← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

138 01

အပိုင်း 138

ဖန်းကျစ်ကျယ်သည် သူ၏ မိတ်ဆွေ ပြောတာကို နားထောင်နေလေပြီး မှင်သက်နေလေ၏။

ယွင်ယွီက ညှင်သာစွာ ပြောလိုက်၏။

“ဆက်ပြော”

ရှန့်ယုံသည် ပြီးခဲ့သည့် ၆ လ အတွင်း အလွန်အလေးထား ဖတ်ရှုခဲ့တာ ဖြစ်လောက်ကာ စာအုပ်ထဲရှိ ဗဟုသုတများကို ကောင်းမွန်စွာ သင်ယူနိုင်ခဲ့၏။

ရှန့်ယုံက ယုံကြည့်ချက်တချို့ ရှိလာလေ၏။ သူက ဧည့်ခန်းထဲရှိ ပရိဘောဂများကို ကြည့်ကာ သူ့မိတ်တွေဘက်လှည့်ပြောလိုက်၏။

“အိမ်ရဲ့ဆိုဖာက အလင်းမိုးနေတယ်။ ဆိုဖာဆိုတာ မကြာခဏထိုင်ပြီး အနားယူတဲ့နေရာ ဖုန်းရွှေမကောင်းဆိုးဝါး ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာ မသက်မသာ ဖြစ်စေပြီး ဦးနှောက်ယောင်ရောဂါ ဖြစ်စေတာ။ ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ဖြစ်စေနိုင်တာ။ သိပ္ပံနည်းပညာနဲ့ ရှင်းပြရမယ်ဆိုရင် အလင်းတန်းက ထူပြီး သံမဏိတိုင်တွေကို ပံ့ပိုးပေးနေပြီး အင်္ဂါတေက ရှေးရိုးစွဲထက် ပိုနေတယ်။ လူတွေ အဲဒီအောက်မှာ ထိုင်ရင် အလွန် စိတ်ဖိစီးပြီး မသက်မသာဖြစ်လိမ့်မယ်”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။

“ဖုန်းရွှေမှာ မှန်ဆိုတာ ယင်စွမ်းအင်ကို စုစည်းထားတဲ့ အရာပဲ။ အိမ်ခန်းတံခါးရှေ့မှာ မှန်ကို ထားခဲ့မယ်ဆိုရင် ယင်ဓာတ်ကို အချိန်အတော်ကြာ စုဝေးထားပြီး အိမ်ခန်းထဲက ယင်ဓာတ် မလုံလောက်မှု ဖြစ်စေတယ်။ လူတွေက ယန်ဓာတ်ကို လိုအပ်တယ်။ ဒီတော့ ခန္ဓာကိုယ်က မသက်မသာ ဖြစ်ပြီလေ”

ရှန့်ယုံက ပြုံးကာ စားပွဲပေါ်ရှိ ငါးကန်အလွတ်ကို ကြည့်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်၏။

“ဒီငါးကန် ထားထားပုံက မှန်ပုံမပေါ်ဘူး။ ငါးကန်က ရေဓာတ်။ ရေက ကြွယ်ဝချမ်းသာမှုကို စုစည်းပေးတယ်။ ဒါပေမဲ့ မိုးပြာနဂါးနေရာမှာ ထားသင့်တာ။ မင်းရဲ့ အိမ်ထဲက မိုးပြာနဂါးက ဒီနေရာမှာ မဟုတ်ဘူး”

ရှန့်ယုံက တုံ့ဆိုင်းနေ၏။ သူ၌ သံလိုက်အိမ်မြှောင် မရှိသလို တစ်ချက်ကြည့်ရုံဖြင့် ချီမျိုးစုံကို မြင်နိုင်သည်။ ယွင်ယွီ၏ စွမ်းရည်မျိုး မရှိပေ။ သူအဖို့ ပကတိမျက်လုံးဖြင့် မိုးပြာနဂါး၏ နေရာအမှန်ကို ရှာဖို့ မဖြစ်နိုင်ပေ။

