အခန်း ၁၅၀
Vol. 15 Ch. 150
YY. (121.3)
150 01
အပိုင်း 150
…
အမြန်ချောပို့သည် ယွင်အိမ်တံခါးဝသို့ ရောက်လာတာဖြစ်ပြီး ယွင်ယွီက ယဲ့ကွေ့ရန်ကို ဆက်သွယ်ခိုင်းပြီး ပါကင်ဖွင့်ခိုင်းလိုက်ရာ အထဲရှိ အိတ်ကို ထုတ်ပြခိုင်းလိုက်သည်။
ယဲ့ကွေ့ရန်က ပြောလိုက်၏။
"ဆရာ ဒီအိတ်ပဲ"
ယွင်ယွီက အဖြစ်အပျက်ကို ဖော်ထုတ်နိုင်သွား၏။ ပါကင်ပေါ်တွင် အလွန်အားနည်းသည့် ဝိညာဉ် ကပ်သွယ်နေပြီး ပျော်ဝင်လုနီးပါး ဖြစ်နေ၏။ ယွင်ယွီက သူမ၏ အဝါရောင်စာရွက်ကို ဆွဲထုတ်ပြီး အခန်းထဲမှ သစ်ချပိုးခေါက်ကို ထုတ်လိုက်ကာ နေရာတွင် ဝိညာဉ်စုစည်းခြင်းအဆောင်တစ်ခု ရေးဆွဲပြီး ရိုက်ချလိုက်၏။
ယဲ့ကွေ့ရန်၏အမြင်တွင် ယွင်ယွီက အဆောင်တစ်ခုကို ပစ်ထုတ်လိုက်ပြီး အဆောင်က ရုတ်တရက် ပျောက်သွားလေရာ သူမကို ကြောက်လန့်သွားစေ၏။
ယွင်ယွီက ရှင်းပြလိုက်တော့သည်။
"ဒီအိတ်ပေါ်မှာ အင်မတန် အားနည်းတဲ့ ဝိညာဉ် ကပ်သွယ်နေတယ်။ ရှင်အိမ်မက်မက်ထားတဲ့ အမျိုးသမီးပဲ ဖြစ်လိမ့်မယ်။ ဘာတွေဖြစ်နေလဲ သူ့ကို အရင်မေးအုန်းမယ်။"
ပျောက်ကွယ်သွားသော အိတ်ပေါ်တွင် ဤအမျိုးသမီး၌ စိတ်ထဲ ခါးသီးချက်များစွာ ရှိနေသည်။ သို့သော် သူက ယဲ့ကွေ့ရန်ကို ထိခိုက်အောင် မလုပ်ခဲ့ပေ။ ဤအဖြစ်အပျက်က ယဲ့ကွေ့ရန်နှင့် ဘာမှ မသက်ဆိုင်ပုံပေါ်သည်။ သို့သော် သူမသည် သရဲမရှိနေသည့် အိတ်က်ု ဝယ်မိခဲ့တာ ဖြစ်သည်။ ထိုသရဲမက အားနည်းလွန်းနေ၏။ အိမ်မက်ထဲ ဝင်လာပြီးနောက် သူမ အိမ်မက်ထဲတွင်တောင် အပြည့်အဝ သတင်းမပို့နိုင်ခဲ့သောကြောင့် ယဲ့ကွေ့ရန်ကို ကြောက်လန့်စေခဲ့သည်။
ယဲ့ကွေ့ရန်သည် ထိုစကားကို ကြားသောအခါ မျက်နှာအလွန်ဖြူဖျော့သွား၏။ ယွင်ယွီ၏ ဝိညာဉ်စုစည်းခြင်းအဆောင်က အလွန်အသုံးဝင်နေသေးသည်။
ပျောက်ကွယ်သွားတော့မည့် သရဲမသည် နောက်ဆုံး၌ တဖြည်းဖြည်း ပိုသိပ်သည်းလာ၏။
ယွင်ယွီက မေးလိုက်တော့သည်။
"ရှင်က ဒီအိတ်ရဲ့ ပိုင်ရှင်လား။ ဘယ်လိုလုပ် ကပ်သွယ်နေတာလဲ။ ပြီးတော့ ကွေ့ရန်ရဲ့ အိမ်မက်ထဲ ဘာလို့ ပေါ်လာတာလဲ။"
သရဲက အားနည်းဖျော့တော့စွာ ပြောလေ၏။
"ဒီမိန်းကလေးကို ခြောက်လှန့်ခဲ့မိတာ တကယ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ရွေးချယ်စရာ မရှိလို့ ပါ။ ကျွန်မ မကြာခင် ပျောက်ကွယ်သွားတော့မယ်ဆိုတာ သိနေတယ်။ ကျွန်မကို ကူညီပေးဖို့ တစ်ယောက်ယောက် ရှာချင်ရုံပဲ။ ကျွန်မကို တစ်ယောက်ယောက် သတ်သွားတာ။ အဲဒီလူက ဝဋ်မလည်သေးဘူး။ သူ ကျွန်မကို သတ်ပေမဲ့ ဘာကြောင့် အဆင်ပြေနေတာလဲ။ ကျွန်မမိဘတွေက သူတို့ထက်အရင် ကျွန်မ သေသွားတာ သိရင် ဝမ်းနည်းနေမှာ။"
