အခန်း ၁၄၇
Vol. 15 Ch. 147
147 01
အပိုင်း 147
…
ဆံပင်တိုဖြင့် အမျိုးသမီးက အဘွားယွင်ဘက် ကင်မရာကို ချိန်ကာ ပြုံးလျှက် ပြောလိုက်၏။
“မင်္ဂလာပါ အဘွား။ ကျွန်မက လူသားရေးရာ ပရိုဂရမ်ရဲ့ အစီအစဉ်တင်ဆက်သူ ကောင်းလုပါ။ အဘွားက ဒီဘန်းမုန့်ဆိုင် ပိုင်ရှင်လို့ ကျွန်မ ကြားမိတယ်။ အဘွားက နာမည်ကြီးလွန်းတာကြောင့် ကျွန်မတို့ ပရိုဂရမ်အဖွဲ့က အင်တာလာဗျူးတာပါ။ အဘွားရဲ့ မြေးက သိပ္ပံပညာရပ်မှာ ချန်ပီယံလို့ ကြားမိတယ်။ တကယ် တိုက်ဆိုင်တာပဲ”
အဘွားယွင်က အတော်လေး တောင့်တင်းသွား၏။
“မင်္ဂလာပါ မိန်းကလေး”
ကောင်းလုက ပြုံးပြီး ပြောလိုက်၏။
“မင်္ဂလာပါ အဘွား။ ဒီနေ့ အဘွားရဲ့ မြေး ဒီမှာ ရှိလား”
“ရှောင်ရှန်း မလာဘူး”
အဘွားက တကယ် ထိန်းချုပ်ထားတာ ဖြစ်ပြီး အင်တာဗျူး မခံချင်ပေ။ သူမက ဘန်းမုန့်နှစ်လုံးနှင့် ပြောင်းဖူးဆန်ပြုတ် သုံးပန်းကန်ကို ယူကာ ကြက်ဉများ ထည့်လျှက် စားပွဲပေါ် ချပေးလိုက်သည်။
“မိန်းကလေးတို့ မနက်စာ မစားရသေးလောက်ဘူး။ သွားပြီး စားနှင့်လေ။ ဒီနေ့ အဘွားရဲ့ မြေးလာတယ်။ ဒီဘန်းမုန့်ဆိုင်ကလည်း သူ လုပ်ပေးထားတာပဲ။ မေးချင်တယ်ဆိုရင် သူ့ကို သွားမေးလို့ရတယ်။ သူက တော်တော်များများ သိတဲ့ လူငယ်တစ်ယောက်။ အဘွားက ဘာမှ မသိပါဘူးကွယ်”
ကောင်းလုက သူ့ကို ကျေးဇူးတင်စကားပြောကာ အထဲသို့ လျှောက်သွားလိုက်၏။
ဓာတ်ပုံဆရာသည် ကုလားထိုင်နှင့် စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်ရာ အားလုံး သန့်ရှင်း သပ်ရပ်နေတာကို တွေ့လိုက်ရ၏။ စားပွဲဝိုင်းပေါ်တွင် လှပသည့် ပန်းရောင် နှင်းဆီ နှစ်ပွင့်ကိုလည်း ဖန်ပုလင်းထဲ ထည့်ထားတာ တွေ့လိုက်ရ၏။ ပန်းပင်များက အင်မတန် လှပသည်။
ကောင်းလု အထဲသို့ ဝင်လာပြီးနောက် သူမသည် အသားအရေက ခရင်ကဲ့သို့ ဖြူဖွေးနေပြီး အင်မတန် ဖြူဖွေးကာ ချောမွေ့သည့် အသားအရေရှိသည့် မိန်းမလှလေး တစ်ဦး သူမဆီ ရောက်လာတာကို တွေ့လိုက်ရသည်။
မိန်းကလေးက အင်မတန် လှပပြီး နာမည်ကျော် ကြယ်ပွင့်များနှင့် ယှဉ်နိုင်စွမ်းရှိသည်။ သူမ တွေ့ဖူးသမျှထဲတွင် အလှဆုံး မိန်းကလေးဟု ဆိုနိုင်သည်။ ထိုမိန်းကလေးက သူမဆီ လျှောက်လာပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလာ၏။
