← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

143 01

အပိုင်း 143

…

ထိုအမျိုးသမီးက ပြန်သွားပြီး ဤအဖြစ်အပျက်အကြောင်း သူမယောက္ခမကို ပြောပြခဲ့သည်။ သူမယောက္ခမက မယုံသော်ငြား နောက်ဆုံး၌ သူမသား၏ ကံတရားကို စိုးရိမ်သောကြောင့် ဟင်းရွက်စိုက်ခင်းကို မြေဖို့လိုက်လေ၏။

နှစ်ရက်ကြာပြီးနောက် အိမ်ရှိ အခြေအနေများ အဆင်ပြေလာပြီး သူမအမျိုးသားကလည်း အလုပ်ရသွားသည်။ ဒီတော့မှ လက်ခံယုံကြည်သွားလေ၏။ နှစ်ရက်အတွင်း လူများစွာက ယွင်ယွီဆီ အကြံအညာဏ်တောင်းခံကြသည်။

သူမက နတ်ဒေဝါတစ်ပါး ပူးကပ်ခံထားရပြီး ကိစ္စရပ်များကို မြင်နိုင်သည်ဟု လူများစွာက တကယ် ယုံကြည်နေကြတာ ဖြစ်သည်။

ယွင်ယွီသည် ရှင်းပြရမှာ ပျင်းသောကြောင့် မပြောပြဘဲ အလွန်ဆုံးမှ သူမ ဇာတာခွင် တွက်ချက်ရာ၌သာ ကူညီပေးခဲ့သည်။

သို့သော် မြို့ထဲရှိ မိသားစုတစ်စုက ယွင်ယွီကို လာရှာခဲ့၏။ သူတို့က နှစ်ယောက်လာတာ ဖြစ်သည်။ အမျိုးသားနာမည်က ချန်တချန်း ဖြစ်ပြီး သူ့သားနာမည်က ချန်ရန် ဖြစ်သည်။

ခြောက်နှစ်အရွယ် ကလေးက လက်တလော၌ ညတိုင်း ငိုနေကြောင်း ပြောပြခဲ့လေ၏။ အိမ်ထဲတွင် ထူးဆန်းသော ဦးလေး တစ်ယောက်ရှိသည်ဟု ပြောပြခဲ့သည်။ ထိုစကားလုံးများက သူတို့ လင်မယားကို ထိန့်လန့်စေခဲ့သဖြင့် ကြောက်လန့်မှုကြောင့် မျက်နှာဖြူဖျော့သွားခဲ့သည်။ ယွင်ယွီက နတ်ဒေဝါတစ်ပါးဟု သူတို့ ကြားမိပြီး သူတို့က သူ့ဆီ အကူအညီလာတောင်းချင်၏။

ချန်တချန်းက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“ကျွန်တော့်အမေက လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဆုံးပါးသွားတာ။ ကလေးကို ပြန်လာတွေ့တာများလား”

ယွင်ယွီက ပြောလိုက်၏။

“ဦးလေးတစ်ယောက်လို့ ရှင့်ကလေးပြောတာ မကြားဘူးလား”

ချန်တချန်းက ပြောစရာ စကားမဲ့သွားသည်။

“ကလေးက ငယ်သေးတော့ အမြင်မှား မြင်တာ နေမှာပေါ့။ ကျွန်တော့်အမေက ထွက်သွားတုန်းက ဆံပင်တိုတိုလေ။ ရှောင်ရန်က သူ့ကို မမှတ်မိလောက်ဘူး။ ဆရာ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ပေးနိုင်မလား”

“ကလေးက ညဘက် ငိုလား”

ယွင်ယွီက မေးလိုက်၏။

ယင်သတ္တဝါတို့သည် ညအချိန်၌ ထွက်လာတတ်၏။ ချန်တချန်းက ခေါင်းညိတ်လိုက်သည်။

ယွင်ယွီက ပြောလိုက်သည်။

“ဒါဆို ဒီည လာကြည့်ပေးမယ်။ ရှင်ကို ဆက်သွယ်ဖို့ လိပ်စာနဲ့ ဆက်သွယ်ဖို့ နံပါတ် ထားခဲ့ပေးပါ”

