အခန်း ၁၄၁
Vol. 15 Ch. 141
141 01
အပိုင်း 141
…
ဗိုလ်ချုပ်လုံသည် အသက်ကြီးပြီဖြစ်ကာ အငြိမ်းစားယူထားတာ ကြာပြီဖြစ်၏။ သူက မြို့တော်၌ လုပ်စရာ ဘာမှ မရှိပေ။ မြို့တော်ရှိ စံအိမ်တွင် နေရခြင်းက ဤနေရာတွင် နေရသည်လောက် သက်တောင့်သက်သာ မရှိ။
အဘိုးအိုသည် အထက်အရာရှိများအား သူ့အတွက် မြေတစ်နေရာပေးဖို့ တောင်းဆိုရန် ပြင်ဆင်နေသည်။ သူသည် လုံမိသားစုနေထိုင်ရန်အတွက် ခြံဝင်းငယ်လေးတစ်ခု တည်ဆောက်ဖို့ တစ်စုံတစ်ယောက်ကို ငှားရမ်းမှာပဲ ဖြစ်သည်။ ယခု နေနေသည့် ဗီလာနဲ့ ယှဉ်လျှင် ဗိုလ်ချုပ်လုံသည် ယွင်မိသားစုဘေး ခြံဝင်း၌ နေချင်၏။
မျက်စိတစ်မှိတ်အတွင်း မေလလည်း ရောက်သွားပြီဖြစ်ကာ ရှောင်လုံနှင့် ဖန်းကျစ်ကျယ်တို့ အဖြစ်အပျက်အပြီး လဝက်ခန့် ကြာသွားပြီဖြစ်သည်။
တစ်ခုသော မနက်ခင်း၌ လုံချီရှောင်က ယွင်ယွီကို ဆက်သွယ်လာ၏။
“ရှောင်ယွီအာ ညီမပြောတဲ့ ဝတ်ရုံအစိမ်းနှင့်အမျိုးသားကို အထူးဌာနက ရှာတွေ့ထားပြီးပြီ။ သူက အခု ချင်းဟယ်မြို့မှာ ထိန်းသိမ်းခံထားရတယ်။ ဒါအပြင် ညီမပြောတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ နေရာအသီးသီးက အထူးဌာနတွေကို မေးထားတယ်။ နေရာအသီးသီးမှာ သူတို့ အဖြစ်အပျက်တွေ တကယ်ဖြစ်နေတာ”
ယွင်ယွီက မေးလိုက်၏။
“ဝတ်ရုံအစိမ်းနှင့် လူကို စစ်မေးပြီးပြီလား။ သူ တစ်ခုခု ပြောသေးလား”
လုံချီရှောင်က ပြောလိုက်သည်။
“ညီမပဲ မေးလိုက်ပါလား။ ချင်းဟယ်မြို့ကို ငါကိုယ်တိုင် သွားခဲ့တယ်။ အဲဒီလူရဲ့ နာမည်က လွိုင်ချွင်။ သူက သူ့နာမည်အတိုင်းပဲ လူလိမ်တစ်ယောက်။ သူမှာ သင့်တော်တဲ့ အလုပ်မရှိဘူး။ သူက ချင်းဟယ်မြို့သားတစ်ယောက်။ မင်းတပည့်ရဲ့ အတန်းဖော်တို့ မြို့နားမှာနေတာ။ သူက အစပိုင်း လူလိမ်လူကောက်တစ်ယောက်ဖြစ်ပြီး ဘာမှ မပြောဘူးလေ။ သူ့ကို ရိုက်နှက်လိုက်မှ အားလုံး ဝန်ခံတာ။ တစ်စုံတစ်ယောက်က သူ့ကို ဆက်သွယ်လာပြီး သူ့ကို လုပ်ခိုင်းတာလို့ ပြောတယ်။ အိမ်ထောင်ကျခါစ ဒါမှ မဟုတ် ကိုယ်ဝန်ရှိခါစ စုံတွဲတွေဆီကို သူတော်စင်သားတော်ရုပ်ထု ရောင်းချခိုင်းခဲ့တယ်တဲ့။ တစ်ရုပ်အတွက် ယွမ်တစ်သိန်းပေးတယ်။ အဆောင်တစ်ထပ်လည်း ပေးသေးတယ်တဲ့။ သူက အနီးအနား မြို့တွေကို ရောင်းချခဲ့တဲ့ ရုပ်ထု ၂၀ ဝန်းကျင်ရှိပြီး သူ ဒီလိုလုပ်နေတာ နှစ်ဝက်လောက် ကြာပြီ။ ယွမ် ၂ သန်းကျော် ရပြီးပြီတဲ့လေ။ သူက အဲဒီမိစ္ဆာရုပ်ထုကို ယွမ်နှစ်သောင်းနဲ့လည်း ရောင်းသေးတာ”
