အခန်း ၁၄၀
Vol. 14 Ch. 140
140 01
အပိုင်း 140
အဒေါ်ကြီးက ပြုံးပြီး ပြောလိုက်၏။
“သူရဲ့ အမေကို မှတ်မိတယ်လေ။ မူမူက တကယ် ညာဏ်ကောင်းတယ်”
ယွင်ယွီက မူမူကို အပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်၏။
“ဒီနေ့ မူမူကို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် အဒေါ်ကြီး”
“ဘာအတွက် ကျေးဇူးတင်နေတာလဲ။ မူမူက ဒီလောက် လိမ္မာတာ။ ပုလင်းထဲက သူ နို့သောက်ရတဲ့အချိန် ဘာမှ မဆူဘူး။ သောက်ပြီးတော့ တရေးတောင် အိပ်လိုက်သေးတယ်”
အဒေါ်ကြီးသည် သူမ၏မိသားစု၌ တစ်ဦးတည်းသော သမီးဖြစ်သည်။
သူမသမီးလေးက အသက် ၃၀ အရွယ်ရောက်သည့်တိုင် အိမ်ထောင်မပြုချင်သေးပေ။ အဒေါ်ကြီးက ယနေ့ခေတ်လူငယ်များသည် လက်ထပ်ဖို့ ဆန့်ကျင့်ကြကြောင်း သိလေ၏။ ထိုကြောင့် သူမသမီးကို လက်ထပ်ရန် မတိုက်တွန်းပေ။ ကလေးယူရန်လည်း မတိုက်တွန်းခဲ့ပေ။ သို့သော် သူမက ကလေးများကို အလွန်နှစ်သက်ပြီး မူမူကလည်း အလွန်လိမ္မာ၏။
မူမူသည် ယွင်ယွီ၏ ပုခုံးပေါ်၌ လိမ်လိမ်မာမာ မှီနေလျှက် မည်သည့်အသံမှ မထွက်ပေ။ သူက ယွင်ယွီနောက်ရှိ ချင်ယွီစွေကို မျက်လုံးအဝိုင်းကြီးများဖြင့် ကြည့်နေသည်။
ယွင်ယွီက ကလေးငိုတိုက်ရန် အခန်းထဲသို့ ပြန်ခေါ်လာပြီး ကလေးကို ယွင်မိသားစု ခြံဝင်းဆီသို့ ခေါ်သွားလိုက်၏။ အဘွားယွင်နှင့် အမေယွင်တို့က မူမူ သူမကို သူမ အလွန် နှစ်သက်နေတာ မြင်လိုက်ရ၏။ သူတို့က ကလေးကို ယူကာ နှစ်ခါ အာဘွားပေးလိုက်၏။ မူမူကမှု စတင် ရယ်မောတော့သည်။ အဘွားယွင်က မေးလိုက်လေ၏။
“ဒီနေ့ တခြားလူတွေကို ကူညီပေးဖို့ အပြင်သွားတာလား”
ယွင်ယွီက ခေါင်းညိတ်လိုက်၏။
“ရှန့်ယုံမိသားစုရဲ့ ဖုန်းရွှေပြဿနာလေ။ ပြဿနာကြီး မဟုတ်ပါဘူး။ အဘွား စိတ်ပူစရာ မရှိဘူး”
အဘွားယွင်က ပြောလိုက်၏။
“ဒါဆို အဘိုးရှောင်ချင်ကို ဒီနေရာခေါ်လိုက် ညစာစားဖို့ လာလို့ ရတယ်။ ဟင်းထပ်ချက်ထားလိုက်မယ်”
ယွင်ယွီနှင့် ချင်ယွီစွေတို့သည် ယွင်မိသားစုခြံဝင်းအတွင်းသို့ စားသောက်ရန် အမြဲတစေ လာလေ့ရှိသည်။ ဗိုလ်ချုပ်လုံရောက်လာပြီးမှ သူတို့က ခွဲစားတာ ဖြစ်သော်ငြား ရံဖန်ရံခါ၌ အတူတကွ စားလေ့ရှိ၏။
