← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

137 01

အပိုင်း 137

နှစ်ရက်အကြာ၌ ရှန့်ယုံက ရုတ်တရပ် ယွင်ယွီကို ဖုန်းခေါ်ကာ မေးလိုက်တော့သည်။

“ဆရာ အချိန်ရလား”

ယွင်ယွီက ‘အင်း’ဟု ပြောလိုက်၏။

“လတ်တလော အားနေတယ် ဘာဖြစ်လို့လဲ”

ရှန့်ယုံက ပြောလိုက်၏

“ဆရာ ဖြစ်စဉ်က ဒီလိုပါ။ မနှစ်တုန်းက တစ်ယောက်ယောက် ဖုန်းရွှေကြည့်ချင်ကြောင်း ဆရာ့ကို ကျွန်တော်ပြောခဲ့တယ်မလား”

မနှစ်တုန်းက ယွင်ယွီကိုယ်ဝန်ဆောင် နှောင်းအချိန်၌ ရှိနေစဉ်တွင် ရှန့်ယုံက သူမကို ခေါ်ကာ သူတို့ အိမ်သစ်၏ ဖုန်းရွှေကြည့်ခိုင်းခြင်းသူရှိကြောင်း ယွင်ယွီကို အကြောင်းကြားလာ၏

ယွင်ယွီက ကိုယ်ဝန်ဆောင် နှောင်းအချိန်ဖြစ်သောကြောင့် ပြေးလွှားမနေချင်ပေ။ ထို့ကြောင့် ငြင်းဆန်လိုက်၏

ယွင်ယွီကို ဖုန်းရွှေကြည့်ခိုင်းသည့် သူက ရှန့်ယုံ၏ ကောလိပ်အတန်းဖော်ပဲ ဖြစ်သည်။

သူအတန်းဖော်၏ အစ်မည်က ဖန်းကျစ်ကျယ်ဟု အမည်ရသည်။ သူမနှစ်က အိမ်ထောင်ကျခဲ့သည်။ သူဝယ်ထားသည့်အိမ်က သူ၏ မိသားစုက အရစ်ကျငွေဖြင့် ဝယ်ထားတာပဲဖြစ်သည်။ အိမ်ဟောင်းဆိုသော်ငြား ထိုနေရာ၌ မည်သူမှ မနေဖူးပေ။ ယခင်ရောင်းသူက ဝယ်ယူပြီးသည်နှင့် ပြန်လည်ပြုပြင်ခဲ့၏။ သို့သော် မည်သူမှ မနေပေ။ ဖန်းကျစ်ကျယ်က ထို အရာကို ဝယ်ပြီ မရွှေ့ပြောင်းခင် ပြင်ဆင်ခဲ့၏။ မရွှေ့ပြောင်းခင်သူက ဖုန်းရွှေနှင့် အကူအညီပေးရန်နှင့် ပရိဘောဂများကို နေရာချထားရန် ဖုန်းရွှေပညာရှင်တစ်ယောက်ကို ငှားရမ်းချင်ခဲ့၏။ သို့သော် ယွင်ယွီ၌ အချိန်မရှိ။ ထို့ကြောင့် ဖန်းကျစ်ကျယ်သည် ဖုန်းရွှေဆရာ တစ်ယောက်ကို ရှာခဲ့ကာ ဝမ်းတစ်သောင်း နှစ်သောင်း သုံးခဲ့သည်ဟု ဆိုသည်။

ရှန့်ယုံက ဖန်းကျစ်ကျယ်အား အိမ်တစ်အိမ်၏ ဖုန်းရွှေက အလွန်အရေးပါကြောင်း သတိပေးခဲ့ကာ ဖုန်းရွှေနှင့် ပစ္စည်းများကို ကြုံရာကျပန်း ကြည့်တတ်သည့် သူကို မရှာတာ ကောင်းမည်ဖြစ်ကြောင်း ဆိုခဲ့၏။

