အခန်း ၁၃၉
Vol. 14 Ch. 139
139 01
အပိုင်း 139
…
အခြေအနေများကို ဖြေရှင်းရပေမည်။
ကျမ်းနီက ပြောလိုက်၏။
“ဆရာ ကျေးဇူးတင်ပါတယ်။ အဲဒီဗုဒ္ဓရုပ်ပွားတော်နဲ့ ကျွန်မ့ကလေးက”
“ဗုဒ္ဓရုပ်ပွားတော်ကို ကျွန်မ ယူသွားမယ်”
ယွင်ယွီက ပြောလိုက်၏။
“ကလေးကတော့ ရှင် ရအုန်းမှာပါ။ ဒါပေမဲ့ ဒီကလေးကိုတော့ မရတော့ဘူး”
ကျမ်းနီက ထပ်ပြီး ငိုရှိုက်လိုက်မိသည်။ ဖန်းကျစ်ကျယ်က သူ့ကို နှစ်သိမ့်ပေးနေ၏။
ကျမ်းနီက ဒေါသပေါက်ခွဲတာ ပြီးလုနီးပါးအချိန်တွင် ဖန်းကျစ်ကျယ်က ယွင်ယွီကို ဧည့်ခန်းသို့ ခေါ်သွား၏။ ယွင်ယွီသည် အခန်းထဲရှိ ပရိဘောဂများကို လက်ညိုးထိုးပြပြီးနောက် စီမံ့ခိုင်းလိုက်သည်။ ပြီးနောက် သူက ပြောလိုက်၏။
“ကျန်တဲ့ ပစ္စည်းတွေက ပြဿနာ မဟုတ်ဘူး။ အခုပဲ ဒါကို ဖယ်ရှားလိုက်မယ်”
သူမက အိပ်ခန်းငယ်လေးထဲ ဝင်သွားကာ နောက်ကျောမှ ကျောက်စိမ်း ပရိယာယ်ဓားကို ဆွဲထုတ်လိုက်ပြီး သူမ့လက်က လှိုင်းတစ်ချက် ပေါ်လာကာ ဗုဒ္ဓရုပ်ပွားတော်ကို ထက်ခြမ်း ခြမ်းလိုက်၏။ အထဲရှိ မကောင်းဆိုးဝါးဝိညာဉ်များတောင် အခြမ်းခံလိုက်ရသည်။ ကျောက်စိမ်း ပရိယာယ်ဓားက မြည်ဟီးလာပြီး ယွင်ယွီက ဓားကို ညှင်သာစွာ ပွတ်သပ်လျှက် ပြောလိုက်၏။
“တော်တယ်”
ယွင်ယွီသည် ကျောက်စိမ်း ပရိယာယ်ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပြီးနောက် နောက်ကျောက ကျောပိုးအိတ်ထဲမှ အဆောင်တစ်ခုကို ထုတ်ကာ နံရံပေါ်တွင် ကပ်လိုက်၏။ ပြီးနောက် ဖန်းကျစ်ကျယ်ကို လှည့်ပြောလိုက်သည်။
“အခု အားလုံး အဆင်ပြေသွားပြီ။ အဆောင်ကို နံရံပေါ် ကပ်ထားမယ်။ စိတ်မပူနဲ့။ ကျွန်မ အခု ရုပ်ပွားတော်ကို ယူပြီး လွှတ်ပစ်လိုက်မယ်”
ရုပ်ပွားတော်က အတွင်း၌ ဟောင်းလောင်းပေါက် ဖြစ်နေပြီး ဘာမှ မထည့်ထားပေ။ ရုပ်ပွားတောင်မှ ဘာမှ မမြင်ရ။ ထိုကြောင့် ဂါထာတချို့ ရွတ်ဆိုထားတာပဲ ဖြစ်ရမည်။
ဖန်းကျစ်ကျယ်က သူမကို ထပ်တလဲလဲ ကျေးဇူးတင်ပြီး ယွင်ယွီအား ယွမ်နှစ်သောင်း လွှဲပေးလိုက်သည်။
