← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

151 01

အပိုင်း 151

ထိုစဉ်က စန်းရှုယန်ကလည်း သူမ တကယ် စိတ်ဓာတ်ကျနေတာ ဖြစ်လောက်သည်ဟု ထင်ခဲ့သည်။

သူမစိတ်အခြေအနေ ဆိုးရွားနေပြီး အကျိုးအကြောင်း မသင့်သည့် တောင်းဆိုမှုများ ပြုလုပ်ပြီးနောက် သူမကလေး၏ သူမအပေါ် ကြောက်လန့်မှုနှင့် သူမခင်ပွန်းက အထင်သေးသော အကြည့်များကို ရင်ဆိုင်ရမှာ ကြောက်ရွံ့ခဲ့သည်။

သူမခင်ပွန်း၏ အကြံပေးချက်အတိုင်း စိတ်ကျန်းမာရေး စစ်ဆေးရန်အတွက် သူမခင်ပွန်း ဆေးရုံရှိ စိတ်ကျန်းမာရေးဌာနသို့ သွားခဲ့သည်။ ရလဒ်က သူမ စိတ်ဓာတ်ကျနေကြောင်း ပြလာပြီး နေ့စဉ်နေ့တိုင်း စိတ်ဓာတ်ကျမှုကို ဖြေဖျောက်ရန် လိုအပ်၏။

သူမမိဘများသည်လည်း သူမ စိတ်ကျဝေဒနာ ခံစားနေရကြောင်း မကြာမှီ၌ ရှာတွေ့သွားသည်။

စန်း၏ မိဘများက သူမဆီ ရောက်လာပြီး အနားယူပြီး ပြန်လည်ကုစားရန်နှင့် သူတို့က ကလေးနှစ်ယောက်ကို ခေါ်ထားမည်ဖြစ်ကြောင်း ပြောလိုက်၏။

စန်းမိဘများ၏ အမြင်တွင် ကလေးနှစ်ယောက်က အဖေမျိုးရိုး၊ အမေမျိုးရိုး အသီးသီး ယူထားသော်ငြား နှစ်ယောက်လုံးကိုမှု သူတို့သမီးလေး မွေးထားတာ ဖြစ်သည်။ သို့သော်ငြား သူမ၏ ယောက္ခမများကမှု သူတို့အား သမီးကိုသာ ခေါ်သွားခိုင်းပြီး သားကို မခေါ်သွားခိုင်းခဲ့ပေ။ ထိုအခြေအနေကို မြင်တွေ့ပြီးနောက် စန်းရှုယန်က ပြိုကွဲလာကာ ထပ်ပြီး ဆူညံဆူညံ ပြုလုပ်တော့သည်။ နောက်ဆုံး၌ စန်းမိဘများသည် သူမနှင့် သူမသမီးကို စန်းမိသားစုသို့ ပြန်ခေါ်သွားလေ၏။

စန်းမိသားစုသို့ ပြန်ရောက်လာပြီးနောက် သူမ နေ့စဉ်နေ့တိုင်း စိတ်ကျဆေးများ သောက်နေရသေးသည်။ စန်းအိမ်၌ တစ်ရက်တာ နေပြီးနောက် သူမသမီးနှင့်အတူ အိမ်သို့ ပြန်လာ၏။

သူမစိတ်အခြေအနေက ယခင်အတိုင်း ရှိနေတိုင်းပင်။ လပေါင်းများစွာ ဆေးသောက်ပြီးနောက် သူမနှလုံးခုန်နှုန်း မြန်လာပြီး အမြင်အာရုံဝေဝါးလာကြောင်း ခံစားမိသည်။ သူမက ထိုအကြောင်းကို မော့အန်လော့ကို မေးချိန်၌ ဆေး၌ ဘေးထွက်ဆိုးကျိုး ရှိကြောင်း ပြောခဲ့၏။ သူမ နေ့စဉ်နေ့တိုင်း ပိုကောင်းလာမည် ဖြစ်ကြောင်းနှင့် သိပ်စိတ်ပူစရာ မလိုအပ်ကြောင်း သူမကို ပြောခဲ့သည်။ စိတ်ဓာတ်ကျမှုကို သင့်တော်စွာ ကုသခဲ့လျှင် အားလုံး အဆင်ပြေသွားလိမ့်မည်။ ထိုစဉ်က သူမသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိသေး၏။