ယွင်ယွီသည် ထိုစကားကို ကြားသောအခါ မျက်မှောင် ကြုတ်မိသွား၏။
“သူ့ကို ဘယ်သူခေါ်လဲ သိလား”
လုံချီရှောင်က ပြော၏။
“သူ မသိဘူး။ သူ့ကို ခေါ်တဲ့ လူက သူ့ကို ဘယ်လိုရှာတွေ့မှန်းတောင် မသိဘူး။ ဒီလို လုပ်ခိုင်းရတဲ့ အကြောင်းအရင်းလည်း မသိဘူးလေ။ သူ့ဆီ ငွေပို့တဲ့ အကောင့်ကို စစ်ဆေးကြည့်ပြီးပြီ။ ရှင်းလင်းနေတဲ့ နိုင်ငံခြားအကောင့်ပဲ။ အဲဒီအကောင့်ကို ကွယ်လွန်သွားတဲ့သူ ဒါမှ မဟုတ် ပျောက်သွားတဲ့သူတစ်ယောက်က ပယ်ဖျက်ထားတာ မရှိဘူး။ ပိုက်ဆံ ဘယ်သူ ပို့လဲ ရှာနိုင်စရာ အကြောင်း မရှိဘူးတဲ့။ အဲဒီလူက အင်မတန် သတိထားနေတာ။ ကြေးစားဖော်ထုတ်ခံရပြီး စုံစမ်းစစ်ဆေး ခံရမယ်မှန်း သိထားတာ သိသာတယ်”
ယွင်ယွီက မျက်မှောင်ကြုတ်မိသွား၏။ ထိုမကောင်းဆိုးဝါး ကျင့်ကြံသူသည် လေ့ကျင့်ရန်အတွက် သက်ရှိဝိဉာဉ်များကို လိုအပ်သည့်အကြောင်းအရင်းကို သူမ နားမလည်နိုင်ပေ။ လူကြီးဝိဉာဉ်နှင့် သန္ဓေသားဝိဉာဉ်ကြား ကွာဟချက် မရှိ။ ရက် ၁၀၀ သာ ရှိသေးသည့် ကလေးများ၏ ဝိဉာဉ်ကို စုဆောင်းတာ အဘယ်ကြောင့်နည်း။
“တခြားနေရာတွေမှာ ဖြစ်သေးလား”
လုံချီရှောင်က ပြောလိုက်၏။
“ရက် ၁၀၀ ဝန်းကျင်မှာ သားပျက်သားလျော ဖြစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမှု ၉၀ ရှိတယ်”
ယွင်ယွီက မမေးဘဲ မနေနိုင်တော့ပေ။
“ဒီနောက်ကွယ်ရဲ့ လူက ဘာလိုချင်တာတဲ့လဲ”
လုံချီရှောင်က ပြောလိုက်၏။
141 02
“သူတို့က ဒိတ်ထိကျင့်ကြံသူတွေ မဟုတ်ရင် မကောင်းဆိုးဝါးအစီအရင်တချို့အတွက်ပဲ ဖြစ်မယ်”
မှန်လေသည်။ သို့သော်ငြား ယွင်ယွီသည် မကောင်းဆိုးဝါးအစီအရင်များအကြောင်း များများစားစား မသိ။ ထိုကြောင့် သူမသည် သန္ဓေသားတို့၏ ဝိဉာဉ်ကို စုဆောင်းရန် မည်ကဲ့သို့သော အစီအရင်က လိုအပ်မှန်း မသိပေ။
လုံချီရှောင်က ပြောလိုက်၏။