“ဟုတ် အဖွား။ သမီး ဗိုလ်ချုပ်လုံတို့ကို ညစာစားဖို့ ခေါ်လိုက်မယ်”
ယွင်ယွီသည် အမေယွင်ချီထားသည့် မူမူကို အမေယွင်က ချီထားလျှက် သူနှင့် ဆော့ကစားနေတာကို ကြည့်ပြီးနောက် မေးလိုက်သည်။
“အဘွား ဘန်းမုန့်ဆိုင်နားမှာ ဆိုင်သစ်တစ်ဆိုင် တွေ့ခဲ့တယ်။ အားလုံး အဆင်ပြေရဲ့လား”
ထိုကဲ့သို့ ဆင်တူသည့် ဆိုင်များ ဘေးချင်းကပ်ဖွင့်လှစ်လျှင် ပြဿနာတက်ရန် လွယ်ကူ၏။
အဘွားယွင်က ပြောလိုက်သည်။
“စိတ်မပူနဲ့ ဘာမှ မရှိဘူး။ သူတို့ ဖွင့်ထားတာ သိပ်မကြာသေးခင်ကပဲ။ မနက်ခင်း၊ နေ့လည်ခင်း၊ ညနေခင်းမှာ ဘန်းမုန့်ရောင်းတယ်။ အဘွားတို့နဲ့ ပဠိပက္ခဖြစ်စရာ မရှိဘူး။ စီးပွားရေးကို သက်ရောက်မှု မရှိဘူး”
ယွင်မိသားစု ဘန်းမုန့်ဆိုင်က ပုံမုန်ဆို မနက်ခင်း၌ ဖွင့်လေ့ရှိ၏။ မြို့ထဲ၌ လူများစွာ ရှိနေလျှင် သူတို့က နေ့လည်ပိုင်း၌ ခေါက်ဆွဲနှင့် ပြောင်းဖူးဆန်ပြုတ် ရောင်းရန်လည်း ဖွင့်လှစ်ကြသည်။
ဆိုင်တွင် ရောင်းသည့် အရသာများသည် သူမအိမ်ရှိ အစားအသောက်များနှင့် တူညီကြောင်း အဘွားယွင်က ယွင်ယွီကို မပြောပြခဲ့ပေ။ ခရမ်းသီးအစာသွပ် အားလုံးကိုလည်း အိမ်ချက်အတိုင်း ချက်ပြုတ်ထားတာပဲ ဖြစ်သည်။
အဘွားယွင်ကမူ ထိုဆိုင်တွင် ချက်ပြုတ်သည့် စားသောက်ဖွယ်ရာများသည် သူမ၏ ဆိုင်တွင် ချက်ပြုတ်သည့် ဟင်းများနှင့် တူကြောင်း မပြောပြခဲ့ပေ။ ကြက်ဥ၊ ခရမ်းသီး၊ ဂေါ်ဖီအစာသွပ်၊ ခေါက်ဆွဲ၊ ပြောင်းဖူးဆန်ပြုတ် စသည့်တို့လည်း ရောင်းချသေး၏။
140 02
သို့သော်ငြား စားသောက်ဆိုင်နှစ်ဆိုင်၏ အရသာက အလွန် ကွဲပြားခြားနား ပေသည်။ အစ၌ စားသုံးသူတချို့ကဆို ဇဝေဇဝါ ဖြစ်လျှက် သူမဆိုင်သို့ သွားစားကြသေးသည်။ သို့သော် အရသာကို မြည်းစမ်းကြည့်ပြီးနောက် သူတို့ နေရာမှားမှန်း သဘောပေါက်သွားလေ၏။ နေရာမှန်ကို ရှာတွေ့ပြီးနောက် သူတို့သည် ဘေးဆိုင်ရှိ အစားအသောက်အကြောင်းတောင် စောဒက တက်ကြသည်။ ထိုကြောင့် အစ၌ ဘေးဆိုင်တွင် စားသောက်သူတချို့ ရှိနေသေးသော်ငြား ယွင်မိသားစု ဘန်းမုန့်ဆိုင်၌ စားသောက်ပြီးနောက် သူတို့သည် ထိုဆိုင်သို့ မသွားကြတော့ပေ။ ဘေးဆိုင်၏ စီးပွားရေး အခြေအနေက ကျဆင်းလာပြီး နေ့စဉ်နေ့တိုင်း စားသုံးသူ အနည်းအကျဉ်းသာ ရရှိသည်။
