အခန်း ၁၄၅
Vol. 15 Ch. 145
145 01
အပိုင်း 145
…
ယွင်ရှန်း စာမေးပွဲဖြေဆိုနေစဉ် သုံးရက်တာ ကာလအတွင်း စားသောက်နိုင်ရန် ဖြစ်၏။ အရသာသည် အပြင်ဘက်ရှိ အစားအသောက်ထက် ပိုကောင်းပြီး သန့်ရှင်းကာ ကျန်းမာရေးနှင့် ညီညွှတ်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွား၏။ အပန်းဖြေစခန်း၏ ဧည့်သည်များအားလုံးက ၁၀၀ ရာခိုင်နှုန်း ကျေနပ်နေကြသည်။ စခန်းရှိ ဝန်ထမ်းများကတောင် အလွန် ကျေနပ်နေ၏။ သူတို့သည် တပည့်များ ချက်ပေးသည့် အစားအသောက်များသာ စားရသော်ငြား အရသာသည် သူတို့ မှတ်ဉာဏ်ထဲ စွဲထင်နေရန် လုံလောက်နေပြီးသား ဖြစ်သည်။
ယွင်မိသားစု ဆွေမျိုးသားချင်းများသည်လည်း သုံးရက်တာ ဆော့ကစားပြီးနောက် အိမ်ပြန်သွားကြသည်။ အကြောင်းမှာ သူတို့ အလုပ်ရှိသေးပြီး ကျောင်းတက်စရာ ရှိနေသောကြောင့် ဖြစ်၏။ ယွင်ရှန်းရှန်းကမှု နွေရာသီ အားလပ်ရက်၌ လာမည်ဟု သဘောတူညီချက် ယူထားသည်။ နွေရာသီ အားလပ်ရက် အတွက် အချိန်က လဝက်ကျော် ရှိနေသောကြောင့် ယွင်ယွီက သဘောတူလိုက်၏။
ယွင်ယွီ၏ သူငယ်ချင်းနှစ်ယောက်ကလည်း ပြန်သွားပြီး စုန့်ချန်းမင်တို့ ရွှမ်းမန်တစ်စုသာလျှင် အလုပ်မရှိလည်း ပိုက်ဆံရှာနိုင်သောကြောင့် ဤနေရာ၌ ဆက်လက် ဆော့ကစားနေကြသည်။
သူတို့အားလုံးက ပျော်နေကြ၏။ အကြောင်းမှာ ပထမဆုံး သုံးရက်က အခမဲ့ ဖြစ်ပြီး ကျန်သည့်ကိုသာ ရွေးချယ်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဤလူများက အရင်းဆုံး မိတ်ဆွေများ ဖြစ်ပြီး ယွင်ယွီက သူတို့ကို ဗီအိုင်ပီ ကဒ်ပေးထားကာ အစားအသောက်နှင့် နေရာထိုင်ခင်းအားလုံးအတွက် ၅၀ ရာခိုင်နှုန်း ပေးလေ၏။
ယွင်ယွီသည် နောက်ရက်အနည်းငယ်အတွင်း အပန်းဖြေစခန်းရှိ ကိစ္စရပ်များကို ဂရုမစိုက်တော့ပေ။
သူမက ယွင်ရှန်းအတွက် ပြင်ဆင်ရန် ထုပ်ပိုးပြင်ဆင်ပေးရင်း အလုပ်များနေသည်။ မနက်ဖြန်ကျ အမေယွင်သည် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ယွင်ရှန်းနှင့်အတူ မြို့သို့ လိုက်သွားမှာ ဖြစ်သည်။ ယွင်ရှန်းကမှု မြို့၌ ဟိုတယ်တွင် နေရာငှား ထားပြီဖြစ်ကာ ထိုနေရာက စာမေးပွဲ ကျင်းပမည့်နေရာနှင့် နီး၏။