ဖန်းကျစ်ကျယ်က နားမထောင်ခဲ့ပေ။ အကြောင်းမှာ သူ၏ ဇနီးသည် အယူသည်းပြီး တစ်ချက်ကြည့်ရန် ဖုန်းရွှေဆရာတစ်ယောက် ငှားရမ်းချင်နေသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ဖုန်းရွှေဆရာက အကြံဉာဏ်တချို့ ပေးပြီးနောက် သူတို့ရွှေ့ပြောင်းပြီး ရက်အနည်းငယ်အကြာ၌ အားလုံးမှားယွင်းနေသည်။ ဖန်းကျစ်ကျယ်နှင့် သူ၏ဇနီးက အိမ်သစ်သို့ ရွှေ့ပြောင်းပြီး နှစ်လအကြာ၌ ကိုယ်ဝန်ရှိနေကြောင်းသိလိုက်ရသည်။ သို့သော် ကိုယ်ဝန်ဆောင် သုံးလအတွင်း၌ ကလေးပျက်ကျသွားသည်။

စစ်ဆေးနေစဉ် ကာလအတွင်း အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ရက်တစ်ရာပြည့်ချိန်၌ ပျက်ကျသွားတာပဲဖြစ်သည်။ ဖန်းကျစ်ကျယ်၏ ဇနီးသည် မီးနေကာလအတွင်းသာ ရှိနေသေး၏။ သူမက ကျန်းမာရေးမကောင်း တစ်ချိန်လုံး စိတ်ခံစားချက် ဆိုးရွားနေသည် ဖန်းကျစ်ကျယ်ကိုယ်တိုင်လဲ အမြဲတစေ ပင်ပန်းနွမ်းနယ်နေကာ အမြဲတမ်း စိတ်ခံစားချက် မကောင်းတော့ပေ။ တစ်ချိန်လုံး အသေးစားနာကျင်မှုများ ခံစားနေရလျှက် ကံဆိုးနေသည်။ သူသည် ပြုတ်ကျခြင်း လက်ကျိုးခြင်း စသည် သွေးထွက်သံယို ကိစ္စများကို အမြဲတစေ ကြုံတွေ့နေရသည်။ အိမ်၌ ကတ်ကြေးသုံးနေစဉ် မတော်တဆတောင် လက်ညှပ်မိသွား၏။

ထို့ကြောင့် ရှန့်ယုံကို စောဒက တက်ခဲ့သည်။ ထို့ကြောင့် ရှန့်ယုံက အိမ်၏ ဖုန်းရွှေ၌ ပြဿနာ ရှိလောက်ကြောင်းပြောပြခဲ့ကာ တစ်ချက်ကြည့်ပေးရန် ဖုန်းရွှေဆရာကို‌ မေးပေးမည်ဟု ပြောခဲ့သည် ။

ဖန်းကျစ်ကျယ်ကလဲ အနည်းငယ် ကြောက်လန့်နေပြီ ဖြစ်သောကြောင့် ဖုန်းရွှေဆရာကို သိမသိ ရှန့်ယုံအား မေးခဲ့သည်။

ရှန့်ယုံက လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကမှ မူမူ၏ တစ်လပြည့်မွေးနေ့ကို တက်ရောက်ခဲ့တာပဲဖြစ်သည်။ ဆရာ နေပြန်ကောင်းပြီမှန်း သိသောကြောင့် သူ လာနိုင်လောက်မည်ဟု တွေးမိသဖြင့် ဆက်သွယ်လိုက်တာပဲဖြစ်သည်။

ယွင်ယွီက ကိုယ်ဝန်ဆောင် နှောင်းအစဉ်နှင့် မီးနေသည် ကာလအတွင်း ထိုကိစ္စများကို ဂရုမစိုက်ခဲ့ပေ။

ယခု သူမ မီးနေသည် ကာလမှ ထွက်လာတာ လဝက်ခန့် ကြာသွားပြီဖြစ်ပြီး သူမ အဆင်ပြေနေ၏။ သူမ အပြည့်အဝပြန်လည် ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ရှန့်ယုံကို ပြောလိုက်သည်။

“မနက်ဖြန်ကျ တစ်ချက်သွားကြည့်လိုက်မယ်။ ဒီအခြေအနေက ဖုန်းရွှေပြဿနာ မဟုတ်လောက်ဘူး ကိုယ်တိုင်သွားကြည့်မှ ရမယ်”

ရှန့်ယုံက ပျော်ပျော်ရွှင်ရွှင်ပင် ‘အိုကေ’ဟု ပြန်ပြောလိုက်သည်။ ပြီးနောက် မူမူ အခြေအနေကို မေးလိုက်၏။

