← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

142 01

အပိုင်း 142

စားသုံးသူများ ထိုသို့ပြောပြီးနောက် လူတိုင်းသည် သူတို့မိသားစုဝင်တိုင်းသည် ဘန်းမုန့်ဆိုင်၌ မနက်စာများ စားသောက်ပြီးနောက် ရောဂါအမျိုးမျိုး အသေးစားရောဂါလေးများ ပျောက်ကင်းသွားခဲ့ပြီး ပြင်းထန်သည့် ရောဂါတချို့တောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။ သူတို့အစ၌ ထိုအကြောင်းကို မတွေးသော်ငြား ယခုဆို တစ်ယောက်ပြောလိုက်တော့မှ တွေးမိသွားကြသည်။

ဘေးဆိုင်ရှိ လင်မယားက ရှုံ့ချ ပြောဆိုလေ၏။

“ပေါက်စီလေး နည်းနည်း စားရုံနဲ့ ဝေဒနာကို ကုသနိုင်တယ်တဲ့လား။ ဒါဆိုလည်း ဆေးရုံသွားတာ ရပ်ပြီး သူ့အိမ်ပဲ ပေါက်စီသွားစားနေပါလား။ မင်းတို့အားလုံးက လေရွှီးနေကြတာပဲ”

အမေယွင်က ဒေါသတကြီး ပြောလိုက်၏။

“နင်က ငါတို့ လုပ်ငန်းကို မနာလိုဖြစ်နေပြီး ကောလာဟလဖြန့်နေတာ အသိအသာကြီး ဘယ်လိုလုပ် ဒီလောက် ယုတ်မာနိုင်ရတာလဲ”

စားသုံးသူတချို့ကမှု စတင်ပြီး ကူပြောပေးလာသည်။

“နင်က အကူအညီတောင်းတဲ့သူ။ ငါတို့က နေ့တိုင်း မနက်စာလာစားနေတာ”

“အဟုတ်ပဲ။ ခင်ဗျားကပဲ ရည်ရွယ်ချက် မကောင်းတာ။ ခင်ဗျားမှာ နေ့တိုင်း စားသုံးသူ မရှိတာကြောင့် ဒီလိုမျိုး ကောလဟာလဖြန့်နေတာ မှတ်လား”

“ငါလည်း သံသယဝင်မိတယ်။ ငါတို့ ကောင်းကောင်း စားသောက်နေတာပဲ။ ပါဝင်ပစ္စည်းတွေမှာ ပြဿနာ ရှိတယ်လို့ တစ်ခါမှ မကြားမိပါဘူး”

ယွင်ယွီက မျက်မှောင်ကျုံ့မိသွားကာ ဘာမှ မပြောတော့ပေ။

စားသုံးသူတချို့က ယွင်ယွီကို မကြည့်ဘဲ မနေနိုင် ဖြစ်ကုန်ကြကာ ဘေးကို တီးတိုးပြောလိုက်လေ၏။

“ဒီသူဌေးလေးရဲ့နာမည်က ဘာပါလိမ့်။ ကြည့်ရတာ ရင်းနှီးနေပုံပဲ”

လူတချို့က ယွင်ယွီကို ကြည့်ပြီး နောက်ဆုံး၌ သူမကို မှတ်မိသွားကာ တီးတိုးပြောလိုက်လေ၏။

“သူ့ကို မသိဘူးလား”

“သူ ဘယ်သူလဲ”

“ဆရာသခင် ယွင်လေ။ ဟယ်ချင်းကျေးရွာက အင်မတန် အစွမ်းထက်တဲ့ ဆရာသခင် ယွင်”

လူများစွာသည် ယွင်ယွီအကြောင်း မကြားဖူးသော်ငြား သူမနာမည်ကို သိထားကြပေ၏။ သူမက နာမည်ကျော် ဖုန်းရွှေဆရာသခင်တစ်ပါးပဲ ဖြစ်သည်။ ဤနေရာရှိ လူများစွာက တစ်စုံတစ်ယောက်ကို ဖုန်းရွှေဆရာဟု ခေါ်ရတာ အသားမကျသေးပေ။ ထိုကြောင့် သူတို့သည် သူမကို ဆရာသခင် ဟု၍သာ ခေါ်တတ်ကြသည်။