သူမ၏ ဝေဒနာက အလွန် ထူးဆန်းသည်။ စိတ်ဓာတ်ကျမှု၏ အကြီးမားဆုံး လက္ခဏာက သေချင်စိတ် ပြင်းပြတာပဲ ဖြစ်သည်။ အခြားသော လက္ခဏာများ ရှိနေနိုင်သော်ငြား သူမသည် တစ်ခါမှ သေဖို့ မစဉ်းစားခဲ့ပေ။

သူမခင်ပွန်းကို ထိုအကြောင်း ပြောပြပြီး မေးလိုက်၏။

“ဆရာဝန်က ရောဂါ စမ်းသပ်တာ မှားတာများလား”

ထိုစဉ်က မော့အန်လော့သည် အနည်းငယ် ကြောက်လန့်သွားပုံပေါ်၏။ ဆရာဝန်က ရောဂါမှားယွင်း စမ်းသပ်မိကြောင်း စန်းရှုယန် ပြောတာကို ကြားသောအခါ သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။

“အဲလို မဟုတ်ဘူး။ မှားယွင်းတာ မဟုတ်ဘူး။ ဆရာဝန်ကို ယုံရမယ်လေ”

နှစ်ရက်အကြာ၌ စန်းရှုယန်သည် ညစာစားပြီးနောက် အိပ်ငိုက်လာလေ၏။ သူမ၏ ယောက္ခမများနှင့် ကလေးများက လမ်းလျှောက်ထွက်သွားသည်။ ထိုကြောင့် သူမကလည်း အခန်းပြန်သွားပြီး နားချင်၏။

သူမ အိပ်ရာခေါင်းရင်း၌ အိပ်ငိုက်လာသည်။ မကြာမှီ၌ ပြတင်းပေါက်က ဖွင့်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူမက ပြတင်းပေါက်ဘောင်ပေါ်၌ ထိုင်နေတာ တွေ့လိုက်ရ၏။ သူမ ကြောက်လန့်သွားခဲ့သည်။ သူမ အသိစိတ် မကပ်သေးခင် အနောက်ကနေ အားပြင်းပြင်းဖြင့် တွန်းလိုက်တာကို ခံစားမိ၏။ သူ လှည့်ကြည့်မိလိုက်သောအခါ သူမခင်ပွန်း၏ ရက်စက်သောအကြည့်များကို တွေ့လိုက်ရသည်။

သူတို့က ၁၈ ထပ်တွင် နေတာ ဖြစ်ပြီး သူတို့၏ ပြတင်းပေါက်အောက်တွင် ကွန်ကရစ်သား ရှိ၏။ သူမ တွန်းချခံလိုက်ရပြီး နေရာမှာတင် သေသွားကာ အဆောက်အအုံအောက်၌ ကစားနေသည့် ကောင်လေးတစ်ယောက်ကိုတောင် ထိမိသွား၏။ သူမနှင့် ကောင်လေးနှစ်ယောက်လုံး သေသွားတော့သည်။ နောက်ဆက်တွဲဖြစ်ရပ်က ပရမ်းပတာပင်။ စန်းမိဘများက ပြိုကွဲပြီး ငိုကြွေးနေကြကာ သူတို့၏ သမီး သတ်သေတာကို မယုံနိုင် ဖြစ်နေကြ၏။ ထိုကောင်လေးမိဘများကလည်း သူတို့အိမ်သို့ရောက်လာပြီး ပြဿနာ ရှာတော့သည်။