ယွင်ရှန်းသည် အမေယွင်က ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရာ၌ သူမ လိုက်လာမည်မှန်း သိနေသောကြောင့် ဖုန်းရှို့ကျန်းအား အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
“အမေ သားနဲ့ လိုက်လာပေးစရာ မလိုပါဘူး။ သားဘာသာ လုပ်နိုင်တယ်။ သား ကြီးနေပြီကို။ ကောလိပ်ဝင်ခွင့် စာမေးပွဲလေးပဲလေ။”
သူ၌ တကယ် ဖိအား မရှိပေ။ ကုန်လွန်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း သူသည် မြို့ရှိ အမှတ် တစ် အလယ်တန်းကျောင်း၌ ထိပ်တန်း ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပြီး သူ၏ အဆင့်များက အလွန် မြှင့်၏။ စာမေးပွဲ၌ ထိပ်ဆုံး သုံးနေရာအတွင်း အမြဲတမ်း ဝင်ခဲ့သည်။ စီနီယာနှစ်၌ သူအရပ် ပိုမြှင့်လာသောကြောင့် ယုံကြည်ချက် ပိုရှိလာတာ ဖြစ်ဟန်တူပြီး သူ၏ အဆင့်များက ပိုတည်ငြိမ်လာသည်။ သူသည် အတန်းထဲတွင် အတော်ဆုံး ဖြစ်ကာ စီနီယာနှစ် တစ်နှစ်လုံး၌ တစ်ခါမှ ကျော်တက် မခံရပေ။
ယွင်ယွီကလည်း သူ၏ ခရီးဆောင်အိတ်ကို ထုတ်ပိုးပေးနေ၏။ နောက်နှစ်ရက် ဝတ်ရမည့် အဝတ်အစားများလည်း သေချာ ထည့်ပေးနေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်ကလေးကများ မိဘမပါဘဲ ကောလိပ်ဝင်ခွင့် စာမေးပွဲ သွားဖြေလို့လဲ။ ဒါက ထုံးစံလို ဖြစ်နေပြီ။”
ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ကလေးများနှင့်အတူ လိုက်ပါပြီး စာမေးပွဲအခန်းအပြင်ဘက်၌ သူတို့ကို စောင့်နေလေ့ရှိတာပဲ ဖြစ်သည်။
မိသားစုထဲရှိ အကြီးအကဲများက သွားရပေမည်။
သူသည် သူမအပေါ် ထပ်မဖျောင်းဖျနိုင်တော့တာ မြင်ပြီး ယွင်ရှန်းက ဘာမှ ထပ်မပြောတော့ပေ။ ယွင်ယွီက ပစ္စည်းများ ထုတ်ပိုးလိုက်ပြီး စားဖိုမှုးကျူး ချက်ပြုတ်ပေးထားသည့် အစားအသောက်များကို လေလုံအိတ်ထဲ ထုတ်ပိုးပေးလိုက်ကာ လက်ဆွဲသေတ္တာထဲ ထည့်လိုက်၏။ သူက အမေယွင်ကို ဟိုတယ်ရှိ မိုက်ခရိုဝေ့ထဲ၌ တိုက်ရိုက် အပူပေးပြီး စားနိုင်ကြောင်း မှာလိုက်၏။ ယွင်ရှန်းသောက်ရန် ဝိညာဉ်စွမ်းရည် တစ်ပုလင်းလည်း ပြင်ပေးလိုက်သေးသည်။
145 02
ဖုန်းရှို့ကျန်းက သူမ အားလုံး သိကြောင်း ပြောပြီး သူမသမီးကို သိပ်စိတ်မပူစေချင်ပေ။