သူမသားအကြောင်းပြောချိန်တွင် ယွင်ယွီက မပြုံဘဲ မနေနိုင်တော့ချေ။

“မူမူ က လိမ္မာတယ်။ ငယ်ငယ်လေးပဲ ရှိသေးတာတောင် ကောင်းကောင်းအိပ် ကောင်းကောင်းစားတယ်”

137 02

တစ်လကျော်သာ ရှိသေးသဖြင့် သူ၏ အဓိက အလုပ်က စားသောက်ပြီး အိပ်တာပဲ ဖြစ်နေသေးသည်။

ဆရာတပည့်နှစ်ယောက် စကားအနည်းငယ် ပြောပြီးနောက် ဖုန်းချလိုက်တော့သည်။

ချင်ယွီစွေသည် ညနေခင်း၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပြန်လာချိန်တွင် သူမက သူ့ကို မနက်ဖြန်ကျ အိမ်၏ဖုန်းရွှေကြည့်ပေးရန် ရှန့်ယုံဆီ သွားမည့်အကြောင်း ပြောပြခဲ့သည်။

ချင်ယွီစွေက နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသော ချင်ကျင်းယွီကို ကြည့်လိုက်သည်။

“မူမူက ရော”

မူမူကို မိခင်နို့တိုက်သောကြောင့်ဖြစ်သည် ။

ယွင်ယွီက မျက်တောင်ခတ်မိသွားလေ၏။ ဟုတ်သားပဲ သူမ မူမူကို မေ့လုနီးပါးဖြစ်သွားတာ မူမူက လေးနာရီခြား ငါးနာရီခြားတစ်ကြိမ် နို့တိုက်ပေးဖို့လိုတာ

ချင်ယွီစွေက သူမဆံပင်ကို ပွတ်သတ်ပေးလိုက်၏။

“မနက်ဖြန်ကျ နို့ နှစ်ခေါက်ပြင်ဆင်ဖို့ လုံလောက်ပါတယ်။ အိမ်မှာ နို့မှုန့်လဲ ရှိတာပဲ။ တစ်ရက်လောက် မိခင်နို့ မတိုက်တာ အဆင်ပြေတယ်။ မူမူက နို့မှုန့် အသားကျတာ ကောင်းတာပဲလေ။ မနက်ဖြန် ကိုယ်မင်းနဲ့ လိုက်ခဲ့မယ်”

“မရဘူး ရှင် မူမူနဲ့ နေလိုက်”

ယွင်ယွီက သူတို့ နှစ်ယောက်လုံး အပြင်ထွက်ချိန်တွင် မူမူကို အိမ်၌ ထားရမှာ အနည်းငယ်စိတ်ပူနေသေးသည်။

“မူမူကို ကျွန်မ စိတ်ပူတယ်”

ချင်ယွီစွေက ပြုံးကာပြောလိုက်၏။

“အဖိုးနဲ့ အန်တီကြီးက အိမ်မှာရှိနေတာ အဆင်ပြေပါတယ်”

သူ၏ စိတ်ထဲတွင် ယွင်ယွီက ဦးစားပေးဖြစ်လောက်၏။ ကျန်သည့် သူများက သူ့သားအပါအဝင် ဒုတိယ ဖြစ်လောက်သည်။

ယွင်ယွီက ထိုသို့ တွေးမိပြီး လက်ခံလိုက်သည် ။

နောက်တစ်နေ့တွင် သူမက နို့ နှစ်ပုလင်းပြင်ဆင်လိုက်၏။ သူမက နို့အနည်းငယ်ကို သုံးကာ ခြောက်လမတိုင်ခင်တွင် မူမူကို ဆိတ်နို့ကို တိုက်ဖို့ပြင်ဆင်ထားသည်။

မွေးမြူရေးခြံအတွင်းတွင် သိုးများရှိသည်။ သူတို့က သန့်စင်သည့် သဘာဝမြက်နှင့် ဟင်းသီးဟင်းရွက်များ စားသောကြောင့် သူတို့ထုတ်သည့် နို့သည့် နို့မှုန့်ထက်ပိုကောင်း၏. အမျိုးမျိုးသော ဖြည်စွက်စာများဖြင့် ပေါင်းလိုက်ချိန်တွင် မူမူက အဟာရလုံလောက်လောက်သည်။

