အခန်း ၁၅၂
Vol. 16 Ch. 152
152 01
အပိုင်း 152
ချင်ယွီစွေသည် ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်မိသွားလေ၏။ သူသည် ထိုကဲ့သို့ ကြောင်သူတော်သားရဲနှင့် တွေ့ရမည့်အစား တာဝန်ထမ်းဆောင်နေစဉ် ရက်စက်ကြမ်းကြုတ်သော လူဆိုးတစ်ယောက်နှင့်သာ တွေ့လိုက်ချင်သည်။
ထိုသို့ ပြောပြီးနောက် ယွင်ယွီသည် မူမူကို ချီကာ ကျီစယ်လိုက်တော့သည်။ စားသောက်ပြီးနောက် မူမူက အလွန်တည်ငြိမ်နေလေ၏။ သူက သူ့မိခင် လက်လှမ်းတာကို ကြည့်ပြီး သူ၏လက်လေးကို ကိုင်ထားကာ “မူမူ … မူမူ” ဟုခေါ်နေ၏။
ယွင်ယွီက ခဏတဖြုတ် အော်နေပြီးနောက် မော့ကြည့်ကာ ချင်ယွီစွေကို မေးလိုက်တော့သည်။
“ကျွန်မတို့ ကလေးထိန်းတစ်ယောက်ခေါ်ရင်ရော ဘယ်လိုလဲ။”
မူမူက ကြီးထွားနေဆဲဖြစ်ကာ သူတို့ လင်မယားက တစ်ခါတစ်ရံ အလုပ်များပေ၏။
ထိုအပြင် ချင်ယွီစွေက ရက်ပိုင်းအတွင်း ခရီးဝေးထွက်ရမည့် မစ်ရှင်တစ်ခု ရှိနေသည်။ သူ၏ အသင်းဖော်များသည် သူ့ကို ပုံမှန်ရက်များတွင် အလွယ်တကူ နှောင့်ယှက်လေ့ မရှိပေ။ သူတို့ဘာသာ ရိုးရှင်းသော တာဝန်များကို ဖြေရှင်းနိုင်၏။ ထိုအပြင် ယွင်ယွီကလည်း သူတို့အား အမျိုးမျိုးသော အဆောင်များကို ပံ့ပိုးပေးနေသည်။ သူမ၏ အဆောင်များက အလွန် အသုံးဝင်နေသေးပြီး သွေးတိတ်စေသည့် အဆောင်များက ဆန်းကြယ်လွန်းပေ၏။
အကန့်အသတ်မရှိ ထောက်ပံ့မှုဖြင့် သူတို့ မစ်ရှင်ထမ်းဆောင်ချိန်တိုင်းတွင် အဆောင်များအားလုံး သယ်သွားသည်။ ထိုလူများအားလုံးသည် ချင်ယွီစွေ ဂရုစိုက်သည့် လူများဖြစ်သောကြောင့် သူမကလည်း သူတို့ ဘေးကင်းဖို့ မျှော်လင့်မိသည်။
ချင်ယွီစွေက ရက်ပိုင်းအတွင်း ထွက်ခွာတော့မည် ဖြစ်သောကြောင့် သူမသည် အပန်းဖြေစခန်း၏ ကိစ္စများကို ဂရုစိုက်ရမည်။ အဘွားယွင်၊ အမေယွင်နှင့် သူမ၏ မမတို့က အလုပ်ကိစ္စ ကိုယ်စီရှိကြသည်။
ယွင်မိသားစုအား မူမူကို ထိန်းခိုင်းဖို့က မဖြစ်နိုင်ပေ။ ထိုအပြင် ဗိုလ်ချုပ်လုံက အသက်ကြီးပြီဖြစ်ကာ အပန်းဖြေစခန်းသို့ ရွေ့ပြောင်းနေနှင့်ပြီဖြစ်သည်။ အန်တီကြည်က ဗိုလ်ချုပ်လုံကို ဂရုစိုက်ပေးသည့်သူ ဖြစ်၏။ ထိုကြောင့် မူမူကို ဂရုစိုက်ပေးရန် တစ်ချိန်လုံး ပြောနေခြင်းက မကောင်းပေ။