ယွင်ယွီက ဖန်းကျစ်ကျယ်ဘက် လှည့်ကာ ပြောလိုက်သည်။

“ဒီငါးကန်ကို မိုးပြာနဂါးရဲ့နေရာမှာ မထားထားဘူး။ ဒါပေမဲ့ သက်ရောက်မှု သိပ်မရှိဘူး။ ဒီလိုဖုန်းရွှေမျိုးက ဘယ်ဘက်ခြမ်းက မိုးပြာနဂါးရဲ့ ဖုန်းရွှေသဏ္ဍာန်နဲ့ ကိုက်ညီမှု မရှိဘူး။ ညာဘက်ခြမ်းက ကျားဖြူနဲ့လည်း ကိုက်ညီမှု မရှိဘူး။ တကယ်တော့ ရှင့်အိမ်ရဲ့ ဖုန်းရွှေစီမံမှုက နည်းနည်းလေး ဆိုးနေတယ်။ သက်ရောက်မှုတချို့ ရှိပြီး ညအချိန်မှာ ရှင် အိပ်မပျော်တာက နေ့အချိန်မှာ ခေါင်းကိုက်ရုံပဲ။ ဒါပေမဲ့ ရှင်ရဲ့ဇနီး သားပျက်၊ သားလျှော ဖြစ်ရလောက်တဲ့အထိ ရှင်ဒီလောက် ကံဆိုးစေမှာမျိုး မဟုတ်တာ သေချာတယ်”

ဖန်းကျစ်ကျယ်က မေးလိုက်၏။

“ဆရာ ဘာတွေဖြစ်နေတာလဲ”

ယခုဆို သူက သူ၏အတန်းဖော်အဟောင်း ခေါ်လာပေးသည့် မိန်းကလေးကို ယုံကြည်နေပြီ ဖြစ်သည်။

ယွင်ယွီက မေးလိုက်လေ၏။

“ရှင် ဖုန်းရွှေဆရာကို ဖုန်းရွှေကြည့်ခိုင်းတုန်းက ရှင်ရဲ့အိမ်ထဲက ပရိဘောဂတွေအပေါ် ကြုံ့ရာကျပန်း လမ်းညွှန်မှုတွေ ပေးခဲ့တယ် မှတ်လား”

ဖန်းကျစ်ကျယ်က ဂရုတစိုက် စဉ်းစားမိပြီး တွေးကြည့်လိုက်မိ၏။ ဆရာသခင် ပြောသည့်အတိုင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏ဇနီး ငှားရမ်းထားသည့် ဖုန်းရွှေဆရာ ရောက်လာချိန်တွင် သူ၏ဇနီးး သူ့ကို ပရိဘောဂများ၏နေရာမျိုးစုံ မေးခိုင်းခဲ့ပြီး ဖုန်းရွှေဆရာက သူ ရှာဖွေဖော်ထုတ်ရန် ကြိုးစားနေသည့် ပမာ ကြုံရာကျပန်း လက်ညိုးထိုးပြခဲ့၏။

“ဆရာ ခန့်မှန်းတာ မှန်တယ်။ ဒီဖုန်းရွှေဆရာက ကြုံရာကျပန်း လက်ညိုးထိုး ညွှန်ပြခဲ့ရုံပဲ”

ယွင်ယွီက ခန့်မှန်းလိုက်၏။ ယင်းတို့က ရိုးရှင်းသည့် ဖုန်းရွှေဗဟုသုတ ဖြစ်သည်။ သင်ယူကာစ ဖုန်းရွှေဆရာတောင် ထိုကဲ့သို့ အမှား မလုပ်နိုင်ပေ။ ထိုအကြောင်းကို ဤလူက ဘာမှ နားမလည်တာ ဖြစ်လောက်ပေ၏။

138 02

ဖန်းကျစ်ကျယ်က ရေရွတ် ပြောလိုက်သည်။

“အဲဒီဖုန်းရွှေဆရာ ဘာလုပ်ခဲ့တာပါလိမ့်”