ရေခဲသေတ္တာထဲတွင် နို့ထည့်ထားပြီးနောက် ယွင်ယွီက ဗိုလ်ချုပ်လုံနှင့် အန်တီကြီးကို တစ်စုံတစ်ခု ပြောခဲ့၏ ။

အန်တီကြီးက ဗိုလ်ချုပ်လုံခေါ်ခဲ့သည့် ကလေးထိန်းဖြစ်၏။ သူမက အလွန်တာဝန်ကျေပွန်ကာ ဟင်းချက်ကောင်းပြီး ကလေးများကို ဂရုစိုက်နိုင်၏။ သူမက ယခင် အန်တီဖန်းနှင့် မခြားပေ။

ဗိုလ်ချုပ်လုံသည်လည်း ယွင်ယွီက ဖုန်းရွှေဖြင့် လူတို့ကို ကူညီရန် သွားမည့်ဖြစ်ကြောင်းကို သိသောအခါ လက်ခံလိုက်၏။

“ဒါက သမီးရဲ့ အလုပ်ပဲလေ အမျိုးသမီးတွေက ကလေးမွေးပြီးတာနဲ တစ်ချိန်လုံး အိမ်မှာ နေစရာမလိုဘူး။ သမီး လုပ်ချင်တာ သွားလုပ်။ ရှောင်ချီနဲ့ အဖိုးအိမ်မှာရှိနေတယ်။ ဒီတော့ မူမူကို စိတ်ပူစရာမလိုဘူး၊ သမီး မဖြေရှင်းနိုင်ရင်လဲ ခမည်းခမက်တွေရှိနေသေးတာပဲ။ ယွီစွေ မင်းရဲ့ ဇနီးကို လိုက်ပို့ပေးလိုက်အုံး”

ချင်ယွီစွေက ခေါင်းညိတ်လိုက်၏

“အဖိုး ကျွန်တော်သိတယ်”

ယွင်ယွီ ထွက်လာချိန်တွင် သူမသည် စာကြည့်ခန်းထဲမှ ဓါးတစ်လက်ကို သယ်လာသည် ၊

137 03

ယင်းသည် လူသားပူဇော်၌ကြွက်နတ်ဆိုးကို ဖမ်းဆီးရာမှ ရလာသည့်ဓားဖြစ်သည်။ ၎င်း၌ သံချေးများတက်နေပြီး မိစ္ဆာဝိဉာဉ်များစွာ ရှိနေလေ၏။ ထို့ကြောင့် ယူလာပြီးနောက် အသုံးမပြုရသေးပေ။

ဓါးက ဟောင်းနေပြီဖြစ်ကာ မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ ထို့ကြောင့် ရှေးဟောင်းပစ္စည်းအနေဖြင့်လဲ မသတ်မှတ်နိုင်ပေ။ လုံချီရှောင်က ထိုအရာကိုတောင်းပြီး မင်္ဂလာဦးလက်ဆောင်အဖြစ် ယွင်ယွီအား ပေးခဲ့သည်။

ယွင်ယွီက တိုက်ခိုက်ရန် မှော်လက်နက်တောင် မရှိ။ ထို့ကြောင့် ဤဓားကို ရချိန်၌ အတော်လေး ပျော်ရွှင်သွားခဲ့သည်။ မကောင်းဆိုးဝါး ဝိဉာဉ်များ ပြည့်နေပြီး ဓါးဝိဉာဉ် ရှိနေသည့်တိုင်း ယင်းက လူတို့ကို တိုက်ခိုက်ရန်မဟုတ်ဘဲ မြုပ်နှံရာပစ္စည်း ဖြစ်ခဲ့သင့်သည်။ ယင်းက ကြွက်မိစ္ဆာ၏ လက်ထဲ မည်သည့်နည်းဖြင့် အဆုံးသတ်သွားမှန်းမသိပေ။ ယခုမူ ယွင်ယွီ၏ ဓါးဖြစ်လာလေ၏။

ဓားကို ရပြီးနောက် သူမသည် ၎င်းကို စာကြည့်ခန်းထဲတွင် ထားခဲ့သည်။ ဝိဉာဉ်စုစည်းခြင်းအစီအရင်ကို စာကြည့်ခန်းတွင် တည်ဆောက်ထားပြီး ဝိဉာဉ်စွမ်းရည်များဖြင့် ရေစည်လေးတစ်ခုဖြည့် ထားကာ ယင်းကိုအဟာရဖြည့်ရန် သုံးသည် ။

နှစ်ဝက်ကျော်ကြာပြီးနောက် ဓားပေါ်ရှိ မကောင်းဆိုးဝါး ဝိဉာဉ်က လျော့ပါးသွားပြီဖြစ်ကာ အလွန်ကောင်းမွန်သည့် တိုက်ခိုက်ရေးလက်နက် တစ်ခုဖြစ်လာသည် ။

သူမက လတ်တလော၌ လူတို့ကို ကူညီတာ ရှားသည်။ အစွမ်းထက်သည့် မကောင်းဆိုးဝါးဝိဉာဉ် မတွေ့ရသေးသောကြောင့် ဤဓားကို တစ်ခါမှ မသုံးခဲ့ရပေ။ ယနေ့၌ မည်သည်ကိုကြုံတွေ့ရမည်မှန်း မသိသောကြောင့် သူမနှင့် တပါတည်း သယ်လာလေ၏ ။

မကောင်းဆိုးဝါး ဝိဉာဉ်များကို ရင်ဆိုင်ရာတွင်လည်း အသုံးဝင်၏။ ဖုန်းရွှေပညာရှင်များအတွက် မှော်ကိရိယာများသည် လက်နက်တစ်မျိုးနှင့် တူပြီး သူတို့နှင့်အတူ သယ်သွားရန် လိုအပ်သည် ။

ဓါးပေါ်ရှိ သံချေးများ ပျောက်သွားပြီ ဖြစ်ကာ ၎င်း၏ ထက်မြိသော ဓါးသွားကို အထင်းထုတ်ပြနေသည်။ ဓားအိမ်ကို ဝိဉာဉ်စွမ်းအင်ဖြင့် အဟာရဖြည့်ထားပြီး ၎င်း၏ မူလသွင်ပြင် ပေါ်လာလေရာ အစိမ်းရင့်ရောင် ရှိပြီး ထိလိုက်ချိန်တွင် အေးမြနေ၏။ မည်သည့်ကုန်ကြမ်းဖြင့် ပြုလုပ်ထားမှန်းမသိပေ သံ ကြေးနီတို့နှင့်လည်း မတူ။

ယွင်ယွီက ကားထဲတွင် ထိုင်ကာ ဓားကို ပွတ်သပ်နေမိ၏။ ဓားက သူမကို တုန့်ပြန်သည့်ပမာ မြည်သံပေါ်လာ၏။ ယွင်ယွီက ၎င်းကို အလွန်သဘောကျနေကာ ချင်ယွီစွေကို ပြောပြ၏။

“ဒီဓားရဲ့ မကောင်းဆိုးဝါးဝိဉာဉ်ကို ဖယ်ရှားပြီးပြီ။ အခု အကောင်းစားတိုက်ခိုက်ရေး လက်နက်တစ်ခုဖြစ်သွားပြီ နာမည် ပေးရအောင်လား”

ချင်ယွီစွေက ဓားကိုလှည့်ကြည့်ပြီး ညင်သာစွာ ပြောလိုက်တော့သည်။

“ကျောက်စိမ်း ပရိယာယ်ဓား လို့ ခေါ်ရအောင်လား”

ထိုနာမည်သည် သူ၏ စိတ်ထဲ မည်သို့ကြောင့် ပေါ်လာမှန်း မသိပေ။ ပရိယာယ်ဟူသည် စကားက သိပ်မကောင်းပေ။ သို့သော် ဤဓားကို ပထမဆုံး မြင်ချိန်၌ ထိအတွေး ပေါ်လာတာဖြစ်ပြီး ပရိယာယ်ဟူသည့် စကားလုံးက ယင်းအတွက် အလွန်သင့်တော်၏။

ယွင်ယွီက နာမည်ပေးရာတွင် မတော်သောကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“နာမည်ကောင်းပဲ”

ကြီးမြတ်မှုကို မပြောနိုင်သော်ငြား အနည်းဆုံးတော့ ကြားရတာကောင်းသည့် ခံစားချက်များစွာပါနေသည်။

ကျောက်စိမ်း ပရိယာယ်ဓား ။

ချင်ယွီစွေက ညင်သာစွာ ပြောလိုက်လေ၏ ။

“ဒါဆို ဒီနာမည်ပဲ ထားလိုက်တာပေါ့”