ယွင်ယွီသည် ယွင်ရှန်းက ယခုအခါ ကောလိပ်ဝင်ခွင့် စာမေးပွဲ၌ ကောင်းကောင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တွက်ချက်ထားပြီးသား ဖြစ်သည်။ ထိုကြောင့် သူမ အနည်းငယ် ပိုစိတ်အေးနေ၏။
ပစ္စည်းများ ထုတ်ပိုးပြီးနောက် ချင်ယွီစွေသည် အမေယွင်နှင့် ယွင်ရှန်းတို့ကို ချန်းရွှေမြို့၌ ဘိုကင်တင်ထားသည့် ဟိုတယ်ဆီသို့ ပို့ပေးခဲ့ကာ ညတွင်းချင်း ပြန်လာသည်။
သူ ပြန်ရောက်လာချိန်တွင် ည ၁၁ နာရီ ထိုးနေပြီ ဖြစ်ကာ ယွင်ယွီက အိပ်ပျော်နေပြီ ဖြစ်သည်။
မူမူကမှု ပုခက်ထဲတွင် လိမ်လိမ်မာမာ အိပ်နေလေ၏။
ယွင်ယွီက သူမ့ဘေး၌ တစ်စုံတစ်ယောက် လဲလာတာကို ခံစားမိသောအခါ နိုးတစ်ဝက် ဖြစ်နေ၏။ သူမသည် ရင်းနှီးနေသော အငွေ့အသက်ကို ရကာ မျက်လုံး ပွင့်လာကာ ပြောလိုက်တော့၏။
“ရှင် ပြန်လာပြီပဲ။ အမေနဲ့ ရှောင်ရှန်းရော။”
ချင်ယွီစွေက ရေမိုးချိုး ညအိပ်ဝတ်စုံ ဝတ်ပြီးပြီ ဖြစ်သည်။ သူက သူမကို ထွေးပွေ့လျှက် ပြောလိုက်၏။
“အားလုံး အဆင်ပြေတယ်။ သူ ဟိုတယ်ထဲ ဝင်ပြီးပြီ။ ဟိုတယ်က ရှောင်ရှန်း ရဲ့ ကျောင်းနဲ့ နီးတယ်။ သူ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဖို့ကလည်း အဆင်သင့်ပဲ။ သူ မနက်ဖြန် မနက်ကျ ပစ္စည်းအစုံနဲ့ စားမေးပွဲအခန်းထဲ သွားနိုင်ပြီ။”
ယွင်ယွီက စိတ်အေးသွားသော်ငြား သူမ အလွန် အိပ်ငိုက်နေ၏။ သူမက သူ့ရင်ခွင်ထဲ တိုးဝင်ကာ ရေရွှတ်ပြောလိုက်သည်။
“မြန်မြန် အိပ်တော့။”
ချင်ယွီစွေက သူမ့နဖူးကို နမ်းလိုက်ပြီး တီးတိုးပြောလိုက်၏။
“အိပ်တော့”
သူ့အသံက အနည်းငယ် အက်ရှနေသည်။
သုံးရက်အကြာ ၁၆ ရက်နေ့မြောက်တွင် ချင်ယွီစွေက ယွင်ယွီနှင့် မူမူတို့ကို ယွင်ရှန်း ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရာ ချန်းရွှေမြို့သို့ ခေါ်သွား၏။
နောက်ဆုံးစားမေးပွဲကို ငါးနာရီ၌ ဖြေဆိုပြီးပြီ ဖြစ်သည်။ သူတို့ ရောက်လာချိန်၌ နာရီဝက် စောနေသေး၏။ စာမေးပွဲက အပြင်ဘက်၌ မိဘများ ပြည့်ကျပ်နေသည်။
ငါးနာရီ မထိုးမှီ၌ စာမေးပွဲအခန်းထဲကနေ လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတော့သည်။
စာမေးပွဲ ဖြေဆိုပြီး လူများက အဖြေလွှာအပ်ကာ စာမေးပွဲအခန်းထဲမှ စောစော ထွက်လာသည့် လူအများစုသည် ထိပ်တန်းကျောင်းသားများ ဖြစ်၏။ ထိုကြောင့် သူတို့မျက်နှာတွင် ပြုံးရွှင်မှုများ ပြည့်နေသည်။