“စိတ်မပူနဲ့ ငါတို့ အထူးဌာနက ဒီကိစ္စကို ဆက်စစ်ဆေးနေတယ်။ ငါရဲ့ဘွားဘွားကြီး ချန်ခဲ့တဲ့ မှတ်စုကိုလည်း ကြည့်ပြီး သဲလွန်စ ရမလားလို့ ရှာလိုက်အုန်းမယ်”
လုံချီရှောင်၏ အဘွားသည် နှစ် ၁၀၀ နီးပါး ရှင်သန်နေထိုင်ခဲ့သည့် ဘိုးဘေး လုံဖုန်းကျွင်းပဲ ဖြစ်သည်။ သူမက ငယ်ရွယ်စဉ်ထဲက ရုပ်လွန်ပညာ ငါးသွယ်ကို လေ့ကျင့်ခဲ့ပြီး သူမတစ်ဘဝလုံး ဤအရာ၌ ရင်းနှီးမြုပ်နှံ့ထားခဲ့သည်။ သူမသည် နှစ် ၂၀ ကျော်သာ ရှင်သန်နေထိုင်လာခဲ့သည့် မင်းသမီး ယွင်ယွီထက် များစွာသိလိမ့်မည်။
ယွင်ယွီက ပြောလိုက်၏။
“ဟုတ်ကဲ့ အခြေအနေထူးရင် ကျွန်မကို ဆက်သွယ်လိုက်ပါ”
ဖုန်းချပြီးနောက် ယွင်ယွီသည် အချိန်အတော်ကြာ မှင်သက်နေမိ၏။ ဤကိစ္စသည် သူမ ယခင်က တွေ့ကြုံ့ခဲ့ဖူးသည့် ကိစ္စများထက် ပိုရှုပ်ထွေးမည်ဟု ခံစားမိနေသည်။
ဤဖြစ်ရပ်နောက်ကွယ်ရှိ ကြိုးကိုင်သူကို တတ်နိုင်သမျှ မြန်မြန် ဖော်ထုတ်ရန် မျှော်လင့်နေမိသည်။
ယွင်ယွီသည် သန္ဓေသားဝိဉာဉ်ကို စိုးရိမ် ပူပန်နေသော်ငြား အပန်းဖြေစခန်း ပြင်ဆင်မှုသည်လည်း ပြီးခါနီးပြီဖြစ်သည်။ သူမက တစ်ရက်အချိန်ယူပြီးနောက် ဧရာမဝိဉာဉ်စုစည်းခြင်းအစီအရင်တစ်ခု တည်ဆောက်ရန် အပန်းဖြေစခန်းသို့ သွားခဲ့၏။ ၎င်းက အလှပြင်ဆင်ပေးမှုမှ ဆောင်ယူလာပေးမည့် ထိခိုက်မှုများကို တတ်နိုင်သမျှ မြန်မြန်ဖယ်ရှားပေးမှာပဲ ဖြစ်သည်။ လဝက်အတွင်း အပန်းဖြေစခန်းကို စတင် ဖွင့်လှစ်နိုင်လိမ့်မည်။
ယွင်လန်ကလည်း လူစုဆောင်းကြောင်း သတင်းအချက်အလက်ကို အွန်လိုင်းပေါ်တွင် တင်ခဲ့ပြီး မန်နေဂျာများ၊ ဝန်ထမ်းများနှင့်် မီးဖိုချောင်အတွင်း အလုပ်လုပ်ရန် စားဖိုမှုးများ၊ လုံခြုံရေးအစောင့်များ အသီးသီး လိုအပ်သည့် ဝန်ထမ်းများကို ဖြည်းဖြည်းချင်း ခေါ်ယူနေသည်။
ယွင်လန်သည် လွန်ခဲ့သည့် တစ်လခန့်က ဤလူခေါ်ယူသည့် သတင်းကို တင်ထားတာပဲ ဖြစ်သည်။
လက်ရှိတွင် ဝန်ထမ်းစုဆောင်းမှုက တစ်ဝက်နီးပါး ပြီးသွားပြီ ဖြစ်သည်။ သူ့တို့က ဧည့်ခန်း မန်နေဂျာ၊ အင်ဂျင်နီယာ မန်နေဂျာ၊ အဆောက်အအုံထိန်းသိမ်းရေး မန်နေဂျာနှင့် ထောက်ပံ့ပို့ဆောင်ရေး မန်နေဂျာတို့ကို ငှားရမ်းထားပြီးပြီ ဖြစ်သည်။ ဝန်ထမ်းအများစု ခေါ်ယူထားပြီးပြီဖြစ်ကာ သက်ဆိုင်ရာဌာန၏ မန်နေဂျာများ၊ ဈေးကွက်ဌာနနှင့် လုံခြုံရေးဌာနတို့ကို မဖွဲ့စည်းရသေးပေ။