“ယွင်မိသားစုက မသေမျိုးလေးလား။ သူ့မှာ ထူးကဲသာလွန်တဲ့ စွမ်းရည်တွေ ရှိတယ်လို့ ကြားမိတာ။ ဒီဘန်းမုန့်ဆိုင်ကို သူ့မိသားစုက ဖွင့်ထားတာလား။ အစားအသောက်တွေ ဒီလောက်ကောင်းနေတာ အံ့ဩစရာ မရှိဘူးပဲ။ ဟယ်ချင်းရွာက အခုဆို သာယာလှပနေပြီး အဲဒီမှာ စိုက်ပျိုးတဲ့ အစားအသောက်တွေက ရွာနီးစပ်က အစားအသောက်တွေထက် ပိုကောင်းတယ်လို့ ကြားမိတယ်။ အထူးသဖြင့် ဒီမသေမျိုးလေးရဲ့ စိုက်ခင်းကပေါ့။ သူ့ကြောင့်များလား။ သူ့မှာ စွမ်းရည်တွေ ရှိပြီး သူရဲ့ လယ်ကွင်းတွေထဲမှာ စွမ်းရည်တွေ ပြည့်ဝနေတာ။ ဒါကြောင့် အဲမှာ ပေါက်ရောက်တဲ့ ဟင်းသီးဟင်းရွက်တွေက အရသာရှိပြီး ရောဂါကိုတောင် ကုသပေးနိုင်တာပဲ”

“သူတို့တီဗီထဲမှာ ပြတယ် မဟုတ်ဘူးလား။ အရည်အချင်း အစစ်အမှန်ရှိတဲ့ မသေမျိုးတချို့က အစီအရင်တချို့ တည်ဆောက်တယ်။ ဝိညာဉ်စုစည်းခြင်း အစီအရင်လိုမျိုးပဲ။ မဟာမသေမျိုး ယွင်က ရွာထဲမှာ တည်ဆောက်ထားတာ မဟုတ်လား။ သူ့မိသားစုက စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေက အထွက်နှုန်းကောင်းတယ်လို့ ကြားမိတယ်။ ဝိညာဉ်စွမ်းရည်နဲ့ စိုက်ပျိုးထားတဲ့ဟာတွေက ရောဂါဘယ ကုသပေးနိုင်မှာပဲ”

ယင်းက ဆန်းကြယ်သည်ထက် ပိုဆန်းကြယ်လာ၏။

ယွင်ယွီက ဆင်ခြေမပေးခဲ့ပေ။ သူမ စိုက်ပျိုးထားသည့် အစားအသောက်တွေအားလုံး အရသာရှိရသည့် အကြောင်းအရင်းကို ရှင်းပြပြီးသား ဖြစ်သွားသည်။ တကယ်တော့ သူတို့ပြောတာ တစ်ထပ်တည်း တူသလောက်ရှိပြီး ပါဝင်ပစ္စည်းအားလုံးကို ဝိညာဉ်စွမ်းရည်ဖြင့် စိုက်ပျိုးထားတာပဲ ဖြစ်သည်။

142 02

ထိုလင်မယား၏ မျက်နှာက ရှုံ့မဲ့သွားကြကာ သူတို့အကြည့်က မသက်မသာ ဖြစ်လာတော့သည်။

သူတို့သည် ယွင်ယွီ၏နာမည်ကို ကြားဖူးသော်ငြား ဤဘန်းမုန့်ဆိုင်ကလည်း သူမအပိုင် ဖြစ်လိမ့်မည်ဟု မထင်ထားမိပေ။ ဆိုရလျှင် နိုင်ငံကြီးတစ်ခုလုံး၌ လူဦးရေ နှစ်သိန်းကနေ သုံးသိန်းရှိလေရာ လူတိုင်းနှင့် ရင်းနှီးဖို့ဆိုတာ မဖြစ်နိုင်ပေ။