“ကောင်းတယ်”

နှစ်ယောက်သားသည် ရှန့်ယုံနေထိုင်ရာ မြို့ဆီသို့ မောင်းသွားလေ၏။

137 04

ကားဖြင့် တစ်နာရီအတွင်းရောက်နိုင်တာ ဖြစ်သည် ။

မနက်ကိုးနာရီ ကျော်သွားပြီဖြစ်ကာ ယွင်ယွီက ဖုန်းရွှေဖြင့် ကူညီပေးပြီးနောက် စောစောပြန်ဖို့ စဉ်းစားနေသေး၏။ သူမ မူမူကို အတော်လေး စိတ်ပူနေသည်။ ဆိုရလျှင် သူမ မူမူကို ထားခဲ့တာ ပထမဆုံးအကြိမ်ဖြစ်သည် ။

ရှန့်ယုံက ယွင်ယွီကို မြင်သောအခါ ‘ဆရာ’ ဟု ခေါ်လိုက်သည်။

ယွင်ယွီက တန်းပြောလိုက်လေ၏ ။

“ရှင့်သူငယ်ချင်းရဲ့ အိမ်ကို ကျွန်မကို အခု ခေါ်သွားပေး”

ရှန့်ယုံက အလျှင်စလို ခေါင်းညိတ်လိုက်၏။

“ဆရာ အခုပဲ ခေါ်သွားပါမယ်”

သူက ယွင်ယွီကို ဆရာအဖြစ် အသိအမှတ်ပြုထားပြီးပြီ ဖြစ်သောကြောင့် ချင်ယွီစွေကလဲ သူနှင့် ဆရာတော်သူ ဖြစ်လာလိမ့်မည်။

ရှန့်ယုံက ချင်ယွီစွေ၏ ကားထဲဝင်ကာ လမ်းညွှန်ပေးလိုက်၏။ ဆယ်မိနစ်အတွင်း သူတို့က သူ့အတန်းဖော် ဖန်းကျစ်ကျယ်၏ အိမ်သို့ ရောက်သွားလေ၏။ လမ်း၌ ဖန်းကျစ်ကျယ်ကို ခေါ်ထားလေရာ ဖန်းကျစ်ကျယ်က သူတို့ အိမ်၌ ရှိကြောင်းပြောလာသည်။

ဆယ်မိနစ်အကြာနဲ့ ချင်ယွီစွေက ကားမောင်းသွားပြီးနောက် ပါကင်ထိုးသည့်နေရာတွင် ကားရပ်လိုက်သည် ။

ရှန့်ယုံက သူတို့နှစ်ယောက်ကို ဓာတ်လှေကားဆီခေါ်သွားပြီး ပြောလိုက်သည်။

“သူတို့က ဆယ်ခုနှစ်ထပ်မှာ နေတာ အတော်လေးမြင့်တယ်။ ဒီရက်ကွက်ထဲက အိမ်ဈေးနှုန်းတွေကလဲ မြင့်တယ်”

ရပ်ကွက်၏ ဖုန်းရွှေက မမှားပေ။ ပျှမ်းမျှသာဖြစ်ပြီး ဖုန်းရွှေက ဆိုးရွားလွန်းနေတာ မရှိ။ အိမ်နီးနားချင်းများထံမှ ဘာမှ မတွေ့ရပေ ။

ဓာတ်လှေကားက အပေါ်သို့ တက်သွား၏ ယွင်ယွီက နောက်ကျော၌ ဓားတစ်လက် သယ်ထားတာ အတော်လေး ထင်ရှားနေသည်။ သူမက ၎င်းကို တစ်စုံတစ်ခုဖြင့် ပတ်ထားသော်ငြား ရှန့်ယုံက မမေးဘဲ မနေနိုင်တောပေ ။

“ဆရာ အဲ့ဒါဘာလဲ”

ယွင်ယွီက ပြောလိုက်၏ ။

“ဒါက အရင်တုန်းက ကျွန်မကို လုံချီရှောင်ပေးထားတဲ့ ဓားလေ”

သူမ လက်ထပ်စဉ် ရှန့်ယုံလဲ ရှိနေသည်၊ သူအံ့ဩသွားကာ မေးလိုက်သည်၊

“အအေးဓာတ်ခံစားရတဲ့ ဓားလား အခု အအေးဓာတ် မခံစားရတော့ဘူးပဲ”