သူတို့စုံတွဲသည် ဆက်သွယ်ရန် အချက်အလက်လိပ်စာများ ထားခဲ့ပြီးနောက် ထွက်သွားလေ၏။

ညနေခင်းတွင် ညစာစားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေတို့ အိမ်အတူ ပြန်သွားကြသည်။

သူတို့လင်မယားသည် သီးသန့်အိမ်များတွင် နေတာ မဟုတ်ဘဲ စုပေါင်းအဆောက်အအုံတွင် နေတာ ဖြစ်သည်။ ယွင်ယွီနှင့် ကျန်သည့်သူများက ရှစ်ထပ်သို့ သွားရန် ဓာတ်လှေကား စီးရသည်။

ချန်တချန်းက တံခါးဖွင့်ပေးလျှက် သူတို့နှစ်ယောက်ကို အထဲခေါ်လိုက်သည်။ ထိုစုံတွဲက ဘန်းမုန့်ဆိုင်၏ ပုံမှန်စားသုံးသူများ ဖြစ်၏။ သူတို့က ချင်ယွီစွေ ဘန်းမုန့်ဆိုင်သို့ ပစ္စည်းများ လာပို့တာ မကြာခဏ မြင်လေ့ရှိ၏။ ထိုကြောင့် ယွင်ယွီ၏ ခင်ပွန်းသည်မှန်း သိကြသည်။

နှုတ်ဆက်စကားပြောပြီးနောက် ယွင်ယွီသည် အခန်းကို ပတ်ကြည့်လိုက်ရာ မှုမမှန်တာ မတွေ့ရပေ။

ချန်တချန်းက ပြောလိုက်၏။

143 02

“ဆရာ ကျွန်တော့်ကလေးက ညတိုင်း ၈ နာရီဆို စငိုတတ်တာ”

ယခု ၇ နာရီခွဲနေပြီ ဖြစ်ပြီး နာရီဝက် ကျန်သေးသည်။

ယွင်ယွီက ဆိုဖာပေါ်တွင် ထိုင်စောင့်လိုက်၏။ ဧည့်ခန်းထဲတွင် ချိတ်ထားသည့် နာရီသည် မကြာမှီ၌ ၈ နာရီ ထိုးသွားလေ၏။ ၈ နာရီထိုးခါနီး ၂ မိနစ်အလို၌ ယွင်ယွီသည် သရဲအထီးတစ်ယောက် နံရံကို ဖြတ်ဝင်လာတာ တွေ့လိုက်ရသည်။ ထိုသရဲထီးက ထူထပ်သည့် ဆောင်းတွင်းဝတ်ဂျာကင်ကို ဝတ်ထားသေးသည်။ သူ ချန်မိသားစုထဲတွင် လူနှစ်ယောက်ရှိနေတာကို မြင်သောအခါ သူတို့ကို မမြင်ချင်ယောင်ဆောင်လိုက်၏။ သူက ချန်ရန်အခန်းဆီသို့ ဆက်သွားလိုက်သည်။ သို့သော် သွားနေစဉ် ဆိုဖာပေါ်တွင် ထိုင်နေသည့် မိန်းကလေးက သူနှင့် အကြည့်ခြင်း ဆုံတာကို တွေ့လိုက်ရ၏။

ထိုသရဲထီးက ယွင်ယွီကို ဇဝေဇဝါ ကြည့်လိုက်မိသည်။

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်လေ၏။

“ရှင်က ညတိုင်း ကလေးကို ခြောက်လန့်နေတဲ့ သူလား”

ထိုသရဲက စိုက်ကြည့်ကာ မေးလိုက်တော့သည်။

“မင်း ငါ့ကို မြင်နိုင်လား”