စားသုံးသူများသည် ဤဆိုင်ကို ယွင်ယွီပိုင်ကြောင်း သိသွားပြီးနောက် သူတို့က စတင် တောင်းပန်လာကြတော့သည်။

“ဆရာသခင်… ဒီဘန်းမုန့်ဆိုင်က ဆရာသခင်ဆိုင်မှန်း မသိခဲ့လို့ပါ။ အစထဲက သိခဲ့မယ်ဆိုရင် သေချာပေါက် သံသယဝင်မှာ မဟုတ်ဘူး”

“ဟုတ်ပါတယ်။ ဒါ ကျုပ်တို့ရဲ့ အမှားပါပဲ။ မသေမျိုးမိသားစုကမှန်းသာ သိခဲ့မယ်ဆိုရင် သူတို့ဘာပြောပြော ယုံမှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့ နောင်ကျ တခြားသူတွေရဲ့ အတင်းအဖျင်းတွေကို သေချာပေါက် နားမထောင်တော့ဘူး”

“ဆရာသခင် ကျေးဇူးပြုပြီး ဒီဘန်းမုန့်ဆိုင်လေးကို ဆက်ဦးစီးပေးပါ”

ဆရာသခင် ပြောသည့်အတိုင်းပင် အပန်းဖြေစခန်းက ဖွင့်လှစ်တော့မှာ ဖြစ်ပြီး ဤဘန်းမုန့်ဆိုင်ကို ဆက်မဖွင့်လျှင် သူတို့က အပန်းဖြေစခန်း၌ စားသောက်ဖို့ တတ်နိုင်မှာ မဟုတ်ပေ။

ဘန်းမုန့်ဆိုင်နှင့် အပန်းဖြေစခန်းရှိ ပါဝင်ပစ္စည်းများက တူပေ၏။ ဤနေရာရှိ ဘန်းမုန့်က နှစ်ယွမ်ခန့်သာ ကျသင့်ပြီး အခြားသောနေရာများထက် ပြား ၅၀ သာ ပိုများ၏။ သို့သော်ငြား ပါဝင်ပစ္စည်းက အကောင်းဆုံး ဖြစ်သည်။

စားသုံးသူများသည် ယွင်ယွီကို အလျင်စလို တောင်းပန်ကြလေ၏။

ယွင်ယွီက အဘွားယွင်နှင့် အမေယွင်ကို စိုက်ပြီး ကြည့်ကာ သက်ပြင်းချလိုက်၏။

“ကျွန်မတို့ အားလုံး အိမ်နီးချင်းတွေပဲ။ နားလည်မှုလွဲရုံလေးပဲ ထားလိုက်တော့။ အချက်အပြုတ်ဟင်းလျာကလည်း အိမ်ချက်ဟင်းလျာ လုပ်ဖို့ လုံလောက်ရုံပဲ။ အပန်းဖြေစခန်းသာ တကယ်သွားမယ်ဆိုရင် သိက္ခာကျလိမ့်မယ်။ သမီးအလုပ်တွေနဲ့ အဘွားနဲ့ ဒီဆိုင်ကို ဆက်ဦးစီးမယ်”

“ဟုတ်ပါပြီ။ ဒါဆိုလည်း အဘွားပြောတာ သမီး နားထောင်မယ်”

ယွင်ယွီသည် ဘန်းမုန့်ဆိုင်ကို တကယ် ပိတ်ဖို့ မရည်ရွယ်ထားပေ။ သူမ ဤအတိုင်း ပြောလိုက်ရုံသာ ဖြစ်၏။ သို့သော် သူမသဘောထားကို ပြသရမည်။ မဟုတ်လျှင် ဤစားသုံးသူများက သူတို့ကို အနိုင်ကျင့်ရ လွယ်သည်ဟု ထင်သွားလိမ့်မည်။

ဘေးဆိုင်ရှိ စုံတွဲက စွံ့အသွားတော့သည်။

စားသုံးသူများက မနက်စာဝယ်ရန် ဆက်ပြီး တန်းစီနေကြကာ ချင်ယွီစွေကမူ ဖုန်းခေါ်ရန် လူအုပ်ကြီးထဲမှ ထွက်သွားလေ၏။