ပြီးနောက် ယွင်ယွီသည် ထိုသရဲမဆီမှ ဖြစ်ကြောင်းကုန်စင်ကို ကြားလိုက်ရသည်။
ထိုသရဲမလေး၏ အမည်က စန်းရှုယန်ဟု အမည်ရသည်။ သူမသည် မြို့တော်မှ လာတာဖြစ်ပြီး သူမအသက်သည် ယခုနှစ်၌ ၃၅ နှစ်ပြည့်မှာ ဖြစ်၏။
သူမမိသားစုသည် အတော်လေး ကြွယ်ဝချမ်းသာသည်။ သူမမိသားစုက အိမ်များ နေရာ ပြန်လည်ချထားပေးသည့် လူများ ဖြစ်သည်။ ထိုစဉ်က မြို့တော်ရှိ အိမ်တန်ကြေးက ပုံမှန် မဟုတ်ပေ။ သူမမိသားစုရှိ အိမ်များစွာ ဖြိုဖျက်ခံရ၏။ ထိုကြောင့် သူမမိသားစုသည် နေရာပြန်လည်ချထားရေးမှ ပိုက်ဆံများနှင့် သူတို့ စုဆောင်းငွေများ သုံးကာ အိမ်များစွာ ဝယ်ရန် ပိုက်ဆံတချို့ ချေးငှားခဲ့သည်။ နောက်ပိုင်း၌ မြို့တော်ရှိ အိမ်ဈေးက ပိုပိုပြီး အတက်အကျ ဖြစ်လာကာ နေရာတိုင်းတွင် အဆောက်အအုံများ ဖြစ်လာသည်။ ထိုအိမ်များက တည်နေရာကောင်းတွင် ရှိ၏။ ထိုကြောင့် သူမမိဘများသည် အိမ်တစ်လုံးရောင်းပြီး စီးပွားရေးလုပ်ငန်း စတင်ခဲ့သည်။ သူတို့သည် သူဌေးမိသားစု ဖြစ်မလာသော်ငှား မိသားစုတစ်စုတည်းရှိ အိမ်လေးလုံးနှင့် လုပ်ငန်းမှ ရရှိသည့် ငွေကြေးတချို့ဖြင့် သူတို့သည် စားဖို့သောက်ဖို့ မပူပင်ခဲ့ရပေ။
150 02
တက္ကသိုလ်မှ ဘွဲ့ရပြီး သူမသည် ဆေးဆေးကျောင်းသား မော့အန်လော့ကို လက်ထပ်ခဲ့သည်။ နှစ်ယောက်က တစ်ကျောင်းထဲမှ မဟုတ်ပေ။ သူမ သူငယ်ချင်းကောင်းဆီကနေ မော့အန်လော့ကို တွေ့ခဲ့တာ ဖြစ်၏။
သူမ သူငယ်ချင်းကောင်း၏ချစ်သူကလည်း ဆေးကျောင်းသားတစ်ယောက်ဖြစ်ပြီး မော့အန်လော့နှင့် တစ်ဆောင်တည်း နေတာဖြစ်သည်။ ပြီးနောက် သူက သူတို့ကို တွေ့ပေးရန် ရည်ရွယ်လိုက်သည်။
ထိုစဉ်က သူမက မိန်းမလှတစ်ယောက် ဖြစ်ခဲ့ပြီး မော့အန်လော့ကလည်း ချောမောခန့်ညား၏။ ထိုကြောင့် သူတို့ ချစ်မိသွားကာ စကားစပြောခဲ့ကြသည်။
မော့အန်လော့သည် မြို့တော်မှ မဟုတ်။ သူ့မိသားစုသည် မိုင်ထောင်ချီ ကွာဝေးသည့် ကျေးလက်ဒေသမှ ဖြစ်၏။ စန်းရှုယန်နှင့် အိမ်ထောင်ကျပြီးနောက် သူသည် မြို့တော်၌ အိမ်ထောင်စုဇယား ရခဲ့သည်။