ယွင်ယွီသည် ကျိုးပဲ့သွားသည့် ရုပ်ပွားတော်ကို ယူကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ရှန့်ယုံက သူ၏အတန်းဖော်ဟောင်းကို စကားတချို့ပြောလျှက် အတွေးမလွန်ဖို့ ပြောခဲ့ကာ ဤအခြေအနေ ကုန်လွန်သွားမည်ဖြစ်ကြောင်း ပြောခဲ့၏။ နောင်ကျ တစ်စုံတစ်ခု မှုမမှန်တာ ရှိလာလျှင် သူ့ကို အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းလည်း ပြောထားသည်။ ပြီးနောက် သူ့ဆရာနောက် လိုက်သွားကာ ဖန်းမိသားစု၏ အိမ်ထဲမှ ထွက်လာ၏။ သူတို့ ဓာတ်လှေကားထဲ ရောက်သည့်အချိန်တွင် ရှန့်ယုံက သူ့ဆရာ နောက်ကျောရှိ ကျောက်စိမ်း ပရိယာယ်ဓားကို ကြည့်နေလေသည်။
“ဆရာ ကျောက်စိမ်း ပရိယာယ်က အစွမ်းထက်လိုက်တာ”
ယွင်ယွီက ပြုံးကာ ပြောလိုက်တော့သည်။
“ဘာလဲ ရှင် တကယ် ဒီလောကထဲ ဝင်ဖို့ ပြင်ဆင်နေပြီလား”
ရှန့်ယုံ၏ အမှုအရာက လေးနက်တည်ကြည်လာတော့သည်။
“ဆရာ ကျွန်တော် ရုပ်လွန်ပညာကို တကယ် သဘောကျပြီး ဒီလမ်းကြောင်းကို လိုက်ချင်တယ်”
ယွင်ယွီက သက်ပြင်းချလျှက် သူ့ကို မေးလိုက်သည်။
“ရှင့်မိသားစုနဲ့ ဆွေးနွေးပြီးပြီလား။ ဒီနယ်ပယ်က လူအများစုမှာ အားနည်းချက် သုံးခုနဲ့ ချို့ယွင်းချက် ငါးခု ကြုံ့တွေ့ရမှာ။ ကျွန်မမှာ ပိုက်ဆံမရှိဘူး။ ကျွန်မလက်ထဲရောက်ပြီးသား ပိုက်ဆံတွေကို သိမ်းထားလို့ မရဘူး။ ဒါပေမဲ့ လူအများစုက ပိုက်ဆံပြတ်လတ်ရုံတင် မကဘူး။ ကံလည်း ဆိုးကြတယ်။ ဒီလိုလုပ်ရင် လျို့ဝှက်ချက် အလွယ်တကူ ပေါက်ကြားနိုင်တယ်။ နောက်ဆက်တွဲက ရှင် ခံစားနိုင်တဲ့ အရာ မဟုတ်ဘူး။ ဒါကြောင့် ဂရုတစိုက် စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ရှင့်မိသားစုဝင်တွေက သဘောတူလား”
139 02
သူမ ယခင်ဘဝ၌ ဝေ့မင်း မင်းဆက်ရှိ လူများစွာကို ကယ်တင်ခဲ့ပြီး ကောင်းမှုကုသိုလ်များ စုဆောင်းထားခဲ့သည်။ ထိုကြောင့် သူမ၏ အားနည်းချက်သုံးခုနှင့် ချို့ယွင်းချက် ငါးခုက ဤဘဝ၌ မပြင်းထန်ပေ။ ပိုက်ဆံ ချို့တဲ့နေရုံမှ အပ ဖြစ်သည်။ သူမ ယခင်ဘဝ၌ လျို့ဝှက်ချက်များစွာ ပေါက်ကြားစေခဲ့ခြင်း မရှိ။ သို့သော်ငြား အသေစောခဲ့သည်။