လူများစွာ ရှိနေတာကို မြင်ပြီး ယွင်ယွီက ဆိုင်တွင် ကူညီပေးရန် နေခဲ့သည်။ နာရီဝက်ခန့် ကြာပြီးနောက် အစားအသောက်ကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများစွာသည် ရုတ်တရက် ရောက်ချလာသည်။

သူတို့က ရှေးဦးစွာ ယွင်ယွီ၏ ဘန်းမုန့်ဆိုင်သို့ ဝင်ပြီး စစ်ဆေးခဲ့၏။ ပြီးနောက် ဘန်းမုန့်ဆိုင်ရှိ သန့်ရှင်းမှုအနေအထားက စံသတ်မှတ်ချက် ပြည့်ညီကြောင်း လက်မှတ်ထုတ်ပေးခဲ့သည်။

ပြီးနောက် သူတို့သည် ဘေးဆိုင်သို့ သွားခဲ့ပြီး ၁၀ မိနစ်ကျော်ကြာ၌ ထွက်လာသည်။ ဝန်ထမ်းများက မျက်မှောင် ကြုတ်မိသွား၏။ ဘန်းမုန့်ဆိုင်နှစ်ဆိုင်ကြား ကွာဟချက် ကြီးကြီးမားမား ရှိနေသည်။ တစ်ခုက တစ်ကိုယ်ရည် ပတ်ဝန်းကျင် သန့်ရှင်းမှု ရှိသည့် ပါဝင်ပစ္စည်းများက လတ်ဆတ်နေပြီး ကျန်တစ်ဆိုင်ကမှု ယင်ကောင်များ ပြည့်နေသည်။ ပါဝင်ပစ္စည်းများက အရည်အသွေး ပြည့်မှီခြင်း မရှိပေ။ ယင်ကောင်များနဲ့ ပိုးဟပ်များက မီးခိုချောင်ထဲ နေရာအနှံ့ တွားသွားနေ၏။ သူတို့ အခန်းထဲ ဝင်လျှင်ဝင်ခြင်း အောက်သိုးသိုး အနံ့ရကာ သူတို့ အန်ချင်လာသည်။ သူတို့က အန်ချင်စိတ်ကို တောင့်ခံပြီးနောက် ပြီးအောင် စုံစမ်းစစ်ဆေးခဲ့၏။ အားလုံးက အရည်အသွေး မပြည့်မှီပေ။

ဉပဒေအရာရှိက သူတို့စုံတွဲကို ပြောလိုက်သည်။

142 03

“ခင်ဗျားတို့ဆိုင်ထဲက အစားအသောက်အားလုံးက သန့်ရှင်းလတ်ဆတ်မှု မရှိဘူး။ စည်းမျဉ်းတွေအရ ဒဏ်ခတ်ခံရမယ်”

ဝန်ထမ်းများသည် အရည်အသွေး မပြည့်မှီသည့် ပါဝင်ပစ္စည်းများနှင့် ကိရိယာများ တစ်ခုပြီးတစ်ခု ထုတ်လာ၏။ ခြင်များ တဝီဝီပါလာကာ အမျိုးစုံ အစာသွပ်များ ပြည့်နေတော့သည်။ စားပွဲများ၊ စဉ်းနီတုံးများ၊ ပေါင်းအိုးများ အားလုံးကိုလည်း ထုတ်လာပြီး လေထဲ၌ အောက်သိုးသိုးအနံ့ ပြည့်နေလေ၏။

ဘေးတွင် တန်းစီနေသည့် စားသုံးသူများကမှု စိတ်မပျော်မရွှင် ဖြစ်သွားလေ၏။

“ဘေးဆိုင်ရဲ့ သန့်ရှင်းရေးအနေအထားက အင်မတန် ဆိုးရွားတာပဲ။ ကံကောင်းပြီး တစ်ခါမှ မစားဖူးလို့ တော်သေးတယ်”