151 02

ယောက္ခမများကလည်း နေရာမှာတင် ငိုကြွေးနေကြပြီး မော့အန်လော့ကလည်း စိတ်ပျက်အားငယ်နေ၏။

သူမက ဧည့်ခန်းထဲတွင် မျောလွင့်နေလျှက် ၁၀ နှစ်ကျော် အတူနေထိုင်ခဲ့သည့်တိုင် သူမ ဖောက်ထွင်း မမြင်နိုင်ခဲ့သည့် ကြောင်သူတော် ခင်ပွန်းကို ကြည့်နေမိသည်။

သူတို့နှစ်ယောက်လုံး ဘဝသက်ဆုံးတိုင်အထိ တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ နေမည်ဟု ထင်ခဲ့သော်ငြား ဤလူကမှု သူ့လက်ဖြင့် သူမကို သတ်ခဲ့လေ၏။

စန်းမိဘများသည် သူတို့၏ သမီး စိတ်ကျဝေဒနာ ခံစားနေရမှန်း သိသည်။ သတ်သေလိမ့်မည်ဟု မယုံနိုင်ပေ။ သို့သော် သူတို့ ယုံလိုက်ရတော့၏။ တကယ်တော့ သူတို့၌ သံသယတချို့ ရှိသည်။ သို့သော် ထိုကောင်လေးက သူတို့အိမ်လာပြီး ပြဿနာရှာလေ၏။ ဤအဖြစ်အပျက်က လဝက်ကျော် ကြာနှောင်းသွားပြီး သူမအလောင်းကိုမှု ဂူသွင်းပြီးပြီဖြစ်၏။ စန်းမိဘများသည် ထိုစဉ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသော်ငြား နောက်ကျလွန်းသွားပြီ ဖြစ်သည်။

ထိုထပ်ပိုသည်က ဆရာဝန်တစ်ယောက်က သူမကို သတ်ချင်ခဲ့တာ ဖြစ်ပြီး အချိန်ကြာမြှင့်စွာ အစီအစဉ် ချမှတ်ထားခဲ့၏။ သူမကို ရင်ခွဲစစ်ဆေးရန် ဆေးရုံသို့ ပို့ခဲ့လျှင်တောင် ပြဿနာ တစ်စုံတစ်ရာကို မည်သူမှ ရှာတွေ့မှာ မဟုတ်ပေ။

ဆေးရုံ၌ သူမ၏ ဆေးမှတ်တမ်းများ ရှိပြီး သူမ သောက်သည့်ဆေးများကိုလည်း မှတ်တမ်းတင်ထားသည်။

မော့အန်လော့သည် သူက သူ့ဇနီးကို သတ်ချိန်၌ မတော်တဆ ကောင်လေးတစ်ယောက်ကို သတ်မိလောက်သည့်အထိ ကံဆိုးလိမ့်မည်ဟု မထင်ထားပေ။

ဤကိစ္စက လဝက်ကျော် ကြာညောင်းပြီးနောက် ယွမ် တစ်သန်း လျော်ကြေး ပေးပြီးချိန်၌ ငြိမ်ကျသွားတော့သည်။ ထိုပိုက်ဆံသည် စန်းရှုယန် စုဆောင်းထားသည့် ပိုက်ဆံပဲ ဖြစ်၏။ သူမ အိမ်ထောင်ကျစဉ်က စန်းမိဘများသည် ခန်းဝင်ပစ္စည်းအဖြစ် သူမကို ငွေကြေးအမြောက်အများ ပေးခဲ့ပြီး သူမအတွက် သိမ်းထားပေးခဲ့၏။ သေလွန်ပြီးနောက် သူမ ပိုင်ဆိုင်သမျှ ဉစ္စာပစ္စည်း နှစ်ခုကို မော့အန်လော့၏ အမည်အောက် ရွေ့ပြောင်းခဲ့သည်။

မော့အန်လော့ကမှု သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်၏။ သူက ဆေးရုံနှင့် သူတို့ အသိုင်းအဝိုင်းတွင် အလွန်နာမည်ကြီးသည်။

သူက သားရဲစိတ်ဓာတ်ဖြင့် ဆန်ကုန်မြေလေး တစ်ယောက် ဖြစ်လိမ့်မည်ဟု မည်သူမှ မမှန်းဆနိုင်ပေ။