ရှန့်ယုံက ဆိတ်ဆိတ်နေလေ၏။
ရှန့်ယုံက တိတ်ဆိတ်သွားသည်။ သူ၏ မိသားစုက သူ့ကို တကယ် ကန့်ကွက်သောကြောင့် ဖြစ်သည်။ အခုတလော၌ နေ့တိုင်း ဖုန်းခေါ်ကာ သင့်တော်သည့် အလုပ်ရှာရန်နှင့် ဂိမ်းတင်ဆက်သူ မလုပ်သင့်တော့ကြောင်း တစ်စုံတစ်ခုကို သင်ယူရန် ပြောခဲ့၏။
ဤအရာကို ထပ်ပြီး မလေ့လာသင့်တော့ကြောင်း ပြောခဲ့သည်။
သူ နားမထောင်ခဲ့ပေ။ နောက်ပိုင်း၌ သူသည် သူ့မိသားစုဆီမှ ဖုန်းခေါ်ဆိုမှုများကိုတောင် ဖြတ်တောက်လိုက်၏။ သူ အခု နားပူနားဆာ တိုက်ခံရတာ ညည်းငွေ့နေသောကြောင့် ဖြစ်သည်။
ယွင်ယွီက ပြောလိုက်သည်။
“ဂရုတစိုက် စဉ်းစားကြည့်။ ဒါပေမဲ့ ကျွန်မ ရှင့်အတွက် ရေးပေးထားတဲ့ စာတွေ ဆက်ဖတ်လို့ ရတယ်”
ဤလမ်းကြောင်းက ခက်ခဲပြီး ပါရမီလိုအပ်သည်။ မိမိ သင်ယူသည့် ဗဟုသုတ မည်မျှ ကြွယ်ဝစေကာမှု ၎င်းက အသုံးမဝင် ဖြစ်သွားနိုင်ပြီး အဆုံးကျ ဤလမ်းကြောင်းကို မလျှောက်နိုင်တာလည်း ဖြစ်လောက်သည်။
ဓာတ်လှေကားထဲမှ ဆင်းလာပြီးနောက် ချင်ယွီစွေသည် သူကိုင်ထားသည့် အမှိုက်အိတ်ကို အမှိုက်ကန်ထဲ ပစ်လိုက်သည်။
ယွင်ယွီက ပြောလိုက်၏။
“ကျွန်မတို့ ပိရှတာအိုဘုရားကျောင်းဆီကို သွားရအုန်းမယ်။ ဒီကိစ္စက မရိုးရှင်းလောက်ဘူး။ နစ်နာသူက သူတို့မိသားစုပဲ မဟုတ်လောက်ဘူး”
ချင်ယွီစွေက ခေါင်းညိတ်လိုက်၏။
“အဲဒီကို မောင်းသွားရအောင်”
ရှန့်ယုံကလည်း ကူညီပေးချင်သည်။ သူက ဒေသခံတစ်ယောက်ဖြစ်ပြီး နေရာနှင့် ရင်းနှီး၏။
ကားထဲတွင် ရှိနေစဉ် ယွင်ယွီက ဗိုလ်ချုပ်လုံကို ဖုန်းခေါ်လျှက် မူမူ၏အခြေအနေအကြောင်း မေးခဲ့သည်။
ဗိုလ်ချုပ်လုံက ပြုံးပြီး ပြောလိုက်သည်။
“စိတ်မပူနဲ့။ ကိုယ့်ကိစ္စသာ သွားလုပ်။ မူမူက လိမ္မာတယ်။ သူ့ကို ကျွေးထားပြီးပြီ။ နို့တိုက်ထားပြီးပြီ။ သူအိပ်ပျော်သွားပြန်ပြီလေ”
ယွင်ယွီက စိတ်အေးသွားကာ ဗိုလ်ချုပ်လုံကို စကားတချို့ပြောပြီးနောက် ဖုန်းချလိုက်တော့သည်။
ရှန့်ယုံကလည်း ဒေသခံ ဖြစ်၏။ သူက ထိုနေရာများနှင့် ရင်းနှီးသည်။
