလည်း ပေးကြသည် ။

136 02

လုံမိသားစု၏ လူငယ်မျိုးဆက်သုံးဆက်က အလွန်ရက်ရောကြပြီး မူမူကို မွေးနေ့လက်ဆောင်အဖြစ် အရည်အသွေးပြည့်မှီသော ကျောက်စိမ်း ဆွဲသီးများပေးကြလေ၏။

လုံချီရှောင်ပေးသည့် လက်ဆောင်က အစိမ်းရောင် ဖန်ကျောက်စိမ်းဗူးသီးခြောက်ပုံ ဆွဲသီးပဲဖြစ်သည်။

အဖြူရောင်ကျောက်စိမ်း ဒေါင်းဆွဲသီးကိုမူ လုံချီချန်းက ပေးသည်။

လုံဝမ့်ရင်းပေးသည့် ကျောက်စိမ်းလေးကလဲ အလွန်ကောင်းမွန်ပြီး ကလေး၏ အရွယ်အစားနှင့် ကိုက်ညီသည်။ အသက်ခုနှစ်နှစ် ရှစ်နှစ်အထိ ဝတ်ဆင်လျှင် ပြဿနာရှိနိုင်မှာ မဟုတ်ပေ။

အရည်အသွေးအလွန်ကောင်းမွန်ပြီး အလွန်တန်ဖိုးကြီးပုံပေါ်၏။

ယွီရှောင်ရှောင်နှင့် သူမမိတ်ဆွေများကလေးကို ပေးသည့် လက်ဆောင်များက ရွှေ လက်ဝတ်ရတနာ နားဆွဲစသည်သို့ဖြစ်သည် ။

ဗိုလ်ချုပ်လုံကမူ သူက မူမူအတွက် လက်ဆောင်ဟု ပြောပြီး ယွင်ယွီအား စာတစ်ထပ် ပေးလိုက်သည် ။

ယွင်ယွီက ဖွင့်ကြည့်လိုက်၏။ ဗိုလ်ချုပ်လုံအား မူမူအား သူ၏ အစ်မည်အောက်တွင် ဗီလာတစ်ခုနှင့် ဆိုင်ခန်းနှစ်ခန်းပေးထားတာပဲ ဖြစ်သည်။ မြို့တော်ရှိ ဗီလာနှင့် ဆိုင်များက ဆယ်သန်းကျော်တန်၏။ ယင်းတို့က ကြွယ်ဝချမ်းသာသူတို့၏ လောကဖြစ်လောက်သည်။

သူမသည် ချင်ယွီစွေအား စာရွက်စာတမ်းပေးပြီး မူမူအတွက် သိမ်းထားခိုင်းလိုက်သည်။

၎င်းကို ကလေးအတွက် မူမူ၏အဖိုးက ပေးတာဖြစ်သည်။ မူမူက ဆယ့်ရှစ်နှစ်ပြည့်ချိန်၌ သူ့ဆီ ရောက်မှာပဲဖြစ်၏ ။

ယွင်ယွီက ပိုက်ဆံကို ဂရုမစိုက်သလို ထိုအရာများကို မြင်တွေ့ချိန်တွင် သူမသားက သူမထက် ပိုကြွယ်ဝချမ်းသာပြီး ပိုင်ဆိုင်မှုပိုများတာ သိသည့်တိုင် ဘာမှ မခံစားရပေ။

တစ်လပြည့် စားသောက်ပွဲပြီနောက် စုန့်ချင်းမင်နှင့် သူ၏ မိတ်ဆွေများသည် ထိုနေ့တွင်ပင် နေ့တွင်းချင်း မြို့တော်သို့ ပြန်သွားကြ၏။

သူတို့ရက်တချို့ နေချင်သော်ငြား ဗိုလ်ချုပ်လုံက အိမ်သစ်တွင်နေ၏။ သူတို့က ဗိုလ်ချုပ်နှင် တစ်မိုးအောက်တည်းတွင် မနေရဲချေ။ ထို့ကြောင့် ထုပ်ပိုးပြီး အိမ်ပြန်သွားကြကာ ဤနေရာတွင် ဆက်လက် ဆော့ကစားရန် အပန်းဖြေစခန်း ဖွင့်သည်အထိ စောင့်ဖို့ ပြင်ဆင်ထားသည်။