သူတို့အားလုံးသည် ဧရိယာ အနီးအနားဝန်းကျင်ကနေ အလုပ်ရှာဖို့ ရောက်လာတာ ဖြစ်သည်။
ယွင်လန်က အထွေထွေမန်နေဂျာ ဖြစ်၏။ ဝန်ထမ်းအဆောင်ကိုလည်း တည်ဆောက်ထားပြီးပြီ ဖြစ်သည်။ သို့သော် မည်သူမှ မရောက်လာသေးပေ။
ဇွန်လ မတိုင်မှီအတွင်း စတင်ဖွင့်လှစ်အုန်းမှာ မဟုတ်သေးပေ။ ဝန်ထမ်းများကို ရက်အနည်းငယ် ကြိုတင် ခေါ်ယူထားရမည် ဖြစ်ကာ အလုပ်စရှုပ်တော့မှာပဲ ဖြစ်သည်။
ယွင်ယွီက လစာကောင်း ပေးထားပြီး မြို့ပြရှိ အလုပ်ထက်တောင် လစာပိုမြင့်မားသည်။ ထိုအပြင် အစမ်းခန့်ကာလက သုံးလ ဖြစ်၏။ ဝန်ထမ်းက ဆက်နေလိုပါက သူတို့သည် အာမခံ ငါးခုနှင့် ဘဏ္ဏာငွေတစ်ခုကို ထောက်ပံ့ပေးမှာပဲ ဖြစ်သည်။
ယွင်လန်က လက်တလော၌ တကယ် အလုပ်များနေ၏။ သူမ အလုပ်များလွန်းသဖြင့် အနားယူချိန်ပင် မရှိပေ။ သူမသည် ည ၁၁ နာရီ၊ ၁၂ နာရီကျမှသာ အိမ်ပြန်လာနိုင်၏။ ပြန်လာနိုင်ပြီးနောက် ရေချိုးပြီး အိပ်ပျော်သွားတော့သည်။
ယွင်ယွီက သူမအစ်မအတွက် စိတ်မကောင်း ဖြစ်မိ၏။ အထူး မန်နေဂျာတစ်ယောက် ငှားသင့်မှန်း သင်ပေးခဲ့လေ၏။ သူမဘာသာသူမ နောင်ကျ ပိုပြီး နားချိန်ရမှာပဲ ဖြစ်သည်။ ယွင်လန်က ယခုအချိန်တွင် မလိုသေးကြောင်း ပြောခဲ့၏။ သို့သော် သူမက အလုပ်အတွေ့အကြုံ့ ၅ နှစ်အထက် ရှိသည်။ ဒုမန်နေဂျာတစ်ယောက်ကို သေချာပေါက် ခန့်အပ်ရလိမ့်မည်။ အကြောင်းမှာ သူမ မနားလည်သေးသည့် ကိစ္စရပ်များစွာ ရှိနေသောကြောင့် ဖြစ်၏။ မေလကုန်တွင် ဌာနအားလုံး ဖွဲ့စည်းမှု ပြီးသွားတော့သည်။ စိုက်ပျိုးထားသည့် ပြောင်းများကလည်း ရင့်မှည့်နေပြီး တောင်ပေါ်ရှိ မွေးမြူရေး ဧရိယာများက အဆင်ပြေနေကာ ပါဝင်ပစ္စည်းများကိုလည်း အပန်းဖြေစခန်းသို့ အချိန်မရွေး ပို့နိုင်မည် ဖြစ်၏။
141 03
ယွင်ယွီက ဤရက်များအတွင်း အလုပ်များနေပြီး အပန်းဖြေစခန်းကိစ္စနှင့် အလုပ်ရှုပ်နေတော့သည်။ သူမက သိပ်မကူညီရသော်ငြား အပန်းဖြေစခန်း ရှယ်ယာအများစု ပိုင်ဆိုင်သည်။ ဤစခန်းတစ်ခုလုံးက ကုမ္မဏီတစ်ခု ဉီးစီးရခြင်းထက် ပိုလွယ်ကူနေခြင်း မရှိ။ ယွင်ယွီသည် ဌာနအသီးသီးကြောင့် မူးနောက်လာတော့သည်။