ချန်တချန်းနှင့် သူ့ဇနီးက ထိန့်လန့်နေလေ၏။

ချန်တချန်းက သတိထားမေးလိုက်သည်။

“ဆရာ ဘာတွေ့တာလဲ”

ယွင်ယွီ

“ဂျာကင်ဝတ်ထားတဲ့ သရဲထီးတစ်ယောက်”

ထိုလင်မယားက ကြောက်လန့်မှုကြောင့် သွားချင်း ရိုက်နေမိတော့သည်။

ယွင်ယွီက သရဲကို မေးလိုက်တော့သည်။

“ရှင့်ကို မေးခွန်းတစ်ခု မေးနေတာ ကလေးကို ခြောက်လန့်ဖို့ ဘာလို့ ညတိုင်း ရောက်လာတာလဲ။ ဒီမိသားစုကို သိလား”

သရဲက မကျေမချမ်း ပြောလိုက်၏။

“ခင်ဗျားက ဆရာတစ်ယောက်။ ကျုပ် မကောင်းတာ မလုပ်မိဘူး။ ဒါကြောင့် ကျုပ်ကို ခေါ်သွားလို့ မရဘူး။ ကျုပ် ကလေးကို မခြောက်လန့်ပါဘူး။ ကလေးကို လာတွေ့ရုံပဲ။ ကျုပ် ချန်တချန်းကိုလည်း သိပါတယ်”

ယွင်ယွီက မျက်ခုံးပင့်မိသွား၏။

“သူ့ကို သိတယ်လား။ ရှင့်နာမည် ဘာလဲ။ ရှင်းရှင်းလင်းလင်း ပြော”

ထိုသရဲက အမှန်အတိုင်း ပြောလာ၏။ သူ၏နာမည်က ချွှီကျန်းရှင်း ဖြစ်သည်။ သူသည် ငယ်စဉ်ထဲက ချန်တချန်းနှင့် ရင်းနှီးသည့် မိတ်ဆွေ ဖြစ်ခဲ့ကာ ဟယ်ရှန်းမြို့တွင်လည်း နေခဲ့သည်။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူသည် မြစ်ထဲခုန်ချသည့် မိန်းကလေးကို ကယ်ဆယ်ရန် ကြိုးစားပြီး ရေနစ်သွား၏။ သူ အသက်ရှိစဉ်က ကလေးများကို အလွန် နှစ်သက်သည်။ သို့သော် ချစ်သူတောင် မထားခဲ့ပေ။ သူက သူ့သူငယ်ချင်း၏ ကလေးကို အလွန် သဘောကျ၏။ ထိုကြောင့် ချန်တချန်းအား သူ ချန်ရန်၏ မွေးစားဖခင် ဖြစ်ချင်ကြောင်း ပြောခဲ့သည်။ သို့သော် မွေးစားဖခင် အခမ်းအနားက မကျင်းပရသေးခင် သူက လူကယ်ပြီး ရေနစ်သေသွားခဲ့သည်။ ထိုကိစ္စကို တစ်ချိန်လုံး စဉ်းစားနေခဲ့တာ ဖြစ်၏။ သို့သော် ချန်တချန်းသည် ထိုအချိန်မှ စပြီး သူ့ကို ဂါရဝ ပြုတာ မလုပ်ခဲ့ပေ။ သူ့ကို မွေးစားဖခင် တော်ဖို့ ဆိုတာ ဝေးလာဝေးသေး။ နှစ်ဝက်ခန့်ကြာပြီးနောက် သူ မကျေမနပ်ဖြစ်သွား၏။ ငရဲဘုရင်ကို ပြောခဲ့၏။ သူက လူကယ်တင်ပြီး ကောင်းမှုကုသိုလ်ပြုခဲ့ကြောင်းနှင့် ချန်တချန်းက သူ့ကတိဦးစွာ ဖျက်ခဲ့ကြောင်း ပြောခဲ့၏။ ငရဲမင်းကမှု နေ့စဉ်နေ့တိုင်း သူ့ကို ဆော်ဩရန် သွားခွင့်ပေးခဲ့၏။