ဘေးဆိုင်ကို ဦးစီးသည့် လင်မယားသည် ယွင်မိသားစု ဘန်းမုန့်ဆိုင် ရောင်းကောင်းနေတာကို မြင်ချိန်၌ အလွန် ဒေါသထွက်နေ၏။
တခါတရံတွင် သူတို့အဘွားယွင်ကို တွေ့သည့်အခါ သူတို့က သူမကို ဆဲဆိုတတ်သော်ငြား အဘွားယွင်ကမှု သူ့တို့ကို တစ်ခါမှ အာရုံမစိုက်ခဲ့ပေ။
အဘွားယွင်သည် သူတို့ ပြဿနာ မရှာနိုင်ဟု ခံစားမိပြီး သူမမြေးလေးကိုလည်း စိတ်မပူစေချင်သောကြောင့် ယွင်ယွီကို မပြောပြခဲ့ပေ။
ယွင်ယွီက စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အဘွား အိမ်နီးချင်းတွေနဲ့ ပေါင်းသင်းဖို့ ခက်ခဲပြီး သူတို့က အဘွားကို အနိုင်ကျင့်လာရင် သမီးကို ပြောပြနော်”
“အေးပါ။ အေးပါ”
အဘွားယွင်က ပြုံးပြီး ပြောလိုက်၏။
“အဘွားကလည်း ပေါ့သေးသေး မဟုတ်ပါဘူး။ ဘယ်လိုလုပ် အနိုင်ကျင့်ခွင့် ပေးမှာလဲ။ အဘွားတို့ကို စိတ်မပူနဲ့။ ချက်ပြုတ်ဖို့ မီးဖိုချောင် ပြန်သွား။ အဘိုး ရှောင်ချင်နဲ့ အဒေါ်ကြီးတို့ကို ခေါ်။ ညစာ အတူတူ စားကြမယ်”
ညနေခင်း၌ ယွင်မိသားစု ခြံဝင်းထဲ၌ လူတိုင်း ညစာစားကြသည်။ ဗိုလ်ချုပ်လုံကမှု စကားပြောရ လွယ်ကူပေ၏။ သူက ယွင်မိသားစုနှင့် သဟဇာတ ဖြစ်နေသည်။ သူက အဘွားယွင်ကို အစ်မကြီးဟု ခေါ်ပြီး မည်သည့်အကြောင်းအရာမဆို ရွန်းရွန်းဝေအောင် ပြောတတ်သည်။
ညစာစားပြီးနောက် ချင်ယွီစွေက မူမူကို ချီထားလျှက် ယွင်ယွီကို ခေါ်ကာ ဘေးခန်းသို့ သွားလိုက်၏။
နောက်တစ်နေ့တွင် ချင်ယွီစွေ အိပ်ရာထလာပြီးနောက် ငှားရမ်းထားသည့် တောင်ကုန်းပေါ်သွားကာ အလုပ်များနေတော့သည်။
ပြောင်းစေ့များ စိုက်ထားပြီဖြစ်ကာ သိပ်မကြာသေးခင်က ပေါက်လာပြီ ဖြစ်သည်။ ယခုက မေလအစောပိုင်း ဖြစ်သဖြင့် ၎င်းတို့ကို လယ်ကွင်းထဲ ပြောင်းစိုက်ရန် အချိန်တန်လုနီးပါး ရှိပြီ ဖြစ်သည်။
ယွင်ယွီကလည်း ကူညီပေးခဲ့သည်။ သူမက မျိုးစေ့များ ကြီးထွားစေရန် ဝိဉာဉ်စွမ်းရည် အသုံးပြုခဲ့၏။ သူတို့ ကြီးထွားလာပြီးနောက် အရသာသည် ဘန်းမုန့်တွင် အသုံးပြုသည့် ပြောင်းစေ့များနှင့် တူနေလိမ့်မည်။
