အခန်း ၁၄၄
Vol. 15 Ch. 144
144 01
အပိုင်း 144
ဗိုလ်ချုပ်လုံ၏ စကားများသည် မိတ်ဆွေဟောင်းများကို ချက်ချင်းပင် ဝမ်းသာရွှင်မြူးသွားစေ၏။ သူတို့ ငယ်ရွယ်စဉ်က အလွန်အောင်မြင်ကျော်ကြားခဲ့သည်။ သို့သော် အငြိမ်းစား ယူပြီးနောက် သူတို့၏ ဘဝကို လိုက်လျောညီထွေ ဖြစ်မနေကြပေ။ အချိန်အများစု၌ သူတို့၏ ရင်ထဲ၌ ဗလာကျင်းနေကာ စိတ်မသက်မသာ ဖြစ်နေကြပြီး သူတို့၏ နောက်ထပ်ပန်းတိုင်ကို ရှာမတွေ့နိုင်ခဲ့ချေ။ သူတို့က အိပ်မွေ့ချခံထားရသလို ဖြစ်နေ၏။
ဗိုလ်ချုပ်လုံ ပြောတာကို ကြားပြီးနောက် သူတို့အားလုံး စိတ်အားထက်သန်နေကာ ရက်အနည်းငယ်အတွင်း အပန်းဖြေစခန်းသို့ လာမည်ဖြစ်ကြောင်း ပြောလိုက်လေ၏။
ဗိုလ်ချုပ်လုံက ဝမ်းသာအားရ ရယ်မောလိုက်တော့သည်။
“ဘာမှ စိတ်ပူမနေပဲ လာခဲ့ကြ။ ငါရဲ့မြေးချွေးမက တကယ် အရည်အချင်းရှိတာ။ နောင်ကျ သူရဲ့အပန်းဖြေစခန်းကို လာဖို့ လူတွေ တန်းစီနေမှာ ကျိန်းသေတယ်။ မင်းတို့တွေကို စိတ်ပျက်စေရမှာ မဟုတ်ဘူး။ အချိန်ကျလာရင် အပျော်လွန်မနေကြနဲ့”
မိတ်ဆွေဟောင်းကြီးများသည် ထိုစကားကို ကြားသောအခါ သူတို့သိချင်စိတ် ပြင်းပြသွားလေ၏။ ဗိုလ်ချုပ်လုံ၏ မြေးချွေးမသည် မည်ကဲ့သို့သော လူမျိုးနည်း။ သူသည် အလွန် ဇီဇာကြောင်သည့် လူမျိုးဖြစ်၏။ သူ၏မြေးက အကြောင်းမကြားပဲ လက်ထပ်တော့မည်ဖြစ်ကြောင်း သူတို့ သိလိုက်ရ၏။ ဗိုလ်ချုပ်လုံသည် ဘာမှ မပြောခဲ့ပေ။ သို့သော်ငြား မိတ်ဆွေဟောင်းများနှင့် သူတို့အကြောင်း ထည့်ပြောတတ်၏။ သူ့မြေး၏ ဇနီးကို သိပ်စိတ်တိုင်းမကျပုံပေါ်ခဲ့သည်။ မထင်မှတ်ထားပဲ သူက ရုတ်တရက်ကြီး သူတို့ဆီ မြေးချွေမအကြောင်း ချီးကျူးလေကာ သူမက သူတို့မိတ်ဆွေထက် လိုက်ဖက်သည့်ထက် ပိုကြောင်း ပြောခဲ့လေ၏။ အမှုအကျင့်ကောင်းကြောင်း သိတတ်လှပပြီး ယဉ်ကျေးကြောင်း ပြောခဲ့၏။