ယွင်ရှန်းက စာမေးပွဲအခန်းထဲကနေ လူအုပ်ကြီးကို တိုးကြိတ်ထွက်လာစဉ် ငါးနာရီ ထိုးနေပြီ ဖြစ်သည်။
သူက အရပ်မြင့်ပြီး အသားဖြူကာ ချောမောခန့်ညားသည်။ နှစ်ရက်တာ ကြိုးစားအားထုတ်မှုကြောင့် စာမေးပွဲဖြေဆိုသူအများစုက အသားဝါကျင့်ကျင့် ဖြစ်နေသော်ငြား သူကမှု ဖြူဖွေးသန့်ရှင်းနေသေးသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့ကို အထင်းသား မြင်ရ၏။
ဖုန်းရှို့ကျန်းကလည်း ယွင်ယွီတို့နှင့်အတူ စောင့်နေသည်။ သူမသားလေး စာမေးပွဲအခန်းထဲမှ ထွက်လာတာ မြင်သောအခါ အမေယွင်၏ မျက်လုံးက နီမြန်းသွားတော့သည်။
ယွင်ရှန်းက အမေယွင်ဆီသို့ လျှောက်သွားပြီး မျက်ရည် သုတ်ပေးပြီး ညှင်သာစွာ ပြောလိုက်လေ၏။
“အမေ သား စာမေးပွဲ ဖြေပြီးပြီ။ ပြီးတော့ သားအဆင့်တွေက ကောင်းမှာ။”
အမေယွင်သည် နောက်ဆုံး၌ မျက်ရည်ကို မထိန်းချုပ်နိုင်တော့ပေ။
145 03
ယင်းက စိတ်လှုပ်ရှားစရာ ကောင်းလှပေ၏။ သူမ ခြေထောက် ထိခိုက်ကာ တစ်ဘဝလုံး ကြိုးစားအားထုတ်ခဲ့ရသည်။ အခုဆို သူမကလေး သုံးယောက်လုံးက အရွယ်ရောက်လာကြပြီး အသီးသီး အောင်မြင်ကုန်ကြပြီ ဖြစ်သည်။
ယွင်ယွီကလည်း အကြံပေးလိုက်၏။
“အမေ ဒါက အောင်ပွဲခံသင့်တာပဲ။ အိမ်ပြန်ပြီး အဘွားနဲ့ မမကို ပြောကြမယ်။”
“အေး အေး”
အမေယွင်က မျက်ရည်များ သုတ်လိုက်လေ၏။
မိသားစုက အိမ်ပြန်လာသည့်အချိန်တွင် အဘွားယွင်က အိမ်ချက် ဟင်းလျာများ စားပွဲဝိုင်းအပြည့် ပြင်ဆင်ပေးထားသည်။
လူတိုင်းက ညစာစားပြီး ဝိုင်အနည်းငယ် သောက်လိုက်၏။ အဘွားယွင်နှင့်် အမေယွင်ကလည်း သောက်သည်။ အဆုံးကျ ယွင်ယွီသည် နို့တိုက်ရအုန်းမည်ဖြစ်သောကြောင့် သူမပဲ မသောက်ခဲ့ပေ။
ကောလိပ်ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းသည် ဇွန်လကုန်တွင် ထွက်လာမည် ဖြစ်ကာ လဝက်ကျန်နေသေး၏။ ယွင်ယွီက အမေကျင်းကို ခေါ်ကာ သူမနှင့် ယွင်ရှန်းတို့ လဝက်တာ အတွင်း ကောင်းကောင်းမွန်မွန် အနားယူခိုင်းခဲ့၏။
အပန်းဖြေစခန်း၏ လုပ်ငန်းက ဤရက်များအတွင်း အေးဆေးလွန်းလှသည်။ သူတို့ တတ်နိုင်တာ ဘာမှ မရှိပေ။ သတင်း မပြန့်သေးချေ။