တကယ်တော့ သူတို့ မိသားစုသည် ယခု ဆောင်းတွင်းအထိ ပြောင်းစေ့များ လုံလောက်ပေ၏။ ထိုကြောင့် နွေဦး၌ စိုက်ပျိုးစရာ မလိုအပ်ပေ။ သို့သော် ဖန်ချွင်းရှန်က သူမကို ဆက်သွယ်ပြီး လတိုင်း ပြောင်းမှုန့် နှစ်ထောင် ကီလိုဂရမ်သည် မလုံလောက်ကြောင်းနှင့် သူမကို ထပ်စိုက်ရန် ပြောခဲ့၏။ သူက အားလုံး ဝယ်မည်ဖြစ်သည်။ ဈေးကလည်း တိုးလာလိမ့်မည်။ ယွင်ယွီက မြှင့်မားလွန်းသည့်တန်ကြေးကို မတောင်းခဲ့ပဲ ဖန်ချွင်းရှန်ကိုသာ ယခုနှစ်အတွက် တစ်ကီလိုဂရမ်ကို နှစ်ယွမ်ဖြင့် ရောင်းချခဲ့သည်။
ဖန်ချွင်းရှန်သည် သူမအား ဟိုတယ်တွင် ပြောင်းမှုန့်ဖြင့် ပြုလုပ်ထားသည့် အစားအသောက်က အရေအတွက် ကန့််သတ်ခံထားသော်ငြား ထောက်ပံ့မှုက မလုံလောက်ကြောင်း ပြောခဲ့၏။
မြို့တော်၏ အထက်တန်းလွှာကြားထဲတွင် သူတို့ ဟိုတယ်မှ ဟင်းလျာများသည် နာမည်ကြီးနေ၏။ ပြောင်းပေါင်မုန့် တစ်ပန်းကန်ကို ယွမ် ၁၈၀ ကျသင့်ပြီး လူများစွာက ၎င်းကို ရရန် တိုးဝေ့နေသေးတာပဲ ဖြစ်သည်။ သူတို့က ကြိုတင် မှာယူမှု ပြုလုပ်ရန်အတွက် မနက်တိုင်း ဟိုတယ်သို့ ဆက်သွယ်တတ်၏။
ယွင်ယွီသည် ထိုစကားကို ကြားပြီးနောက် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူမမိသားစု ဘန်းမုန့်ဆိုင်က ပေါက်စီများသည် တစ်ခုကို နှစ်ယွမ်ဖြင့်သာ ရောင်းချတာ ဖြစ်ပြီး ဖန်ချွင်းရှန်၏ ကြယ်ငါးပွင့် ဟိုတယ်ရှိ မုန့်များနှင့် အရသာတူညီပေ၏။
140 03
လူတိုင်းက သူမ စိုက်ပျိုးတာကို နှစ်သက်တာ မြင်ပြီး ယွင်ယွီကလည်း ပျော်ရွှင်သွားသည်။ ထိုကြောင့် နွေဦးအစပိုင်း၌ ပြောင်းဖူး မီတာ နှစ်ရာခန့် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်ပြီး နွေရာသီ၌ ရိတ်သိမ်းမည်ဖြစ်ကာ အိမ်၌ တချို့တလေ သိမ်းထားပြီး ကျန်သည့်ကို ဖန်ချွင်းရှန်အား ပေးမှာပဲ ဖြစ်သည်။
ပြောင်းမျိုးစိတ် ရွေ့ပြောင်းရန်အတွက် နှစ်ရက် အချိန်ယူခဲ့ရသည်။ ယွင်ယွီ၊ ချင်ယွီစွေ၊ ယွင်လန်နှင့် ယွင်အဘိုးအဘွားများ၊ အဘွားယွင်၊ အမေယွင်တို့ကလည်း အားလပ်ချိန်တွင် အားလုံး ကူညီပေးကြသည်။