သူ့မိတ်ဆွေဟောင်းများနှင့် ချိန်းဆိုချက်ယူပြီးနောက် ဗိုလ်ချုပ်လုံသည် ဖုန်းချပြီးနောက် အပန်းဖြေစခန်းနားတစ်ဝိုက် လှည့်ကြည့်လိုက်သည်။ ထိုနေရာရှိ မြင်ကွင်းက တကယ်ကောင်းပေ၏။ ရေပူစမ်းသည် ပြီးစီးသွားပြီ ဖြစ်ကာ နှစ်ခြမ်းခွဲထားပြီး အမျိုးသားကန်နှင့် အမျိုးသမီးကန်ဟု၍ ခွဲထားပြီး နံရံခြားထားလေ၏။ အမိုးပွင့် ရေကန် ဖြစ်ကာ စိမ်းစိုသော သစ်ပင်များ ဝန်းရံနေသည်။ အိုးထဲတွင် ပန်းပင်လေးများလည်း စိုက်ထားသေး၏။ မည်သည့် ပန်းပင်များ စိုက်ပျိုးထားမှန်း မသိသော်ငြား အရောင်က တောက်ပနေပြီး စိမ်းစိုနေကာ သစ်ရွက်ဝါ တစ်စက်မှ မရှိပေ။ ပန်းပွင့်များက ကျက်သရေ ရှိပြီး ကိုင်းက စိုမြနေလေ၏။ ယခုက နွေရာသီအစောပိုင်း ဖြစ်သည်။ ခြင်တစ်ကောင်တောင် မရှိသေးပေ။ ဤကဲ့သို့သော နေရာ၌ နေပြီး ရေပူစမ်းထဲ စိမ်ရခြင်းက ဇိမ်ယူစရာတစ်ခုပဲ ဖြစ်သည်။
ဆောင်းရာသီတွင် ရေပူစမ်းစိမ်ခြင်းလောက် မသင့်တော်သော်ငြား နွေဦး၌ ရေပူစမ်းစိမ်ခြင်းက ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ချေဖျက်ပေးနိုင်သည်။
ဗိုလ်ချုပ်သည် ယွင်ယွီပေးထားသည့် ကဒ်ကို ယူကာ ရေပူစမ်းထဲ ဇိမ်ကျကျ ရေစိမ်နေလေ၏။ သူ၏မိတ်ဆွေဟောင်းများ ရက်အနည်းငယ်အတွင်း ရောက်လာချိန်တွင် သူတို့ ထွက်သွားရန် တွန့်ဆုတ်နေမှာ သေချာသည်ဟု တွေးနေမိတော့သည်။
ထိုဆွေမျိုးသားချင်း မိတ်ဆွေများအပြင် ယွင်ယွီ၏ မိတ်ဆွေများနှင့် ချင်ယွိစွေ၏ အတန်းဖော်များကလည်း သူတို့နှင့်အတူ လူများ ခေါ်လာကြ၏။ ထိုကြောင့် ဇွန်လ ၁၀ ရက်နေ့၌ ရောက်လာသည့် လူအနည်းငယ်ရှိသည်။ သို့သော် အိမ်အပြည့်ဖြစ်နေခြင်းနှင့် ယှဉ်ပါက ဘာမှ မဟုတ်ပေ။
ပထမဆုံး ဧည့်သည်တစ်စုက ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ ဖြစ်သည်။ သူတို့က အခမဲ့ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဖျော်ဖြေရေးကို ပထမဆုံး သုံးရက်တာ အခမဲ့ရှိသည်။ လက်ရှိ၌ သွားရောက်လည်ပတ်စရာ နေရာက ရေပူစမ်းနှင့် ရေကန်အတု ဖြစ်ပြီး အပန်းဖြေစခန်းက ရေကန်အတု ပြုလုပ်ထားသည်။
ရေကန်အတုကို အစပိုင်းက တူးထားတာဖြစ်ပြီး အရွယ်အစားအားဖြင့် ဧက ၁၀၀ ရှိကာ လူလုပ်ရေကန်များနှင့် ယှဉ်လျှင် အတော်လေး သေးခဲ့ပေ၏။
