အခန်း ၁၄၈
Vol. 15 Ch. 148
148 01
အပိုင်း 148
မိုင်ထောင်ချီ ကွာဝေးသည့် မြို့တော်တွင်တောင် လူများစွာက ယွင်မိသားစုအိမ်ရှိ ကိစ္စများကို အာရုံစိုက်နေသေး၏။
ဉပမာအနေဖြင့် ယွင်မိသားစု၏ လူအိုကြီး ချင်သဲ့ယုံသည် သူ၏ မြေး ချင်ယွီစွေက ဝေးလံသည့် နေရာတစ်ခု၌ အိမ်ထောင်ကျပြီး ချင်ယွီစွေ ၏ဖခင် ချင်ကျွင်းလင်ကိုတောင် မဖိတ်သည့်အပြင် ချင်မိသားစု၀င်များကို မဖိတ်ခဲ့ကြောင်း သိရချိန်၌ အင်မတန် ဒေါသထွက်သွားတော့သည်။ သူ၏မြေးလက်ထပ်ပြီးနောက် ထိုအမျိုးသမီး၏ အချက်အလက်အချို့ကို ဖော်ထုတ်ခဲ့၏။ သူစုံစမ်းစစ်ဆေးခဲ့ရာ သူ့မြေး၏ မိန်းမက မြို့တော်ရှိ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ယွင်ယွီဟု အမည်ရကြောင်း ရှာတွေ့ခဲ့သည်။ ဘွဲ့ရပြီးနောက် သူမက အလုပ်မရှာခဲ့ဘဲ့ ရှေ့ဖြစ်ဟောကာ လူတို့အတွက် ဖုန်းရွှေ ကြည့်ပေးခဲ့သည်။
သခင်ကြီးချင်က ဖုန်းရွှေပညာရှင်များ မည်မျှ အစွမ်းထက်ကြောင်း သိပေ၏။ ဉပမာအနေဖြင့် ဘိုးဘေးလုံကဲ့သို့ ဖုန်းရွှေပညာရှင်ကို မည်သူမှ ရန်မစရဲချေ။ သူသည် ဘိုးဘေးလုံကို တွေ့ချိန်၌ မဝံမရဲ ဖြစ်နေပြီး အဆင်မဲ့စွာ မပြုမူရဲချေ။
သူသည် လုံမိသားစုကို တကယ် ရန်မစရဲချေ။ ဆိုရလျှင် လုံမိသားစုက ဖုန်းရွှေပညာရှင်များစွာ မွေးထုတ်ပေးခဲ့၏။ သို့သော် သူ၏မြေးသည် တောင်ပေါ်တွင်နေသည့် ကောလိပ်ကျောင်းသူ အတုအယောင်ကို လက်ထပ်ခဲ့ပြီး သူမနှင့် လက်ထပ်ရန်အတွက် ချင်မိသားစုနှင့် ဆက်နွယ်မူကိုတောင် ဖြတ်တောက်ခဲ့၏။ သူ့မင်္ဂလာပွဲသို့ မည်သူ့ကိုမှ မဖိတ်ခဲ့ပေ။ ယင်းက သူ့မြေး၏ လုပ်ရပ်ပဲ ဖြစ်သည်။
သူ၏မြေးမွေးလာချိန်တွင် ထိုစုံတွဲက လူကြီးတစ်ယောက်ဖြစ်သည့် သူကိုပင် အကြောင်းမကြား ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူတို့ရွာ၌ အပန်းဖြေတစ်ခု ဖွင့်ထားကြောင်း သူကြားရချိန်တွင် ချင်မိသားစု၏ မြေးက အဲဒီအနေအထား ရောက်နေမှန်း သိလိုက်၏။