သို့သော်ငြား ဤရက်များအတွင်း အလုပ်များနေပြီးနောက် ယွင်လန်နှင့်ယွင်ယွီသည် များစွာ သင်ယူနိုင်ခဲ့သည်။ ဝန်ထမ်းအများစုကို အသီးသီး ခေါ်ယူထားပြီးပြီ ဖြစ်သည်။ အစားအသောက်နှင့် နေထိုင်စရာ ထောက်ပံ့ပေးပြီး ကုမ္မဏီအသေးဖြစ်သောကြောင့် သူတို့ဘာသာ သေချာပေါက် အစည်းအဝေးအတွက် စုဝေးရလိမ့်မည်။
အစည်းအဝေးပွဲကို ဇွန်လတစ်ရက်နေ့ ကျင်းပမည်ဖြစ်ကာ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံးသည် ဝန်ထမ်းအစောင့်ဆီသို့ တစ်ယောက်ပြီး တစ်ယောက် သတင်း ပို့ရမည်ဖြစ်ကာ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ယူလာရမှာပဲ ဖြစ်သည်။
အစည်းအဝေးကို ဌာနအသီးသီးမှ မန်နေဂျာများက အစည်းအဝေးခန်းထဲတွင် ကျင်းပတာ ဖြစ်လောက်၏။ သို့သော်ငြား ဤအစည်းအဝေးကိုမှု ယွင်လန်တစ်ယောက်တည်း ကျင်းပတာ ဖြစ်သည်။ ယွင်ယွီ မသွားခဲ့ပေ။ သူမနှင့် ချင်ယွီစွေတို့က ဘန်းမုန့်ဆိုင်သို့ ပါဝင်ပစ္စည်းတစ်ခု ပို့ရန် ပြင်ဆင်နေသောကြောင့် ဖြစ်၏။
နှစ်ယောက်သား ဘန်းမုန့်ဆိုင်သို့ ရောက်ချိန်တွင် တံခါးဝ၌ လူတန်း မရှိဘဲ ဆူညံနေသော လူအုပ်ကြီးသာ ရှိ၏။
ယွင်ယွီက မျက်မှောင်ကြုတ်မိသွားကာ ချင်ယွီစွေက အစားအသောက်ကို ယူလျှက် သူမကို ခေါ်သွားသည်။
လူအုပ်ကြီးက လူထူထပ်လာသည်။ ချင်ယွီစွေက ယွင်ယွီကို ကာကွယ်လျှက် တိုးဝင်သွား၏။ သူက အဘွားယွင်၏ ဒေါသတကြီးအသံကို ကြားလိုက်ရသည်။
“နင်တို့ နှစ်ယောက်က တကယ် စိတ်နှလုံး မည်းညစ်တာပဲ။ ကိုယ့်စီးပွားရေးကိုယ် ကောင်းကောင်း မလုပ်ဘဲ ငါတို့ မိသားစုကို လာအပြစ်တင်တယ်။ ငါတို့ ဘန်းမုန့်ဆိုင်က ပါဝင်ပစ္စည်းတွေအားလုံးက အိမ်မှာ စိုက်ပျိုးထားတာ။ အိမ်ချက်ဟင်းအရသာက ဒီအတိုင်းပဲ။ ဘိန်းမှုန့် ထည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူသားတစ်ယောက်က ဒါမျိုး ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။ လူတွေက အဲဒါကို စွဲလမ်းသွားခဲ့ရင် သူတို့ ငိုက်မြည်းနေလိမ့်မယ်။ သူတို့ ဘာမှ မစားမသောက်ရရင် သွားရည်ကျနေမှာ။ စားသုံးသူတွေ သူတို့ဘာသာ ပြောပါစေ။ ငါ့အစားအသောက်ကို စားပြီးရင် ဒါမျိုး ဖြစ်ကြလား”