ရလဒ်အနေဖြင့် ချန်တချန်းက သူ့ကို မမြင်နိုင်ခဲ့ပေ။

ကလေးက သူနှင့် မရင်းနှီး။ သူ့ဘဝ၌ သူ့ကို အကြိမ်အနည်းငယ် တွေ့မိသော်ငြား ယခုအချိန်တွင် သူ့က ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ကလေးက သူ့ကို မမှတ်မိဘဲ စိမ်းသက်နေပြီး သူ့ကို ကြောက်လန့်နေတော့သည်။

ယွင်ယွီက မေးလိုက်သည်။

“ရှင် သူ့ကို ဘာလို့ အိမ်မက် မပေးတာလဲ။’

143 03

ချွှီကျန်းရှင်းသည် ပိုတောင် အခဲမကြေ ဖြစ်သွားတော့သည်။

“အိမ်မက်ထဲမှာ သတင်းပို့ခဲ့ပေ့မဲ့ တချန်းက သိတောင် မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ ကျုပ်ကို လျစ်လျူရှုထားပြီး တစ်ခါလေးတောင် ဂါရဝ မပြုခဲ့ဘူး။ ဒါအပြင် ကျုပ် သေသွားရင် ကျုပ်ရဲ့ မိသားစုက မျိုးဆက် ပြတ်ပြီလေ။ ဒီတော့ သူက ကျွန်တော်ရဲ့ မွေးစားသားကိစ္စကို ဂရုစိုက်သင့်တာပေါ့”

ယွင်ယွီက သရဲပြောတာ နားထောင်ပြီး ချန်တချန်းကို ကြည့်လိုက်၏။

အဆုံးကျ ချန်တချန်းနှင့် သူ၏ဇနီးက အနည်းငယ် လွှမ်းမိုးခံလိုက်ရ၏။

ယွင်ယွီက ပြောလိုက်သည်။

“ရှင် ချွှီကျန်းရှင်းလို့ ခေါ်တဲ့ လူကို သိလား။ သူက ရှင်ရဲ့ သူငယ်ချင်းကောင်း။ ငယ်ငယ်ထဲက အတန်းဖော်။ သူ့ကို မွေးစားဖခင်အဖြစ် ကလေးကို အသိအမှတ်ပြုခိုင်းမယ်လို့ ကတိပေးခဲ့တယ်။ နောက်ပိုင်း သူ တစ်ယောက်ယောက်ကို ကယ်ပြီး ရေနစ်သေသွားတာ။ ဒါပေမဲ့ ဒီအကြောင်း စဉ်းစားမိနေသေးတုန်းပဲ။ ရှင့်အိမ်မက်ထဲမှာတောင် ပေါ်လာသေးတယ်။ ရှင် မသိဘူးလား။ သူက ကလေးကို နေ့တိုင်းလာတွေ့တာ။ ရှင် တကယ် သတိမပြုမိမှန်း သူသိလို့လေ။ သူရဲ့အချိန် ကလေးကို လာတွေ့တာပဲ။ မထင်မှတ်ထားပဲ ကလေးက နည်းနည်း ကြောက်သွားတယ်။ ကလေးက သူ့ကို မြင်တော့ မမှတ်မိပဲ ကြောက်လန့်တကြား စငိုတာ”

ချန်တချန်းသည် မှင်သက်သွားလေ၏။

“ကျန်းရှင်းလား”