အိမ်သန့်ရှင်းရေး လုပ်ပြီးချိန်တွင် မှောင်နေပြီ ဖြစ်၏။ မူမူက တစ်လသား ရောက်နေပြီ ဆိုသော်ငြား ကလေးငယ်ရွယ်လွန်းချိန်၌ သူတို့က အိပ်ရုံသာ လုပ်တတ်သည်။ ထို့ထက်ပိုသည်က မူမူက အလွန်လိမ္မာပြီး သိတတ်ကာ ဂရုစိုက်ရတာ အလွန်လွယ်ကူပေ၏။

မီးနေကာလ၌ ယွင်ယွီသည် မစ္စဖန်းနှင့် အိပ်စက်ခဲ့သည့် အကြောင်းမှာ နို့ထိန်းသည် ညအချိန်၌ ကလေးကို ဂရုစိုက်ရန်လိုအပ်ပြီး ယွင်ယွီကလဲ ကလေးကို နို့တိုက်ရမည် ဖြစ်သောကြောင့် ဖြစ်သည် ။

မူမူသည် တစ်ချိန်လုံး မိခင်နို့သာ သောက်ပြီး တစ်နှစ်ခွဲကျမှသာ နို့မှုန့်နှင့်ဖြည့်စွက်စာများ တိုက်ကျွေးမှာပဲဖြစ်သည် ။

မစ္စဖန်း ထွက်သွားပြီးနောက် ယွင်ယွီက မူမူကို ခေါ်ပြီး ချင်ယွီစွေနှင့်အတူ အိပ်လေသည်။ ယွင်ယွီက တစ်လပြည့်ပွဲ၌ အလုပ်များပြီး ပင်ပန်းနေပြီဖြစ်သည်။ သူမက အိပ်ခန်းထဲသို့ ပြန်သွားကာ မူမူကို ရေချိုးပေးလိုက်၏။ သူမလဲ ရေချိုးကာ မူမူကို ပုခက်ထဲ ထည့်လိုက်သည်။ မူမူက ဗိုက်ဝနေပြီဖြစ်ကာ သူ့၌ ပုံမှန် အချိန်ဇယားရှိ၏။ ယခု အိပ်ယာဝင်ချိန်ရောက်ပြီ၏။ သူက ယွင်ယွီကို မျက်လုံးဖွင့်ကြည့်ပြီးနောက် ကြည့်နေရင်းနှင့်ပင် အိပ်ပျော်သွားတော့သည် ။

ယွင်ယွီကလဲ သူ၏ ခေါင်းရင်း၌ အိပ်ပျော်သွားတော့သည်။

ချင်ယွီစွေ ကိုယ်လက်သန့်စင်ပြီး ထွက်လာချိန်တွင် ကလေးကြီးနှင့် ကလေးငယ်တို့က အိပ်ယာနှင့် ပုခက်တွင် လဲပြီး အိပ်ပျော်နေတာ တွေ့လိုက်ရသည်။ သားအမိနှစ်ယောက် အိပ်စက်ပုံ တစ်ထပ်တည်း တူနေကာ ခေါင်းများတောင် ဘယ်ဘက်စောင်းနေသေး၏။ သူ ပြုံးမိသွားတော့သည်။

136 03

သူက ညဝတ်အင်္ကျီလဲပြီနောက် အိပ်ယာဝင်ကာ ယွင်ယွီကို နောက်မှ ဖက်ထားလိုက်သည်။ သူမ၏ ကိုယ်က မွှေးပြီး နူးညံ့နေသည်။ သူမက ရင်းနှီးသော ထွေးပွေ့မှုကို ခံစားရသောအခါ သူ့ကို လှည့်ဖက်လာပြီး ရေရွတ်ပြောလိုက်လေ၏ ။

“မြန်မြန်အိပ်တော့”

ချင်ယွီစွေက သူမပါးကို နမ်းပြီးနောက် ငြိမ်းချမ်းစွာ အိပ်ပျော်သွားသည် ။

ဗိုလ်ချုပ်လုံသည် ဟယ်ချင်းရွာ၌ ခဏတဖြုတ်နေသည်။ အစောင့်နှစ်ယောက်နှင့် အိမ်ထိန်း တစ်ယောက် ပါသည်။