ထိုစကားကို ကြားပြီးနောက် ယွင်ယွီသည် ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးကို အကြမ်းဖြင်း သဘောပေါက်သွားလေ၏။
ဘေးဆိုင်သည် ယွင်မိသားစု ဘန်းမုန့်ဆိုင် ရောင်းကောင်းနေတာကို မနာလို ဖြစ်သောကြောင့် ပါဝင်ပစ္စည်းထဲ ဘိန်းထည့်သည့် ဟု၍ စွပ်စွဲပြောဆိုတာပဲ ဖြစ်သည်။ ဘိန်းဟုသည့်မျိုးက စွဲလမ်းစေတတ်၏။ ထိုကြောင့် အစားအသောက်ထဲ ထည့်ခွင့် မရှိပေ။
ယွင်ယွီက ဒေါသထွက်သွားလေသည်။
စားသုံးသူများ၏ တုံ့ဆိုင်းနေသော အသံကို ကြားလိုက်ရ၏။
“ဒီလိုအရာမျိုး ထည့်ဖို့ မဖြစ်နိုင်လောက်ဘူး မှတ်လား။ ငါတို့တွေ နှစ်သစ်ကူးပိတ်ရက်အတွင်း မစားလိုက်ရဘူးလေ။ ငါတို့ အဲဒီလို လက္ခဏာမှ မပြတာ”
“ငါ မသိဘူး။ ပမာဏ နည်းလွန်းလို့များလား။ ဒါကြောင့် မဆွဲတာများလား။ ဒီက အစားအသောက်တွေက တကယ် အရသာ ရှိတယ်။ ငါရဲ့ ကလေးတွေက သူတို့ရဲ့ ဘန်းမုန့်ကို စားပြီး နေ့တိုင်း ခေါက်ဆွဲပြုတ် စားနေတာ”
“ငါတော့ မထင်ပါဘူး။ ပါဝင်ပစ္စည်းတွေရဲ့ အရသာပဲ ဖြစ်မယ်။ သူတို့က နေ့တိုင်း ဘန်းမုန့်ဆိုင်ကို ပါဝင်ပစ္စည်းတွေ ပို့နေတာပဲ မဟုတ်လား။ ဟင်းသီးဟင်းရွက်တွေက ဒီလောက်အရည်ရွှမ်းတာ”
ဆွေးနွေးသံများက ပိုမိုကျယ်လောင်လာပြီး လူများစွာက ဘေးဆိုင်ရှိ စုံတွဲပြောသည့် ပေါက်တတ်ကရ စကားများကို ယုံကြည်လာကြသည်။
အချိန်ကျလာလျှင် လူတိုင်းက အလွန်သတိထားလာ၏။
ယွင်ယွီက ရှေ့တိုးကာ ပြောလိုက်တော့သည်။
141 04
“ကျွန်မတို့ ပါဝင်ပစ္စည်းတွေက အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံးပဲ။ မယုံရင် အိမ်ခေါ်သွားပြီး ချက်ကြည့်လိုက်။ အပြင်မှာ ရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေထက် အရသာပိုကောင်းတယ်။ နူးညံတဲ့ ပြောင်းဖူး၊ မက်မွန်သီး၊ ကျွန်မတို့ဆိုင်မှာ ရောင်းတဲ့ ပြောင်းဖူး၊ မက်မွန်သီး၊ ဖရဲသီးတွေက တခြားဟာတွေထက် အရသာပိုကောင်းတာ မဟုတ်လို့လား။ တစ်နှစ်လုံးနီးပါး ကျွန်မတို့ အစားအသောက်ကို စားခဲ့တာ။ ရှင်တို့ ခွဲနိုင်တဲ့ အရည်အချင်း မရှိဘူးလား”
စားသုံးသူများကလည်း တုံ့ဆိုင်းနေသေးသည်။