သူသည် သူ၏ဇနီးကို အနေခက်စွာ ကြည့်ကာ ရှင်းပြလိုက်၏။

“တကယ်တော့ အိမ်မက်တွေထဲမှာ ကျန်းရှင်းဆီကနေ သတင်းရတယ်။ အစက သိပ်ပြီး အလေးမထားခဲ့မိဘူး။ နှစ်ခေါက်။ သုံးခေါက် ကြာပြီးတော့ ကျန်းရှင်း အဲဒီအကြောင်း တွေးနေသေးလားလို့ တွေးမိတာ။ ဒါကြောင့် ကျန်းရှင်းကို မွေးစားဖခင်အနေနဲ့ ကလေး အသိအမှတ် ပြုခိုင်းသင့်တယ်လို့ ကျုပ်မိန်းမကို ပြောခဲ့တယ်။ ကျုပ်မိန်းမက သဘောမတူဘူးလေ။ ကျန်းရှင်းက သေပြီး ကံဆိုးစေတယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ကျုပ်က”

သူ သက်ပြင်းချလိုက်၏။

“ဒါ ကျွန်တော့်အမှားပါပဲ။ ကျန်းရှင်းကို အစတည်းက ကတိပေးခဲ့တာ။ ဒါပေ့မဲ့ သူသေသွားပြီးတဲ့နောက် ဒါကို စဉ်းစားနေအုန်းမယ်လို့ မထင်မိဘူး”

ဆိုရလျှင် သူတို့ အတူတကွ ကြီးပြင်းလာခဲ့သည့် မိတ်ဆွေများ ဖြစ်သည်။ ချန်တချန်းသည် သူ့သူငယ်ချင်း၏ အကျင့်စရိုက်ကို ကောင်းစွာ သိသည်။ သူ သရဲဖြစ်သွားလျှင်တောင် ကြောက်မှာ မဟုတ်ပေ။ ချန်တချန်းဇနီး၏ မျက်နှာက ဖြူဖျော့သွားတော့သည်။

“ကျွန်မ ဒီလောက် မတွေးခဲ့မိဘူး။ ကျန်းရှင်း ကျွန်မ တောင်းပန်ပါတယ်”

ဒါက သူမခင်ပွန်း၏ ငယ်သူငယ်ချင်းဖြစ်သည်။ သူမက သူနှင့် မရင်းနှီးသောကြောင့် အနည်းငယ် စိတ်လှုပ်ရှားလာ၏။

ယွင်ယွီက ပြော၏။

“ချွှီကျန်းရှင်းရဲ့ ရည်ရွယ်ချက်က သူက မွေးစားဖခင် ဖြစ်ချင်သေးတာပဲ။ သူက ချန်ရန်ကို သူရဲ့ကျောက်ပြား ကပျည်းတိုင်ရှေ့မှာ သူ့ကို မွေးစားအဖေလို့ ခေါ်စေချင်ပြီး ပူဇော်စေချင်တာ”

ချန်တချန်းက သူ့ပေါင်ကို ရိုက်ပြီး ပြောလိုက်၏။

“ဟုတ်ပြီ။ ဒီနေ့ ဆုံးဖြတ်ချက် ချလိုက်မယ်။ အဲဒီ ကလေး ချန်ရန်ကို ခေါ်ပြီး အသိအမှတ် ပြုခိုင်းမယ်”

သူနှင့် ကျန်းရှင်း၏ ဆက်ဆံရေးက ရင်းနှီးလွန်း၏။ ကလေးက ကျန်းရှင်းကို နောင်ကျ သူ့မွေးစားဖခင်အဖြစ် သတ်မှတ်မှာပဲ ဖြစ်သည်။

ချန်တချန်း၏ ဇနီးသည် ဘာမှ မပြောရဲပေ။ အိမ်၌ ကပျည်းတိုင် မရှိ။ ထိုကြောင့် အခုရေးပြီး ချွှီကျန်းရှင်း၏ မွေးနေ့မွေးရက်ကို ရေးလိုက်၏။

ပြီးနောက် သူက ချန်ရန်၏ ကလေးကို ခေါ်ကာ ကပျည်းတိုင်ရှေ့၌ ဒူးထောက်ခိုင်းပြီး သုံးကြိမ်ကန်တော့ကာ မွေးစားအဖေ ဟု ခေါ်ခိုင်းလိုက်သည်။