“အော့ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူ့ဆီကနေ ပေါက်စီ ဝယ်ခဲ့တာ။ ဒီဆိုင်က နေ့လည်ဆို ပိတ်လို့လေ။ ငါအိမ်ပြန်ရောက်တော့ MSG အနံ့ ရလိုက်တယ်။ ငါ ဒီလို ပါဝင်ပစ္စည်းတွေနဲ့ ပေါင်မုန့်ပေါက်စီကို စားမိတာ။ ငါ ဗိုက်အောင့်ချင်သလိုလိုတောင် ခံစားနေရပြီ”

“မင်းက အရူးပဲ။ ငါက ဒီဆိုင်ပိတ်ရင် မစားဘဲ နေမှာ”

အရာရှိက ဆက်ပြောလိုက်၏။

“စည်းမျဉ်းတွေအရ ခင်ဗျားတို့ဆိုင်က ဆက်ဖွင့်လို့ မရဘူး။ ပိတ်ချရမယ်”

ထိုစုံတွဲသည် ကြက်သေ သေနေကာ စုံစမ်းစစ်ဆေးရေးအရာရှိများ ရုတ်တရက် လာရောက် စုံစမ်းစစ်ဆေးရသည့် အကြောင်းအရင်းကို သဘောမပေါက်ခဲ့ပေ။

တံခါး၌ ချိတ်ပိတ် စတေကာကို ကပ်ထား၏။ ဝန်ထမ်းကမှု သူတို့ စုံတွဲကို ဆိုင်အား ယာယီချိတ်ပိတ်ကြောင်း ပြောပြီး ရလဒ်ကို စောင့်ခိုင်းထား၏။

ဝန်ထမ်းများ ထွက်သွားသောအခါ သူတို့သည် ဘေးဆိုင်ရှိ ဆက်ရှိမှုကို တွေ့မိလိုက်၏။ လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် အစာသွပ်တို့၏ မွှေးရနံ့ကို မီးဖိုချောင်ထဲ ဝင်လျှင်ဝင်ခြင်း ရလိုက်၏။ သူတို့က အိမ်သို့ ပေါက်စီများ ဝယ်သွားချင်သည်။

သူတို့က အိမ်သို့ ပေါက်စီများ မဝယ်ဘဲ မနေနိုင်တော့ချေ။

အိမ်ပြန်လမ်း၌ သူတို့ စားသောက်လိုက်ကြသည်။ မြို့မှလာသည့် လူတို့ကလည်း ပေါက်စီဝယ်ရမည်မှန်း သိသွားကြ၏။ ကားထဲ ရောက်သည့်အချိန်တွင် မြို့ထဲရှိ ဝန်ထမ်းများက စားသောက်နေတာကို မြင်လိုက်ရ၏။ သူသည်လည်း မြည်းစမ်းလိုက်သည့်အချိန်တွင် မျက်လုံး လက်သွားတော့သည်။

“ဒီပေါက်စီက အရသာ တကယ်ကောင်းတာပဲ”

အပေါ်ယံအခွံ့က ပါးကာ အဆာများ ပြည့်နေတော့သည်။ မုန့်နှစ်က အရသာရှိရုံသာမက နူးညံ့ပြီး အရည်ရွမ်းနေ၏။ အဆာသွပ်ထားသည့်က ပိုတောင် အရသာရှိသေးသည်။ ပါဝင်ပစ္စည်းတို့၏ အရသာက ပကတိကောင်းမွန်နေကာ ဟင်းခတ်အမွှေးအကြိုင်သည် ပါဝင်ပစ္စည်းတို့၏ အရသာကို ယူဆောင်သွားခြင်း မရှိပေ။