ယွင်ယွီက လှည့်ကြည့်လိုက်ပြီး ညာဘက်ခြမ်းကို လက်ညိုးထိုးပြကာ ရုတ်တရက် မေးလိုက်သည်။

“အဲဒါက အိပ်ခန်းလေးလား”

“ဟုတ်ပါတယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က အိပ်ခန်းကြီးထဲမှာ နေတယ်။ အိပ်ခန်းလေးထဲမှာ ဘယ်သူမှ မရှိဘူး။ ခုတင်တစ်လုံးနဲ့ စားပွဲလေးတစ်လုံးပဲ ရှိတယ်”

ဖန်းကျစ်ကျယ်က ပြောလိုက်၏။

“တခြားဟာတွေ ထားထားသေးလား”

ယွင်ယွီက မျက်မှောင် ကြုတ်မိသွား၏။ မကောင်းဆိုးဝါးဝိညာဉ်သည် တံခါးမှ ယိုစိမ့်ထွက်နေသည်။

သူမ တံခါးဝဆီ လျှောက်သွားကာ တွန်းဖွင့်လိုက်သည်။ ဖန်းကျစ်ကျယ်က သူမ့အနောက်မှ လိုက်လာပြီး တအံ့တဩ ဖြစ်နေလေ၏။

“မရှိဘူး။ အိပ်ခန်းလေးထဲမှာ ဘယ်သူမှ မရှိဘူး။ ပရိဘောဂမရှိသလို အရာဝတ္ထုတွေလည်း သိပ်မရှိဘူး”

ယွင်ယွီက တံခါးတွန်းဖွင့်ပြီး ဝင်သွားနှင့်ပြီဖြစ်ရာ စားပွဲပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို တွေ့လိုက်ရ၏။

သူမ မျက်မှောင်ကြုတ်မိသွား၏။

“ဒါ ဘယ်သူ ပူဇော်ထားတာလဲ”

ဖန်းကျစ်ကျယ်က ရုတ်တရက် သဘောပေါက်သွားတော့သည်။

“ဟုတ်တယ်။ အိပ်ခန်းငယ်လေးထဲမှာ ဗုဒ္ဓရုပ်ပွားတော်ရှိတယ်။ ဖုန်းရွှေဆရာက ကျွန်တော်တို့ကို ကိုးကွယ်ခိုင်းထားတာ။ ဒါက သူတော်စင်တစ်ပါးဖြစ်ပြီး သူ့ကို ကိုးကွယ်ရင် ဘေးကင်းစေပြီး ကိုယ်ဝန်ဆောင်နိုင်အောင် ကူညီပေးမယ်လို့ ပြောခဲ့တာ။ ကျွန်တော့်ဇနီးက အယူသီးပြီး ဖုန်းရွှေဆရာရဲ့ စကားကို ယုံတယ်လေ။ သူ ကိုးကွယ်နေတာ”

ယွင်ယွီက သက်ပြင်းချမိသွား၏။

“ရှင်ရဲ့ ဇနီးက ဘာကြောင့်များ ဖုန်းရွှေဆရာကို အဲလောက် ယုံရတာလဲ။ ဒီအရာတွေကို ဘယ်လိုလုပ် ကြုံရာကျပန်း ကိုးကွယ်နိုင်ရတာလဲ။ ဘာမှန်းတောင် မသိဘဲနဲ့”

သူမသည် ဤလူများကို တကယ် လေးစားမိ၏။ သူတို့က ကိုးကွယ်ရန် အိမ်သို့ ဘာမဆို ယူလာရဲသည်။ တာအိုဘုရားကျောင်း သို့မဟုတ် ဘုန်းကြီးကျောင်းမှ သယ်လာလျှင် အဆင်ပြေသေး၏။ သို့သော် သူတို့သည် မည်သည့်နေရာမှ သယ်လာမှန်း မသိသည့် အရာဝတ္ထုများကို ကိုးကွယ်ရဲကာ တစ်စုံတစ်ခုဖြစ်လာမှာကို စိတ်မပူဘဲ နေ့စဉ်နေ့တိုင်း အမွှေးတိုင် သုံးချောင်း ပူဇော်သေး၏။