ချင်ယွီစွေက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်၏။
“ဟုတ်ပြီလေ။ ကိုယ့်အဘိုးကို မေးလိုက်မယ်။ မြို့တော်မှာ လူရှာရတာ ပိုကောင်းလိမ့်မယ်။”
မူမူ၏ အခြေအနေသည် သုံးနှစ်ရောက်ချိန်၌ တိုးတက်လာမည်ဖြစ်ကာ မူကြိုကျောင်း စတက်နိုင်လိမ့်မည်။ လက်တလော၌ ဗိုလ်ချုပ်လုံကမှု အပန်းဖြေစခန်း၌ စားသောက်နေလေ၏။
ထိုကြောင့် ယွင်ယွီနှင့် သူ၏ ခင်ပွန်းတို့သည် ယွင်ခြံဝန်းသို့ သွားကာ သူတို့မိသားစုနှင့် ညစာသွားစားရသည်။ ညစာစားပြီးနောက် သူတို့ စုံတွဲက မူမူကို ရွာထဲ တစ်ပတ်ပြပေး၏။ နွေရာသီ ရောက်နေပြီဖြစ်သော်ငြား အပူဓာတ်ကို သိပ်မခံစားရပေ။ ရွာသားများသည် မနှစ်ကထက် ပိုပြီး အေးမြသည်ဟု ခံစားနေရသည်။
ချင်ယွီစွေသည် ယခုဆို လေးလသားအရွယ်ရှိနေပြီဖြစ်သည့် မူမူကို ချီထားသည်။ သူ၏ အသားအရေက အလွန် နူးညံ့နေကာ ကလေးအဆီလေးတချို့ ရှိ၏။ သို့သော် ပြည့်ဖြိုး မနေပေ။ ကလေးက အလွန်လိမ္မာပြီး သူ့ဖခင်၏ပုခုံးပေါ်တွင် မှီထားကာ ပတ်ဝန်းကျင်ကို ကြည့်နေလေ၏။ နောက်ဆုံး၌ သူမ၏ အကြည့်သည် ကလေး သရဲလေးနှစ်ယောက်ဆီ ရောက်သွား၏။ ကျန်သည့်သူများက ထိုနှစ်ယောက်ကို မမြင်နိုင်သော်ငြား ယွင်ယွီက သူတို့ကို မြင်နိုင်၏။
သူတို့က ဝမ်ယုလင်နှင့် ဝမ်ကျစ်ရှင်းတို့ပဲ ဖြစ်သည်။ ထိုအပြင် အိမ်၌ စန်းရှုယန် ရှိနေ၏။ ယွင်ယွီက အိမ်၌ သရဲသုံးကောင်ကို ခေါ်ထားပြီ ဖြစ်သည်။
ဝမ်ယုလင်နှင့် ဝမ်ကျစ်ရှင်းတို့က ယွင်ယွီကို မြင်သောအခါ ရောက်ချလာ၏။ ဝမ်ကျစ်ရှင်း၏ အကြည့်က ချင်ယွီစွေ၏ ပုခုံးပေါ်ရှိ မူမူအပေါ် ရောက်သောအခါ ယွင်ယွီက ပြောလိုက်တော့သည်။
“မူမူက သိပ်လိမ္မာတာပဲ။”
ယွင်ယွီက ပြုံးလျှက် မေးလိုက်လေ၏။
“ရှင်တို့တွေ အပန်းဖြေစခန်းကို ဘာလို့ မသွားတာလဲ။”
152 02
လက်တလောတွင် သူတို့ နှစ်ယောက်က အပန်းဖြေစခန်းသို့ သွားရတာ နှစ်သက်နေသည်။ ဝမ်ကျစ်ရှင်း၏ မျက်နှာအထက်၌ စိုးရိမ်ပူပန်မှုများ ပြည့်နေလေ၏။ သူမက ယွင်ယွီကို ပြောလိုက်တော့သည်။
“ဆရာ အစ်ကို ဝမ်အာနှင့် သမီးက ဆရာ့ကိုပြောဖို့ ရောက်လာတာ။ သမီးမောင်လေးကို တိတ်တိတ်လေး ခေါ်လာတာ သမီးမိဘတွေ သိသွားပြီ။ သူတို့က ဆရာကို မကြာခင် လာတွေ့လောက်တယ်။”