နေရာ၌ ငါးပုစွန်များ ရှိသည်။ ပုစွန်က သာမန်မြစ် ပုစွန်များ ဖြစ်၏။ ကြာမျှစ်ကို ဧက ၂၀ ဝန်းကျင်ခန့် စိုက်ထားသည်။ ကြာရွက်များက စိမ်းစိုနေ၏။ ကြာပွင့်က ပန်းရောင်နှင့် အဖြူရောင် ဖြစ်သည်။ တချို့ကဆို ကြွေကျနေပြီ ဖြစ်ကာ ကြာခွက်များတောင် ပေါ်နေပြီ ဖြစ်၏။ နွေရာသီက နူးညံသည့် ကြာစေ့ထမင်းကို စားရန် အချိန်ကိုက်ပဲ ဖြစ်သည်။
ပထမဆုံး ဧည့်သည်တစ်သုတ်က အတော်လေး ကံကောင်းပေ၏။
ယွင်ယွီက ကြာစေ့ကို မြည်းစမ်းကြည့်လိုက်ရာ အရသာက နူးညံ့ချိုမြိန်နေကြောင်း သိလိုက်ရသည်။ ဤရေကန်အတုက ဝိညာဉ်စွမ်းရည်ဖြင့် ရောနှောထားသောကြောင့် ဤနေရာတွင် ပေါက်ရောက်သည့် ပါဝင်ပစ္စည်းများက အရသာအကောင်းဆုံးအထိ တိုးမြှင့်ခံထားရသည်။
144 02
ကန်ရေက အလွန်ကြည့်လင်နေပြီး အထဲရှိ ငါးနှင့် ပုစွန်တို့ကိုတောင် မြင်နိုင်သည်။ ကြာပွင့်များနှင့် ကြာပန်း ဧက ၂၀ ကျော်လည်း ရှိနေသေး၏။ အတွင်းတွင် တည်ဆောက်ထားသည့် လမ်းလျှောက်ရန် သစ်သားတံတားစင်း တစ်စင်း ရှိသည်။ ပျဉ်ချပ်များဖြင့် ပြုလုပ်ထားပြီး ဘေး၌ သစ်လုံးတိုင်များ ဝန်းရံထား၏။ ထိုလမ်းက မီတာ ၃၀ ခန့်သာ ရှည်သည်။ ထိုလမ်းပေါ်တွင် လမ်းလျှောက်ရခြင်းက ကြာပွင့်များအကြား လျှောက်လှမ်းရသလို ခံစားရစေပြီး ဘေးတစ်ဖက် တစ်ချပ်စီ၌ စိမ်းစိုသာယာပြီး အရောင်စုံနေသည့် ကြာပွင့်များ ရှိနေမှာပဲ ဖြစ်သည်။
အပန်းဖြေစခန်းသို့ ရောက်လာကြသည့် ဧည့်သည်များသည် မြင်ကွင်းကို မြင်လိုက်ရချိန်၌ အံဩမှင်သက်မိသွားသည်။
အတွင်းရှိ အဆောက်အအုံသည် မြို့တော်ရှိ အဆောက်အအုံလောက် လှပခြင်း မရှိသော်ငြား ပတ်ဝန်းကျင်၌ စိမ်းစိုမှုများ ဝန်းရံထားသည့် မနက်စောစောထပြီး တိမ်တိုက်များ၊ မြူများ ရစ်ဆိုင်းနေသည့် တောင်ကို ကြည့်လိုက်ရလျှင် ဤကဲ့သို့သော နေရာကို ကမ္ဘာမြေပေါ်ရှိ သုံခဘုံဟု၍ပင် ထင်မှားမိလောက်ပေသည်။
ယွင်ယွီက မကြော်ငြာခဲ့ပေ။ ဓာတ်ပုံ အနည်းငယ်ရိုက်ယူလျှက် ဝေ့ပို့ပေါ်တွင် တင်လိုက်၏။ မိတ်ဆက်တောင် မပါပေ။ စကားလုံး သုံးလုံးသာ ရှိနေ၏။ အပန်းဖြေစခန်း။