ထိုသုံးရက်တာ ကာလအတွင်း မြို့မှ လာသည့် ဧည့်သည် နှစ်ယောက်စ၊ သုံးယောက်စ ရှိပြီး အစ၌ သူတို့သည် ဤနေရာရှိ ဈေးက ကြီးလွန်းသည်ဟု ထင်ခဲ့သည်။ နောက်ပိုင်း၌ သူတို့က ဤနေရာရှိ ပတ်ဝန်းကျင်ကို တကယ်နှစ်သက်သောကြောင့် ဖြစ်ဟန်တူ၏။ နှစ်ရက်တာ နေခဲ့ကာ တစ်ညလုံး မည်သည့် အိမ်မက်မှ မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျှက် ဖိအား မခံစားခဲ့ရပေ။ နိုးလာပြီးနောက် သူတို့၌ စွမ်းအင်များ ပြည့်နေတော့သည်။ မနက်စာစားပြီးနောက် ဟိုတယ်အများစုရှိ အခမဲ့ မနက်စာသည် ပျမ်းမျှသာ ဖြစ်သော်ငြား ဤနေရာရှိ မနက်စာက အရသာရှိလွန်းလောက်သဖြင့် သူတို့ ငိုချင်လာသည်။ ဘူဖေးမဟုတ်သော်ငြား မနက်ခင်း၌ ခေါက်ဆွဲတစ်ပန်းကန် အဝ စားရပြီး စိမ်းစိုနေသော ဟင်းသီးဟင်းရွက်များ သခွားချဉ်၊ မုန်လာဉချဉ်၊ မြစ်ပုစွန်လုံးတို့လည်း ရှိနေလေ၏။
ခေါက်ဆွဲများ၏ မွှေးရနံနှင့် ပုစွန်၏ ချိုမြမှုက တစ်လုတ်စားလိုက်ရုံဖြင့်် ခံတွင်းထဲ ပြန့်သွားတော့သည်။ သူတို့ စိတ်ကျေနပ်လွန်းသဖြင့် ငိုချင်လာတော့သည်။
ဈေးကြီးသည်ဟု ထင်ခဲ့သည့် ဧည့်သည်များက ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ ဤကဲ့သို့သော ခေါက်ဆွဲတစ်ပွဲသည် စားသောက်ဆိုင်တွင် ၈၈ ယွမ် ကျသင့်မှန်း သူတို့ သိထားသောကြောင့် ဖြစ်သည်။
အစ၌ ဧည့်သည်များများစားစား မရှိ။ တစ်ရက်ကို သုံးလေးငါးယောက်ခန့်သာ ရှိသည်။ အခန်းခက ဈေးကြီးလွန်းသည်ဟု ထင်သောကြောင့် ထွက်သွားသည့် လူတချို့ရှိ၏။ သို့သော်ငြား တုံ့ဆိုင်းနေပြီနောက် နှစ်ယောက်၊ သုံးယောက်က နေကျန်ရစ်ခဲ့သည်။
တစ်ပတ်တာက ဤအတိုင်း ကုန်ဆုံးသွား၏။ ပုံမှန်ဧည့်သည်များ၏ အကူအညီကြောင့် ဖြစ်ဟန်တူသည့် နေ့စဉ်နေတိုင်း ဧည့်သည် ၁၀ ယောက်နီးပါး ရလာ၏။
ယွင်ယွီက အလျင်မလိုပေ။ သူမက အပန်းဖြေစခန်းကို ကြော်ငြာရန် မည်သူ့ကိုမှ ငှားဖို့ မစီစဉ်ထားချေ။ ဧည့်သည်အများစုက ပုံမှန်ဧည့်သည်များ ဖြစ်၏။ ယင်းသည် အပန်းဖြေစခန်းက လာလည်ရန် ထိုက်တန်ကြောင်း ပြသနေတာပဲ ဖြစ်သည်။
အပန်းဖြေစခန်း၌ ဧည့်သည်များများစားစား မရှိ။ ဝန်ထမ်းများကိုလည်း ကောင်းစွာ လေ့ကျင့်ပေးထားသောကြောင့် အမှားအယွင်း မရှိပေ။
ယွင်လန်ကမှု နေ့စဉ်နေ့တိုင်း အလုပ်များနေ၏။ သူမ အိမ်သို့ ပြန်ရောက်လျှင် ရောက်ချင်း အိပ်ပျော်သွားကာ ဘာမှ ဂရုမစိုက်နိုင်တော့ပေ။