မော့အန်လော့သည် လဝက်အတွင်း ကိုယ်အလေးချိန်များစွာ ဆုံးရှုံးသွားသည်။ ပါးရိုးများ ချောင်ကျလာ၏။ ထိုအချိန် စန်းမိဘများက တဖြည်းဖြည်းချင်း သူတို့ သံသယကို ဖယ်ရှားလိုက်တော့သည်။ ထိုစဉ်က စန်းရှုယန်၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုသည် အိမ်နှစ်လုံး ဖြစ်လောက်၏။ ယင်းက သူတို့ သမီးနာမည်ဖြင့် ပေးထားတာ ဖြစ်သည်။ သူမ၌ သေတမ်းစာ မရှိခဲ့ပေ။ ထိုကြောင့် သူမ၏ ပိုင်ဆိုင်မှုကို သူမ၏ခင်ပွန်း၊ ကလေးနှင့် မိဘများက ဆက်ခံရမှာပဲ ဖြစ်သည်။

စန်းမိသားစု မိဘများသည် ထိုပမာဏအနည်းငယ်ကို မလိုအပ်ပေ။ ထိုကြောင့် သူတို့ မယူပဲ မော့အန်လော့ကိုသာ ကလေးနှစ်ယောက်ကို ကောင်းကောင်း ဂရုစိုက်ခိုင်းလိုက်၏။

ထိုစဉ်က စန်းရှုယန်သည် သရဲတစ်‌ကောင် ဖြစ်လာပြီး ပြင်းထန်သည့် နာကျင်မှုကို ခံစားခဲ့ရသည်။ မကြာမှီ၌ မော့အန်လော့သည် ညအချိန်၌ အိမ်တွင် အရက်သောက်လာတော့သည်။ သူက အခန်းထဲတွင် နေပြီး တသိမ့်သိမ့် ရယ်မောကာ စန်းရှုယန်ကို စော်ကားပြောဆိုလျှက် သူမက သူနဲ့ သူ့မိဘများကို အထင်သေးကြောင်းနှင့် ကလေးကတောင် စန်းမျိုးရိုး ယူထားရကြောင်း၊ ထိုကြောင့် သူ သေသင့်ကြောင်း ပြောခဲ့သည်။ သူ့ဘာသာသူ စကားပြောပြီး စန်းရှုယန် သူ့အပေါ် ပြုလုပ်ခဲ့သည့် လုပ်ရပ်များကိုလည်း ပြော၏။

အစထဲက စန်းရှုယန်သည် ဒေါသထွက်လာရခြင်းမှာ မော့အန်လော့က သူမကို ဆေးခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဆေးက တရားဝင်ဆေး မဟုတ်။ အဆိပ်မဖြစ်စေနိုင်သော်ငြား ဘေးထွက်ဆိုးကျိုးတချို့သာ ရှိသည်။ ထိုဘေးထွက်ဆိုးကျိုးက စိတ်ဓာတ်ကျမှုလက္ခဏာများနှင့် ဆင်တူ၏။

မော့အန်လော့သည် တမင်တကာဖြင့် သူမကို ဆေးရုံ၌ ဆေးသွားစစ်ခိုင်းခဲ့တာ ဖြစ်၏။

သူမလက္ခဏာများက စိတ်ကျရောဂါနှင့် အလွန်ဆင်တူနေသောကြောင့် ဆရာဝန်သည် စိတ်ကျရောဂါအဖြစ် စမ်းသပ်ခဲ့၏။ ဆရာဝန်က သူမကို ရောဂါမှားယွင်း စမ်းသပ်တာ ဖြစ်လောက်သည်ဟု မော့အန်လော့အား သူမ ပြောပြခဲ့သည်။ မော့အန်လော့သည် သူမ တစ်စုံတစ်ခုကို သံသယဝင်သွားမှာ စိုးရိမ်ခဲ့သောကြောင့် သူ ညအချိန်တွင် သူသောက်သည့် ဟင်းချိုထဲ၌ အိပ်ဆေးများ ထည့်ပြီးနောက် သူမ သတ်သေသယောင် ပြုလုပ်ကာ သူမ စိတ်ဓာတ်ကျမှုကြောင့် သတ်သေသယောင်သဖွယ် ဖန်တီးခဲ့သည်။