“မင်္ဂလာပါ။ ကျွန်မနာမည်က ယွင်ယွီပါ”
ကောင်းလုသည် အမြန် အသိစိတ်ကပ်လာကာ ပြောလိုက်တော့သည်။
“မင်္ဂလာပါ။ ရှင်က အဘွားပြောတဲ့ မြေးမလေးပဲ ဖြစ်ရမယ်။ ရှင် ဒီလောက်လှတဲ့ မိန်းကလေး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီအပိုင်းရဲ့ ပရိသတ်တွေကတော့ တကယ် အမြတ်ထွက်တာပဲ”
ယွင်ယွီက ပြုံးပြီး ပြောလိုက်၏။
“ထိုင်ပြီး စကားပြောရအောင်လေ။ ကျွန်မတို့ဆိုင်က အစားအသောက်တွေကိုလည်း အရင်ဆုံး စားကြည့်ပါအုန်း”
ကောင်းလုက လက်ခံလျှက် ထိုင်ချလိုက်ပြီးနောက် ကင်မရာမန်းသည် အစားအသောက်များကို အနီးကပ် ချိန်ရိုက်တော့၏။ ပြီးနောက် ကောင်းလုသည် စတင် မြည်းစမ်းကြည့်ပြီး ကင်မရာသမားကလည်း လိုက်စားလေ၏။ တစ်လုတ်စားပြီးနောက် ကောင်းလုသည် မျက်လုံးအနည်းငယ် ပြူးကျယ်သွားပြီး သူမ၏ အမှုအရာက အင်မတန် အံ့ဩသွားကြောင်း ပြသနေလေ၏။
ကောင်းလုသည် ပါးစပ်ထဲရှိ အစားကို မျိုချပြီးနောက် ပြောလိုက်၏။
“ကျွန်မ အင်တာစဗျူးတဲ့ အချိန်တုန်းက ဘန်းမုန့်ဆိုင် တစ်ဆိုင်က ဘယ်လောက်တောင် အရသာရှိမှာလဲလို့ တွေးမိတယ်။ ကျွန်မကို ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ အခု ဒီအတွေးကို ရုတ်သိမ်းရတော့မယ်။ ဒါက ကျွန်မ စားဖူးသမျှထဲ အရသာအရှိဆုံး ဘန်းမုန့်ပဲ။ စကားလုံးတွေနဲ့က ဘယ်လောက် အရသာရှိကြောင်း မဖော်ပြနိုင်ဘူးလို့ ခံစားမိတယ်။ ကျွန်မ မှန်းဆထားတာထက် ကျော်လွန်နေတာကြောင့်လေ။ ပါဝင်ပစ္စည်းတွေရဲ့ အရသာက အမြင့်ဆုံးအထိ ဆွဲယူနိုင်ပြီးသား။ အလုတ်တိုင်းက တကယ် နတ်သုဒ္ဒါပဲ။ အခုမှ ဒီဆိုင်ကို ရှာဖွေ့တွေ့ရှိခဲ့တာ နှမြောဖို့ ကောင်းလိုက်တာ”
147 02
ပြီးနောက် ကောင်းလုသည် အားလုံးကို အရသာခံစားလျှက် ငိုချင်လာသည်။ ရိုးရှင်းသည့် အစားအသောက်က ဤမျှအထိ အရသာရှိနေ၏။ သူမ ဤဆိုင်ကို ယခုအချိန်ကျမှ အဘယ်ကြောင့် ရှာတွေ့ရသနည်း။
လုပ်ရန် ကျန်သည့် တစ်ခုတည်းသော အရာက ယွင်ယွီကို မေးမြန်းရန်ပဲ ဖြစ်သည်။ ယွင်ယွီ၌ ကြည့်လင်သော အကြံအညာဏ်ရှိကာ အတွေးမြန်၏။ ကောင်းလုနှင့်အတူ စကားပြောနိုင်သည်။