ထို အိမ်ထိန်းသည် အသက်ငါးဆယ်အရွယ်ခန့်ရှိသည်။ သူမက အချက်အပြုတ်တော်ကာ အိမ်သန့်ရှင်းရေးကို တစ်ပတ်တစ်ကြိမ် လုပ်ပေးသည်။

ထို့အပြင် မူမူက ဂရုစိုက်ရလွယ်ကူ၏။ ထို့ကြောင့် ယွင်ယွီ၏ ဘဝက များစွာ ပြောင်းလဲသွားခြင်း မရှိပေ။

အပန်းဖြေစခန်းက တည်ဆောက်နေဆဲဖြစ်သည်။ လေးငါးလခန့်ကြာပြီးနောက် ၎င်းက ပြီးခါနီးသွားပြီဖြစ်၏။

ယွင်ယွီသည် မွေးမြူရေးနှင့် ဟင်းသီးဟင်းရွက် ဥယျာဉ်အတွက် နေရာ နှစ်နေရာရှာဖို့ တောင်ထိပ်သို့သွားရင်း အလုပ်များနေသည်။

ဟင်းရွက်စိုက်ခင်းက ဧက နှစ်ဆယ်ခန့်ရှိမည်။ အပန်းဖြေစခန်းအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်မည့်အပြင် ဆားရည်စိမ်များ ပြုလုပ်နိုင်မည်ဖြစ်ကာ ကျန်သည်ကို ဖန်ချင်ရှန်က ဝယ်မှာပဲဖြစ်၏ ။

ကြက်၊ဘဲ၊ငန်းတို့အပြင် မွေးမြူရေးခြံ၌ ဝက်အကောင် နှစ်ဆယ်နှင့် သိုးလဲ မွေးမှာပဲဖြစ်သည်။

ငါးနှင့် ပုဇွန်တို့ကိုမူ အပန်းဖြေစခန်း၌ တူးထားသည့် ရေကန်အတွင်း၌ မွေးမည် ထို့ကြောင့် ရေထွက် ပစ္စည်းတချို့လဲ ရှိမှာပဲဖြစ်သည် အပန်းဖြေစခန်းမှ ပါဝင်ပစ္စည်းအားလုံး ဤနေရာမှ လာ၏။ ဟင်းရွက်စိုက်ခင်းဖြစ်စေ မွေးမြူရေးခြံဖြစ်စေ နှစ်ခုလုံးကို ဝိဉာဉ်စမ်းရည် ရောနှောထားသောကြောင့် အရသာက ပိုကောင်းမွန်၏။

အခြားသော လိုနေသည့် အပါဝင်ပစ္စည်းများအတွက်မူ သူမက သုံးရန် မစီစဉ်ထားသေးပေ။ ကျန်သည့် ပါဝင်ပစ္စည်းများကို ဖြည်းဖြည်းချင်း ထည့်သွားမှာပဲ ဖြစ်သည်။ အပန်းဖြေစခန်း၏ ပါဝင်ပစ္စည်းများအားလုံးက အရည်အသွေး မြင့်မားသည်။

စိုက်ပျိုးရေးဧရိယာသည် မွေးမြူရေး ဧရိယာနှင့် သိပ်မဝေးပေ ။

နေရာသတ်မှတ်ပြီးနောက် နောက်တစ်ဆင့်က လူငှားရမ်းရန်ပင် ဖြစ်သည်။ ထို့နေရာ နှစ်နေရာသည် လူတို့ အချိန်အတော်ကြာ နေထိုင်ပြီး စောင်ကြည့်ရန် လိုအပ်သည်မှာ သေချာသည်။