သူမသည် စန်းမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ မစ္စတာစန်းသည် ဤအိမ်ထောင်ရေးကို အဆင်ပြေသည်ဟု ခံစားမိသောကြောင့် သူသည် ခန်းဝင်ပစ္စည်းအဖြစ် သမီးအတွက် အိမ်နှစ်လုံး အားပေးခဲ့သည်။ ပြီးနောက် အိမ်ထောင်ကျပြီးနောက် ပထမဆုံး မွေးလာမည့် ကလေးသည် အမျိုးသမီး၏ မျိုးရိုးနာမည်ကို ယူရမည်ဖြစ်ကာ နောက်ထပ် ကလေးများက ထိုအမျိုးသား၏ နာမည်ကို ယူရလိမ့်မည်။
မော့အန်လော့သည် ထိုအကြောင်း စဉ်းစားကြည့်မိပြီး သဘောတူခဲ့၏။ သူကဲ့သို့ ကျေးလက်သားတစ်ယောက်က မြို့တော်တွင် နေထိုင်ရန် ခက်ခဲသည်။ စန်းရှုယန်က အနည်းဆုံး ကလေးနှစ်ယောက် ယူမည်ဟု သဘောတူထားသည်။ အိမ်ထောင်ကျခါစ အစောပိုင်းနှစ်များက အလွန်ပျော်ရွှင်ဖွယ် ကောင်း၏။ ပထမနှစ်တွင် သူမက သမီးတစ်ယောက် မွေးခဲ့ပြီး စန်းမိသားစု မျိုးရိုးယူခဲ့၏။
တတိယမြောက်နှစ်တွင် သူမက မော့မိသားစုမျိုးရိုးနာမည်ယူသည့် ကောင်လေးတစ်ယောက်ကို မွေးခဲ့သည်။
နှစ်နှစ်အကြာ၌ ကလေးက ကြီးလာကာ သူတို့ကို သူမကိုယ်တိုင် ဂရုမစိုက်နိုင်တော့ပေ။ ထို့ကြောင့် မြို့တော်တွင် နေရန် သူမယောက္ခမများ ရောက်လာတော့သည်။ ပြီးနောက် ပြဿနာတချို့ ဖြစ်ပွားလာ၏။ မော့အန်လော့သည် သူ့မိဘများကို ကူညီရာ၌ နည်းစနစ်မကျကြောင်း ရှာတွေ့ခဲ့သည်။
ဉပမာအနေဖြင့် သူမ၏ ယောက္ခမများသည် သူမ ဝယ်ထားသည့် တိုက်ခန်းငယ်လေးများထဲမှ တစ်ခုကို ခန်းဝင်ပစ္စည်းအဖြစ် မော့အန်လော့နာမည်ကို သူမအား ထည့်စေချင်၏။ သို့မှသာ ထိုလူအိုကြီးနှစ်ဦးသည် အနှောင့်အယှက်မရှိ တိုက်ခန်းလေးထဲတွင် နေနိုင်မည်ဖြစ်ကာ ကလေးကိုလည်း ဂရုစိုက်နိုင်မည်ဟု ဆိုခဲ့သည်။ အကြောင်းမှာ သူတို့သားနာမည် ထည့်ထားသည့် နေရာတွင် နေမည်ဆိုမှသာ စိတ်အေးမည်ဟု ခံစားမိခဲ့သည်။
အိမ်က သေးသော်ငှား ဈေးမချိုပေ။
စန်းရှုယန်သည် အစောကတည်းက မော့အန်လော့ကို သတိထား၏။ မော့အန်လော့သည် တစ်ခါတစ်ရံတွင် လွန်ကဲလွန်းတာ အမှန်ပဲ ဖြစ်သည်။ ဉပမာအနေဖြင့် သူသည် သူ့သားအတွက် ပစ္စည်းများ ဝယ်လာပေးတတ်သော်ငှား သူ့သမီးက သူ့ကို တစ်စုံတစ်ခုတောင်းချိန်တွင် ဘာမှ ဝယ်မလာပေးပေ။
သူ၏ယောက္ခမများ ရွေ့ပြောင်းလာချိန်တွင် သူတို့က သူတို့သမီးကို မကြာခဏ ပြောတတ်၏။
"ညည်းက ငါတို့လောင်မော့ မိသားစုက မဟုတ်ဘူး။ ညည်းအမေရဲ့ မျိုးရိုးနာမည် ယူထားတာ။ ညည်းအမေရဲ့ မိသားစုကပဲ။ နောင်ကျ လိုတာရှိရင် ညည်းအမေနဲ့ အဘိုးအဘွားတွေကိုပြော"
သူမ၏ ယောက္ခမများက သားကိုသာ ဂရုစိုက်ပြီး လျစ်လျူရှုထား၏။