အင်တာဗျူးက အလွန် ချောချောမွေ့မွေ့ ပြီးသွားသည်။ သူတို့နှစ်ယောက်ကြား စကားပြောဆိုခန်းက ချောမွေ့နေပြီး ဖြစ်စဉ်တစ်လျှောက်လုံး အဆင်ပြေ ချောမွေ့နေ၏။ ကောင်းလုက ဗီဒီယိုကို ကြည့်ပြီး ဤအပိုင်း ကောင်းလွန်းမည်ဟု တွေးမိသည်။
အင်တာဗျူးပြီးသွားသည့်အချိန်တွင် ၁၁ နာရီ ထိုးပြီးသွားပြီ ဖြစ်၏။
ယွင်ယွီက ပြုံးပြီး ပြောလိုက်တော့သည်။
“ရှင်တို့ ဒီနေရာအထိ လာခဲ့ရတာ ကျွန်မ တစ်နပ်လောက် ဒကာခံမယ်လေ”
ကောင်းလုက ပြောလိုက်၏။
“ကျွန်မ ရှင့်ကို တစ်မနက်ခင်းလုံး ဒုက္ခပေးပြီးနေပြီ။ ကျွန်မ ရှက်မိပါရဲ့”
သူမသည် ယွင်မိသားစု ချက်ပြုတ်သည့် အိမ်ချက်ဟင်းလျာကို တကယ် စားချင်မိ၏။ ဆိုရလျှင် ဘန်းမုန့်ဆိုင်ကတောင် ဤမျှ အရသာရှိနေတာ ဖြစ်သည်။
ယွင်ယွီက ပြောလိုက်၏။
“အဆင်ပြေပါတယ်။ ကျွန်မတို့ အိမ်မှာ စားမှာ မဟုတ်ဘူး။ ဟယ်ချင်းရွာထဲမှာ အပန်းဖြေစခန်းတစ်ခုရှိတယ်။ အဲဒီမှာ စားလို့ရတယ်။ ပါဝင်ပစ္စည်းတွေအားလုံး ကျွန်မတို့ ကိုယ်တိုင် စိုက်ပျိုးထားတာ”
ကောင်းလု၏ မျက်လုံးက လင်းလက်သွားလေ၏။ သူက ယွင်ယွီကို အားနာ မနေတော့ပေ။
“ဒါဆို ရှင့်ကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်”
ချင်ယွိစွေသည် ကောင်းလုနှင့် ကင်မရာမန်း နှစ်ယောက်ကို အပန်းဖြေစခန်းသို့ ခေါ်သွားလိုက်သည်။
အပန်းဖြေစခန်းကို ဟယ်ချင်းအပန်းဖြေစခန်းဟု ခေါ်၏။ လူသိပ်မရှိသော်ငြား ဝင်ပေါက်ဝ၌ ဧရာမ ကျောက်တုံးကြီး တစ်တုံးရှိသည်။ ထိုဧရာမကျောက်တုံးသည် အစတည်းက တောင်ပေါ်တွင်ရှိနေတာ ဖြစ်ပြီး ဟယ်ချင်းကျေးရွာ ဟုသည့် စကားလုံးကို ကျောက်တုံးပေါ်တွင် ထွင်းထုထားလေ၏။
အပန်းဖြေစခန်းထဲ ရောက်လျှင်ရောက်ခြင်း အေးမြသော လေပြေတိုက်ခတ်လာတာကို ခံစားမိ၏။ ကောင်းလုက စိတ်ကူးတစ်ခုရလာပြီး ကင်မရာမန်းနှစ်ယောက်ကို သူတို့ ကင်မရာများကို ဖွင့်ခိုင်းကာ စတင် ရိုက်ကူးစေ၏။
ရှုခင်းများကို ဓာတ်ပုံရိုက်လိုက်ပြီး မကြာမှီ၌ အပန်းဖြေဟိုတယ်သို့ ရောက်လာတော့သည်။