ရှန့်ယုံက ပိရှဘုရားကျောင်းနေရာကို သိသည်။ မြို့ကနေ ပိရှတာအိုဘုရားကျောင်းသို့ သွားရန် မိနစ် ၄၀ ကျော် မောင်းလိုက်ရ၏။ တာအိုဘုရားကျောင်းက မြို့ထဲတွင် ရှိနေပြီး စည်ကားသိုက်မြိုက်မှုအလယ်တွင် ဆိတ်ငြိမ်နေ၏။
လူတချို့က တာအိုဘုရားကျောင်း ဝင်ပေါက်၌ လှည့်လည်သွားလာနေသောငှား အင်္ကျီအစိမ်းဖြင့် လူကို မတွေ့ခဲ့ရပေ။ နောက်ဆုံး၌ သူတို့ ဘုရားကျောင်းထဲ ဝင်ကာ မေးခဲ့သည်။
ထိုတာအိုရသေ့သည် အသက် ၅၀ အရွယ်ခန့်ရှိပြီ ဖြစ်ကာ မသေမျိုး ပုံစံနှင့် တူသည်။ တာအိုရသေ့ ပိရွှီဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ပေးခဲ့၏။
ယွင်ယွီက အင်္ကျီအစိမ်းဖြင့် အမျိုးသားအကြောင်း ပြောတာကို ကြားသောအခါ သူ၏ မုတ်ဆိတ်ကို သပ်လျှက် ပြောလိုက်သည်။
139 03
“မင်းတို့ ပြောနေတဲ့ အင်္ကျီအစိမ်းနဲ့ လူက ဘယ်ဘက်လက်မှာ လက်လေးချောင်းပဲ ရှိပြီး လက်သန်း ကျိုးနေတယ်။ သူက အသက် ၄၀ အရွယ် မှတ်လား”
ယွင်ယွီက ပြောလိုက်၏၊
“အမှန်ပါပဲ တာအိုရသေ့။ သူ့ကို တွေ့ဖူးလား။ သူက တာအိုဘုရားကျောင်းကလား”
“ဒကာမကြီးကို ရိုးရိုးသာသား ပြောပါ့မယ်”
တာအိုရသေ့က ပြောလိုက်၏။
“ဒီလူက တာအိုဘုရားကျောင်းက မဟုတ်ဘူး။ အရင်လတုန်းက သူ့အကြောင်း မေးမြန်းဖို့ တာအိုဘုရားကျောင်းဆီ ရောက်လာတဲ့ မိသားစုက အနည်းဆုံး ဆယ်စုလောက်ရှိတယ်။ သူက ကြင်စဦးမောင်နှံနဲ့ ကိုယ်ဝန်သည်တွေကို သူတော်စင်သားတော်လို့ ခေါ်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ကိုးကွယ်ခိုင်းဖို့ သွေးတိတ်အဆောင် သုံးပြီး လှည့်စားခဲ့တာ”
ယွင်ယွီက ခေါင်းမညိတ်ဘဲ မနေနိုင်တော့ပေ။
“အဟုတ်ပါပဲ”
တာအိုရသေ့ ပိရွှီက ပြောလိုက်သည်။
“အဲဒီလူက စုံတွဲပေါင်းများစွာနဲ့ သူတို့မိသားစုထဲက လူကြီးတွေကို လှည့်စားခဲ့တယ်။ အိမ်မှာ မိစ္ဆာကို ကိုးကွယ်ခိုင်းခဲ့တာ။ ရက် ၁၀၀ ကြာပြီးရင် ရုတ်တရက် သားလျော့သွားတယ်။ အဲဒီလူတွေက ကိုးကွယ်ရဲတာ။ သားလျော့တာကတော့ ကလေးရဲ့ဝိညာဉ်အတွက် ဖြစ်လောက်တယ်။ ဒီမကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပစ်သင့်တယ်။ လက်တလောမှာ ကိုယ်တော်တို့ တာအိုဘုရားကျောင်းက ဒီလူကို ရှာဖွေနေတယ်။ ဒါပေမဲ့ သူ့ကို ရှာမတွေ့ခဲ့ဘူး။ တာအိုဘုရားကျောင်းရဲ့ ခန့်မှန်းမှုအရ အင်္ကျီအစိမ်းနဲ့ လူက တခြားလူတွေအတွက် ဒါတွေ အခကြေးငွေနဲ့ လုပ်ပေးနေတာ ဖြစ်လောက်တယ်။ သူက ဖြစ်ရပ်နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်လောက်ဘူး”
ယွင်ယွီက ပြောလိုက်၏။
“ကျွန်မလည်း အဲဒီလို ထင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနောက်ကွယ်က လူကို တတ်နိုင်သမျှ မြန်မြန် ရှာဖို့ လိုတယ်။ တာအိုရသေ့ ပိရွှီမှာ သူ့အကြောင်း သတင်းရခဲ့ရင် ကျေးဇူးပြုပြီး ကျွန်မတို့ကို သိခွင့်ပေးပါအုန်း”
“ဒါပေါ့”
တာအိုရသေ့ ပိရွှီက မုတ်ဆိတ် သပ်လျှက် ပြောလိုက်သည်။
“မင်းတို့ရဲ့ WeChat နံပါတ် ထားခဲ့ပါလား။ ဒီလူကို ရှာတွေ့တာနဲ့ ဆက်သွယ်လိုက်ပါ့မယ်”
ရှန့်ယုံက တအံ့တဩ မေးလိုက်လေ၏။
“ဆရာတော်က WeChat အထောက်အထားတွေ သိသေးတယ်ပေါ့”
သူက ဖုန်းတစ်လုံးတောင် သုံးနိုင်သေးသည်။
တာအိုရသေ့ ပိရွှီက ရှန့်ယုံကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ဒကာက ကိုယ်တော်ကို အထင်သေးနေတာပဲ။ ကိုယ်တော်တို့ တာအိုဘုရားကျောင်းကလည်း ခေတ်နဲ့အညီ ဘယ်လိုနေရမလဲ သိပါတယ်။ ကိုယ်တော်တို့မှာ အကောင့်တောင် ရှိသေးတယ်။ လာအပ်ချင်လား။ နောင်ကျ မေးစရာရှိရင် ရှာလို့ ရတာပေါ့”
“ရှန့်ယုံ”
“တကယ် အဆင့်မြင့်သားဟ”
တာအိုရသေ့ ပိရွှီကို နှုတ်ဆက်စကား ပြောပြီးနောက် လူတိုင်းသည် အိမ်သို့ ပြန်သွားခဲ့ကြသည်။
အင်္ကျီအစိမ်းနှင့် လူက ပိုက်ဆံရှာဖို့ လုပ်နေတာပဲ ဖြစ်မည်။ သူ ဘာလုပ်နေမှန်း မသိ။ သူ အနား၌ ရှိမှာတော့ မဟုတ်ပေ။ ဆက်စောင့်ကြည့်နေရင်တောင် ဖမ်းနိုင်မှာ မဟုတ်။
ရှန့်ယုံက အိမ်ကို သူ့ဘာသာသူ ရထားစီး ပြန်သွားသည်။ ယွင်ယွီနှင့် ချင်ယွီစွေကမှု ချင်းဟယ်ရွာသို့ ပြန်သွားလေ၏။
လမ်း၌ ယွင်ယွီသည် လုံချီရှောင်ဆီ ဖုန်းဆက်သွယ်လျှက် အင်္ကျီအစိမ်းဖြင့်လူ၏ လုပ်ရပ်အကြောင်း ပြောပြခဲ့သည်။
139 04