ပရိသတ်များက အောက်တွင် နေရာက မည်သည့်နေရာဖြစ်ကြောင်း မေးမြန်းလာသည်။ ယွင်ယွီက လိပ်စာ ပို့ပေးလျှက် ကျန်တာကို ဂရုမစိုက်တော့ပေ။
ဧည့်သည်များသည် နောက်ဆုံး၌ သူတို့ဧည့်သည်အခန်းများထဲ ဝင်လိုက်သည်။ အပန်းဖြေစခန်း၌ ဧည့်သည်အခန်း အမျိုးအစား ၃ ခုရှိ၏။ တစ်ယောက်စာအခန်းက ယွမ် ၆၈၀ ဖြစ်ပြီး မိသားစုအခန်းက ယွမ် ၁၁၈၈ ဖြစ်သည်။ အခန်းများအားလုံးက မနက်စာပါပြီး မိသားစုအခန်းကမှု သစ်သီးပါ၏။
ဟိုတယ်တစ်ခုလုံးနောက်တွင် သူတို့၏ ကိုယ်ပိုင် တံခါး၊ ပြတင်းပေါက်များနှင့် တည်ဆောက်ထားသည့် နှစ်ထပ်အိမ် တစ်ဒါဇင်ခန့်ရှိ၏။ အတွင်းပိုင်းကိုမှု သစ်သားဖြင့် အလှဆင်ထားပြီး ရိုးရှင်းကျော့ရှင်းကာ တိတ်ဆိတ်၏။ ဒုတိယအထပ်တွင် လေသာဆောင်ရှိနေပြီး သစ်သားဆိုဖာ၊ သစ်သားစားပွဲလေးနှင့် ခေါင်းအုံးတချို့ရှိသည်။ အလင်းရောင်က အလွန်ကောင်းမွန်၏။ အဝေးရှိ စိမ်းစိုသော တောင်တန်းနှင့် ဝါးတောအုပ်ကို ရှုမြင်နိုင်ပေသည်။
ထိုအိမ်တစ်လုံး၏ ဈေးနှုန်းက ယွမ် ၂၈၀၀ ဖြစ်ပြီး အထပ်မြှင့် သုံးထပ်ပါကာ စားဖိုမှုးကိုယ်တိုင် ပြင်ဆင်ပေးမှာပဲ ဖြစ်သည်။
ထိုတန်ကြေးက ဈေးမြှင့်သည်ဟု ဆို၍ မရပေ။ သူမက ဧည့်သည်အခန်းများထဲတွင် ဝိညာဉ်စုစည်းခြင်းအစီအရင် တည်ဆောက်ပေးထားပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ရန်နှင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေ၏။
စုန့်ချန်းမင်၊ ယွီရှောင်ရှောင်၊ လုယွမ်၊ ဝမ်ရု၊ ရှန်းလုံနှင့် လုံမိသားစု၏ ညီအစ်ကို မောင်နှမများ ရှန်းရှန်း၊ ကျင်းကျင်းတို့ကလည်း ထိုအဆောက်အအုံလေးနှစ်ခုတွင် အသီးသီး နေထိုင်ကြပြီး တက်နေကြလေ၏။
ဇွန်လအစောပိုင်းသာ ရှိသေးသော်ငြား မြို့တော်၌ အင်မတန် ပူပြင်းနေပြီ ဖြစ်သည်။
စုန့်ချန်းမင်နှင့် သူ၏မိတ်ဆွေများသည် ဤအဆောက်အအုံငယ်လေးထဲ ရွေ့ပြောင်းလာပြီးနောက် စိတ်သက်သာရာ ရကာ သက်ပြင်းချမိလိုက်၏။ ယွင်ယွီကလည်း သူတို့နှင့် လိုက်ပါလာသည်။
ဤနေရာတွင် နေချိန် သို့မဟုတ် ဧည့်သည်အခန်းထဲတွင် ရှိနေချိန်၌ အပန်းဖြေစခန်းထဲရှိ စားသောက်ဆိုင်ကို တိုက်ရိုက်ဆက်သွယ်ကာ အစားအသောက် ပို့ခိုင်းနိုင်၏။ ထိုနေရာတွင်လည်း သွားစားနိုင်သည်။ သိပ်မဝေးပေ။