ယွင်ယွီက ပြောလိုက်သည်။
“ရှင်တို့ကို ပြောလိုက်မယ်။ ဒီဘန်းမုန့်ဆိုင် ဖွင့်ဖွင့် မဖွင့်ဖွင့် ကျွန်မတို့ မိသားစုအပေါ် သက်ရောက်မှု မရှိဘူး။ ကျွန်မ့ အဘွားနဲ့ အမေက ဆိုင်ဆက်ဖွင့် ချင်နေသေးလို့သာ ဒါပေမဲ့ ကျွန်မတို့ ပိတ်လိုက်ရင် ဒီလို ဈေးချိုတဲ့ အစားအသောက် ထပ်စားရတော့မှာ မဟုတ်ဘူး။ မကြာခင်မှာ တောင်ပေါ်က ကျွန်မ အပန်းဖြေစခန်း ဖွင့်တော့မှာ ဟင်းသီးဟင်းရွက်ဈေးကလည်း တက်သွားလိမ့်မယ်။ အပန်းဖြေစခန်းက ပါဝင်ပစ္စည်းက ဘန်းမုန့်ဆိုင်ကနဲ့ အတူတူပဲ။ ဘာကြောင့် ကျွန်မတို့က ရှင်တို့ကို ဈေးနိမ့်နိမ့်နဲ့ စားခွင့်ပေးရမှာလဲ။ အိမ်နီးချင်းတွေ ဖြစ်နေတာကြောင့်လား”
သူမ အမှန်တိုင်း ပြောနေတာ ဖြစ်သည်။
သူမအပန်းဖြေစခန်းသည် ဈေးချိုချိုဖြင့် ရောင်းချဖို့ မရည်ရွယ်ထားပေ။ မဟုတ်လျှင် ဝန်ထမ်းစရိတ် ကာမိမှာ မဟုတ်ပေ။
ဟင်းသီးဟင်းရွက်တစ်ပန်းကန်ကို အနည်းဆုံး ယွမ် ၆၀ ခန့် ကျသင့်ပေလိမ့်မည်။
ဘန်းမုန့်ဆိုင်ရှိ ပါဝင်ပစ္စည်းများကလည်း အပန်းဖြေစခန်းရှိ ပါဝင်ပစ္စည်းများနှင့် အတူတူသာ ဖြစ်သည်။ အဘွားယွင်တို့ကြောင့်သာ မဟုတ်လျှင် ဆက်ရောင်းတော့မှာ မဟုတ်ပေ။
သူမသည် ဘန်းမုန့်ဆိုင်ကို ပိတ်ဖို့အကြောင်း အဘွားယွင်နှင့် ဆွေးနွေးချင်နေတာ ကြာပြီ ဖြစ်၏။ အဘွားယွင်လုပ်သည့် ဘန်းမုန့်များကို အပန်းဖြေစခန်း၌ တစ်ချပ်ကို ယွမ် တစ်ဒါဇင်ဖြင့် ရောင်းနိုင်၏။ အဘယ်ကြောင့်များ နှစ်ယွမ်ဖြင့် ရောင်းချနေရမည်နည်း။ သူတို့က ခက်ရာခဲဆစ် ပိုက်ဆံရှာနေရတာပဲ ဖြစ်သည်။
အိမ်နီးနားချင်းများအားလုံးအကြောင်း တွေးပေးနေခဲ့ရုံသာ ရှိသည်။ သူတို့အားလုံးက ရွာနီးစပ်မှ လာကြတာ ဖြစ်၏။
သူတို့သည် ဤဆိုင်တွင် စားသောက်နေကြ ဖြစ်ပြီး အပန်းဖြေစခန်းရှိ အစားအသောက်စရိတ်ကို တတ်နိုင်မှာ မဟုတ်တာ သေချာသည်။ ထိုကြောင့် ဆိုင်ဆက်ဖွင့်တာ ကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် ဤလူများကမှု ဘေးဆိုင်၏ အဓိပ္ပာယ်မရှိ စကားများကို ယုံကြည်နေလေ၏။
“အဘွား”
ယွင်ယွီက အဘွားယွင်ဘက် လှည့်မေးလိုက်သည်။