သူမ အလွန်ဒေါသ ထွက်ခဲ့ကာ တဖြည်းဖြည်းချင်း မော့အန်လော့နှင့် ပဋိပက္ခ ဖြစ်လျှက် စကားစများတော့သည်။ တစ်ချိန်တွင် သူမက မော့အန်လော့နှင့် ဆေးရုံရှိ သူနာပြုတစ်ယောက်တို့၏ မဖွယ်မရာ စကားပြောခန်းကို ရှာတွေ့သွားသည်။ သူမ၏ ခင်ပွန်းနှင့် ထိုသူနာပြုတို့သည် မည်သည့်အတိုင်းအတာအထိ ရောက်နေမှန်း မသိ။ အကြောင်းမှာ စကားပြောထားသည့် မှတ်တမ်းအားလုံးကို ဖျက်ထားသောကြောင့် ဖြစ်သည်။
သူမသည် အလိုလိုက်ခံထားရသည့် ပတ်ဝန်းကျင်နှင့် ကြီးပြင်းလာတာ ဖြစ်ပြီး တုံးအစွာ ကြီးပြင်းလာ၏။ သူမ မတတ်နိုင်တော့ဘဲ မော့အန်လော့ကို တည့်မေးသည်။
150 03
မော့အန်လော့က ဝန်မခံဘဲ ထိုအစား သူမက သံသဃလွန်ကဲနေကြောင်းနှင့် သူ့ကို မယုံကြည်ကြောင်း ပြောခဲ့၏။ သူ့ဖုန်းကို ယူကြည့်သည့်အတွက်တောင် ဒေါသတကြီး ပြန်ပြောခဲ့သည်။
ထိုစဉ်က သူမလုပ်ရပ်များလေသလား တစ်စုံတစ်ခု နားလည်မူ လွဲသွားလေသလားဟု တွေးမိခဲ့သည်။
ပြီးနောက် မော့အန်လော့သည် သူ့ဖုန်းကို မထားခဲ့တော့ပေ။
မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်တာ ကုန်လွန်သွားပြီး ဤအတိုင်း ဆက်သွားနေ၏။ မော့အန်လော့သည် သူမနှင့် အိပ်ရာ ခွဲအိပ်တတ်သည်။ ဆေးရုံရှိ အလုပ်က ပင်ပန်းသောကြောင့် အလုပ်ဆင်းလျှင် ကောင်းကောင်း အနားယူချင်ကြောင်း ပြောခဲ့သည်။
သူမ ဘာမှ မပြောခဲ့ပေ။ ဘဝက ဤအတိုင်း ဆက်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ သူမခင်ပွန်းအတွက် သူမခံစားချက်များ စတင် မှေးမိန်လာသော်ငှား သူတို့က မိသားစုသံယောဇဉ် ရှိနေသေး၏။
ယောက္ခမများနှင့် ပဋိပက္ခ ရှိသော်ငှား အနည်းဆုံးတော့ အပေါ်ယံနှင့် ပြဿနာ ကြီးကြီးမားမား မရှိပေ။
နှစ်နှစ်အတွင်း သူမ မည်သည့်အကြောင်းကြောင့်ရယ် မသိ နေ့စဉ်နေ့တိုင်း မွန်းကြပ်ကာ စိုးရိမ်ပူပန်တတ်လာ၏။ သူမက အကြောင်းပြချက် မရှိ ပြဿနာ စရှာကာ ဒေါသကြီးလာ၏။ မော့အန်လော့နှင့် အမြဲတစေ ပြဿနာ တက်နေပြီး သူမနှင့် မလိုက်ပေးသည့်အတွက် သို့မဟုတ် တခြားသေးသေးမွှားမွှားများအတွက် အပြစ်တင်တတ်လာ၏။
ပြဿနာတက်ပြီးနောက် သူမ အားအင် ကုန်ခမ်းကာ စိတ်အခြေအနေ ဆိုးရွားလာသည်။
မော့အန်လော့က သူမ စိတ်ဓာတ်ကျနေသလားဟု မေးခဲ့ကာ သူမ အခြေအနေသည် စိတ်ကျရောဂါ နှင့် ဆင်တူကြောင်း ပြောခဲ့ပြီး ဆေးရုံ၌ စစ်ဆေးရန် ခေါ်သွားပေးခဲ့သည်။
******