စုန့်ချန်းမင်နှင့် သူ့မိတ်ဆွေများက ပထမဆုံးရက်တွင် အခန်းအောင်းနေကြသည်။
လူငယ်များက နေ့အချိန်၌ လျှောက်သွားနေရတာကို သဘောမကျ။ သူတို့က ဗိုလ်ချုပ်လုံ မိတ်ဆွေများနောက်လည်း မလိုက်ခဲ့ပေ။ သူတို့အဖွဲ့၌ လူလေးငါးယောက်သာ ရှိသော်ငြား ရိုးရှင်းသူများ မဟုတ်။ သူတို့၌ လုံခြုံရေးအစောင့်များနှင့် အထိန်းတော်များ ပါလာသည်။ မိသားစုထဲရှိ လူငယ်မျိုးဆက်က သူတို့လာမှာကို စိုးရိမ်ပူပန်နေသော်ငြား သူတို့ကို တားဖို့ ခက်ခဲ၏။ ထိုကြောင့် သူတို့သည် လူကြီးများကို လူလုံလုံလောက်လောက် ခေါ်လာရန်သာ မှာကြားနိုင်၏။
လူတိုင်းက မကောင်းဆိုးဝါးရုပ်ထုအဖြစ်အပျက်ကို ဆွေးနွေးရန် စုဝေးနေ၏။
လုံချီရှောင်က ပြောလိုက်သည်။
“လဝက်အတွင်း စုံစမ်းစစ်ဆေးပြီးတဲ့နောက် သန္ဓေသားဝိညာဉ် စုဆောင်းခံရတာ ၉၉ ခုရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်။ ဒါအပြင် ဘိုးဘေးရဲ့ မှတ်စုတွေက များလွန်းပြီး အခန်းတစ်ဝက် ရှိနေတာ။ ငါ ရှာမတွေ့သေးဘူး။ ဒါပေမဲ့ မကြာခင် ဖတ်လို့ ပြီးတော့မှာပါ။ ငါ့ဘိုးဘေးရဲ့ မှတ်စုတွေထဲမှာ သန္ဓေသားလောင်း ဝိညာဉ် ၉၉ ခုကို စုဆောင်းတဲ့လူက ဘာလို့ စုဆောင်းလဲဆိုတာ ပါလာလိမ့်မယ်လို့ ထင်တယ်”
144 03
စုန့်ချန်းမင်က ပြောလိုက်၏။
“မိစ္ဆာအစီအရင်တချို့များလား”
ယွင်ယွီက ပြောလိုက်၏။
“သူက ထူးဆန်းတဲ့ အစီအရင်တစ်ခု လုပ်ဖို့ ကြိုးစားနေတာ ၉၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်”
ချန်မန်လုက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“ဒီလူက အစီအရင်လုပ်ပြီး ဘာလုပ်ချင်နေမှန်းတော့ မသိဘူး”
လုံချီရှောင်က ပြောလိုက်၏။
“ဘာပဲ လုပ်ချင်လုပ်ချင်။ ငါတော့ သူ့ကို သတ်မှာ”
ဗိုလ်ချုပ်လုံ၏ မိတ်ဆွေဟောင်းများက ဟယ်ချင်းရွာသို့ ရောက်သည့်နှင့် သူတို့နေထိုင်ရ ပိုကောင်းလာသည်။