143 04

ချွှီကျန်းရှင်းကမှု ထိုအခိုက်အတန့်တွင် တစ်ဖက်အခန်း၌ ပုန်းနေတာ ဖြစ်၏။ နောက်ဆုံး၌ ကလေးသည် သူ့ကို မြင်ချိန်၌ အော်ငိုနေရသည့် အကြောင်းအရင်းကို နားလည်သွားပြီ ဖြစ်သည်။

သူ အခြောက်ခံလိုက်ရသောကြောင့် ဖြစ်သည်။

ကလေးက ချွှီကျန်းရှင်းကို မွေးစားဖခင်အဖြစ် အသိအမှတ်ပြုပြီး သူရဲ့ ဆန္ဒက နောက်ဆုံး၌ ပြည့်သွားလေ၏။ သူ စိတ်ကျေနပ်စွာ ထွက်သွားတော့သည်။

ချန်တချန်းက ယွင်ယွီကို ကျေးဇူးတင်နေပြီး စာအိတ်အနီဖြင့် ယွမ်နှစ်ထောင် ပေးလိုက်၏။ ယွင်ယွီက ကလေး၏ အိပ်ရာပေါ်၌ ကပ်ရန် စိတ်ငြိမ်အဆောင်ကို ပေးခဲ့သေးသည်။

သူမနှင့် ချင်ယွီစွေ ပြန်လာချိန်တွင် ၉ နာရီကျော်နေပြီ ဖြစ်၏။ သူမ ကိုယ်လက်သန့်စင်ပြီး မူမူကို နို့တိုက်ကာ အိပ်ရာဝင်လိုက်၏။

နောက်ရက်အနည်းငယ်အတွင်း ယွင်ယွီက အပန်းဖြေစခန်းကိစ္စဖြင့် အလုပ်များနေသည်။ ဝန်ထမ်းလေ့ကျင့်မှုက ပြီးစီးသလောက် ရှိပြီ ဖြစ်၏။ သူတို့က ဖွင့်လှစ်ရန် မင်္ဂလာရက်ကို ရွေးချယ်ကြသည်။

ဇွန်လ ၁၀ ရက်နေ့သည် ရက်ရာဇာ ဖြစ်၏။ လူအများစုက မည်သည့် ပဠိပကမှ မတွေ့ကြုံ့ပဲ ဆောင်ရွက်နိုင်၏။ ဇွန်လ ၁၀ ရက်နေ့က ရောက်တော့မှာပဲ ဖြစ်သည်။

ယွင်ယွီသည် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများဆီ ဖိတ်စာပို့ထားပြီးပြီ ဖြစ်သည်။ သူမ၏ ရွှမ်းမန်မိတ်ဆွေများ ဖန်ရှန်းရှန်း၊ စုန့်ကျင်းကျင်းတို့လည်း လာပြီး ဖန်ချွင်ရှန်ကတောင် သူမကို ဂုဏ်ပြုစကားပြောရန် လူကိုယ်တိုင် ရောက်လာ၏။

ထိုအပြင် ချင်ယွီစွေ၏ အတန်းဖော် ရွီလန်ထင်းလည်း ရောက်လာသည်။ သူက ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူး ကာလလွန်ချိန်မှ စပြီး ၆ လအထိ ပေါ်မလာခဲ့ပေ။

ဗိုလ်ချုပ်လုံက မြို့တော်ရှိ မိတ်ဆွေဟောင်းတချို့ကို ဖိတ်ကြားခဲ့၏၊ သူတို့အားလုံးက တန်ခိုးရှိသည့် လူများဖြစ်၏။ အတိတ်တုန်းက သူတို့သည် စကားတစ်ခွန်းဖြင့် မြို့တော်၌ လွှမ်းမိုးနိုင်ခဲ့သည့် လူများ ဖြစ်သည်။ ယခု သူတို့သည်လည်း ဗိုလ်ချုပ်လုံကဲ့သို့ အငြိမ်းစား ယူလိုက်ပြီ ဖြစ်သည်။ သူတို့ အိမ်၌ ဘာမှ လုပ်စရာ မရှိ။ ပန်းပင် စိုက်ပျိုးခြင်းနှင့် ကြောင်များ၊ ငှက်များ မွေးမြူခြင်းမှအပ သူတို့ လုပ်စရာ မရှိပေ။