စုန့်ချန်းမင်၏ အဖွဲ့အပြင် ဗိုလ်ချုပ်လုံ၏ မိတ်ဆွေများက ဤနေရာတွင် နေပြီး ရွီလန်ထင်းကတောင် လဝက်နီးပါး နေခဲ့သည်။
ရွီလန်ထင်းက သီးသန့်ဝင်ပေါက် ရှိသည့် ခြံဝင်းလေး၌ တစ်ယောက်တည်း နေခဲ့သည်။
နေ့စဉ်နေ့တိုင်း ရေကန်အတုကို သွားသည်မှအပ သူသည် အခန်းထဲတွင်နေကာ အင်တာနက် သုံးနေ၏။
ယွင်လန် လတ်တလော၌ အလုပ်များနေမှန်း သိသောကြောင့် သူမကို မနှောက်ယှက်ခဲ့ပေ။
145 04
လက်တလောတွင် မက်မွန်ခြံ၌ မက်မွန်များ ပွင့်လာပြီဖြစ်သည်။ မက်မွန်သီးများ မှဲ့လာပြီ ဖြစ်၏။
ဖန်ချွင်ရှန်က များစွာဝယ်ယူခဲ့ပြီး ယွင်ယွီက သူ့အား တစ်ကတီကို ဆယ်ယွမ် တောင်းခဲ့သည်။ ထိုအပြင် မနှစ်တုန်းက သစ်သီး ကုန်သည် ရှစ်ဖုံကလည်း တူညီသည့် တန်ကြေးဖြင့် စာချုပ်ချုပ်ခဲ့၏။
မက်မွန်ခင်းသည် ဧကနှစ်ရာဝန်းကျင် ရှိပြီး ယခုနှစ်၌ အထွက်နှုန်းကောင်းသည်။ ဤတစ်သုတ်က အစောပိုင်း နှစ်တွင် ဤမျှ ထွက်ကုန်များဖြစ်၏။ ဖန်ချွင်ရှန်က အရေအတွက် အမြှောက်အမြား မှာထားသည်။ ထိုကြောင့် သစ်သီး မကျန်တော့ သလောက်ပေ။ ကျန်ရှိသည့် သစ်သီးများကလည်း မှည့်တာနှေးသည်။ သို့သော်ငြား နေ့စဉ်နေ့တိုင်း များများစားစားမရှိ။ ထိုအပြင် မြို့ထဲရှိဘန်းမုန့်ဆိုင်ရှိ ဧည့်သည်များကလည်း အဖွားယွင်ကို မနှစ်တုန်းက ကဲ့သို့ မက်မွန်သီးများရောင်းရန် တောင်းဆို နေကြသည်။ ထိုကြောင့် သူမက နေ့တိုင်း တစ်ခြင်းနှစ်ခြင်း ခိုးယူပြီး ဘန်းမုန့်ဆိုင်သို့ သယ်သွား၏။ သို့သော်ငြား ရောင်းကုန်သွား၏။
ယွင်ယွီသည် အစောပိုင်းရင့်မှည့်သည့် မက်မွန်းသီး များမှ ပိုက်ဆံများစွာ ရခဲ့သည်။ သူမက တစ်နှစ်ပတ်လုံး ရှေးဖြစ်ဟောပေးခြင်းကထက်တောင် ပိုက်ဆံ ပိုရခဲ့သည်။
ယွင်ယွီက ချင်ယွီစွေ၏ကဒ်ထဲ ပိုက်ဆံသိမ်းလိုက်သည်။ အပန်းဖြေစခန်းကို သူက ငွေကြေးပံ့ပိုးပေးထားတာ ဖြစ်ပြီး ပမာဏများပြားလွန်းပေ၏။ ယွင်ယွီက အခမဲ့ယူရမှာ ရှက်ရွံ့သည်။
သို့သော် ချင်ယွီစွေသည် ကဒ်ကို ဘယ်တော့မှ ပြန်မယူပဲသူမအား ပေးထားသည်။
ထိုနေ့ညတွင် ယွင်လန်က နောက်ဆုံး၌ အားလပ်ချိန်တချို့ရလာပြီး စောစောစီးစီး လာစားသည်။