ဗိုလ်ချုပ်လုံက သူတို့ကို လာကြိုလေ၏။ ယခုအချိန်တွင် ဧည့်သည်များများစားစား မရှိသေးဘဲ အခန်းများများ လွှတ်နေသည်။ ထိုကြောင့် လူကြီးများက သူ့ဂရုများဖြင့် သူ့ကိုယ်ပိုင် ခြံဝန်းကိုယ်စီ ယူလိုက်ကြသည်။ အတွင်းတွင် အလှဆင်ထားသည့်က ခမ်းနားထည်ဝါသည် မဟုတ်သော်ငြား ရိုးရှင်း စိတ်ငြိမ်နေပေ၏။
သက်ကြီးဝါကြီးများက ဤကဲ့သို့သော ပတ်ဝန်းကျင်ကို အလွန်နှစ်သက်သည်။ လူကြီးများက စကားပြောရန် အတူ စုဝေးနေပြီး နေ့လည်၌ အစားအသောက်လာပို့ပေးရန် ဟိုတယ်ကို မှာထားလေ၏။
ပါဝင်ပစ္စည်းက အကန့်အသတ်ဖြင့် ရှိပြီး ၎င်းတို့သည် အိမ်ချက်ဟင်းလျာများသာ ဖြစ်သည်။ သို့သော် စားဖိုမှုးချက်ပြုတ်ပြီးနောက် အရသာက အမြှင့်ဆုံးအထိ ရောက်သွားကာ ပါဝင်ပစ္စည်းများ၏ အရသာကို အမြှင့်ဆုံးအထိ ဆွဲတင်ပေးသည်။
ရာသီပေါ် ဟင်းသီးဟင်းရွက်များစွာ ရှိနေပြီး အစေ့အဆံများဖြင့် ချက်ထားသည့် ကြက်သားကင်ရှိသည်။ ဤဟင်းက လူကြီးများအတွက် ပြင်ဆင်ထားတာ ဖြစ်ပြီး သေချာနှပ်ထားကာ အလွန်ချိုမြလျှက် အရသာက နူးညံ့ပြီး ခံတွင်းထဲ အရည်ပျော်ကျသလောက် ဖြစ်သွားသည်။ ဝူချန်းငါးနှပ်၊ မြစ်ပုစွန်နှင့် ကြက်သွန်မြိတ်ကျော်၊ ကြာစေ့ဟင်းချိုတို့လည်း ပါရှိလေ၏။ ပါဝင်ပစ္စည်းများအားလုံး အလွန်ကောင်းမွန်ကာ တည်ခင်းပုံကလည်း ထူးကဲသည်။
ပထမဆုံး တစ်လုတ်စားပြီးနောက် လူကြီးများက ထိတ်လန့်သွားလေ၏။
“လောင်လုံ မင်း ငါတို့ကို မလိမ်ဘူးပဲ။ ဒီအစားအသောက်က တကယ် အရသာရှိတာပဲ။ ချွင်းယွီဟိုတယ်က ပြောင်းဖူးနဲ့ အရသာခြင်း ဆင်သလိုပဲ။ တကယ် ထိတ်လန့်သွားတာ။ ဒါပေမဲ့ ငါတို့ နေ့တိုင်း ကြိုတင် မှာယူချက်တွေ လုပ်တာတောင် မှာယူဖို့ကလည်း ခက်ခဲတယ်”
ချွင်းယွီဟိုတယ်သည် ဖန်ရှန်းရှန်း၏ဖခင် ဖန်ချွင်ရှန် ပိုင်ဆိုင်သည့် ကြယ်ငါးပွင့် ဟိုတယ်ဖြစ်၏။
ဗိုလ်ချုပ်လုံက ဝင့်ကြွားစွာ ပြောလိုက်၏။