“ဆရာ ဒါက ဆရာ့မျက်လုံးထဲ မြင်ရတာကြောင့်လေ”

ဖန်းကျစ်ကျယ်က ဆန်းကြယ်စွာ ပြောလိုက်၏။

“ကျုပ်ဇနီးရှာတွေ့ထားတဲ့ ဖုန်းရွှေဆရာက တကယ် အရည်အချင်းရှိတယ်။ အစတုန်းက ကျုပ်ရဲ့ ဇနီးက တာအိုရသေ့တစ်ပါးကို ရှာဖို့အတွက် တာအိုဘုရားကျောင်းကို သွားခဲ့ပြီး ဖုန်းရွှေစစ်ဆေးပေးဖို့ လူပင့်ဖိတ်ချင်ခဲ့တာ။ ရလဒ်အနေနဲ့ သူ တံခါးဝရောက်ရောက်ခြင်းမှာပဲ ကျွန်တော့်ဇနီး ရုတ်တရက် လဲကျသွားတယ်။ ပြီးတော့ ဝတ်ရုံအစိမ်း ဝတ်ထားတဲ့ အသက် ၄၀ အရွယ်လောက်ရှိတဲ့ လူက ရောက်လာတာ။ သူက တော်တော်လေး ကြင်နာပုံပေါ်တယ်။ သူရဲ့ကျောပေါ်က အဝတ်အိတ်ထဲက အဆောင်တစ်ဆောင် ထုတ်ပြီး ကျုပ်မိန်းမကို ပေးပြီး ဒါက သွေးထွက်တာ တားပေးနိုင်တဲ့ အဆောင်လို့ ပြောခဲ့တယ်။ ကျုပ်ဇနီးက အစတုန်းက မယုံဘူး။ ကျုပ်လည်း မယုံဘူး။ ရလဒ်ကတော့ ကျုပ်ရဲ့ဇနီးက အဆောင်ကို ယူလိုက်တာနဲ့ ဒဏ်ရာက သွေးစီးကျတာ ရပ်သွားရောပဲ။ တကယ် အံ့ဩဖို့ကောင်းတယ်”

ယင်းက ပဉ္စလက်ဆန်လွန်းသောကြောင့် သူတို့နှစ်ယောက်သည် ဆရာကို ရူးမိုက်စွာ ခေါ်ခဲ့ကြသည်။

138 03

ဝတ်ရုံအစိမ်းဖြင့် အမျိုးသားက သူတို့ကို မေးလိုက်၏။

“တစ်ခုခု မေးဖို့အတွက် ရောက်လာတာလား။ မင်းတို့ အတော်လေး ငယ်ရွယ်နေသေးတာ မြင်မိတယ်။ လက်ထပ်ပြီးပြီလား။ ကလေးရှိပြီလား”

သူ၏ဇနီးသည် ဤလူက သူ၏အရည်အချင်းများ ပြသတာကို မြင်သောအခါ ဤလူသည် ပညာရှင် ဖြစ်ရမည်ဟု တွေးမိသွားပြီး ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်တော့၏။

“ဟုတ်ကဲ့ ဆရာ။ အိမ်သစ်အတွက် ဖုန်းရွှေစစ်ဆေးပေးဖို့ တစ်စုံတစ်ယောက်ကို အကူအညီ တောင်းချင်တာကြောင့် တာအိုဘုရားကျောင်းရောက်လာတာပါ။ ကျွန်မခင်ပွန်းနဲ့ ကျွန်မက အိမ်ထောင်ကျခါစ ကလေး မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်မက ကလေးတွေကို အချစ်ဆုံးပါပဲ။ မကြာခင် ရဖို့ မျှော်လင့်မိပါတယ်”

ဝတ်ရုံစိမ်းဖြင့် လူက ပြောလိုက်၏။

“ဖြစ်ချင်တော့ ကျုပ်က ဖုန်းရွှေပညာရှင်လေ။ ဒီတော့ ကျုပ် ခင်ဗျားတို့နဲ့ တစ်ချက် လိုက်ကြည့်ပေးရမလား”