151 03

သူမ စိတ်ဓာတ်ကျမှုကို ဆေးရုံက စမ်းသပ်ထားတာ ဖြစ်၏။

သူမမိဘများကလည်း ထိုအကြောင်းကို သိသည်။ လူတိုင်းကမှု သူမ စိတ်ဓာတ်ကျမှုကြောင့် သတ်သေသည်ဟု ထင်ခဲ့၏။

သူမ ယင်းကို မုန်းတီးမိသောကြောင့် ညအချိန်တွင် မော့အန်လော့ကို သွားရှာခဲ့သည်။ မော့အန်လော့က ထိတ်လန့်သွား၏။ လူတို့ သေလွန်ပြီးနောက် သရဲတစ္ဆေဖြစ်လိမ့်မည်ဟု မထင်ထားပေ။ သူ ကြောက်လန့်နေခဲ့၏။ ထိုကြောင့် သရဲတစ္ဆေကို ဖယ်ရှားပေးရန် တာအိုဆရာတစ်ပါးကို တိတ်တဆိတ် ရှာဖွေခဲ့သည်။ သူက အဓိပ္ပာယ်မရှိ လျှောက်ဖန်တီးပြီး သရဲက သူ့ကို ပတ်သက်ချင်နေကြောင်း တာအိုဆရာကို ယုံကြည်အောင် ပြောခဲ့၏။

သူမ၌ ဝိညာဉ်တစ်မျှင်သာ ကျန်တော့သည့်အချိန်တွင် သူမ အမြဲတစေ လွယ်နေကျ အိတ်၌ ကပ်သွယ်လိုက်ပြီး ထို ကပ်ဘေးမှ လွတ်မြောက်အောင် ပြေးလာခဲ့သည်။

သူ၏ ဝိညာဉ်သည် လက်စားချေဖို့ အလွန် အားနည်းလွန်းနေ၏။ ထိုကြောင့် အိတ်ပေါ်က သူ့သာသာသူတောင် မထွက်ခွာနိုင်ပေ။

နှစ်ဝက်ခန့် ကြာညောင်းပြီးနောက် မော့အန်လော့ဘေး၌ အမျိုးသမီးတစ်ယောက် မှ မရှိနေတာကို မြင်ရပြီး စန်းမိဘများက ပိုင်ဆိုင်မှုများ လွှဲပြောင်းပေးရန် သဘောတူခဲ့၏။ သူက ပိုင်ဆိုင်မှုများ ရရှိပြီးနောက် အလွန် လွတ်လပ်ပေါ့ပါးသော ဘဝ၌ နေထိုင်နိုင်ခဲ့သည်။ သူက မြို့တော်၌ အိမ်နှစ်လုံးရှိပြီး အလုပ်အကိုင် ရထား၏။ သူ၌ ကလေးနှစ်ယောက်ရှိသော်ငြား သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်နိုင်သည်။ သူကို တွယ်ညှိနေသည့် မိန်းမငယ်လေးများလည်း ရှိ၏။

သူမကမှု ထိုအိတ်တွင် ပူးကပ်နေပြီး အားလုံးကို ကြည့်နေရ၏။ သူမမိဘများ၏ အိမ်မက်ထဲတွင်တောင် ပေါ်လာဖို့က အားနည်းလွန်းနေသည်။ နောက်ဆုံး၌ မော့အန်လော့က သူမ၏ ပိုင်ဆိုင်မှုများကို ဖြေရှင်းလိုက်တော့သည်။

သူမ၌ ဒီဇိုင်နာ အိတ်များစွာ ရှိ၏။ အားလုံးကို ဒုတိယတန်းစား တန်ဖိုးကြီးဆိုင်များ၌ ရောင်းလိုက်သည်။