သခင်ကြီးချင်သည် ဒေါသထွက်လွန်းသောကြောင့် သူ၏လက်အောက်ငယ်သားများ ပေးလာသည့် သတင်းအချက်အလက်များကို စားပွဲပေါ်ပစ်ထုတ်လိုက်၏။
"ဒီကောင်က ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာပဲ။ ချင်မိသားစုက ဘယ်လိုလုပ် ဒီလိုကောင်ကို မွေးထုတ်နိုင်ခဲ့တာလဲ"
အောက်ရှိလူတို့က စကားတစ်ခုမှ မပြောရဲချေ။ သခင်ကြီးချင်က သူ့ထိုင်ခုံတွင် ပြန်ထိုင်ပြီး ဂရုတစိုက် စဉ်းစားလိုက်၏။ သူ ဟယ်ချင်းရွာသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ သူ မည်သူကိုမှ သင်ခန်းစာပေးရန် ရည်ရွယ်ထားတာ မဟုတ်။ ယွီစွေနဲ့ ထိုမိန်းကလေးက အိမ်ထောင်ကျပြီး ကလေးတစ်ယောက် ရထားပြီ ဖြစ်သည်။ အိမ်မထောင်မပြုခင် ကိုယ်၀န်ရထား၏။ ထိုကြောင့် အားလုံးက အတိတ်သာ ဖြစ်သည်။ သူက ဘာမှ ပြောမှာ မဟုတ်ပေ။ သို့သော်ငှား ချင်မိသားစု၏ မြစ်သည် သူ့ဘိုးဘေးများကို အသိမှတ်ပြုတာ လိုချင်၏။ ထိုကြောင့် သူသည် အနည်းဆုံးတော့ သူ့ကိုသိရန် ချင်မိသားစု၀င်များကို သူ့အား သိစေရန် မြို့တော်သို့ ခေါ်ရမည်။
သခင်ကြီးချင်သည် သူ့မြေး၏ အကျင့်စရိုက်ကို ကောင်းစွာ သိ၏။ ထိုကြောင့် ယခုအခေါက်တွင် သူတို့နှင့် ပြန်သင့်မြတ်ရန် သွားမှာ ဖြစ်သည်။ သူက ချင်ကျွင်းလင်ကိုလည်း တစ်ပါးတည်း ခေါ်သွား၏။ သို့မှသာ သားအဖနှစ်ယောက် ရင်ထဲရှိ အထုံးအဖွဲ့များ ဖြည်နိုင်မှာ ဖြစ်သည်။ သူ၏ မြစ်က ကျွင်းလင်၏ မြေးပဲ ဖြစ်သည်။ ကျွင်းလင်က သူ့မြေးအတွက် ချင်ယွီစွေနှင့် ငြိမ်းငြိမ်းပြောနိုင်ဖို့ သူမျှော်လင့်မိသည်။ သခင်ကြီးချင်သည် အခြေအနေကို ရှင်းပြရန် ချင်ကျွင်းလင်ကို ဦးစွာခေါ်ခဲ့၏။ ချင်ကြွင်းလက်သည် ကုမ္မဏီကိစ္စများနှင့် အလုပ်များနေ၏။ သူ့သားကြီးကိစ္စများကို အာရုံ မစိုက်ခဲ့ပေ။
သူ့သားကြီးသည် သူ၏ ပထမဇနီးကြောင့် သူ့ကို မုန်းတီးနေမှန်း သူသိသည်။ သူ့သားကြီးက အရွယ်နှင့် မလိုက်ပေ။ ငယ်ရွယ်စဉ်ကတည်းက သူ့ကို စကားပြောရတာ မနှစ်သက်ပေ။ ထိုစဉ်က သူ့ကို ဖျောင်းဖျချင်ခဲ့၏။ သို့သော် နောက်ပိုင်း၌ သူ့သားကြီးက အမြဲတမ်း မျက်နှာသေ ဖြစ်နေသည်။ နှစ်နှစ် သုံးနှစ် ကြိုးစားပြီးနောက် သူ လက်လျော့ကာ လုံမိသားစု၏ ဘိုးဘေးအား ကလေးကို ပျိုးထောင်ခွင့် ပေးလိုက်တော့၏။