သူတို့နှစ်ယောက်သည် ထိုလူ၏စကားကြောင့် စိတ်ရှုပ်ထွေးသွားကြကာ ဤလူသည် ပညာရှင် ဖြစ်မည်ဟု အလိုလို တွေးမိသွား၏။ ထိုကြောင့် အိမ်သစ်သို့ ခေါ်သွားလိုက်သည်။ ထိုလူက အခန်းကို လှည့်ပတ်ကြည့်ပြီး ကြုံ့ရာကျပန်း လက်ညိုးထိုးကာ သူတို့ကို ပြောလိုက်၏။

“ဆိုဖာကို ဒီမှာထား။ စားပွဲက ဟိုမှာ။ ရွှေငါးကန်ကို စားပွဲပေါ်တင်။ မှန်က အဲဒီမှာ ထား”

သူသည် ကြုံရာကျပန်း လက်ညိုးထိုးလျှက် အိမ်၏ဖုန်းရွှေကို ဆုံးဖြတ်လိုက်သည်။

သူတို့နှစ်ယောက်က သူ့ကို သတိထားမိလိုက်သည်။

“ဆရာ ဒါအမှန်ပဲလား”

ထိုဆရာသည် ဖန်းကျစ်ကျယ်၏ ဇနီးကို ကြည့်ကာ ရုတ်တရက် နှုတ်ခမ်းတစ်ချက် သပ်လိုက်သည်။

“မင်းရဲ့ ဇနီး မျက်နှာကို ကြည့်ရတာ ကိုယ်ဝန်လွယ်ဖို့ ခက်ခဲမယ်ပုံပဲ။ ကလေးရဖို့ လမ်းကြောင်းက ပိုခက်ခဲတယ်။ ငါ့ကို ယုံရင် နည်းလမ်းတစ်ခုရှိတယ်”

“ဖြေရှင်းနည်းက ဘာလဲ”

ဝတ်ရုံအစိမ်းဖြင့် လူက ပြောလိုက်၏။

“မင်းတို့ကို ဝယ်ဖို့ သူတော်စင်တစ်ပါး ရုပ်ထု လုပ်ပေးမယ်။ တစ်နေ့ကို အမွှေးတိုင် သုံးတိုင် ပူဇော်။ မင်းရဲ့ဇနီး ၆ လအတွင်း ကိုယ်ဝန်ရလာမယ်လို့ အာမခံတယ်”

သူ၏သွေးတိတ်အဆောင်ကြောင့် ထိုလူနှစ်ယောက်သည် အင်္ကျီအစိမ်းဖြင့် လူပြောတာကို နာခံပြီး ချက်ချင်း လက်ခံလိုက်ကြသည်။

နောက်တစ်နေ့တွင် ထိုလူက ဗုဒ္ဓရုပ်ပွားတော်တစ်ခု ယူလာပြီး သူတို့အား ကိုးကွယ်ခိုင်းကာ ယင်းသည် သူတော်စင်တစ်ပါး ဖြစ်ကြောင်းနှင့် လေးစားရမည် ဖြစ်ကြောင်း ပြောခဲ့၏။ ထိူလူက ယွမ်နှစ်သောင်းသာ ယူပြီး ထွက်သွားသည်။

ထိုအချိန်မှ စပြီး ဖန်းကျစ်ကျယ်၏ဇနီးက ကိုးကွယ်ရန်အတွက် အိပ်ခန်းငယ်လေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်ကို ထားခဲ့သည်။ နှစ်လအတွင်း သူ၏ဇနီးက ကိုယ်ဝန်ဆောင်လိုက်ရသည်။ သူတို့နှစ်ယောက်က ယင်းကို အလွန်ပျော်ရွှင်နေတာပဲ ဖြစ်သည်။