လုံချီရှောင်က ဓားကို ထုတ်လိုက်ချိန်တွင် ထိုနေရာတွင်ရှိသည့် လူများက အအေးဓာတ်ကို ခံစားခဲ့ရသည်။ သူ၏ ဆရာက ယင်းသည် မကောင်းဆိုးဝါးဝိဉာဉ်များ စုဝေးရာဖြစ်ကြောင်းပြောခဲ့။၏ မကောင်းဆိုးဝါးဝိဉာဉ်က သန်မာလျှင် အနားတွင် ရပ်နေရုံဖြင့် လူတို့ကို ခြောက်ခြားပြီး အအေးဓာတ်ကို ခံစားမိစေသည်။

ယွင်ယွီက နောက်ကျောရှိ ဓားကိုထိလိုက်သည်။

“သန့်စင်ပြီးသွားပြီ မကောင်းဆိုးဝါးဝိဉာဉ်တွေ မရှိတော့ဘူး။ အခု ဒီကျောက်စိမ်းဓားက မကောင်းဆိုးဝါး ဝိဉာဉ်တွေရဲ့ ရန်သူဖြစ်နေပြီ”

ရှန့်ယုံက ကြည့်လိုက်၏။

“ကျောက်စိမ်းပရိယာယ်ဓားလား။ ဒါဆရာပေးထားတဲ့ နာမည်လား နာမည်ကောင်းပဲ”

ယွင်ယွီက ပျော်ရွှင်စွာ ပြောလိုက်သည်။

“မင်းရဲ့ ဆရာဦးလေးက ဒီနာမည်ပေးထားတာ”

နှစ်ယောက်သား ရီရီမောမော စကားပြောနေလျှက် မကြာမီတွင် ဆယ့်ခုနှစ်ထပ်သို့ ရောက်သွားသည်။ ဤတိုက်ခန်းက အဆောက်အအုံဟောင်း အမျိုးအစားဖြစ်သည်။ တစ်လွှာတွင် အိမ်ထောင်စု လေးခုစီရှိ၏ ။

137 05

ဖန်းကျစ်ကျယ်က 1703တွင် နေသည် သူဓာတ်လှေကားထဲမှ ထွက်လျှင်ထွက်ချင်း ရှန့်ယုံသည် တံခါးဝတွင် စိုးရိမ်ပူပန်သော အကြည့်ဖြင့် ရပ်နေသော ဖန်းကျစ်ကျယ်ကို မြင်လိုက်ရသည်။ သူ့ကို မြင်ချိန်၌ အလျှင်စလို မေးလိုက်တော့သည်။

“ရှန့်ယုံ မင်းဖိတ်ထားတဲ့ ဆရာရောက်ပြီလား”

“ငါတို့ရောက်ပြီ”

ရှန့်ယုံက ယွင်ယွီကို လက်ညိုးထိုးပြလိုက်၏

“ဒါက ငါ့ရဲ့ ဆရာလေ။ မင်းသူ့ကို ဆရာယွင် လို့ခေါ်လို့ရတယ်။ ဆရာက အင်မတန် အစွမ်းထက်တာ”

သူ၏ အကြည့်က ရူးသွပ်နေသော ဖန်တစ်ယောက်နှင့် ဆင်တူသည်။ ဖန်းကျစ်ကျယ်က ယွင်ယွီကို သံသယဖြင့်ကြည့်လိုက်၏။ ဤမယုံနိုင်လောက်အောင် ငယ်ရွယ် လှပသည့် မိန်းမလှလေးနှင့် ယှဉ်ပါက သူ့ဘေးရှိ အရပ်မြင့်မြင့် အေးစက်သော မျက်နှာထားနှင့်လူက ဆရာတစ်ယောက်နှင့် ပိုတူသည်ဟု ခံစားမိသည်။

သူက ယွင်ယွီကို သံသယဖြင့်ကြည့်ပြီးနောက် ချင်ယွီစွေကို ကြည့်လိုက်သည် ။

ရှန့်ယုံက ဒေါသထွက်လာ၏ ။

“မင်းငါ့ကို မယုံသေးဘူးဘဲ။ အချိန်ဆွဲမနေနဲ့ ငါတို့ကို မြန်မြန်ခေါ်သွား မင်းရဲ့ ဇနီး လတ်တလော အဆင်ပြေရဲ့လား”