ဗိုလ်ချုပ်လုံ၏ ဘေးကင်းလုံခြုံရေးကို အိမ်တွင် စောင့်ရှောက်ပေးသည့် အစောင့်နှစ်ဦး ကတောင် လာကူညီပေး၏။ လူအင်အား မလုံလောက်သောကြောင့် သူတို့သည် ယခင်က တောင်ပေါ် စိုက်ပျိုးရေး လုပ်ရာတွင် အလုပ်ခန့်ခဲ့သည့် ဝန်ထမ်းများကိုလည်း ခေါ်ယူခဲ့ပြီး မွေးမြူရေးခြံမှ ဝန်ထမ်းများကလည်း လာကူညီပေး၏။ ယွင်ယွီက သူတို့ အချိန်ပိုဆင်းခြင်းအတွက် တစ်ရက်ကို ယွမ် နှစ်ရာ ပေးခဲ့သည်။ ပြောင်းဧက နှစ်ရာနီးပါးကို ရွေ့ပြောင်းစိုက်ပျိုးရန် သုံးရက် လူ ဆယ်ယောက်နီးပါး သုံးခဲ့ရသည်။
လေပြင်းလေညှင်း တိုက်ခတ်ရာ၌ ယိမ်းယိုင်နေသော ပြောင်းပင်များကို ကြည့်ပြီး ယွင်ယွီက ကျေနပ်အားရ ဖြစ်လာလေ၏။ ယခုအချိန်တွင် မက်မွန်နှင့် ချယ်ရီတို့ အပြည့်အဝ ဖူးပွင့်နေကြပြီ ဖြစ်သည်။
ဧပရယ်လနှင့် မေလသည် ပန်းပွင့်သည့် ရာသီဖြစ်ကာ ပန်းရောင်ဖွင့်ချပ်များနှင့် ပန်းဖျော့ရောင်ချယ်ရီဖွင့်ချက်များ စုဝေးနေတာ အင်မတန် လှပသော မြင်ကွင်း ဖြစ်သည်။
ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုပမာ အထူးသဖြင့် အစောပိုင်း မြူများ ရစ်ဆိုင်းနေသည့်အချိန်တွင် ဖြစ်သည်။
လက်တလော၌ ယွင်ယွီသည် အိပ်ရာစောစောထကာ မက်မွန်ဥယျာဉ်နှင့် ချယ်ရီဥယျာဉ်တစ်ဝိုက် လမ်းလျှောက်ရတာ နှစ်သက်နေသည်။
ထိုနှစ်ရက်အတွင်း သူမက ပြောင်းမျိုးစိတ်များကို ရွေ့ပြောင်းရန် အိပ်ရာစောစော ထပြီးနောက် မက်မွန်ဥယျာဉ်ရှိရာဆီသို့ လမ်းလျှောက်သွားတတ်သည်။ မြူဆိုင်းနေလျှက် လှပသော ပန်းများကို မြင်နိုင်ပြီဖြစ်သည်။
သူမ တောင်စောင်း၌ ဓာတ်ပုံနှစ်ပုံရိုက်ကာ ဝေ့ပေါ်၌ တင်လိုက်၏။ သူမ ဝေ့ပို့ပေါ်၌ စကားပြောတာ ရှားသည်။
ဓာတ်ပုံနှစ်ပုံတင်ပြီးသည့်နှင့် ဖန်များက မှတ်ချက်ပေးကြတော့သည်။
“ဆရာ ဒါဘယ်နေရာလဲ နတ်သမီးမြေလား။ ဒီတော့ ဆရာက နတ်သမီးမြေမှာ တကယ်ကြီး နေနေတာလား။ လှလိုက်တာ”
“ဆရာသခင်။ ဆရာသခင်ရေ ကျေးဇူးပြုပြီး တည်နေရာလေး ပြောပြပေးပါအုန်း။ ခရီးထွက်နေတုန်း ဓာတ်ပုံရိုက်ခဲ့တာလား။ သိပ်လှတာပဲ”
“လှလိုက်တာ”
ယွင်ယွီသည် စကားတစ်ခွန်းမှ မပြောပဲ ပုံနှစ်ပုံ ပို့လိုက်၏။ တစ်စုံတစ်ယောက်က မှတ်ချက်ပေးတာကို မြင်သောအခါ သူမက ပြန်ပြောလိုက်သည်။
“မွေးရပ်မြေ”
ပရိသတ်များသည် စိတ်လှုပ်ရှားနေကြပြီး ယွင်ယွီ၏ မွေးရပ်မြေသို့ ခရီးနှင်လိုစိတ် ပြင်းထန်နေကြသည်။
ယွင်ယွီက သူတို့ကို ပြောလိုက်၏။