သို့သော် နောက်ထပ် လိုက်လာသည့်များက အတောမသတ်နိုင်သော ဘေးဆိုးများပဲ ဖြစ်သည်။ သူတို့နှစ်ယောက် ဝင်ခဲ့သော်ငှား သူတို့ ယုံကြည်ချက်က ခိုင်မာလွန်းနေ၏။ အင်္ကျီအစိမ်းဖြင့် လူသည် ပညာရှင်ဖြစ်ပြီး သူပြောတာ အကျိုးအကြောင်း သင့်သည်ဟု ထင်ခဲ့သည်။ သို့သော် ကလေး ရက် ၁၀၀ ရောက်ချိန်၌ ဖန်းကျစ်ကျယ်၏ ဇနီးက ရုတ်တရက် ကိုယ်ဝန်ပျက်ကျသွားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဖက်ငိုခဲ့ကြကာ တစ်စုံတစ်ခု မှားယွင်းနေပြီမှန်း ခံစားမိ၏။

ပြီးနောက် သူတို့ ရှန့်ယုံကို လိုက်ရှာကာ ယွင်ယွီကို ရှာတွေ့ခဲ့ကြသည်။

ဇာတ်ကြောင်းတစ်ခုလုံး နားထောင်ပြီးနောက် ယွင်ယွီက သက်ပြင်းချလိုက်သည်။

“ရှင်တို့က တကယ် ရဲတင်းတာပဲ။ အဲဒီလူက ရှင်တို့ကို သွေးတိတ်အဆောင်က တာအိုအဆောင်ပဲ ဘာမှ မခက်ခဲဘူး။ ဒါအပြင် ရှင်က အဲဒါကို သူဆွဲလိုက်မှန်း ရှင့်မျက်စိနဲ့ မြင်တာမှ မဟုတ်တာ။ တခြားတစ်ယောက်ပေးတာ ဖြစ်နိုင်တယ်။ သူရဲ့အဓိက ရည်ရွယ်ချက်က ရှင်တို့ကို ဒီရုပ်ထုကို ကိုးကွယ်ခိုင်းတာပဲ ဖြစ်မယ်။ ဒီသူတော်စင် ရုပ်ထုက ရှင့်ဇနီးရဲ့ ဗိုက်ထဲက ကလေးကို ယူလိုက်တာ”

138 04

သူမ မျက်မှောင် ကြုတ်မိသွားကာ ပြောလိုက်လေ၏။

“ရှင်ရဲ့ ဇနီးကို တွေ့လို့ ရမလား”

ဖန်းကျစ်ကျယ်သည် ယွင်ယွီ၏ စကားကို ကြားသောအခါ အပြစ်မကင်းသလို ခံစားလိုက်ရ၏။

“ရတာပေါ့ ဆရာ။ ကျွန်တော့်မိန်းမ အခု အနားယူနေပါတယ်”

သူသည် ယွင်ယွီကို အိပ်ခန်းထဲသို့ ခေါ်သွားပေး၏။ ယင်းက သူ၏ဇနီး ကျမ်းနီ အနားယူရာ နေရာ ဖြစ်သည်။ အထဲ၌ အိပ်ခန်းတစ်ခန်းရှိ၏။ ချင်ယွိစွေနှင့် ရှန့်ယုံကမှု ဧည့်ခန်းထဲတွင် စောင့်နေကာ ယွင်ယွီနှင့် ဖန်းကျစ်ကျယ်က အိပ်ခန်းထဲ ဝင်သွားတော့သည်။

ကျမ်းနီက အနားယူနေစဉ် တံခါးဖွင့်သံကြောင့် နိုးလာ၏။ သူမ ဖြည်းဖြည်းချင်း ထိုင်လိုက်ကာ မေးလိုက်တော့သည်။

“ယောက်ျား”

ဖန်းကျစ်ကျယ်က သွားထူပေးလိုက်သည်။

“မိန်းမ ဒါက ကိုယ် ရှန့်ယုံရဲ့ဆရာကို အိမ်တစ်ချက် လာကြည့်ခိုင်းထားတယ်”

ကျမ်းနီက ယွင်ယွီကို ကြည့်လိုက်၏။ ခဏအကြာ၌ သူက မေးလိုက်သည်။

“ဆရာလား”