“အဲဒီလူက ပိုက်ဆံရှာဖို့အတွက်ပဲ လုပ်တာ။ သူက ကြိုးကိုင်သူ မဟုတ်လောက်ဘူး။ အစ်ကိုဝမ်းကွဲ အထူးဌာနကို ဒီကိစ္စတွေကို ပိုအလေးထားဖို့ ပြောပေးပါအုန်း။ ကြိုးကိုင်သူက ဒီသန္ဓေသားဝိညာဉ်တွေနဲ့ ဘာလုပ်မယ်မှန်း မသိဘူး။ ဒါပေမဲ့ သေချာပေါက် ကောင်းမှာတော့ မဟုတ်ဘူး။ တတ်နိုင်မယ်ဆိုရင် အင်္ကျီအစိမ်းနဲ့ လူကို ရှာဖို့ ကြိုးစားသင့်တယ်။ သူရဲ့ အသွင်အပြင်က အတော်လေး ထင်ရှားတယ်”
အင်္ကျီအစိမ်းဖြင့်လူ၏ အသွင်အပြင်ကို ချီရှားအား သတင်းပို့လိုက်၏။
တစ်ဖက်တွင်မှု လုံချီရှောင်က ပြောလိုက်၏။
“စိတ်မပူနဲ့ ညီမ။ ဒီကိစ္စကို ငါ ဂရုစိုက်လိုက်မယ်”
“ကျေးဇူးပါ အစ်ကိုဝမ်းကွဲ”
လုံချီရှောင်က ထပ်မေးလိုက်၏။
“မူမူရော ဘယ်လိုလဲ”
လုံမိသားစု၏ မျိုးဆက်ထဲတွင် မူမူက တစ်ဉီးတည်းသော လူငယ်မျိုးဆက် မဟုတ်ပေ။ လုံချီရှောင်၌ တူ၊ တူမများစွာ ရှိ၏။ သူတို့က သူ၏ အစ်ကိုအရင်း၊ အစ်မအရင်းများမှ မွေးတာ မဟုတ်လျှင်တောင် လုံမျိုးရိုးတူသောကြောင့် မူမူနှင့် ယှဉ်လျှင် သူ့ထက် သူတို့က ပိုရင်းနှီးတာ သေချာသည်။ သို့သော်ငြား သူက သူတို့ကို ခင်သွယ်ခြင်း သိပ်မရှိပဲ မူမူကိုသာ နှစ်သက်သည်။
ယွင်ယွီက ပြောလိုက်လေ၏။
“မူမူ အဆင်ပြေတယ်။ အပန်းဖြေစခန်း တည်ဆောက်ပြီးရင် အစ်ကိုဝမ်းကွဲနဲ့ ဝမ့်ရင်းတို့ လာဆော့လို့ ရတယ်”
လုံချီရှောင်က ဝမ်းသာအားရ ပြောလိုက်၏။
“ကောင်းပြီ။ ငါ တစ်လ၊ နှစ်လလောက် နေမှာ သေချာတယ်။ ငါ့ကို စိတ်ပျက်စရာကောင်းတယ်လို့ မထင်နဲ့။ အချိန်ကျလာရင် ငါ့ကို မောင်းမထုတ်နဲ့နော်”
ယွင်ယွီက ရယ်မောလိုက်၏။
“အစ်ကိုဝမ်းကွဲကတော့ လျှောက်ပြောနေပြန်ပြီ”
လုံချီရှောင်က ရယ်မောလိုက်ကာ သူတို့နှစ်ယောက်လည်း တခြားသော အကြောင်းအရာကို စပြောလိုက်၏။
ဆယ်မိနစ်ကြာ ဖုန်းပြောပြီးနောက် ဖုန်းချလိုက်တော့သည်။
ချင်ယွီစွေက ဆိတ်ဆိတ်နေလျှက် ကျောမတ်မတ်ထားကာ အရှေ့တည့်တည့်ကြည့်ပြီး ကားကို တည်ငြိမ်စွာ မောင်းနေ၏။
ဖုန်းချပြီးနောက် ယွင်ယွီက ချင်ယွီစွေကို ပြောလိုက်သည်။
“မူမူ အခု အိမ်မှာ ဘာလုပ်နေလဲ မသိဘူး။ ကျွန်မ သူ့ကို လွမ်းနေပြီ”