ယွင်ယွီက လူငှားချင်ကြောင်း သတင်းသည် ရွာထဲ ပြန့်နှံ့သွားလေ၏။ သူမက အမျိုးသားနှစ်ယောက် အမျိုးသမီးနှစ်ယောက် စုစုပေါင်း လူလေးယောက်ခေါ်ရန် ပြင်ဆင်ထားသည်။ အမျိုးသမီးများက ဟင်းရွက်စိုက်ခင်းကို ဂရုစိုက်ပြီး ကျန်နှစ်ယောက်က မွေးမြူရေးခြံကို ဂရုစိုက်ရမှာပဲဖြစ်သည်။ အခြေခံလစာက ယွမ်သုံးထောင်ဖြစ်ကာ သူတို့က အလုပ် ကောင်းကောင်းလုပ်ခဲ့ပါက နောက်ပိုင်းတွင် လစာတိုးမှာပဲဖြစ်သည်။ ထို့အပြင် သူတို့က ခဏတဖြုတ်လဲ အနားယူနိုင်ကာ တစ်ချိန်လုံး အလုပ်လုပ်နေဖို့ မလိုအပ်ပေ။ မွေးမြူရေးခြံထဲတွင် အစားအသောက်ကျွေးခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းက ဒုက္ခများသည်မှအပ စိုက်ပျိုးရေးဘက်ခြမ်း၌ ဝန်ပိသည့် အလုပ်မရှိပေ။ အမျိုးသမီး ဝန်ထမ်းနှစ်ဦးက မွေးမြူရေးခြံ၌ အစာကျွေးပေးပြီး အမျိုးသားဝန်ထမ်းများက သန့်ရှင်းရေး လုပ်ရမှာပဲဖြစ်သည် ။

အလုပ်က မခက်ခဲသောကြောင့် ယင်းကို ဖြေရှင်းရန် လူလေးယောက်က လုံလောက်ပြီဖြစ်သည်။

လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိကာ အစားအသောက်လဲ ကျွေးမှာဖြစ်သည်။ အပန်းဖြေစခန်း တည်ဆောက်ပြီးနောက် ထိုကန်တင်း၌ သွားစားနိုင်၏။ ယခုဆို တစ်ရက်ကို အစားအသောက်အတွက် ယွမ်နှစ်ဆယ် ထောက်ပံ့ငွေရမှာပဲဖြစ်သည်။ ရွာမှ လူများစွာသည် အလုပ်လာလျှောက်ပေ၏။

ယွင်ယွီသည် အလုပ်လာလျှောက်သည့် ရွာသားများ၏ မျက်နှာကို ကြည့်ပြီး တစ်ခဏအတွင်း လူကို ဆုံးဖြတ်လိုက်၏။ သူတို့က ကြိုးစားပြီး သစ္စာရှိကာ အလုပ်ကြိုးစားသ၍ သူမသည်လည်း အဆင်ပြေ၏။ သူမက ကောက်ကျစ်ပြီး မရိုးဖြောင့်သည့် လူတို့ကို ရှောင်နိုင်ပြီး လူတို့ကို ကောင်းစွာ အကဲဖြတ်နိုင်၏ ။

136 04

ရွာသားတချို့က သူတို့ ရွေးချယ်မခံရသည့် အကြောင်းအရင်းကို မေးခဲ့၏။ ယွင်ယွီက သူတို့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရာ ထိုလူများက ပြဿနာရှာဖို့ သတ္တိတောင် မရှိတော့ချေ။

မွေးမြူရေးနှင့် စိုက်ပျိုးရေးနယ်ပယ်အတွက် ယွင်ယွီ ရွေးချယ်ထားခဲ့သည့် ဝန်ထမ်းလေးဦးက မိသားစုဝင် သုံးဦးရှိသည့် မိသားစုဖြစ်ကာ သားအဖနှစ်ယောက်ဖြစ်ပြီး အဖေက မိခင်တစ်ယောက်နှင့် လော့ချင်းမိန်ဟု ခေါ်သည့်အသက်လေးဆယ် အရွယ်ခန့်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။

မိသားစုဝင်သုံးယောက်ပါသည့် မိသားစု၏ မျိုးရိုးက ဝမ်ဖြစ်သည်။ အဖေက ဝမ်သဲ့လွင်ဖြစ်ပြီး ဇနီးက ချန်ဖန်းဖန်းဖြစ်ကာ သားဖြစ်သူကမူ အသက်သုံးဆယ် အရွယ်ခန့်ဖြစ်သည့် ဝမ်လင်းဖြစ်သည်။ သူသည် အစက ဇနီးတစ်ယောက်နှင့် သားတစ်ယောက်ရှိခဲ့သည်။ ပြီးနောက် သူတို့ မိသားစု သုံးယောက် ခရီးထွက်ချိန် ယာဉ်မတော်တဆမှုဖြစ်ခဲ့၏။ သူ၏ ဇနီးက နေရာမှာတင် ပွဲချင်းပြီး သေသွားသော်ငြား ကလေးက အဆင်ပြေနေ၏။ သူက မျက်လုံးတစ်ဖက် ပေါက်သွားကာ သွင်ပြင်က ကြည့်မကောင်းတော့ချေ။ သူအလုပ်ရှာရန် သွားချိန်တိုင်း လူတို့က သူ့ကို အထင်သေးတတ်သည်။ သူက လွန်ခဲ့သည့် နှစ်နှစ်၌ အိမ်တွင် စိုက်ခင်းကို ဂရုစိုက်ကာ ကလေးကို ဂရုစိုက်ခဲ့သည်။ ကလေးက ယခုအချိန်၌ အသက်လေးနှစ်သာ ရှိသေး၏။