“ဟုတ်တယ် ခေါင်းဆောင်။ ခေါင်းဆောင်က မြို့ကလာတာ သေချာပေါက် မသိလောက်သေးဘူး။ ဒါကျုပ်တို့ မြို့ရဲ့ အင်တာနက်က နာမည်ကြီး ဘန်းမုန့်ဆိုင်လေ။ မနက်တိုင်း တန်းစီစောင့်တဲ့ လူတန်းရှိကာ အရှည်ကြီးပဲ။ မနက်စောစော မထရင် ဘာမှ စားရမှာ မဟုတ်ဘူး။ ၉ နာရီခွဲလောက်ဆို ကုန်ပြီ။ နေ့လည်မှာ ဆိုင်ဖွင့်သေးတယ်။ ဒါပေ့မယ် စောစောထတာ ပိုကောင်းတယ်။ သူတို့က ရောင်းကုန်တာ မြန်တယ်”

“လူတွေအများကြီး တန်းစီနေတာ အံ့ဩစရာ မရှိဘူးပဲ။ စောစောကတည်းက သိခဲ့ရင် များများဝယ်ပြီး ငါ့မိန်းမနဲ့သားကို မြည်းခိုင်းမိမှာပဲ”

“ရတယ်လေ။ နောက်မှ ထပ်လာဝယ်တာပေါ့။ ဘန်းမုန့်တွေက အရသာရှိရုံတင်မကဘူး။ ခေါက်ဆွဲနှင့် ပြောင်းဖူးဆန်ပြုတ်ကလည်း အရသာရှိတယ်”

ဤဝန်ထမ်းများသည် မြို့လေးမှ လာတာ ဖြစ်ပြီး ဤနေရာ၌ မကြာခဏ လာစားတတ်သည်။

ယွင်ယွီသည် ထိုစုံစမ်းစစ်ဆေးသူများကို ချင်ယွီစွေ ခေါ်လိုက်တာ ဖြစ်မည်မှန်း သိနေသည်။

သူမသည် မေးခွန်းများများစားစား မမေးခဲ့ဘဲ နေ့လည်အထိ ဆိုင်ဖွင့်ရာ၌ ကူညီပေးခဲ့သည်။ စားသုံးသူတချို့က သူမ ဆရာသခင် ယွင်မှန်း သိပြီး သူတို့ ပြဿနာများ မေးရန် သူ့ဆီ ရောက်လာ၏။ အိမ်၌ လက်တလော အဆင်မပြေကြောင်းနှင့် မသေမျိုး ယွင်က သူတို့ကို ကူညီပေးနိုင်မလားဟု အကူအညီ တောင်းခံခဲ့သည်။

142 04

ယွင်ယွီသည် ဤကဲ့သို့သော အရာမျိုးက နတ်ဘုရား သို့မဟုတ် မသေမျိုးတစ်ပါး လာရောက် ကူညီပေးတတ်သည့် ကိစ္စမျိုး အကူအညီလာတောင်းသည့် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် ကိစ္စမျိုးမှန်း သိနေသည်။ အသားဝါသည့် အရှေ့ဘက်ခြမ်းရှိ မသေမျိုးတို့နှင့် ဆင်တူသည်။

စားသုံးသူတို့က ရှေးဖြစ်ဟောသူကို လာတွေ့ကြပြီး အိမ်၌ အဆင်မပြေကြောင်းနှင့် ကလေးက အမြဲတစေ ဖျားနာနေတတ်ကြောင်း ပြော၏။ မသေမျိုးသည် ထိုလူ၏ ခန္ဓာကိုယ်ကို ပူးကပ်ပြီးနောက် သူက စားသုံးသူကို ကြည့်ကာ ပြောလိမ့်မည်။

“လက်တလော မင်းတို့ရဲ့အိမ်နားကို အဘွားအိုတစ်ယောက် ဖြတ်သွားလား။ အဘွားအိုက မင်းရဲ့ကလေးကို ချစ်တာကြောင့် သူ့ကို ကျီစယ်နေတာ။ ငွေစက္ကူတချို့ ရှို့ပေးလိုက်မယ်။ ပြီးရင် အဲဒီအဘွားအိုကို ပြောလိုက်။ စိတ်မပူနဲ့ ဘာမှ မဟုတ်ဘူး။ သူ့ကို ပြောလိုက်ရုံပဲ”