ဖန်းကျစ်ကျယ်က တီးတိုး ပြောလိုက်သည်။

“မိန်းမ ဒီဆရာက ရှန့်ယုံရဲ့ဆရာ။ သူက တကယ် အရည်အချင်းရှိတယ်”

ယွင်ယွီက ရှေ့တိုးလာကာ နူးညံ့စွာ ပြောလိုက်၏။

“မစ္စကျမ်း ရှင်ရဲ့သွေး နှစ်စက်လောက် ငှားချင်တယ်”

သူမ၏ ခန့်မှန်းချက်ကို အတည်ပြုချင်သည်။

ကျမ်းနီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

သူမ့ရင်ထဲ၌ သံသဃရှိနေသေးသည်။ ထိုမိန်းကလေးက သူမထက် ငယ်ရွယ်ပုံပေါ်၏။ ဆရာတစ်ယောက်များ ဖြစ်နိုင်မလား။ ဒါပေမဲ့ အသက် ၄၀ ကျော် ဖုန်းရွှေဆရာက အတုအယောင် ဖြစ်နေသေးတာ။ အသက်အရွယ်ကို ကြည့်တာ မတိကျဘူး။

ယွင်ယွီသည် အဝါရောင် အဆောင်တစ်ခုကို ထုတ်ပြီးနောက် ကျမ်းနီ၏လက်ကို ကိုင်ကာ သူမ၏လက်ညိုးနှင့် လက်ခလယ်နှစ်ချောင်းကို ယူလိုက်လျှက် ကျမ်းနီ၏လက်ချောင်းကို ညှင်သာစွာ ဆွဲခြစ်လိုက်ပြီး သိမ်သိမ်လေး ပြတ်သွားစေ၏။ ယွင်ယွီက ကျမ်းနီ၏ လက်ချောင်းများဆီမှ သွေးနှစ်စက် ညှစ်ထုတ်လိုက်ရာ အဝါရောင်အဆောင်ပေါ် ကျသွားသည်။

ဖန်းကျစ်ကျယ်နှင့် ကျမ်းနီက မျက်လုံးအပြူးသား ဖြစ်နေ၏။ ထိုလူသည် လက်နှစ်ချောင်းတည်းဖြင့် လက်ရှအောင် လုပ်ခဲ့သည်။

ယခုအချိန်တွင် သူတို့က ဆရာ၌ ဓား၊ လက်ချောင်းကြားထဲတွင် တခြားတစ်ခုခု ရှိမနေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

ဒါ တကယ် ပညာရှင်ပဲလား။

ယွင်ယွီသည် ကျမ်းနီ၏ သွေးစက်နှစ်စက်ကို အဝါရောင် အဆောင်ပေါ် ချလိုက်ပြီး ဂါထာတစ်ခုကို ရွှတ်ဆိုလိုက်သည်။ ဂါထာပြီးနောက် အဆောင်က တုံ့ပြန်မှု မရှိပေ။