လော်ဘီက အတော်လေး ထူးခြားပေ၏။ တကယ်တော့ အပန်းဖြေစခန်းရှိ ဟင်းလျာ အားလုံးသည် ပါဝင်ပစ္စည်း အကန့်အသတ်ရှိသောကြောင့် အိမ်ချက် ဟင်းလျားများသာ ဖြစ်၏။ သို့သော် ထိုအိမ်ချက်ဟင်းလျာများသည် ကောင်းလုကို ငိုချင်သွားစေသည်။ စားဖိုမှုး ချက်ပြုတ်ပြီးနောက် ပါဝင်ပစ္စည်းများသည် သာမန် အိမ်ချက် ဟင်းလျာများ ဖြစ်သည့်တိုင် လျာကိုတောင် မျိုချမိစေနိုင်လောက်သည့်အထိ အရသာရှိသွားသည်။ ထိုအပြင် ကောင်းလုက စားချင်သောက်ချင်စိတ် ပြင်း၏။
ဤရက်ပိုင်းအတွင်း ချယ်ရီသီးများက မှည့်ခါနီးပြီ ဖြစ်သည်။ အပန်းဖြေခစန်းက ယနေ့၌ တစ်သုတ် ခူးထားသည်။
အခွံ့ပါးပါး အရွယ်အစား သေးငယ်သည့် ချယ်ရီသီးလေးများ ဖြစ်သော်ငြား ဝိညာဉ်စွမ်းရည်ဖြင့် စိုက်ပျိုးပြီးနောက် ချယ်ရီလေးများသည် အရွယ်အစား ကြီးလာပြီး အရသာကချိုမြနေ၏။
စားကောင်းသောက်ဖွယ်ရှေ့၌ လူတိုင်းသည် ယခု ကောင်းလုကဲ့သို့ပင် အစားအသောက် ကြိုက်နှစ်သက်သူ သဘာဝကို ထုတ်ပြလာမည် ဖြစ်ကာ ပါးစပ်အပြည့် တစ်ဂျွမ်ဂျွမ် ဝါးစားလျှက် ခံတွင်းထဲ၌ လတ်ဆတ်မှု၊ ချိုမြမှု ပြည့်နေပြီး သဘာဝအကျဆုံးနှင့် အကျေနပ်ဆုံး အရာကို ဟန်ဆောင်စရာ မလိုဘဲ ပြသနိုင်၏။
147 03
စားပွဲအပြည့် ဟင်းလျာများ စားသောက်ပြီးနောက် ကောင်းလုသည် ချယ်ရီသီး တစ်ပန်းကန် စားခဲ့ကာ အင်မတန် စိတ်တိုင်းကျနေတော့သည်။
နောက်ဆုံး၌ ယွင်ယွီက အပန်းဖြေစခန်း၌ သူမကို တစ်ညတာ အိပ်ရန် ဖိတ်ကြားခဲ့တော့သည်။
ကောင်းလုသည် အစီအစဉ်တင်ဆက်သူ တစ်ဉီးဖြစ်သော်ငြား သူမက နာမည်သိပ်မကျော်ကြားပေ။ သူမ တင်ဆက်ပေးသည့် ရှိုးများက နာမည် သိပ်ကြီးခြင်း မရှိ။ ထိုကြောင့် သူမသည် ဖိအားများစွာ ကြုံ့တွေ့ခဲ့ရသည်။ ညလုံးပေါက် အိပ်မပျော်တာ မကြာခဏ ဖြစ်ခဲ့ပြီး ဆံပင်များ ကျွတ်ခဲ့လေ၏။
သို့သော် ယနေ့တွင်မှု သူမသည် ဧည့်သည်အခန်းကတ် ရရှိပြီး အခန်းထဲ ဝင်ကာ ဆေးကြော သန့်စင်ပြီးနောက် နေ့လည်ခင်းအတွင်း သူမ ရိုက်ထားသည်များကို ကြည့်နေစဉ် ငိုက်မြည်းလာတော့သည်။ သူမ အချိန်တစ်ချက် ကြည့်ချိန်၌ ည ၈ နာရီသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ ကောင်းလုသည် ယခင်က တစ်ခါမှ အိပ်မငိုက်ဖူးချေ။ သူမ တစ်ညလုံး မအိပ်နေလျှင်တောင် နောက်တစ်နေ့တွင်တောင် အိပ်ငိုက်ဖို့ ခက်ခဲ၏။