ထိုကဲ့သို့သော လူက ဤအရွယ်၌ ဝမ်းနည်းပြီး စိတ်ဓာတ်ကျတတ်သည်။

ဗိုလ်ချုပ်လုံက သူတို့ကို ချင်းဟယ်ရွာသို့ ခေါ်ချိန်၌ လူအိုကြီးများက ရယ်မောလျှက် ပြောခဲ့သည်။

“မင်းက တကယ် ကျေးရွာမှာ နေသားကျနေပြီပဲ။ မင်း ပြောသလောက် ကောင်းတယ်လား”

ဗိုလ်ချုပ်လုံက မာန်မဲလိုက်တော့သည်။

“ငါ ဘယ်တုန်းက လိမ်ဖူးလို့လဲ။ မင်းတို့ကို ပြောလိုက်မယ်။ ငါ အရင်တုန်းက သွေးတိုးရှိတာ။ ဒါပေ့မဲ့ ဒီမှာ နှစ်လနေပြီးတော့ သွေးပေါင်ချိန် ပုံမှန် ပြန်ဖြစ်သွားပြီး ဆေးသောက်ဖို့တောင် မလိုတော့ဘူး။ အခု ဒီက အစားအသောက်က မြို့တော်ထက်လည်း ပိုကောင်းတယ်။ငါ အိပ်မပျော်တာ မရှိတော့ဘူး။ ညတိုင်း ၉ နာရီ အိပ်ရာ ဝင်ပြီး မနက် ၅ နာရီ၊ ၆ နာရီ ထတယ်။ ငါ အင်အားပြည့်နေရောပဲ”

“ဟား မင်း ပြောသလို တကယ် မှော်ဆန်တယ်လား။ အိပ်မပျော်တာကိုတောင် ကုသပေးနိုင်တယ်လား”

ယခုခေတ်တွင် သက်ကြီးဝါကြီးများသည် အိပ်မပျော်ခြင်းကို ခံစားနေရ၏။ ဗိုလ်ချုပ်လုံသည် မြို့တော်စံအိမ်တွင်နေစဉ်က အိပ်မပျော်ခဲ့ပေ။ ယခု ထိုပြဿနာများ မရှိတော့ပေ။ ဤနေရာ၌ နေရတာ ဇိမ်ကျပေ၏။ ဗိုလ်ချုပ်လုံက သက်ပြင်းချလိုက်တော့သည်။

“ငါတို့ တစ်သက်လုံးနီးပါး မိတ်ဆွေဖြစ်လာခဲ့တာ မင်းတို့ရဲ့ နာကျင်မှုကို နားလည်တယ်။ အငြိမ်းစားယူပြီး ဘဝကောင်းရှိနေပေ့မဲ့ စိတ်ထဲမှာတော့ နာကျင်နေတာ။ အပြင်ထွက် လမ်းလျှောက်တာက ပိုကောင်းတာပဲ။ ဒီနေရာက လှတယ်။ ငါ အခြေချဖို့ ပြင်ဆင်ထားပြီးပြီ။ ဒုတိယနှစ်ဝက်မှာ ငါ မြေဝယ်ပြီး ခြံဝန်းလေး တည်ဆောက်ပြီး နေတော့မှာ။ ငါ ဟင်းသီးဟင်းရွက်တွေလည်း စိုက်ပျိုးနိုင်တယ်။ ပြီးရင် ငါ စိတ်အေးပြီ။ ငါ့ဘဝက ဇိမ်ကျတော့မှာ”

******

All Chapters