နောက်ပိုင်းကျ သူတို့၏ ဆက်ဆံရေးက တဖြည်းဖြည်းချင်း ဝေးကွာလာသည်။
ချင်ကျွင်းလင်သည် သူ့သားကြီး၏ ကိစ္စကို အာရုံ မစိုက်ခဲ့ပေ။ အစ၌ သူ့သားအကြီးဆုံး လက်ထပ်တော့မည့်အကြောင်း ကြားခဲ့ရ၏။ သူ့သားအကြီး၏ ကလေး မွေးပြီဖြစ်ကြောင်း သူ့အဖေဆီမှ သိလိုက်ရ၏။
အဘိုးအို ပြောသည့်အတိုင်း သူသည် ချင်မိသားစု၏ မျိုးဆက်ပဲ ဖြစ်၏။ သူ၏ မြစ်ရှိနေသ၍ ထိုနေရာသို့ သွားရမည်။
148 02
ချင်ကျွင်းလင်က ပြောလိုက်၏။
"အဖေ ကျွန်တော် ယွိစွေကို ရှာဖို့ အဖေနဲ့ သွားမယ်။ ဒါပေမဲ့ ရက်ပိုင်းတော့ အချိန်ယူရအုန်းမယ်။ ကုမ္မဏီမှာ လုပ်စရာ ကိစ္စရှိသေးတယ်။ ဆယ်ရက်အတွင်း သွားမယ်"
"သူ ဆယ်ရက်အတွင်း သွားလို့ ရမလား"
မစ္စတာ ချင်က ဘာ ပြဿနာမှ မရှိပေ။ သယ အချိန်ကြာမြှင့်စွာ စောင့်ဆိုင်းခဲ့ပြီးပြီ ဖြစ်၏။ ထိုကြောင့် ယနေ့ သူလာလျှင်လည်း ကိစ္စ မရှိပေ။
ပြီးနောက် လူအိုကြီးချင်သည် ချင်ချန်ချီကို တွေးမိသွားပြန်၏။ သူနှင့် ယွိစွေတို့က အမေ မတူသော်ငှား အဖေတူကြသည့် ညီအစ်ကိုနှစ်ယောက် ဖြစ်သည်။ နောင်ကျ တစ်ယောက်ကို တစ်ယောက် ပံ့ပိုးပေးရမည်။
သူက ချင်ချန်ချီကို ခေါ်လိုက်ရာ ထိုကလေးက အမြန် ဖုန်းဖြေလာသည်။
"အဘိုး"
သခင်ကြီးချင်က ပြောလိုက်၏။
"ချန်ချီ မင်းရဲ့အစ်ကိုကြီး လက်ထပ်တာ မင်း သိမှာပဲ သူရဲ့ကလေး မွေးပြီ။ ရက်ပိုင်းအတွင်း မင်းအဖေနဲ့ အတူ သူ့ကို သွားတွေ့ဖို့ ပြင်ဆင်ထားတယ်။ မင်း ငါတို့နဲ့ သွားချင်လား"
"အဘိုး ကျွန်တော် ပြင်ဆင်စရာ ကိစ္စတချို့ ရှိသေးတယ်။ သွားနိုင်မှာ မဟုတ်ဘူး။ အဖေတို့နဲ့ မလိုက်တော့ဘူး။ ကျွန်တော့်အစ်ကို ပြန်လာနိုင်အောင် ဖျောင်းဖျနိုင်ဖို့ မျှော်လင့်တယ်။"