အိပ်ချင်လာသောကြောင့် ကောင်းလုသည် လုပ်လက်စများကို ရပ်လျှက် အိပ်ရာပေါ်တွင် လှဲလိုက်သည်။ တစ်မိနစ် မပြည့်မှီ၌ သူမ အိပ်မောကျသွားလေ၏။
သူမ နောက်နေ့ မနက် ၇ နာရီတွင် နိုးလာသည်။ သူမ ကောင်းမွန်စွာ အိပ်စက် နားယူနိုင်ခဲ့ပြီး အိမ်မက် မမက်ခဲ့ပေ။ သူမက ၁၁ နာရီတိတိ အိပ်ခဲ့ပြီး ယင်းက အနက်နဲဆုံး အိပ်မောအကျဆုံးဖြစ်ခဲ့သည်။ ပြင်ပလောကကို တုံ့ပြန်မှု မရှိခဲ့ပေ။
ကောင်းလုသည် နိုးလာချိန်၌ အနည်းငယ် ထိတ်လန့်သွားလေ၏။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။ အပန်းဖြေစခန်းက တကယ် အံ့ဩဖို့ကောင်းကြောင်း သဘောပေါက်သွားလေ၏။ အစိမ်းရောင် ပါဝင်ပစ္စည်းများနှင့် ဇိမ်အကျဆုံး ဧည့်သည်အခန်းများက ဖမ်းစားနိုင်ဖို့ လုံလောက်ပြီးသား ဖြစ်သည်။
အပန်းဖြေစခန်းကို ဖွင့်တာ မကြာသေး။ လာရောက်လည်ပတ်သူ သိပ်မရှိသေးမှန်း သူမ သိ၏။ ယွင်ယွီ ဤနေရာသို့ ဖိတ်ကြားရခြင်း၏ ရည်ရွယ်ချက်ကိုလည်း ခန့်မှန်းမိသည်။ သို့သော် ဤကဲ့သို့ နေရာကောင်း နာမည်မကြီးတာက နှမြောစရာ ကောင်းနေသောကြောင့် သူမသည် အပန်းဖြေစခန်းကို ကူညီရန် ဆုံးဖြတ်ချက် ချလိုက်သည်။
အိပ်ရာနိုးလာပြီးနောက် ကင်မရာမန်း နှစ်ယောက်ကလည်း အင်မတန် အံ့ဩနေလေ၏။ သူမက သူတို့သည် ညအချိန်၌ ကောင်းကောင်း မအိပ်နိုင်ခဲ့တာ ကြာပြီ ဖြစ်သည်။ တန်ကြေးက သိပ်မမြင့်လျှင် သူတို့ ဤကဲ့သို့သော နေရာမျိုး၌ နေ့စဉ်နေ့တိုင်း နေမိလောက်သည်။
အပန်းဖြေစခန်းတွင် မနက်စာစားပြီးနောက် ကောင်းလုသည် ဓာတ်ပုံများ ရိုက်ကာ အပန်းဖြေစခန်းနား တစ်ဝိုက်ရှိ ရှုခင်းများကို ရယူခဲ့၏။ လယ်ကွင်းများ၊ စိမ်းစိုသော ဝါးတောအုပ်၊ မြေပြင်ထဲမှ တိုးထွက်လာသည့် မျှစ်များ၊ သစ်သီးခြံများနှင့် လှပသည့် ကြည်လင်နေသော လူလုပ်ရေကန်တိုကို ရိုက်ယူခဲ့သည်။
အင်တာဗျူး ပရိုဂရမ်တစ်ခုလုံး အလွန်အဆင်ပြေခဲ့သည်။ ကောင်းလုသည် အပန်းဖြေစခန်းကို များများစားစား ကြော်ငြာ ပေးခဲ့တာ မဟုတ်ဘဲ ရိုက်ယူထားသည့် ပုံများကတင် လူတိုအား ဟယ်ချင်းအပန်းဖြေစခန်းအား ကောင်းကင်ဘုံတမျှ ခံစားမိစေသည်။
ကောင်းလု ထွက်သွားပြီးနောက် ယွင်ယွီသည် သူမအား ဗီအိုင်ပီ ကတ်တစ်ခုပေးကာ ပြောလိုက်၏။