ပြီးနောက် ထိုသူသည် အမွှေးတိုင်များ ထွန်းညှိပေးလျှက် ထိုအဘွားအိုနှင့် ဆက်သွယ်၏။ အိမ်ပြန်ရောက်ချိန်တွင် သူ့ကလေး၏ အဖျားကျသွားတာ တွေ့လိုက်ရသည်။

မဟုတ်လျှင် စားသုံးသူသည် အိမ်၌ အခြေအနေ မကောင်းကြောင်း ပြောပြလိမ့်မည်။

မသေမျိုးက လာကြည့်ပေးလိမ့်မည်။

“လက်တလော အိမ်မှာ မြေကြီး တူးထားမိသေးလား။ သွားပြီး တွင်းပေါက်ကို ပြန်ဖို့လိုက်။ ပြီးရင် အပင်စိုက်ပေးလိုက် အဆင်ပြေသွားလိမ့်မယ်”

ပြန်သွားပြီး အပင်စိုက်လိုက်ချိန်တွင် အားလုံးက နှစ်ရက်အတွင်း အဆင်ပြေသွားမှာပဲ ဖြစ်သည်။

အရည်အချင်းအမှန်ရှိသည့် လူများက ရှိသည်။ သူတို့က ဝိညာဉ်များ၊ နတ်ဒေဝါများနှင့် ဆက်သွယ်နိုင်ကာ ကူညီပေးတတ်သည်။ ချို့တဲ့မှု သုံးခုနှင့် ပြတ်လတ်မှု ငါးမျိုးတို့က ပိုပြင်းထန်ပြီး ခန္ဓာကိုယ်ကိုတောင် ထိခိုက်စေနိုင်ကာ အရွယ်မတိုင်မှီ သေဆုံးစေနိုင်၏။

သို့သော် ငွေလိမ်သည့် လူလိမ်ပညာရှင်များလည်း ရှိသည်။

ယွင်ယွီကမှု ထိုလူများနှင့် မတူ။ သူမကို နတ်ဒေဝါများ ပူးကပ်ခြင်း မရှိ။ သူမသည် ရုပ်လွန်ပညာကို လေ့လာထားတာ ဖြစ်ပြီး ဖုန်းရွှေကို ကြည့်ပြီး ကူညီပေးတာပဲ ဖြစ်သည်။

ထိုစားသုံးသူ၏ မေးခွန်းကို ကြားသောခါ ယွင်ယွီက ကူကယ်ရာမဲ့စွာ မေးလိုက်၏။

“ကျွန်မက နတ်ဒေဝါ မဟုတ်၊ မသေမျိုး မဟုတ်၊ ဖုန်းရွှေပညာရှင် တစ်ယောက်၊ ရွှမ်းမန် ဖုန်းရွှေပညာရှင်။ နှစ်ခုက စနစ် မတူညီကြဘူး”

စားသုံးသူက မှင်သက်သွားပြီးနောက် မမေးပဲ မနေနိုင်တော့ပေ။

“ဒါ ပြဿနာဖြေရှင်းပေးနိုင်လား”

“ရှင့်မိသားစုအခြေအနေကို အသေးစိတ် ပြောပြပေး”

ယွင်ယွီက ကူကယ်ရာ မဲ့နေသည်။

ထိုစားသုံးသူက အမြန်ပြောလိုက်၏။

“ကျွန်မတစ်မိသားစုလုံး ကံဆိုးနေတာ။ ကျွန်မရဲ့ အမျိုးသားက အလုပ်ပြုတ်သွားတယ်။ ကျွန်မက အပြင်ထွက်တုန်း ပိုက်ဆံအခိုးခံရတယ်။ ကလေးက ကျောင်းမှာ အတန်းဖော်တွေ အနိုင်ကျင့်တာ ခံရပြီး ခေါင်းကွဲသွားတယ်။ ကျွန်မယောက္ခထီးက လမ်းမှာ မာကျောက်ဆော့နေတုန်း ပိုက်ဆံဆုံးရှုံးသွားပြီး မနိုင်တာ တော်တော်ကြာပြီ။ သူက မာကျောက်ဆော့တာ တော်တယ်”

“အဲလိုလား”