“အပန်းဖြေစခန်းက ပြုပြင်နေသေးတုန်း။ နောက်လ ရောက်တဲ့အထိ မဖွင့်လောက်သေးဘူး”
ထိုအချိန်က လှပသည့် မြင်ကွင်းကို မမြင်တွေ့နိုင်တာ နှမြောစရာ ကောင်းလှပေ၏။ သို့သော်ငြား ဝါးတောအုပ် ရှိနေသးပြီး ယင်းက အင်မတန် လှပသည်။ နွေအပူရှိန်ဓာတ်ကို ရှောင်ရန် နေရာကောင်းတစ်ခု ဖြစ်ပေ၏။
ယွင်ယွီ စိုက်ပျိုးထားသည့် မက်မွန်များက အနည်းငယ် ကွဲပြား ခြားနားပြီး အမျိုးအစား သုံးခု ခွဲခြားနိုင်၏။ အစောပိုင်း၊ အလယ်ပိုင်းနှင့် အနှောင်းပိုင်းအဆင့် ရင့်မှည့်ခြင်းတို့ ဖြစ်သည်။
မက်မွန်သီးများ စသီးနေပြီဖြစ်သည့် နေရာရှိသည်။ ထိုကြောင့် မက်မွန်ခင်းထဲရှိ မက်မွန်သီးများကို ဇွန်လမှ အောက်တိုဘာလအတွင်းတွင် ရိတ်သိမ်းနိုင်လိမ့်မည်။ ချယ်ရီသီးများကမှု အလယ်အလတ် ရင့်မှည့်တတ်သည့် အမျိုးအစားဖြစ်သည်။ သူမသည် ရောင်းမထွက်မှာ စိတ်ပူစရာ မရှိ။ အကြောင်းမှာ ဖန်ချွင်းရှန်က သူမကို ကူညီပေးမည်ဖြစ်သောကြောင့် ဖြစ်သည်။
140 04
စပျစ်သီးများကိုမှု ယွင်ယွီက ရောင်းဖို့ မပြင်ဆင်ထားပေ။ အပန်းဖြေစခန်းထဲတွင် ဝိုင်ချက်လုပ်ရန် နေရာတစ်ခုလည်း ရှိ၏။ အစတည်ဆောက်စဉ်ထဲက ထိုအကြောင်းကို စဉ်းစားပြီး ရွီလန်ထင်းကို ပြောပြခဲ့သည်။ သူ သူမအား ပေးခဲ့သည့် ဒီဇိုင်းထဲတွင် ဝိုင်ချက်ရန် နေရာပါသည်။
နှစ်ရက်၊ သုံးရက် အလုပ်များနေပြီးနောက် နောက်ဆုံး၌ ယွင်ယွီသည် အားလပ်ချိန် ရသွားပြီ ဖြစ်သည်။
ထိုမနက်ခင်း၌ သူမသည် ချင်ယွီစွေက ဘန်းမုန့်ဆိုင်သို့ ပြောင်းအိတ်များ ပို့ပေးချိန်တွင် လိုက်သွား၏။ ပြန်ရောက်လာချိန်တွင် မိသားစုအစောင့်များက ဗိုလ်ချုပ်လုံ၏သွေးဖိအား တိုင်းပေးနေတာ တွေ့လိုက်ရ၏။
ဗိုလ်ချုပ်လုံက မလိုလားစွာ ပြောလိုက်၏။
“အခုနောက်ပိုင်း ငါ ကျန်းမာရေး ကောင်းလာတယ်လို့ လူတိုင်း ပြောနေကြတာ။ ငါ စားသမျှကို သဘောကျတယ်။ သွေးတိုးလို့ ဆေးသောက်ဖို့တောင် မလိုအပ်ဘူး။ ဒါပေမဲ့ မင်းတို့တွေက ငါ့ကို မယုံဘဲ နေ့တိုင်း သွေးပေါင်ချိန်ပဲ လာတိုင်းနေတာ”
အစောင့်က ပြောလိုက်၏။
“ဗိုလ်ချုပ် ဒါဗိုလ်ချုပ် ကောင်းဖို့အတွက်ပါ”