"ရှင်ရဲ့ မျက်နှာက ဝင်းပနေတယ်။ အဆုံးကျ ကံကောင်းမှု ရလာလိမ့်မယ်။ ဒါကြောင့် စိတ်မညစ်နဲ့ မကြာခင်မှာ ကောင်းမှုတွေ ရောက်လာတော့မှာပဲ။"
ကောင်းလုသည် ယွင်ယွီ၏ အထောက်အထားကို သတိမပြုခဲ့မိသောကြောင့် သူမစကားများကို အလေးမထားဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ကောင်းလု မထင်မှတ်ထားသည့်က ဌာနသို ပြန်ရောက်ပြီးနောက် ပရိုဂရမ်ကို တည်းဖြတ်ကာ နှစ်ရက်အကြာ၌ ထုတ်လွှင့်ခဲ့သည်။ ဤအပိုင်းအတွက် အဆင့်သတ်မှတ်ချက်က အင်မတန် မြှင့်မားခဲ့ပြီး ရုပ်မြင်သံကြားမှ စီနီယာကြီးတစ်ဉီးက သူမဆီ ချဉ်းကပ်လာလျှက် သူမ၏ရှိးကို ကြည့်ခဲ့ကြောင်းနှင့် သူမ ပါရမီထူးကြောင်း သူမကို တပည့်တော်ချင်ကြောင်း ပြောလာခဲ့သည်။ သူမ ဆန္ဒ ရှိမရှိ မေးခဲ့လေ၏။ တကယ်တော့ ထိုစီနီယာကြီးသည် ယခင်က တပည့်ခေါ်လိုစိတ်ကို ဖော်ပြထားခဲ့ပြီဖြစ်ကာ လူများစွာက လျှောက်ထားခဲ့၏။ သူမ မျှော်လင့်ချက် မရှိဟု ခံစားမိကာ ထိုအကြောင်း တစ်ခါမှ မတွေးခဲ့မိပေ။ ကံကောင်းမှုက ဤမျှ လျင်မြန်စွာ ကျရောက်လာလိမ့်မည်ဟု မည်သူက သိမည်နည်း။
ကောင်းလုသည် ယွင်ယွီ သူ့ကို ပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားပြီး ဗြောင်းဆန်သွားတော့၏။
147 04
အဲဒီမိန်းကလေးက ဘယ်သူလဲ။ သူက ဒီလို မှော်ဆန်တဲ့ အပန်းဖြေစခန်းကို ဉီးစီးနေပြီး သူမ ကံကြမ္မာကိုတောင် မှန်းဆပေးနိုင်တာ။
ကောင်းလု မည်မျှ ထိတ်လန့်နေစေကာမှု ယွင်ယွီ၏ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ အရေအတွက်က ရုတ်တရက် မြင့်တက်သွားလေ၏။
လူအများစုသည် ဤအပိုင်းကို ကြည့်ပြီးနောက် ပရိုဂရမ်အကြောင်း ရှာတွေ့ခဲ့ကြ၏။ လူတချို့ကဆို တန်ကြေး မြင့်လွန်းသည်ဟု ထင်သော်ငြား ထိုပမဏနှင့်ကို ဂရုမစိုက်သည့် သူဌေးများလည်း ရှိနေသေး၏။ သူတို့က မြို့ပြကြီးများ၌ နေကာ နေ့စဉ်နေ့တိုင်း အသက်ရှု မရလောက်အောင် ဖိအားများစွာ တွေ့ကြုံ့နေရ၏။ သူတို့က အပြင်ထွက် အနားယူချင်သော်ငြား သူတို့၏ အားလပ်ရက်က နိုင်ငံခြားအထိ သွားဖို့ မလုံလောက်ပေ။ နိုင်ငံခြားရှိ အစားအသောက်များကလည်း အဆင်မပြေ။ ရှုခင်းက ကောင်းသော်ငြား သူတို့ စားနေကြ မဟုတ်ပေ။