ယင်းသည် မနှစ်တုန်းက ဖြစ်ပျက်ခဲ့တာပင်။ ဝမ်ကျစ်ရှင်းသည် သူ၏ မိဘများ ဆိုးသွမ်းစွာ ပျိုးထောင်ခံထားရသည့် ၅ နှစ်၊ ၆ နှစ် အရွယ် မောင်လေးတစ်ယောက် ရှိ၏။ သူက ဆိုးသွမ်းလွန်းပြီး ကွယ်လွန်သွားပြီ ဖြစ်သည့် လူကြီးတစ်ယောက်ကို စော်ကားခဲ့မိသည်။ ရလဒ်အနေဖြင့် ထိုအကြီးအကဲကြောင့် စော်ကားခံခဲ့ရ၏။ ဝမ်ကျစ်ရှင်း၏ မိဘများသည် ကလေးကို ခေါ်လာပြီး ယွင်ယွီထံ အကူအညီတောင်းခဲ့၏။ ယွင်ယွီက ဝမ်ကျစ်ရှင်းကြောင့် ပြဿနာ ဖြေရှင်းရန် ကူညီပေးခဲ့သော်ငြား ဝမ်ကျစ်ရှင်းသည် သူမမိဘများကို သူမမောင်လေးအား သွန်သင်ခွင့် မပေးနိုင်ဟု ခံစားမိသည်။ ထိုကြောင့် သူမက မောင်လေးကို နေ့စဉ်နေ့တိုင်း တိတ်တဆိတ် သွန်သင်ပေးခဲ့၏။
ယင်းက နှစ်ဝက်ကျော်ခန့်က ဖြစ်ပွားခဲ့တာပင်။
ဝမ်ကျစ်ရှင်းက ဒေါသတကြီး ပြောလိုက်လေ၏။
“သမီးမောင်လေးက လွှတ်ခနဲ ပြောထွက်သွားတာ”
သူမသည် သရဲတစ်ကောင်မျှသာဖြစ်ပြီး သူမဆွေမျိုးသားချင်းများသည် သူမကို တွေ့လျှင် ကြောက်လန့်ကြမည်မှန်း သိနေလေ၏။ ထိုကြောင့် သူမ၏ မသိတတ်သည့် မောင်လေးနှင့် သဘောတူညီချက် ယူထားကာ သူမကို တွေ့ကြောင်း မိဘများကို မပြောရန် မှာထားသည်။
ကလေးက လက်ခံပြီးနောက် ဝမ်ကျစ်ရှင်းသည် နေ့တိုင်း သူ့ဆီ သွားကာ အားလပ်ရက်အတွင်း သူနှင့် ဆော့ကစားပေးကာ ကျောင်းဆင်းပြီးနောက် သူ့ကို စာဖတ်ရန်နှင့် အိမ်စာများ လုပ်ရန် မှာကြားပြီး သူ ညအိပ်ရာဝင်ချိန်ကျမှ ထွက်လာခဲ့၏။ ဝမ်မိဘများကမှု အလွန် ဂုဏ်ယူနေပြီး သူတို့ကလေးက ပိုသိတတ် လိမ္မာလာသည်ဟု ခံစားမိခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ရက်ခန့်က ဝမ်မိဘများသည် ပထမတန်း တက်နေပြီ ဖြစ်သည့် သူတို့၏ ၇ နှစ်အရွယ် သားနှင့် စကားပြောခဲ့၏။ သူတို့သားက တကယ် ထက်မြက်သောကြောင့် သူတို့သည် သူက ပထမတန်းအတွက် ရှေးဟောင်းကဗျာကိုတောင် ရွတ်ဖတ်နိုင်ပြီဖြစ်ကြောင်း သူတို့ တွေ့လိုက်ရ၏။ ထိုကြောင့် သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ရှောင်ယွီ ရှေးဟောင်းကဗျာတွေကို ဖတ်တတ်ဖို့ သားကို ဘယ်သူ သင်ပေးတာလဲ။”
ဝမ်ယွီက အငိုက်မိသွားကာ ပြောလိုက်မိ၏။
“မမ”
ဝမ်မိဘများက အနည်းငယ် ကြက်သေ သေသွားတော့သည်။
“ဘယ်က မမလဲ။ ဘေးအိမ်က မမလား။”
ထိုကောင်လေးသည် သူ၏ မိဘများကို ဇဝေဇဝါ မော့ကြည့်လိုက်မိ၏။
“သားရဲ့ မမလေ။ သားရဲ့မမ ကျစ်ရှင်း။”
ဝမ်မိဘများသည် ကြောက်လန့်လွန်းသောကြောင့် ကြက်သီးထသွားလေ၏။ ထိုနောက် သူတို့ မယုံနိုင်ဘဲ တုန်ယင်နေတော့သည်။
“ရှောင်ယွီ သားအမှတ်မှားတာ များလား။ သားအစ်မက မနှစ်တုန်းက နေမကောင်းဖြစ်ပြီး သေပြီလေ။”
“မဟုတ်ဘူး။”
ဝမ်ယွီက ပြုံးပြီး ပြောလိုက်တော့သည်။
“မမက ညတိုင်း သားဆီ လာပြီး အိမ်စာလုပ်ဖို့ သင်ပေးတယ်။ အိမ်စာတွေ အားလုံးကို မမ သင်ပေးထားတာ။”
သူတို့နှစ်ယောက်သည် ထိုအခိုက်အတန့်တွင် စကားမပြောနိုင်ဘဲ နှုတ်ခမ်းများ တုန်ယင်နေပြီး ကြောက်လန့်မှုကိုသာ ခံစားမိ၏။ မနာမကျန်းဖြစ်မှုကြောင့် သေသွားပြီဖြစ်သည့် သူတို့သမီးသည် မထွက်သွားရုံသာမက အိမ်တွင် ရှိနေသေးကာ နေ့တိုင်း သူတို့သားနား ကပ်နေ၏။ ယင်းက ကျူးအန်ချင်းနှင့် ဝမ်ရွှမ်းတို့ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။
152 03
ဝမ်ကျစ်ရှင်းက သက်ပြင်းချလိုက်မိ၏။
“သမီးမိဘတွေ ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။ သူတို့ ဆရာကို လာရှာမှာ စိတ်ပူလို့ ဖြစ်နိုင်တာက”
သရဲမလေးသည် ခေါင်းငုံထားပြီး စကားဆက်မပြောနိုင်တော့ပေ။ သူမ့မိဘများက သူမကို ဖယ်ရှားပေးရန် ဆရာယွင်ထံ လာပြောမှာ စိတ်ပူနေမိ၏။
ယွင်ယွီက သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်တော့သည်။
“စိတ်မပူနဲ့ အဆင်ပြေတယ်။ သူတို့လာရင် အသေးစိတ် ပြောပြလိုက်မယ်။”
သူတို့နှစ်ယောက် စကားပြောနေစဉ် ဝမ်ယုလင်က တုန်ယင်နေသော အသံဖြင့် မေးလိုက်လေ၏။
“ဆရာ မူမူက ကျွန်တော်တို့ကို မြင်နိုင်တာလား။”
ယွင်ယွီက လှည့်ကြည့်လာရာ မူမူနှင့် ဝမ်ယုလင်တို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတာ တွေ့လိုက်ရ၏။ ယွင်ယွီက ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး မူမူသည် ယင်ယန်မျက်လုံးဖြင့် မွေးဖွားလာတာ ဖြစ်မှန်း သဘောပေါက်သွားတော့သည်။