သူမသည် မိခင်တစ်ယောက် ဖြစ်ခါစဖြစ်ကာ အဝေးတွင် ရှိချိန်တွင်တောင် ကလေးအတွက် စိုးရိမ် ပူပန်နေ၏။ သူမက ရက်အများစု၌
“မူမူလည်း မင်းကို လွမ်းနေမှာ”
ချင်ယွီစွေ၏ အသံက အလွန် သိမ်မွေ့နေသည်။
သူတို့က နေ့လည် သုံးနာရီ၌ ဟယ်ချင်းကျေးရွာသို့ ရောက်လာသည်။ ဘန်းမုန့်ဆိုင်ကနေ ဖြတ်သွားချိန်တွင် ယွင်မိသားစုဝင်များ ပြန်သွားခြင်း ရှိမရှိ စစ်ဆေးလိုက်၏။
ယွင်မိသားစု ဘန်းမုန့်ဆိုင်က ပိတ်ထားတာဖြစ်သည်။ ပုံမှန်ဆို နေ့လည်၌ ပိတ်တတ်၏။
သို့သော်ငြား ယွင်ယွီ မထင်မှတ်ထားသည့်က ပိတ်ထားသည့် ဘန်းမုန့်ဆိုင်ဘေး၌ ဖွင့်လျှက်သား ရှိနေသေးပြီး ဧည့်သည်တချို့ ဝင်ထွက်သွားလာနေသည့် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။
ယွင်ယွီက အံ့ဩသွားတော့သည်။ သူမ မီးနီသည်ကာလအတွင်း ဘန်းမုန့်ဆိုင်တစ်ဆိုင် ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ဆိုင်အသစ်ဖွင့်တာကို သတိမပြုမိခဲ့ချေ။ ဘေးဆိုင်က အသီးချောင်းများ ရောင်းခဲ့တာကို မှတ်မိနေသေး၏။
“နောက်ဘန်းမုန့်ဆိုင် ရှိသေးတာလား”
139 058
ချင်ယွီစွေက တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“အရင်ရက်က ဖွင့်တာ”
သူသည်လည်း ဘန်းမုန့်ဆိုင်သို့ ဟင်းသီးဟင်းရွက်များ ပို့စဉ်က တွေ့ခဲ့တာပဲ ဖြစ်သည်။
ယွင်ယွီက ပြောလိုက်၏။
“ပြန်သွားပြီး မေးလိုက်မယ်”
ပုံမှန်ဆို စီးပွားတစ်ခုတည်း လုပ်ခြင်း ရှောင်ကျဉ်ထားသင့်ပေ၏။ အထူးသဖြင့် ဘန်းမုန့်ဆိုင်ကဲ့သို့ နေရာမျိုး ဖြစ်သည်။ အများစုသည် လုပ်ငန်းတစ်ခု လုပ်ချိန်၌ တူညီသည့် နေရာကို မရွေး။ ဝယ်သူအနေအထားကို ဂရုတစိုက် လေ့လာပြီး နောက်တစ်နေရာကို ရွေးသင့်သည်။
ဟယ်ချင်းကျေးရွာသို့ ရောက်လာပြီးနောက် ယွင်ယွီက မူမူကို ဦးစွာ သွားတွေ့၏။
ရှောင်မူမူက နိုးနေပြီဖြစ်ကာ အဒေါ်ကြီးက သူ့ကို ချီထားစဉ် ခြံထဲ ကစားနေလေ၏။ သူက ယွင်ယွီအသံကို ကြားသောအခါ လှည့်ကြည့်လာပြီး စိတ်လှုပ်ရှားနေပုံဖြင့် ပါးစပ်ဟလိုက်တော့သည်။
******