နှစ်ရက်အတွင်း သူမ၏အိတ်ကို ယဲ့ကွေ့ရန်က ဝယ်သွားသည်။ စန်းရှုယန်က ယဲ့ကွေ့ရန်၏ အိမ်မက်ထဲတွင် ပေါ်လာနိုင်သော်ငြား သူမ စကားမပြောနိုင်လောက်အောင် အားနည်းနေခဲ့သည်။

ကံကောင်းသည်မှာ ယဲ့ကွေ့ရန်က ယွင်ယွီကို လာရှာ၏။ ယွင်ယွီကလည်း အမှန်အမှား ဝေဖန်ပိုင်ခြားနိုင်သော လူတစ်ယောက် ဖြစ်ပြီး သူမကို မိစ္ဆာဝိညာဉ်အဖြစ် မသတ်မှတ်ပေ။

စန်းရှုယန်က ငိုယိုလိုက်၏။

“ဆရာ ကျွန်မ ဒါကို လက်မခံနိုင်ဘူး။ သူ လုပ်ခဲ့တာတွေအတွက် ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး။ သူ့ကို တစ်ခါမှလည်း အထင်မသေးခဲ့ဘူး။ ဒါပေမဲ့ သူ ကျွန်မကို ဘာကြောင့် သတ်ချင်တာလဲ”

ယွင်ယွီက သက်ပြင်းချလိုက်၏။

“ဘာကြောင့်များ ဖြစ်နိုင်ရမှာလဲ။ သူက အပြစ်မရှိဘဲ အမှောင်လမ်း ရောက်နေရုံပဲ။ သူက နာခံတဲ့ ဇနီးတစ်ယောက် လိုချင်ခဲ့တာ။ ဒါပေမဲ့ ရှင်ရဲ့ ခန်းဝင်ပစ္စည်းတွေကိုလည်း ပစ်မထုတ်ချင်ဘူးလေ။ သူက အကျိုးအမြတ်နဲ့ ရှင်ပိုင်ဆိုင်မှုကို လိုချင်တယ်။ ဒါကြောင့် သူ ရှင့်ကို သတ်လိုက်တာပဲ”

ယဲ့ကွေ့ရန်က ဂနာမငြိမ်ဖြစ်လာတော့သည်။ သူသည် အမျိုးသမီး သရဲမ ပြောတာကို မကြားနိုင်သော်ငြား သရဲသေဆုံးခြင်း အကြောင်းတရားကို ယွင်ယွီပြောပြသောကြောင့် နားလည်နေပြီဖြစ်သည်။

စန်းရှုယန်က သွေးမျက်ရည် ကျလာလေ၏။

ယွင်ယွီက မေးလိုက်တော့သည်။

“ရှင် အခု ဘာလုပ်ချင်လဲ”

သူမက မုန်းတီးစွာ ပြောလိုက်လေ၏။

“ကျွန်မ မော့အန်လော့ကို သူ့သွေးကြွေးကို သွေးနဲ့ ပြန်ပေးဆပ်စေချင်တယ်”

“ဒီလိုဆိုရင်ရော”

ယွင်ယွီက ခဏတဖြုတ် စဉ်းစားပြီးနောက် ပြောလိုက်၏။

151 04

“ရှင်က မြို့တော်ကပဲ။ ဝေးလွန်းနေတယ်။ ကျွန်မ အိမ်မှာ ကလေးတစ်ယောက်ရှိပြီး မသွားနိုင်ဘူး။ ဒီကိစ္စကို ကျွန်မကိုယ်တိုင် မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ ရွှမ်းမန် ဂိုဏ်းဝင်တစ်ယောက်ဖြစ်တဲ့ မိတ်ဆွေတစ်ယောက် ကျွန်မမှာ ရှိတယ်။ သူ ကူညီပေးနိုင်လောက်တယ်”

“ကျေးဇူးပါ”

ယွင်ယွီက လုံချီရှောင်ကို ဆက်သွယ်လိုက်သည်။

ဖုန်း၏ တစ်ဖက်၌ သန်းဝေသံ ပေါ်ထွက်လာပြီးနောက် ထိုဖုန်းထူးသူက ပြောလိုက်၏။

“ရှောင်ယွီအာလား”