“အဘွား ဆိုင်ပိတ်လိုက်ပါတော့လား။ နောင်ကျ ထိုင်မနေနိုင်ရင် အပန်းဖြေစခန်းတစ်ခုလုံးကို စီမံလို့ ရတယ်။ ဘာကြောင့် ဒုက္ခခံနေမှာလဲ”
“ဟေး ကလေးမ ငါတို့ ဘာမှ မပြောပါဘူး”
အနားရှိ စားသုံးသူများက စိုးရိမ်ပူပန်လာ၏။ သူတို့သည် ဘန်းမုန့်ဆိုင်မှ တစ်နှစ်နီးပါး စွဲစားသုံးလာခဲ့တာ ဖြစ်ပြီး အိမ်၌ ဘာမှ ချက်တောင် မချက်ချင်ပေ။ သူတို့၏နေရာ၌ လာစားသောက်၏။ အရသာကလည်း ကောင်းမွန်သည်။ သူတို့သည် ဟယ်ချင်းကျေးရွာရှိ အပန်းဖြေစခန်းအကြောင်းလည်း ကြားထား၏။ သို့သော်ငြား ဤဘန်းမုန့်ဆိုင်ပိုင်ရှင် ဖွင့်မှန်း မသိပေ။
အဘွားယွင်က ဘာမှ မပြောခဲ့ပေ။
စားသုံးသူတစ်ယောက်က မပြောဘဲ မနေနိုင်တော့ချေ။
“မင်းတို့ကို တစ်ခုပြောပြမယ်။ ငါ့မိဘတွေက သွေးတိုးရှိတယ်။ ဒါပေမဲ့ သူတို့ ဒီဆိုင်က အစားအသောက်တွေကို စားတာ တစ်နှစ်ကျော်ပြီးတဲ့နောက် သူတို့ သွေးတိုးအမှတ်က မရှိတော့သလောက်ပဲ။ စစ်ဆေးဖို့ ဆေးရုံကို သွားတဲ့အချိန် ဆရာဝန်က အံဩဖို့ကောင်းတယ်လို့တောင် ပြောခဲ့တာ။ အခု သူတို့ ဆေးသောက်ဖို့ မလိုတော့ဘူး။ ငါတို့ ဘာမှန်း မသိပေမဲ့ ဒီဆိုင်က ပါဝင်ပစ္စည်းတွေနဲ့ သက်ဆိုင်နေမှန်းတော့ သိတယ်။ သူတို့အားလုံးက စိမ်းစိုနေပြီး အညစ်အကြေးကင်းစင်တဲ့ ပါဝင်ပစ္စည်းတွေလေ”
“အခုပြောတော့မှ ငါရဲ့ယောက္ခထီးကလည်း သွေးတိုးရှိတာပဲ။ သူလည်း လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဆေးသောက်ရတာ။ ဒါပေမဲ့ ဒီမှာ မနက်တိုင်း ခေါက်ဆွဲလာစားပြီးတော့ သွေးပေါင်ချိန်က ပုံမှန် ပြန်ဖြစ်သွားတယ်”
“ငါ့မိသားစုကရောပဲ။ ငါ့ယောက္ခထီးက နှလုံးရောဂါရှိတယ်။ သူ အသက်ကြီးလာတာနဲ့အမျှ သွေးပေါင်ချိန် ပိုတိုးလာတယ်။ စစ်ဆေးဖို့ သွားခဲ့ဖူးပေမဲ့ ဆရာဝန်က သူ့နှလုံးဆောင်ရွက်ချက် သိပ်မကောင်းတော့ပဲ နှစ်ဝက်တောင် အသက်မရှင်ဘူးလို့ ပြောခဲ့တာ။ ဒါပေမဲ့ အခု နှစ်လ၊ သုံးလ လွန်ပြီး ငါရဲ့ယောက္ခထီးက အဆင်ပြေနေတုန်းပဲ။ သူ ဆေးစစ်ဆေးဖို့ ဆေးရုံကို နောက်ထပ်သွားခဲ့တာ ဆရာဝန်က သူနည်းနည်း အားနည်းနေသေးပင်မဲ့ ဆက်ပြီး ထိန်းသိမ်းထားနိုင်သေးတယ်လို့ ပြောတယ်။ ငါရဲ့ ယောက္ခထီးက နေ့တိုင်း ဘန်းမုန့်နဲ့ ပြောင်းဆန်ပြုတ် သောက်ဖို့ ဒီကို လာတာ”
******