“ဟိုတယ်က ပါဝင်ပစ္စည်းတွေအကုန်လုံးကို ငါရဲ့ချွေးမက ပို့ပေးတာလေ။ ငါတို့စားသောက်ဆိုင်ရဲ့ စားဖိုမှုးကလည်း မြို့တော်က စားဖိုမှုးထက် မလျော့ပါဘူး။ ငါကိုယ်တိုင် မြို့တော်ကနေ သူ့ကို အထူးတလည် ဖိတ်ထားတာ။ လောင်ကျူးက ငါ့သူငယ်ချင်းဆိုပေမဲ့ ငါ့ထက် အများကြီး ပိုငယ်တယ်။ သူ အခု အသက် ၅၀ ပဲ ရှိသေးတယ်။ သူ ပိုက်ဆံအများကြီး ရှာနိုင်တာ။ သူ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဟိုတယ်ကနေ အငြိမ်းစားယူခဲ့တယ်။ ဘော့စ်က သူ့ကို ခေါ်မထားနိုင်ဘူးလေ။ ဤနေရာက ပါဝင်ပစ္စည်းတွေ ကောင်းမွန်တယ်ကြားလို့ သူ လာမြည်းတာ။ နောက်ဆုံးကျ ဟိုတယ်မှာ ခေါင်းဆောင်စာဖိုမှုးအဖြစ် နေမယ်ဆိုပြီး ဖြစ်သွားတာ”
အလွန် အိန္ဒြေကြီးပုံပေါ်သည့် အဘိုးအိုက ပြောလိုက်၏။
“ငါတို့ကို ဘာလို့ စောစော မပြောတာလဲ။ အစားအသောက်တွေက တစ်နေရာတည်းက ဆိုတာ သိရင် ငါတို့ အစောထဲက ဒီမှာ လာစားမှာပေါ့”
သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။
144 04
“ဒီနေရာက တကယ်ကောင်းတယ်။ နေရတာ ဇိမ်ရှိနေရောပဲ။ ဒီလောက် အချိန်ကြာတာတောင် ပိုးကောင် တစ်ကောင်မှ မတွေ့ဘူး”
သစ်ပင်ပန်းမန်များစွာ ရှိနေသည့် အိမ်များထဲတွင် ပုံမှန်ဆို မြွေများ၊ အင်းစက်ပိုးမွှားများ၊ ကြွက်များ၊ ပုရွက်ဆိတ်များ မကြာခဏ တွေ့ရလေ့ရှိသည်။
လူကြီးများက စကားစမြည်ပြောနေလျှက် အပန်းဖြေစခန်းကို ချီးကျူးနေကြသည်။ ညနေ ၄ နာရီ၊ ၅ နာရီခန့်တွင် သူတို့က လမ်းလျှောက်ရန် ရေကန်အတုဆီ သွားလိုက်၏။
ယွင်မိသားစု၏ ဆွေမျိုးအားလုံး ရောက်လာသော်ငြား ဦးလေးမိသားစုကမှု မလာခဲ့ပေ။ မေကျင်းက လွန်ခဲ့သည့် နှစ်ရက်ခန့်က ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရသည်ဖြစ်ကာ လျန်ချန်းကမူ အလုပ်တွင် ရောက်နေပြီး မလာနိုင်ခဲ့ပေ။ ဦးလေးနှင့် ဇနီးသည်တို့က မေကျင်း၏ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် စိတ်ပူနေသောကြောင့် သူမ စာမေးပွဲဖြေပြီးမှ လာဖို့ ပြင်ဆင်ထားသည်။
ထိုကြောင့် ယွင်မိသားစု၌ ဦးလေးနှစ်ဦးသာ ရှိပြီး ယွင်မောက်ကျန်းနှင့် သူ့မိသားစုတို့သာ လာ၏။ အဒေါ်လေး၏ မိသားစု၌ သားတစ်ယောက်သာ ရှိ၏။ သို့သော် ခမည်းခမက်များလည်း ရှိသောကြောင့် မိသားစုဝင် ငါးယောက်ရှိကာ သူတို့အားလုံး အပန်းဖြေစခန်းသို့ ရောက်လာကြသည်။