ဖန်းကျစ်ကျယ်က သက်ပြင်းချလိုက်၏။

“သူဘယ်လိုလုပ် အဆင်ပြေမှာလဲ။ သူက ကလေး ဒီလောက် ချစ်တတ်တာ ကိုယ်ဝန်လွယ်ထားရတုန်းက ပျော်နေတာလေ။ စစ်ဆေးနေတုန်းက သန္ဓေသားတည်ငြိမ်တယ်လို့ ဆရာဝန်ကလဲ ပြောတယ်။ ဒါပေမဲ့ ရက်တစ်ရာ ပြည့်ပြီးတာနဲ့ ကလေး တစ်ခုခုဖြစ်သွားတာ။ သူဘယ်လိုလုပ် ဝမ်းမနည်းဘဲ နေမှာလဲ ငါလဲ ဝမ်းနည်းတယ်”

သူသည်လည်း ဤကလေးကို မျှော်လင့်နေတာပဲဖြစ်သည်။

“မင်းတို့တွေ အရင်ဝင်သွားပြီး တစ်ချက်ကြည့်ကြည့်လိုက်”

ဖန်းကျစ်ကျယ်က ဘေးဖယ်ပေးလိုက်ရာ ထိုလူများအိမ်ထဲ ဝင်သွားတော့သည်။

တိုက်ခန်းက သေးပြီး ဧည့်ခန်းနှင့် အိပ်ခန်းနှစ်ခန်းရှိသေးရာ စတုန်းမီတာ ခုနှစ်ဆယ် ရှစ်ဆယ်ဝန်းကျင်ခန့်ရှိသည်။

ဧည့်ခန်းထဲ ဝင်လျှင်ဝင်ချင်း နံရံတွင် ချိတ်ထားသည့် မင်္ဂလာဆောင် ဓာတ်ပုံကို တွေ့လိုက်ရ၏။ သို့သော် ထိုနေရာ၌ သတို့သမီးသာရှိပြီး သတို့သမီးတစ်ယောက်တည်း၏ ပုံဖြစ်သည်။ ပြီးနောက် ဆိုဖာအထားအသို ဧည့်ခန်းထဲရှိ ငါးကန် ကိုယ်လုံးပေါ်မှန် ယွင်ယွီက မျက်မှောင်ကြုံ့မိသွား၏ ။

ပြီးနောက် သူက ရှန့်ယုံကို မေးလိုက်တော့၏

“ဒီနေရာမှာ ဖုန်းရွှေ ဘာမှားနေလဲ တွေ့နိုင်လား”

ရှန့်ယုံက စာအုပ်ကို တစ်နှစ်ကျော်ဖတ်လာတာ ဖြစ်သည်။ သူ့၌ မေးစရာရှိသည့်အချိန်၌ သူက သူမကို ဝီချက်ကနေမေးကာ သူမက သူ့ကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။

ရှန့်ယုံက အိမ်ထဲရှိ ပရိဘောဂများကို ကြည့်ကာ ယွင်ယွီကို တွန့်ဆုတ်စွာပြောလိုက်၏။

“ဆရာ သူ့အိမ်ထဲက ဖုန်းရွှေ အထားအသို ရှုပ်ထွေးနေပြီး အရည်အချင်းတချို့ရှိတဲ့ ပညာရှင်ကတောင် မထားလောက်ဘူးလို့ ထင်တယ်။ ဥပမာ အနေနဲ့ စုံတွဲမှာ တစ်ယောက်တည်းပုံကို ဧည့်ခန်းထဲမှာ မထားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် သူတို့စုံတွဲမှာ ဆက်ဆံရေး ဆိုးဝါးသွားနိုင်တယ်။ ဒါ့အပြင် ဆိုဖာက နေရာမှန် မဟုတ်ဘူး။ အိမ်ခန်းအပြင်အဆင်နဲ့ ဆိုဖာက အလင်းကို မျက်နှာမူနေတာ ကိုယ်လုံးပေါ်မှန်က အိပ်ခန်းတံခါးကို မျက်နှာမူနေတယ် အရာအားလုံး ပြောင်းပြန်ဖြစ်သွားလိမ့်မယ်”

******

All Chapters