ချင်ချန်ချီသည် ခမ်းနားထည်ဝါသည့် လှပသော ထိပ်ဆုံးထပ် ရုံးခန်းထဲတွင် ထိုင်နေ၏။ သူက လေးလေးစားစား ယဉ်ယဉ်ကျေးကျေး ပြောနေသော်ငှား သူ့အမှုအရာက အေးစက်နေသည်။ သူက သူ၏အစ်ကိုနှင့် သူ လက်ထပ်ချင်သည့် အမျိုးသမီးတို့ကို စိတ်၀င်စားမူ မရှိပေ။ အစ၌ သူသည် ဝံပုလွေတစ်ယောက်နှင့်တူပြီး သူ့ကို သတ်ချင်ခဲ့၏။ သို့သော် အစ၌ သူသည် သူ့မိတ်ဆွေဟောင်းနှင့် အတူ ချင်ယွီစွေကို သတ်ချင်ခဲ့သော်ငှား မသတ်နိုင်ခဲ့ပေ။ ယင်းသည်လည်း ဘုရားသခင်၏ အလိုဆန္ဒသာ ဖြစ်လိမ့်မည်။ ပြီးနောက် အငြိုးအတေး အမုန်းတရား မရှိသောကြောင့် အပြန်အလှန် ပြောဆိုနေရန် မလိုအပ်ပေ။
ထိုအပြင် သူ တကယ် အရေးကြီးကိစ္စလုပ်စရာ ရှိသေး၏။
သခင်ကြီးချင်က ဖုန်းချပြီး သက်ပြင်းချလိုက်သည်။ သူ၏မြေးက ချင်မိသားစုနှင့် သီးခြားနေလွန်းသည့်ဟု သူ ခံစားမိသည်။
အတိတ်တုန်းက လွှမ်းမိုးနိုင်သော ချင်ချန်ချီနှင့် ယှဉ်လျှင် လက်ရှိ ချင်ချန်ချီက သူ့အဘိုးဖြစ်သည့် သူကိုယ်တိုင်တောင် မှန်းဆရန် ခက်ခဲနေသည်။
သွားရန် ပြင်ဆင်နေသည့်က ချင်မိသားစုတောင် မဟုတ်။ ယွင်ယွီကို ရှာရန်အတွက် ဟယ်ချင်းရွာသို့ သွားဖို့ ပြင်ဆင်နေသည့် နောက်ထပ် မိန်းကလေးတစ်ယောက်လည်း ရှိသည်။
သူမ၏ နာမည်က ယဲ့ကွေ့ရန် ဖြစ်သည်။ အမည်အတိုင်းပင် သူမက သေးသွယ်ကာ ချစ်စဖွယ် မျက်နှာ ရှိပြီး နက်မှောင်သည့် သူငယ်အိမ် ပုခုံးအထိ ဆံပင်အလိမ်အခွေတို့ ရှိနေ၏။
သူမသည် အဆင်ပြေသည့် မိသားစုမှ ဆင်းသက်လာပြီး ဝေ့ပေါ်၌ နာမည်ကြီးသည့် စတားလေး တစ်ယောက်ဖြစ်ကာ ဝေ့ပေါ်တွင် ဗစ်ဗီဟုသည့် အမည်ဖြင့် လှုပ်ရှားနေတာ ဖြစ်၏။ နာမည်က ငါက ရှောင်ယွမ်ချီ ပဲ ဖြစ်သည်။
သူမ ယွင်ယွီကို သိသွားရသည့် အကြောင်းအရင်းမှာ အင်တာနက်ပေါ်ရှိ ရန်ပုံငွေပွဲကြောင့် ဖြစ်သည်။ သူမသည် အပြင်းအထန် မနာမကျန်း ဖြစ်နေသည့် မိန်းကလေးအကြောင်း ဝေ့ပေါ်တွင် ပိုစ့်တင်ခဲ့ပြီး ခွဲစိတ်စရိတ်တောင်းခံရာ၌ ကူညီပေးခဲ့၏။ မထင်မှတ်ထားပဲ ထိုမိန်းကလေး၏ မိသားစုက အတော်လေး ကြွယ်၀ ချမ်းသာနေ၏။ မိသားစုက ပိုက်ဆံ လောဘတက်နေတာ ဖြစ်သည်။ ကလေးကို ရက်ပိုင်းများစွာ အရေးပေါ်ကုသရေးအဆောင်တွင် ထားရပြီး သူမ အသက်ရှင်လျှက် ပြန်ထွက် မလာနိုင်မှန်း သိပြီးနောက် သူတို့သည် ကလေးအတွက် ကုသရန် သုံးပေးခဲ့သည့် ယခင်က ပိုက်ဆံ မဖြုန်းချင်တော့ပေ။ ထိုကြောင့် သူတို့က လိုင်းပေါ်တွင် ရန်ပုံငွေရှာတော့သည်။ ပြီးနောက် ထိုအဖြစ်အပျက်ကို ယွင်ယွီက ဖော်ထုတ်သွားသည်။
ယဲ့ကွေ့ရန်သည် သူမ၏ အမည်အရင်းက ယွင်ယွီမှန်း မသိဘဲ ဝေ့ပိုစ့်ပေါ်ရှိ သူမ၏အမည်သည် ဖုန်းရွှေပညာရှင် ရွှမ်းယွီမှန်းသာ သိ၏။
ထိုအဖြစ်အပျက်ပြီးနောက် သူမသည် ဖုန်းရွှေပညာရှင် ရွှမ်းယွီကို တောင်းပန်စကားဆိုခဲ့ရာ တစ်ဖက်လူကလည်း အဆင်ပြေကြောင်း ပြောခဲ့၏။ ပြီးနောက် သူတို့နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် မရှိတော့ပေ။ သို့သော် သူမက ဖုန်းရွှေပညာရှင် ရွှမ်းယွီကို ဖော်လိုး လုပ်ထားသည်။
148 03
ဖုန်းရွှေပညာရှင် ရွှမ်းယွီ တင်သည့် ဓာတ်ပုံများကို တွေ့ပြီးနောက် သူမသည် အလွန် လှပသည့် နေရာတစ်ခုတွင် နေမှန်း သိသွား၏။ ဟယ်ချင်းရွာဟု ခေါ်သည့် နေရာကိုလည်း သိသည်။ ထိုနေရာ၌ ဟယ်ချင်း အပန်းဖြေစခန်းဟု ခေါ်သည့် အပန်းဖြေစခန်း တစ်ခုရှိသည်။ သူမ မှတ်ချက်များထဲတွင် ရှာကြည့်ခဲ့ဖူး၏။ ယင်းကို ဖုန်းရွှေပညာရှင် ရွှမ်းယွီ ထည့်ပြောထားတာပဲ ဖြစ်သည်။
သူမသည် အစက အပန်းဖြေစခန်းသို့ သွားရန် မရည်ရွယ်ထားပေ။
သို့သော် လက်တလော၌ တစ်စုံတစ်ခု ဖြစ်သွား၏။ သူမသည် အမျိုးသမီးတစ်ယောက်ကို အမြဲတစေ အိမ်မက်မက်နေ၏။ အိမ်မက်ထဲတွင် ထိုအမျိုးသမီးက သူမကို ရှာနေပြီး သွေးမျက်ရည်များ ကျနေ၏။ အိမ်မက်ထဲတွင် ဤအမျိုးသမီးက ခြောက်ခြားဖွယ် ကောင်းပြီး နေ့စဉ်နေ့တိုင်း သူမအိမ်မက်ထဲတွင် ပေါ်လာတာ ဖြစ်သည်။ သူမ အချိန်တချို့ကြာအောင် အိပ်မပျော် ဖြစ်ခဲ့ပြီး နေထိုင်ရ မကောင်းတော့ပေ။