ဒုတိယဦးလေးမိသားစုမှ ယွင်ရှန်းရှန်းသည် နှစ်သစ်ကူး ကာလတုန်းက ရခဲ့သည့် သင်ခန်းစာကို ကြောက်လန့်သွားခဲ့ပြီး ထိုကာလတွင် သူမက ယွင်ယွီနှင့် အမြဲတစေ ဆက်သွယ်နေခဲ့သည်။ အပန်းဖြေစခန်းဆီ လာချိန်၌ ထိုမိန်းကလေးက ယွင်ယွီကို အတော်လေး ကပ်နေသည်။
တခါတရံတွင် ရှောင်ကျင်းမြောင်ကမှု ယွင်ယွီကို ထစ်ငေါ့ပြောဆိုလျှက် ယွင်ယွီက အခြေအနေ ကောင်းသော်ငြား ဆွေမျိုးသားချင်းများကို မကူညီဟု ကဲ့ရဲ့လေ၏။
သူတို့အားလုံးကို ယွင်ရှန်းရှန်းက ဆူပူခဲ့သည်။ ရှောင်ကျင်းမြောင်ကို ဆူပူချိန်တွင် တကယ် ရက်စက်လှပေ၏။ ထိုကြောင့် ရှောင်ကျင်းမြောင်က ပါးစပ်ပိတ်နေတော့သည်။
ယွင်ယွီသည် ဤရက်များအတွင်း ရှောင်ကျင်းမြောင်ကို အာရုံမစိုက်ချင်ပေ။ သူမက စုန့်ကျင်းကျင်းနှင့်သာ နေလေ၏။ စုန့်ကျင်းကျင်း၊ ယွီရှောင်ရှောင် ကျန်သည့် သူများနှင့်သာ နေသည်။ ထိုအပြင် သူမက ယွင်ရှန်း၏ ကောလိပ်ဝင်ခွင့် စာမေးပွဲအကြောင်းလည်း စဉ်းစားနေသေးသည်။ အပန်းဖြေစခန်းကို ဇွန်လ ၁၀ ရက်နေ့တွင် ဖွင့်သည်။
မေကျင်းနှင့် ယွင်ရှန်း နှစ်ယောက်လုံးက ဇွန်လ ၁၄ ရက်နေ့၌ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေမှာ ဖြစ်သည်။ ယွင်ယွီက ရှောင်ရှန်း၏ အောင်မြင်မှုအတွက် စိုးရိမ်ပူပန်နေသော်ငြား ယွင်ရှန်းက အရွယ်နှင့် မလိုက်အောင် သူ၏စာလေ့လာမှု၌ မည်သူ့ကိုမှ သောက မပေးကြောင်း သိ၏။ ထိုကြောင့် ယွင်မိသားစုသည် စိုးရိမ်ပူပန်စရာ မရှိပေ။ ကောလိပ်ဝင်ခွင့် စာမေးပွဲက သုံးရက်ကြာမည်ဖြစ်ကာ မြို့၌ ဖြေဆိုရလိမ့်မည်။ အမေယွင်ကမှု ဤရက်များအတွင်း သူနှင့်အတူ လိုက်သွားပေးရန် ပြင်ဆင်ထား၏။ သို့သော် ယွင်ယွီကမှု မူမူရှိနေသောကြောင့် နှစ်ရက်အတွင်း ထွက်ခွာရန် အဆင်မပြေပေ။
ကောလိပ်ဝင်ခွင့် စာမေးပွဲသည် ကျောင်းသားများအတွက် အင်မတန် အရေးပါသည်။
ဤရက်အတွင်း သူမ မိတ်ဆွေများဆီ လိုက်ပို့ပေးသည့်အပြင် ယွင်ယွီက စားဖိုမှုးကျူးအား သယ်ရလွယ်ပြီး အပူပေးရုံဖြင့် အလွယ်စားနိုင်သည့် အစားအသောက်များစွာ ပြင်ဆင်ခိုင်းထားသည်။
******