မိဘနှစ်ပါးလုံးက အသက် ငါးဆယ်ဝန်းကျင်ရှိကာ အိမ်၌ လယ်ယာလုပ်ကိုင်ကြသည်။ ယွင်ယွီက လူရှာနေမှန်း ကြားသောအခါ သူတို့ ချက်ချင်းရောက်လာတာဖြစ်သည်။ ယွင်ယွီက သူတို့ကို တစ်ချက်ကြည့်ပြီး လက်ခံလိုက်၏။ သုံးယောက်လုံးက အလုပ်ကြိုးစားကြပြီး သူတို့မိသားစု အခြေအနေက မကောင်းမွန်သောကြောင့် သူမသည်လည်း တတ်နိုင်သမျှ ကူညီချင်၏။

အခြားလူတစ်ယောက်ဖြစ်သည့် လော့ချင်းမိန်ကလဲ ဟယ်ချင်းကျေးရွာမှ ဖြစ်သည်။ သူမသားနှင့် သမီးနှစ်ယောက်လုံးက စာလေ့လာနေ၏။ သူမက ထိုင်မနေနိုင်သည့်သူ ဖြစ်သောကြောင့် အလုပ်လာရှာတာပဲ ဖြစ်သည် ။

လူလေးယောက်က တူညီလောက်သည်။

ဟင်းရွက်စိုက်ခင်းစိုက်ပျိုးပြီး မျိုးကျဲထားသည့် အချိန်တွင် မွေးမြူရေးခြံက ကြက်ပေါက် ဘဲပေါက်၊ ငန်းပေါက်၊ သိုးနှင့် ဝက်ပေါက်လေးများ ပို့ပေးလာသည်။ မေလအစောပိုင်း ရောက်နေပြီဖြစ်သည် ။

အာလုံးက လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီး အပန်းဖြေစခန်းကို စတင်ပြုပြင်နေပြီဖြစ်ကာ ရေကန်အတု တူးထားပြီး မန်နေဂျာများနှင့် ဝန်ထမ်းများကိုလဲ ငှားရမ်းထားပြီဖြစ်သည်။

ယွင်လန်သည် အပန်းဖြေစခန်းကိစ္စ၌ အလုပ်များနေ၏ သူမက စီမံခန့်ခွဲရာ၌ မတော်ပေ။ ယခင်လများအတွင်း အပန်းဖြေစခန်း၏ ဆောက်လုပ်ရေးကို ကြီးကြပ်မှုအပြင် သူမက စာများစွာဖတ်ခဲ့ပြီး စီမံခန့်ခွဲရေးအကြောင်း စာများစွာဖတ်ခဲ့၏။ သူမက အလုပ်ကြိုးစားခဲ့ကာ နေ့စဉ်နေ့တိုင်း ညနက်သည်အထိ အလုပ်များနေ၏။ သူမက နိုင်ငံခြားဘာသာစကားကိုလဲ လျစ်လျူမရှုခဲ့ဘဲ အိပ်ယာ မဝင်ခင် စာလေ့လာကာ ပြန်လည် သုံးသပ်တတ်သည် ။

ယွင်ယွီက သူမ၏ မမကို လေးစားမိ၏။ ဤကဲ့သို့ အလုပ်ကြိုးစားသော လူတစ်ယောက်သည် လုပ်သမျှအားလုံး အောင်မြင်မည်ဟု ခံစားမိသည်။

ယွင်ယွီသည် သူမအစ်မကို အပန်းဖြေစခန်းအပ်ထားရတာ စိတ်ချသည်။

++++++

All Chapters