ဝမ်ကျစ်ရှင်းက သူမအကြည့်ကို မူမူမျက်နှာဆီ ရွေ့လိုက်ချိန် မူမူကလည်း ကြည့်လာ၏။
ပြန်အလှည့်တွင် ယွင်ယွီက များများစားစား မပြောခဲ့ဘဲ ချင်ယွီစွေကို ပြောလိုက်လေ၏။
“မူမူက ယင်ယန်မျက်လုံးနဲ့ မွေးလာတာ ဖြစ်လောက်တယ်။”
ချင်ယွီစွေက မူမူကို လက်တစ်ဖက်ဖြင့် ပွေ့ထားကာ ကျန်တစ်ဖက်ဖြင့် သူမလက်ကို ကိုင်ထားလိုက်၏။
“စိတ်မပူနဲ့ ဒါက သဘာဝပဲ။ ဒါအပြင် မူမူမှာ မင်းလို အမေကောင်း ရှိနေတာပဲ။”
ယွင်ယွီက ခေါင်းခါလိုက်တော့သည်။
“ကျွန်မ စိတ်မပူဘူး။ နည်းနည်း အံ့ဩနေရုံပဲ။ မူမူမှာ ယင်ယန်မျက်လုံး ရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိတော့လေ။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ သူတို့ မူမူကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ ကျွန်မ မူမူ ကြီးလာတဲ့အချိန်အထိ စောင့်ပြီး သူ ဘယ်လမ်းကြောင်းကို ရွေးမလဲ ကြည့်မယ်။ သူက ဒီအရာတွေကို မဖော်ထုတ်ချင်ဘူးဆိုရင် သူရဲ့ ယင်ယန်မျက်လုံးကို ချိတ်ပိတ်ဖို့ ကူညီပေးမယ်။”
ရှေ့ဆက်လျှောက်ရမည့် လမ်းက ရှည်နေသေးသည်။ မူမူကလည်း ငယ်ရွယ်နေသေး၏။ သူ ကြီးပြင်းသည့်အချိန်ကျမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချခိုင်းမည်။
ချင်ယွီစွေကလည်း ယွင်ယွီနှင့် စိတ်ကူး တူသည်။ သူ၏ ဘိုးဘေးများနှင့် သူ၏ဇနီးက ဖုန်းရွှေပညာရှင်များ ဖြစ်၏။ ထိုကြောင့် သူက ဤကိစ္စများကို ကန့်ကွက်ခြင်း မရှိ။ အိမ်သို့ ပြန်လာပြီးနောက် ယွင်ယွီက မူမူကို နို့တိုက်ပြီး ချင်ယွီစွေက မူမူ ရေချိုးရန် ခေါ်သွားပေးသည်။
ည ၉ နာရီ ဝန်းကျင်၌ မူမူက အိပ်ရာဝင်၏။ ယွင်ယွီကလည်း ရေချိုးပြီး လဲလိုက်တော့သည်။ မူမူက သူ၏ ပုခက်လေးထဲတွင် အိပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ သုံးလကျော်ပြီးနောက် မူမူကို မနက် ၁ နာရီခန့်၌ နောက်ဆုံး နို့တိုက်ရ၏။ ပြီးနောက် အာရုံတက်ချိန်အထိ အိပ်သည်။ သူ၏ နေ့စဉ် အချိန်ဇယားက သူ့မိဘများကဲ့သို့ အလွန်တည်ငြိမ်ပေ၏။
ယွင်ယွီက အိပ်ရာပေါ်တွင် လဲနေစဉ် ချင်ယွီစွေက ဆေးကြောသန့်စင်နေသည်။
******