သူသည် လက်တလော၌ သန္ဓေသားဝိညာဉ်အမှုကိစ္စကို စုံစမ်းစစ်ဆေးပြီး အလုပ်များနေကာ သူ့ဘိုးဘေးကျန်ရစ်ခဲ့သည့် မှတ်စုများအားလုံးကို ရှာဖွေ့ခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်သည့် ဘာမှတ်တမ်းမှ ရှာမတွေ့ခဲ့ပေ။ သို့သော် သူက လက်မလျော့ခဲ့ပဲ လက်တလောတွင် အချက်အလက်များစွာ ရှာတွေ့ပြီး တခြားသော ဂိုဏ်းများဆီမှ မှတ်စုများကို ရှာကာ ဆက်လက် စုံစမ်းစစ်ဆေးရန် ရည်ရွယ်ထား၏။

သူသည် သန္ဓေသားဝိညာဉ်က တစ်စုံတစ်ခု မှုမမှန်ကြောင်း ခံစားမိသည်။ ယင်းကို အထူးဌာနက ဖြေရှင်းကိုင်တွယ်သင့်မှန်း သိသည်။

ယွင်ယွီက ပြောလိုက်တော့သည်။

“အစ်ကိုဝမ်းကွဲ မေးစရာရှိလို့”

လုံချီရှောင်က ပြော၏။

“ပြောပါ”

ယွင်ယွီသည် စန်းရှုယန်၏ အမှုအကြောင်း လုံချီရှောင်ကို ပြောပြလိုက်ပြီး လုံချီရှောင်က ပြောလာ၏။

“ဒီအမှုက နှစ်ဝက်ကျော်နေပြီ။ သက်သေတွေနဲ့ စဖို့ကတော့ တော်တော် ခက်ခဲမယ်။ ဒါပေမဲ့ တခြားနည်းနဲ့ဆိုရင် ငါ ကြိုးစားကြည့်နိုင်မယ်။ ပြဿနာကြီး မဟုတ်လောက်ဘူး။ အမှားအယွင်း မရှိရင် လဝက်အတွင်း ဖြေရှင်းနိုင်လောက်တယ်”

ယွင်ယွီက သူ့ကို ကျေးဇူးတင်လိုက်လေ၏။

ပြီးနောက် သူမသည် စန်းရှုယန်ကို ပြောလိုက်သည်။

“ဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ နည်းနည်းကြာပြီ။ ဒီတော့ သက်သေတွေနဲ့ စဖို့က ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ တခြားနည်းလမ်း‌တွေ ရှိတယ်။ စိတ်မပူနဲ့။ သူ ဝဋ်လည်မှာပဲ”

လုံချီရှောင်၏ အဖွဲ့သည် တရားဝင်ဌာနဖြစ်သည်။ ထိုကြောင့် သူတို့သည် တရားဝင် လုပ်ငန်းဆောင်တာအတိုင်း သွားရမည်။ သူတို့က မော့အန်လော့ အညံ့ခံအောင် လုပ်နိုင်မည့် နည်းလမ်းတချို့ ရှာတွေ့လောက်သည်ဟု ခန့်မှန်းမိသည်။

စန်းရှုယန်သည် ယွင်ယွီကို သွေးမျက်ရည်များဖြင့် တောင်းပန်လိုက်၏။

ယွင်ယွီက ပြောလိုက်သည်။

“ရှင်ရဲ့ ဝိညာဉ်က မငြိမ်ဘူး။ အားနည်းလွန်းနေတယ်။ အခုတော့ ဒီအိတ်မှာ ဆက်ပူးကပ်ထားလိုက်အုန်း။ နောက်မှ ရှင်နေဖို့ နေရာကို လုပ်ပေးမယ်။ ကျွန်မအိမ်မှာ အခန်းအလွတ်တွေ အများကြီး ရှိတယ်။ ရှင့်အတွက် အစီအရင်လေးတစ်ခု တည်ဆောက်ပေးထားမယ်။ ရှင်ရဲ့ ဝိညာဉ်ကို အရင်ဆုံး ဂရုစိုက်သင့်တယ်”