ယွင်ယွီက မေးလိုက်၏။

“ရှင့်အိမ် ပြန်လည် ပြုပြင်နေလား။ ဒါမှ မဟုတ် လက်တလော ပြုပြင်ဖို့ စတင်ဖို့ ရှိလား”

“ပြုပြင်ဖို့ မရှိဘူး။ ကျွန်မတို့အိမ်ရှေ့က မြေကွက်လပ်။ ယောက္ခမက ကျွန်မတို့ကို ဟင်းသီးဟင်းရွက်တချို့ စိုက်ပျိုးဖို့အတွက် အကြံပေးထားတယ်”

ယွင်ယွီ

“ဒါဆို ရှင်နဲ့ ရှင့်ခင်ပွန်းရဲ့ မွေးနေ့မွေးရက်တွေ ပြောပါအုန်း”

စားသုံးသူသည် မွေးနေ့မွေးရက် နှစ်ခု ပြောပြလိုက်၏။ ယွင်ယွီက သူတို့ကို တွက်ချက်ကာ ပြောလိုက်တော့သည်။

142 05

“အမျိုးသားရဲ့ မွေးနေ့မွေးရက်က မှားနေတယ်။ ရှင် အမှားလုပ်မိတာလား။ ဒါက သေသူရဲ့ မွေးနေ့ပဲ”

ထိုအမျိုးသမီးသည် ခဏတဖြုတ် မှင်သက်သွားပြီးနောက် ပြောလိုက်၏။

“ဆရာ ခဏလောက် စောင့်ပါအုန်း။ ကျွန်မယောက်ျားကို ဖုန်းဆက်ပြီး မေးလိုက်မယ်။ သူမွေးတဲ့အချိန်ကို မမှတ်မိဘူး”

သူမ ခေါ်လိုက်ချိန်တွင် သူမ မှတ်ထားတာ မှားနေကြောင်း သိလိုက်ရ၏။ အချိန်က နှစ်နာရီ နောက်ကျနေတာပဲ ဖြစ်သည်။

ယွင်ယွီက ထပ်မံ တွက်ချက်ပြီးနောက် ပြောလိုက်၏။

“ဒါက ရှင့်ခင်ပွန်းနဲ့ သက်ဆိုင်နေတာ။ ရှင့်ခင်ပွန်းက မိသားစုခေါင်းဆောင်။ သူ ဒီနှစ်မှာ ကံဆိုးနေတယ်။ ဒီနှစ် မြေခွဲဖို့ မလွယ်ဘူး။ မြေကို ခွဲတာက မတော်တဆ ဖြစ်စေလိမ့်မယ်။ ဒါကြောင့် ရှင့်မိသားစု လက်တလော ကံဆိုးနေတာပဲ။ ပြန်သွားပြီး ရှင့်ယောက္ခမကို ရှင်တူးတာတဲ့ မြေကို ပြန်ဖို့ခိုင်းလိုက်။ ပြီးတော့ နောက်နှစ်အထိ မြေမတူးပါနဲ့။ ရှင့်အမျိုးသားရဲ့ ကံတရားက ခြောက်လပိုင်းကနေ နောက်နှစ်ကုန်အထိ တိုးတက်လာပါလိမ့်မယ်။ နောင်ကျ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ်”

ထိုအမျိုးသမီးက စဉ်းစားနေ၏။ ထိုကြောင့် ယွင်ယွီသည် ဘာမှ မပြောတော့ပေ။

အမျိုးသမီးက ပြီးနောက် မေးလိုက်တော့သည်။

“ဆရာသခင် ညာဏ်ပူဇော်ခ ဘယ်လောက်များလဲ”

“ရှင် ဆန္ဒရှိသလောက် ပေးပါ”

ထိုအမျိုးသမီးက စဉ်းစားပြီးနောက် ယွမ် တစ်ထောင်ပေးပြီး ထွက်သွားလေ၏။ ယွင်ယွီ၌ အရည်အချင်းတချို့ရှိသည်ဟု ခံစားမိသည်။ သူမက ယွင်ယွီအကြောင်းလည်း ကြားမိသည်။

******

All Chapters