ယွင်ယွီက အဆောင်ကို လွှတ်ပစ်ပြီးနောက် ထိုစုံတွဲကို ပြောလိုက်သည်။

“ရှင်တို့ကို ကိုးကွယ်ခိုင်းထားတဲ့ ဗုဒ္ဓရုပ်ပွားတော်က ရည်ရွယ်ချက်ရှိတယ်။ ရှင့်ကလေးရဲ့ ဝိညာဉ် ဖြစ်လောက်တယ်။ မစ္စကျမ်းရဲ့ သွေးကို သုံးပြီး ကလေးဝိညာဉ်ကို ဆင့်ခေါ်ခဲ့ပေမယ် အလုပ်မဖြစ်ဘူး။ ကလေးက သုံးလသားအရွယ်ရောက်ရင် ဝိညာဉ်တစ်ခု ရှိလာတယ်။ ဝိညာဉ်က သေးလွန်းပြီး မြေအောက်လောကဆီ ပြန်သွားတယ်ဆိုရင်တောင် ဆင့်ခေါ်လို့ မရသေးဘူး။ အကြောင်းအရင်း နှစ်ခုရှိတယ်။ တစ်ခုက ဝိညာဉ် ပြိုကွဲသွားတာ။ နောက်တစ်ခုက ရှင့်ကလေးရဲ့ဝိညာဉ် ထိန်းသိမ်းခံထားရပြီး ထွက်မလာနိုင်တာ။ ဒီတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူတော်စင်ရုပ်ထုထဲမှာ ရုပ်ထုက ရှင့်ကလေးရဲ့ ဝိညာဉ်ကို ဖမ်းစားထားတာ။ ရှင့်မိသားစုဖုန်းရွှေက ပြဿနာ မရှိဘူး။ ရုပ်ထုကြောင့် ရှင် ကံမကောင်း၊ မနာမကျန်းဖြစ်ပြီး မသက်မသာ ဖြစ်နေတာ။ ဒါက မကောင်းဆိုးဝါး ဝိညာဉ်တွေ ပြည့်နေတယ်။ ရှင် တကယ်ခံနိုင်ရည် မရှိတာ အမှန်ပဲ”

138 05

သူတို့စုံတွဲက ဖြူဖျော့သွားပြီး ကျမ်းနီက ငိုလိုက်သည်။

“ဘယ်သူကများ ကျွန်မ့ကလေးကို ထိခိုက်အောင် လုပ်ချင်တာလဲ”

ယွင်ယွီက ပြောလိုက်၏။

“သူက ရှင်ရဲ့ကလေးကို ထိခိုက်ချင်တာ မဟုတ်ပဲ ရှင့်ကလေးရဲ့ ဝိညာဉ်ကို လိုချင်တာ။ ဖုန်းရွှေဆရာကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ”

ကျမ်းနီက မျက်ရည်သုတ်လျှက် ပြောလိုက်သည်။

“ကျွန်မတို့မြို့က တိရှတာအိုဘုရားကျောင်းပဲ။ ဒါပေမဲ့ ဘုရားကျောင်း အပြင်ဘက်မှာ တွေ့ခဲ့တာ”

ယွင်ယွီက ဆက်မေးလိုက်၏။

“အဲဒီလူ ဘယ်လိုပုံလဲ ဖော်ပြပေးနိုင်မလား။ သူက တာအိုဘုရားကျောင်းက မဟုတ်ဘူးထင်တယ်။ သူက ရှင်လို လူငယ်စုံတွဲတွေကို ရှာဖို့ တာအိုဘုရားကျောင်းနား တစ်နှစ်ပတ်လုံး သွားလာနေပြီး သူတော်စင်ရုပ်ထုရောင်းချဖို့ အခွင့်အရေး ရှာနေတာ ဖြစ်မယ်။ နောက်ဆုံး စစ်ဆေးချက်အရ ဒါ ကလေးတွေအများကြီးရဲ့ ဝိညာဉ်လေ”

သူမသည် ယင်းက မိစ္ဆာကျင့်ကြံသူ သို့မဟုတ် တစ်စုံတစ်ခု ဖြစ်လောက်သည်ဟု ခန့်မှန်းမိသည်။

ထိုစုံတွဲက ဂရုတစိုက် တွေးလိုက်သည်။

“သူက ၁.၇ မီတာလောက် မြင့်တယ်။ ပိန်တယ်။ ပုခုံးလောက်အထိ ဆံပင်ရှည်တယ်။ အနည်းငယ် ပေါ့ပေါ့တန်တန် နိုင်တယ်။ ပြီးတော့ မုတ်ဆိတ်တွေနဲ့ ဪ ဟုတ်သား သူရဲ့ဘယ်ဘက်လက်ချောင်းလေးက ကျိုးနေတယ်။ ဒါကြောင့် သူမှာ လက်လေးချောင်းပဲ ရှိတယ်”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။

“ကျွန်မသိပြီ။ အဲဒီလူရဲ့အခြေအနေကို မေးရအောင် တိရှတာအိုဘုရားကျောင်းဆီကို သွားမယ်။ လိုက်ခဲ့”

******

All Chapters