ထိုအဖြစ်အပျက်က အလွန်ထူးဆန်းနေ၏။ အိမ်မက်ဆိုးဆိုလျှင်တောင် မကြာခဏ ဖြစ်တတ်တာက ပုံမှန်ပင်။ သို့သော် သူမက ထိုသွေးမျက်ရည်များဖြင့် အမျိုးသမီးကို နေ့စဉ်နေ့တိုင်း အိမ်မက်မက်ခဲ့၏။ တစ်စုံတစ်ခုက တကယ် မှားယွင်းနေလေသည်။ ယခုက နွေရာသီအားလပ်ရက် ဖြစ်သောကြောင့် သူမသည် ဟယ်ချင်းရွာသို့ သွားကာ ဖုန်းရွှေပညာရှင် ရွှမ်းယွီအား အကူအညီတောင်းဖို့ ပြင်ဆင်ထားသည်။ ယင်းကို အားလပ်ရက်ခရီးစဉ်အဖြစ်လည်း သတ်မှတ်နိုင်၏။
ယဲ့ကွေ့ရန်သည် ဟယ်ချင်းရွာကို ဇူလိုင်လ တစ်ရက်နေ့တွင် သွားလေ၏။
သူမ ဟယ်ချင်းရွာသို့ ရောက်သည့်အချိန်တွင် ယွင်ယွီ၏ နာမည်ကို မသိပေ။ သို့သော် ဖုန်းရွှေပညာရှင် ရွှမ်းယွီက ဟယ်ချင်းအပန်းဖြေစခန်းတွင် ရှိနေ၏။ သူမ အပန်းဖြေစခန်း သို့ ရောက်သောအခါ သူမသည် တစ်ယောက်ပြီး တစ်ယောက် မေးခဲ့လေ၏။
"တဆိတ်လောက် ဖုန်းရွှေပညာရှင် ရွမ်းယွီ ဘယ်မှာနေလဲ သိလား"
အပန်းဖြေစခန်းရှိ စားပွဲထိုးများသည် ငှားရမ်းထားသည့် ၀န်ထမ်းများ ဖြစ်ပြီး ဒေသခံတောင် မဟုတ်ပေ။ ထိုကြောင့် ယွင်ယွီ၏ အခြေအနေအကြောင်း သတိမပြုမိကြချေ။
နောက်ဆုံး၌ ရွာသားတစ်ယောက်ကို မေးလိုက်ရာ သူက ပြောလာ၏။
"ဖုန်းရွှေပညာရှင် ရွှမ်းယွီလား။ ဒါက ကျုပ်တို့ ကျေးရွာက ဆရာသခင်ယွင် ပဲ ဖြစ်ရမယ်။ ဆရာသခင်ယွင်က လက်တလော ဝိုင်ချက်အဆောင်မှာ နေနေတာ။ ဝိုင်ချက်တဲ့နေရာက ဒီနေရာနဲ့ မဝေးဘူး။ ဒီလမ်းအတိုင်း တည့်တည့်သွားလိုက်။ လမ်းကျဉ်းလေး နှစ်ခုရှိတယ်။ ဘယ်ဘက်ကို ကွေ့။ အဆုံးကျရင် ဝိုင်ထုတ်တဲ့ နေရာကို ရောက်လိမ့်မယ်။"
ယဲ့ကွေ့ရန်က ကျေးဇူးစကားဆိုလိုက်သည်။
ပြီးနောက် တန်းတန်းသွားကာ လမ်းဆုံ၌ ဘယ်ချိုးလိုက်၏။
စိတ်တည်ငြိမ်သွားပြီးနောက် ယဲ့ကွေ့ရန်သည် ဤအပန်းဖြေစခန်းရှိ လေထုက အတော်လေး ကောင်းမွန်ကြောင်း ရှာတွေ့ခဲ့၏။ သူမက ကိုယ်ခံအားနည်းကာ ဓာတ်မတည့်မူတချို့ ဖြစ်တတ်သည်။ သူမက နှာမွန်တတ်တာပဲ ဖြစ်၏။ သို့သော်ငှား သူမ မြို့တော်တွင် နေစဉ်က နှာမွန်ခြင်းမှ ဘယ်တော့မှ မကောင်းခဲ့ပေ။ ဟယ်ချင်းကျေးရွာသို့ ရောက်လာပြီးနောက် မည်သည့်အချိန်ကမှန်း မသိ သူမ နှာခေါင်း ပွင့်သွားပုံပေါ်၏။
******