အပန်းဖြေ စခန်း ဖွင့်ပြီးနောက် ဗိုလ်ချုပ်လုံသည် ယွင်ယွီတို့နှင့် မနေပေ။ ထို့အစား သူသည် သူမိတ်ဆွေ အဟောင်းများနှင့် အတူ စခန်းတွင် သွားနေ၏။ သူတို့က လမ်းလျှောက်ကာ စစ်တုရင်ထိုး တောင်တက် နေ့စဉ့်နေ့တိုင်း အတူတကွ လမ်းလျှောက်ထွက်ကြသည်။ သူ အလွန် ဇိမ်ကျနေ၏။
ထိုကြောင့် ယခုဆိုလျှင် ယွင်မိသားစုဝင်သုံးယောက်သည် အဖွားယွင်တို့နှင့် စားသောက်ရန် ခြံဝန်းငယ်လေးထဲသို့ သွားရောက်၏။
ယွင်လန်က ယနေ့တွင် စောစော ပြန်လာသောကြောင့် လူတိုင်း ညစာစောစော စားသည်။
စားသောက်နေ့စဉ်အဖွားယွင်က တစ်ချိန်လုံး အာရုံများနေ၏။ ယွင်ယွီနှင့် ကျန်သည့် သူများသည် သူမကို အကြိမ်ဖန်များစွာ စကားပြောခဲ့သော်ငြား အဖွားယွင်က မကြားပေ။
ယွင်ယွီက မမေးပဲ မနေနိုင်တော့ပေ။
“အဖွား ဘာဖြစ်လို့လဲ”
အဖွားယွင်က ဘာမှ မပြောရသေးခင် အမေယွင်က ပြောလေ၏။
“မြို့ခေါင်းဆောင်တစ်ယောက်က အမေတို့ အိမ်ကို ရုတ်တရက် ရောက်လာပြီး မြို့ထဲက တီဗီရုပ်သံလိုင်းတစ်ခုက အမေတို့ ဘန်းမုန့်ဆိုင်မှာ နေ့စဉ်နေ့တိုင်း လူတန်းရှည်က မီတာတစ်ရာနှစ်ရာလောက် ရှိနေကာ။ သတင်းကြီးထင်လို့ အမေတို့ကို အင်တာလာဗျူးချင်ကြောင်း ပြောတယ်။ သမီးအဖွားက တစ်ချိန်လုံး စိတ်လွတ်နေတာလေ”
အဖွားယွင်က သက်ပြင်းချလိုက်၏။
“အရင်တုန်းက သတင်းထောက်တွေနဲ့ အပြောအဆို မရှိဖူးတာကြောင့်လေ။ အဖွားနည်းနည်း စိတ်ပူနေတာ။ ဒီနေ့ခေတ် သတင်းထောက်တွေက အတားအဆီးမရှိဘူး။ သူတို့က အဖွားတို့ ဘန်းမုန့်ဆိုင်ကို ဆိုးရွားတဲ့ဂုဏ်သတင်း ယူလာမှာဆိုးလို့”
ဒါအပြင် တီဗီပေါ်တွင်တောင် ပေါ်လာနိုင်သေး၏။ အဖွားယွင်က တသက်လုံး မြို့လေး၌ နေထိုင်ခဲ့တာပဲ ဖြစ်ပြီး သူမရောက်ဖူးသည့် အဝေးဆုံးနေရာက ချန်းရွှင်မြို့ ဖြစ်လောက်သည်။ သူမက တီဗီပေါ်တွင်ပေါ်လာရမှာကို စိုးရိမ်ပူပန်နေသေး၏။
ယွင်ယွီက ထိုအကြောင်းကို ကြားသော အခါ မရယ်ပဲ မနေနိုင်တော့ပေ။
“အဖွား ဘာလို့ စိတ်ပူနေတာလဲ။ သမီးတို့ ဘန်းမုန့်ဆိုင်က ပြစ်ချက်မှ မရှိတာ။ ဧည့်သည်တွေက နေ့တိုင်း လူတန်းရှည်ကြီး စောင့်နေတာလဲ နာမည်ကို စိတ်ပူစရာ မရှိဘူး”
သူမသည် တစ်စုံတစ်ခုကို တွေးမိသွား၏။ တီဗီရုပ်မြင်သံကြားအား သူတို့ အပန်းဖြေစခန်းကို ကြော်ငြာပေးရန် ပြောနိုင်သည်။
ယွင်ယွီသည် နောက်ဆုံး၌ စိတ်ကူးတစ်ခုရလိုက်သည်။
******