သူမသည် ဆန်းရှုူယန် ပူးကပ်ထားသည့် အိတ်တံဆိပ်ကို တစ်ချက်ကြည့်လိုက်သည်။ စန်းရှုယန်သည် အချိန်အတော်ကြာ ၎င်းကို လွယ်ခဲ့သောကြောင့် ဖြစ်မည်။ သူ၏ အငွေ့အသက်များ ပြည့်နေ၏။ ထိုကြောင့် အရေးကြီးသည့် အခိုက်အတန့်တွင် ၎င်းကို ပူးကပ်နိုင်ပြီး သူ့အသက်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့၏။

စန်းရှုယန်က သူမကို ကျေးဇူးတင်စကားပြောပြီး အိတ်ကို ပူးကပ်လိုက်သည်။

ယွင်ယွီသည် စိတ်ရှုပ်ထွေးနေသော ယဲ့ကွေ့ရန်ကို ကြည့်ပြီးနောက် စိုးရိမ်ရန် မလိုကြောင်းနှင့် အရာအားလုံး အဆင်ပြေကြောင်း ပြောခဲ့သည်။

ယဲ့ကွေ့ရန်က မမေးဘဲ မနေနိုင်တော့ပေ။

“ဆရာ အဲဒီသရဲမက ဘာဖြစ်တာလဲ”

ယွင်ယွီသည် ဖုံးကွယ်မထားဘဲ စန်းရှုယန်အကြောင်း သူမကို ပြောပြခဲ့၏။ ထိုမိန်းကလေး၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာကာ ထိုသရဲမကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

နောက်လာမည့် ကိစ္စများက ယဲ့ကွေ့ရန်နှင့် မသက်ဆိုင်တော့သော်ငြား သူမသည် အပန်းဖြေစခန်း၌ နေရတာ အလွန်ဇိမ်ကျနေပြီး အချိန်အတိုင်းအတာတစ်ခုအထိ မြို့တော်သို့ ပြန်ရန် အစီအစဉ် မရှိပေ။ ထိုကြောင့် ဤနေရာ၌ ဆက်နေလေ၏။

ယွင်ယွီကလည်း အိတ်ကို အိမ်သို့ သယ်သွားပြီး အခန်းလွတ်တစ်ခုကို ရှာကာ ရိုးရှင်းသည့် ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခု တည်ဆောက်ပေးလိုက်သည်။

ချင်ယွီစွေ ထွက်လာချိန်တွင် သူက မူမူကို ချီထားလျှက် သူမကို လာရှာ၏။

မူမူက လေးလသား ရှိပြီဖြစ်သည်။ သူက ဖြူဖွေးပြီး လှပသည့် မျက်ဝန်းများ ရှိသည်။

မူမူက ယွင်ယွီကို မြင်သောအခါ လက်ဆန့်ထုတ်လျှက် အသံနှစ်ချက်ပြုကာ ယွင်ယွီကို ဖက်ခိုင်းနေ၏။

ယွင်ယွီက မူမူကို နို့တိုက်ပြီးနောက် အိပ်ခန်းထဲ ခေါ်သွားသည်။ ချင်ယွီစွေက မူမူကိူ ချီပြီး သူမကို မေးလိုက်၏။

“အားလုံး အဆင်ပြေလား”

“ပြီးသလောက်ပဲ။ ကျွန်မ အစ်ကိုဝမ်းကွဲကို ဆက်သွယ်လိုက်တယ်။ ဒီအဖြစ်အပျက်က မြို့တော်မှာ ဖြစ်တာဆိုတော့ ကျွန်မလည်း မသွားနိုင်ဘူး။ ဒါကြောင့် ဝမ်းကွဲကို ဖြေရှင်းဖို့ အကူအညီတောင်းလိုက်တာ”

သူမသည် ချင်ယွီစွေကို စန်းရှုယန်၏ အခြေအနေအကြောင်း ပြောပြလိုက်၏။

******

All Chapters