မြို့ကြီးများ၌ လူကြီးတစ်ယောက်သည် အမြှင့်သုံးခုကြောင့် ဝေဒနာ ခံစားရ၏။ ဗိုလ်ချုပ်လုံသည် လုံမိသားစုစံအိမ်တွင် နေစဉ်က သူ၏ အစားအသောက် ထိန်းချုပ်မှုကြောင့် သွေးပေါင်ချိန်ကို မထိန်းနိုင်ခဲ့ဘဲ သွေးတိုးလာချိန်တွင် ဆေးသောက်ဖို့ လိုအပ်သည်။ ဟယ်ချင်းရွာသို့ ရောက်လာစဉ် သူတို့က ဗိုလ်ချုပ်လုံ၏ သွေးပေါင်ချိန်ကို နေ့တိုင်း တိုင်းခဲ့ပြီး ဆေးသောက်ရာ၌ ကြီးကြပ်ခဲ့လေ၏။
ပထမဆုံးနေ့၌ သွေးပေါင်ချိန် တိုင်းသောအခါ အနည်းငယ် မြှင့်နေသေးသည်။ သို့သော် နောက်ရက်များ၌ ဖြည်းဖြည်းချင်း လျော့ကျသွား၏။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ဗိုလ်ချုပ်လုံ သူ နေထိုင်မကောင်းကြောင်း ပြောခဲ့ပြီး ဆေးမသောက်ချင်ခဲ့ပေ။ သူတို့ အနည်းငယ် စိုးရိမ်ပူပန်ခဲ့၏။ သို့သော်ငြား ဆေးမသောက်ဘဲ အဆင်ပြေနေတာကို မြင်သောအခါ သူတို့သည် ဗိုလ်ချုပ်လုံ၏ သွေးပေါင်ချိန်ကို ယနေ့တိုင်းခဲ့လေရာ ပုံမှန်အဆင့်တွင် ရှိကြောင်း တွေ့လိုက်ရ၏။
အစောင့်နှစ်ယောက်က အတော်လေး အံ့ဩသွားတော့သည်။
ဗိုလ်ချုပ်လုံက ပစ္စည်းကို တစ်ချက်ကြည့်ပြီး ဝင့်ကြွားစွာ ပြောလိုက်၏။
“မင်းတို့ကို ပြောပြမယ်။ ငါက ဒီမှာ လာနေပြီးတဲ့နောက်ပိုင်း နေ့တိုင်း ဇိမ်ရှိရှိ အိပ်ရတာ။ လူက ကောင်းကောင်းအိပ်။ ကောင်းကောင်းစားနေရသ၍ ဒီရောဂါတွေက ဝေးဝေးနေမှာပဲ။ ရှောင်ယွီက အိမ်က ပါဝင်ပစ္စည်းတွေအားလုံး စိမ်းစိုနေပြီး ညစ်ညမ်းမှု ကင်းစင်တယ်။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတွေတောင် အိမ်မှာ စိုက်တာ”
အစောင့်နှစ်ဦးသည် ယွင်မိသားစုအိမ်ရှိ ပါဝင်ပစ္စည်းများ ကောင်းမွန်မှန်း သိသော်ငြား အကျိုးသက်ရောက်မှုက ဤမျှ ကြီးမားလိမ့်မည်ဟု မထင်ထားပေ။
သွေးတိုးကိုတောင် ကုသပေးနိုင်၏။
ထိုစကားကို ကြားပြီးနောက် ယွင်ယွီက ပြုံးလျှက် ပြောလိုက်သည်။
“အဘိုး ရက်နည်းနည်းလောက် ထပ်နေအုန်းနော်”
သူမ ဝိညာဉ်စွမ်းရည်ဖြင့် စိုက်ပျိုးထားသည့် သီးနှံများသည် သွေးတိုးဆီးချို လျော့ချပေးနိုင်ရုံသာမက ရောဂါဘယများစွာကို ကောင်းစွာ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးနိုင်၏။
“အေး အေး ရှောင်ယွီက ပြောတယ်ဆိုမှတော့ အဘိုး ရက်နည်းနည်း ထပ်နေအုန်းမယ်”
******