အမြင်လှသော်ငြား သူတို့စားနေကြ မဟုတ်။
ချင်းဟယ်ရွာ၌ နှစ်ရက်နေပြီးနောက် ထိုလူများသည် တန်ကြေး အနည်းငယ် မြင့်သော်ငြား ကုန်ရကျိုးနပ်ကြောင်း သဘောပေါက်သွားလေ၏။
ယခုဆို အပန်းဖြေစခန်းရှိ မက်မွန်သီးနှင့် ချယ်ရီသီးများ မှည့်နေပြီဖြစ်သည်။ ထိုကာလတွင် ဧည့်သည်များသည် ဝါးတောအုပ်ထဲ လမ်းလျှောက်ကာ ရေကန်အတုကို ကြည့်ပြီးနောက် ငါးဖမ်းကြသည်။ နေ့လည်ခင်း၌ သူတို့သည် သစ်သီးတချို့ခူးရန်အတွက် သစ်သီးခြံသို့ သွားတတ်ကြသည်။ သူတို့က ထိုသစ်သီးများကို မြည်းစမ်းကြည့်မိရာ အလွန် အရသာရှိကြောင်း သိလိုက်ရ၏။
မက်မွန်သီး တစ်ပေါင်ကို ၂၁ ယွမ်၊ ချယ်ရီ တစ်ပေါင်ကို ယွမ် ၄၀ ဖြစ်သည်။
တန်ကြေးက မြို့ထက် အနည်းငယ် မြင့်သော်ငြား ဈေးကြီးတာ မဟုတ်ပေ။ ဧည့်သည်များသည် သူတို့၏ ဆွေမျိုးသားချင်း မိတ်ဆွေများကို မိတ်ဆက်ပေးပြီးနောက် သူတို့၏ မိုးမန့်ပေါ်တွင် တင်ခဲ့ကာ မိတ်ဆွေများက မေးမြန်းလေ၏။ ရလဒ်အနေဖြင့် ဧည့်သည်များစွာ ရောက်ချလာတော့သည်။ အပန်းဖြေစခန်းက ဤရက်များအတွင်း လာရောက်လည်ပတ်သူများ ပြည့်နေလေ၏။
ယွင်မိသားစု၏ နေ့ရက်များကလည်း မခြားပေ။ သိပ္ပံ၌ အမှတ်အမြှင့်ဆုံး ရထားသည့် ယွင်ရှန်းသည် သုံးရက်အကြာ၌ အပန်းဖြေစခန်းရှိ ဟိုတယ်တွင် ဧည့်သည်များကို ဧည့်ခံရ၏။
ယွင်ရှန်းက အင်တာဗျူး မခံချင်ပေ။ သူ လက်တလော၌ စာအုပ်များ စတင်လေ့လာနေပြီး အားလုံးက အွန်လိုင်း၌ ဝယ်ထားတာ ဖြစ်သည်။ သူသည် ဩဂုတ်လကုန်သည်အထိ ကျောင်းစတက်ရမှာ မဟုတ်။
ယွင်ယွီသည် လက်တလော၌ အလွန် အလုပ်များနေသည်။ ချယ်ရီသီးလေးများ၏ အခွံ့က အလွန်ပါး၏။ ယင်းသည် စားသောက်သုံးရန်အတွက်သာ သင့်တော်ပြီး ပို့ဆောင်ရန် မသင့်တော်ပေ။ သူက ရွာရှိ လူတို့အား ခူးယူခိုင်းပြီးနောက် အနီးရှိ ဝိုင်ခြံဆီသို့ ချယ်ရီသီးများ ပို့ခိုင်းခဲ့၏။ ဝိုင်ချက်ရန်အတွက် အပန်းဖြေစခန်းသည် ဝိုင်ခြံလေး တည်ဆောက်ထားသည်။
သူမသည် ဝိုင်ခရားများစွာ ပြင်ဆင်ပြီး ဝိုင်သိုလှောင်ရန် ဖန်ပုလင်းများ မှာယူထားပြီ ဖြစ်၏။ ချယ်ရီသီးလေးများသည် ဤရက်အတွင်း အစုလိုက် အပြုံလိုက် မှည့်လာသည့်အချိန်တွင် သူမက ဝိုင်ချက်ရန် လူများ စတင် ငှားရမ်းလေ၏။
******